အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄) ရွှမ်းမင်ဂိုဏ်း ရဲ့ကျဆုံးအင်မော်တယ် မင်းရဲ့ စိတ်ကူးစိတ်သန်းတွေကို အသုံးချလိုက်စမ်း
သူ့နောက်ကွယ်ရှိ ကြီးမားလှသော မီးလုံးကြီးကို ကြည့်ရင်း လင်းဖန်သည် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့ လေသည်။
"ဘုရားရေ...၊ ငါ တကယ်ပဲ အလွဲကြီး လွဲသွားတာလား...။"
"ဒီလောက် ပြင်းထန်တဲ့ စွမ်းအားနဲ့ဆိုရင် ရွှမ်းမင်ဂိုဏ်းက တပည့်တွေ တောင့်ခံနိုင်ပါ့မလား...။"
"ငါ့ရဲ့ ခိုင်းနွားလေးတွေ...၊ ငါ့ရဲ့ အခမဲ့ လုပ်သားလေးတွေ၊ မင်းတို့ တောင့်ခံထားကြစမ်းပါဦးကွာ...။"
တစ်ချိန်တည်းမှာပင် ရွှမ်းမင်ဂိုဏ်းရှိ ပေါက်ကွဲမှုကြီးသည် ထူးဆန်းသော ဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့ လေသည်။ အလွန်ဝေးကွာလှသော အရှေ့ဘက်အရပ်ရှိ ရွှေဓားဂိုဏ်းပင်လျှင် ထိုမြင်ကွင်းကို မြင်တွေ့ လိုက်ကြရပေသည်။
"ဟာ...၊ နေမင်းကြီးက အနောက်ဘက်က ထွက်လာတာလား...။"
"နေပါဦး... အရှေ့ဘက်မှာလည်း နေက ရှိနေသေးတာပဲ မဟုတ်လား...။"
"နေ နှစ်စင်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတာမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"
ထိုစဉ်မှာပင် ရွှေဓားဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူ အများအပြားသည် ကောင်းကင်သို့ ပျံသန်းလာကြ ပြီး ရွှမ်းမင်ဂိုဏ်းရှိရာဘက်သို့ ဇဝေဇဝါဖြင့် ကြည့်နေကြလေသည်။
"ရွှမ်းမင်ဂိုဏ်းက ဘာတွေ လုပ်နေတာလဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဆူညံပွက်လောရိုက်အောင် လုပ်နိုင်ရတာလဲ...။"
"သူတို့ဂိုဏ်းရဲ့ ဝိညာဉ်ကြောကြီး ပေါက်ကွဲသွားတာများလား...။"
"ဟဲဟဲ... သူတို့ရဲ့ ဘိုးဘေးအိုကြီး ပေါက်ကွဲသွားတာဆိုရင်တော့ အကောင်းဆုံးပဲပေါ့...။"
ရွှမ်းမင်ဂိုဏ်း၏ ဘိုးဘေးမှာမူ ပေါက်ကွဲမသွားခဲ့ပေ။ ပေါက်ကွဲမသွားသည့်အပြင် အရေးကြီးသော အချိန်တွင် ဂိုဏ်း၏ တပည့်အများအပြားကိုလည်း အကာအကွယ် ပေးနိုင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင် သူ၏ အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေချေပြီဖြစ်၏။
