← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) 'ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်'၊ မြင့်မြတ်လွန်းသူများကို သတ်ရန် သီးသန့်

"မင်း အသုံးမကျတဲ့ စနစ်... ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုကြီး ပျက်သွားပြီလား…။"

"ငါ မီးဖိုဖောက်ခွဲဆေးလုံးတွေ သန့်စင်တုန်းက ကိုယ်ပွားတွေကို အသုံးများသွားလို့ ပျက်သွားတာများ လား…။"

[ဆေးမီးဖိုကြီး မပျက်ပါဘူးပိုင်ရှင်။ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်က ဒီလိုပုံစံပဲ မဟုတ်ဘူး လား…။]

"မင်း အပိုတွေ မပြောနဲ့။ ငါ ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးပါတယ်။ အဲဒီထဲက တံဆိပ်တော်က အခုဟာ ထက်တော့ အများကြီး ပိုပြီး ခန့်ညားထည်ဝါတယ်….။"

[ပိုင်ရှင် ပြောသလိုပဲလေ... အဲဒါက ရုပ်ရှင်ထဲမှာလေ။ အခု ပိုင်ရှင် သန့်စင်လိုက်တာက လက်တွေ့ ဗားရှင်းလေ…။]

သူ့ရှေ့မှ အနက်ရောင် အုတ်ခဲကြီးကို ကြည့်ပြီး လင်းဖန် လက်တွေ့ကို ငြိမ်ခံလိုက်ရလေတော့သည်။

[ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော် (မြည်းတံဆိပ်) အနိမ့်စားဗားရှင်း - အဆင့် (၉) မှော် လက်နက်။]

[လုပ်ဆောင်ချက် (၁) - 'မြင့်မြတ်တဲ့မိခင်' စိတ်ဓာတ်ရှိသူများကို အထူးပစ်မှတ်ထားပြီး တစ်ချက်တည်း နှင့် အသေသတ်နိုင်သည်။

လုပ်ဆောင်ချက် (၂) - ထုံထိုင်းစေခြင်း အာနိသင်။ ပစ်မှတ်ကို မေ့မြောသွားစေပြီး ခုခံနိုင်စွမ်း အားလုံး ဆုံးရှုံးသွားစေသည်။

လုပ်ဆောင်ချက် (၃) - အလေးချိန် ချိန်ညှိခြင်း။ အသုံးပြုသူသည် မှော်လက်နက်၏ အလေးချိန်ကို စိတ်ကြိုက် ချိန်ညှိနိုင်သည်။

ဘေးထွက်ဆိုးကျိုး - ဤမှော်လက်နက်ကို 'မြင့်မြတ်တဲ့မိခင်' စိတ်ဓာတ်ရှိသူများကို သတ်ရန် သီးသန့် ဖန်တီးထားခြင်း ဖြစ်သဖြင့် ပစ်မှတ်သည် ထိုကဲ့သို့သောသူ မဟုတ်ပါက မည်သည့် ထိခိုက်ဒဏ်ရာမှ ပေးနိုင်မည် မဟုတ်ပါ။]

မှော်လက်နက်၏ ဘေးထွက်ဆိုးကျိုးကို မြင်လိုက်ရသောအခါ လင်းဖန် ဆွံ့အသွားရသည်။ သူသည် ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ကို မြေပြင်ပေါ် ပစ်ချလိုက်ပြီး မြေကြီးပေါ် မကျခင်မှာပင် အားကုန် လွှဲကန်လိုက်လေတော့သည်။

တံဆိပ်တော်သည် လှပသော မျဉ်းကွေးပုံစံအတိုင်း လင်းဖန်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့လေ သည်။

"တောက်... စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး သုံးပြီးတော့ ဒီလို အမှိုက်မျိုး ထွက်လာရတယ် လို့…။"

"သူတော်စင်တွေကို သတ်မယ့် လက်နက်ဆိုပြီးတော့ သူကိုယ်တိုင်က သူတော်စင် ဖြစ်နေတာပဲ…။"

"လူကိုမှ မသတ်နိုင်ရင် မင်းကို ဘာသွားလုပ်ရမှာလဲ…."

