← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း (၁၄၃) အသေးလား၊ အလတ်လား၊ အကြီးလား

အခြားမိသားစုများမှာ လျူမိသားစု၏ ဆုံးဖြတ်ချက် ခိုင်မာနေသည်ကို မြင်သောအခါ ဈေးထပ်တိုးရန် စိတ်မကူးရဲကြတော့ပေ။

ဤအပြုအမူကြောင့် လင်းဖန်မှာ လျူမိသားစု၏ စောစောက မိဘအပေါ် သိတတ်မှုပြကွက်မှာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်လိမ့်မည်ဟု သံသယဝင်သွားသည်။ သို့သော်လည်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ဆိုသည့် ဈေးနှုန်းမှာ လင်းဖန်အတွက် ကျေနပ်စရာပင် ဖြစ်သည်။

တစ်ဖက်လူက သရုပ်ဆောင်နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သူတို့ ဂရုမစိုက်တော့ပေ။

"ကောင်းပြီ၊ ဘယ်သူမှ ဈေးထပ်မပြိုင်တော့ဘူးဆိုရင် ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်…။"

"ဒါပေမဲ့ အားလုံးပဲ စိတ်မလှုပ်ရှားကြပါနဲ့ဦး။ ကျွန်တော့်မှာ ဒီလက်အိတ်တွေနဲ့ အာနိသင်တူတဲ့ နောက် ထပ် ပစ္စည်းအတွဲအစပ်တစ်ခု ရှိပါသေးတယ်…။"

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် စနစ်သိုလှောင်ခန်းထဲမှ ဆေးပုလင်း သုံးပုလင်းကို ထုတ်ယူလိုက်လေ သည်။

"အားလုံးပဲ ကြည့်ပေးကြပါ…၊ ဒါတွေကတော့ ကျွန်တော့်ဆိုင်ရဲ့ ထူးခြားတဲ့ ဒဏ်ရာပျောက်ဆေးလုံး (အသေး)၊ အားဖြည့်ဆေးလုံး (အလတ်) နဲ့ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး (အကြီး) တို့ပဲ ဖြစ်ပါတယ်….။"

"ဒဏ်ရာပျောက်ဆေးလုံးကိုတော့ အရင်က ဆိုင်မှာ ရောင်းဖူးပြီးသားဖြစ်ပြီး ရွှေအမြုတေအဆင့်နဲ့ အောက်က ကျင့်ကြံသူတွေအတွက် သင့်တော်ပါတယ်…။"

"ဒီဒဏ်ရာပျောက်ဆေးလုံးကို သောက်လိုက်ရင် ဒဏ်ရာတွေကို ကုသပေးနိုင်ရုံတင်မကဘဲ ခန္ဓာကိုယ် ထဲက စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကိုပါ ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်…။"

"မကြာသေးခင်ကမှ ကျွန်တော့်ရဲ့ အဆက်မပြတ် သုတေသနပြုမှုတွေကြောင့် အားဖြည့်ဆေးလုံးနဲ့ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးတွေကို နောက်ဆုံးမှာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်…။"

"အားဖြည့်ဆေးလုံးကတော့ အခြေတည်စိတ်ဝိညာဉ်အဆင့်ကနေ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထိ ကျင့်ကြံသူတွေအတွက် ဖြစ်ပြီး အာနိသင်ကတော့ အတူတူပါပဲ…။"

"ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးကတော့ ပေါင်းစည်းခြင်းအဆင့် ဒါမှမဟုတ် အတိဒုက္ခ အဆင့်ကို ရောက်ရှိ နေတဲ့ ကျင့်ကြံသူကြီးတွေအတွက်ပဲ ဖြစ်ပါတယ်…။"

"လူတိုင်းအနေနဲ့ ကိုယ့်ရဲ့ ကျင့်ကြံမှုအဆင့်အလိုက် အသေး၊ အလတ်၊ အကြီး ကြိုက်တာကို ရွေးချယ်နိုင် ပါတယ်။ အခုဆိုရင် တိုက်ပွဲအတွင်း စိတ်ဝိညာဉ်စွမ်းအား မလောက်ငှမှာကို စိုးရိမ်နေစရာ မလိုတော့ ပါဘူး…။"

လင်းဖန်၏ မိတ်ဆက်စကားမှာ မိုးကြိုးသံကဲ့သို့ လေလံရုံတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

