အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း (၁၈၀) - ဆေးလုံးအမျိုးအစားသစ် ၊ ချီသွေဖယ်ဆေးလုံး
ထိုအချိန်တွင် အခြေအနေအရပ်ရပ်ကို ခိုးနားထောင်နေသည့် စနစ်မှာလည်း မဆီမဆိုင် တဟားဟားနှင့် လှောင်ရယ်လေတော့သည်။
[ဟားဟား... တကယ့်ကို ရယ်စရာပဲ….၊ စိတ်ပျက်စရာကြီး…။]
[ငါ့ကို လိမ်ညာပြီး ဈေးဆစ်ချင်ဦးလေ၊ အခုတော့ ဝဋ်လည်ပြီ မဟုတ်လား…။]
[ငါ ရတော့မယ့် ထိပ်တန်း ဝိညာဉ်ကြောကြီးကတော့ လက်လွှတ်ရတော့မှာပဲ၊ ဟားဟားဟား…။]
စနစ်သည် လင်းဖန်က သူ့အား ဈေးဆစ်ပြီး လှည့်စားခဲ့သည့်အပေါ် အငြိုးအတေး ထားနေဆဲဖြစ် ကြောင်း ထင်ရှားလှပေသည်။ ထို့ကြောင့် လင်းဖန် အရှုံးပေါ်သည်ကို မြင်သောအခါ သူက သာယာစွာ လှောင်ပြောင်နေခြင်းပင်။
သို့သော် လင်းဖန်ကမူ ထိုအရှုံးကို ဒီအတိုင်း ငြိမ်ခံနေမည့်သူ မဟုတ်ပေ။
"ဟွန့်... မင်းက အလကား ဝမ်းသာနေတာလား….၊ ငါက ကံဆိုးတာလား…၊ မင်းပဲ ကံဆိုးတာပါ…။"
"ခန်းခြောက်တော့မယ့် ထိပ်တန်း ဝိညာဉ်ကြောဆိုတာကော ထိပ်တန်း ဝိညာဉ်ကြော မဟုတ်တော့ လို့လား…။"
"အဲဒါကို အဆင့်မြှင့်တဲ့နေရာမှာ သုံးလို့ရတာပဲ မဟုတ်ဘူးလား…။"
[...???]
[တောက်…။ ဒီရွှမ်းမင်ဂိုဏ်းကတော့ တကယ့်ကို သေသင့်တာပဲ…။]
စနစ်က ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း လင်းဖန်မှာမူ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေဆဲပင်။ နောက်ဆုံးတော့ ပစ္စည်းကောင်း ရှိနေပါလျက်နှင့် ဘယ်သူက ပစ္စည်းညံ့ကို သုံးချင်ပါ့မည်လဲ။
*ရွှမ်းမင်ဂိုဏ်းရဲ့ ဒီထိပ်တန်း ဝိညာဉ်ကြောကို မြင့်မြတ်နယ်မြေထဲမှာပဲ လောလောဆယ် သိုလှောင်ထား လိုက်ရုံပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကျုံးကျိုးမှာ နဝမအဆင့် ဂိုဏ်းဆိုတာ ဒီတစ်ဂိုဏ်းတည်းမှ မဟုတ်တာ…။*
ရွှမ်းမင်ဂိုဏ်းက လူတွေကိုတော့ လင်းဖန်က အမြစ်ပြတ်သတ်ဖို့ စိတ်ကူးမရှိပေ။ သူတို့ကို ဒီအတိုင်း သေခိုင်းလိုက်ခြင်းက သူတို့အတွက် သက်သာလွန်းရာ ကျပေလိမ့်မည်။
*သူတို့က ငါ့ရဲ့ ထိပ်တန်း ဝိညာဉ်ကြော တစ်ခုကို ဖြုန်းတီးပစ်ခဲ့တာဆိုတော့ သူတို့ရဲ့ ကျန်ရှိတဲ့ ဘဝသက် တမ်းတွေနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်…။*
