← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း (၁၈၃) ဒီနေ့တော့ မင်းတို့အားလုံးကို ကြီးကျယ်တဲ့ မီးရှူးမီးပန်း ပြကွက်ကြီးတစ်ခု ပြသပေး မယ်

ဆေးလုံးများ မြေပြင်သို့ ကျရောက်သည်နှင့် တိတ်ဆိတ်စွာ ပေါက်ကွဲသွားပြီး အရောင်မဲ့သော ဓာတ်ငွေ့ အမြောက်အမြားကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်ယံမှ ဆေးလုံးများ မိုးရွာသကဲ့သို့ ကျဆင်းလာသည့် မြင်ကွင်းသည် ရွှမ်းမင်ဂိုဏ်း၏ အဆင့်မြင့် တာဝန်ရှိသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်မှာ သဘာဝပင် ဖြစ်ပေသည်။

သို့သော်လည်း ရွှေကျီးကန်း တိုက်လေယာဉ်သည် ရွှမ်းမင်ဂိုဏ်း၏ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက် လာချိန်မှစ၍ ဆေးလုံးပုလင်းများကို ကြဲချလိုက်သည့် အချိန်အထိ ကြာမြင့်ချိန်မှာ အလွန်တိုတောင်း လှပေသည်။

ထို့ကြောင့် ရွှမ်းမင်ဂိုဏ်း၏ အတိဒုက္ခအဆင့် ကျင့်ကြံသူများက ဤထူးဆန်းသော ဖြစ်ရပ်ကို စုံစမ်းရန် ကောင်းကင်သို့ တက်လှမ်းလာကြသည့် အချိန်တွင်...၊

လင်းဖန်သည် ကောင်းကင်အမြင့်၌ ရပ်တန့်နေခဲ့ပြီ ဖြစ်၏။ ထို့အပြင် လင်းဖန်သည် ရွှမ်းမင်ဂိုဏ်း၏ ကောင်းကင်ယံသို့ ရောက်ရှိသည်နှင့် ကိုယ်ပျောက်လုပ်ဆောင်ချက်ကို ချက်ချင်း အသုံးပြုထားခဲ့လေ သည်။

ထို့ကြောင့် လင်းဖန်က ဦးအောင် တိုက်ခိုက်ခြင်း မပြုသရွေ့တော့...၊

ရွှမ်းမင်ဂိုဏ်း၏ အတိဒုက္ခအဆင့် ကျွမ်းကျင်သူများသည် ရွှေကျီးကန်း တိုက်လေယာဉ် တည်ရှိနေ သည်ကို လုံးဝ သတိမပြုမိခဲ့ကြပေ။

"ဟဲဟဲ... ဒါက တကယ့် ကိုယ်ပျောက် တိုက်လေယာဉ်ပဲ။ စာသားအတိုင်းပဲ တကယ့်ကို မမြင်ရဘူး လေ..."

မည်သည့်မ ထူးခြားမှုမှ မတွေ့ရသဖြင့် ရွှမ်းမင်ဂိုဏ်း၏ အထက်လူကြီးများသည် မြေပြင်သို့ ပြန်ဆင်း သွားရုံမှလွဲ၍ အခြားမရှိတော့ပေ။ သူတို့သည် မိုးရေလို ကျလာသည့် ဆေးလုံးများသည် မည်သည့် အမျိုးအစားလဲဆိုသည်ကို စစ်ဆေးရန် ပြင်ဆင်လိုက်ကြလေသည်။

"ဟင်... ဆေးလုံးတွေ ဘယ်ရောက်ကုန်တာလဲ။ ဘာလို့ အကုန် ပျောက်ကုန်တာလဲ။ မင်းတို့တွေ ခိုးပြီး သိမ်းထားလိုက်ကြတာလား...။"

