← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း (၁၄၄) ရှဲ့ပေါင်ချင်း… မင်း ဘာလို့ သူ့ကို သွားဆွရတာလဲ

နတ်သမီးက သူ့ဆီသို့ ရုတ်တရက် လဲကျလာသောကြောင့် လင်းဖန် အငိုက်မိသွားလေသည်။ လီစီစီက သူ့ရှေ့မှာတင် လဲကျသွားတာကို သူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရ၏။ ကံကောင်းသွားသည်မှာ သူမ က လင်းဖန်ရဲ့ ခန္ဓာကိုယ်ကို အချိန်မီ ဆွဲကိုင်နိုင်လိုက်၍သာ လင်းဖန်ပါ လုံးဝ လဲမကျသွားခြင်းပင်။

အဆုံးတွင် သူမသည် လင်းဖန်ရှေ့မှာတင် ခွေခွေလေး ပုံကျသွားလေတော့၏။

လင်းဖန်က သူ့ရှေ့ရှိ လီစီစီကို ငုံ့ကြည့်လိုက်သောအခါ မမြင်သင့်တာလေးတွေ မြင်လိုက်ရတော့သည်။ ကံဆိုးချင်တော့ အဲဒီအချိန်မှာပဲ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး ၏ ဘေးထွက်ဆိုးကျိုး ဖြစ်သော နှာခေါင်းသွေးယိုခြင်းက စတင်လာပါတော့သည်။

လင်းဖန်ရဲ့ နှာခေါင်းသွေးများကို မြင်သောအခါ လီစီစီက သူမ ကိုယ်ဟန်ပျက်သွားတာကို ရုတ်တရက် သတိထားမိသွားလေ၏။ သူမက လင်းဖန် နှာခေါင်းသွေးယိုတာဟာ သူမကြောင့်လို့ အထင်မှားသွားပြီး ရှက်လွန်းသဖြင့် မျက်နှာလေးမှာ တခဏချင်းမှာတင် နီမြန်းသွားလေတော့သည်။

လင်းဖန်ကတော့ တစ်ဖက်လူ နားလည်မှုလွဲသွားမှန်း သိသောကြောင့် အမြန်ပဲ ရှင်းပြလိုက်ရ၏။

"အဟမ်း... နတ်သမီးလီ၊ နားလည်မှုမလွဲပါနဲ့ဦး။ ဒီကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးက အားအရမ်းရှိလွန်းလို့ နှာခေါင်းသွေးယိုတာပါ။ မင်းလည်း သောက်ရင် သေချာပေါက် ယိုမှာပဲ…။"

"မယုံရင် တစ်လုံးလောက် စားကြည့်ပါလား…။"

ပြောပြောဆိုဆိုနဲ့ပဲ သူ့လက်ထဲက အားဖြည့်ဆေးလုံးကို တစ်ဖက်လူဆီ တိုက်ရိုက်ကမ်းပေးလိုက် လေ၏။

လီစီစီက သံသယအကြည့်လေးများနှင့် အားဖြည့်ဆေးလုံးကို ယူပြီး သောက်လိုက်လေတော့သည်။ ခဏအကြာမှာတော့ သူမသည် နှာခေါင်းကို အုပ်ထားရသောအခါကျမှသာ လင်းဖန်ရဲ့ စကားကို ယုံသွား လေတော့သည်။

နားလည်မှုလွဲတာတွေကို ရှင်းပြီးပြီဖြစ်သောကြောင့် လင်းဖန်လည်း စီးပွားရေး ဆက်လုပ်ဖို့ ပြင်လိုက် လေတော့သည်။ ယခုအချိန်မှာ ဤခန်းမထဲရှိ ကျင့်ကြံသူတွေ အားလုံးက စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းနေကြသည်မဟုတ်ပါလား။

"ကဲ... အခုအချိန်မှာတော့ လူတိုင်း လူတိုင်း စိတ်ဝိညာဉ်စွမ်းအား ပြန်ဖြည့်ဖို့ ဒဏ်ရာပျောက်ဆေးလုံး ဒါမှမဟုတ် အားဖြည့်ဆေးလုံး တစ်လုံးလောက် ဝယ်ထားသင့်တယ်လို့ ကျွန်တော် ထင်တာပဲ….။"

"ဘာတွေ စောင့်နေကြတာလဲ၊ ပိုက်ဆံထုတ်ကြတော့လေ အားလုံးပဲ…။"