အင်အားကြီးမိသားစုများ၊ အထူးသဖြင့် ဒုတိယထပ်မှ လူကြီးမင်းများမှာ စတင်ကာ မငြိမ်မသက် ဖြစ် လာခဲ့ကြလေသည်။ စျေးကွက်ထဲတွင် အဆင့်မြင့်ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်စွမ်းအားကိူ ပြန်လည်ဖြည့်ပေးနိုင်သည့် ဆေးလုံးများ ရှိသော်လည်း စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ချက်ချင်း ပြန်ဖြည့်ပေးနိုင်သည့် ဆေးလုံးမျိုးမှာမူ တစ်ခါမျှ ရှိခဲ့ဖူးခြင်းမရှိပေ။

လင်းဖန်၏ ဒဏ်ရာပျောက်ဆေးလုံးမှာ အစက ထိုမျှလောက် ဟိုးလေးတကျော် မဖြစ်ခဲ့ခြင်းမှာ ရွှေအမြု တေအဆင့်အောက် ကျင့်ကြံသူများအတွက်သာ ထိရောက်သောကြောင့် ဖြစ်၏။ ထိုအဆင့်မြင့်ကျင့်ကြံ သူများက ထိုဆေးလုံးများကို အရေးမလုပ်ခဲ့ကြပေ။

သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ အလတ်စားနှင့် အဆင့်မြင့် ကျင့်ကြံသူများ အတွက်ပါ အားဖြည့်ဆေးလုံးနှင့် ​ဆေးလုံးများ ရှိလာပြီ ဖြစ်ရာ သူတို့ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင် မည်နည်း။

"ဆိုင်ရှင်လင်း…၊ အဲဒီ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးက အတိဒုက္ခအဆင့် ကျင့်ကြံသူတွေ အတွက်ကိုပါ တကယ်ပဲ ထိရောက်တာလား…။"

မေးခွန်းထုတ်လိုက်သူမှာ ထဲကျူး၏ အဖိုးဟု ထင်ရသော အဖိုးအိုကြီးပင် ဖြစ်လေသည်။

အတိဒုက္ခအဆင့်ကို ဖြတ်ကျော်နေရသော ကျင့်ကြံသူများအတွက် ကောင်းကင်ဘေးဒဏ်ကို ခံယူရတိုင်း စိတ်ဝိညာဉ်စွမ်းအား သုံးစွဲမှုမှာ အလွန်မြင့်မားလှသည်။

ကျင့်ကြံသူ အများအပြားမှာ စိတ်ဝိညာဉ်စွမ်းအား မလုံလောက်ခြင်းနှင့် အချိန်မီ ပြန်မဖြည့်နိုင်ခြင်း တို့ကြောင့် အတိဒုက္ခကို မကျော်ဖြတ်နိုင်ဘဲ ကျရှုံးခဲ့ရခြင်း ဖြစ်သည်။ ဤဆေးလုံးမှာ အတိဒုက္ခကျော် ဖြတ်မှု အောင်မြင်နှုန်းကို မြှင့်တင်ပေးနိုင်မည့် ဆေးလုံးပင် မဟုတ်ပါလား။

"တကယ်ပေါ့ …..။ သံမဏိအပ်ထက်တောင် ပိုပါသေးတယ်…အစစ်အမှန်ပါပဲ…။"

"ဒါပေမဲ့ ဒီကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးက ဖော်စပ်ရတာ အရမ်းလက်ဝင်သလို ကုန်ကြမ်း တွေ ရှာရတာလည်း အရမ်းခက်ပါတယ်။ ဒါကြောင့် အခုထိတော့ ကျွန်တော့်မှာ အနည်းငယ်ပဲ ရှိပါသေး တယ်….။"

လင်းဖန်၏ နောက်ဆက်တွဲ စကားများမှာ ကြွားလုံးထုတ်ခြင်းသာ ဖြစ်သည်။ ဤသို့ ပြောရခြင်းမှာ ဆေးလုံး၏ တန်ဖိုးကို မြှင့်တင်ရန်ပင် ဖြစ်သည်။ တစ်ဖက်လူက လိုအပ်သော စိတ်ဝိညာဉ်ကျောက်တုံး များကိုသာ ပေးနိုင်ပါက လင်းဖန်တွင် ဤဆေးလုံးများမှာ ထမင်းစားသကဲ့သို့ စားနိုင်လောက်အောင် အများကြီး ရှိနေသေးသည်ပင်။

