← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) ဆေးပုလင်းထဲမှာ ကျန်သေးတာ ကျွန်တော် မြင်တယ်

သုန်ယွဲ့တော်ဝင်မိသားစုက ဈေးခေါ်လိုက်တဲ့အချိန်မှာပင် ဆုံးဖြတ်ချက်က အတည်ဖြစ်သွားသကဲ့သို့ ပင်။

ဤသည်က သူ၏ လေလံတူထက်ပင် ပို၍ အာနိသင်ရှိနေသေးသည်ပင်။

သို့ပေမဲ့ တစ်ဖက်လူက ပုံမှန်အတိုင်းပဲ ဈေးခေါ်ခဲ့တာဖြစ်ပြီး ဘာခြိမ်းခြောက်စကားမှလည်း ပြောခဲ့ ခြင်းမရှိချေ။ ထို့ကြောင့် လင်းဖန်အနေဖြင့်လည်း တစ်ဖက်လူကို အပြစ်ရှာစရာ မရှိချေ။

လူတစ်ယောက်ကို ဈေးမပြိုင်အောင် တားလို့မှ မရနိုင်ပေ။ အကယ်လို့ တစ်စုံတစ်ယောက်က နာကျည်း နေတယ်ဆိုလျင် ထိုသူက နောက်ခံမရှိသော အင်အားကြီးမိသားစုတွေသာ ဖြစ်ပေလိမ့်မည်။

အတော်ကြာအောင် စောင့်ကြည့်နေသော်လည်း မည်သူကမှ ဈေးထပ်မပြိုင်ကြတော့ပေ။ လင်းဖန် လည်း ရွေးချယ်စရာမရှိတော့သောကြောင့် လီစီစီကို အတည်ပြုချက်တူထုဖို့ အချက်ပြလိုက်ရလေ သည်။

နောက်ဆုံးမှာတော့ ပထမဆုံး ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး တစ်ပုလင်းကို အရှေ့ဘက် ဒေသ၏ တော်ဝင်မိသားစုကပဲ ရရှိသွားလေတော့သည်။

တကယ်တမ်းတွင်တော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုသည့် ဈေးနှုန်းက တော်တော် လေးကို မြင့်မားလှလေသည်။ ပုံမှန်လေလံပွဲများတွင် ဤမျှလောက် ဈေးမရတတ်ချေ။

ဘယ်လောက်ပဲ ချမ်းသာတဲ့ မိသားစုဖြစ်ပါစေ၊ အခုလို သုံးပစ်ရမယ့် ဆေးလုံးတွေအတွက် စိတ်ဝိညာဉ် ကျောက်တုံး သိန်းနဲ့ သန်းနဲ့ချီပြီးတော့ အကုန်ခံမည်တော့ မဟုတ်ပေ။ အဆုံးမှာတော့ သူတို့၌ ထောက်ပံ့ ပေးရမယ့် မိသားစုဝင်တွေ အများကြီး ရှိနေခြင်းကိုး။ ပိုက်ဆံသုံးရာမှာလည်း အကန့်အသတ်တော့ ရှိရ မည်ပင်။

သို့ပေမဲ့ လေလံပွဲအတွင်းမှာ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်တာမျိုး မရှိခဲ့၍လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ဆေးလုံး၏ တကယ့်တန်ဖိုးကို အတိအကျမသိသော လင်းဖန်ကတော့ သူ အလိမ်ခံလိုက် ရတယ်ဟု အမြဲ ခံစားနေမိ၏။

စိတ်သက်သာရာရစေရန်အတွက် လင်းဖန်က သူကိုယ်တိုင် တစ်လုံးစားထားသော ဆေးပုလင်းကိုပဲ တစ်ဖက်လူဆီ တိုက်ရိုက်ကမ်းပေးလိုက်လေတော့သည်။

ကျောက်ယွမ်က အမိန့်ကိုနာခံပြီး ဆေးလုံးယူဖို့ အထူးခန်းထဲက ဆင်းလာသောအခါ၌ ဆေးတစ်လုံး လျော့နေခဲ့သော ထိုဆေးပုလင်းကို ကြည့်ကာ သူ စကားပြောဖို့ တုံ့ဆိုင်းနေတော့သည်။ လင်းဖန်က တော့ ဘာမှမသိသလို ဘာကိုဆိုလိုမှန်း နားမလည်သည့်ပုံစံဖြင့် ခပ်အေးအေးပဲ နေနေခဲ့၏။