သို့ပေမဲ့ ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေပြီး ဘယ်သူကမှ စကားမစရဲကြသေးပေ။ လူတိုင်းရဲ့ မျက်နှာ ပေးကို ကြည့်ပြီး လင်းဖန် သူတို့ ဘာကို ဆိုလိုချင်လဲဆိုတာ သဘောပေါက်သွားလေတော့သည်။ ရွေးချယ်စရာ မရှိတော့ခြင်းကြောင့် လင်းဖန် ထပ်ပြောရပြန်လေတော့သည်။

"ကောင်းပြီလေ၊ အခု ဒီမြူခိုးတွေကို ကျွန်တော် ဖယ်ရှားပေးပါ့မယ်။ အခုဆိုရင်တော့ လူတိုင်း ဝယ်လို့ ရပြီ မဟုတ်လား…။"

ဒဏ်ရာပျောက်ဆေးလုံးများကို ရောင်းစားမည့် အကြံအစည် ပျက်သွားသောကြောင့် လင်းဖန်မှာ စိတ်ဝိညာဉ်စွမ်းအား ဖြိုခွင်းသော မြူခိုးများကို ဖယ်ရှားပေးရန်ကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ဤမြူခိုးတွေကို ဘယ်လိုဖယ်မလဲဆိုတာကတော့ အလွန်လွယ်ပေသည်။ လုံလောက်တဲ့ စိတ်ဝိညာဉ် စွမ်းအားနဲ့ ဓာတ်ပြယ်အောင် လုပ်လိုက်ရုံသာပင်။

လင်းဖန်၏ ဘေးမှ ဟင်းလင်းပြင်တံခါးကတော့ ထိုအရာကို အလွယ်တကူ လုပ်နိုင်ပေသည်။ လင်းဖန် က ဟင်းလင်းပြင်တံခါးထဲမှ စိတ်ဝိညာဉ်စွမ်းအားအချို့ကို ထုတ်ယူလိုက်ပြီး လေလံခန်းမတစ်ခုလုံးကို မူလအတိုင်း ပြန်ဖြစ်အောင် လုပ်လိုက်လေတော့သည်။

မြူခိုးများ ကင်းစင်သွားတော့မှ စင်အောက်မှ ကျင့်ကြံသူများက ဒဏ်ရာပျောက်ဆေးလုံးများကို ဝယ်ဖို့ သဘောတူကြလေတော့သည်။ အဲဒီနောက်မှာတော့ လင်းဖန်က သူတို့ကို နောက်ထပ်တစ်ကြိမ် ကောင်း ကောင်းကြီး အရေခွံခွာလိုက်ပြန်လေ၏။

"အားလုံးပဲ... နောက်နောင် ဒဏ်ရာပျောက်ဆေးလုံး ဒါမှမဟုတ် အားဖြည့်ဆေးလုံးတွေ လိုအပ်ရင် ထဲကျူးကို တိုက်ရိုက်ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်…။"

လင်းဖန် ကြော်ငြာလို့ပြီးသည်နှင့် အင်အားကြီးမိသားစုတစ်ခုက ကျင့်ကြံသူတစ်ယောက်က ချက်ချင်း မေးခွန်းထုတ်လာခဲ့လေသည်။

"ဆိုင်ရှင်လင်း၊ အဲဒီ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးကရော။ အဲဒါကို ဘယ်လို ဝယ်လို့ရ မလဲ…။"

ထိုမေးခွန်းကို ကြားတော့ လင်းဖန်က အခက်တွေ့နေတဲ့ ပုံစံမျိုး ဟန်ဆောင်ပြလိုက်လေသည်။

"ဟူး... ဒါကလည်း ကျွန်တော့်ကို ခေါင်းခဲစေတဲ့ ပြဿနာတစ်ခုပါပဲ…။"

"တကယ်ဆိုရင်တော့ ဒီလို အသုံးအဆောင်ဆေးလုံးတွေက ဒဏ်ရာပျောက်ဆေးလုံးတွေလိုပဲ ပုံသေဈေး ရှိသင့်တာပေါ့…။"

"ဒါပေမဲ့ ဆေးလုံးက အရမ်းရှားနေတော့ ဘယ်သူ့ကိုမဆို ပုံသေဈေးနဲ့ ရောင်းပေးလိုက်ရင် တခြားသူ တွေကို အားနာစရာ ဖြစ်ကုန်မယ်လေ..။"

"ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ လေလံတင်ဖို့ပါပဲ၊ ဈေးအများဆုံးပေးတဲ့သူက ရမှာပေါ့။"

လင်းဖန်၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း ပြောစရာ စကားမဲ့သွားကြလေတော့သည်။

