← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇) အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း

ယခုအချိန်တွင် ရှင်းပြရန် လွယ်ကူမည်မဟုတ်သောကြောင့် လင်းဖန်အနေဖြင့် အကြောင်းအရာကို ပြောင်းလဲပစ်ရန်သာ တတ်နိုင်တော့သည်။

"အဟမ်း... ရှောင်ဖုလေးရဲ့ သရုပ်ပြမှု ပြီးဆုံးသွားပါပြီ။ နောက်တစ်ခုကတော့ တာအိုရောင်းရင်း ကျန့်ဟွာရဲ့ သရုပ်ပြရမယ့် အလှည့်ပါ…။"

"ဒီတစ်ကြိမ်မှာတော့ ဖန်းထျန်းလှံရှည်ရဲ့ လုပ်ဆောင်ချက်တွေကို မြင်တွေ့ရမဲ့အပြင် မိုးကောင်းကင် ပျံဝဲဝတ်ရုံရဲ့ စွမ်းအားကိုလည်း အားလုံး မျက်မြင်တွေ့ရှိရမှာပါ…။"

မျှော်လင့်ထားသည့်အတိုင်းပင် လင်းဖန်၏ စကားကို ကြားသောအခါ လူတိုင်း စိတ်ဝင်စားသွား ကြလေသည်။

ခွေးအဖြစ် ပြောင်းလဲနိုင်သော လုပ်ဆောင်ချက်အကြောင်း လျူကျန့်ဟွာ ပြောသည်ကို သူတို့ ခုနလေးတင် ကြားခဲ့ရသည်ပင်မဟုတ်ပါလား။

သေစေလောက်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လျူချွမ်းဖုက မည်သို့ လွတ်မြောက်သွားမည် ကိုလည်း သူတို့ မြင်တွေ့ချင်ကြသည်ပင်။

လင်းဖန်၏ စကားကို ကြားသောအခါ လျူကျန့်ဟွာက လျူချွမ်းဖုထံမှ ဖန်းထျန်းလှံရှည်ကို တောင်းယူ ရန် စိတ်လှုပ်ရှားစွာ လက်လှမ်းလိုက်လေ၏။

ဖခင်ဖြစ်သူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ လျူချွမ်းဖုက အနည်းငယ် တုန်ယင် နေသော အသံဖြင့် ပြောလိုက်လေသည်။

"အဖေ... ကျွန်တော့်ကို ဒီတိုင်း လွှတ်ထားပေးလို့ မရဘူးလား…။"

"အဖေက ကျွန်တော့်ကို အဲ့ဒီအမိန့်စကား အော်ပြောရမယ်လို့ တွေးမိတာနဲ့တင် ကျွန်တော် နည်းနည်း ထူးဆန်းသလို ခံစားနေရပြီ…။"

ထိုစကားကိုကြားသောအခါ လျူကျန့်ဟွာ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားခဲ့လေ သည်။

ထို့နောက် လှံရှည်ကို သူ၏လက်ထဲမှ ဆွဲလုလိုက်ပြီး ခပ်ပြတ်ပြတ်ပင် ပြောလိုက်လေသည်။

"ထူးဆန်းသလို ခံစားရတယ် ဟုတ်လား။ ဒါဆိုရင် တိုက်ခိုက်ရေးအမိန့်ကို မသုံးတော့ဘူး... တိုက်ရိုက်ပဲ တိုက်ခိုက်တော့မယ်…။"

ပြောနေရင်းနှင့်ပင် လျူကျန့်ဟွာက လှံရှည်ကို ကောက်ကိုင်လိုက်ပြီး လျူချွမ်းဖု၏ တင်ပါးကို ရိုက်ချလိုက်လေတော့သည်။

"အူး... အူး... အူး... အူး။"

မျှော်လင့်ထားသည့်အတိုင်းပင် ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုဖြင့် အားဖြည့်ထားသော တတိယ အဆင့် မှော်လက်နက်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့လေ၏။

ရွှေအမြုတေအဆင့်တွင်သာ ရှိသေးသော လျူချွမ်းဖုကဲ့သို့ အတွေ့အကြုံမရှိသေးသူတစ်ယောက် ခံနိုင်ရည်ရှိမည့်အရာမျိုး မဟုတ်ပေ။

စင်မြင့်ထက်မှ ခွေးတစ်ကောင်၏ သနားစရာကောင်းသော အူသံ ထွက်ပေါ်လာခဲ့လေတော့သည်။

လျူချွမ်းဖုက ချက်ချင်းပင် ခွေးနက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့လေသည်။

