အခန်း ၁၇၂
Vol. 18 Ch. 172
အခန်း (၁၇၂) အတိဒုက္ခအဆင့်တွင် ပွင့်လာသော လုပ်ဆောင်ချက်အသစ်များ
"မင်း အခုလေးတင် ပြောလိုက်တာလေ၊ အခုကျတော့ ငြင်းနေပြန်ပြီ…။"
"ဟင်း... ထျန်းယွမ်တိုက်ကြီးပေါ်က နဝမအဆင့် ဂိုဏ်းတို့ရေ...၊ ငါ့ကိုတော့ အပြစ်မတင်ကြပါနဲ့…။"
"မင်းတို့ရဲ့ ထိပ်တန်း ဝိညာဉ်ကြောတွေကို ဓားပြတိုက်ဖို့ ငါ့ကို လှုံ့ဆော်ခဲ့တဲ့ ဒီအသုံးမကျတဲ့ စနစ်ကိုပဲ အပြစ်တင်ကြပါတော့…။"
[...ငါက... ဖ**...]
*ကဲ... လောလောဆယ် ရွှမ်းမင်ဂိုဏ်းနဲ့ကလည်း ပြဿနာဖြစ်ထားတာဆိုတော့ သူတို့ဆီကနေပဲ စတာ ပေါ့…။*
*အင်မော်တယ်တိမ်တိုက်ဂိုဏ်းကိုတော့ ဓားပြတိုက်နေဖို့ မလိုပါဘူး။ သူတို့ကို ငါ့လက်အောက်ထဲ သိမ်းသွင်းလိုက်ရင် ထိပ်တန်း ဝိညာဉ်ကြောက သဘာဝအတိုင်း ငါ့ဟာ ဖြစ်လာမှာပဲ…။*
*တတိယမြောက် ကံဆိုးမယ့် ဂိုဏ်းက ဘယ်ဂိုဏ်း ဖြစ်မလဲဆိုတာပဲ စဉ်းစားရတော့မယ်…။*
ထိုသို့ တွေးမိလိုက်သောအခါ လင်းဖန်သည် နောက်တစ်ကြိမ် အဆင့်မြှင့်ရန် လိုအပ်မည့် ဝိညာဉ်ကြော များအတွက် စိုးရိမ်မနေတော့ပေ။
*နဝမအဆင့် ဂိုဏ်းတွေကို တစ်ခုပြီးတစ်ခု ဝါးမြိုသွားလိုက်ရုံပဲလေ။ အဲဒါမှ မရရင်လည်း ဟောဒီက မြင့်မြတ်နယ်မြေ လေးခု ရှိသေးတာပဲ။ ပြဿနာလေး နည်းနည်းလောက် ရှာလိုက်ပြီး ကိုယ်က တရား မျှတတဲ့ဘက်က ရပ်တည်နေသယောင်နဲ့ သူတို့ကို ဓားပြတိုက်လို့ ရနေတာပဲ….။*
လင်းဖန်သည် အများကြီး ထပ်မစဉ်းစားတော့ဘဲ အသစ်တိုးလာသည့် လုပ်ဆောင်ချက်များကို စတင် စစ်ဆေးလိုက်လေသည်။ အတိဒုက္ခအဆင့်သို့ ရောက်ရှိပြီးနောက် လုပ်ဆောင်ချက်အသစ် သုံးခု ပေါ် လာခဲ့လေသည်။
လင်းဖန်ကို ပထမဆုံး အံ့အားသင့်စေသည်မှာ ဝါးမြိုခြင်း လုပ်ဆောင်ချက် ပင် ဖြစ်လေသည်။
[ဟင်းလင်းပြင်သားရဲတဲ၏ လုပ်ဆောင်ချက်အသစ် - ဝါးမြိုခြင်း။
ဖော်ပြချက် - ဟင်းလင်းပြင် သားရဲသည် ၎င်း၏ ကြီးမားလှသော ပါးစပ်ကို ဟစိဟစိလုပ်ကာ ပစ်မှတ် ကို ဖြည်းဖြည်းချင်း မျိုချလိမ့်မည်။
မှတ်ချက် - ဝါးမြိုခြင်း လုပ်ငန်းစဉ်သည် အချိန်ယူရပြီး ပစ်မှတ် ကြီးမားလေလေ အချိန်ပိုကြာလေလေ ဖြစ်သည်။]