ဆေးလုံး၏ ပေါက်ကွဲမှုသည် အလွန်သိမ်မွေ့လှသဖြင့် အတိဒုက္ခအဆင့် ကျင့်ကြံသူပင်လျှင် သတိမပြုမိ ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အနီးအနားရှိ ရွှမ်းမင်ဂိုဏ်း တပည့်အချို့မှာ ချီသွေဖယ်ဆေးလုံး မြေပြင်ပေါ်ကျပြီးနောက် ပြောင်းလဲမှုများကို မြင်တွေ့လိုက်ရလေတော့သည်။

"အကြီးအကဲ...၊ အဲဒီဆေးလုံးတွေက မြေပေါ်ကျတာနဲ့ ပေါက်ကွဲပြီး ပျောက်သွားတာပါ။ ကျွန်တော်တို့ ကောက်ဖို့တောင် အချိန်မရလိုက်ပါဘူး...။"

"ဟုတ်ပါတယ်...။ လေထဲကို ပျောက်ကွယ်သွားသလိုမျိုးပဲ၊ ဘာခြေရာလက်ရာမှ မကျန်ခဲ့ပါဘူး...။"

သို့သော်လည်း ဤရွှမ်းမင်ဂိုဏ်း အကြီးအကဲမှာ အနည်းငယ် သံသယဝင်နေဆဲပင် ဖြစ်သည်။

*ဆေးလုံး ဒီလောက်အများကြီးက ဘယ်လိုလုပ်ပြီး လေထဲကို ဒီအတိုင်း ပျောက်ကွယ်သွားနိုင်မှာလဲ…။*

"ဟွန့်... မင်းတို့က ငါ့ကို သုံးနှစ်သားကလေးလို့ ထင်နေတာလား။ ဟောဒီ သိုလှောင်အိတ်တွေကို ထုတ်စမ်း၊ ငါ စစ်ဆေးမယ်...။"

မိမိတို့၏ အကြီးအကဲက သံသယဝင်ခြင်းကို ခံရသဖြင့် ထိုတပည့်များမှာ စိတ်ထဲ၌ မကျေမနပ် ဖြစ်သွား ခဲ့ကြသည်။ သို့သော်လည်း ဤအချိန်တွင် သူတို့အားလုံးသည် ချီသွေဖယ်ဆေးလုံးမှ ထွက်လာသော ဓာတ်ငွေ့များကို ရှူရှိုက်မိထားကြပြီ ဖြစ်၏။

ထို့ကြောင့် မကျေမနပ် ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ဒေါသများကို စတင် စွန့်ထုတ်ကြလေတော့ သည်။

"ပူ... "

ဘယ်တပည့်က စပြီး ဒေါသဖြေလိုက်သည်ကိုတော့ မသိရပေ။ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် အနီးအနားရှိ လူအားလုံး ကြားလိုက်ရသည်။ ရွှမ်းမင်ဂိုဏ်း အကြီးအကဲမှာ ဒေါသထွက်သွားလေသည်။

*ဘုရားရေ... ငါက သိုလှောင်အိတ်တွေကို စစ်ဆေးမယ်လို့ ပြောနေတာကို မကြားကြဘူးလား…။*

*အားလုံးက ဂရုမစိုက်ကြတာ တစ်ပိုင်းပေါ့၊ အခုလို မဖွယ်မရာ အသံတွေ လုပ်နေတာက ဘာသဘော လဲ။ ဒါက ငါ့စကားတွေကို အရာမသွင်းဘူးလို့ ပြောချင်တာလား…။*

"မင်းတို့က ငါ့စကားကို...။"

အကြီးအကဲ စကားမဆုံးမီမှာပင် လေလည်သံများ တညီတညွတ်တည်း ထပ်မံ ထွက်ပေါ်လာပြန်လေ သည်။

"ပူ...ဘူ...ဘူ..."

