အခန်း ၁၈၈
Vol. 19 Ch. 188
အခန်း (၁၈၈) လင်ရွှီ အင်မော်တယ်အရှင်၏ အင်မော်တယ်စံအိမ် အဆောင်ပြား
“ဝါးမြိုခြင်းလုပ်ဆောင်ချက် အသက်သွင်းလိုက်ပြီ။ ပစ်မှတ် - ဤတောင်တန်းနှင့် ၎င်း၏အောက်ရှိ ဝိညာဉ်ကြောများ...။”
ဝိညာဉ်ကြော၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းရန်အတွက် လင်းဖန်သည် ၎င်း၏အပေါ်ရှိ တောင်တန်းကိုပါ ဝါးမြိုရန် ပစ်မှတ်အဖြစ် ရွေးချယ်လိုက်လေသည်။
ထိုအခါ လင်းဖန်ရှိရာနေရာ၌ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားသော ဟင်းလင်းပြင်တွင်း နက်ကြီး တစ်ခု ချက်ချင်း ပေါ်လာတော့သည်။ တောင်တန်းတစ်ခုလုံးသည်လည်း ပွင့်လင်းမြင်သာသော အကာအကွယ်အမှောင်ထုတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရလေ၏။
လင်းဖန်သည် ကိုယ်ပျောက်လုပ်ဆောင်ချက်ကို ဝါးမြိုခြင်းလုပ်ဆောင်ချက်အတွင်းသို့ ပေါင်းစပ်ထည့် သွင်းလိုက်ပြီးနောက်တွင်မူ...၊
တောင်တန်းတစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လူအများ၏ အမြင်အာရုံမှ ပျောက်ကွယ် သွားတော့လေသည်။ အမှန်စင်စစ် ၎င်းကို မြင့်မြတ်နယ်မြေအတွင်းသို့ တိုက်ရိုက် ဝါးမြိုလိုက်ခြင်း မဟုတ်ဘဲ ကိုယ်ပျောက်စွမ်းရည်ပါဝင်သော ဝါးမြိုခြင်းအကာအကွယ်ဖြင့် ဖုံးကွယ်ထားခြင်းသာ ဖြစ် ၏။
“ဟားဟား... မကြာခင်မှာ ဒီဝိညာဉ်ကြောကြီးတစ်ခုလုံး မြင့်မြတ်နယ်မြေထဲကို အကုန်ရောက်လာ တော့မှာပဲ...။”
“ဒါပေမဲ့ ဝိညာဉ်ကြော မရှိရင်တော့ ရွှမ်းမင်ဂိုဏ်းက အလုပ်သမားတွေရဲ့ ကျင့်ကြံမှုကို ထိခိုက်နိုင်တယ်၊ အဲဒါကြောင့် သူတို့အတွက် ဟင်းလင်းပြင်တံခါးတစ်ခု စီစဉ်ပေးရဦးမယ်...။”
“ဒါမှ သူတို့ ကျင့်ကြံချင်တဲ့အခါ မြင့်မြတ်နယ်မြေထဲကို ဝင်ပြီး ကျင့်ကြံနိုင်မှာပေါ့...။”
“ဟွန့်... သူတို့အတွက်တော့ တော်တော်လေး သက်သာသွားတာပဲ။ ဒီနေ့ကစပြီး ငါ့အတွက် ရိုးရိုးသား သား အလုပ်လုပ်ပေးကြတာ အကောင်းဆုံးပဲ။ ငါ့ရဲ့ မြင့်မြတ်နယ်မြေထဲက ဝိညာဉ်စွမ်းအားတွေကို သုံးခွင့်ရတာကတင် သူတို့အတွက် တန်နေပြီလေ...။”
ဤသို့တွေးတောရင်း လင်းဖန်သည် လျူပိုင်ချွမ်းနှင့်အတူ လိုက်ပါသွားကာ ရွှမ်းမင်ဂိုဏ်း၏ သိုင်းသင်တန်းရင်ပြင်၌ အမြဲတမ်းအသုံးပြုနိုင်မည့် ဟင်းလင်းပြင်တံခါးတစ်ခုကို တပ်ဆင်လိုက်လေသည်။