ဝါးမြိုခြင်း လုပ်ဆောင်ချက်၏ ရှင်းလင်းချက်ကို ကြည့်ပြီး လင်းဖန်မှာ အနည်းငယ် စိတ်ပျက်သွား ရလေသည်။
*ငါက တစ်ခါတည်းနဲ့ အကုန်မျိုချလိုက်လို့ ရပြီ ထင်နေတာ၊ အစာခြေဖို့ အချိန်စောင့်ရဦးမှာကိုး…။*
ရုတ်တရက် လင်းဖန်၏ ဦးနှောက်ထဲတွင် စိတ်ကူးတစ်ခု လက်ခနဲ ပေါ်လာပြီး သူက မေးလိုက်သည်။
"ငတုံးလေး...၊ ဝါးမြိုဖို့ အချိန်ယူရတယ်ဆိုရင် ငါက အဲဒါကို ဗိုက်ထဲ တိုက်ရိုက် ပို့လိုက်လို့ မရဘူး လား…။"
"ချင်းယွင်ဂိုဏ်း ဌာနချုပ်ကို ရွှေ့တုန်းကလိုပဲ ပစ်မှတ်ကို ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲ တိုက်ရိုက် ပို့လိုက်ရင် တစ်ခါတည်း အလုပ်မပြီးဘူးလား…။"
[ပိုင်ရှင်ကြီးရဲ့ နည်းလမ်းက ပစ်မှတ်အသေးစားတွေအတွက်ပဲ အလုပ်ဖြစ်မှာပါ။ အကယ်၍ ပစ်မှတ်က အရမ်းကြီးနေရင် ဝါးမြိုခြင်း လုပ်ဆောင်ချက်က အချိန်အကြာကြီး အသက်မဝင်ဘဲ နေနိုင်ပါတယ်…။]
စုပ်ယူမှုအတွက် လိုအပ်သောအချိန်သည် အမှန်တကယ်တွင် စုပ်ယူခံရသည့် ပစ်မှတ်ကို ပတ်ဝန်းကျင် နှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ရသည့် အချိန်ဖြစ်လေသည်။
[အထိရောက်ဆုံးနည်းလမ်းကတော့ ဝါးမြိုတာနဲ့ နယ်မြေထဲမှာ ပေါင်းစည်းစေတာကို တစ်ပြိုင်တည်း လုပ်ဆောင်တာပဲ ဖြစ်ပါတယ်ပိုင်ရှင်…။]
[အကယ်၍ ပိုင်ရှင်ကြီးက အရမ်းကြီးမားတဲ့ ပစ်မှတ်ကို မြင့်မြတ်နယ်မြေထဲ တစ်ခါတည်း ယူလာမယ် ဆိုရင် မြင့်မြတ်နယ်မြေထဲမှာ အစာမကြေတာမျိုး ဖြစ်စေနိုင်ပြီး ပေါင်းစည်းချိန်ကို ပိုကြာသွားစေ မှာပါပိုင်ရှင်…။]
စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းဖန် ခေါင်းငြိမ့်လိုက်လေသည်။
*ကြည့်ရတာ ငါက မလောဘူးဆိုရင်တော့ ဖြည်းဖြည်းချင်း ဝါးမြိုခိုင်းတာက ပိုကောင်းမယ့်ပုံပဲ။ ဒါပေမဲ့ ပစ္စည်းအသေးလေးတွေ ဆိုရင်တော့ ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်ချက်ကို သုံးပြီး တိုက်ရိုက် ယူလာလို့ ရတာပဲ…။*
*ပစ်မှတ်အသေးလေးတွေကတော့ အစာမကြေတာမျိုး မဖြစ်လောက်ပါဘူး….။*
ဟင်းလင်းပြင်သားရဲတဲ၏ လုပ်ဆောင်ချက်ကို သိပြီးနောက် လင်းဖန်သည် နောက်တစ်ခုကို ကြည့် လိုက်သည်။
