← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) မင်းက လူရော ဟုတ်ရဲ့လား။

သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး လင်းဖန်တစ်ယောက် တစ်ခုခုမှားယွင်းနေပြီဆိုသည်ကို စိတ်ထဲကနေ သိလိုက်၏။

*ငါ ဘေးထွက်ဆိုးကျိုးတွေကို မေ့သွားတာပဲ…။*

"ဟေး... အားလုံးပဲ မစိုးရိမ်ကြပါနဲ့… ဒါက ပုံမှန်ပါပဲ…။"

"တစ်ဖက်လူက အမှန်တိုင်းဖြေလိုက်ရင် မေးခွန်းမေးတဲ့သူက လက်ချောင်းမှာ အပ်စူးခံရမယ်ဆိုတာကို ငါစောစောက ပြောဖို့ မေ့သွားလို့ပါ…။"

ထိုအချိန်တွင် လင်းဖန်က လုရန်ကျားကို ကြည့်လိုက်လေသည်။

"ဒါပေမဲ့ လက်ချောင်းလေး အပ်စူးခံရတာက သိပ်ပြီးမနာလောက်ပါဘူး ဟုတ်တယ်မလား…။"

"ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလောက် စူးခနဲ နာကျင်မှုလေးကိုတောင် မင်းက မခံနိုင်ဘူး လား..။"

လင်းဖန်၏ စကားကို ကြားသောအခါ လုရန်ကျားက သူအနည်းငယ် အလွန်အကျွံ တုံ့ပြန်မိသွားမှန်း သဘောပေါက်သွားလေသည်။ ရိုးရိုးသားသားပြောရလျှင် စူးခနဲ နာကျင်သွားသည့် ခံစားချက်လေးသာ ဖြစ်ပြီး ထိုမျှလောက်အထိ မပြင်းထန်ပေ။

"အာ.. တောင်းပန်ပါတယ် စီနီယာ။ ငါက ရုတ်တရက် အပ်စူးခံလိုက်ရတော့ အချိန်မီမတုံ့ပြန်နိုင်လိုက် ဘူး ဖြစ်သွားတယ်…။"

"ငါ့ရဲ့ ညံ့ဖျင်းတဲ့ တုံ့ပြန်မှုအတွက် ခွင့်လွှတ်ပေးပါ၊ တကယ်တော့ သိပ်မနာပါဘူး။ ငါ နည်းနည်း အလွန် အကျွံ တုံ့ပြန်မိသွားတာပါ…။"

သူ့ဘေးတွင် ရပ်နေသော လုရန်ရီကလည်း စိတ်ပျက်သွားသည့် လေသံဖြင့် ဝင်ပြောလိုက်သည်။

"ဟေ့ အစ်ကို.. မင်း တကယ်ပဲ ခံနိုင်ရည်ရှိရဲ့လား။ မရရင်လည်း ငါ့ကိုသာ မေးခွင့်ပေးလိုက်ပါ။ မင်းက သိပ်ပြီး ဒရမ်မာဆန်လွန်းနေတယ် ငါတောင် လန့်သေတော့မလို့ပဲ…။"

သူ၏ ရှင်းပြချက်ကြောင့် လူတိုင်းက သူတို့၏ သံသယများကို ဖယ်ရှားလိုက်ကြလေသည်။

"ကောင်းပြီ၊ မင်းတို့ မေးခွန်းတွေ ဆက်မေးလို့ရပြီ။ လုရန်ကျား.. အဲ့ဒီလိုမျိုး အသံပြဲကြီးနဲ့ ပြဿနာ မရှာနဲ့တော့…။"

"ဟုတ်ကဲ့ပါ စီနီယာ၊ နောက်တစ်ခါ ဒီလိုမဖြစ်စေရဘူးလို့ ငါကတိပေးပါတယ်…။"

ထို့နောက် သူတို့နှစ်ဦးသည် မေးခွန်းမေးခြင်းနှင့် အဖြေဖြေခြင်း အစီအစဉ်ကို ဆက်လက်လုပ်ဆောင် ခဲ့ကြလေသည်။

လုရန်ကျား : "ညီလေး၊ မင်း ငါ့ကို ပုံမှန်ဆို ဘယ်လိုဆဲလေ့ရှိလဲ…။"

သိသာထင်ရှားစွာပင် ဤမေးခွန်းက ယခင်မေးခွန်းကို အခြေခံပြီး ဆက်မေးလိုက်ခြင်းဖြစ်သည်။

လုရန်ရီ : "မင်း ဦးနှောက်ထဲမှာ ချီးတွေ ပြည့်နေလို့လား…။"

လုရန်ကျား : "ကျစ်.. ငါက မင်းကို မေးခွန်းမေးနေတာလေ၊ မင်းက ဘာလို့ ငါ့ကို လာဆဲနေရတာလဲ..။"

လုရန်ရီ : "…."