ဤမျှ ပြင်းထန်လှသော ပေါက်ကွဲမှု ဒဏ်ကို သူ ခုခံခဲ့ရခြင်း ဖြစ်သည်။ သူသည် ကျဆုံးအင်မော်တယ် တစ်ယောက် ဖြစ်သည့်အပြင် ဂိုဏ်း၏ နတ်ဘုရားအဆင့် ရတနာကို အသုံးပြုခဲ့လျှင်ပင်...၊
ယခုအချိန်တွင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျနေခဲ့ လေသည်။ သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး မျက်နှာမှာလည်း ကျောက်မီးသွေးခဲကဲ့သို့ မည်းနက်နေခဲ့သည်။
သူ၏ မျက်နှာမှာ ပေါက်ကွဲမှုဒဏ်ကြောင့် မည်းသွားခြင်းလား သို့မဟုတ် ဒေါသထွက်လွန်း၍ မည်းသွား ခြင်းလား ဆိုသည်ကိုတော့ မသိနိုင်ချေ။
ပေါက်ကွဲမှုဒဏ်ကို ခုခံပြီးနောက် ရွှမ်းမင်ဂိုဏ်း၏ ကျဆုံးအင်မော်တယ် ဘိုးဘေးသည် ဂိုဏ်း၏ အစည်း အဝေးခန်းမသို့ ချက်ချင်း အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့လေသည်။ သူသည် ဂိုဏ်း၏ အဆင့်မြင့် တာဝန်ရှိသူများကို အပြစ်တင် စစ်ဆေးရန် ပြင်ဆင်နေခြင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်သည် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရွှမ်းမင်ဂိုဏ်းသို့ ပြန်လည် ရောက်ရှိ လာပြီး တိုက်ပွဲ၏ ရလဒ်ကို စစ်ဆေးရန် အသင့်ဖြစ်နေခဲ့ပေသည်။ ရွှမ်းမင်ဂိုဏ်း၏ အစွမ်းထက်လှသော ဘိုးဘေးပင်လျှင် ကိုယ်ပျောက် အခြေအနေတွင် ရှိနေသော ရွှေကျီးကန်း တိုက်လေယာဉ်ကို ခဏတာမျှ သတိမပြုမိခဲ့ပေ။
"ဟင်း... ကျဆုံးအင်မော်တယ် တစ်ယောက်ရဲ့ ပုံစံက ဒီလိုမျိုးကိုး...။"
"ကျဆုံးအင်မော်တယ်တွေက အချိန်အတော်များများကို အိပ်စက်ရင်း ကုန်ဆုံးကြတယ်လို့ မဆိုထား ဘူးလား...။"
"ဒီအဘိုးကြီးက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် နိုးလာတာလဲ...။"
သို့သော်လည်း လင်းဖန်သည် ရွှမ်းမင်ဂိုဏ်းသားများ၏ စကားဝိုင်းမှတစ်ဆင့် အကြောင်းရင်းကို မကြာမီ သိရှိသွားခဲ့လေသည်။ အစည်းအဝေးခန်းမ အတွင်း၌ ကျဆုံးအင်မော်တယ် ဘိုးဘေးသည် အဆင့်မြင့် တာဝန်ရှိသူ တစ်စုကို ဒေါသတကြီး ကြိမ်းမောင်းနေခဲ့လေသည်။
"အသုံးမကျတဲ့ လူတစ်စု...၊ အလကားနှောက်ယှက်နေတဲ့ ကောင်တွေ၊ အကျိုးရှိတာ တစ်ခုမှ မလုပ် နိုင်ဘဲ ဒုက္ခပဲ ပေးနေကြတယ်...။"