“ပိုင်ချွမ်း... ရွှမ်းမင်ဂိုဏ်းက တပည့်တွေကို သတိပေးထားလိုက်ဦး။ ဂိုဏ်းအတွင်းမှာရှိတဲ့ ဝိညာဉ်စွမ်း အားတွေက တဖြည်းဖြည်း ခန်းခြောက်သွားတော့မှာ ဖြစ်တဲ့အတွက် သူတို့ ကျင့်ကြံဖို့ ဝိညာဉ်စွမ်းအား လိုအပ်ရင် ဒီဟင်းလင်းပြင်တံခါးထဲကို ဝင်ကြဖို့ပေါ့...။”
ထိုအမိန့်ကို ကြားလိုက်ရသည့်အခါ လျူပိုင်ချွမ်းက အလွန်ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်။ သခင်ကြီးလို စိတ်ရင်းကောင်းတဲ့ သခင်မျိုး ရထားတာ သူတို့အတွက် တော့ တကယ့်ကို ကံကောင်းခြင်းပါပဲခင်ဗျာ...။”
လျူပိုင်ချွမ်း၏ မြှောက်ပင့်စကားကြောင့် လင်းဖန်သည် အတော်လေး စိတ်ကျေနပ်သွားရ၏။
“ဟဲဟဲ... အဲဒါတော့ ဟုတ်တာပေါ့။ ထျန်းယွမ်တိုက်ကြီးတစ်ခုလုံးမှာ ငါ့လောက် စိတ်ရင်းကောင်းတဲ့သူ ရှာတွေ့မှာ မဟုတ်ဘူး...။”
“ဒါနဲ့... ငါ့ကို မင်းတို့ရဲ့ ရွှမ်းမင်မြို့ဆီ ခေါ်သွားစမ်းပါဦး။ အဲဒီမှာလည်း ဟင်းလင်းပြင်တံခါးတစ်ခု သွား ပြီး တပ်ထားရမယ်...။”
“ရွှမ်းမင်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေကို ငါ့အတွက် ဖယ်ထားပေးပြီး နာမည်တွေကိုလည်း ဟင်းလင်းပြင်ဆိုင်တွေလို့ ပြောင်းလိုက်စမ်းပါ...။”
နောက်ပိုင်းကာလများတွင် လင်းဖန်သည် အလွန်အမင်း အလုပ်ရှုပ်နေခဲ့သည်။ ရွှမ်းမင်မြို့ကို စစ်ဆေးပြီး ဆိုင်ခန်းများနှင့် ဟင်းလင်းပြင်တံခါးများကို စီစဉ်ပြီးနောက်တွင်မူ သူသည် မြင့်မြတ်နယ်မြေအတွင်းသို့ ပြန်လာခဲ့တော့သည်။
“ဟေ့ အသုံးမကျတဲ့ စနစ်...။ ဒီအဆောင်ပြားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံး သိချင်ရင် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမလဲ...။”
မြင့်မြတ်နယ်မြေသို့ ပြန်ရောက်သည်နှင့် လင်းဖန်သည် ရွှမ်းမင်ဂိုဏ်းထံမှ ရရှိလာသော အဆောင်ပြားနှင့် တူသည့် လျှို့ဝှက်ရတနာကို ထုတ်ယူကာ စနစ်ထံသို့ သတင်းပို့လိုက်သည်။
[ပိုင်ရှင်ကြီး... တတ်နိုင်မှာ မဟုတ်ဘူး...။]
အချက်အလက် စုံစမ်းခက မြင့်မားလိမ့်မည်ဟု သူ သိထားသော်လည်း ဤအဖြေမျိုးကိုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
“မင်း... ငါ့မှာ အခု ဘယ်လောက်တောင် ကြွယ်ဝမှု ရှိနေပြီလဲဆိုတာ မင်း မသိဘူးလား...။”
“ငါ့မှာ အခု နဝမအဆင့် ဂိုဏ်းတစ်ခုလုံး ရှိနေတာနော်။ ဒီတန်ဖိုးမရှိတဲ့ နာမည်ပြားလေးတစ်ခုရဲ့ အချက် အလက်ကို ငါ မတတ်နိုင်ဘူးတဲ့လား...။”
[ဒီအဆောင်ပြားမှာ ကြီးမားတဲ့ သမိုင်းကြောင်း ရှိနေလို့ပါပိုင်ရှင်၊ ယုံချင်ယုံ မယုံချင်နေပါပိုင်ရှင်...။]
