အခန်း ၁၇၁
Vol. 18 Ch. 171
အခန်း (၁၇၁) လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ အစွဲအလမ်းဆိုတာ တောင်ကြီးတစ်လုံးလိုပဲ...
"ဘာလို့လဲဆိုတော့ ဒီကျုံးကျိုးတိုက်ကြီးထဲမှာ ငါကာကွယ်ရမယ့်အရာတွေ ရှိနေလို့ပဲ။ အဲဒါတွေက ငါဒီကို ရွှေ့ပြောင်းလာခဲ့တဲ့ ဂိုဏ်းဌာနချုပ်တွေပဲ…။"
"တကယ်လို့ ရွှမ်းမင်ဂိုဏ်းက ငါ့ကို ဘာမှမတတ်နိုင်မှန်း သိသွားပြီး ငါ့ရဲ့ အခြေစိုက်စခန်းတွေကို လှည့် ပြီး ဖျက်ဆီးမယ်ဆိုရင် ငါ ခုခံနိုင်မှာမဟုတ်ဘူး…။"
လင်းဖန်၏ ငြင်းဆိုမှုကြောင့် လီချန်းချင်းနှင့် အခြားသူများမှာ စိတ်ပျက်သွားသည့်ပုံ ပေါက်သွားကြ လေ သည်။ သို့သော် လီချန်းချင်းက ချက်ချင်းဆိုသလို စိတ်ကူးတစ်ခု ရသွားခဲ့လေသည်။
"ညီငယ်လင်း...၊ ငါ့မှာ အကြံတစ်ခုရှိတယ်၊ ဒါပေမဲ့ ဖြစ်နိုင်မလားတော့ မသိဘူး…။"
"မင်းက ဂိုဏ်းဌာနချုပ်တွေကို ရွှေ့ပြောင်းနိုင်တယ်ဆိုမှတော့ အဲဒီဂိုဏ်းဌာနချုပ် သုံးခုလုံးကို ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီ ဘာလို့ မရွှေ့တာလဲ…။"
"အဲဒါဆိုရင် ရွှမ်းမင်ဂိုဏ်းက လာတိုက်ခိုက်တဲ့အခါ မင်းရဲ့ဂိုဏ်းအစောင့်အရှောက် အစီအရင်က ငါတို့နှစ်ဖက်လုံးကို တိုက်ရိုက် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလား…။"
လီချန်းချင်း၏ အကြံဉာဏ်ကို ကြားလိုက်ရသည့်အခါ လင်းဖန် အလွန်ဝမ်းသာသွားခဲ့သည်။ ဤသည်က သူကြားချင်နေသည့် ရလဒ်ပင် ဖြစ်သည်။
ဂိုဏ်းသုံးဂိုဏ်းကို အင်မော်တယ်တိမ်တိုက်ဂိုဏ်း အနီးတွင် ချထားခဲ့ခြင်းမှာ နောင်တစ်ချိန်တွင် ၎င်းတို့ ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိခြင်းကြောင့်ဖြစ်လေသည်။ သို့သော် ထိုဂိုဏ်းသုံးဂိုဏ်းကို ပေါင်းလိုက် လျှင်ပင် ၎င်းတို့၏ အတိုင်းအတာမှာ သေးငယ်နေသေးသည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို သိမ်းပိုက်ရန် ကြိုးစားခြင်းမှာ မြွေဟောက်တစ်ကောင်က ဆင်ကို မျိုဖို့ ကြိုးစားနေသကဲ့သို့ပင်။
သို့သော် အကယ်၍ ချဉ်းကပ်ပုံပြောင်းပြီး ထိုဂိုဏ်းသုံးဂိုဏ်းကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွင်းသို့ ပေါင်းစည်းစေလိုက်မည်ဆိုလျှင်...