"တစ်ယောက်ယောက်က ဂိုဏ်းရဲ့ အစီအရင်ကြီးကို ဖျက်ဆီးနေတယ် ဆိုလို့ ငါ နိုးလာတာ၊ ဒါပေမဲ့ နိုးလာတော့ တစ်ယောက်ကိုမှ မတွေ့ရဘူး...။"
"မင်းတို့တွေ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ခိုးကြောင်ခိုးဝှက် သွားတိုက်ကြတယ်၊ သူတို့က ဘာမှ မဖြစ်ဘဲ မင်းတို့ဘက်က အတိဒုက္ခအဆင့် ကျွမ်းကျင်သူ (၃) ယောက် ဆုံးရှုံးခဲ့တယ်...။"
"ဒီနေ့ ဒီလောက် အန္တရာယ်ကြီးတဲ့ ကိစ္စ ဖြစ်နေတာတောင် ငါ့ကို တစ်ခွန်းမှ အသိမပေးကြဘူး...။"
"တကယ်လို့ ငါသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ရင် ဒီနေ့ ရွှမ်းမင်ဂိုဏ်း တစ်ခုလုံး ပြာပုံဖြစ်သွားမှာ သေချာ တယ်...။"
ရွှမ်းမင်ဂိုဏ်း၏ ကျဆုံးအင်မော်တယ် ပြောစကားများကို နားထောင်ရင်း လင်းဖန်သည် သူ နေရာရွှေ့ ပြောင်းနေစဉ် ရွှမ်းမင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့စဉ်က အဖြစ်အပျက်ကို သတိရသွားခဲ့လေသည်။
ဤသူသည် စနစ်က အန္တရာယ်ရှိသည်ဟု သတိပေးခဲ့သော လူဖြစ်ရပေမည်။ သို့သော်လည်း ယခုအခါ သူသည် အတိဒုက္ခအဆင့်သို့ တက်လှမ်းထားပြီးဖြစ်ရာ ဤသူမှာ အန္တရာယ်ကြီးလှသည်တော့ မဟုတ် တော့ပေ။
ရွှမ်းမင်ဂိုဏ်းသားများသည် ကျဆုံးအင်မော်တယ် ဘိုးဘေး၏ ကြိမ်းမောင်းမှုကို နားထောင်ရင်း တစ်ခွန်း မှ မဟရဲဘဲ ရှိနေကြသည်။ သူတို့သည်လည်း တကယ်တော့ အတော်လေး အားငယ်နေကြရလေသည်။
အစကတော့ လေလည်တာပဲ ဆိုပြီး ဘာမှ အန္တရာယ် မရှိဘူး ထင်၍သာ ဘိုးဘေးကို မနှိုးခဲ့ကြခြင်း ပင် ဖြစ်သည်။ သို့ပေမဲ့ ဤမျှလောက်ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထား ပါမည်လဲ။
မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ ရွှမ်းမင်ဂိုဏ်း၏ ကျဆုံးအင်မော်တယ်က ဆက်လက် ဆဲဆိုလေတော့သည်။
"ဘာလဲ... မင်းတို့တွေက ဆွံ့အကုန်ကြတာလား။ လေတောင် မလည်ရဲကြတော့ဘူးလား။ ငါ့ကို တစ်ခုခု ရှင်းပြစမ်းပါဦး...။"
သို့သော်လည်း ရွှမ်းမင်ဂိုဏ်းရှိ ချီသွေဖယ်ဆေးလုံးမှ ထွက်လာသော ဓာတ်ငွေ့များသည် ပေါက်ကွဲမှု အတွင်း ပျောက်ကွယ်သွားခဲ့သော်လည်း ဓာတ်ငွေ့များကို ရှူရှိုက်မိထားသော ရွှမ်းမင်ဂိုဏ်းသားများ၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးအာနိသင်မှာ လုံးဝ မကုန်သေးပေ။