[ဒါပေမဲ့ ဒီအဆောင်ပြားရဲ့ အချက်အလက်တွေကိုတော့ လက်လီရောင်းချပေးလို့ ရပါတယ်ပိုင်ရှင်။ ရှင့်ပေးတဲ့ ပမာဏအပေါ် မူတည်ပြီး အချက်အလက် ဘယ်လောက် သိခွင့်ရမလဲဆိုတာ ကြည့်လို့ ရပါတယ်...။]
စနစ်၏ စကားကြောင့် လင်းဖန်သည် ပိုမို၍ စူးစမ်းလိုစိတ် ပြင်းပြလာခဲ့သည်။
*သူရဲ့ နောက်ခံက ဘာများ ဖြစ်နေလို့ နဝမအဆင့် ဂိုဏ်းတစ်ခုရဲ့ တန်ဖိုးနဲ့တောင် မလဲနိုင်ရတာလဲ...။*
“ကောင်းပြီလေ... စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းဖိုး အချက်အလက် ပေးစမ်း...။”
စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းဟူသော ကိန်းဂဏန်းကို ကြားလိုက်ရသည့်အခါ စနစ်သည် လင်းဖန် က သူ့ကို လိမ်ညာခဲ့သော ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းကို ချက်ချင်း သတိရသွားသည်။
ယခင် အတွေ့အကြုံ နှစ်ကြိမ်ကြောင့် စနစ်သည် ဤတစ်ကြိမ်တွင် လင်းဖန်နှင့် ဈေးဆစ်ရန် စိတ်မကူး တော့ပေ။ စနစ်က ချက်ချင်းပင် သဘောတူလိုက်၏။
[ကောင်းပါပြီ... အရောင်းအဝယ် အတည်ပဲပိုင်ရှင်။ ဒါက စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းတန် အချက်အလက်တွေပါပိုင်ရှင်...။]
ပြောပြောဆိုဆိုဖြင့် စနစ်သည် လင်းဖန်၏ စိတ်ထဲသို့ အချက်အလက်များကို အလျင်အမြန် ပို့လွှတ် လိုက်လေသည်။ လင်းဖန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည့်အလားပင်။
[လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား - ကျဆုံးသွားပြီဖြစ်သော လင်ရွှီ အင်မော်တယ်အရှင်၏ အင်မော်တယ်စံအိမ် အဆောင်ပြား...။]
“ဘာလဲဟ…. ဒါပဲလား...။ နာမည်တစ်ခုနဲ့ ဖော်ပြချက် တစ်ကြောင်းတည်းလား...။”
“ဒါရဲ့ လုပ်ဆောင်ချက်တွေကော…၊ ဘယ်လို သုံးရမလဲကော….၊ မင်းမှာ ရှိတဲ့ အချက်အလက်က ဒီလောက်ပဲလား...။”
[အင်းလေ...၊ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းဆိုတာ ဒီလောက်ပဲ ရမှာပေါ့ပိုင်ရှင်...။]
သူ သိချင်သော အချက်အလက်များကို မရရှိသဖြင့် လင်းဖန်သည် အကြောင်းအရာကို ချက်ချင်းပြောင်း ကာ စိတ်ဝိညာဉ်ကျောက်တုံးများအကြောင်းကို စတင်၍ အကျပ်ကိုင်လေတော့သည်။
“ခဏလေးနေဦး... ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းဖိုး စုံစမ်းမယ်လို့ ဘယ်သူ ပြောလို့လဲ...။”