*မင်း ဘာတွေးနေလဲဆိုတာ အားလုံးက သိနေတာကို ဟန်ဆောင်နေသေးတယ်…။*

ရုတ်တရက် လင်းဖန် တစ်ခါမှ မမြင်ဖူးသော မိသားစုတစ်ခု၏ အထူးခန်းထဲမှနေ၍ မေးခွန်းတစ်ခု မေးလာခဲ့လေသည်။

"ဆိုင်ရှင်လင်း၊ ဒီနေ့ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး ဘယ်နှစ်ပုလင်း လေလံတင်မှာလဲ…။"

တစ်ဖက်လူက သူ့ဆေးလုံးအရေအတွက်ကို စပ်စုနေသဖြင့် လင်းဖန်ကလည်း အတိအကျကို ပြောပြမှာ မဟုတ်ပေ။ အရေအတွက်ကို မသိမှသာ နောက်ပိုင်း လေလံပွဲအတွက် ပိုပြီး အကျိုးရှိမှာ မဟုတ်လား။

"သိပ်မရှိပါဘူး၊ ပုလင်းအနည်းငယ်ပဲ ရှိပါတယ်…။"

သို့ပေမဲ့ မေးတဲ့လူက အဆုံးထိ သိချင်နေပုံရပြီး ထပ်မေးလာပြန်၏။

"ဆိုင်ရှင်လင်း၊ အတိအကျလေး ပြောပေးလို့ မရဘူးလား…။"

"ပုလင်းအနည်းငယ်ပဲ ရှိတာဆိုတော့ အတိအကျ ရေတွက်လို့ ရမှာပဲ မဟုတ်လား…။"

တစ်ဖက်လူက ဇွတ်အတင်း မေးလာသဖြင့် လင်းဖန်လည်း စိတ်တိုသွားလေသည်။

*အမလေး... မင်းက ဘာမို့လို့လဲ။ တခြားသူတွေတောင် မမေးတာကို မင်းက ထင်ပေါ်ချင်နေတာလား.။*

"ကောင်းပြီလေ... ခင်ဗျားက အတိအကျ သိချင်နေတာဆိုတော့လဲ…။ တစ်ပုလင်းပဲ ရှိပါတယ်…။"

"ကျေနပ်ပြီလား၊ တစ်ပုလင်းပဲ လေလံတင်မယ်။ ကျန်တာကတော့ ကျွန်တော့်အတွက် ကျွန်တော် သိမ်းထားမယ်…။"

ထိုစကားကို ကြားသောကြောင့် လင်းဖန်က ဒေါသနဲ့ ဆေးလုံးအရေအတွက်ကို တစ်ပုလင်းတည်းဟု သတ်မှတ်လိုက်လေတော့၏။

ရောက်ရှိနေကြသော မိသားစုအသီးသီးမှာ လန့်သွားကြတော့သည်။ သူတို့သည် ခုနက မေးခွန်းမေးတဲ့ လူကို ဝိုင်းပြီး ဆဲကြပါလေတော့သည်။

"ရှဲ့ပေါင်ချင်း... မင်း ဘာလို့ စကားတွေ ဒီလောက်များနေတာလဲ။ မင်းမှာပဲ ပါးစပ်ပါတာလို့ ထင်နေ တာလား…။"

"ရှဲ့အိုကြီး... ငါက မဟာယာနအဆင့်ရဲ့ အထွတ်အထိပ်မှာ အတိဒုက္ခ ကျရောက်တော့မှာ။ မင်းကြောင့် ဒီနေ့ ငါ ဆေးလုံးမရရင် ငါ့ရဲ့ အတိဒုက္ခကို မင်းတို့ ဝမ်မိသားစု ခေါင်းပေါ်မှာ လာခံယူလိုက်မယ်…။"

"ရှဲ့ပေါင်ချင်း... ရှဲ့ပေါင်ချင်း... မင်း ဘာလို့ သူ့ကို သွားဆွရတာလဲ…။"

လူတွေရဲ့ ဝိုင်းပြောခြင်း ခံလိုက်ရသော ရှဲ့ပေါင်ချင်းလည်း ကြောက်လန့်တကြားနဲ့ အထူးခန်းထဲမှာ ပုန်းနေရလေတော့သည်။

သူ စိတ်ထဲက တွေးနေမိတာကတော့ *ငါမေးတဲ့ မေးခွန်းက မင်းတို့အားလုံး သိချင်နေတဲ့ မေးခွန်းပဲ မဟုတ်ဘူးလား…* ဆိုတာပါပဲ။