အသေး၊ အလတ်၊ အကြီး ဆေးလုံးများက လူတိုင်း၏ စိတ်ဝင်စားမှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်သည် ကို မြင်လိုက်ရသောအခါ လင်းဖန်မှာ လေလံတင်ရန် မလောသေးပေ။ ထိုအစား သူက နောက်ထပ် ဆေးပုလင်း သုံးပုလင်းကို ထပ်ထုတ်လိုက်လေသည်။

"ကျွန်တော် စောစောက ပြောခဲ့သလိုပဲ၊ ဒါက လက်အိတ်တွေနဲ့ အာနိသင်တူတဲ့ အတွဲအစပ်တစ်ခုပါ…။"

"ကိုယ့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်ပေးမယ့် ဆေးလုံးရှိသလို ရန်သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ကို ကုန်ခမ်းစေမယ့် ဆေးလုံးလည်း ရှိရမှာပေါ့…။"

"ဒါကတော့ စိတ်ဝိညာဉ်စွမ်းအားတွေကို ဖြုန်းတီးပစ်မယ့် စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး ပဲ ဖြစ်ပါတယ်...။"

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး သုံးပုလင်းကို လက်ထဲတွင် ကိုင်၍ မြှောက်ပြလိုက်၏။

၎င်းတို့ကိုလည်း အသေး၊ အလတ်၊ အကြီးဟု အဆင့်သုံးမျိုး ခွဲခြားထားလေသည်။

"ဒီစိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံးကိုလည်း ဒဏ်ရာပျောက်ဆေးလုံးတွေလိုပဲ အဆင့်သုံးမျိုး ခွဲထားပါ တယ်…။"

ဤနေရာတွင် ပရိသတ်ထဲမှ တစ်ဦးက မေးခွန်းထုတ်လာခဲ့သည်။

"ဆိုင်ရှင်လင်း၊ ရန်သူ့စိတ်ဝိညာဉ်စွမ်းအားကို ကုန်ခမ်းစေဖို့ဆိုရင် ရန်သူက အဲဒီဆေးလုံးကို စားဖို့ မလို ဘူးလား…။"

"ကျွန်တော်က တစ်ဖက်လူကို ဆေးလုံးစားအောင် လုပ်နိုင်တယ်ဆိုရင် အဆိပ်ပဲ တိုက်လိုက်တော့ မှာပေါ့…။"

မေးခွန်းကို ကြားသောအခါ လင်းဖန်က ပြုံးလျက် ရှင်းပြလိုက်လေသည်။

"ဒီစိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံးက စားရတဲ့ဆေး မဟုတ်ပါဘူး။ အဆိပ်ငွေ့ဆေးလုံးတွေလိုပဲ အပြင်ကို ပစ်ပေါက်ပြီး သုံးရတာပါ…။"

"အပြင်ကို ပစ်ပေါက်လိုက်တာနဲ့ စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံးက ချက်ချင်း ပေါက်ကွဲသွားပြီး အဆိပ်မြူ ခိုးတိမ်တိုက်တစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်…။"

"ဒီအဆိပ်မြူခိုးက အရောင်မရှိ၊ အနံ့မရှိသလို အဆိပ်တောင် မရှိပါဘူး။ ဒါပေမဲ့ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ် ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကိုတော့ အလွန်လျင်မြန်စွာ ကုန်ခမ်းသွားစေမှာပါ…။"

အသုံးပြုပုံကို ကြားလိုက်ရသောအခါ စောစောက မေးခွန်းထုတ်သူမှာ ချက်ချင်း ပြောစရာ စကားမဲ့ သွားခဲ့လေသည်။ သူက စိတ်ဝိညာဉ်စွမ်းအား ပြန်ဖြည့်ပေးသည့် ဆေးလုံးမှာ စားရမည်ဟု ကြားထား သောကြောင့် စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံးမှာလည်း စားရမည်ဟု ကြိုတင်တွေးဆထားမိခြင်း ဖြစ်သည်။

