← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) ငါ့မှာ ရင်စီးရှိတယ်၊ မင်းမှာ မရှိဘူး

ပရိသတ်ထံမှ မှတ်ချက်စကားများစွာကို ကြားလိုက်ရသောအခါ လင်းဖန် ချက်ချင်းပဲ ရှင်းပြ လိုက်ရလေ တော့သည်။

"ဒီလက်အိတ်တွေက ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ဘယ်လိုမျိုးစုပ်ယူသလဲဆိုတာ လူတိုင်းက တော်တော်လေး စိတ်ဝင်တစား ဖြစ်နေကြပုံပါပဲ…။"

"ကျွန်တော့်မှာ အားလုံးအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်၊ အဲဒါကတော့ တစ်ဖက်လူကို လက်နဲ့ ထိစရာမလိုဘဲ ပါးစပ်နဲ့တင် တိုက်ရိုက် စုပ်ယူလို့ ရတယ်ဆိုတာပါပဲ….။"

လင်းဖန်၏ စကားက မပြည့်စုံသည့်အပြင် ပရိသတ်တွေကြားထဲမှာလည်း နားလည်မှုလွဲမှားမှုများကို ပို၍ ဖြစ်သွားစေခဲ့လေ၏။

"ပါးစပ်နဲ့ စုပ်ရမယ် ဟုတ်လား၊ တကယ်ကြီးပြောနေတာလား….။"

"ဟင်... ပါးစပ်နဲ့ ဘယ်လို စုပ်မှာလဲ…။"

"ငါ့ကို လာမေးမနေနဲ့၊ ဘယ်သူ့သွားမေးရမှာလဲ။ နတ်သမီးကိုပဲ သွားမေးလိုက်တော့…။"

ပရိသတ်များဆီက ထပ်မံထွက်ပေါ်လာခဲ့သော အသံများကြောင့် လင်းဖန်လည်း ထိုသူများ နောက်ထပ် တစ်ကြိမ် နားလည်မှုလွဲသွားပြန်ပြီဆိုခြင်းကို သတိထားမိလိုက်လေတော့၏။

"အဟမ်း... အားလုံးပဲ နားလည်မှုမလွဲကြပါနဲ့ဦး။ ကျွန်တော် ဆိုလိုတာက ပါးစပ်ကနေ စကားပြောလိုက် ရုံနဲ့ ဒီလက်အိတ်တွေက တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်တာကို ပြောတာပါ…။"

"ဒီလိုလုပ်ရအောင်… လူတိုင်း အသုံးပြုပုံကို သိသွားအောင် ကျွန်တော်နဲ့ နတ်သမီးလီတို့ သရုပ်ပြပေးပါ့ မယ်….။"

ထိုကဲ့သို့ ပြောပြီးနောက်မှာတော့ လင်းဖန်သည် ကြောင်တောင်တောင် ဖြစ်နေရှာသော လီစီစီကို ကြည့် လိုက်လေ၏။

"နတ်သမီးလီ…. လာပြီး ကျွန်တော့်ရဲ့ အနှစ်သာရကို စုပ်ယူလိုက်ပါဦး….။"

လီစီစီ မျက်နှာလေး နီမြန်းသွားပြီး

"ရှင်…."

လင်းဖန်က

"နတ်သမီးလီ.. ဒါက အရမ်းလွယ်ပါတယ်။ ကျွန်တော် ပြောသလိုသာ လုပ်ပါ။ အရင်ဆုံး လက်အိတ်ကို စွတ်လိုက်ပါ…။"

လင်းဖန် ဘာလုပ်မလဲဆိုသည်ကို သူမ နားမလည်သော်လည်း ပြောတဲ့အတိုင်းသာ လုပ်လိုက်တော့ သည်။