ထို့ကြောင့် လင်းဖန်သည် ရွှမ်းမင်ဂိုဏ်းသား အားလုံးကို ကျေးကျွန်ပြုရန် စီစဉ်လိုက်လေသည်။ ထိုသူတို့ အား ကျေးကျွန်များအဖြစ် ပြောင်းလဲပြီး သူတို့၏ အကြွေးများကို တစ်သက်လုံး အလုပ်လုပ်ပြီး ပြန်ဆပ်ခိုင်းရပေမည်။
ဤသို့ ဆုံးဖြတ်ပြီးနောက် လင်းဖန်သည် ရွှမ်းမင်ဂိုဏ်း၏ နောက်ခံအကြောင်းကို ဆက်လက် မေးမြန်း လိုက်လေသည်။
"ရွှမ်းမင်ဂိုဏ်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးနိုင်မယ်လို့ ဘာလို့ ဒီလောက် ယုံကြည်ချက် ရှိနေရတာလဲ….။"
ချန်ဖန်၏ နောက်ထပ် အဖြေက နောက်ထပ် လျှို့ဝှက်ချက်ကြီးတစ်ခုဆီသို့ တိုက်ရိုက် လမ်းညွှန်ပေး ခဲ့လေတော့သည်။
"သခင်ကြီးကို တင်ပြရရင်...၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရွှမ်းမင်ဂိုဏ်းဟာ လျှို့ဝှက်နယ်မြေ တစ်ခု ထဲမှာ အာကာသဆိုင်ရာ ရတနာတစ်ခုကို မထင်မှတ်ဘဲ ရရှိခဲ့ပါတယ်…။"
"ဒီရတနာဟာ အင်မော်တယ်ဘုံက ဖြစ်ပုံရပြီး ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူကာ အင်မော်တယ်စွမ်းအင် တွေအဖြစ် ပြောင်းလဲသိုလှောင်နိုင်စွမ်း ရှိပါတယ်….။"
"ဒါပေမဲ့ ပြောင်းလဲမှုနှုန်းကတော့ အတော်လေး နည်းပါးပါတယ်၊ အင်မော်တယ်စွမ်းအင် တစ်စွန်းတစ်စ ရဖို့အတွက် ဝိညာဉ်စွမ်းအင် အမြောက်အမြား လိုအပ်ပါတယ်…။"
"ရွှမ်းမင်ဂိုဏ်းရဲ့ ထိပ်တန်း ဝိညာဉ်ကြောတွေ ခန်းခြောက်သွားရတဲ့ အကြောင်းရင်းကလည်း ဒီရတနာ ကနေ စုပ်ယူလိုက်လို့ပါပဲ…။"
ဤသည်ကို ကြားလိုက်ရသောအခါ လင်းဖန် အလွန် အံ့ဩသွားရလေသည်။
*ဒီလို ရတနာမျိုးလည်း ရှိသေးတာလား….။ တကယ်လို့ ငါသာ ဒီရတနာကို ရလိုက်ရင် ငါ့ရဲ့ ဝိညာဉ်ကြော ခန်းခြောက်သွားတဲ့ အရှုံးကို ပြန်ကာမိနိုင်တာပေါ့…။*
ချန်ဖန်က ဆက်ပြောပြလေသည်။
"ဒီနှစ်တွေတစ်လျှောက် ပြောင်းလဲမှုတွေကနေတစ်ဆင့် အဲဒီရတနာထဲမှာ အင်မော်တယ်စွမ်းအင်တွေ အများကြီး စုမိနေပါပြီ…။"
"အဲဒါက ဂိုဏ်းရဲ့ ကျဆုံးအင်မော်တယ် ဘိုးဘေးတစ်ယောက်ကို နတ်ဘုရားအဆင့် ရတနာနဲ့အတူ တိုက်ပွဲမှာ အကြာကြီး နေနိုင်အောင် ထောက်ပံ့ပေးဖို့ လုံလောက်ပါတယ်…။"
"ဒီအားသာချက်က အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ကျဆုံးအင်မော်တယ်တွေကို အလွယ်တကူ အချိန်ဆွဲပြီး သတ်နိုင်ပါတယ်…။"