ခဏခဏ လေမလည်တော့လျှင်ပင် ရံဖန်ရံခါတော့ လေလည်နေဆဲပင် ဖြစ်သည်။ ကံဆိုးချင်တော့ ကျဆုံးအင်မော်တယ် ဘိုးဘေးက ထိုစကားများကို ပြောပြီးသည်နှင့် အကြီးအကဲ တစ်ယောက်မှာ မအောင့်နိုင်ဘဲ လေလည်လိုက်မိလေသည်။
"ဘူ... "
၎င်းသည် မျက်နှာ မည်းနေပြီးသားဖြစ်သော ကျဆုံးအင်မော်တယ် ဘိုးဘေးကို ပိုပြီး ဒေါသထွက်သွား စေခဲ့လေသည်။
"ကောင်းပြီ...၊ ကောင်းပြီလေ၊ ဒါက မင်းတို့ရဲ့ ရှင်းပြချက်ပေါ့ ဟုတ်လား...။"
"ရှင်းပြနေတာက ဘာထူးမှာလဲ လို့ ပြောချင်တာလား...။"
"ငါ ပြောလိုက်မယ်...။"
ပြောပြောဆိုဆိုဖြင့် ကျဆုံးအင်မော်တယ် ဘိုးဘေးသည် ထိုအကြီးအကဲကို စတင် ရိုက်နှက်တော့လေ သည်။ သေအောင် မသတ်သော်လည်း ထိုအကြီးအကဲမှာ ဒေါသထွက်နေသော်လည်း တစ်ခွန်းမှ ပြန်မ ပြောရဲဘဲ ငြိမ်ခံနေရပေသည်။ နောက်ဆုံးတွင် ရွှမ်းမင်ဂိုဏ်းချုပ်ကပင် ဦးဆောင်၍ စကားပြောလိုက်ရ လေသည်။
"ဘိုးဘေး... ဒါက အထင်လွဲတာပါ၊ အထင်လွဲတာပါ...။"
"ဒီလေလည်တာက ဘိုးဘေးကို ရည်ရွယ်တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ အဆိပ်မိနေလို့ပါ...။"
"ခုနလေးတင်ပဲ...။"
ရွှမ်းမင်ဂိုဏ်းချုပ်က ရှင်းပြလိုက်သောအခါမှ ကျဆုံးအင်မော်တယ်မှာ ရိုက်နှက်ခြင်းကို ရပ်တန့်လိုက် လေတော့သည်။
"မင်း ပြောချင်တာက...၊ အဲဒီဆေးလုံးတွေက လေထဲမှာ ရုတ်တရက် ပေါ်လာပြီးတော့ ရုတ်တရက်ကြီး ပြန်ပျောက်သွားတယ်လို့ ဆိုလိုတာလား...။"
ရွှမ်းမင်ဂိုဏ်းချုပ်က အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဟုတ်ပါတယ် ဘိုးဘေး...၊ ဒါက အမှန်တရားပါ...။"
ခေတ္တမျှ စဉ်းစားပြီးနောက် ရွှမ်းမင်ဂိုဏ်း၏ ကျဆုံးအင်မော်တယ်သည် စတင် ခန့်မှန်းလေတော့သည်။
"ဘယ်လိုလုပ်ပြီး လေထဲမှာ ရုတ်တရက် ပေါ်လာနိုင်မှာလဲ၊ ဆေးလုံးတွေက ဟင်းလင်းပြင်ထဲကနေ ဒီအတိုင်း ထွက်လာနိုင်လို့လား...။"
"ဟင်းလင်းပြင်ကြောင်လား…၊ လျှို့ဝှက်နယ်မြေ တစ်ခု ပေါ်လာတာကြောင့် ဖြစ်နိုင်မလား….။ အနီး အနားမှာ လျှို့ဝှက်နယ်မြေ တစ်ခု ရှိနေတာလား...။"
ရွှမ်းမင်ဂိုဏ်း၏ ကျဆုံးအင်မော်တယ်၏ ခန့်မှန်းချက်ကို ကြားလိုက်ရသည့်အခါ လင်းဖန်မှာ မှင်တက် သွားခဲ့ရလေသည်။
"တောက်...၊ ငါ အရေးကြီးတဲ့ ကိစ္စကို မေ့လုနီးပါး ဖြစ်သွားတယ်...။"