*ဒီဘေးထွက်ဆိုးကျိုးက တကယ့်ကို အဓိပ္ပာယ်မရှိဘူး ပစ်မှတ်က သူတော်စင်စိတ်ဓာတ်ရှိသူ မဟုတ်ရင် ဘာဒဏ်ရာမှ မရဘူးတဲ့လား…။*

[ပိုင်ရှင်ကြီး... စိတ်မဆိုးပါနဲ့ဦး။ သူက 'မြင့်မြတ်တဲ့မိခင်' စိတ်ဓာတ်ရှိသူတွေကို တစ်ချက်တည်းနဲ့ သတ်နိုင်တာပဲ မဟုတ်ဘူးလား။ နောက်ဆိုရင် အဲဒီလိုလူတွေကို သတ်ဖို့ပဲ သုံးပေါ့…။]

ဤသည်ကို ကြားတော့ လင်းဖန် ပိုပြီး ဒေါသထွက်သွားလေသည်။

"အဲဒီလိုလူတွေကို သတ်ဖို့ပဲ သုံးရမယ်ဟုတ်လား….။ ငါတို့ အခု ရောက်နေတဲ့ အခြေအနေကို မင်း မေ့နေ တာလား…။"

"ဒါက ကျင့်ကြံခြင်းလောကလေ။ အထူးသဖြင့် ဒီကျုံးကျိုးက ကျင့်ကြံသူတွေဆိုတာ တကယ့်ကို ရက်စက်ကြတာ…။"

"တွေ့တာနဲ့ သတ်မယ်၊ လုယက်မယ်၊ အရိုးကို ပြာဖြစ်အောင် လုပ်မယ်၊ တစ်မိသားစုလုံးကို အမြစ်ပြတ် သတ်မယ်...၊ အဲဒီလိုလူတွေချည်းပဲ…။"

"သူတို့နဲ့ ယှဉ်လိုက်ရင် ငါကတောင် မြင့်မြတ်တဲ့ မိခင်ကြီး ဖြစ်နေဦးမယ်။ အချိန်အတော်ကြာကတည်း က ငါက ဒီရက်စက်တဲ့ ပတ်ဝန်းကျင်နဲ့ အံမဝင်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် အားငယ်နေတာလေ…။"

[...ပိုင်ရှင်ကြီးကလည်း နှိမ့်ချလွန်းနေပါပြီ။ ရွှမ်းမင်ဂိုဏ်းက အတိဒုက္ခအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ပိုင်ရှင် ဖုန်မှုန့်ဖြစ်အောင် ချေမွပစ်တုန်းကတော့ တစ်စက်ကလေးမှ အားငယ်နေတဲ့ပုံ မပေါက်ပါဘူး...။]

[သူတို့က မြေကြီးနဲ့ တစ်သားတည်းဖြစ်အောင်ကို အချေခံလိုက်ရတာလေ။ အဲဒါနဲ့ ယှဉ်ရင် အရိုးကို ပြာဖြစ်အောင် လုပ်တာက သာမန်ပါပဲ…။]

[ပိုင်ရှင် မမြင်လိုက်ဘူးလား…။ ပိုင်ရှင့်ရဲ့ ညီမလေး လဲ့ယန်တောင် ကြောက်လွန်းလို့ တုန်နေတာလေ…။]

စနစ်၏ စကားကြောင့် လင်းဖန် မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။

"မင်းက ဘာသိမှာလဲ….။ ငါက သတ်လည်းသတ်တယ်၊ သင်္ဂြိုဟ်လည်း ပေးတယ်လေ…။"

"သူတို့ကို မြေမြှုပ်ပေးလိုက်တာက သူတို့ အေးအေးချမ်းချမ်း အနားယူနိုင်အောင် လုပ်ပေးတာပဲ။ ဒါက ငါ့ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကြောင့် လုပ်ပေးတာလေ…။"

စနစ်သည် ထိုကိစ္စကို ဆက်မပြောတော့ဘဲ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်၏ အသုံးဝင်ပုံကို အခြားတစ်ဖက်မှ ရှင်းပြပေးလိုက်လေသည်။

[ပိုင်ရှင်ကြီး... တံဆိပ်တော်က လူမသတ်နိုင်ရင်တောင် ထုံထိုင်းစေတဲ့ အာနိသင် ရှိသေးတယ်လေ…။]

[နောက်တစ်ခါ ကျင့်ကြံသူမလေးတွေနဲ့ တွေ့ရင် သူ့နောက်ကနေ ဒီအုတ်ခဲနဲ့ ရိုက်ချလိုက်ရုံပဲလေ။ အဲဒီ ကျရင် ပိုင်ရှင်က... ဟိဟိဟိ...။]

"သွားစမ်းပါ…။"

[ဟုတ်ကဲ့ပါ... ဒါပေမဲ့ ထုံထိုင်းစေတာအပြင် ဒီအလေးချိန် ချိန်ညှိတာကလည်း အရမ်း အသုံးဝင်တယ် လေ…။]