[သုံးခြေထောက် ရွှေကျီးကန်း စက်ဘီး၏ လုပ်ဆောင်ချက်အသစ် - ခရီးသည် ပို့ဆောင်ရေး။]
ဤလုပ်ဆောင်ချက်ကိုတော့ စာလုံးအနည်းငယ်နဲ့ဖြင့်သာ ရိုးရိုးရှင်းရှင်း ဖော်ပြထားလေသည်။ သို့သော် ထိုစာလုံးများကပင် အဓိပ္ပာယ်ကို ရှင်းလင်းနေစေသည်။
ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်ချက်ပြီးနောက်မှာ ခရီးသည် ပို့ဆောင်ရေး လုပ်ဆောင်ချက်ကိုပါ ဖွင့် ပေးလိုက်တာပဲ။ သို့သော်လည်း လင်းဖန်ကတော့ ဤလုပ်ဆောင်ချက်က နည်းနည်း ပိုနေသလို ခံစားရ လေသည်။
ဒီလုပ်ဆောင်ချက် မပေါ်ခင်ကတည်းက သူက လီလဲ့ယန်ကို ဟိုဟိုဒီဒီ ခေါ်နေသည်ပဲ မဟုတ်ပါလား…။
"ငတုံးလေး...။ ဒီခရီးသည် ပို့ဆောင်ရေး လုပ်ဆောင်ချက်က ငါ အရင်က ညီမလေး လဲ့ယန်ကို ခေါ်နေ ကျအတိုင်း မဟုတ်ဘူးလား….။ ဘာကွာလို့လဲ…။"
[အများကြီး ကွာတာပေါ့ပိုင်ရှင်။ ပိုင်ရှင် အရင်က သုံးတဲ့နည်းနဲ့ဆို လူဘယ်နှစ်ယောက် ခေါ်လို့ရမှာ လဲ…။]
[ဒီခရီးသည် ပို့ဆောင်ရေး လုပ်ဆောင်ချက်က သုံးခြေထောက် ရွှေကျီးကန်း စက်ဘီးကို ပိုင်ရှင် အမြဲ တမ်း လိုချင်နေခဲ့တဲ့ လှေပျံအဖြစ် ပြောင်းလဲသွားစေနိုင်မှာပါပိုင်ရှင်…။]
ထိုရှင်းပြချက်ကို ကြားလိုက်ရသောအခါ လင်းဖန် မျက်လုံးများ တောက်ပသွားသော်လည်း ခဏအကြာ တွင် ပြန်အေးစက်သွားပြန်လေသည်။
*အရင်ကတော့ နယ်မြေကျော်ပျံသန်းရေး လှေပျံတွေကို ကြည့်ပြီး အားကျခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ မြင့်မြတ်နယ်မြေထဲမှာ ဟင်းလင်းပြင်တံခါး ရှိနေပြီလေ။ အဲဒါက လှေပျံတွေထက် အများကြီး ပိုအဆင် ပြေနေတာပဲလေ….။*
"အင်း... ဒီအတိုင်းပါပဲ၊ ငါ့အတွက်တော့ အထွေအထူး ပြောင်းလဲသွားတာ မရှိပါဘူး…။"
စနစ်ကို ပြန်ပြောပြီးနောက် လင်းဖန်သည် ဆေးမီးဖို၏ လုပ်ဆောင်ချက်အသစ်ကို စစ်ဆေးလိုက်သည်။
[ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို၏ လုပ်ဆောင်ချက်အသစ် - ဆေးမီးဖို ပေါက်ကွဲခြင်း။]
'ဆေးမီးဖို ပေါက်ကွဲခြင်း' ဆိုသည့် စာလုံးများကို မြင်လိုက်ရသောအခါ လင်းဖန်၏ စိတ်များ လွင့်ထွက် မတတ် ဖြစ်သွားရလေသည်။