ချီသွေဖယ်ဆေးလုံး၏ အာနိသင်အောက်တွင် တပည့်အားလုံးသည် သူတို့၏ ဓာတ်ငွေ့များကို စတင် စွန့်ထုတ်နေကြပြီ ဖြစ်၏။ စူးရှလှသော အသံများကြောင့် ရွှမ်းမင်ဂိုဏ်း အကြီးအကဲမှာ မျက်နှာ ပျက်သွားလေသည်။

သူသည် အလွန်အမင်း ဒေါသထွက်ကာ တပည့်များကို သင်ခန်းစာ ပေးရန် ပြင်ဆင်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။

သို့သော်လည်း သူ မြေပြင်သို့ ဆင်းလာသည်မှာ မကြာသေးပေ။ သူကိုယ်တိုင်လည်း အဆိပ်ဖြေဆေးမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များကို အမြောက်အမြား ရှူရှိုက်မိထားပြီးသား ဖြစ်နေသည်။ သူ ဒေါသ ထွက်လိုက်သည်နှင့် ဆေးအာနိသင်က ချက်ချင်း ပြလာလေတော့သည်။

ထို့ကြောင့်...

"ပူ...ဘူ…ဘူ.. ဗြစ်… ဗြစ်…။"

ဤအတိဒုက္ခအဆင့် အကြီးအကဲ၏ လေလည်သံမှာ အခြားလူအားလုံးထက်ပင် ပိုမို လွှမ်းမိုးသွားခဲ့ လေတာ့သည်။ အသံမှာ နားကွဲမတတ် ကျယ်လောင်လှပြီး ရင်ပြင်ရှိ တပည့်များစွာ၏ လေလည်သံ များကို လုံးဝ ဖုံးလွှမ်းသွားစေခဲ့သည်ပင်။

"ဝါး...၊ အကြီးအကဲဆိုတာ တကယ်ပဲ အကြီးအကဲပဲ၊ လေလည်သံတောင် တကယ့်ကို ထူးခြားတာပဲ...။"

"ဟား... အတိဒုက္ခအဆင့် ကျင့်ကြံသူရဲ့ လေလည်သံက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...။"

လင်းဖန်နှင့် အဖွဲ့သားများ ယခုတစ်ခါ ကြဲချလိုက်သော ချီသွေဖယ်ဆေးလုံး ပမာဏမှာ ကြောက်စရာ ကောင်းလှပေသည်။ ထိုမျှ များပြားလှသော ပမာဏဆိုလျှင် လူတိုင်း၏ လေလည်သံမှာ ခဏတဖြုတ် နှင့် ပျောက်ကွယ်သွားမည် မဟုတ်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

ထို့နောက် လူအုပ်ကြီးထဲမှ အဆက်မပြတ် ထွက်ပေါ်လာသော လေလည်သံများကိုသာ ကြားနေရတော့ သည်။

အတိဒုက္ခအဆင့် အကြီးအကဲမှာလည်း တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သတိထားမိသွားသည်။ သူသည် တပည့်များ၏ သိုလှောင်အိတ်ကို စစ်ဆေးရန် ချက်ချင်း မေ့လျော့သွားခဲ့တော့သည်။ သူတို့သည် ဤ ကိစ္စကို တင်ပြရန် အစည်းအဝေးခန်းမသို့ တိုက်ရိုက် ပျံသန်းသွားကြလေသည်။

ယခုအချိန်တွင် ရွှမ်းမင်ဂိုဏ်း၏ တပည့်များအားလုံးသည် ချီသွေဖယ်ဆေးလုံးမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များကို ရှူရှိုက်မိထားကြပြီ ဖြစ်၏။ ချီသွေဖယ်ဆေးလုံး၏ အာနိသင်အောက်တွင် ရွှမ်းမင်ဂိုဏ်း တစ်ခုလုံးသည် နှစ်သစ်ကူးပွဲတော် ကျင်းပနေသကဲ့သို့ ဖြစ်နေပေသည်။ ပေါက်ကွဲသံများနှင့် တဘူဘူ အသံများသည် ဂိုဏ်းတစ်ခုလုံးတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့လေသည်။