ချန်ဖန်၏ စကားက လင်းဖန်အတွက် သတိပေးချက်တစ်ခု ဖြစ်သွားစေခဲ့ပေသည်။
ကျဆုံးအင်မော်တယ်တွေကို ရင်ဆိုင်ဖို့ သူ ယုံကြည်ချက်ရှိနေတာက သူ့ရဲ့ ခုခံရေးစွမ်းအားနဲ့ သူတို့ကို အချိန်ဆွဲရန်သာ ဖြစ်လေသည်။ အကယ်၍ ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်၌ ယခုလို လျှို့ဝှက် ရတနာ ရှိနေလျင်တော့ ရန်သူကို အချိန်ဆွဲရန်က မလွယ်ကူတော့ပေ။
*ကြည့်ရတာ နည်းလမ်းတစ်ခု စဉ်းစားရတော့မယ်၊ တစ်ဖက်လူကို ငါ့ရဲ့ မြင့်မြတ်နယ်မြေထဲကို မျှား ခေါ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ကိုယ့်နယ်မြေထဲ ရောက်လာမှတော့ ငါကပဲ ဆရာကြီးပေါ့…။*
ရုတ်တရက် လင်းဖန် စိတ်ကူးတစ်ခု ရသွားခဲ့လေသည်။
*သူတို့က လျှို့ဝှက်နယ်မြေထဲကနေ ဒီရတနာကို ရခဲ့တာ မဟုတ်လား…။ ဒါဆို ငါ့ရဲ့ မြင့်မြတ်နယ်မြေကို လျှို့ဝှက်နယ်မြေတစ်ခုအဖြစ် ဟန်ဆောင်ပြီး သူတို့ကို မျှားခေါ်ရုံပေါ့…။*
လျှို့ဝှက်နယ်မြေရဲ့ အရသာကို သိထားတဲ့ ရွှမ်းမင်ဂိုဏ်းဟာ လျှို့ဝှက်နယ်မြေတစ်ခုရဲ့ ဆွဲဆောင်မှုကို ဘယ်လိုမှ တွန်းလှန်နိုင်မည် မဟုတ်ဘဲ ဝင်ရောက် စူးစမ်းကြမည်မှာ သေချာပေသည်။ လင်းဖန်သည် ထျန်းယွမ်တိုက်ကြီးပေါ်ရှိ လျှို့ဝှက်နယ်မြေများ အကြောင်း အချို့ကို သိထားသည်။
ထိုနယ်မြေများသည် များသောအားဖြင့် ဟင်းလင်းပြင်ထဲ၌ ပုန်းကွယ်နေတတ်ကြပြီး ခဏတဖြုတ် ပေါ်လာတတ်ကာ ပြန်ပျောက်ကွယ်သွားတတ်ကြလေသည်။
*တကယ်လို့ ရွှမ်းမင်ဂိုဏ်း အနီးအနားမှာ လျှို့ဝှက်နယ်မြေတစ်ခု ရုတ်တရက် ပေါ်လာအောင် လုပ်နိုင် မယ် ဆိုရင် သူတို့ ဝင်ကြည့်ဖို့ စိတ်အားထက်သန်ကြမှာ အမှန်ပဲ…။*
*ဟင်းလင်းပြင်တံခါးကလည်း လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်နှင့် ဆင်တူတယ်ဆိုပေမယ့် အခုတော့ လူသိရှင်ကြား ဖြစ်သွားပြီဆိုတော့ သူတို့ကို လှည့်စားဖို့တော့ မလွယ်လောက်တော့ဘူး…။*
ကံကောင်းစွာနဲ့ပဲ သူ့မှာ 'ဝါးမြိုခြင်း' လုပ်ဆောင်ချက် ရှိသေးသည်ပင်။
*ဝါးမြိုခြင်း လုပ်ဆောင်ချက်ရဲ့ ဖော်ပြချက်မှာ ပြောထားတာက 'ဟင်းလင်းပြင် သားရဲက သူ့ရဲ့ ကြီးမား လှတဲ့ ပါးစပ်ကြီးကို ဟလိုက်တယ်' ဆိုတာပဲ။ ဒီသားရဲပါးစပ်ကြီးကို တကယ့် လျှို့ဝှက်နယ်မြေ ဝင်ပေါက်တစ်ခုလို ထင်မှတ်မှားသွားအောင် ငါ ဖန်တီးလို့ ရတာပဲ….။*
