အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅) သစ်ငုတ်တိုမှာ ယုန်လာတိုးတာကို စောင့်နေခြင်း...
ဝါးမြိုခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပြီးနောက် ထိုနေရာ၌ ကြီးမားလှသော ဟင်းလင်းပြင် တွင်းနက်ကြီး တစ်ခု တိုက်ရိုက် ပေါ်လာလေတော့သည်။ ရှေ့ရှိ တွင်းနက်ကြီးကို ကြည့်ရင်း လင်းဖန်မှာ ဆွံ့အသွားရ၏။
"ဒါက...၊ လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်နဲ့ လုံးဝကို မတူဘူးပဲ...။"
"တော်သေးတာက ရွှမ်းမင်ဂိုဏ်းက လူတွေက သူတို့ဘာသာသူတို့ စိတ်ကူးယဉ်ပြီး အဖြေရှာထားကြ လို့သာပေါ့၊ ဒါကြောင့် သူတို့ သံသယဝင်မှာ မဟုတ်ဘူးလေ...။"
ထို့အပြင် လင်းဖန်သည် ဝါးမြိုခြင်းလုပ်ဆောင်ချက်နှင့် ကိုယ်ပျောက်လုပ်ဆောင်ချက်တို့ကိုလည်း ပေါင်းစပ်အသုံးပြုနိုင်လိမ့်မည်ဟု ခန့်မှန်းမိ၏။ နောက်ဆုံးတွင် ထိုလုပ်ဆောင်ချက် နှစ်ခုစလုံးသည် ဟင်းလင်းပြင်သားရဲတဲမှ ဆင်းသက်လာခြင်း ဖြစ်သည် မဟုတ်ပါလား။
တကယ်လို့ ထိုနှစ်ခုကို ပေါင်းစပ်လိုက်လျှင် ဝါးမြိုခံရသည့် ပစ်မှတ်များသည် လုံးဝကို သတိမပြုမိနိုင်ဘဲ ပျောက်ကွယ်သွားပေလိမ့်မည်သာဖြစ်သည်။
မှန်ပေသည်...။ လောလောဆယ်တွင် ကိုယ်ပျောက်လုပ်ဆောင်ချက်ကို ထပ်ပေါင်းထည့်ရန် မလိုအပ် သေးပေ။ လင်းဖန်အနေဖြင့် ဤတွင်းနက်ကြီးကို အသုံးပြု၍ ရွှမ်းမင်ဂိုဏ်း၏ ထိုကျဆုံးအင်မော်တယ် ကို အထဲသို့ မျှားခေါ်ရန် လိုအပ်နေသေးသည်။
လိုအပ်သော လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လင်းဖန်သည် ရွှမ်းမင်ဂိုဏ်း၌ ဆက်နေရန် မလို အပ်တော့ပေ။ သူသည် ရွှေကျီးကန်း တိုက်လေယာဉ်ကို ချက်ချင်း မောင်းနှင်ကာ တွင်းနက်ကြီးထဲသို့ တိုက်ရိုက် တိုးဝင်လိုက်လေတော့သည်။
ခေတ္တမျှ မှောင်အတိဖြစ်သွားပြီးနောက် ရွှေကျီးကန်း တိုက်လေယာဉ်သည် ဟင်းလင်းပြင်မြင့်မြတ် နယ်မြေ အတွင်း၌ ပြန်ပေါ်လာခဲ့လေသည်။
"ရွှမ်းမင်ဂိုဏ်းကို ဝင်ရောက်တိုက်ခိုက်တဲ့ လုပ်ငန်းစဉ်ကတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီ။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့...။"