ထိုနည်းဖြင့် တစ်ဖက်လူ၏ အင်အားကို အတွင်းပိုင်းမှနေ၍ တဖြည်းဖြည်းချင်း ဝါးမြိုသွားနိုင်ပေသည်။ ထိုအချိန်ကျလျှင် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွင်းမှ တပည့်များကို ရတနာမျိုးစုံနှင့်အတူ အင်မော်တယ်တိမ်တိုက်ဂိုဏ်းထဲတွင် လှည့်လည်သွားလာခိုင်းရုံပင်။
လင်းဖန် ယုံကြည်ချက်မရှိသည်တစ်ခုကတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ တပည့်များက အားကျ စိတ်ပေါက်လာမည် မဟုတ်နိုင်ခြင်းပင်။
လင်းဖန်သည် စဉ်းစားဟန်ဆောင်ပြီးနောက် လီချန်းချင်းကို ပြန်လည်ဖြေကြားလိုက်သည်။
"ဂိုဏ်းချုပ်လီ ပြောတဲ့နည်းလမ်းက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နဝမအဆင့် ဂိုဏ်းတွေကြားက စစ်ပွဲက အချိန်တိုအတွင်းမှာ ပြီးဆုံးမှာ မဟုတ်ဘူး…။"
"အဲဒီလိုဆိုရင် ကျွန်တော်တို့က ခင်ဗျားတို့ဆီမှာ အချိန်အကြာကြီး နေရမှာပေါ့။ အဲဒါကတော့ ကျွန်တော် နည်းနည်း...။"
လင်းဖန် စကားမဆုံးခင်မှာပင် လီချန်းချင်းက ဆက်ပြောလိုက်လေသည်။
"ညီငယ်လင်း... မင်း အခြေချဖို့ ရွေးထားတဲ့ နေရာကိုလည်း ငါကြည့်ပြီးပြီ။ အဲဒီမှာ ဝိညာဉ်စွမ်းအင်က မရှိသလောက်ပဲ။ အဲဒါက ဂိုဏ်းဌာနချုပ်တစ်ခုအတွက် ပထမဦးစားပေးနေရာ မဟုတ်ပါဘူး…။"
"ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ကြည့်လိုက်စမ်းပါ၊ ထိပ်တန်းဝိညာဉ်ကြောပေါ်မှာ တည်ရှိတာဆို တော့ ပတ်ဝန်းကျင်က အများကြီး ပိုမကောင်းဘူးလား…။ ညီငယ်လင်းက ငါ့ရဲ့ အင်မော်တယ်တိမ်တိုက် ဂိုဏ်းကို အများကြီး ကူညီပေးခဲ့တာဆိုတော့ ငါလည်း ကျေးဇူးဆပ်သင့်ပါတယ်…။"
"နောက်ပြီးတော့ မင်းရဲ့ ဂိုဏ်းသုံးဂိုဏ်းစလုံးဟာ ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တပည့်တွေ တည်ထောင်ခဲ့တာဆိုတော့ ငါတို့အားလုံးကို မိသားစုလို့ သတ်မှတ်လို့ရပါတယ်။ မိသားစုတွေ ဖြစ်နေ မှတော့ ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပိုင်နက်ထဲက မြေနေရာတစ်ခုကို ဖယ်ပေးပြီး ညီငယ်လင်းကို ပေးပါ့မယ်။ မင်း ဘယ်လိုထင်ပါသလဲ…။"
လီချန်းချင်း၏ စကားကို ကြားလိုက်ရသောအခါ လင်းဖန်ပင် မယုံနိုင်အောင် ဖြစ်သွားရလေသည်။
*ဂိုဏ်းပိုင်နက်ကို ဒီအတိုင်း ဖဲ့ပေးလိုက်တယ်တဲ့လား…။*
လင်းဖန် မသိသည်မှာ လီချန်းချင်းတွင်လည်း သူနှင့် ဆင်တူသော အတွေးများ ရှိနေခြင်းပင်။ လင်းဖန်က အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို သိမ်းပိုက်ရန် ကြံစည်နေသကဲ့သို့ လီချန်းချင်းကလည်း လင်းဖန်ကို သူ့လူအဖြစ် လုံးလုံးလျားလျား သွေးဆောင်ရန် ကြံစည်နေခြင်းဖြစ်ပေသည်။
လျူအန်းရှန်းထံမှ သိရသည့် ကောင်းကင်ဘုံသဖွယ် နယ်မြေများအကြောင်း သို့မဟုတ် သူတို့ ကြုံတွေ့ခဲ့ ရသည့် ရတနာမျိုးစုံကြောင့် ဖြစ်စေ၊ လင်းဖန်၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း လီချန်းချင်း သဘောပေါက်သွားခဲ့သည်။