"ဟာ…၊ ဘာ... ဆေးမီးဖို ပေါက်ကွဲခြင်း ဟုတ်လား…။ အဲဒါက ဘယ်လို လုပ်ဆောင်ချက်မျိုးလဲ…။"
"ငတုံးလေး...။ မင်း ငါ့ကို သေချာ ရှင်းပြဦး…။"
ဆေးမီးဖို၏ လုပ်ဆောင်ချက်အသစ်မှာလည်း ရှင်းလင်းချက် မရှိဘဲ စာလုံးနှစ်လုံးတည်းသာ ရှိနေသဖြင့် လင်းဖန် စနစ်ကိုသာ မေးလိုက်ရလေသည်။
[ပိုင်ရှင်ကြီး...၊ ဒါက တကယ့်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ…။]
[ပိုင်ရှင်က ကိုယ်တိုင်ပေါက်ကွဲဆေးလုံးကို သုံးပြီး ရန်သူတွေကို သတ်ချင်နေတာ မဟုတ်ဘူးလား…။]
[အခုတော့ ပိုင်ရှင်ဆန္ဒ ပြည့်ဝသွားပါပြီ။ ဆေးမီးဖို ပေါက်ကွဲခြင်း လုပ်ဆောင်ချက်က ကိုယ်တိုင် ပေါက်ကွဲဆေးလုံးရဲ့ အာနိသင်ကို အပြည့်အဝ ပုံတူကူးထားတာပါပဲ…။]
"ဘယ်သူက ဆေးမီးဖိုကြီးကို ပေါက်ကွဲစေချင်လို့လဲ…။"
"ဆေးမီးဖိုကြီး ပေါက်ကွဲသွားရင် ငါက ဆေးတွေ၊ လက်နက်တွေ ဘယ်လို သန့်စင်ရပြီး ပိုက်ဆံ ဘယ်လို ရှာတော့မလဲ…။"
[ဟမ်…၊ ပိုင်ရှင်ကြီးပဲ အရင်က ပြောခဲ့တာလေ…။]
[အကယ်၍ ပိုင်ရှင့်မှာ ကိုယ်ပွားတွေ အများကြီး ရှိမယ်ဆိုရင် ပေါက်ကွဲခြင်း အနုပညာက ဘယ် လောက်တောင် အစွမ်းထက်မလဲ ဆိုတာ လူတိုင်း သိသွားမှာပါလို့ ပြောခဲ့တာလေ…။]
[ပိုင်ရှင်မှာ ကိုယ်ပွားတွေ အများကြီး မရှိပေမဲ့ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုမှာတော့ ရှိတယ်လေ…။]
[ကိုယ်တိုင်ပေါက်ကွဲဆေးလုံးကို ဆေးမီးဖိုကိုယ်ပွားထဲမှာ ထည့်ပြီး သန့်စင်လိုက်ရုံနဲ့ ပေါက်ကွဲတော့ မယ့် ဆေးမီးဖိုတစ်ခုကို ရလာမှာပါ။ အဲဒီရဲ့ အစွမ်းကတော့...၊ ဝါး... ရှယ်ပါပဲပိုင်ရှင်…။]
စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရပြီး လင်းဖန်သည် ဝမ်းသာအားရနှင့် မေးလိုက်လေသည်။
"ဒါဆိုရင် အဲဒီ ပေါက်ကွဲတော့မယ့် ဆေးမီးဖိုကိုယ်ပွားက မြင့်မြတ်နယ်မြေထဲကနေ အပြင်ကို ထွက်သွား လို့ ရတာလား…။"
လင်းဖန်က ဒါကို သိချင်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆေးမီးဖို၏ ကိုယ်ပွား လုပ်ဆောင် ချက်ကို အရင်က မြင့်မြတ်နယ်မြေထဲ၌သာ သုံးလို့ရခဲ့သောကြောင့် ဖြစ်ပေသည်။