လင်းဖန်က တစ်ဖက်လူကို လှမ်းကြည့်ကာ ဆက်ပြောလိုက်၏။

"စဉ်းစားကြည့်ပါဦး... ခင်ဗျားတို့ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်တဲ့အခါ စိတ်ဝိညာဉ်ဖြိုခွင်းဆေး လုံးကို ပစ်ပေါက်ပြီး အဲဒီအဆိပ်မြူခိုးထဲမှာ တိုက်ခိုက်မယ်ဆိုရင်ပေါ့…။"

"ရန်သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက လျင်မြန်စွာ ကုန်ခမ်းနေချိန်မှာ ခင်ဗျားတို့မှာကတော့ စိတ်ဝိညာဉ် စွမ်းအား ပြန်ဖြည့်ပေးမယ့် ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး ရှိနေမယ်…။"

"အခြေအနေက ဘယ်သူ့ဘက်က သာမလဲဆိုတာ ပြောနေစရာတောင် မလိုတော့ဘူးထင်ပါတယ်….။"

လင်းဖန်၏ ရှင်းပြချက်အဆုံးတွင် လူအုပ်ကြီးမှာ အံ့ဩတကြီး ဖြစ်သွားကြလေတော့သည်။

"ဆိုင်ရှင်လင်းရဲ့ မှော်ရတနာတွေနဲ့ ဆေးလုံးတွေက တကယ်ကို ရှားပါးလှပါပေတယ်…။"

"ဟုတ်ပါ့၊ ကိုယ့်မျက်စိနဲ့ကိုယ် မမြင်ရရင် ဆေးလုံးတစ်လုံးက ဒီလိုအစွမ်းမျိုး ရှိတယ်ဆိုတာ ဘယ်သူက ယုံမှာလဲ…။"

လင်းဖန်က အစကတော့ ထိုလူက တကယ် အံ့ဩနေသည်ဟု ထင်သော်လည်း နောက်ပိုင်းတွင် တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။

*ဘာလဲ... မင်းတို့က ငါ့ကို နောက်တစ်ခါ ထပ်ပြီး သရုပ်ပြခိုင်းနေတာလား…။*

*ကောင်းပြီလေ၊ မင်းတို့က အကျိုးကျေးဇူးကို မမြင်မချင်း မယုံကြဘူးဆိုတော့လည်း မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။*

"ဟဲဟဲ... ကျွန်တော် ပစ္စည်းတိုင်းကို သရုပ်ပြခဲ့သလိုပဲ၊ ဒီဆေးလုံးကိုလည်း ချွင်းချက်မထားပါဘူး…။"

"ကဲ... အခု ကျွန်တော်ကိုယ်တိုင် သရုပ်ပြပေးပါ့မယ်…။"

ထိုကဲ့သို့ ပြောပြီးနောက်မှာတော့ လင်းဖန်က အကြီးစား စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်၏။ ထို့နောက် ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပဲ ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်လေတော့ သည်။

ကြမ်းပြင်ပေါ် ကျသွားသည်နှင့် ဆေးလုံးက ပေါက်ကွဲသွားပြီး အရောင်အနံ့ မရှိသော မြူခိုးများ ဖုံးလွှမ်း သွားခဲ့လေတော့သည်။

"ဟာ... သွားပြီ၊ ငါ့စိတ်ဝိညာဉ်စွမ်းအားတွေ ဘယ်ရောက်ကုန်တာလဲ။ ဘာလို့ ချက်ချင်းကြီး ပျောက်သွား တာလဲ…။"

"လျင်မြန်စွာ ကုန်ခမ်းမယ်ဆိုပြီး အခုကျတော့ ချက်ချင်းကြီး ကုန်သွားတာလား…။"

"ငါ ထင်သားပဲ၊ ရှေ့ဆုံးတန်းမှာ မထိုင်သင့်ဘူးဆိုတာ…။"

သို့သော်လည်း စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး၏ လွှမ်းခြုံမှုမှာ အလွန်ကျယ်ပြန့်လှသဖြင့် ခန်းမတစ်ခုလုံး ကို ဖုံးလွှမ်းသွားလေတော့သည်။ ထို့ကြောင့် မည်သည့်နေရာတွင် ထိုင်နေသည်ဖြစ်စေ ဤဘေးမှ မလွတ်ကင်းနိုင်ခဲ့ပေ။