မကြာမီမှာပင် ရွှမ်းမင်ဂိုဏ်း တစ်ခုလုံးသည် ထူထပ်လှသော လေလည်ငွေ့ မြူခိုးများအောက်တွင် ဖုံးလွှမ်းသွားခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ အမြင့်၌ ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေသော ရွှေကျီးကန်း တိုက်လေယာဉ်အတွင်း၌...၊

လင်းဖန်သည် ခရီးသည်ခန်းသို့ ရောက်ရှိနေပြီး တပည့်များစွာနှင့်အတူ အောက်မှ ရွှမ်းမင်ဂိုဏ်း၏ မြင်ကွင်းကို ကြည့်ရှုနေခဲ့လေသည်။

ချင်းယွင်တောင်ထိပ်မှ ယန်ယွီက အံ့ဩတကြီးပြောလိုက်လေသည်။

"ဝါး... ဒီမြင်ကွင်းက တကယ့်ကို ရင်းနှီးနေတာပဲ၊ အဲဒီတုန်းက ငါတို့ ကြုံခဲ့ရတဲ့ လေလည်ငွေ့တွေထက် တောင် ပိုပြီး ထူထပ်နေသေးတယ်...။"

ထျန်းဟော်တောင်ထိပ်မှ ရှောင်ယန်ကလည်း

"ကျွန်တော် သိတယ်၊ ကျွန်တော် သိတယ်၊ မြင့်မြတ်သောအရှင်က နောက်ကျရင် မီးတင် ရှို့တော့မှာ သေချာတယ်၊ ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ တကယ့်ကို ရင်းနှီးနေပါပြီ၊ ဟဲဟဲ...။"

အင်မော်တယ်စုံတွဲတောင်ထိပ်မှ တပည့်များမှာမူ ၊

"???"

လင်းဖန်ကမူ ရေရွတ်လိုက်လေသည်။

"တောက်... ငါ တွက်ချက်မှု မှားသွားတယ်၊ ဒီလေလည်ငွေ့တွေက ထူထပ်လွန်းနေတော့ ဘာမှကို မမြင်ရ တော့ဘူး...။"

လင်းဖန်နှင့် အခြားသူများ ပျော်စရာ မြင်ကွင်းကို ကြည့်နေစဉ်မှာပင်...၊

ရွှမ်းမင်ဂိုဏ်းသားများသည်လည်း အလွန် စိတ်ဝင်စားစရာကောင်းသော ဂိုဏ်းအစည်းအဝေးတစ်ခုကို ပြုလုပ်နေကြလေသည်။ လေလည်သံများ ဆူညံနေသည့်ကြားမှပင် အစည်းအဝေးသည် ဆုံးဖြတ်ချက် တစ်ခုကို လျင်မြန်စွာ ချမှတ်နိုင်ခဲ့လေသည်။

"ဘူ... အခုလောလောဆယ် စုံစမ်းစစ်ဆေးတာတွေကို ခဏ ရွှေ့ထားလိုက်ကြစို့၊ အရေးကြီးဆုံးကတော့ ဒီ... ဒီမြူတွေကို ဖယ်ရှားပစ်ဖို့ပဲ...။ ဘူ….။"

"ဘူ...၊ ဟုတ်ပါတယ်၊ ငါတို့အားလုံးရဲ့ မှော်အတတ်တွေကို သုံးပြီး ဒီမြူတွေကို ကောင်းကင်ပေါ် လွှင့် ထုတ်ပစ်ကြစို့...။ဘူ….။"

"ဗြစ်...၊ ဟင်း...၊ ဒါပေမဲ့ ဒီလေလည်တာက မရပ်ဘူး ဖြစ်နေတာ၊ ငါတို့ ဖယ်ရှားတဲ့နှုန်းက ထွက်လာတဲ့ နှုန်းကို မှီမှာ မဟုတ်ဘူး...။ ဘူ...။"