ရွေးချယ်စရာမရှိတော့ခြင်းကြောင့် ကျောက်ယွမ်လည်း ဆေးတစ်လုံးလျော့နေသော ဆေးပုလင်းကို သာယူ၍ အထူးခန်းထဲကိုပဲ ပြန်ဝင်သွားရလေတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော အပေါ်ထပ်မှ မိသားစုများက စိတ်ထဲကနေ ကြိတ်ပြီး တစ်မျိုးဖြစ် သွားကြလေသည်။ သူတို့တွေ ဈေးပြိုင်ဖို့သာ အာရုံစိုက်နေကြခြင်းကြောင့် လင်းဖန် ဆေးတစ်လုံး စားခဲ့သည်ကို မေ့နေကြခြင်းပင်။

တော်ဝင်မိသားစုက ပထမဆုံးတစ်ပုလင်းကို အလကားနီးပါး ရသွားခဲ့သည်ဟု သူတို့ ထင်နေခဲ့ကြ၏။ မထင်မှတ်ဘဲ တကယ်တမ်းမှာတော့ သူတို့က နစ်နာမှုလေး တစ်ခု ကြုံလိုက်ရသည်ပင်။ ဆိုင်ရှင်လင်း၏ စရိုက်အရဆိုလျင်... ဘယ်သူပဲ ဈေးနိုင်နိုင် အဲဒီတစ်လုံးကိုတော့ ရမှာမဟုတ်ဘူးဆိုသည်က ရှင်းနေ သည်ပင်။

လင်းဖန်ရဲ့ နောက်ထပ်စကားများက သူတို့၏ အတွေးကို အတည်ပြုပေးလိုက်နိုင်၏။

"ဟူး... ခုနက ဆေးပုလင်းထဲမှာ ဆေးကိုးလုံးပဲ ရှိတာကိုတောင် အားလုံးက ဒီလောက် ပြင်းပြင်းထန်ထန် လုနေကြတာပဲ…။"

"ဒီနောက်ထပ် တစ်ပုလင်းမှာတော့ ဆေးဆယ်လုံး အပြည့်ပါ ပါတယ်။ ဘယ်သူကများ ရသွားမလဲဆို တာ ကျွန်တော် သိချင်မိသား….။"

"ဆေးဆယ်လုံးပါတဲ့ တစ်ပုလင်း၊ အဖွင့်ဈေးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပါ။ ကဲ... ဈေးပြိုင်နိုင်ပါပြီ…။"

ခုနက ကျောက်ယွမ်တို့အုပ်စု ဈေးပြိုင်သွားတာက လင်းဖန်အတွက် သတိပေးချက်တစ်ခု ဖြစ်သွား ခဲ့လေသည်။

*အဖွင့်ဈေးမရှိတဲ့ လေလံပွဲက အရမ်းကို အန္တရာယ်များလွန်းသည်ကိုး။ ကံကောင်းလို့ တော်ဝင် မိသား စုက တစ်သိန်းပေးခဲ့လို့သာပေါ့။ တကယ်လို့ တစ်ဖက်လူက ငါးသောင်းပဲ ပေးခဲ့ရင် ဘယ်သူကမှ သူနဲ့ ယှဉ်ရဲမှာ မဟုတ်ဘူး။ အဲဒါဆိုရင် ငါ ငါးသောင်းပဲ ရတော့မှာ မဟုတ်လား…။*

ထို့ကြောင့် လင်းဖန်က ဒီတစ်ခါမှာတော့ သင်ခန်းစာယူလိုက်လေသည်။ အဖွင့်ဈေးကို ချက်ချင်း တစ်သိန်းအထိ မြှင့်လိုက်ပါတော့သည်။ အဖွင့်ဈေးနဲ့ပဲ ရောင်းရလျင်တောင် လင်းဖန်က ကျေနပ်နေ မှာအမှန်ပင်။

လင်းဖန် အဖွင့်ဈေး ကြေညာလိုက်သည်ကို ကြားလိုက်ရသောအခါ လူတိုင်းက သူ့ရဲ့ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားပြီး ဆွံ့အသွားကြ၏။ အဲဒီနောက်မှာတော့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင် ကြပြီး။ နောက်ဆုံးမှာတော့ ကျောက်မိသားစုရဲ့ ခေါင်းဆောင် ကျောက်ကျန့်ဝေက တစ်သိန်းခွဲနဲ့ ရရှိသွားလေတော့သည်။