[ရတာပေါ့ပိုင်ရှင်….၊ ဒါက ဆေးမီးဖိုကိုယ်ပွားနဲ့ ကိုယ်တိုင်ပေါက်ကွဲဆေးလုံးကို ပေါင်းစပ်ပြီး ဆေးလုံး အမျိုးအစား အသစ်တစ်ခု ဖန်တီးလိုက်တာနဲ့ အတူတူပါပဲပိုင်ရှင်…။]
ဤစကားကို ကြားမှသာ လင်းဖန်သည် ဆေးမီးဖို ပေါက်ကွဲခြင်း လုပ်ဆောင်ချက်ကို လက်ခံလိုက်တော့ သည်။ အခြားဆေးဆရာများအတွက်တော့ ဆေးမီးဖို ပေါက်ကွဲခြင်းက ဆိုးကျိုးဖြစ်သော်လည်း လင်းဖန်အတွက်တော့ ထိုအရာသည် ကောင်းကင်ဘုံကပေးသော လက်ဆောင်ပင်။
"ဟားဟား...၊ အချိန်အတော်ကြာပြီးမှ ငါ့မှာ ကောင်းမွန်တဲ့ တိုက်ခိုက်ရေးနည်းလမ်း တစ်ခု ရလာပြီပဲ။ နောက်ဆိုရင် ရန်သူတွေနဲ့ ထိပ်တိုက်တွေ့ဖို့ မလိုတော့ဘူး…။"
[ပိုင်ရှင်ဆီမှာ ဒါမျိုး ရှိနေသင့်တာ ကြာပါပြီ။ ပိုက်ဆံ မသုံးချင်ဘဲ ကပ်စေးမနှဲဖို့ ငါ ပြောခဲ့သားပဲ…။]
"ဟွန့်... ပိုက်ဆံ ဘာလို့ သုံးရမှာလဲ…။ အခုတော့ အလကား ရတာပဲ မဟုတ်လား…။"
[...]
အတိဒုက္ခအဆင့်သို့ တက်လှမ်းပြီးနောက် လင်းဖန်သည် လုပ်ဆောင်ချက် အသစ် သုံးခုကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ သူ အားလပ်နေစဉ်မှာပင် တစ်ခုခုဖြစ်လာလျှင် သုံးနိုင်အောင် ဆေးမီးဖို ပေါက်ကွဲစေမည့် ဆေးလုံးများကို ကြိုတင်ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်လေသည်။
မြင့်မြတ်နယ်မြေအတွင်းရှိ ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိပြီးနောက်...
လင်းဖန်သည် ဆေးမီးဖိုကိုယ်ပွား တစ်ခုကို ရွေးချယ်ပြီး ဆေးမီးဖိုထဲသို့ ကိုယ်တိုင်ပေါက်ကွဲဆေးလုံး တစ်လုံး ထည့်လိုက်ပြီးနောက် သန့်စင်မှု လုပ်ငန်းစဉ် စတင်ခဲ့လိုက်သည်။
ထိုသန့်စင်မှုသည် ထူးထူးခြားခြား အချိန်အကြာကြီး ယူရလေသည်။ လင်းဖန်သည် မိနစ် (၃၀) ခန့်အထိ စောင့်ဆိုင်းခဲ့ရလေသည်။ ထို့အပြင် သန့်စင်မှု လုပ်ငန်းစဉ်သည် သာမန်ဆေးဖော်စပ်ခြင်းနှင့် အလွန် ကွာခြားလှပေသည်။