သို့သော် လင်းဖန်သည် လောလောဆယ်တွင် လျူအန်းရှန်းတို့နှင့်သာ ရင်းနှီးပြီး သူတို့၏ အင်မော်တယ် တိမ်တိုက်ဂိုဏ်းနှင့်တော့ နီးနီးကပ်ကပ် မရှိသေးချေ။
*တကယ်လို့များ ဒီအခွင့်ကောင်းကိုအရယူပြီး လင်းဖန်နဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို တစ်သား တည်း ဖြစ်အောင် နှောင်ကြိုးဖွဲ့နိုင်လျှင်...။*
*အဲဒီကောင်းကင်ဘုံသဖွယ်မြင့်မြတ်နယ်မြေတွေ၊ အစောင့်အရှောက် အစီအရင်တွေနဲ့ အစွမ်းထက် လှတဲ့ ဆေးလုံးတွေ၊ မှော်ရတနာတွေက ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွက် ဖြစ်မလာနိုင်ဘူး လား…။*
*ဒီအခွင့်အရေးကို သုံးပြီး ငါတို့ဂိုဏ်းကို ပဉ္စမမြောက် မြင့်မြတ်နယ်မြေအဖြစ် တိုးမြှင့်နိုင်ကောင်း တိုးမြှင့်နိုင်လိမ့်မယ်…။*
"ဂိုဏ်းချုပ်လီက ဒီလောက်တောင် ပြောနေမှတော့ ကျွန်တော်လည်း ထပ်ပြီး မငြင်းတော့ပါဘူး။ ဂိုဏ်းချုပ်လီရဲ့ ဆန္ဒအတိုင်းပဲ လုပ်ကြတာပေါ့…။"
ထို့ကြောင့် ကိုယ်စီ အတွေးကိုယ်စီနှင့် လူနှစ်ယောက်မှာ သဘောတူညီမှု ရသွားခဲ့ကြလေ၏။
လီချန်းချင်းသည် အချိန်မဆွဲဘဲ အကြီးအကဲအချို့ကို ခေါ်ကာ လင်းဖန်အတွက် အင်မော်တယ်တိမ်တိုက် ဂိုဏ်းအတွင်း သင့်တော်သည့် နေရာကို လိုက်လံရှာဖွေပေးလေသည်။
လင်းဖန်သည် ခန်းမထဲတွင် ကြာကြာမနေဘဲ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲသို့ တိုက်ရိုက် ပြန်ဝင် သွားခဲ့လေသည်။ နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် စနစ်၏ အသိပေးချက် အသံ ထွက်ပေါ်လာ၏။
[ကျွန်တော့်ရဲ့ အလေးစားရဆုံး ပိုင်ရှင်ကြီးခင်ဗျာ...၊ ဒီ 'စားဖားလေး' က နှုတ်ဆက်လိုက်ပါတယ်။]
[ပိုင်ရှင်ကြီးခင်ဗျာ... အရှင်ရဲ့ ကျင့်ကြံမှုကို အတိဒုက္ခအဆင့်အထိ အခုချက်ချင်း မြှင့်တင်ချင်ပါသ လား…။]
စနစ်၏ ရိုသေကိုင်းရှိုင်းလှသော လေသံကို ကြားလိုက်ရသောအခါ လင်းဖန်မှာ ကျေနပ်သွားရသည်။
"ဟဲဟဲ... မင်းကတော့ တကယ့် အရေခြုံကောင်ပဲ။ ငါ့ကို ခြိမ်းခြောက်တာတွေ မလုပ်တော့ဘူးလား။ ငါ့ကို အကြွေးတွေနဲ့ သေအောင် သတ်မယ်ဆိုတာတွေကော၊ အာကာသထဲက ဂဏန်းတွေလောက် များပြားတဲ့ အကြွေးတွေ တင်အောင် လုပ်မယ်ဆိုတာကော။"
"ကဲ...၊ အခု ငါ့မှာ ရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရေတွက်ကြည့်ပါဦး။ အဲဒါတွေကို အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံးတွေအဖြစ် ပြောင်းလိုက်ရင် အာကာသထဲက ဂဏန်းတွေထက်တောင် ပိုများ နေမှာ မဟုတ်ဘူးလား….။"
[အို... ပိုင်ရှင်ကြီးရယ်၊ ငါက စနောက်လိုက်တာကို ပိုင်ရှင်က အတည်ယူနေတာပါလား…။]