လင်းဖန်က: "ကောင်းပြီ၊ နောက်တစ်ဆင့်ကတော့ ကျွန်တော့်မှာ မရှိဘဲ နတ်သမီးမှာ ရှိတဲ့အရာတစ်ခုခု ကို ပြောပြီး လက်ချောင်းတစ်ချောင်းကို ကွေးလိုက်ရုံပဲ….။"

"အားလုံးပဲ ကျွန်တော့်ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအား ပြောင်းလဲမှုတွေကို သတိထားကြည့်ပေး ကြပါ…။"

သူက ပြောပြောဆိုဆိုပင် သူ၏ စိတ်ဝိညာဉ်စွမ်းအား အခြေအနေကို လူတိုင်းမြင်နိုင်အောင် ထုတ်ပြ လိုက်တော့သည်။ ထိုအခါမှသာ ကျင့်ကြံမှုအဆင့် နိမ့်တဲ့သူများပါ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ် စွမ်းအား ပြောင်းလဲမှုကို မြင်နိုင်မည် ဖြစ်လေသည်။

ခဏမျှ စဉ်းစားပြီးသည့်နောက်၌ လီစီစီက စကားပြောလိုက်လေသည်။

"ကျွန်မ... ကျွန်မရဲ့ သိုလှောင်လက်စွပ်ထဲမှာ အလှပြင်ပစ္စည်းတွေ ရှိတယ်၊ ရှင့်မှာတော့ မရှိဘူး…။"

ထိုသို့ ပြောပြီးသည်နှင့် လီစီစီက သူမ၏ လက်ချောင်းတစ်ချောင်းကို ကွေးလိုက်လေတော့၏။

တစ်ချိန်တည်းမှာပဲ လင်းဖန်ရဲ့ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများသည် ချက်ချင်းဆိုသလို ဆယ်ပုံ တစ်ပုံလောက် လျော့နည်းသွားသည်ကို လူတိုင်း မြင်လိုက်ရပါတော့သည်။

"လူကြီးမင်းတို့ မြင်တဲ့အတိုင်းပါပဲ ဒါဟာ ဝိညာဉ်စုပ်လက်အိတ်ရဲ့ အစွမ်းပါပဲ….။"

"မင်းမှာ ရှိပြီး တစ်ဖက်လူမှာ မရှိတဲ့ အရာတစ်ခုခု ဒါမှမဟုတ် မင်း ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတစ် ခုခုကို ပြောလိုက်ရုံနဲ့ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ယူနိုင်မှာပါ….။"

"ဒါပေမဲ့ နတ်သမီးလီရဲ့ ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေက ပြည့်လျှံနေတာကြောင့် စွမ်းအား တွေ ပြန်ဖြည့်တင်းသွားတာကိုတော့ ကျွန်တော်တို့ မမြင်လိုက်ရဘူးပေါ့….။"

ထိုကဲ့သို့သော အံ့ဩစရာကောင်းလှသည့် ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ စင်အောက်ရှိ ပရိသတ် များသည် စိတ်လှုပ်ရှားမှုများစွာနှင့် ဆွေးနွေးငြင်းခုံလာကြတော့၏။

"ဪ... ပါးစပ်နဲ့ စုပ်တယ်ဆိုတာ ဒါကို ပြောတာကိုး…။ ငါကတော့ တခြားဟာတွေ လျှောက်တွေးနေ တာ…။"

"ညစ်ညစ်ပတ်ပတ်တွေ လျှောက်မတွေးစမ်းပါနဲ့။ နတ်သမီးလီရဲ့ မျက်နှာ ရဲနေတာကို ကြည့်ဦး.. သူမ လည်း ညစ်တာတွေ တွေးနေတဲ့ပုံပဲ…။"

"နတ်သမီးလီက စိတ်ထဲမှာ တစ်မျိုးဖြစ်နေပေမဲ့ ပြောတဲ့အတိုင်းတော့ အလိုက်သင့် လုပ်ပေးသားပဲနော် ။ ဒီနှစ်ယောက်ကြားမှာ တစ်ခုခု ရှိနေတာလား မသိဘူးနော်...။"

