← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) နှလုံးထိုးဖောက်ခြင်းသံမဏိအပ်။

ရုတ်တရက် လင်းဖန်က တစ်ဖက်လူ ပြောခဲ့သည့် စကားကို ပြန်အမှတ်ရသွားခဲ့လေသည်။

*မကြာသေးခင်ကမှ ဂျူနီယာလေးတစ်ယောက်ကို တွေ့ထားတယ်ဆိုပါလား….။ တွေ့ဆုံလက်ဆောင် အနေနဲ့ ဘယ်လိုပစ္စည်းလေးကို ပေးချင်တာလဲမသိဘူး…။*

*သူက ထဲကျူးအကြောင်းကို ပြောနေတာများလား…။ သူက ထဲကျူးရဲ့ အဘိုးလား…။*

ယင်းကို တွေးမိသောအခါ လင်းဖန်က တစ်ဖက်လူထံ တိုက်ရိုက် ရောင်းချလိုက်ရသည်ကို ဂရုမစိုက် တော့ပေ။ ဒါက ထဲကျူးအတွက် လက်ဆောင်တစ်ခု ဖြစ်နေတော့ သူ့လူပဲလေ။

အခြေခံအားဖြင့် ဤအဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို အလကားရလိုက်သလိုပင်။

မည်သူမျှ လေလံမဆွဲတော့သည်ကို မြင်သောအခါ လီစီစီမှာ နောက်ပြန်ရေတွက်ရန်မှလွဲ၍ ရွေးချယ် စရာ မရှိတော့ချေ။

"လူကြီးမင်းတို့... လေလံထပ်ဆွဲမယ့်သူ မရှိတော့ဘူးလား။ မရှိရင် ကျွန်မ နောက်ပြန်ရေတွက်တော့ မယ်နော်…။"

"သုံး... ကျွန်မ တစ်အထိ ရေတွက်ပြီးရင်... အွန်း…။"

"ရှစ်ဆယ်အထိ ရေတွက်ပြီးရင် တူချလိုက်ပါတော့မယ်….။"

လီစီစီက 'တစ်' အထိ ရေတွက်ရန် ပြင်လိုက်စဉ်မှာပင် အရင်ပစ္စည်းကို တူထုခဲ့ရသည့် အတွေ့အကြုံကို ရုတ်တရက် ပြန်အမှတ်ရသွားခဲ့လေ၏။

ဘယ်လိုပဲ ရေတွက်ရေတွက် တူကျလာမည့် နောက်ဆုံးနံပါတ်ကတော့ အမြဲတမ်း 'ရှစ်ဆယ်' ပင် ဖြစ်နေလိမ့်မည်မဟုတ်ပါလား။

အခန်းထဲရှိ လူများကတော့ ၎င်းကို ကျင့်သားရနေပြီဖြစ်၏။

"သုံး... နှစ်.. ရှစ်ဆယ်….။"

"ဂုဏ်ယူပါတယ် စီနီယာ... ဒီအဖြူရောင်ဓားသွားကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့တဲ့အတွက်ပါ..။"

လီစီစီက အရောင်းအဝယ်ဖြစ်ကြောင်း ကြေညာပြီးနောက် လေလံဆွဲခဲ့သော သီးသန့်အခန်းထဲမှ တစ်ယောက်ယောက်က စကားပြောလာခဲ့ပြန်လေသည်။

"ဒီမှာ... ဆိုင်ရှင်လင်း ဟုတ်တယ်မလား။ ငါ့ရဲ့ ဂျူနီယာလေးက မင်းဆိုင်မှာ ရှိနေတာဆိုတော့ ဒီဓားကို ငါ့ဆီ ပေးစရာ မလိုပါဘူး…။"

"ငါ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးပြီးရင် သူ့ဆီကိုပဲ လွှဲပြောင်းပေးလိုက်ပါ….။"