လင်းဖန် : "…."

အားလုံး : "…."

အကဲဖြတ်စစ်ဆေးပြီးနောက်တွင် လုရန်ရီ ဆဲဆိုလိုက်ခြင်းမှာ အမှားအယွင်းမရှိကြောင်း အတည်ပြုနိုင် ခဲ့လေ၏။

လူတိုင်းက သူ့အား အရူးတစ်ယောက်လို ဝိုင်းကြည့်နေကြသည်ကို မြင်လိုက်ရသောကြောင့် လုရန်ကျား အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။

ထို့နောက် စူးခနဲဖြစ်လာသော နာကျင်မှုကြောင့် သူ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားတော့ သည်။

လုရန်ကျား : "ခွေးကောင်... မင်း.."

ထိုအဖြစ်အပျက်ပြီးနောက် လုရန်ကျား သင်ခန်းစာရသွားပြီး ထိုကဲ့သို့သော မေးခွန်းမျိုးကို ထပ်မမေးရဲ တော့ချေ။

လုရန်ကျား : "အရင်က ငါပျောက်သွားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို မင်း ခိုးသွားတာလား…။"

လုရန်ရီ : "အေး ဟုတ်တယ်၊ ဘာဖြစ်လို့လဲ…။"

လုရန်ကျား : "အား.. သေလိုက်ပါတော့….။ မင်း... ငါသဘောကျနေတဲ့ နတ်သမီးလေးက ရုတ်တရက် ငါ့ကို လျစ်လျူရှုသွားတယ်။ မင်း သူမကို ငါ့အကြောင်း မကောင်းသွားပြောထားတာလား…။"

လုရန်ရီ : "အေး ဟုတ်တယ်…၊ ဘာဖြစ်လို့လဲ။"

လုရန်ကျား : "တောက်.. မင်း ဒီလိုလုပ်ရတာ နောင်တမရဘူးလား…။"

လုရန်ရီ : "နည်းနည်းလေးတောင် နောင်တမရပါဘူး၊ ငါ့ကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ အစ်ကို…။"

လုရန်ကျား : "ခွေးကောင်၊ မင်း... မင်း မင်း မင်း….။"

သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်ရင်း လင်းဖန်တစ်ယောက် သူ လူရွေးမှားသွားပြီဆိုတာကို သဘောပေါက်သွားလေသည်။

*ငါ ဒီနှစ်ယောက်ကို စင်ပေါ်တက်ခိုင်းတာ မှားသွားပြီ၊ ဘာအကျိုးအမြတ်မှကို မရှိပါလား…။*

ပွဲကြည့်ပရိသတ်များသည်လည်း ထိုနှစ်ဦးကို ပြဇာတ်ကနေသည်ကို ကြည့်နေရသကဲ့သို့ ဖြစ်နေသည်။

"ဒီအဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေက ဘာတွေလဲကွ…။"

"ဟုတ်ပါ့၊ တန်ဖိုးရှိတဲ့ မေးခွန်းဆိုလို့ တစ်ခုမှကို မပါဘူး…။"

"ငါသာဆိုရင်တော့ မေးလိုက်မှာက... အင်း... မေးစရာတန်ဖိုးရှိတာ ဘာမှတောင် မရှိပါလား…။"

"ဟုတ်တယ်၊ တစ်ဖက်လူက အမြဲတမ်း အမှန်တိုင်းဖြေနေရင် မေးခွန်းမေးတဲ့သူက အမြဲတမ်း အပ်စူးခံ နေရမှာ မဟုတ်ဘူးလား…။"

လူအုပ်ကြီး၏ ဆွေးနွေးသံများကို နားထောင်ရင်း လင်းဖန်သည် ထိုနှစ်ဦး ဆက်ပြောနေသည်ကို ဆက်မကြည့်နိုင်တော့ပေ။