အသိသာဆုံး အပြောင်းအလဲမှာ ဆေးမီးဖိုကြီးသည် တဖြည်းဖြည်း သေးငယ်သွားခြင်းပင်။ မူလက ပုံမှန်အရွယ်အစားရှိသော ဆေးမီးဖိုကိုယ်ပွားသည် မိနစ် (၃၀ အတွင်း သာမန်ဆေးလုံးတစ်လုံး အရွယ် အစားအထိ ကျုံ့သွားခဲ့လေသည်။
ထို့အပြင် သန့်စင်မှု အောင်မြင်သည့် အသံမှာလည်း 'ဒင်' ဆိုသည့် အသံမဟုတ်ဘဲ 'ဘုန်း' ဆိုသည့် ပေါက်ကွဲသံကြီး ဖြစ်နေခဲ့လေသည်။
ထိုပေါက်ကွဲသံကြီး ထွက်လာတော့ လင်းဖန်မှာ အတော်လေး လန့်သွားခဲ့ရလေသည်။ ဆေးမီးဖိုကြီး ထိုနေရာမှာတင် ပေါက်ကွဲသွားပြီ ထင်လိုက်မိပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုပေါက်ကွဲသံကြီးအပြီးတွင် ဆေးလုံးအရွယ်အစားရှိသော ဆေးမီးဖိုပုံစံ အရာဝတ္ထုလေးတစ်ခုသည် လေထဲတွင် ငြိမ်သက်စွာ ဝဲပျံနေခဲ့သည်။
သန့်စင်မှု ပြီးဆုံးသွားသည်ကို မြင်ရသောအခါ လင်းဖန် မစောင့်နိုင်တော့ဘဲ စစ်ဆေးလိုက်သည်။
[မီးဖိုဖောက်ခွဲဆေးလုံး (မြည်းတံဆိပ်) - အထူးပစ္စည်း။]
[ဖော်ပြချက် - တစ်စုံတစ်ယောက်၏ အနုပညာအပေါ် ထူးခြားသော ဝါသနာကို ဖြည့်ဆည်းပေးရန် ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုတွင် ထပ်တိုးလိုက်သော လုပ်ဆောင်ချက်အသစ်။]
[အာနိသင် - အကယ်၍ အနုပညာဆိုတာ ပေါက်ကွဲခြင်း ဖြစ်ခဲ့မည်ဆိုလျှင်၊ ဤအရာ၌ အနုပညာဓာတ် အလွန်မြင့်မားစွာ ပါဝင်နေသည်။]
သူ့ရှေ့မှ ပေါက်ကွဲစေသည့် ဆေးလုံးကို ကြည့်ပြီး လင်းဖန် ကျေနပ်စွာ ပြုံးလိုက်မိလေသည်။
"ဒီဆေးမီးဖိုက တကယ့်ကို စိတ်ထားကောင်းတာပဲ၊ ငါ့အတွက် လုပ်ဆောင်ချက်အသစ် တစ်ခုတောင် ပေးလိုက်သေးတယ်…။"
"ကြာလှပြီဖြစ်တဲ့အထိ ဘာသံမှ မထွက်လာတဲ့ ဟိုရတနာသေတ္တာအစုတ်ကြီးနဲ့တော့ တခြားစီပဲ…။"
[ပိုင်ရှင်ကြီး... ကမ္ဘာပေါင်းများစွာ ရတနာသေတ္တာက အပြစ်မရှိပါဘူး။ ပိုင်ရှင်ကမှ အဲဒါကို မသုံးတာ ပဲလေ….။]
စနစ်၏ စကားကို လျစ်လျူရှုပြီး လင်းဖန်သည် ဆက်လက် လေ့ကျင့်နေခဲ့လေသည်။ ဤတစ်ကြိမ်တွင် ကိုယ်တိုင်ပေါက်ကွဲဆေးလုံး နှစ်လုံး ထည့်လျင် ဘယ်လိုဖြစ်မလဲဆိုသည်ကို သူ စမ်းသပ်ကြည့်ဦးမည် ဖြစ်ပေသည်။ ထို့နောက် သုံးလုံး၊ လေးလုံးနှင့် ထိုထက်မကသော ဆေးလုံးများကိုလည်း သူ စမ်းသပ် သွားဦးမည်သာ ဖြစ်သည်။