ဆေးလုံးမရလိုက်သော မိသားစုများဆီက သက်ပြင်းချသံများကို ကြားလိုက်ရသောအခါ လင်းဖန်က သူတို့အတွက် သတင်းကောင်းတစ်ခု ထပ်ပြောပြလိုက်လေသည်။

"မရလိုက်လို့ စိတ်မပျက်ကြပါနဲ့ဦး။ နောင်မှာလည်း ဒီကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးတွေ ထပ်ရှိလာဦးမှာပါ…။"

"ဒီနေ့ကစပြီး ကျွန်တော့်ဆိုင်က ထဲကျူးက ဒီလေလံရုံကို တာဝန်ယူသွားမှာဖြစ်ပြီး သူကပဲ ဒီဆေးလုံး တွေရဲ့ လေလံပွဲကို စီစဉ်သွားမှာပါ…။"

လင်းဖန်၏ စကားက ထဲကျူးကို ရှေ့တန်းတင်ပေးလိုက်ခြင်းဖြစ်ပြီး အရှေ့ဘက်ဒေသမှာ ထဲကျူး စီးပွားရေးလုပ်နိုင်ဖို့ အုတ်မြစ်ချပေးလိုက်ခြင်းလည်းဖြစ်ပေသည်။

အခုဆိုလျင် လေလံပွဲက အဆုံးသတ်ကို ရောက်ရှိလာပြီဖြစ်၏။ လင်းဖန်က သူ၏ စနစ်သိုလှောင်ခန်း ထဲမှ နောက်ဆုံးပစ္စည်းဖြစ်သော ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ထုတ်ယူလိုက်လေ၏။ လူအုပ်ကြီး၏ စပ်စုနေသော အကြည့်များကြား၌ လင်းဖန်က စတင် ရှင်းပြလိုက်လေသည်။

"ဒီဆေးပုလင်းထဲမှာကတော့ ဒီနေ့လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းဖြစ်တဲ့ ပြန်လည်ရှင်သန်ခြင်းဆေးလုံး ရှိပါတယ်။ ဒီဆေးလုံးရဲ့ အာနိသင်ကိုတော့ ကျွန်တော် ထပ်ပြီး ရှင်းပြနေစရာ မလိုတော့ဘူး ထင်ပါ တယ်…။"

လေလံပွဲမစခင်ကတည်းက လူပြောအများဆုံး အကြောင်းအရာကတော့ ကျင့်ကြံမှုအရည်အချင်းကို မြှင့်တင်ပေးနိုင်တဲ့ ပြန်လည်ရှင်သန်ခြင်းဆေးလုံးအကြောင်းပါပဲ။

သူတို့အများစုသည် ထိူဆေးလုံးကြောင့်ပဲ လာခဲ့ကြခြင်းပင်ဖြစ်၏။ သို့ပေမဲ့ လေလံပွဲအရှိန် တက်လာ သည်နှင့်အမျှ တခြားထူးဆန်းသော ပစ္စည်းများက ပြန်လည်ရှင်သန်ခြင်းဆေးလုံး၏ ဂုဏ်သတင်းကို လွှမ်းမိုးသွားခြင်းပင်ဖြစ်၏။

ထို့ကြောင့် နောက်ထပ် လေလံတင်မယ့် ပစ္စည်းက ပြန်လည်ရှင်သန်ခြင်းဆေးလုံးလို့ ကြားလိုက်ရသော အခါ လူအုပ်ကြီးဆီကနေ ထူးထူးခြားခြား စိတ်လှုပ်ရှားမှုမျို တွေ့ရခြင်းမရှိတော့ချေ။ ထို့ပြင် မဟာ ယာနအဆင့် သို့မဟုတ် အတိဒုက္ခအဆင့် ကျင့်ကြံသူကြီးတွေအတွက်ဆိုလျင် ကြီးမြတ်သော ပြန်လည် ကုသခြင်းဆေးလုံးက ဤဆေးလုံးထက် ပိုပြီး ဆွဲဆောင်မှု ရှိနေခြင်းကြောင့်ဖြစ်၏။

မဟာယာနအဆင့်ကို ရောက်နိုင်တဲ့သူတွေဟာ ယေဘုယျအားဖြင့် အရည်အချင်း ကောင်းကြသူများပင်။ ထိုသူတို့၏ ကျင့်ကြံမှုအဆင့်မှာတော့ ပြန်လည်ရှင်သန်ခြင်းဆေးလုံး၏ အာနိသင်က သိပ်ပြီး မသိသာ တော့ချေ။