သူ စကားပြောပြီးနောက် မျှော်စင်ထဲမှ လူတစ်ယောက် ထွက်လာပြီး စိတ်ဝိညာဉ်ကျောက်တုံးများ ပါဝင်သော သိုလှောင်လက်စွပ်ကို လင်းဖန်ထံ ကမ်းပေးလိုက်လေသည်။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို အလကားရလိုက်သဖြင့် လင်းဖန် အလွန်ဝမ်းသာသွား ခဲ့လေ၏။

"ကောင်းပါပြီ... လူကြီးမင်းရဲ့ ကြင်နာမှုကို ထဲကျူးဆီ သေချာပေါက် ပြောပြပေးပါ့မယ်…။"

သူတို့နှစ်ဦးကြားရှိ ဤကဲ့သို့သော အပြန်လှန် စကားပြောဆိုမှုက ထဲကျူး၏ အဆင့်အတန်းကို အောင်မြင်စွာ အတည်ပြုပေးလိုက်ခြင်းဖြစ်လေသည်။

အရင်က မိသားစုတချို့ ကောလာဟလတွေ ကြားခဲ့ရသော်လည်း အတည်မပြုနိုင်ခဲ့ကြချေ။ ယခုအခါ တွင်တော့ သံသယဖြစ်စရာ လိုတော့မည်မဟုတ်ပေ။ ထို့အပြင် သုန်ယွဲ့အင်ပါယာ တော်ဝင်မိသားစုနှင့် ဤသို့ ဆက်သွယ်မှုရှိနေသဖြင့် ဟင်းလင်းပြင် လေလံရုံနှင့် ၎င်း၏ ဆိုင်ခွဲအသီးသီးက အရှေ့ဘက်ဒေသ တွင် ပိုမိုအောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ရလေသည်။

အရောင်းအဝယ် ပြီးစီးသွားပြီဖြစ်ရာ နောက်ထပ် လေလံတင်မည့် ပစ္စည်းမှာ တတိယမြောက်ပစ္စည်း ဖြစ်သည်။

ရုတ်တရက် လင်းဖန်က အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး စကားပြောလိုက်သည်။

"တတိယမြောက် ပစ္စည်းက ဘာဖြစ်မလဲဆိုတာကို အားလုံးက စိတ်အားထက်သန်စွာ မျှော်လင့်နေကြ မယ်ဆိုတာ သေချာပါတယ်။ ဟုတ်တယ်မလား…။"

"ဒါဆိုရင် အားလုံး ခန့်မှန်းကြည့်ကြတာပေါ့... ရောင်းရင်းတို့ သိနိုင်မလားလို့…။"

"အရင်ဆုံး သဲလွန်စလေး တစ်ခုပေးမယ်။ ဒါက အရင်က မင်းတို့ တစ်ခါမှ မမြင်ဖူးသေးတဲ့ ထုတ်ကုန် အသစ်တစ်ခုပဲ။ ငါ့အိတ်ကပ်ထဲမှာ ရှိနေပြီး အရမ်းသေးငယ်တဲ့ ပစ္စည်းလေးတစ်ခုပါ…။"

လေထုကို ပေါ့ပါးသွားစေရန်နှင့် ခုနက အတိဒုက္ခအဆင့် အဘိုးကြီး ယူဆောင်လာခဲ့သော ဖိနှိပ်မှုခံစား ချက်ကို သက်သာစေရန် လင်းဖန်က ထိုနေရာရှိ လူတိုင်းနှင့် စတင်၍အပြန်အလှန် စကားပြောပေးလိုက် လေသည်။

လင်းဖန်၏ စကားများကို ကြားလိုက်ရပြီး ညာဘက်လက်ဖြင့် အိတ်ကပ်ထဲသို့ နှိုက်လိုက်သော သူ၏ လုပ်ရပ်နှင့် ပေါင်းစပ်လိုက်သောအခါ ချက်ချင်းပင် အခန်းထဲရှိ လူအချို့မှာ အတွေးလွန်လာကြသည်။

"ချီးတဲ့မှပဲ... ဖြစ်နိုင်တာက...။"