"ကောင်းပြီ၊ ဒီအတိုင်းသာဆက်သွားရင် မင်းလက်တွေတော့ အပ်ပေါက်တွေ ပြည့်သွားလိမ့်မယ်။ ငါ တစ်ခုလောက် မေးပါရစေ…။"

ပြောပြောဆိုဆိုနှင့် လင်းဖန်က လုရန်ကျား၏ လက်ထဲမှ သံမဏိအပ်အဟောင်းကို တိုက်ရိုက် ယူလိုက် သည်။

လင်းဖန် ကိုယ်တိုင် ဝင်ပါတော့မည်ကို မြင်သောအခါ လူတိုင်းက သူ ဘယ်လိုမေးခွန်းမျိုး မေးမည်ကို သိချင်လာကြလေသည်။

"လုရန်ရီ... မင်းက လူရော ဟုတ်ရဲ့လား…။"

လင်းဖန်၏ မေးခွန်းကို ကြားသောအခါ အဖြေများကို ကျွမ်းကျင်စွာ ဖြေဆိုနေခဲ့သော လုရန်ရီမှာ ရုတ်တရက် အေးခဲသွားလေသည်။ တစ်ခဏတာမျှ သူ ထိုမေးခွန်းကို မည်သို့ဖြေရမည်ကို တကယ် မသိတော့ပေ။

စင်အောက်ရှိ ပရိသတ်များသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးလာကြသည်။

"ဟားဟား.. ဟုတ်လား၊ မဟုတ်ဘူးလား။ အဖြေက ဟုတ်တယ် လို့ ဖြေရမှာလား၊ မဟုတ်ဘူး လို့ ဖြေ ရမှာလား…။"

"ဒီမေးခွန်းအတွက် ဘယ်လိုအဖြေမျိုးကမှ မှန်ကန်နိုင်မယ် မထင်ဘူး…။"

"ဒါက ဘယ်လိုပဲ ဖြေဖြေ ကိုယ့်ကိုယ်ကိုယ် ပြန်စော်ကားနေသလိုပဲ…။"

"ဒါတင်မကဘူး၊ စီနီယာလင်း မေးလိုက်တဲ့ မေးခွန်းကလည်း စော်ကားလိုက်တာနဲ့ အတူတူပဲ…။"

"ဘုရားရေ.. ဒီ သံမဏိအပ် ကို ဘယ်လိုသုံးရမလဲဆိုတာကို ငါ သိသွားပြီထင်တယ်..။"

အချိန်အတော်ကြာ မှင်တက်သွားပြီးနောက် မည်သို့ဖြေရမည်ကို မသေချာဖြစ်နေသော လုရန်ရီသည် အဖြေမပေးနိုင်ဘူးဟု သတ်မှတ်ခံလိုက်ရလေသည်။ထို့နောက် နှလုံးထိုးဖောက်ခြင်းသံမဏိအပ်က တစ်ဖက်လူ၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်သွားလေတော့သည်။

လုရန်ရီ၏ စူးရှသော အော်ဟစ်သံက လေလံရုံတစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည်။ ထိုနာကျင်စွာ အော်ဟစ်သံက အရိုးထဲထိအောင် စိမ့်တက်သွားစေ၏။

သို့သော် လင်းဖန်က နှလုံးထိုးဖောက်ခြင်းသံမဏိအပ် ကို အလျင်အမြန် ပြန်လည် ဆင့်ခေါ်လိုက်သည်။

*ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ငါ့အတွက် ပစ္စည်းကို သရုပ်ပြပေးဖို့ တက်လာတာဆိုတော့ သူ့ကို ထိခိုက်ပျက်စီးအောင် ငါ လုပ်လို့မဖြစ်ဘူးလေ….။*

နှလုံးထိုးဖောက်ခြင်းသံမဏိအပ်ကို ဆွဲထုတ်လိုက်သည်နှင့် လုရန်ရီ၏ အော်ဟစ်သံများ ရပ်တန့် သွားခဲ့လေသည်။

အချိန်တိုအတွင်း ခံစားလိုက်ရသော နာကျင်မှုကြောင့် သူ၏ နဖူးတွင် ချွေးစေးများ ပြည့်နှက်နေခဲ့သည်။

"အဟမ်း... သရုပ်ပြပေးတဲ့အတွက် မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ အခုသွားပြီး ခဏ လောက် အနားယူလို့ရပါပြီ…။"