လင်းဖန် အမိန့်ပေးလိုက်သည်နှင့် တပည့်များသည်လည်း ရွှေကျီးကန်း တိုက်လေယာဉ်ပေါ်မှ မဆင်းချင် ဆင်းချင်နှင့် ဆင်းသွားကြရလေတော့သည်။
"မြင့်မြတ်သောအရှင်...၊ နောက်တစ်ခါ လုပ်ငန်းစဉ်တွေ သွားရင်လည်း ကျွန်တော်တို့ကို ခေါ်ဖို့ မမေ့ပါနဲ့ ဦးနော်။ ဒီရွှေကျီးကန်း တိုက်လေယာဉ်ကို စီးရတာ တကယ်ကို လန်းလွန်းလို့ပါ...။"
ရွှေကျီးကန်း တိုက်လေယာဉ်ကို မခွဲနိုင် မခွာရက် ဖြစ်နေသော တပည့်များကို ကြည့်ကာ လင်းဖန်က ပြုံး၍ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့...၊ နောင်ကျရင်လည်း ဒီလို အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ။ မင်းတို့တွေ အင်မော် တယ်တိမ်တိုက်ဂိုဏ်းဆီ အရင်သွားပြီး ငါတို့ရဲ့ တောင်ထိပ်သုံးခု နေရာဟောင်းတွေကို သွားရှင်းလင်း ထားလိုက်ကြဦး။ ဘာပဲဖြစ်ဖြစ် ဒီမှာ ဘယ်သူမှ မနေတာ ကြာပြီဆိုတော့ ဖုန်တွေ အများကြီး တက်နေ မှာ သေချာတယ်...။"
တပည့်များကို လွှတ်လိုက်ပြီးနောက် လင်းဖန်သည် ဝါးမြိုခြင်းလုပ်ဆောင်ချက်ဖြင့် ဖန်တီးထားသော တွင်းနက်ကြီး၏ ဘေးတွင် စတင် စောင့်ဆိုင်းနေတော့သည်။ လျှို့ဝှက်နယ်မြေကို စူးစမ်းရန် ရောက်လာ မည့် ရွှမ်းမင်ဂိုဏ်း၏ ရှေ့ပြေးတပ်ဖွဲ့ကို စောင့်ကြိုနေခြင်းပင် ဖြစ်ချေသည်။
ရွှမ်းမင်ဂိုဏ်းကို ထိန်းချုပ်ရန်အတွက် လူတိုင်း ဝင်လာရန် မလိုအပ်ပေ။ သူတို့၏ အဆင့်မြင့် တာဝန်ရှိသူ များကိုသာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။ ထိုမှတစ်ဆင့် ထိုအဆင့်မြင့် အရာရှိများက စိတ်ဝိညာဉ် ထိန်းချုပ်ဆေးလုံး များကို ရွှမ်းမင်ဂိုဏ်း၏ တပည့်များအားလုံးထံ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အစည်းအဝေး ပြီးဆုံးပြီးနောက် ရွှမ်းမင်ဂိုဏ်း၏ ကျဆုံးအင်မော်တယ်သည်လည်း လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို စတင် ရှာဖွေလေတော့သည်။
လင်းဖန်၏ ဝါးမြိုခြင်းလုပ်ဆောင်ချက်ဖြင့် ဖန်တီးထားသော တွင်းနက်ကြီးမှာမှာ အတော်လေး ကြီးမား လှသဖြင့် သူတို့ ရှာဖွေနေသည်မှာ မကြာလိုက်မီမှာပင် တွင်းနက်ကြီးမှာ တည်ရှိရာ နေရာကို ရှာတွေ့ သွားခဲ့လေသည်။