"မဖြစ်နိုင်တာ... သူတို့က အဲ့ဒီအရာကို တကယ်ကြီး လေလံတင်မလို့လား။ သူတို့ ရူးနေတာလား…။"

လင်းဖန်၏ဘေးတွင် ရပ်နေသော လီစီစီက လူအုပ်၏ ဆွေးနွေးမှုများကို နားထောင်ပြီးနောက် သူတို့၏ ထင်မြင်ယူဆချက်မျာမှာနောက်သို့ ပါသွားခဲ့သည်မှာ ထင်ရှားလေသည်။

"ဆိုင်ရှင်လင်း... ဆိုင်ရှင်လင်း၊ ဘာကြီးလဲ...။"

ထိုအချိန်မှသာ လင်းဖန်သည်လည်း သူ၏အပြုအမူက နားလည်မှုလွဲမှားစေခဲ့ကြောင်း သတိပြုမိသွားခဲ့ လေသည်။

လီစီစီ၏ စကားကို ကြားပြီးနောက် လင်းဖန်မှာ ဆွံ့အစွာဖြင့် ပြောလိုက်သည်။

"နတ်သမီးလီ... မင်းကရော ဘယ်လိုလုပ်ပြီး အတွေးလွန်သွားရတာလဲ။"

လီစီစီမှာ နားလည်မှုလွဲမှားခြင်းတွင် ပိတ်မိနေဆဲဖြစ်သည်။

လင်းဖန်က ထိုသို့ပြောလိုက်သည်ကို ကြားသောအခါ လီလီစီက နားကြားလွဲသွားပြန်ပြီး စကားလုံး တစ်လုံးကို မှား၍ ကြားလိုက်မိပြန်လေသည်။

"ဟင်… ဆိုင်ရှင်လင်း ဘာပြောလိုက်တာလဲ။ ကျွန်မ... ကျွန်မ မကစားချင်ပါဘူး…။"

*ချီးတဲ့မှပဲ... ဒါက ဘာသဘောလဲ။ ဘာလို့ ပိုပြီး နားလည်မှုလွဲသွားရပြန်တာလဲ…။*

ထပ်မံ၍ နားလည်မှုလွဲမှားခြင်းများ မဖြစ်စေရန် လင်းဖန်က လေထုကို ဆက်လက် အသက်ဝင်အောင် မလုပ်ရဲတော့ချေ။

သူ၏လက်ကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်ပြီး အပ်တစ်ချောင်းကို ထုတ်ယူပြလိုက်လေတော့သည်။

"အထင်မလွဲကြနဲ့... ဒါက ငါပြောနေတဲ့ တတိယမြောက် ပစ္စည်းပါပဲ…။"

ပြောနေရင်းနှင့်ပင် လင်းဖန်က ၎င်းကို လီစီစီထံ တိုက်ရိုက် ကမ်းပေးလိုက်ပြီး သူမကို ပြသစေလိုက် သည်။

သူမ နားလည်မှု လွဲသွားခဲ့ကြောင်း သတိပြုမိသောအခါ လီစီစီမှာ မျက်နှာရဲသွားပြီး ရှင်းပြရန် စတင် လိုက်လေသည်။

တစ်ဖက်တွင်လည်း လင်းဖန်က ဝင်ရောက်စကားပြောကာ အကြောင်းအရာကို ဘေးမှနေ၍ မိတ်ဆက် ပေးလိုက်လေ၏။

"ဒီအပ်ကို နှစ်ထောင်ပေါင်းများစွာ သန့်စင်ထားတဲ့ ရှေးဟောင်းသံနဲ့ ပြုလုပ်ထားပြီး နှလုံးထိုးဖောက် ခြင်းသံမဏိအပ်လို့ ခေါ်ပါတယ်။"

"သူ့မှာ အဆင့်သတ်မှတ်ချက်မရှိပါဘူး။ ဒါက အထူး မှော်လက်နက် အမျိုးအစားတစ်ခုပါ….။"