"လေလံပွဲပြီးသွားရင် မင်းတို့နှစ်ယောက်လုံးကို သရုပ်ပြခအဖြစ် ငါ လျော်ကြေးနည်းနည်း ပေးပါ့မယ်။"

ထို့နောက် လုရန်ကျား၏ အကူအညီဖြင့် သူတို့နှစ်ဦး လေလံစင်မြင့်ပေါ်မှ ဆင်းသွားကြလေသည်။

ထို့နောက်တွင်တော့ နှလုံးထိုးဖောက်ခြင်းသံမဏိအပ်၏ လေလံပွဲက တရားဝင် စတင်သွား လေတော့ ၏။

လီစီစီ : " နှလုံးထိုးဖောက်ခြင်းသံမဏိအပ် လေလံပွဲကို အခု စတင်ပါပြီ။ အားလုံးပဲ လေလံဈေး စပေးလို့ ရပါပြီ….။"

"ဒီမှော်လက်နက်က စိတ်ဝင်စားစရာကောင်းတယ်။ ငါ တစ်သောင်း ပေးမယ်…။"

"မင်းက တစ်သောင်းတည်း ပေးရဲတယ်ပေါ့။ ငါ ငါးသောင်း ပေးမယ်…။"

"မင်းကလည်း သိပ်မသာပါဘူး။ တစ်သိန်း ပေးမယ်ကွာ…။"

"မင်းတို့ တစ်ယောက်မှ ဒီမှော်လက်နက်ရဲ့ တန်ဖိုးကို မသိကြဘူးထင်တယ်။ ငါးသိန်း…။"

"အမှန်ပဲ၊ သူ့မှာ အဆင့်သတ်မှတ်ချက် မရှိပေမဲ့ ဒီလိုထူးခြားတဲ့ မှော်လက်နက်မျိုးက အရမ်းကို ရှားပါး တယ်။ ခြောက်သိန်း…။"

"အားလုံးပဲ၊ ငါပြောတဲ့ တစ်သောင်းဆိုတာက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပြောတာနော်။ မင်းတို့ကရော တူတူပဲလား…။"

"..."

လီစီစီ : "အင်း... အခုလောလောဆယ် အမြင့်ဆုံးဈေးက ဘယ်လောက်လဲ။ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး ခြောက်သိန်းလားရှင်….။"

ထိုစကားကို ကြားသောအခါ သိန်းချီပြီး ဈေးပေးခဲ့သော သူများက ချက်ချင်း ပြာသလဲလဲဖြစ်သွား ကြလေသည်။

"နားလည်မှုလွဲနေပြီ၊ နားလည်မှုလွဲနေပြီ။ ငါ ဈေးပေးခဲ့တာက အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေပါ…။"

"ငါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို အခြေခံထားတယ်လို့ ထင်နေခဲ့တာ…။"

လေလံရုံ၏ စည်းမျဉ်းများအရ လေလံဈေး ခေါ်ပြီးသည်နှင့် ပြန်လည်ရုပ်သိမ်းခွင့် မရှိပေ။

သို့သော် လင်းဖန် ကိုယ်တိုင်ပင်လျှင် ထိုသူတို့က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ကို ပြောနေခြင်းဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ထားခဲ့သည်ပင်။

ထို့ကြောင့် သူက ဤကိစ္စကို သိပ်ပြီး အရေးတယူ မလုပ်တော့ပေ။

"ကောင်းပြီ၊ အခု လက်ရှိ အမြင့်ဆုံးဈေးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းပါ။ ဆက်လုပ်ကြရအောင်…။"

လင်းဖန်၏ စကားကို ကြားသောအခါ ငါးသိန်း၊ ခြောက်သိန်း ခေါ်ခဲ့သော သူနှစ်ဦးမှာ သက်ပြင်းချနိုင် သွားလေတော့သည်။

ဤမှော်လက်နက်က အမှန်တကယ် ကောင်းမွန်သော်လည်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်း၊ ခြောက်သိန်းအထိ ပေးပြီး လေလံဆွဲရန်ကား မတန်လှချေ။

ထိုသူတို့မှာ ငွေကြေး မပြတ်လပ်သော်လည်း အခွင့်အရေးယူခံလိုက်ရပါက ငွေရှုံးခြင်းက ကိစ္စမရှိ သော်လည်း မျက်နှာပျက်ရခြင်းက အဓိကဖြစ်လေသည်။