[ဟာ... ပိုင်ရှင်ကြီး၊ ဒီလို လုပ်လို့ မရဘူးလေ….။ ခုနတင်ပဲ ပိုင်ရှင်ကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူး လား...။]
[ပိုင်ရှင်က ဈေးဆစ်ပြီး ငါ့ နှိပ်စက်ဦးမှာစိုးလို့ ငါက ချက်ချင်း သဘောတူလိုက်တာလေ...။]
[ဘာလဲ... ပိုင်ရှင်က ငါ့ကို မလိမ်နိုင်တော့လို့ အကြွေးကို ပြန်ငြင်းချင်တာလား...။]
စနစ်၏ စိုးရိမ်တကြီး ရှင်းပြချက်ကို နားထောင်ရင်း လင်းဖန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက် သည်မှာ...၊
“ဟဲဟဲ... ငါက ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းလို့ ပြောခဲ့မိလို့လား….။ ငါက စိတ်ဝိညာဉ်ကျောက်တုံး( ၁ ) သိန်းလို့ပဲ ပြောခဲ့တာလေ၊ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံးလို့ မပြော ခဲ့မိပါဘူး...။”
ဤစကားကြောင့် စနစ်မှာ ချက်ချင်းပင် မှင်တက်သွားရတော့၏။
[မဟုတ်ဘူးလေ... အဲဒါတွေက အတူတူပဲ မဟုတ်ဘူးလား...။]
[ပြီးခဲ့တဲ့ အရောင်းအဝယ် နှစ်ကြိမ်တုန်းက (၁) သိန်းဆိုတာ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံးတွေလို့ ငါတို့ သဘောတူခဲ့ကြတာ မဟုတ်ဘူးလား...။]
“မဟုတ်ဘူး... မဟုတ်ဘူး... မင်း အသုံးမကျတဲ့ စနစ်။ မင်း ဒီကမ္ဘာထဲ ရောက်နေတာ ဒီလောက်တောင် ကြာနေပြီကို ဒီလောကရဲ့ စည်းမျဉ်းတွေကို မင်း မသိသေးဘူးလား...။”
“စိတ်ဝိညာဉ်ကျောက်တုံးတွေရဲ့ ပမာဏကို ပြောတဲ့အခါမှာ သတ်သတ်မှတ်မှတ် ယူနစ်ကို မပြောဘူး ဆိုရင်တော့ မူလယူနစ်က အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံးတွေပဲ ဖြစ်ရမယ်လေ...။”
“ဒါကြောင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းဆိုတာ အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းကိုပဲ ဆိုလိုတာပေါ့...။”
“ဒါက ထျန်းယွမ်တိုက်ကြီးပေါ်က လူတိုင်း သိထားတဲ့ စည်းမျဉ်းပဲလေ၊ မင်း မေ့သွားတာလား...။”
“မင်း မယုံရင် တစ်ယောက်ယောက်ကို သွားမေးကြည့်လိုက်လေ...။”
ဤစကားများကို ကြားလိုက်ရသည့်အခါ စနစ်သည် တိတ်ဆိတ်သွားလေတော့သည်။ ဤစည်းမျဉ်း ရှိမ ရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖန် ပြောသည်မှာ မှန်ကန်နေသောကြောင့် ဖြစ်၏။
စနစ်သည် လင်းဖန်ထံမှ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းကို ရယူလိုစိတ် ပြင်းပြနေသဖြင့် ထိုအချက်ကို ခဏတာ မေ့လျော့သွားခဲ့ခြင်းပင်။ ယခုတော့ ကြက်ကို ခိုးဖို့ ကြိုးစားရင်း ဆန်ကိုပါ ဆုံးရှုံး လိုက်ရသည့်အဖြစ်မျိုး ကြုံတွေ့လိုက်ရပြီ ဖြစ်ရာ စနစ်သည် မည်သူ့ကို အပြစ်တင်ရပါ့မည်လဲ။