စင်အောက်က ပြောဆိုသံများကို လျစ်လျူရှုလိုက်ပြီး လင်းဖန်က လီစီစီကို ဆက်ပြောလိုက်လေသည်။

"ကဲ... နတ်သမီးလီ…၊ ကျွန်တော့်ကို ဆက်စုပ်ယူလိုက်ပါဦး။ စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသွားတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ ကျွန်တော် သိချင်လို့ပါ…။"

လင်းဖန်ရဲ့ စကားကို ကြားတော့ လီစီစီလည်း ရှက်ကိုးရှက်ကန်းနဲ့ ဆက်ပြောလိုက်လေ၏။

"စီနီယာလင်း... ကျွန်မမှာ ရင်စီး ရှိတယ်၊ ရှင့်မှာတော့ မရှိဘူး…။"

ထိုကဲ့သို့ ပြောပြီးနောက်မှာ လီစီစီက လင်းဖန်ဆီက စိတ်ဝိညာဉ်စွမ်းအားများ ထပ်ပြီး စုပ်ယူနိုင်ရန် မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့ကြ၏။ သို့ပါသော်လည်း လီစီစီက နောက်ထပ် လက်ချောင်း တစ်ချောင်းကို ကွေးလိုက်သည့်အခါ မထင်မှတ်ထားတာ တစ်ခုက ဖြစ်သွားလေတော့၏။

ရုတ်တရက် လီစီစီ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအား အချို့သည် လျင်မြန်စွာ စီးထွက်သွားပြီး လင်းဖန်ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်လည် ဖြည့်တင်းသွားခဲ့လေတော့သည်။ ဤရုတ်တရက် အခြေအနေ ကြောင့် လူတိုင်းက လင်းဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေတော့၏။

"စီနီယာလင်း... ကျွန်မ အသုံးပြုတာ မှားသွားလို့လား…။"

ထူးဆန်းတာတွေ ထပ်ဖြစ်လာပြန်သည်ကို မြင်လိုက်ရသောအခါ လင်းဖန်လည်း သက်ပြင်းချပြီး ရှင်းပြ ရပြန်လေတော့သည်။

"အဟမ်း... ဘာမှမဖြစ်ပါဘူး…ဒါက ပုံမှန်ပါပဲ။ ကျွန်တော် အားလုံးကို ပြောဖို့ မေ့သွားလို့ပါ…။"

"တကယ်လို့ သင်ပြောလိုက်တဲ့အရာက တစ်ဖက်လူမှာလည်း ရှိနေခဲ့ရင်တော့ သင့်ရဲ့ စိတ်ဝိညာဉ် စွမ်းအားကပဲ ပြန်ပြီး လျော့နည်းသွားမှာ ဖြစ်ပါတယ်…။"

ဤသည်ကို ကြားလိုက်ရသောအခါမှ လူတိုင်းက အခြေအနေကို သဘောပေါက်သွားကြလေတော့ သည်။

"ဪ... ဒါက လက်အိတ်ရဲ့ ဘေးထွက်ဆိုးကျိုးပေါ့….။"

"ဒီလက်အိတ်ကို ရပြီးရင်တော့ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှားပါးပစ္စည်းတွေ အများကြီး ဆောင်ထား မှရတော့မယ်၊ ဒါမှ ငါ့မှာရှိတာ မင်းမှာမရှိဘူးလို့ ပြောလို့ရမှာ…။"

"ဟုတ်တယ်၊ တကယ်လို့ နတ်သမီးလီ ခုနက ပြောသလိုမျိုး ပြောလိုက်လို့ စီနီယာလင်းမှာသာ သူမ ပြောတဲ့ အရာရှိနေရင် ကိုယ့်ဘက်ကို ပြန်ပြီး ဒုက္ခပေးသလို ဖြစ်မှာပေါ့….။"