လင်းဖန် ရှင်းပြလိုက်သည်နှင့် လူတိုင်းက ဤ "အထူးမှော်လက်နက်" ၏ နာမည်ကို စိတ်ဝင်စားသွား ကြလေသည်။

ဘာပဲဖြစ်ဖြစ် ထိုသို့သော အထူးမှော်လက်နက်များက ရှားပါးပြီး ရှားပါးပစ္စည်းများအဖြစ် သတ်မှတ်ခံ ရသည်ပင်။

"ဒီအထူးမှော်လက်နက်က ဘယ်လို အထူးလုပ်ဆောင်ချက်မျိုး ရှိတာလဲ…။"

"နှလုံးထိုးဖောက်ခြင်းသံမဏိအပ်တဲ့လား…။ နာမည်ကို ကြည့်ရတာတော့ တိုက်ခိုက်ရေး မှော်လက်နက် နဲ့တော့ တူတယ်။ အဲ့ဒါက ဘယ်လိုလုပ် အထူးမှော်လက်နက် ဖြစ်နိုင်မှာလဲ…။"

​လူတိုင်းက မှော်လက်နက်၏ အကျိုးသက်ရောက်မှုများကို စတင်ဆွေးနွေးနေကြသည်ကို သူက နားထောင်နေခဲ့လေသည်။

လင်းဖန်က လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီး တိုက်ရိုက်ပင် စကားပြောလိုက် သည်။

"ဒီအပ်ချွန်လေးက အတင်းအကျပ် ဝန်ခံခိုင်းတာကနေတစ်ဆင့် လိမ်ညာတာတွေကို သိရှိနိုင်တဲ့ စွမ်းရည် ရှိတယ်။ သူ့မှာ အသုံးဝင်တဲ့ နေရာတွေ အများကြီးရှိပါတယ်…။"

"နှလုံးထိုးဖောက်ခြင်းသံမဏိအပ် နဲ့ဆိုရင် ဖွင့်လို့မရတဲ့ ပါးစပ်ဆိုတာ မရှိသလို မေးလို့မရတဲ့ မေးခွန်း ဆိုတာလည်း မရှိပါဘူး…။"

ထိုနေရာအရောက်တွင် လင်းဖန်က ခဏတာ ရပ်တန့်လိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။ လူတိုင်း၏ စိတ်ဝင်စားမှု ကြီးထွားလာသည်ကို မြင်သောအခါ လင်းဖန်က ဥပမာတစ်ခုကိုလည်း ပေးလိုက်သည်။

"ဥပမာအနေနဲ့... ရတနာတစ်ခု ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို မင်း ဖမ်းမိတယ်ဆိုပါစို့။ ဒါပေမယ့် ရတနာက သူ့လက်ထဲမှာ ရှိမနေဘူး…။"

"ဒီလိုအချိန်မျိုးမှာ နှလုံးထိုးဖောက်ခြင်းသံမဏိအပ်ကို မင်း တိုက်ရိုက် အသုံးပြုလိုက်လို့ရတယ်…။"

"ပြီးရင် ရတနာကို ဘယ်မှာဝှက်ထားလဲဆိုတာကို သူတို့ကို မေးလို့ရတယ်…။"

"သူ တိတ်ဆိတ်နေတာပဲဖြစ်ဖြစ်၊ လိမ်ပြောတာပဲဖြစ်ဖြစ်..."