"ဘူ... "

လေလည်ခြင်းက ဘယ်တော့ရပ်မလဲဆိုသည်ကို မသိရသေးသော်လည်း လောလောဆယ်တွင်မူ တစ်ဆင့်ချင်း လုပ်ဆောင်သွားရန်နှင့် သူတို့ရှေ့တွင် စုဝေးနေသော ထူထပ်လှသော လေလည်ငွေ့ တိမ်တိုက်ကြီးကို အရင် ဖယ်ရှားပစ်ရန်သာ တတ်နိုင်ကြလေတော့သည်။

သို့သော်လည်း သူတို့၏ နည်းလမ်းမှာ အကောင်အထည် ဖော်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အတွေ့ အကြုံ ရှိပြီးသားဖြစ်သော လင်းဖန်နှင့် အခြားသူများသည် ဤအချက်ကို ဘယ်လိုလုပ် လွတ်သွားပါ့ မည်တဲ့လဲ။

ချင်းယွင်တောင်ထိပ်မှ လီယွမ်ဖေးက စိုးရိမ်စွာဖြင့်မေးလိုက်လေသည်။

"မြင့်မြတ်သောအရှင်...၊ ကျွန်တော်တို့ အကာအကွယ် ယူထားသင့်လား။ သူတို့တွေ အရင်က ကျွန်တော် တို့ လုပ်ခဲ့သလိုမျိုး မြူတွေကို ကောင်းကင်ပေါ် မှုတ်တင်လိုက်ရင် ဘယ်လိုလုပ်မလဲ...။"

လင်းဖန်သည်လည်း ဤအချက်ကို သတိပြုမိသည်မှာ သဘာဝပင် ဖြစ်သည်။

"ဟဲဟဲ... စိတ်မပူပါနဲ့၊ ငါ သူတို့ကို အဲဒီလို အခွင့်အရေးမျိုး မပေးပါဘူး...။"

"တပည့်တို့...၊ ငါ့အမိန့်ကို နားထောင်ကြစမ်း။ မင်းတို့ဆီက အဆိပ်ငွေ့ဆေးလုံး ပုလင်းတွေကို ထုတ်ပြီး သူတို့ကို အညှာအတာမရှိ ပစ်ကြစမ်း...။"

ညွှန်ကြားချက် ပေးပြီးနောက် လင်းဖန်သည် လေယာဉ်မောင်းခန်းသို့ ပြန်သွားကာ ရွှေကျီးကန်း တိုက်လေယာဉ်ကို ထိန်းချုပ်ပြီး ရွှမ်းမင်ဂိုဏ်းအပေါ်၌ ပတ်ပျံနေလေတော့သည်။ ရွှေကျီးကန်း တိုက်လေယာဉ် လှည့်ပတ်ပျံနေစဉ်မှာပင်...၊

နောက်ထပ် ဆေးလုံးမိုးများ ထပ်မံ ရွာကျလာပြန်လေသည်။ သို့သော်လည်း ဤအဆိပ်ဆေးလုံးများ သည် မြေပြင်သို့ မရောက်မီမှာပင် ပေါက်ကွဲသွားကြပြန်လေသည်။ အဆိပ်ဆေးလုံးမှ ထွက်လာသော ဓာတ်ငွေ့မှာ အစိမ်းရောင် ဖြစ်သဖြင့် ရွှမ်းမင်ဂိုဏ်း၏ ကောင်းကင်တစ်ခုလုံးမှာ အစိမ်းရောင် မြက်ခင်း ပြင်ကြီးကဲ့သို့ ဖြစ်သွားလေတော့သည်။

"ဟားဟား...၊ ဒီနေ့ဟာ ငါတို့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကို တည်ထောင်ပြီးကတည်းက ပထမဆုံး အဖွဲ့လိုက် တိုက်ပွဲပဲ...။"