ထို့ပြင် ပရိသတ်များ၏ စိတ်ဝိညာဉ်စွမ်းအားများ ချက်ချင်း ကုန်ခမ်းသွားရခြင်းမှာ လင်းဖန်က အကြီး စား ဆေးလုံးကို သုံးလိုက်သောကြောင့် ဖြစ်သည်။ ဤဆေးလုံးမှာ ပေါင်းစည်းခြင်းအဆင့်နှင့် အထက် ကျင့်ကြံသူများကို ရည်ရွယ်ခြင်း ဖြစ်၏။ ကျင့်ကြံမှုအဆင့် နိမ့်သော သူများအတွက်မူ စိတ်ဝိညာဉ် စွမ်းအားများမှာ ချက်ချင်း ကုန်ခမ်းသွားမည်သာ ဖြစ်လေသည်။

"အဟမ်း... အားလုံးပဲ စိတ်မပူကြပါနဲ့။ ဒီဆေးလုံးက အကြီးစား ဖြစ်လို့ အာနိသင်က ပိုပြင်းတာပါ…။"

"အားလုံးရဲ့ ကျင့်ကြံမှုအဆင့်တွေက နိမ့်နေလို့ စိတ်ဝိညာဉ်စွမ်းအားတွေ ချက်ချင်း ကုန်သွားတာပါ…။"

"ကျွန်တော့်ကို ကြည့်ပါဦး၊ ကျွန်တော်က ပေါင်းစည်းခြင်းအဆင့်မှာ ရှိနေပေမဲ့ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကတော့ လျော့သွားနေတုန်းပဲ။ ဒါပေမဲ့ လုံးဝတော့ ကုန်မသွားသေးဘူး…။"

လင်းဖန်၏ ကိုယ့်ကျင့်ကြံမှုအဆင့်ကို ကြွားဝါပြောဆိုလိုက်သော စကားကြောင့် စင်အောက်မှ ပရိသတ် များမှာ ဆွံ့အသွားကြသည်။ လင်းဖန်ကတော့ သူတို့၏ အားကျသော အကြည့်များကို ဂရုမစိုက်ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေသဖြင့် ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး တစ်လုံးကို သောက်ကာ ပြန်ဖြည့်ရမည် ဖြစ်သောကြောင့် ပင်။

"အဟမ်း... စောစောက ပြခဲ့တာက အကြီးစား စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး ဖြစ်ပြီး အခုကတော့ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးရဲ့ အာနိသင်ကို ပြပါ့မယ်…။"

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် လူအုပ်ကြီး၏ အားကျသော အကြည့်များကြားတွင် ဆေးလုံး တစ်လုံးကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ ဆေးလုံးက ပါးစပ်ထဲ ရောက်သည်နှင့် လင်းဖန်၏ စိတ်ဝိညာဉ်စွမ်းအားများမှာ ချက်ချင်း ပြန်လည် ပြည့်တင်းသွားခဲ့လေတော့သည်။

သရုပ်ပြပြီးနောက်တွင် လင်းဖန်သည် သူ့ဘေးမှ နတ်သမီးလီလည်း စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး၏ဒဏ် ကို ခံလိုက်ရသည်ကို သတိရသွားသည်။ ချက်ချင်းပင် သူမကို အားဖြည့်ဆေးလုံး တစ်လုံး ပေးရန် ပြင်လိုက်သည်။

"ကဲ... နတ်သမီးလီ၊ မင်းလည်း တစ်လုံး သောက်လိုက်ပါ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် အားဖြည့် ဆေးလုံး တစ်လုံးဆိုရင် လုံလောက်ပါတယ်…။"

လင်းဖန် ထုတ်ပေးသော ဆေးလုံးကို ကြည့်ကာ လီစီစီသည် ဆေးလုံးယူရန် လင်းဖန်ထံသို့ လျှောက်လာ လိုက်သည်။ သို့သော် ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် စွမ်းအားများ ကုန်ခမ်းသွားမှုကြောင့် ဖြစ်နိုင်သည်။

လီစီစီသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရုတ်တရက် ခန္ဓာကိုယ်က လေးလံသွားသလို ခံစားလိုက် ရသည်။ သူမသည် ဟန်ချက်ပျက်ကာ လင်းဖန်ရှိရာသို့ လဲကျသွားလေတော့၏။

All Chapters