ဤအံ့မခန်း ခွေးအဖြစ် လွတ်မြောက်သည့်နည်းလမ်းက ပရိသတ်အားလုံးကို ဆွံ့အသွားစေခဲ့လေ၏။

"ဝိုး... အံ့သြစရာကောင်းလိုက်တာ၊ သူ တကယ်ကြီး ခွေးတစ်ကောင်လို အရိုက်ခံလိုက်ရတာပဲ…။"

"ဟီးဟီး... ဒီနေ့ ငါ တကယ်ကို အသစ်အဆန်းတွေ မြင်တွေ့လိုက်ရပြီ…။"

"အဲ့ဒီခွေးက ကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ၊ အရင်က တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရ တယ်။"

"ဘာများဖြစ်နိုင်ဦးမှာလဲ။ အပြေးပြိုင်ပွဲတုန်းက ချန်ပီယံလေ…။"

ထုတ်ကုန်နှစ်ခုကို အောင်မြင်စွာ ပြသနိုင်ခဲ့သည့် ရလဒ်အပေါ် လင်းဖန်က အလွန်ကျေနပ်အားရနေခဲ့၏။

သို့သော် ထွက်ပြေးရန် ကြိုးစားနေသော လျူချွမ်းဖုကိုတော့ သူတို့ အာရုံစိုက်ဖို့ လိုအပ်ပါသေးသည်။

"အဟမ်း... တာအိုရောင်းရင်းလျူ၊ မင်းရဲ့ သခင်လေးကို ရှာဖို့ လူတစ်ယောက်ယောက် လွှတ်သင့်သ လား…။"

လျူကျန့်ဟွာက လင်းဖန်၏ ကြင်နာမှုကို အနည်းငယ် ဂရုမစိုက်ဟန်ပြလိုက်သည်။

"တာအိုရောင်းရင်း... စိတ်ပူစရာ မလိုပါဘူး။ ငါ့သားက သူ့ဘာသာသူ ပြန်လာလိမ့်မယ်။ အရင်ကလည်း အကြိမ်ကြိမ် ဖြစ်ဖူးတော့ သူ လမ်းကို သူကောင်းကောင်းသိပါတယ်…။"

အင်း... သူတို့တောင် စိတ်မပူမှတော့ လင်းဖန်က ဘာပြောနိုင်တော့မှာတဲ့လဲ။

*ငါက ဘာပြောနိုင်မှာလဲ။ သေချာပေါက် မိုးကောင်းကင် ပျံဝဲဝတ်ရုံကို ကြော်ငြာဖို့ ဒီအခွင့်အရေးကို ယူရမှာပေါ့..။*

"အားလုံး မြင်ကြတဲ့အတိုင်း ခုနက ဝတ်ရုံကလည်း ငါတို့ဆိုင်ရဲ့ ထုတ်ကုန်တွေထဲက တစ်ခုပါပဲ။"

"လက်ရှိမှာ လက်ကျန်ပစ္စည်း မရှိတော့ပေမယ့် စိတ်ကြိုက်မှာယူမှုတွေကိုတော့ လက်ခံပါတယ်…။"

"ဒီမိုးကောင်းကင် ပျံဝဲဝတ်ရုံတွေကို တစ်ယောက်ယောက်က မှာယူချင်တယ်ဆိုရင် လေလံပွဲအပြီးမှာ ငါတို့ဆိုင်က ထဲကျူးဆီ စာရင်းပေးသွင်းနိုင်ပါတယ်…။"

"ဒီမိုးကောင်းကင် ပျံဝဲဝတ်ရုံနဲ့ဆိုရင် လူတိုင်း လုံခြုံသွားလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်…။"

မိတ်ဆက်မှု၏ ဤအချိန်တွင် စင်အောက်ရှိ သာမန် ဧည့်သည်များနှင့် အပေါ်ထပ်ရှိ သီးသန့်အခန်းများမှ အထူးဧည့်သည်များကပါ ကြီးမားသော စိတ်ဝင်စားမှုကို ပြသလာကြလေသည်။

ခွေးတစ်ကောင်အဖြစ် ထွက်ပြေးရသည့်နည်းလမ်းက အနည်းငယ် ရှက်စရာကောင်းသော်လည်း။ မိမိ၏ အသက်ဘေးနဲ့ ရင်ဆိုင်လာရသောအခါ မျက်နှာပျက်ရမှာကို ဘယ်သူက ဂရုစိုက်နေတော့မည်တဲ့လဲ။