လင်းဖန်သည် ဤပေါက်ကွဲမှုကို ဖန်တီးခဲ့ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လျှို့ဝှက်နယ်မြေတစ်ခု ပေါ်လာရန်အတွက် အကြောင်းပြချက် ပေးချင်သောကြောင့် ဖြစ်လေသည်။
ထို့နောက် သူသည် ဝါးမြိုခြင်း လုပ်ဆောင်ချက်ကို အသုံးပြု၍ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်အဖြစ် ဟန်ဆောင်လိုက်လျှင် အားလုံးက ယုံကြည်သွားကြမည်ပင် မဟုတ်ပါလား။ သူသည် ပေါက်ကွဲမှု၏ စွမ်းအားကို ကြည့်ပြီး အံ့ဩနေမိသဖြင့် ထိုကိစ္စကို မေ့လုနီးပါး ဖြစ်သွားခဲ့ခြင်းပင်။
"ဟဲဟဲ... ဒီရွှမ်းမင်ဂိုဏ်းရဲ့ ကျဆုံးအင်မော်တယ်က တော်တော်လေး ကောင်းတာပဲ၊ သူကတောင် ငါ့ကို သတိပေးဖို့ သတိရသေးတယ်...။"
"ဒါပေမဲ့ သူက ဘာလို့ လျှို့ဝှက်နယ်မြေလို့ ထင်သွားရတာလဲ...။"
ရွှမ်းမင်ဂိုဏ်းချုပ်မှာလည်း လင်းဖန်ကဲ့သို့ပင် သံသယများ ရှိနေခဲ့သည်။
"ဘိုးဘေး...၊ ဘာလို့ အဲဒီလို ပြောတာလဲ...။"
ထို့နောက် ရွှမ်းမင်ဂိုဏ်း၏ ကျဆုံးအင်မော်တယ်က ဆက်လက် ပြောပြလေသည်။
"ငါတို့ဂိုဏ်းက အဲဒီလျှို့ဝှက်ရတနာကို ဘယ်လို ရခဲ့တယ်ဆိုတာ မင်းတို့ မေ့သွားကြပြီလား...။"
ရွှမ်းမင်ဂိုဏ်းချုပ်က ခဏတာ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ကျွန်တော် သိပါတယ်၊ အဲဒါကို လျှို့ဝှက်နယ်မြေ တစ်ခုထဲကနေ ရခဲ့တာပါ၊ ဒါဆိုရင် အခုကော...။"
ကျဆုံးအင်မော်တယ်က ခေါင်းငြိမ့်လိုက်လေသည်။
"မှန်တယ်... ငါတို့ ရတနာ ရခဲ့တဲ့ လျှို့ဝှက်နယ်မြေ မပေါ်လာခင်တုန်းကလည်း ခုလိုထူးဆန်းတဲ့ မြူတွေ အများကြီး ထွက်ပေါ်ခဲ့ဖူးတယ်၊ အဲဒါက အဆိပ်ငွေ့တွေ၊ ဝိညာဉ်စွမ်းအင်တွေနဲ့ တခြား ဓာတ်ငွေ့တွေ ရောနှောနေတာပဲ...။"
"အဲဒီနောက်မှာ ငါတို့ဂိုဏ်းက ဓာတ်ငွေ့နောက်ကို လိုက်သွားပြီး လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ကို ရှာတွေ့ ခဲ့တာ၊ အဲဒီတုန်းက လျှို့ဝှက်နယ်မြေကို စူးစမ်းခဲ့သူတွေထဲမှာ ငါလည်း တစ်ယောက် အပါအဝင်ပဲ...။"
"ငါတို့က အတော်လေး အရေးကြီးတဲ့ ရတနာကို ရခဲ့တာဆိုတော့ ဒီကိစ္စကို လျှို့ဝှက်ထားခဲ့တာ၊ ဒါကြောင့် မင်းတို့ မသိတာက သဘာဝပါပဲ...။"
ဤသည်ကို ကြားလိုက်ရသည့်အခါ ရွှမ်းမင်ဂိုဏ်းချုပ်က မေးခွန်းတစ်ခု ထုတ်လိုက်လေသည်။