ယခုအချိန်တွင် ရွှမ်းမင်ဂိုဏ်း၏ အဆင့်မြင့် တာဝန်ရှိသူ အများအပြားသည် တွင်းနက်ကြီး၏ ဘေးတွင် စုဝေးနေကြလေသည်။
"ဘိုးဘေး... ဒါက... ဒါက လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်လား။ ကြည့်ရတာ တစ်မျိုးကြီးပဲ...။"
"ဟုတ်တယ်...။ ကျွန်တော်တို့ ကျုံးကျိုးမှာ လျှို့ဝှက်နယ်မြေတွေ အများကြီး ပေါ်ဖူးပေမဲ့ ဝင်ပေါက်က ဒီလိုမျိုး မဟုတ်ပါဘူး...။"
လူအုပ်ကြီး၏ သံသယစကားများကို ကြားရသောအခါ ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
"ဟွန့်...၊ မင်းတို့ ဘာသိလို့လဲ...။"
"လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်က ထူးဆန်းလေလေ...၊ အဲဒီလျှို့ဝှက်နယ်မြေက မရိုးရှင်းဘူးဆိုတာ ပိုပြီး သက်သေပြနေတာပဲ။ အရင်က မင်းတို့ တွေ့ဖူးတဲ့ သာမန် လျှို့ဝှက်နယ်မြေတွေထဲမှာ နတ်ဘုရားအဆင့် ရတနာတွေ ပါဖူးလို့လား...။"
ဤမေးခွန်းကို ကြားလိုက်ရသောအခါ လူတိုင်းက ချက်ချင်း ခေါင်းခါပြကြလေသည်။
"အေး...၊ အဲဒါပဲလေ...။"
"ဒီလျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်က အတော်လေး ထူးခြားနေတာဆိုတော့ အထဲမှာ ရတနာတွေ ရှိနေဖို့ အခွင့်အလမ်းက အတော်လေး မြင့်မားတယ်...။"
ရွှမ်းမင်ဂိုဏ်းသားများသည် ကျဆုံးအင်မော်တယ် ဘိုးဘေး၏ ဖြောင်းဖျမှုကို အောင်မြင်စွာ လက်ခံသွား ကြသည်။ နောက်တစ်ဆင့် အနေဖြင့် လျှို့ဝှက်နယ်မြေအတွင်းသို့ စူးစမ်းရန် ရှေ့ပြေးအဖွဲ့ကို ရွေးချယ်ရ တော့မည် ဖြစ်လေသည်။
"ဘိုးဘေး... ဘိုးဘေးက ဒီလို လျှို့ဝှက်နယ်မြေမျိုးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိတာဆိုတော့ ဘိုးဘေး ပဲ ဒီလျှို့ဝှက်နယ်မြေကို စူးစမ်းဖို့အတွက် ရှေ့ဆောင်လုပ်သင့်ပါတယ်...။"
"လုံးဝ မဖြစ်နိုင်ဘူး...၊ အထဲမှာ ဘာတွေရှိလဲ ငါတို့ မသိသေးဘူးလေ။ ငါတို့ ဘိုးဘေးကို ဒီလို အန္တရာယ် မျိုး ဘယ်လိုလုပ် ခိုင်းရမှာလဲ...။"
"မှန်ပါတယ်...၊ တကယ်လို့ ဘိုးဘေးသာ အထဲမှာ တစ်ခုခု ဖြစ်သွားရင် ငါတို့ ရွှမ်းမင်ဂိုဏ်းတော့ သွားပြီ ပေါ့...။"
"ကျွန်တော့်အမြင်ပြောရရင်တော့ အကြီးအကဲ ဘီမင် ကိုပဲ အထဲကို စူးစမ်းခိုင်းသင့်ပါတယ်။ သူက ဘိုးဘေးပြီးရင် အင်အားအကြီးဆုံး လူပဲလေ..."