*ဒါပေမဲ့ ဝါးမြိုခြင်း လုပ်ဆောင်ချက်ကို မသုံးခင်မှာတော့ အကြီးအကျယ် ပေါက်ကွဲမှုကြီးတစ်ခုကို အရင် ဖန်တီးရမယ်။ ဒါမှ ရွှမ်းမင်ဂိုဏ်းသားတွေက ဒီလျှို့ဝှက်နယ်မြေဟာ အကြီးအကျယ် ပေါက်ကွဲမှု ကြောင့် ပေါ်လာတာလို့ ထင်သွားကြမှာပေါ့…။*
*ဒါက သူတို့ဂိုဏ်းထဲမှာ လျှို့ဝှက်နယ်မြေ ပေါ်လာတာကို ကျိုးကြောင်းဆီလျော်စေတဲ့ ရှင်းပြချက် ဖြစ်သွားစေလိမ့်မယ်…။*
ပေါက်ကွဲမှု ဖန်တီးဖို့ဆိုရင်တော့ လင်းဖန်က ကျွမ်းကျင်ပြီးသားပဲ။
*ဆေးမီးဖိုဖောက်ခွဲဆေးလုံးတွေ သန့်စင်ပြီးကတည်းက စမ်းသပ်ဖို့ အခွင့်အရေး မရသေးဘူး။ အခု ရွှမ်းမင်ဂိုဏ်းကိုပဲ စမ်းသပ်ကြည့်ရသေးတာပေါ့။ ပေါက်ကွဲမှု အရှိန်ပိုကောင်းအောင် အဆိပ်ငွေ့တွေပါ ထပ်ပေါင်းထည့်လိုက်မယ်…။*
*ဟမ်….၊ ငါ ချီစုဆောင်းခြင်းဆေးလုံးကိုလည်း ထပ်ပြီး မွမ်းမံလို့ ရသေးတာပဲ၊ ဒါမှ ရွှမ်းမင်ဂိုဏ်းသား တွေက ကိုယ်တိုင် အဆိပ်ငွေ့တွေ ထုတ်လွှတ်နိုင်ကြမှာပေါ့။ ဟုတ်ပြီ... ဒီအတိုင်းပဲ လုပ်မယ်….။*
အစီအစဉ် ဆွဲပြီးနောက် လင်းဖန်သည် ချန်ဖန်တို့ကို ဆက်မေးဖို့ စိတ်မပါတော့ပေ။
"မင်းတို့ သွားပြီး ဒဏ်ရာတွေ ကုလိုက်ကြဦး။ ငါ လိုတဲ့အချိန်ကျမှ ပြန်ခေါ်မယ်…။"
သူတို့ သုံးယောက်အား ညွှန်ကြားပြီးနောက် လင်းဖန်သည် အစီအစဉ်အတွက် လိုအပ်သော ဆေးလုံး များ သန့်စင်ရန်အတွက် ထုတ်လုပ်ရေးစက်ရုံကို တိုက်ရိုက် သွားလိုက်လေတော့သည်။ လင်းဖန်သည် ချီစုဆောင်းခြင်းဆေးလုံး၊ အဆိပ်ငွေ့ဆေးလုံး၊ မြူခိုးဆေးလုံးနှင့် အဆိပ်ဖြေဆေးလုံး လေးမျိုးကို ထုတ်ယူလိုက်လေသည်။
ထိုကုန်ကြမ်းများကို မည်ကဲ့သို့ ပေါင်းစပ်ပြီး သူလိုချင်သော ဘယ်လို ဆေးလုံးမျိုး ရမလဲဆိုသည်ကို သူ စဉ်းစားနေခဲ့သည်။
"ဟုတ်ပြီ... အဲဒီတုန်းက ချီစုဆောင်းခြင်းဆေးလုံးနဲ့ အဆိပ်ဖြေဆေးလုံး ပေါင်းလိုက်တော့ အဆိပ်ငွေ့ ဆေးလုံး ရခဲ့တာပဲ…။"
"တကယ်လို့ အဆိပ်ငွေ့ဆေးလုံးနဲ့ အဆိပ်ဖြေဆေးလုံးကို ထပ်ပြီး သန့်စင်လိုက်ရင် ဘာရမလဲ…။"
"ထားလိုက်ပါတော့... အရင်ဆုံး စမ်းကြည့်တာပေါ့…။"