"နေပါဦး... ဒါနဲ့ နတ်သမီးလီ ခုနက ဘာရှိတယ်လို့ ပြောလိုက်တာလဲ…။"

"ရင်စီးလို့ ပြောလိုက်တာ ထင်တယ်။ အဲဒါဆို စီနီယာလင်းမှာလည်း အဲဒါရှိနေတာပေါ့…။"

"စီနီယာလင်းမှာ ဘာလို့ ရင်စီး ရှိနေတာပါလဲ…။"

ပရိသတ်တစ်ယောက်က ထိုမေးခွန်းကို မေးလိုက်ပြီးချိန်၌ တစ်ခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွား လေ၏။ လူတိုင်းသည်လည်း လင်းဖန်ကို ထူးဆန်းသော အကြည့်များနဲ့ ဝိုင်းကြည့်နေကြချေပြီဖြစ်၏။

အခြေအနေက တော်တော်လေးကို နေရခက်စရာ ဖြစ်သွားလေ၏။

အားလုံးရဲ့ အကြည့်များကို ခံစားမိလိုက်ရသောအခါ လင်းဖန်လည်း ရှက်လွန်းသဖြင့် မြေကြီးထဲသာ ငုပ်လျှိုးသွားချင်စိတ် ပေါက်သွား၏။

*ဒီနတ်သမီးလီကလည်း ပြောစရာရှားလို့ ရင်စီးမှ ပြောရသလား…။*

ပြဿနာက လင်းဖန်မှာ အဲဒါက တကယ်ကြီး ရှိနေခြင်းပင်။ ထိုရင်စီးမှာ လီလဲ့ယန်ရဲ့ ပစ္စည်းဖြစ်နိုင်သည် ပင်။

ဟုတ်ပေသည်…။ လင်းဖန်က ထိုအရာကို ခန္ဓာကိုယ်မှာ ဝတ်ထားခြင်းတော့ မဟုတ်ပေ။ စနစ်ရဲ့ သိုလှောင်ခန်းတွင်သာ သိမ်းထားခြင်းပင်ဖြစ်လေ၏။

သို့ပေမဲ့ လီစီစီ ပြောသွားသည်ကလည်း သူမမှာ ရင်စီး "ရှိတယ်" ဟုသာ ပြောခဲ့သည်ပင်။ "ဝတ်ထား တယ်" လို့ ပြောခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် လင်းဖန်၏ စနစ်သိုလှောင်ခန်းထဲမှာလည်း ရင်စီး တစ်ထည် ရှိနေသောကြောင့် လက်အိတ်က တန်ပြန် အာနိသင် ပြသွားခြင်းဖြစ်လေ၏။

"ဟို... အားလုံးပဲ နားလည်မှု မလွဲကြပါနဲ့။ ကျွန်တော့် သိုလှောင်လက်စွပ်ထဲမှာ ရင်စီး ရှိနေတာက တခြား တစ်ယောက်ရဲ့ ပစ္စည်းမို့လို့ပါ။ ကျွန်တော့်ဟာ မဟုတ်ပါဘူး…။"

လင်းဖန်ရဲ့ ရှင်းပြချက်က ဘာမှ မရှင်းပြလိုက်ရသလိုပါပင်။

"ဟားဟား... စီနီယာလင်း၊ ယောကျ်ားလေးတွေမှာလည်း ကိုယ်ပိုင် ဝါသနာလေးတွေ ရှိတတ်တာပဲ၊ ကျွန်တော်တို့ နားလည်ပါတယ်….။"

"ဟုတ်ပါ့၊ ဟုတ်ပါ့။ ကျွန်တော့် သိုလှောင်လက်စွပ်ထဲမှာလည်း ထူးဆန်းတဲ့ ပစ္စည်းတွေ ရှိတာပဲ…။"

"ဒါနဲ့ ပြောရဦးမယ်… စီနီယာလင်းဆီက အတွင်းခံက နတ်သမီးလီဆီက ဖြစ်နေမလား…။"

ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖန် ထိတ်လန့်သွားလေတော့သည်။ သူတို့က တစ်ဝက် လောက် မှန်အောင် ခန့်မှန်းမိသွားသည်ကိုး။

"လျှောက်မပြောနေကြနဲ့…။ ကျွန်တော်နဲ့ နတ်သမီးလီရဲ့ ဆက်ဆံရေးက လုံးဝကို ဖြူစင်ပါတယ်…။"

"အဲဒီ ရင်စီးအတွင်းခံက လီလို့ မျိုးရိုးအမည်ရှိတဲ့ နတ်သမီးတစ်ပါးရဲ့ ပစ္စည်းဆိုတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ လီစီစီတော့ မဟုတ်ဘူး…။"

"ကဲ... ဒီအကြောင်းတွေကို ဆက်မပြောကြပါနဲ့တော့။ ဒီ ဝိညာဉ်စုပ်လက်အိတ်ကိုပဲ ဆက်ပြီး စမ်းသပ် ကြရအောင်ပါ…။"

ဒီအချိန်၌ လင်းဖန်မှာ လီစီစီက နောက်ထပ် ထူးဆန်းတာတွေ ထပ်ပြီးပြောလာမည်ကိုလည်း စိုးရိမ် နေခဲ့မိပြန်သည်။ ထို့ကြောင့် သရုပ်ပြမည့်လူကို ပြောင်းရန် ဆုံးဖြတ်လိုက်၏။

"ကဲ... နတ်သမီးလီနဲ့ ကျွန်တော် တမင် လုပ်ကြံဖန်တီးထားတာ မဟုတ်ဘူးဆိုတာ သက်သေပြဖို့အတွက် ပရိသတ်တွေထဲကနေ တစ်ယောက်လောက် တက်လာပြီး သရုပ်ပြပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်….။"

"ဘယ်သူများ စေတနာ့ဝန်ထမ်း လုပ်ချင်ပါသလဲ….။"

လင်းဖန် အံ့ဩသွားသည်က ဤတစ်ကြိမ်မှာတော့ လက်ထောင်တဲ့သူ ရှိမနေခဲ့ခြင်းပင်။

"စီနီယာလင်း... ကျွန်တော်တို့ ခင်ဗျားကို ယုံကြည်ပါတယ်….။"

"ဟုတ်တယ် စီနီယာလင်း၊ လူပြောင်းစရာ မလိုပါဘူး…။"

သိတာပေါ့။ သူတို့က လင်းဖန်ကို ယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ လင်းဖန်ဆီက တခြား ထူးဆန်းတဲ့ အချက်အလက်တွေကို ထပ်ပြီး သိချင်နေကြခြင်းပင်။ လင်းဖန်ကလည်း သူတို့ ဆန္ဒကို လုံးဝ ဖြည့်ဆည်း ပေးဖို့ ရည်ရွယ်ချက်မရှိပေ။

လင်းဖန် လူရွေးဖို့ အခက်တွေ့နေစဉ်မှာပဲ လေလံခန်းမ အဝင်ဝမှ လူနှစ်ယောက် ရုတ်တရက် ဝင်လာ ခဲ့လေ၏။

ဤလူနှစ်ယောက်ကတော့ ခွေးအသွင်နဲ့ ထွက်ပြေးသွားသော လျူချွမ်းဖုနှင့် လေလည်ပြီး ထွက်ပြေး သွားသော ကျောက်ဖေးတို့သာ ဖြစ်လေ၏။

သူတို့နှစ်ယောက် ဤမျှမြန်မြန် ပြန်ရောက်လာခဲ့သည်ကို မြင်တော့ လင်းဖန် တော်တော်လေး အံ့ဩသွား မိလေသည်။