မိုးကောင်းကင် ပျံဝဲဝတ်ရုံကို ကြော်ငြာပြီးနောက် လင်းဖန်က ဒုတိယမြောက် ပစ္စည်းအတွက် လေလံပွဲ ကို စတင်ရန် ပြင်ဆင်လိုက်လေသည်။

မကြာမီမှာပင် လင်းဖန်၏ လက်ထဲတွင် အဖြူရောင်ဓားသွားတစ်လက် ရောက်ရှိလာခဲ့လေသည်။

အဖြူရောင်ဓားသွားကို လီစီစီထံ ကမ်းပေးလိုက်ပြီး သူမကို ပြသစေပြီးနောက် လင်းဖန်က ရှင်းပြရန် စတင်လိုက်သည်။

"ဒီဒုတိယမြောက် ပစ္စည်းက မင်းတို့ထဲက အများစုနဲ့ ရင်းနှီးပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…။"

"မှန်ပါတယ်။ ဒါက ငါတို့ ဟင်းလင်းပြင် ဆိုင်ရဲ့ အမှတ်အသားဖြစ်တဲ့ ပျံသန်းနိုင်တဲ့ မှော်လက်နက် အဖြူရောင်ဓားသွားပါပဲ…။"

"ဒါပေမယ့် အရင်က ရောင်းခဲ့တဲ့ ဓားတွေအကုန်လုံးက ပထမအဆင့် ဒါမှမဟုတ် ဒုတိယအဆင့်တွေ ချည်းပဲ။ ဒီတစ်ခါတော့ ပဉ္စမအဆင့် အဖြူရောင်ဓားသွားတစ်လက် သန့်စင်ဖို့ ကုန်ကြမ်းတွေ အများကြီး အသုံးပြုထားပါတယ်…။"

"ပဉ္စမအဆင့်" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ လေလံရုံခန်းမအတွင်း ရုတ်တရက် အံ့သြ မှင်သက်သွားသည့် အသံများ ထွက်ပေါ်လာခဲ့တော့သည်။

ဤကျွမ်းကျင်မှုအဆင့်က သာမန်ဧည့်သည်များ ဧရိယာရှိ လေလွင့်ကျင့်ကြံသူများကို တိုက်ရိုက် ဟန့်တားလိုက်သည်မှာ ထင်ရှားလေသည်။

သူတို့ထဲမှ အများစုက သာမန် ပဉ္စမအဆင့် မှော်လက်နက်များကိုပင် မဝယ်နိုင်ကြရာ ဤကဲ့သို့ အထူးဓားတစ်လက်ကို ဝယ်နိုင်ရန်ဆိုသည်မှာ ဝေလာဝေးပင်။

ထိုအချိန်တွင် ဒုတိယထပ်နှင့် အထက်မှ ဖောက်သည်များအားလုံးက စိတ်ဝင်တစားဖြင့် အကြည့်များကို ရွှေ့လာကြသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် လင်းဖန်က အဖြူရောင်ဓားသွား၏ လုပ်ဆောင် ချက်များကို ဆက်လက်ရှင်းပြလေသည်။

"ပဉ္စမအဆင့် အဖြူရောင်ဓားသွားတစ်လက်က ပဉ္စမအဆင့်အောက်ရှိတဲ့ မည်သည့် စံသတ်မှတ်ချက်မီ မှော်လက်နက်ကိုမဆို အလွယ်တကူ ချိုးဖျက်နိုင်စွမ်းရှိပါတယ်…။"

"သူ့ရဲ့ အထူးစွမ်းရည်ကတော့ ပေါင်းစည်းခြင်းအဆင့်က ကျင့်ကြံသူတွေကိုတောင် ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်…။"

ထိုနေရာအရောက်တွင် လင်းဖန်က ခဏတာ ရပ်တန့်လိုက်ပြီးနောက် အလွန်ရိုးသားစွာ ထပ်လောင်း ပြောဆိုလိုက်လေသည်။

"ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကို ထိန်းချုပ်နိုင်တဲ့ အချိန်က အလွန်တိုတောင်းပေမယ့်လည်း ပေါင်းစည်းခြင်းအဆင့်အောက်က သူတွေကိုတော့ အတော်ကြာကြာ ထိန်းချုပ်ထားနိုင်ပါသေးတယ်…။"

"သရုပ်ပြပေးဖို့ ဆန္ဒရှိတဲ့ တာအိုရောင်းရင်းများ ရှိပါသလား…။"

သူတို့၏ စွမ်းရည်များကို ပြသရန် နောက်ထပ် အခွင့်အရေးတစ်ခု ရှိသေးကြောင်း ကြားသောအခါ အခန်းတွင်းရှိ လူများက အလုအယက် စာရင်းပေးလာကြလေသည်။