"နှလုံးထိုးဖောက်ခြင်းသံမဏိအပ်က တစ်ဖက်လူရဲ့ နှလုံးသားကို ထိုးဖောက်ပြီး သူတို့ကို ကြီးမားတဲ့ နာကျင်မှုကို ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် သေစေလောက်တဲ့အထိတော့ မဟုတ်ဘူး…။"

"ဒီနှိပ်စက်မှုအောက်မှာ မင်းသာ ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် သူတို့က နောက်ဆုံးမှာ လက်မြှောက် အရှုံးပေးပြီး ရတနာရှိတဲ့ နေရာကို သေချာပေါက် ထုတ်ပြောလာလိမ့်မယ်လို့ ငါ အာမခံပါတယ်…။"

"သူက နေရာကို ထုတ်ပြောလိုက်တာနဲ့ အပ်ချွန်လေးက သူ့ကို ထိုးနေတာကို ရပ်တန့်သွားလိမ့်မယ်။ ဆိုလိုတာက သူ အမှန်တိုင်း ပြောနေတာကို ပြတာပဲ…။"

လင်းဖန်က နှလုံးထိုးဖောက်ခြင်းသံမဏိအပ်အကြောင်း ရှင်းပြလိုက်သောအခါ လူတိုင်း၏ မျက်လုံးများ က တောက်ပသွားကြလေသည်။

ဤအထူးမှော်လက်နက်က အချို့သော အခြေအနေများတွင် အလွန်အသုံးဝင်နိုင်သည်။ များပြားလှသော မှော်အတတ်ပညာများထဲတွင် စစ်ဆေးမေးမြန်းရန်အတွက် အသုံးပြုသည့် ဝိညာဉ်ရှာဖွေခြင်းကဲ့သို့ သော နည်းလမ်းများလည်း ရှိနေပါသော်လည်း ၊ဝိညာဉ်ရှာဖွေခြင်းကို ကာကွယ်ရန် နည်းလမ်းများစွာ ကလည်း ရှိနေသေးသည်ပင်။

ထို့ကြောင့် ဝိညာဉ်ရှာဖွေခြင်းမှာ နောက်ဆုံးရွေးချယ်စရာအဖြစ်သာ အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်၏။ ဝိညာဉ်ရှာဖွေခြင်း မအောင်မြင်ပါက တစ်ဖက်လူမှာ အလိုလို သေဆုံးသွားမည်ဖြစ်ပြီး မည်သည့်အချက်အလက်ကိုမျှ ရရှိနိုင်မည်မဟုတ်ပေ။

သို့သော် ဤအပ်ချွန်လေးက သေစေလောက်သော အန္တရာယ်မရှိခြင်းက ယင်းအတွက် လုံးဝ စိတ်ပူစရာ မလိုကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

လင်းဖန်၏ မိတ်ဆက်စကား အဆုံးတွင်တော့ လူတိုင်းက စိတ်မရှည်နိုင်အောင် ဖြစ်လာကြသည်။

"စီနီယာလင်း... ကျေးဇူးပြုပြီး သရုပ်ပြပေးလို့ ရမလား…။"

"ဟုတ်တယ်... ဒီလို မှော်လက်နက်မျိုး။ ငါတို့ကို ကြည့်ခွင့်ပေးပါ…။"

လင်းဖန်က သေချာပေါက် သူတို့၏ တောင်းဆိုမှုကို ငြင်းဆိုမည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ကြိုတင်၍ အစမ်းပြသခြင်းနှင့် ကြော်ငြာခြင်းက နောက်ပိုင်းတွင် ပိုမိုမြင့်မားသော ဈေးနှုန်းကို ရရှိရန် ကူညီပေး နိုင်ပေလိမ့်မည်ပင်။

"ရပါတယ်... စင်ပေါ်တက်ပြီး စမ်းသပ်ချင်တဲ့ မိတ်ဆွေနှစ်ယောက်လောက် ရှိမလား…။"

လင်းဖန်၏ ဖိတ်ခေါ်မှုအရ ပရိသတ်ထဲရှိ တစ်သီးပုဂ္ဂလ ဧည့်သည်များစွာက သူတို့၏ ဆန္ဒကို ပြသရန် လက်မျာကို လေပေါ်မြှောက်လာခဲ့ကြသည်။