*အမလေး... လူတိုင်း စိတ်ဝင်စားတဲ့ မေးခွန်းကို ငါက ကိုယ်စားမေးပေးတာကို အခုတော့ ငါပဲ အပြစ်ဖို့ ခံနေရပြီ။ ထင်ပေါ်ရင် အနှိမ်ခံရတယ်ဆိုတာ ဒါကို ပြောတာနေမှာ။ အခု ဘယ်သူ့ကို သွားတိုင်ရမှာလဲ..။*

ရှဲ့ပေါင်ချင်းကို အားရပါးရ ဆဲဆိုပြီးသည့်နောက်၌ လူတိုင်းက လင်းဖန်ကို ဝိုင်းပြီး ချော့ကြလေတော့ သည်။

"ဆိုင်ရှင်လင်း... စိတ်မဆိုးပါနဲ့ဦး၊ သူက ဦးနှောက်မရှိတဲ့ကောင်မို့လို့ပါ…။"

"ဟုတ်ပါတယ်၊ အဲဒီရှောင်အိုကြီးက အမြဲတမ်း သိချင်စိတ် ပြင်းပြနေတဲ့ ကလေးလိုပါပဲ၊အမြဲ ဟိုမေး ဒီမေးနဲ့…။"

"ဟုတ်တယ်၊ တစ်ယောက်ယောက်က လေလည်ရင်တောင် နေ့လယ်က ဘာစားခဲ့လဲလို့ လိုက်မေး မယ့်လူစားမျိုးပါ…။"

"ဆိုင်ရှင်လင်း... ကျေးဇူးပြုပြီး သူ့ကြောင့်နဲ့ လေလံပစ္စည်း အရေအတွက်ကို မလျှော့လိုက်ပါနဲ့ဦး…။"

လူတွေ ပြောနေသည်ကို ကြားတော့မှ လင်းဖန်လည်း စိတ်နည်းနည်း သက်သာသွားလေသည်။ သို့ပေမဲ့ ဘယ်လောက်ပဲ စိတ်ချမ်းသာပါစေ၊ ရသင့်ရထိုက်သည့် ပိုက်ဆံကိုတော့ လျှော့မည် မဟုတ်ချေ။

"အဟမ်း... တကယ်တော့ ကျွန်တော်က ဒေါသနဲ့ ပြောတာတင် မဟုတ်ပါဘူး…။"

"ကျွန်တော်ကလည်း အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတော့ တိုက်ပွဲတွေ ကြုံလာရင် ဒီဆေးလုံးကို သုံးရဦးမယ်လေ…။"

"ကျွန်တော့်အတွက်လည်း အရံအဖြစ် ချန်ထားရဦးမှာပေါ့…။"

လင်းဖန်က တင်းခံနေသည်ကို မြင်သောကြောင့် တခြားသူတွေများလည်း ဆက်လက်ပြီး ဖျောင်းဖျ ကြလေသည်။

"ဆိုင်ရှင်လင်းက မြင့်မြတ်တဲ့ စီးပွားရေးသမားပဲ၊ ဘာလို့ တိုက်ပွဲတွေထဲ ဝင်ပါမှာလဲ…။"

"ဟုတ်ပါတယ်၊ ဒီအရှေ့ဘက်ဒေသမှာ ဆိုင်ရှင်လင်းကို ရန်စရဲလောက်အောင် မျက်စိကန်းတဲ့သူ ဘယ်သူရှိမှာလဲ…။"

"မှန်တယ်၊ ဆိုင်ရှင်လင်းကို စိတ်အနှောင့်အယှက်ပေးတဲ့သူမှန်သမျှကို ကျွန်တော်တို့က အရင်ဆုံး ရှင်းပစ်မှာပါ…။"

လူတိုင်း၏ မြှောက်ပင့်ပြောခြင်းကို ခံလိုက်ရသောအခါတွင် လင်းဖန်လည်း နောက်ဆုံးမှာ လျှော့ပေး လိုက်ရလေတော့သည်။

"ကောင်းပြီလေ... ဒါဆို ကျွန်တော့်အတွက် သိမ်းထားတဲ့ အဲဒီတစ်ပုလင်းကိုပါ လေလံတင်ပေးမယ်။ စုစုပေါင်း နှစ်ပုလင်းပေါ့၊ တစ်ပုလင်းမှာ ဆေးငါးလုံးစီ ပါမယ်…။"

"ဒါပေမဲ့ ကျွန်တော်တို့ တစ်ပုလင်းချင်းစီပဲ လေလံတင်ပါ့မယ်။ ကဲ... အားလုံးပဲ ဈေးပြိုင်ပေးနိုင်ပါပြီ….။"