"ကျွန်တော်... ကျွန်တော်... ကျွန်တော့်ကို ရွေးပါ။ ကျွန်တော် လုပ်ပါ့မယ်…။"

"စီနီယာ... ကျွန်တော့်ကို ဒီနေရာကို ရွေးပေးပါ။ ကျွန်တော်က ဓားရေး အတော်လေး ကျွမ်းကျင်ပါ တယ်…။"

"ဟာသတွေ လုပ်မနေနဲ့။ ငါက ကောင်းကင်ဓားဂိုဏ်းကကွ။ ဓားနည်းစနစ်နဲ့ပတ်သက်လာရင် ဘယ်သူ က ငါ့ကို ယှဉ်နိုင်မှာလဲ…။"

စင်အောက်ရှိ စိတ်လှုပ်ရှားနေသော တစ်သီးပုဂ္ဂလ ဧည့်သည်များကို မြင်သောအခါ လင်းဖန်က ကြင်နာ စွာဖြင့် သတိပေးလိုက်လေသည်။

"အဟမ်း… လူကြီးမင်းတို့... ကျွန်တော် လိုအပ်တာက ဓားကို ကိုင်ဆောင်မယ့်သူ မဟုတ်ဘူး။ ဓားနဲ့ တိုက်ခိုက်ခံရမယ့်သူပါ…။"

မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းကို ကြားသောအခါ လူတိုင်းက ချက်ချင်း စိတ်ဝင်စားမှု ပျောက်ဆုံး သွားခဲ့ကြလေသည်။

ဘာပဲဖြစ်ဖြစ် ဒီလောက်များပြားလှတဲ့ လူတွေရှေ့မှာ ဒူးထောက်လျှောတိုက်တဲ့ လုပ်ရပ်ကို ဘယ်သူကမှ မလုပ်ချင်ကြဘူးလေ။

လင်းဖန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သော်လည်း အတွေ့အကြုံတွင် ပါဝင်ရန် မည်သူကမျှ ဆန္ဒမရှိကြချေ။

အငွေ့အသက်က အနေရခက်လာသည်ကို မြင်သောအခါ လင်းဖန်မှာ တိုက်ရိုက် သရုပ်ပြမှုကို ဖျက်သိမ်း ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

"ဆိုင်ရှင်လင်း... သရုပ်ပြဖို့ မလိုတော့ပါဘူး။ မင်းရဲ့ အနီးကပ်တိုက်ခိုက်ရေးဓားရဲ့ စွမ်းရည်တွေကို ငါတို့ ယုံကြည်ပါတယ်…။"

"ဟုတ်တယ်... ငါတို့အားလုံးက ဖောက်သည်ဟောင်းတွေပဲလေ။ ပြီးတော့ ဒီဓားပျံရဲ့ အံ့ဖွယ်စွမ်းရည် တွေကို ငါတို့အားလုံး မျက်မြင်တွေ့ရှိခဲ့ပြီးပြီပဲ…။"

အပေါ်အထပ်ရှိ လျူနှင့် လီမိသားစုတို့မှ လူများအားလုံးက လင်းဖန်အတွက် အခြေအနေကို ပြေလည် စေရန် ဝင်ရောက်ပြောဆိုပေးခဲ့ကြလေသည်။

ဤသည်က လင်းဖန်ကို အလွန်အမင်း ရှက်ရွံ့မှု မဖြစ်စေရန် တားဆီးပေးနိုင်ပေလိမ့်မည်။

"ကောင်းပြီ... အားလုံးက အနီးကပ်တိုက်ခိုက်ရေးဓားရဲ့ စွမ်းရည်တွေကို ယုံကြည်နေကြမှတော့ လိုရင်း ကိုပဲ တိုက်ရိုက်သွားပြီး လေလံပွဲကို စတင်လိုက်ကြတာပေါ့…။"

သူမ၏ဘေးတွင် ရပ်နေသော လီစီစီက လျင်မြန်စွာ ဝင်ပြောလိုက်သည်။

"ပဉ္စမအဆင့် အဖြူရောင်ဓားသွားအတွက် လေလံပွဲကို တရားဝင် စတင်လိုက်ပါပြီ။ စတင်မယ့် ဈေးနှုန်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ပါ…။"

စတင်မည့် ဈေးနှုန်းက အစပိုင်းသာ ဖြစ်သောကြောင့် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကို အလွန် မြင့်မားစွာ သတ်မှတ်မထားခဲ့ပေ။ စတင်မည့် ဈေးနှုန်းက စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံး ဖြစ်နေလျှင် တောင်မှ နောက်ဆုံး အရောင်းအဝယ်ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း လင်းဖန် ယုံကြည်နေခဲ့၏။

ဘာပဲဖြစ်ဖြစ် ဒါက ပဉ္စမအဆင့် မှော်လက်နက်လေ။

မျှော်လင့်ထားသည့်အတိုင်းပင် လီစီစီ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်...