လင်းဖန်က နားလည်မှုလွဲခြင်းအပေါ် အပြစ်မယူသည်ကို မြင်သောအခါ ထိုသူတို့က သူ့အား အလွန် ကျေးဇူးတင်သွားကြလေသည်။

"ဆိုင်ရှင်လင်းက စီးပွားရေးလုပ်တဲ့နေရာမှာ တကယ်ကို ရိုးသားတာပဲ။ ငါ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်း ပေးမယ်…။"

"မှန်တာပေါ့။ ဆိုင်ရှင်လင်းလို စီးပွားရေးသမားမျိုးက ငွေအများကြီး ရှာနိုင်ဖို့ ထိုက်တန်ပါတယ်။ ငါ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်း ပေးမယ်…။"

သူတို့က ငါးသိန်း၊ ခြောက်သိန်းကို ရုပ်သိမ်းသွားခဲ့သော်လည်း ယခုလေးတင် လေလံခေါ်ခဲ့သော သူများ က ဆက်လက်၍ လေလံဆွဲကြလေသည်။ လင်းဖန်က သူတို့ကို မျက်နှာသာပေးခဲ့သောကြောင့် သဘာဝ ကျစွာပင် သူတို့ကလည်း ကျေးဇူးပြန်ဆပ်ရမည်ဖြစ်သည်။

နောက်ဆုံးတွင် ဤ နှလုံးထိုးဖောက်ခြင်းသံမဏိအပ်သည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်သောင်းအထိ ဈေးရောက်သွားလေသည်။

ဤဈေးနှုန်းသည် လင်းဖန်၏ မျှော်မှန်းထားမှုထက် အဆများစွာ ကျော်လွန်နေခဲ့သည်ပင်။

"မြို့တော်က ကျောက်မိသားစုက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်သောင်း ဈေးပေးထားပါ တယ်ရှင်။ ပိုများတဲ့ဈေး ပေးမယ့်သူ ရှိပါသေးလားရှင်….။"

ဤနေရာရှိ မြို့တော်မှ ကျောက်မိသားစုဆိုသည်မှာ သုန်ယွဲ့တော်ဝင်မိသားစုကို ဆိုလိုခြင်းမဟုတ်ဘဲ ကျောက်ဖေး၏ မိသားစုကို ရည်ညွှန်းခြင်းဖြစ်၏။

"မရှိတော့ဘူးဆိုရင် ကျွန်မ ရေတွက်ပြီး အတည်ပြုကြောင်းကြေငြာပါတော့မယ်ရှင်…။"

"၃... ၂... ရှစ်သောင်း… ဒီထူးခြားတဲ့ မှော်လက်နက်ကို ရရှိသွားတဲ့ ကျောက်မိသားစုကို ဂုဏ်ယူပါတယ် ရှင်…။"

လီစီစီ၏ "ရှစ်သောင်း…" ဟူသော အော်သံနှင့်အတူ မှော်လက်နက်၏ ပိုင်ဆိုင်မှုက နောက်ဆုံးတွင် အရောင်းအဝယ် အတည်ပြုသွားပြီဖြစ်လေသည်။

ကျောက်မိသားစု၏ သီးသန့်အခန်းထဲမှ ကျောက်ဖေးသည် သူ့လက်ထဲတွင် သိုလှောင်ရေးလက်စွပ်ကို ကိုင်ဆောင်လျက် ပျော်ရွှင်စွာ ပျံသန်းဆင်းသက်လာခဲ့လေသည်။

"စီနီယာလင်း... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်သောင်းလုံး ဒီအထဲမှာ ပါပါတယ်။ ကျေးဇူးပြု ပြီး ရေတွက်ကြည့်ပါဦး…။"

"ဟားဟား၊ ငါတို့အကုန်လုံးက မိတ်ဆွေဟောင်းတွေပဲဟာ၊ ငါက မင်းကို ဘယ်လိုလုပ် မယုံကြည်ဘဲ နေပါ့မလဲ….။"

နှလုံးထိုးဖောက်ခြင်းသံမဏိအပ်ကို ယခုလေးတင် လက်ခံရရှိသွားသော ကျောက်ဖေးသည် သတင်း ပို့ရန်အတွက် သီးသန့်အခန်းသို့ ပြန်တော့မည့်ဆဲဆဲတွင် လင်းဖန်က သူ့ကို တားလိုက်သည်။

"သခင်လေးကျောက်.. ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး….။"

All Chapters