နောက်ထပ် တစ်ပုလင်း ထပ်ရဖို့က တော်တော်လေး ခက်ခဲခဲ့သည်ပင်။ နောက်ထပ် ပြဿနာတွေ တက်မလာခင်မှာပဲ လူတိုင်းက ချက်ချင်း ဈေးပြိုင်ကြလေတော့သည်။ လေလံခန်းမတစ်ခုလုံးသည် လည်း ချက်ချင်းဆိုသလို ရုန်းရင်းဆန်ခတ် ဖြစ်သွားလေတော့သည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း။ ဒီတစ်ပုလင်းကိုတော့ ငါ ရအောင်ယူမယ်…။"

အဆင့်မြင့်ကျင့်ကြံသူတွေအတွက် ဒီဆေးလုံးက ဘယ်လောက် အရေးကြီးလဲဆိုတာ အားလုံး သိကြ ပါတယ်။ ဒါကြောင့် အဖွင့်ဈေးကတင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း ဖြစ်နေတာပါ။

"တစ်သောင်းတည်းနဲ့ ရအောင်ယူမယ် ဟုတ်လား။ ငါက နှစ်သောင်း ပေးတယ်…။"

"သုံးသောင်း။ အားလုံးပဲ ကျေးဇူးပြုပြီး လျှော့ပေးကြပါဦး။ ငါက မဟာတက်လှမ်းခြင်းအဆင့်မှာ အတိဒုက္ခ ကျရောက်တော့မှာမို့လို့ အသက်ကယ်ဆေးအနေနဲ့ အရမ်းလိုအပ်နေလို့ပါ…။"

"မင်းတစ်ယောက်တည်း ထူးခြားနေတာလား။ ဒီမှာ ဘယ်သူက မဟာယာနအဆင့် မဟုတ်လို့လဲ။ ဘယ်သူက အတိဒုက္ခအတွက် စိတ်မပူလို့လဲ။ လေးသောင်း…။"

ယခုချိန်တွင် အဆင့် (၈) မိသားစုတွေဆီက မဟာယာနအဆင့် အကြီးအကဲတွေ အများကြီး ရှိနေသည် ၏။ အချိန်စောခြင်း နောက်ကျခြင်းသာ ကွာလိမ့်မည် လူတိုင်းကတော့ အတိဒုက္ခကို ရင်ဆိုင်ကြရမည် ပင်။ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ကတည်းက ပထမဆုံးကြုံရမည့် အတိဒုက္ခမိုးကြိုးဘေးဒဏ်ကို လူတိုင်းက ကြောက်နေကြခြင်းပင်ဖြစ်၏။

ယခု ရုတ်တရက် ပေါ်လာသော ဤကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးသည် သူတို့အတွက် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ အကြီးမားဆုံး အားကိုးရာ ဖြစ်လာမှာ အသေအချာပင်။

အတိဒုက္ခအတွင်း ရသော ဒဏ်ရာများကို ကုသပေးနိုင်သလို စိတ်ဝိညာဉ်စွမ်းအားကိုလည်း ချက်ချင်း ပြန်ဖြည့်ပေးနိုင်သည်ကိုး။ထိုဆေးလုံးသည် အတိဒုက္ခ ကျော်ဖြတ်မည့် သူများအတွက် သီးသန့် ထုတ်ထားသလိုဖြစ်နေခဲ့ခြင်းပင်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း….။"

ရုတ်တရက် ဈေးနှုန်းတစ်ခု ထွက်ပေါ်လာ၏။ ဤအသံသည် ဆူညံနေသော မိသားစုခေါင်းဆောင်များကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့လေ၏။

ထိုအသံက သုန်ယွဲ့အင်ပါယာ တော်ဝင်မိသားစု၏ အထူးခန်းထဲကနေ ထွက်လာခြင်းဖြစ်၏။ မျှော်လင့် ထားသည့်အတိုင်း သုန်ယွဲ့တော်ဝင်မိသားစုက စတင် လှုပ်ရှားလာလေပြီ။ သူတို့က ဝင်ပါလာပြီ ဆိုလျင်တော့ တခြားမိသားစုတွေက ဘယ်လို ယှဉ်နိုင်တော့မှာတဲ့လဲ။ ငွေအင်အားချင်း ယှဉ်မည်ဆိုပါ လျင် မည်သူက သူတို့ကို ယှဉ်နိုင်မည်နည်း။

ဈေးပြိုင်ခြင်းများ ရုတ်တရက် ရပ်တန့်သွားသောကြောင့် လင်းဖန်၏ မျက်နှာကလည်း နည်းနည်း ပျက်သွားလေတော့သည်။

All Chapters