*ကျောက်ဖေး ပြန်လာနိုင်တာက ထားပါတော့၊ လျူချွမ်းဖုက ဘာဖြစ်လာတာလဲ…။*

သူက ပြန်ရောက်လာရုံတင်မကဘဲ လူအသွင်ကိုတောင် ပြန်ပြောင်းနေခဲ့ပြီပင်။

"သခင်လေးကျောက်၊ သခင်လေးလျူ... ဘာတွေဖြစ်ကုန်တာလဲ။ မင်းတို့ ဘာလို့ ဒီလောက်မြန်မြန် ပြန်ရောက်လာကြတာလဲ…။"

လင်းဖန်၏ မေးခွန်းကို ကျောက်ဖေးက အရင်ဆုံး ရှင်းပြလိုက်လေသည်။

"စီနီယာလင်း... ကျွန်တော် နိုက်ထရိုဂျင် အရှိန်မြှင့်စနစ်ကို သုံးပြီး အရှိန်တင်လိုက်ပြီးတော့ အားနေတာနဲ့ လျူချွမ်းဖုကို လိုက်ရှာကြည့်ရင် ကောင်းမလားလို့ တွေးမိတာနဲ့ပဲ…။"

"အဲဒီ အရှိန်မြှင့်စနစ်ကို သုံးပြီး မြို့တော်ရဲ့ အဓိက လမ်းမတော်တော်များများကို ကျွန်တော် လိုက်ရှာခဲ့ပါ တယ်…။"

"နောက်ဆုံးတော့ လမ်းကြားလေးတစ်ခုထဲမှာ ခွေးအုပ်တစ်အုပ်နဲ့ ရင်ဆိုင်နေရတဲ့ လျူချွမ်းဖုကို တွေ့ခဲ့ တာပါ…။"

"လျူချွမ်းဖုနဲ့ ကျွန်တော်က အရင်က အပြေးပြိုင်ပွဲတွေမှာ အတူတူ ပြိုင်ခဲ့ဖူးပြီး ချန်ပီယံဆုအတွက် တောင် ယှဉ်ပြိုင်ခဲ့ဖူးတာဆိုတော့ သူ့ရဲ့ ခွေးရုပ်ကို ကျွန်တော်က တစ်ချက်ကြည့်ရုံနဲ့ သိတာပေါ့…။"

"ဒါကြောင့် ဘာမှမမေးတော့ဘဲ သူ့ကို ကောက်မပြီး ဒီကို တန်းပြေးလာခဲ့တာပါ…။"

ကျောက်ဖေးရဲ့ ပြောစကားကို နားထောင်ပြီး လူတိုင်း၏ မျက်နှာများပေါ် တော်တော်လေးပင် စိတ်ဝင်စားနေသော အမူအရာများက ဖြစ်ပေါ်နေခဲ့၏။

"အမလေး... လျူချွမ်းဖုရဲ့ အတွေ့အကြုံက မနည်းပါလား၊ ခွေးအုပ်နဲ့တောင် သွားပြီး ရင်ဆိုင်နေရ တယ်တဲ့…။"

လျူချွမ်းဖုရဲ့ အဖြစ်အပျက်ကို နားထောင်ရင်း လင်းဖန်လည်း စိုးရိမ်မိသွားလေသည်။

*သွားပါပြီ... ငါ့ရဲ့ မိုးကောင်းကင် ပျံဝဲဝတ်ရုံတော့ နာမည်ပျက်တော့မှာပဲ…။*

*ကံကောင်းလို့ ကျောက်ဖေးက လျူချွမ်းဖုကို ကယ်ခဲ့လို့သာပေါ့…။*

*မဟုတ်လို့ကတော့ လျူချွမ်းဖုသာ ခွေးအုပ်ရဲ့ အကိုက်ခံလိုက်ရရင် ဒီဝတ်ရုံရဲ့ ကာကွယ်နိုင်စွမ်းက အပြောအဆို ခံရတော့မှာ အသေအချာပဲ…။*

All Chapters