[ဝါး... ပိုင်ရှင်ကြီးက တကယ့်ကို သူဌေးကြီးပဲ…။ အဲဒါက အလယ်အလတ်စား စိတ်ဝိညာဉ်ကျောက်တုံး တွေနဲ့တောင် မရေတွက်နိုင်တဲ့ ပမာဏပါပဲ။ အကယ်၍ အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံးတွေအဖြစ် ပြောင်းလိုက်ရင်တော့ တောင်ပုံရာပုံ ဖြစ်နေမယ့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါ မြင်ယောင် ...။]
"တော်တော့... အဲဒီလို မပြောနဲ့။ လူတွေရဲ့ စိတ်ထဲမှာရှိတဲ့ အစွဲအလမ်းဆိုတာ တောင်ကြီးတစ်လုံးလိုပဲ။ မင်း ဘာပြောပြော ငါကတော့ မယုံဘူး…။"
[ဟမ်… ပိုင်ရှင်ကြီး... ငါ့ အထင်မလွဲပါနဲ့ဦး။ ငါ ပြောတာက စိတ်ဝိညာဉ်ကျောက်တုံး တွေရဲ့ ဝိညာဉ် စွမ်းအင်ကို ပြောတာပါ။ ဝိညာဉ်ကြောတွေထဲမှာပဲ အဲဒီလောက် များပြားတဲ့ စိတ်ဝိညာဉ် ကျောက်တုံး တွေကို ငါ မြင်ဖူးတာလေ။]
"အော်... ဟုတ်လို့လား။ တစ်စက်ကလေးမှကို မယုံဘူး…။"
[ပိုင်ရှင်ကြီး... စကားလမ်းကြောင်း မလွှဲပါနဲ့ဦး။ အဆင့်မြှင့်ချင်သလား….၊ အတိဒုက္ခအဆင့်အထိ မြှင့် လိုက်ရင် ပိုင်ရှင်က တကယ့်ကို ပြိုင်ဘက်ကင်း ဖြစ်သွားမှာနော်။]
စနစ်က အဆင့်မြှင့်ရန် ထပ်မံမေးမြန်းလာသောအခါ လင်းဖန်လည်း ဆက်၍ စနောက်မနေတော့ပေ။
"မြှင့်မယ်...၊ ငါ့ကို အတိဒုက္ခအဆင့်အထိ မြှင့်ပေးလိုက်တော့။"
[ကောင်းပါပြီပိုင်ရှင်…။]
[အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၂) သန်း အသုံးပြုပြီး မဟာယာနအဆင့် အလယ်ပိုင်းသို့ မြှင့်တင် လိုက်ပါပြီ။]
[အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၃) သန်း အသုံးပြုပြီး မဟာယာနအဆင့် နှောင်းပိုင်းသို့ မြှင့်တင် လိုက်ပါပြီ။]
[အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၄) သန်း အသုံးပြုပြီး အတိဒုက္ခအဆင့်သို့ မြှင့်တင်လိုက်ပါပြီ။]
[ဂုဏ်ယူပါတယ် ပိုင်ရှင်ကြီး...၊ ပိုင်ရှင်က အတိဒုက္ခအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး လုပ်ဆောင်ချက် အသစ်တွေကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ…။]
စနစ်၏ အသိပေးချက်နှင့်အတူ သူ၏ ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ ပြောင်းလဲသွားသည်ကို ခံစား လိုက်ရသဖြင့် လင်းဖန် အလွန် စိတ်လှုပ်ရှားသွားခဲ့လေသည်။
"ဟားဟားဟား...၊ ဘယ်သူ ရှိသေးလဲ ငါက အတိဒုက္ခအဆင့်ကို ရောက်သွားပြီ၊ ဘယ်သူက ငါ့ကို ရန်သူ လုပ်ရဲဦးမှာလဲ။ ဒီနေ့ကစပြီး ငါက ပြိုင်ဘက်ကင်းပဲလို့ ကြေညာလိုက်တယ်…။"
"ဟေ့...၊ ငတုံးလေး၊ ငါက ပြိုင်ဘက်ကင်းတယ်လို့ ပြောတာကို မင်း ငြင်းဦးမှာလား…။"
[အင်း... အဆင်ပြေပါတယ်၊ ဘာမှ ထူးခြားတာ မရှိပါဘူး…။]
"ဟမ်…၊ အဲဒါ ဘယ်လို လေသံလဲ…။ ခဏလောက်တောင် မဟန်ဆောင်ပေးနိုင်ဘူးလား။ မင်းကတော့ ပြောင်းလဲတာ မြန်လွန်းတယ်…။"
[အော်…။]
"အေးပါ... မင်းက တကယ့်ကို လက်တွေ့ဆန်လွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ငါက အတိဒုက္ခအဆင့်မှာ ပြိုင်ဘက်ကင်းနေပြီပဲ။ နောက်တစ်ဆင့်အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ စုမိပြီဆိုရင်တော့ မင်းကို ခဏလောက် ပစ်ထားဦးမယ်….။"