စင်အောက်မှ လေလွင့်ကျင့်ကြံသူများကလည်း မိသားစုများ၏ ကြွယ်ဝမှုကို မြင်ပြီးသွားသောကြောင့် သူတို့မှာ ထိုဆေးလုံးကို လေလံဆွဲနိုင်သော အရည်အချင်း မရှိဘူးဟုလည်း ယူဆသွားကြလေသည်။

*ကိုယ်မှ မရနိုင်တာ၊ ဘာလို့ စိတ်လှုပ်ရှားနေရမှာလဲ…။*

အားလုံးရဲ့ တုံ့ပြန်မှုကို မြင်တော့ လင်းဖန် စိတ်ထဲ၌ ထိတ်ခနဲ ဖြစ်သွားလေ၏။

*သွားပြီ... ဒီပြန်လည်ရှင်သန်ခြင်းဆေးလုံးက လေလံပွဲမှာ ဈေးကောင်းရမှာ မဟုတ်တော့ဘူး။ အခြေ အနေက ဒီလိုဖြစ်နေမှတော့ အဖွင့်ဈေးကိုပဲ မြင့်မြင့်သတ်မှတ်လိုက်တော့မယ်…။*

လင်းဖန်က ဆေးပုလင်းကို လီစီစီကိုပြခိုင်းပြီးနောက် ကြေငြာလိုက်လေသည်။

"ပြန်လည်ရှင်သန်ခြင်းဆေးလုံး တစ်လုံး၊ အဖွင့်ဈေး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း ပါ။ ကဲ... ဈေးပြိုင်နိုင်ပါပြီ…။"

ထိုဈေးနှုန်းသည် အရင်က လျူမိသားစု၊ ကျောက်မိသားစုနဲ့ လီမိသားစုတွေကို ရောင်းခဲ့သော ဈေးနှုန်း ထက်စာလျင် တော်တော်လေး မြင့်မားနေပြီပင်။ ထို့ပြင် ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး၏ ဈေးနှုန်းနှင့်လည်း အတူတူလောက်ရှိနေ၏။

"တစ်သောင်းတစ်ထောင်…။"

"တစ်သောင်းနှစ်ထောင်…။"

"တစ်သောင်းသုံးထောင်...။"

နောက်ဆုံးမှာတော့ ပထမဆုံး ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို နှစ်သောင်းနဲ့ ရောင်းချလိုက်ရလေ၏။ လင်းဖန် မျှော်လင့်ထားသလောက် မဟုတ်သော်လည်း လက်ခံနိုင်စရာ ဈေးနှုန်းပင်ဖြစ်၏။

ထို့နောက်မှာတော့ လင်းဖန်က နောက်ထပ် ပြန်လည်ရှင်သန်ခြင်းဆေးလုံး လေးလုံးကို ထပ်ထုတ်လိုက် ပြန်၏။ ကြိုတင်ညှိနှိုင်းထားသလိုပဲ တစ်လုံးချင်းစီရဲ့ ဈေးနှုန်းက နှစ်သောင်းမှာတင် ရပ်တန့်သွားပြန် တော့သည်။

ပြန်လည်ရှင်သန်ခြင်းဆေးလုံး ငါးလုံးမှ လင်းဖန်ကို နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း ရရှိစေခဲ့လေသည်။

ငါးလုံးမြောက် ရောင်းပြီးသွားတဲ့အချိန်ထိပင် မိသားစုတော်တော်များများက လင်းဖန်ကို မျှော်လင့် တကြီး ကြည့်နေကြဆဲဖြစ်၏။ သူတို့က နောက်ထပ်တစ်လုံးကို ဆက်ပြီး လေလံတင်ပေးဖို့ စောင့်နေ ကြပုံရလေသည်။

"ကဲ... ဒါနဲ့ပဲ ဒီနေ့ရဲ့ လေလံပွဲကို အဆုံးသတ်လိုက်ပါပြီ။ လာရောက်ကြတဲ့သူ အားလုံးကို ကျေးဇူးတင် ပါတယ်…။"

လင်းဖန်ရဲ့ နိဂုံးချုပ်စကားကို ကြားတော့ ဈေးပြိုင်ခွင့် မရလိုက်တဲ့ မိသားစုတွေက စိုးရိမ်တကြီးနဲ့ ပြောလာကြလေသည်။