"ငါတို့ မြင့်မြတ်နယ်မြေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြီးကျယ်တဲ့ မီးရှူးမီးပန်း ပြကွက်ကြီးတစ်ခု ငါ ပြမယ်၊ အားလုံးပဲ သေသေချာချာ ကြည့်ထားကြ...။"

လေယာဉ်မောင်းခန်းမှ လင်းဖန်၏ စကားကို ကြားရသောအခါ...၊​ေ

ခရီးသည်ခန်းထဲက တပည့်များအားလုံး ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။ အထူးသဖြင့် ထျန်းဟော် တောင်ထိပ်မှ တပည့်များသည် လင်းဖန် ဘာလုပ်တော့မည်ဆိုသည်ကို ခန့်မှန်းမိကြသည်။ ထို့နောက် လင်းဖန်သည် ဆေးမီးဖိုဖောက်ခွဲဆေးလုံး အမြောက်အမြားကို ထုတ်ယူလိုက်သည်။

"အနုပညာဆိုတာ ပေါက်ကွဲမှုပဲ...။ ဒီနေ့မှာတော့ မင်းတို့ကို အဆုံးစွန်သော အနုပညာဆိုတာ ဘာလဲဆို တာ ငါ ပြပေးမယ်...။"

လင်းဖန် စကားဆုံးသည်နှင့် သူ၏လက်ထဲမှ ဆေးမီးဖိုဖောက်ခွဲဆေးလုံးများကို အောက်မှ ရွှမ်းမင် ဂိုဏ်းဆီသို့ ပစ်ချလိုက်လေသည်။ ထို့နောက် ဆေးမီးဖိုဖောက်ခွဲဆေးလုံးသည် အောက်မှ မြူထုထဲသို့ ရောက်ရှိသွားသောအခါ လင်းဖန်က ပြတ်သားစွာ အသက်သွင်းလိုက်တော့သည်။

လင်းဖန်သည် ပေါက်ကွဲတော့မည့် ဆေးလုံးကို စိုက်ကြည့်ကာ ၎င်း၏ စွမ်းအားကို စောင့်ကြည့်ရန် ပြင်ဆင်နေစဉ်မှာပင်...၊

ရုတ်တရက် စူးရှလှသော အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ထိုးခွင်းထွက်သွားခဲ့လေသည်။

"ဟာ... ငါ့မျက်လုံးတွေ...။"

ရွှေကျီးကန်း တိုက်လေယာဉ် အတွင်းရှိ လူအားလုံးမှာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အလင်းရောင် ကြောင့် ခဏတာ မျက်စိများ ပြာသွားခဲ့ကြလေသည်။ ထို့နောက် အားလုံးက မျက်လုံးများကို မှိတ်ကာ ပွတ်သပ်နေကြစဉ်မှာပင်...၊

"ဝုန်း..."

ကြီးမားလှသော ပေါက်ကွဲသံကြီး တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

"ဒီ ဆေးမီးဖိုဖောက်ခွဲဆေးလုံးက တကယ်ပဲ အဲဒီလောက်တောင် စွမ်းတာလား...။"

ဆေးမီးဖိုဖောက်ခွဲဆေးလုံး၏ အာနိသင်ကို လင်းဖန် အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိလေသည်။ ထို့နောက် လင်းဖန်သည် တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

"ဟာ... မဟုတ်တော့ဘူး၊ ပြေးကြစို့...။"

ပြောပြောဆိုဆိုဖြင့် သူသည် ရွှေကျီးကန်း တိုက်လေယာဉ်ကို အသက်သွင်းကာ ဝေးရာသို့ အမြန်ဆုံး ပျံသန်းသွားလေတော့သည်။

"ဝုန်း..."

ယခင်ထက် ပိုမိုကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခုသည် ရွှမ်းမင်ဂိုဏ်း၏ ပတ်ဝန်းကျင် တစ်ခု လုံးတွင် ပဲ့တင်ထပ်သွားခဲ့လေတော့သည်။

All Chapters