"ဘိုးဘေး... ဒါက မမှန်ဘူးလေ။ ငါတို့ဂိုဏ်းမှာ ပေါ်လာတာက ဆေးလုံးတွေပါ၊ ဓာတ်ငွေ့တွေ မဟုတ်ပါ ဘူး။ ဆေးလုံးတွေက မြေပေါ်ကျပြီးမှ ဓာတ်ငွေ့အဖြစ် ပြောင်းသွားတာပါ...။"
ရွှမ်းမင်ဂိုဏ်းချုပ် စကားအဆုံးတွင် ကျဆုံးအင်မော်တယ်က သူ့ကို စိုက်ကြည့်လိုက်လေသည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
"မင်းက ဘာလို့ ဒီလောက်တောင် ထုံအနေရတာလဲ။ ဒီလောက် ရိုးရှင်းတဲ့ သဘောတရားကိုတောင် နားမလည်ဘူးလား...။"
"ငါတို့က ဓာတ်ငွေ့ကို အရင် တွေ့ခဲ့တာ၊ ပြီးမှ လျှို့ဝှက်နယ်မြေကို တဖြည်းဖြည်း ရှာတွေ့ခဲ့တာလေ...။"
"ဆေးလုံးတွေ အနေနဲ့ကတော့ ငါတို့ မတွေ့ခင်မှာ သူတို့က ဓာတ်ငွေ့အဖြစ် ပြောင်းသွားတာ ဖြစ်နိုင် တာပေါ့...။"
"ဒီနေ့ ပေါ်လာတဲ့ ဆေးလုံးတွေလိုပေါ့၊ တကယ်လို့ သူတို့က ငါတို့ဂိုဏ်းထဲမှာ ပေါ်မလာခဲ့ဘူးဆိုရင် မင်းတို့တွေ ဒါကို ရှာတွေ့နိုင်ပါ့မလား...။"
ဘိုးဘေး၏ ရှင်းပြချက်ကို ကြားရသောအခါ ရွှမ်းမင်ဂိုဏ်းချုပ်က အလျင်အမြန် ခေါင်းငြိမ့်လိုက် တော့လေသည်။
"ဘိုးဘေး ပြောတာ မှန်ပါတယ်၊ ကျွန်တော် တုံးအသွားမိပါတယ်...။"
ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေသော လင်းဖန်မှာမူ သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ဆွံ့အသွား ရလေသည်။ သူက ရွှမ်းမင်ဂိုဏ်းသားတွေကို လှည့်စားဖို့ ခက်လိမ့်မည်ဟု စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။ ရလဒ်အနေဖြင့် သူတို့က သူတို့ဘာသာ စိတ်ကူးယဉ်ပြီး အကြောင်းပြချက်တွေ ရှာဖွေပေးလိုက်ကြ သည်ပင်။
"ဟဲဟဲ...၊ ရွှမ်းမင်ဂိုဏ်းက လူတွေက တကယ်ပဲ စိတ်ကူးယဉ် အားကောင်းကြတာပဲ...။"
သက်ပြင်းချပြီးနောက် လင်းဖန်သည် လှည့်ထွက်လာခဲ့ပြီး လျှို့ဝှက်နယ်မြေအတု ဖန်တီးရန် နေရာ တစ်ခုကို စတင် ရှာဖွေလေတော့သည်။
ရွှမ်းမင်ဂိုဏ်းအတွင်းရှိ အတော်လေး ဝေးလံခေါင်သီသော နေရာတစ်ခုသို့ ရောက်ရှိသောအခါ လင်းဖန် သည် ဝါးမြိုခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေသည်။
"ဝါးမြိုခြင်း လုပ်ဆောင်ချက် စတင်ပါပြီ...။"
"သိပ်ပြီး အကျယ်ကြီး မဖွင့်နဲ့ဦး၊ နည်းနည်းလေးပဲ ဖွင့်လိုက်စမ်း...။"