ပြောပြောဆိုဆိုဖြင့် လင်းဖန် သူ၏ ဆေးသန့်စင်ခြင်း စမ်းသပ်ချက်ကို စတင်လိုက်သည်။ မကြာမီမှာပင် 'ဒင်' ဆိုသည့် အသံနှင့်အတူ ဆေးလုံး သန့်စင်မှု ပြီးဆုံးသွားခဲ့လေသည်။
လင်းဖန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ဆေးမီးဖိုကို ဖွင့်ကြည့်လိုက်သည်။ ဆေးလုံး အလုံး (၅၀) သည် ဆေးမီးဖိုထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့လေသည်။
စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ချက်ကို သုံးပြီး စစ်ဆေးလိုက်သောအခါ လင်းဖန် ချက်ချင်း ပြုံးလိုက်မိ လေသည်။
"ဟားဟား... ဒါက ငါ လိုချင်တဲ့ အာနိသင်အတိုင်းပဲ…။"
"အဆိပ်ဖြေဆေးလုံး ရဲ့ 'ဖြေ' နဲ့ ချီစုဆောင်းခြင်းဆေးလုံး ရဲ့ 'ချီ'ကိုပေါင်းလိုက်တော့ချီသွေဖယ်ဆေးလုံး ဖြစ်သွားတာလား…။ စိတ်ဝင်စားစရာပဲ…။"
[ချီသွေဖယ်ဆေးလုံး (မြည်းတံဆိပ်) - တကယ့်ကို ဒေါသတွေကို ပြေပျောက်စေပါတယ်။
ဖော်ပြချက် - လူတစ်ယောက်မှာ ဖြစ်ပေါ်လာတဲ့ ဒေါသ၊ အငြိုးအတေး၊ မုန်းတီးမှု၊ ယုံကြည်ချက်၊ ဂုဏ်သိက္ခာ၊ သတ္တိ စတဲ့... ဘယ်လို 'ချီ' (စွမ်းအင်) မျိုးကိုမဆို ဖြေဖျောက်ပေးနိုင်ပါတယ်။
အသုံးပြုပုံ - ပစ်ပေါက်လိုက်တာနဲ့ ချက်ချင်း ပေါက်ကွဲသွားပြီး ရှူရှိုက်မိနိုင်တဲ့ အရောင်မဲ့၊ အနံ့မဲ့ ဓာတ်ငွေ့အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။
အာနိသင် - ခန္ဓာကိုယ်ထဲက 'ချီ' တွေ အကုန်လုံးကို အနောက်ဘက်စွန်း (စအိုဝ) ကနေ စွန့်ထုတ်ပစ်ပါ လိမ့်မယ်။]
"ရှူမိတဲ့သူကို တိုက်ရိုက် လေလည်ခိုင်းတာ မဟုတ်ပေမဲ့ အဲဒါနဲ့တော့ အတော်လေး နီးစပ်တယ်ပေါ့…။"
"မင်းက လူသားတစ်ယောက် ဖြစ်နေသရွေ့တော့ မင်းမှာ ဘယ်လို 'ချီ' မျိုးမဆို ရှိနေမှာပဲ၊ အဲဒီတော့ ဒီဆေးလုံးကို မိမှာ သေချာတယ်…။"
"ဒီ ချီသန့်စင်ဆေးလုံးက တကယ့်ကို ထိရောက်တာပဲ၊ နောက်ဆိုရင် အများကြီး ပိုပြီး သန့်စင်ထားရ မယ်…။"
ထိုချီသန့်စင်ဆေးလုံး၏ အစွမ်းမှာ မည်မျှ ခမ်းနားမည်နည်းဆိုသည်ကို လင်းဖန် မြင်ယောင်နေခဲ့ချေပြီ။ ဆေးလုံးတွေ ပေါင်းစပ်လိုက်ခြင်းမှာ တော်တော်လေး ထိရောက်သည်ကို တွေ့လိုက်ရသောကြောင့် လင်းဖန်သည် အခြား ဆေးလုံးတွေကိုပါ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