[အော်... ဒါဆိုရင်လည်း ပိုင်ရှင်ကြီး ဆက်ပြီး စုနေလိုက်ပါဦး….။ ကံကောင်းပါစေပိုင်ရှင်…။]
စနစ်၏ ဝတ်ကျေတန်းကျေ ပြန်ဖြေမှုကို ကြားလိုက်ရသဖြင့် လင်းဖန် နှာခေါင်းရှုံ့လိုက်ပြီး နောက်တစ် ဆင့်အတွက် လိုအပ်သည့် စိတ်ဝိညာဉ်ကျောက်တုံးများကို စစ်ဆေးလိုက်လေသည်။
"ဟင်...၊ နောက်တစ်ခါ မြှင့်ဖို့အတွက် ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးတွေ လိုတာလား….၊ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းပဲ လိုတာလား…။"
စနစ်၏ အချက်အလက်ကို မြင်လိုက်ရသောအခါ လင်းဖန် အံ့အားသင့်သွားပြီး အသံထွက်ကာ အော် လိုက်မိလေသည်။
[ပိုင်ရှင်ကြီး... သေချာ ပြန်ကြည့်ပါဦး….။]
စနစ်၏ ရုတ်တရက် အသိပေးချက်ကြောင့် လင်းဖန် စိတ်ထဲ မကောင်းသော ခံစားချက်တစ်ခု ဝင်လာ ခဲ့သည်။ သူသည် အချက်အလက်များကို ပို၍ သေချာစွာ စစ်ဆေးလိုက်လေသည်။
[ပိုင်ရှင် လင်းဖန် - ပထမအဆင့် အတိဒုက္ခနယ်ပယ်။]
[အဆင့်မြှင့်တင်ရန် တိုးတက်မှု - (၀/၁ ထိပ်တန်း ဝိညာဉ်ကြော)]
"ထိပ်တန်း ဝိညာဉ်ကြောတစ်ခုလား…။"
"ဟေ့... မင်းရဲ့ ဒီပြကွက်မှာ စာလုံးပေါင်းမှားနေတာ မဟုတ်ဘူးလား…။ အဲဒါ စိတ်ဝိညာဉ်ကျောက်တုံး ဖြစ်ရမှာ မဟုတ်ဘူးလား။ ဝိညာဉ်ကြောဆိုတာက ဘာကြီးလဲ….။"
'ထိပ်တန်း ဝိညာဉ်ကြော' ဆိုသည့် စာလုံးကို ကြည့်ရင်း လင်းဖန်မှာ မျက်လုံးကို မဖွင့်ရဲဘဲ အိပ်မက်ဖြစ် ပါစေဟုသာ ဆုတောင်းနေမိခဲ့လေသည်။ သို့သော် စနစ်၏ အေးစက်လှသော စကားသံက သူ့ကို လက် တွေ့ဆီသို့ ပြန်ခေါ်ဆောင်လာခဲ့သည်။
[ဟုတ်ပါတယ်၊ ဒုတိယအဆင့် အတိဒုက္ခနယ်ပယ်ကို တက်လှမ်းဖို့အတွက် ထိပ်တန်း ဝိညာဉ်ကြော တစ်ခုကို ဝယ်ယူရမှာ ဖြစ်ပါတယ်ပိုင်ရှင်…။]
စနစ်၏ စကားကို ကြားလိုက်ရသောအခါ လင်းဖန် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်တော့ သည်။
"ထိပ်တန်း ဝိညာဉ်ကြောတစ်ခုတဲ့လား….။ မင်းကတော့ ဓားပြတိုက်နေတာပဲ…။"
[ဟင်….။ ငါက ဘာလို့ ဓားပြတိုက်ရမှာလဲ….။ ပိုက်ဆံသွင်းတာက ငါ မဟုတ်ဘူးလေ။ အကယ်၍ ဓားပြတိုက်ချင်တယ်ဆိုရင်တော့ ပိုင်ရှင်ကြီး ကိုယ်တိုင်ပဲ သွားတိုက်လိုက်ပါ…။]
"မင်း... မင်း..."
"ကောင်းပြီ... အေးလေ၊ ငါကိုယ်တိုင်ပဲ သွားတိုက်ရမှာပေါ့။ စီးပွားရေးလုပ်တာထက် ဓားပြတိုက်တာက ပိုက်ဆံပိုရတာ မြန်တယ်လို့ ငါ အရင်ကတည်းက ပြောဖူးသားပဲ…။"
"မင်းတောင်မှ ငါ့ကို စိတ်ထားကျဉ်းမြောင်းတယ်ဆိုပြီး ငြင်းခဲ့သေးတယ် မဟုတ်လား….။ အခုတော့ မင်းကိုယ်တိုင်ပဲ ငါ့ကို ဓားပြတိုက်ဖို့ လှုံ့ဆော်နေတာ မဟုတ်ဘူးလား….။"
[ဘယ်သူက လှုံ့ဆော်လို့ပါလဲ….။ ပိုင်ရှင်ကြီး ကိုယ်တိုင်ပဲ ပြောတာလေ မဟုတ်ဘူးလား….။]