[စဉ်းစားကြည့်ဦး...။ ပိုင်ရှင်က သုံးဘီးစက်ဘီးနဲ့ လူတွေကို တိုက်ရတာ ကြိုက်တယ် မဟုတ်ဘူး လား…။]

[ဒီအုတ်ခဲ... အဲ... ဒီတံဆိပ်တော်ကို စက်ဘီးရဲ့ နောက်တွဲထဲ ထည့်ထားလိုက်။ ပြီးရင် သူ့ရဲ့ အလေးချိန်ကို အဆမတန် မြှင့်လိုက်ပေါ့…။]

[အဲဒီအချိန်ကျမှ စက်ဘီးရဲ့ တိုက်ခိုက်မှု စွမ်းရည်ကို သုံးရင်တော့ တစ်ဖက်လူက တကယ့်ကို သေ လောက်အောင် နာသွားမှာပေါ့…။]

စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် လင်းဖန်၏ မျက်လုံးများ ပို၍ တောက်ပလာခဲ့လေသည်။

*ဟုတ်သားပဲ... ငါ ဘာလို့ ဒီလို ပေါင်းစပ်ဖို့ မစဉ်းစားမိတာလဲ…။*

ချင်းယွင်ဂိုဏ်းက လူတွေကို စက်ဘီးပေါ်တင်ပြီး လူတွေကို လိုက်တိုက်ရတဲ့ ခံစားချက်ကို သူ တကယ် သဘောကျသည်ပင်။

*ဒါပေမဲ့ ဂိုဏ်းတစ်ခုလုံးကို အမြဲတမ်း ဆွဲခေါ်နေလို့ မရဘူးလေ။ ဒီတံဆိပ်တော် ရှိရင်တော့ ဂိုဏ်းဌာန ချုပ်ကြီးကို ဆွဲနေစရာ မလိုဘဲ ဆိုင်ကယ်ရဲ့ အလေးချိန်ကို စိတ်ကြိုက် မြှင့်လို့ ရပြီပေါ့။ တံဆိပ်တော်ရဲ့ အလေးချိန်သာ ထပ်ပေါင်းလိုက်ရင် ဆိုင်ကယ်ရဲ့ တိုက်ခိုက်မှုက တကယ့်ကို ကြောက်စရာကောင်းသွား မှာပဲ…။*

"ဝါး... ကြည့်စမ်း၊ ငါက ရတနာတစ်ခု ဖန်တီးလိုက်တာပဲ။ ငါ့မှာ မှော်လက်နက် သန့်စင်တဲ့ ပါရမီ ရှိတာပဲ…။"

"အော်... ဒါနဲ့ ငါ့ရဲ့ အသည်းကျော်လေး ဘယ်ရောက်သွားပြီလဲ….။"

ကံကောင်းစွာဖြင့် မြင့်မြတ်နယ်မြေ တစ်ခုလုံးကို လင်းဖန်က ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် တံဆိပ်တော်ကို လွှဲကန်လိုက်သော်လည်း ဘယ်ရောက်သွားသည်ကို သူ ချက်ချင်း ရှာတွေ့လိုက်သည်။

ရတနာလေးကို သိမ်းဆည်းပြီးနောက် လင်းဖန်သည် အစောင့်အရှောက် ရုပ်သေးရုပ်အတွက် မှော် လက်နက် သန့်စင်ရန် ပြင်ဆင်လိုက်သည်။

ရုပ်သေးရုပ်၏ ဝိသေသလက္ခဏာများနှင့် သူ သန့်စင်မည့် မှော်လက်နက်၏ လက္ခဏာများကို သူ သေချာ စဉ်းစားလိုက်သည်။ နောက်ဆုံးတွင်တော့ ဖြစ်နိုင်ခြေရှိသော နည်းလမ်းတစ်ခုကို သူ ရှာတွေ့ သွားခဲ့လေသည်။

မကြာမီမှာပင် ဆေးမီးဖိုထဲမှ 'ဒင်' ဆိုသည့် အသံ ထွက်လာပြီး ရုပ်သေးရုပ်အတွက် မှော်လက်နက် သန့်စင်မှု အောင်မြင်သွားခဲ့လေသည်။ ဆေးမီးဖိုကို ဖွင့်လိုက်သောအခါ နှင်တံတစ်ချောင်း ငြိမ်သက် စွာ လဲလျောင်းလျက်ရှိနေပေသည်။ ဒါကတော့ လင်းဖန် ရွေးချယ်လိုက်သည့် နမူနာပစ္စည်းပင်။