"ဟာ... ဆိုင်ရှင်လင်း၊ ဆက်ပြီး လေလံမတင်တော့ဘူးလား။ ဆေးပုလင်းထဲမှာ ကျန်သေးတာ ကျွန်တော် မြင်တယ်နော်…။"

"ဟုတ်ပါ့၊ ကျွန်တော်တို့တောင် ဈေးမပြိုင်ရသေးဘူး၊ ဘာလို့ ရပ်လိုက်တာလဲ…။"

*ဘာလို့ ရပ်လိုက်တာလဲ ဟုတ်လား။ သိသာတာပေါ့… ပြိုင်ဆိုင်မှုက မပြင်းထန်ဘူးလို့ ခံစားမိလို့ပေါ့...။*

ယနေ့ လေလံပွဲသည် ပစ္စည်းကောင်းတွေ အရမ်းများနေခြင်းကြောင့် ဤဆေးလုံးသည် သိပ်ပြီး အဖိုး မတန်တော့ဘူးဟု သူတို့ ထင်သွားပုံရလေသည် ဆိုခြင်းကို လင်းဖန် သတိပြုမိလိုက်လေသည်။ ထို့ကြောင့် ဈေးပြိုင်တဲ့နေရာမှာ အရင်ကလို ဇွဲနပဲ မရှိကြတော့ခြင်းပင်။

ဒါကို ပြန်လည်ရှင်သန်ခြင်းဆေးလုံး လေလံဆွဲတာမှာတင် သိနိုင်ပေသည်။ တစ်လုံးကို နှစ်သောင်း ရောက်တာနဲ့ ဘယ်သူမှ ထပ်မတိုးကြတော့ပေ။ ပြီးတော့ ကြိုတင်ညှိနှိုင်းထားသလိုပဲ ဒီဆေးလုံးငါးလုံး ကို အင်အားစု ငါးခုက တစ်လုံးစီ ခွဲယူသွားကြခြင်းပင်။

သူတို့အုပ်စုတွေမှာ တစ်လုံးတည်းပဲ လိုအပ်တာဆိုသည်ကို လင်းဖန် လုံးဝ မယုံပေ။ ဒါက လူ့သဘာဝပါ ပဲ၊ အလွယ်တကူ ရနိုင်တဲ့အရာကို အဖိုးမထားတတ်ကြတာမျိုးပေါ့။

ထို့ကြောင့် လင်းဖန်က ထိုဆေးလုံးကို ခဏလောက် ရပ်နားထားဖို့ ဆုံးဖြတ်လိုက်ဖြင်းဖြစ်၏။

*လေလံပွဲ တစ်ခုမှာ တစ်လုံးတည်းပဲ တင်ပေးတော့မယ်၊ သူတို့ ဘယ်လို လုကြမလဲဆိုတာ ကြည့်ရ သေးတာပေါ့…။*

"ကဲ... အားလုံးပဲ၊ ပြန်လည်ရှင်သန်ခြင်းဆေးလုံး ငါးလုံးအထိ ရောင်းပေးခဲ့တာကတောင် ဒါဟာ ဟင်းလင်းပြင် လေလံရုံရဲ့ ပထမဆုံး လေလံပွဲဖြစ်နေလို့ပါ….။"

"ဒီဆေးလုံးကို သန့်စင်ရတာ ဘယ်လောက်ခက်ခဲတယ်၊ ကုန်ကြမ်းတွေက ဘယ်လောက်ရှားပါးတယ်၊ ပြီးတော့ လူ ဘယ်လောက်များများက လိုချင်နေကြတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး….။"

"ကျန်တဲ့ ဆေးလုံးတွေကတော့ ကျုံးကျိုးက ဖောက်သည်တွေက မြင့်မားတဲ့ဈေးနှုန်းတွေနဲ့ ကြိုတင် မှာယူထားပြီးသားတွေပါ…။"

"ဒါပေမဲ့ စိတ်မပူကြပါနဲ့။ တကယ်လို့ နောင်မှာ ကျွန်တော် ကံကောင်းလို့ ကုန်ကြမ်းတွေ ထပ်စုမိလို့..."

"နောက်ထပ် တစ်လုံးစနှစ်လုံးစလောက် ထပ်ဖော်စပ်ဖြစ်ရင်တော့ ဆက်ပြီး လေလံတင်ပေးသွားမှာပါ။ အဲဒီအချိန်ကျရင်တော့ ဘယ်သူကများ ရအောင်လုနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့…။"

All Chapters