ဒုတိယထပ်နှင့် အထက်ရှိ သီးသန့်အခန်းများမှ လေလံဆွဲသံများကို စတင်ကြားလိုက်ရလေသည်။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀)…။"

ပထမဆုံး လေလံဆွဲသူက ဈေးနှုန်းကို ပထမပစ္စည်း၏ နောက်ဆုံးဈေးနှုန်းအထိ ဆွဲတင်လိုက်သည်။

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း..။"

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်း..."

"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်း..."

လူတိုင်း လေလံဆွဲနေကြစဉ်...

ပဉ္စမထပ်ရှိ သီးသန့်အခန်းတစ်ခုအတွင်းမှ တုန်လှုပ်ဖွယ်ရာ ဈေးနှုန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ လေသည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း…။"

ဤဈေးနှုန်းက လင်းဖန်၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

*ခွေးပိုင်ရှင် မိသားစုတွေထဲက ဘယ်မိသားစုကများ ဒီလောက်ချမ်းသာနေလို့ အစောကြီးကတည်းက ဒီလောက် မြင့်မားတဲ့ ဈေးနှုန်းကို ကမ်းလှမ်းရတာလဲ…။*

အသံလာရာနောက်သို့ လိုက်ရင်း လင်းဖန်က ၎င်း၏အရင်းအမြစ်ကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။

ဤသည်က ကျောက်ယွမ် ရှိနေသော သီးသန့်အခန်းပင် ဖြစ်နေလေသည်။

*နေပါဦး... ကျောက်ယွမ်ရဲ့ အသံက အဲ့ဒီလောက် အသက်ကြီးတဲ့ပုံ မပေါ်ပါဘူး…။*

*ကျောက်စုန်းအန်းရဲ့ အသံနဲ့လည်း မတူဘူး…။*

လင်းဖန်က တစ်ဖက်လူ မည်သူဖြစ်မည်ကို ခန့်မှန်းနေစဉ် သီးသန့်အခန်းအတွင်းမှ အသံက ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။

"ဟားဟား... မကြာသေးခင်က ဂျူနီယာလေးတစ်ယောက်ကို ငါ တွေ့ထားလို့ သူ့ကို တွေ့ဆုံလက်ဆောင် အနေနဲ့ပေးဖို့ ပစ္စည်းလေးတစ်ခု လေလံဆွဲချင်လို့ပါ…။"

"ငါ့အတွက် စိတ်မပူကြပါနဲ့ အားလုံးပဲ။ ဆက်ပြီး လေလံဆွဲကြပါ…။"

၎င်းကိုကြားသောအခါ သီးသန့်အခန်းတစ်ခုစီမှ ဖောက်သည်များက စတင်စကားပြောလာကြသည်။

"လူကြီးမင်းက အဲ့ဒါကို လိုချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ပြောလိုက်ပါ။ လူကြီးမင်းအတွက် ကျွန်တော် လေလံမဆွဲဖို့ ဆန္ဒရှိပါတယ်…။"

"ဟုတ်တယ်... စီနီယာတွေဆီက ပစ္စည်းတွေကို ငါတို့က ဘယ်လိုလုပ် လုယူရဲမှာလဲ…။"

ဤမြင်ကွင်းက လင်းဖန်ကို ဆွံ့အသွားစေခဲ့သည်။

*ဝိုး... တစ်ဖက်လူရဲ့ ဈေးခေါ်မှုက လေလံဆွဲပွဲကို ချက်ချင်း အကြိတ်အနယ် ဖြစ်သွားစေလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမယ့် တစ်ချက်တည်းနဲ့ ဆုံးဖြတ်ပြီးသား ဖြစ်သွားပါလား…။*

ပြန်တွေးကြည့်တော့ တစ်ဖက်လူရဲ့ အငွေ့အသက်ကို ကြည့်ရသည်မှာ သုန်ယွဲ့ တော်ဝင်မိသားစုက အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်ရပေလိမ့်မည်။

သုန်ယွဲ့ မြို့တော်မှာ နေထိုင်ကြတဲ့ ဒီမိသားစုတွေက တစ်ဖက်လူကို ဘယ်လိုလုပ် ယှဉ်ပြိုင်ရဲမှာတဲ့လဲ။

All Chapters