*မြူခိုးဆေးလုံးနဲ့ အဆိပ်ဖြေဆေးလုံး ပေါင်းရင် ဘာဖြစ်မလဲ…။*
*ချီစုဆောင်းခြင်းဆေးလုံးနဲ့ အဆိပ်ငွေ့ဆေးလုံး ပေါင်းရင်ကော…။*
*ချီစုဆောင်းခြင်းဆေးလုံးနဲ့ မြူခိုးဆေးလုံး ပေါင်းရင်ကော…။*
စဉ်းစားပြီးသည်နှင့် လင်းဖန်သည် တစ်ခုချင်းစီကို စမ်းသပ်ကြည့်လေတော့သည်။ မကြာမီမှာပင် ဆေးလုံးအမျိုးအစားသစ် သုံးမျိုးကို သူ အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။
၎င်းတို့မှာ - မူးယစ်အဆိပ်ဆေးလုံး၊ အဆိပ်စုစည်းဆေးလုံးနှင့် မြူစုစည်းဆေးလုံးတို့ ဖြစ်ကြလေသည်။
ထိုဆေးလုံး သုံးမျိုး၏ အာနိသင်ကိုတော့ လင်းဖန် အတော်လေး စိတ်ပျက်မိလေသည်။ တစ်ခုမှ ထူးထူး ခြားခြား မရှိလှပေ။
မူးယစ်အဆိပ်ဆေးလုံး ကတော့ ပြင်းထန်တဲ့ မေ့ဆေးတစ်မျိုးပါပဲ။ 'မေ့ဆေး' ဆိုတဲ့ စကားလုံးမှာ 'ဆေး' အစား 'အဆိပ်' လို့ အစားထိုးထားတာသည်ကပင် အဘယ်မျှ ပြင်းထန်မလဲဆိုတာ သိသာလှသည်။
'အဆိပ်စုစည်းဆေးလုံး' ကတော့ နာမည်အတိုင်းပဲ အဆိပ်တွေကို တစ်နေရာတည်း စုစည်းပေးနိုင်တဲ့ ဆေးလုံးပါ။ လင်းဖန်ရဲ့ အမြင်မှာတော့ သိပ်ပြီး အသုံးမဝင်လှချေ။
'မြူစုစည်းဆေးလုံး' ကတော့ မြူခိုးများ ဖန်တီးသော နေရာတွင် သုံးခြင်းဖြစ်ပြီး အခုတော့ အသုံးမဝင် တော့သလောက်ပင်။
ထိုဆေးလုံး သုံးမျိုးထဲတွင် 'မူးယစ်အဆိပ်ဆေးလုံး' တစ်ခုသာ အာနိသင် ရှိသည်ဖြစ်သဖြင့် နောက်ပိုင်း သုံးရန်အတွက် အချို့ကို သန့်စင်ထားလိုက်လေသည်။ ကျန် နှစ်မျိုးကိုတော့ နောက်မှ အသုံးလိုမှသာ ကြည့်ရပေတော့မည်။
စိတ်ပျက်သွားသဖြင့် လင်းဖန်သည် သူ၏ သုတေသနကို ခေတ္တရပ်နားလိုက်သည်။ ထို့နောက် အင်မတန် အသုံးဝင်သော 'ချီသွေဖယ်ဆေးလုံး' နှင့် အနည်းငယ် အသုံးဝင်သော 'မူးယစ်အဆိပ်ဆေးလုံး' များကို သာ အာရုံစိုက် သန့်စင်နေလေတော့သည်။
တစ်နေ့လုံး အချိန်ယူပြီးနောက် လင်းဖန်၏ လက်ထဲတွင် ထိုဆေးလုံး နှစ်မျိုးသည် ကြောက်စရာကောင်း လောက်အောင် အမြောက်အမြား စုမိသွားခဲ့ပြီ ဖြစ်၏။
"ဟိဟိဟိ... အားလုံး အဆင်သင့်ဖြစ်ပြီ၊ အခွင့်အရေးကောင်း တစ်ခုပဲ လိုတော့တယ်….။"
"ရွှမ်းမင်ဂိုဏ်း... မင်းတို့ မုန်တိုင်းကို ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား….။"