"ကျွန်တော် သဘောတူတယ်။ အကြီးအကဲ ဘီမင်က သူ့ရဲ့ ကိုးကြိမ်မြောက် အတိဒုက္ခကို ရင်ဆိုင်ရတော့ မှာ။ တကယ်လို့ ဒီလျှို့ဝှက်နယ်မြေ ခရီးစဉ်မှာ ရတနာတွေ ရခဲ့ရင် သူ့ရဲ့ လုပ်ငန်းစဉ်ကို ပိုပြီး မြန်ဆန်စေ မှာပေါ့...။"
"ဟုတ်တယ်...၊ အဲဒီလိုသာဆိုရင် ငါတို့ ဘိုးဘေးရဲ့ နေရာကို အမြန်ဆုံး ဆက်ခံနိုင်မှာပေါ့...။"
"ဘိုးဘေး...၊ ကျွန်တော် ပြောတာကို စိတ်ထဲ မထားပါနဲ့ဦး။ ဘိုးဘေး ဂိုဏ်းကို ကာကွယ်ပေးလာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ ပင်ပန်းနေမှာစိုးလို့ ပြောလိုက်တာပါ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး...။"
ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်သည် ထိုစကားများကို နားထောင်ရင်း စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်လာခဲ့၏။ သူသည် ရှေ့ပြေးအဖြစ် သွားရန် ကမ်းလှမ်းခံရစဉ်ကလည်း သိပ်ပြီး စိတ်မပါခဲ့ပေ။
သို့သော်လည်း လူတိုင်းက အကြီးအကဲ ဘီမင် အကြောင်းကို ခဏခဏ ပြောနေကြသည်မှာ သူ့ကို အနည်းငယ် မကျေမနပ် ဖြစ်စေသည်ပင်။
*အမြန်ဆုံး ဆက်ခံမယ်ဆိုတာက ဘာသဘောလဲ...။*
အားလုံး သိကြသည့်အတိုင်း ဂိုဏ်းတစ်ခု၏ ကျဆုံးအင်မော်တယ် နေရာကို ဆက်ခံခြင်းဆိုသည်မှာ ယခင်ရှိနေသော ကျဆုံးအင်မော်တယ် သေဆုံးသွားခြင်းကို ဆိုလိုခြင်းသာ ဖြစ်သည်။
*ဒါက ငါ့ကို သေပါစေလို့ ကျိန်ဆဲနေတာလား...။*
ဒါက သာမန် ကျိန်ဆဲတာတင် မဟုတ်ဘဲ သူ့ကို သတ်ရန် တိုက်ရိုက် ကြိုးစားနေခြင်းလည်း ဖြစ်နိုင်သည်။ လက်ရှိတွင် ဂိုဏ်း၏ ဝိညာဉ်ကြောများ ခန်းခြောက်နေပြီး ဂိုဏ်းများအကြား စစ်ပွဲကလည်း ဆက်လက် ဖြစ်ပွားနေသည်။ တကယ်လို့ ဤအချိန်တွင် အင်မော်တယ်အသစ် တစ်ယောက် ပေါ်လာခဲ့လျှင်...၊
ဝါရင့် ကျဆုံးအင်မော်တယ် ဖြစ်သော သူသည် သေချာပေါက် သားကောင် ဖြစ်သွားရပေလိမ့်မည်။ ထို အချိန်ကျလျှင် သူသည် အခြားသော နဝမအဆင့် ဂိုဏ်းများမှ ကျဆုံးအင်မော်တယ်များနှင့် အသေအလဲ တိုက်ခိုက်ရတော့မည် ဖြစ်၏။
ဤသို့ တွေးမိသောအခါ ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်က ချက်ချင်းပင် စကားဖြတ်ပြောလိုက် လေသည်။
"ငါပဲ သွားမယ်...၊ ငါ့မှာ ဒီလို လျှို့ဝှက်နယ်မြေတွေကို စူးစမ်းခဲ့တဲ့ အတွေ့အကြုံ ရှိတယ်...။"
သူက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းက တားဆီးရန် ကြိုးစားကြပြန်လေသည်။
"ဘိုးဘေး...၊ ဒါက မဖြစ်သင့်ဘူးလေ။ တကယ်လို့ တစ်ခုခု...။"
လူတိုင်း စကားမဆုံးမီမှာပင် ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်က သူ၏ အရှိန်အဝါကို ထုတ်လွှတ် လိုက်ပြီး သူတို့ကို ကြိမ်းမောင်းလိုက်လေသည်။