[နတ်ဘုရားသတ်နှင်တံ (မြည်းတံဆိပ်) အနိမ့်စားဗားရှင်း - အဆင့် (၉) မှော်လက်နက်။

လုပ်ဆောင်ချက် (၁) - ရန်သူ၏ စိတ်ဝိညာဉ်ကို အထူးပစ်မှတ်ထားပြီး ပြင်းထန်သော ထိခိုက်မှု ပေးနိုင်သည်။

လုပ်ဆောင်ချက် (၂) - ရှေးဟောင်းစိတ်ဝိညာဉ်ကို ကျေးကျွန်အဖြစ် ဖမ်းဆီးခြင်း။ ရန်သူ၏ စိတ်ဝိညာဉ် အလွန်အမင်း အားနည်းသွားချိန်တွင် တစ်ဖက်လူကို ကျေးကျွန်အဖြစ် ဖမ်းဆီးနိုင်သည်။

ဘေးထွက်ဆိုးကျိုး - အသုံးပြုသူ ခံစားရသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အားလုံးသည် စိတ်ဝိညာဉ် ထိခိုက်မှုများအဖြစ် ပြောင်းလဲသွားပါလိမ့်မည်။

"ဖူး..."

နတ်ဘုရားသတ်နှင်တံ၏ လုပ်ဆောင်ချက်နှင့် ဘေးထွက်ဆိုးကျိုးကို ကြည့်ပြီး လင်းဖန် အသက်ရှူမှားသွားရသည်။

"ဒီနှင်တံက အရမ်း အစွမ်းထက်ပေမဲ့ ဘေးထွက်ဆိုးကျိုးကလည်း ကြောက်စရာကြီးပဲ…။"

လုပ်ဆောင်ချက် နှစ်ခုတည်း ရှိသော်လည်း စိတ်ဝိညာဉ်ကို ထိခိုက်စေခြင်းနှင့် ကျေးကျွန်အဖြစ် ဖမ်းဆီး ​ခြင်းမှာ ဖြေရှင်းရခက်သော ကိစ္စများ ဖြစ်လေသည်။ ဘေးထွက်ဆိုးကျိုးကတော့ ပိုပြီး ဆိုးလှပေသည်။ စိတ်ဝိညာဉ် တိုက်ခိုက်မှုဆိုသည်မှာ ရှားပါးပြီး ကာကွယ်ရန်လည်း ခက်ခဲသည်။

*ဒီဘေးထွက်ဆိုးကျိုးက ရန်သူ့ရဲ့ တိုက်ခိုက်မှု အားလုံးကို ကိုယ့်ရဲ့ စိတ်ဝိညာဉ်ဆီ ပို့ပေးမှာဆိုတော့ ဘယ်သူက ခံနိုင်မှာလဲ…။*

ကံကောင်းစွာဖြင့် လင်းဖန်၏ ရုပ်သေးရုပ်မှာ လူသား မဟုတ်ပေ။ လင်းဖန်သည် ရုပ်သေးရုပ်များတွင် စိတ်ဝိညာဉ် မရှိခြင်းကို အခွင့်ကောင်းယူကာ ဤနှင်တံကို သန့်စင်လိုက်ခြင်း ဖြစ်ပေသည်။

ဒဏ္ဍာရီထဲတွင် နတ်ဘုရားသတ်နှင်တံသည် နတ်ဘုရားများကို ရိုက်နှက်ရန် သုံးသော်လည်း လင်းဖန် ကတော့ သူသန့်စင်မည့် နှင်တံသည် စိတ်ဝိညာဉ် သို့မဟုတ် နတ်ဘုရားအာရုံကိုသာ ပစ်မှတ်ထား မည်ဟု ခန့်မှန်းခဲ့လေသည်။ မှန်းထားသည့်အတိုင်းပင် သူ၏ လောင်းကြေးမှာ အောင်မြင်သွားခဲ့သည်။

ထို့အပြင် ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်သည် သူတော်စင်စိတ်ဓာတ်ရှိသူမှလွဲ၍ ကျန်သူများ ကို မသတ်နိုင်သော ဘေးထွက်ဆိုးကျိုး ရှိသကဲ့သို့ နတ်ဘုရားသတ်နှင်တံ၏ ဘေးထွက်ဆိုးကျိုး သည်လည်း စိတ်ဝိညာဉ်နှင့် သက်ဆိုင်လိမ့်မည်ဟု သူ ခန့်မှန်းခဲ့သည်။