ထို့ကြောင့် လင်းဖန်က သူတို့ထဲမှ လူနှစ်ဦးကို ကျပန်း ရွေးချယ်လိုက်လေသည်။

"မင်းတို့နှစ်ယောက်ပဲ ဖြစ်မယ်ထင်တယ်။ မင်းတို့က ရုပ်ချင်းလည်း နည်းနည်းဆင်တော့ ညီအစ်ကိုတွေ ဖြစ်ရမယ်…။"

ရွေးချယ်ခံရသူ နှစ်ဦးက သူတို့၏ မျက်နှာများပေါ်တွင် ပြန့်ကားသော အပြုံးများဖြင့် လေလံစင်မြင့် ပေါ်သို့ လျှောက်လာခဲ့ကြလေသည်။

"စီနီယာ... လူကဲခတ်တတ်တဲ့ အမြင်ရှိတာပဲ။ ကျွန်တော်တို့က အမြွှာညီအစ်ကိုတွေပါ။ ကျွန်တော့် နာမည်က လုရန်ကျား၊ သူက ကျွန်တော့်ညီ လုရန်ရိပါ…။"

ထိုနာမည်နှစ်ခုကို ကြားသောအခါ လင်းဖန်မှာ ဆွံ့အသွားခဲ့သည်။

*ဒီနာမည်တွေကို ဘယ်သူကများ ပေးခဲ့တာလဲ။ ဒီလောက်တောင် ပေါ့ပေါ့ဆဆ ပေးထားတာလား...။*

"အရမ်းကောင်းတယ်။ မင်းတို့ သရုပ်ပြလို့ ရပါပြီ။ မေးခွန်းမေးမယ့်သူနဲ့ ဖြေမဲ့သူကို မင်းတို့ဘာသာ မင်းတို့ ဆုံးဖြတ်ကြပါ…။"

ထိုစကားကိုကြားသောအခါ သူတို့နှစ်ဦးက မေးခွန်းမေးမည့်သူ ဖြစ်ရန် အပြိုင်အဆိုင် ဖြစ်လာကြ၏ ။သူတို့နှစ်ဦးက အချိန်အတော်ကြာ အငြင်းပွားနေသော်လည်း ဆုံးဖြတ်ချက်တစ်ခုသို့ မရောက်နိုင်သေး သည်ကို မြင်သောအခါ အချိန်ကုန်သက်သာစေရန် လင်းဖန်က ကျောက်တုံး၊ကတ်ကြေး၊စက္ကူ ကစားရန် ဆုံးဖြတ်ပေးလိုက်၏။

နောက်ဆုံးတွင် လုရန်ကျားက အနိုင်ရရှိသွားပြီး မေးခွန်းမေးခံရသူ ဖြစ်လာခဲ့တော့သည်။

ထို့နောက် လုရန်ကျားက လီစီစီထံမှ နှလုံးထိုးဖောက်ခြင်းသံမဏိအပ်ကို ယူလိုက်လေ၏။

သူက လုရန်ရိကို စတင် မေးခွန်းထုတ်ကြလေသည်။

လုရန်ကျား - "ညီလေး... ငါ မေးပါရစေ၊ မင်း ငါ့ကို တိတ်တဆိတ် ကျိန်ဆဲဖူးလား…။"

လုရန်ရိ - "ဟီးဟီး... သေချာပေါက် ကျိန်ဆဲဖူးတာပေါ့…။"

"အား… ချီးတဲ့မှပဲ…။"

သူတို့နှစ်ဦး အပြန်အလှန် မေးခွန်းမေးနေစဉ် လေလံစင်မြင့်ပေါ်တွင် အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နာကျင်စွာ အော်ဟစ်နေသူကို လူတိုင်းက မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။

"ဘာတွေဖြစ်နေတာလဲ။ မေးခွန်းဖြေတဲ့သူက အဆင်ပြေနေပြီး မေးခွန်းမေးတဲ့သူက အပ်နဲ့ အထိုးခံ ရတာလား…။"

"ဒီအထူးမှော်လက်နက်မှာ တစ်ခုခုများ ချို့ယွင်းနေတာလား…။"

All Chapters