"ဘာလဲ...၊ ငါက မင်းတို့ရဲ့ ဘိုးဘေးပဲ ရှိသေးတယ်၊ မင်းတို့က ငါ့စကားကို နားမထောင်တော့ဘူးလား...။"
အမှန်အတိုင်း ပြောရလျှင် ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်သည် ယခုအချိန်တွင် အတော်လေး စိတ်မသက်မသာ ဖြစ်နေရပေသည်။ သူသည် လူတိုင်း ပြောလိုက်သော စကားများမှ မသက်သာ သေးပေ။
ရွှမ်းမင်ဂိုဏ်း၏ ဘိုးဘေး တစ်ယောက်အနေဖြင့် သူ့မှာ ဂိုဏ်းအတွင်း၌ အတော်လေး ရင်းနှီးသော ဆွေမျိုးသားချင်းဟူ၍ မရှိတော့ချေ။
သူနှင့် ခေတ်ပြိုင်လူများမှာလည်း သေဆုံးကုန်ကြပြီး သို့မဟုတ် အင်မော်တယ်ဘုံသို့ တက်လှမ်းသွား ကြပြီ ဖြစ်သဖြင့် သူသည် တစ်ကိုယ်တည်း ကျန်ရစ်နေခဲ့ခြင်း ဖြစ်လေသည်။
ယခုရှိနေသော ရွှမ်းမင်ဂိုဏ်းသားများမှာ အောက်ခြေတပည့်များအဆင့်မှ တက်လာကြသူများသာ ဖြစ် သည်။ ထို့ကြောင့် သူ့ရှေ့က လူအားလုံးသည် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြပြီး သူနှင့် သူတို့ကြား မှာ အလှမ်းကွာနေသည်ဟု သူ ယုံကြည်နေခဲ့ခြင်းဖြစ်ပေသည်။
သူ၏ အတွေးမှာ အမှန်တကယ် ဖြစ်နိုင်သလို ကာလရှည်ကြာစွာ အိပ်စက်နေရခြင်းကြောင့် သူ၏ စိတ် ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများကြောင့်လည်း ဖြစ်နိုင်ပေသည်။ သူ၏ ကြိမ်းမောင်းသံကို ကြားပြီးနောက် မည်သူမျှ စကားမပြောကြတော့သည်ကို မြင်သောအခါ လူအုပ်ကြီး ငြိမ်သက်သွားကြောင်း သူ သိလိုက် ရသည်။
ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်သည် ချက်ချင်းပင် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တွင်းနက်ကြီး ထဲသို့ ဦးဆောင်၍ ဝင်ရောက်သွားလေတော့သည်။
ထိုကျဆုံးအင်မော်တယ် အထဲသို့ ဝင်သွားပြီးနောက်...၊ တွင်းနက်ကြီး အပြင်ဘက်ရှိ ရွှမ်းမင်ဂိုဏ်းသား များသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြလေသည်။ သူတို့သည် ဘေးနားရှိ လူများနှင့် လက်ဝါးချင်းပင် ရိုက်နေလိုက်ကြသေးသည်။
"ဟဲဟဲ...၊ မင်းတို့အားလုံးက တကယ်ကို သရုပ်ဆောင် ကောင်းကြတာပဲ...။"
"ဒါပေါ့... ငါတို့တွေ အချင်းချင်း သိလာကြတာ ဒီလောက်တောင် ကြာပြီကို၊ မင်း ဘာစားလာလဲဆိုတာ မင်း လေလည်သံကို ကြားတာနဲ့ ငါ သိနိုင်တယ်...။"
"...စီနီယာအစ်ကို ဝမ်၊ ကျေးဇူးပြုပြီး မဟုတ်တာတွေ ပြောမနေပါနဲ့ဦး။ ဒီနေ့ လေလည်ခဲ့တာတွေ မဝ သေးဘူးလား...။"
"တကယ်ပဲ...၊ ငါတို့ ဒီလို လုပ်တာ တကယ်ကော အဆင်ပြေပါ့မလား။ တကယ်လို့ ငါတို့ ဘိုးဘေးက တကယ်ပဲ အထဲမှာ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ...။"
ဤစိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုသူမှာ ဘိုးဘေးကို အန္တရာယ်ထဲ မထည့်ရန် ကန့်ကွက်ခဲ့သော အကြီး အကဲပင် ဖြစ်သည်။ သို့သော်လည်း သူ၏ စကားကို လူအုပ်ကြီးက ချက်ချင်းပင် ပယ်ချလိုက်ကြသည်။
"ဟေ့….။ မင်းရဲ့ စိုးရိမ်မှုတွေက လုံးဝကို မလိုအပ်ပါဘူး။ ဒီထျန်းယွမ်တိုက်ကြီးမှာ ကျဆုံးအင်မော်တယ် ဆိုတာ နတ်ဘုရားတွေလိုပဲလေ။ ကျဆုံးအင်မော်တယ် တစ်ယောက်ကို ခြိမ်းခြောက်နိုင်တာ ဘာရှိမှာ တဲ့လဲ...။"
"ဟုတ်တယ်...၊ ပြီးတော့ သူက နတ်ဘုရားအဆင့် ရတနာကို ကိုင်ဆောင်ထားပြီး အင်မော်တယ်စွမ်းအင် တွေနဲ့ ပြည့်ဝနေတဲ့ ကျဆုံးအင်မော်တယ်ပဲလေ။ တကယ့် အင်မော်တယ်တစ်ယောက် ကမ္ဘာပေါ် ဆင်းမ လာသရွေ့တော့ ဘယ်သူကမှ ငါတို့ ဘိုးဘေးကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး...။"
"တကယ်လို့ ငါတို့ ဘိုးဘေးမှ မသွားရင် ဘယ်သူ သွားမှာလဲ၊ ငါတို့ သွားမလို့လား။ ငါတို့မှာ အန္တရာယ်ကို လျစ်လျူရှုနိုင်တဲ့ အင်အားမှ မရှိတာ...။"
"ဟဲဟဲ...၊ ငါတို့ အဲဒီအဘိုးကြီးကို အနိုင်နိုင် နိုးလာအောင် လုပ်ထားရတာ၊ သူက ဘာမှမလုပ်ဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ။ မဟုတ်ရင် သူ့ကို နိုးရတာက အချိန်ဖြုန်းတာပဲ ဖြစ်သွားမှာပေါ့...။"
နောက်ဆုံးတွင် ဆွေးနွေးမှုများစွာ ပြုလုပ်ပြီးနောက် မည်သူမျှ ထပ်မံ၍ ကန့်ကွက်ခြင်း မပြုကြတော့ ပေ။
တစ်ချိန်တည်းမှာပင် ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်သည် တွင်းနက်ကြီးမှာထဲသို့ ဝင်ရောက်ပြီး နောက် သူ၏ မှော်ရတနာကို ချက်ချင်း ထုတ်ယူကာ သတိရှိစွာဖြင့် ရှိနေခဲ့လေသည်။ သူ၏ မျက်လုံးများ ထဲမှ အလင်းရောင်သည် ရုတ်တရက် တောက်ပလာပြီးနောက် ကျဆုံးအင်မော်တယ်သည် သူ ရောက်ရှိ နေသော နေရာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
"ဒါ... ဒါက... ဝိညာဉ်စွမ်းအားတွေက တကယ်ကို ထူထပ်နေတာပဲ...။"
"ဘုရားရေ...၊ ဒီမှာ ဘာရတနာမှ မရှိရင်တောင်မှ ဒီထူထပ်လှတဲ့ ဝိညာဉ်စွမ်းအားတွေတင် ဂိုဏ်းရဲ့ လျှို့ဝှက်ရတနာကနေ အင်မော်တယ်စွမ်းအင်တွေ အဆက်မပြတ် ပြောင်းလဲပေးဖို့ လုံလောက်နေပြီ ပဲ...။"
"ဟင်….။ ဘာလို့ ဒီလျှို့ဝှက်နယ်မြေထဲမှာ အဆောက်အအုံတွေ ရှိနေတာလဲ...။"
"နေပါဦး...၊ ဒီမှာ လူတွေလည်း ရှိနေပါလား။ ဒါက လျှို့ဝှက်နယ်မြေ မဟုတ်ဘူး...။"
သူ၏ ပထမဆုံး အံ့ဩမှု ပြီးဆုံးသွားပြီးနောက်တွင်မူ ကျဆုံးအင်မော်တယ်သည် တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက်သွားခဲ့လေတော့သည်။