အခုတော့ သူ ထပ်ပြီး မှန်သွားခဲ့ပြန်ပြီ။

နောက်ဆုံးတွင်တော့ အစောင့်အရှောက် ရုပ်သေးရုပ်အတွက် သီးသန့်ဖြစ်သော နတ်ဘုရားသတ် နှင်တံကို သူ ရရှိခဲ့ပြီ ဖြစ်၏။ ရုပ်သေးရုပ်တွင် စိတ်ဝိညာဉ် မရှိသဖြင့် ဤဘေးထွက်ဆိုးကျိုးမှာ သူမအတွက် ဘာမှ မဟုတ်ပေ။

"ငတုံးလေး... ဘာရပ်ကြည့်နေတာလဲ…။ ငါ့ကို ချီးကျူးဦးလေ…။"

"ရုပ်သေးရုပ်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် မှော်လက်နက်တစ်ခုကို ငါ သန့်စင်နိုင်ခဲ့တာလေ။ ချီးကျူးစကား လေး ဘာလေး ပြောသင့်တာပေါ့…။"

"မင်း အရင်က ရုပ်သေးရုပ် ပျက်စီးမှာကို စိုးရိမ်နေတယ် မဟုတ်လား…။ အခုတော့ အဆင်ပြေသွားပြီ။ ဒီနှင်တံ ရှိနေသရွေ့ ရုပ်သေးရုပ်ရဲ့ ခန္ဓာကိုယ်က ဘာဒဏ်ရာမှ ရမှာ မဟုတ်တော့ဘူး…။"

[ပိုင်ရှင်ကြီးက တကယ့်ကို တော်ပါတယ်….။]

စနစ်၏ ချီးကျူးစကားမှာ ဝတ်ကျေတန်းကျေ ဖြစ်နေသော်လည်း လင်းဖန်မှာတော့ ကျေနပ်နေဆဲပင်။ နတ်ဘုရားသတ်နှင်တံကို သိမ်းဆည်းပြီးနောက် နောက်ထပ် မှော်လက်နက်တစ်ခုကို သန့်စင်ရန် သူ ပြင်ဆင်လိုက်လေသည်။

ထိုအချိန်မှာပင် ခရမ်းရွှေနတ်နဂါးထီးထံမှ တိုက်ခိုက်ခံနေရကြောင်း အချက်ပြချက်တစ်ခု ရောက်ရှိ လာခဲ့လေသည်။ လင်းဖန် လန့်သွားရပြီး စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာသည်။

*ကြည့်ရတာ ရွှမ်းမင်ဂိုဏ်းက တိုက်ခိုက်လာပြီပဲ…။*

ထိုသို့တွေးလိုက်မိပြီးသည်နှင့် လင်းဖန်သည် မှော်လက်နက် သန့်စင်ခြင်းကို ခေတ္တရပ်နားပြီး မြင့်မြတ် နယ်မြေအတွင်းမှ ထွက်လာခဲ့သည်။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ ရောက်ရှိချိန်တွင် ဂိုဏ်းပေါ်တွင် ပျံဝဲနေသော အတိဒုက္ခအဆင့် ကျင့်ကြံသူ (၁၂) ယောက်ကို သူ ချက်ချင်း မြင်လိုက်ရသည်။

သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် သူတို့သည် ရွှမ်းမင်ဂိုဏ်းက ဖြစ်ကြောင်း သေချာသည်။ သို့သော် တစ်ဖက်လူသည် အတိဒုက္ခအဆင့် ကျင့်ကြံသူများကိုသာ စေလွှတ်ခဲ့ပြီး ကျန်အဆင့်များကို ခေါ်မလာခဲ့ပေ။

ကြည့်ရတာ သူတို့က အငိုက်ဖမ်း တိုက်ခိုက်ဖို့ပဲ လာကြပုံရပြီး တရားဝင် စစ်ပွဲစဖို့တော့ မဟုတ်သေးပေ။

သို့သော်လည်း ဤကျင့်ကြံသူ (၁၂) ယောက်တည်းနှင့်ပင် လုံလောက်စွာ ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။ အကယ်၍ လင်းဖန်၏ ခရမ်းရွှေနတ်နဂါးအစီအရင်သာ မရှိလျှင်... အင်မော်တယ်တိမ်တိုက် ဂိုဏ်းသည် ဤအငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် အသေအပျောက် များပြားသွားနိုင်ပေသည်။

All Chapters