စနစ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လင်းဖန်က အမြန်ပင် ဖြောင်းဖျလိုက်လေသည်။
“ဟေး... မင်းကလည်း ဝမ်းမနည်းပါနဲ့ဦး၊ မင်း တကယ်တမ်းကျတော့ အရှုံးမပေါ်ပါဘူး...။”
“ဒီလို အချက်အလက် အနည်းငယ်လေးနဲ့တင် အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်း ရလိုက် တာပဲလေ။ ဘာမှ မလုပ်ရဘဲနဲ့ အမြတ်ကြီးစားလိုက်ရတာ မဟုတ်ဘူးလား...။”
[စောက်တလွဲတွေ….၊ ဒါက အချက်အလက် အနည်းငယ်လေးလို့ ပိုင်ရှင် ထင်နေတာလား...။]
ဤအချက်အလက်များက အများကြီးကို ဖော်ပြနေသည် မဟုတ်ပါလား။ ဤသည်ကို ကြားတော့ လင်းဖန်က အားနာသလို ပြုံးလိုက်မိ၏။ အမှန်စင်စစ် ၎င်းမှာ နာမည်တစ်ခုသာ ဖြစ်သော်လည်း ထိုမှတစ်ဆင့် အများကြီး သိရှိနိုင်ပေသည်။
ပထမဆုံး အနေဖြင့် ၎င်းမှာ အင်မော်တယ် တစ်ယောက်၏ စံအိမ် ဖြစ်သည်။ ထိုသူမှာ အင်မော်တယ် အရှင် ဖြစ်သဖြင့် အင်မော်တယ်ဘုံတွင် အတော်လေး အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့် မည်။
ပို၍ အရေးကြီးသည်မှာ ဤလင်ရွှီ အင်မော်တယ်အရှင်မှာ ကျဆုံးသွားပြီ ဖြစ်ခြင်းပင်။ တကယ်လို့ သူ သာ ထိုအဆောင်ပြားကို ရရှိထားလျှင် ထိုအင်မော်တယ်စံအိမ်ကို သူ ဆက်ခံနိုင်မည် မဟုတ်ပါလား။
ထို့အပြင် စံအိမ်တစ်ခု အနေဖြင့် အတွင်း၌ အဖိုးတန် ရတနာများစွာ ကျန်ရှိနေနိုင်သည်မှာလည်း သေချာ လှပေသည်။
“မင်း အသုံးမကျတဲ့ စနစ်...၊ ငါ့ကို ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းဖိုး အချက်အလက် တွေ ထပ်ပေးစမ်းပါဦး...။”
မထင်မှတ်ဘဲ ရရှိလာသော ဆုလာဘ်ကြောင့် စနစ်သည် ယခင်က မကျေနပ်မှုများကို ချက်ချင်းပင် မေ့ပျောက်သွားလေတော့သည်။
[တကယ်ပဲလား... ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းလား…။ ပိုင်ရှင် သေချာလား…။ ဈေးမဆစ်ဘူးနော်…။ စာလုံးအစင်းကြောင်းတွေ မတွက်ဘူးနော်...။]
ယခင်က အလိမ်ခံရဖူးသော အတွေ့အကြုံ သုံးကြိမ်ကြောင့် စနစ်သည် ဤတစ်ကြိမ်တွင် ပိုမို၍ ပါးနပ် လာပြီး အကြိမ်ကြိမ် အတည်ပြုလေတော့သည်။ လင်းဖန်က ပြုံး၍ ပြောလိုက်သည်မှာ...၊
“ဟဲဟဲ... အတည်ပြုပါတယ်၊ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းဖိုး အချက်အလက်တွေ ရှာပေးစမ်းပါ...။”
လင်းဖန်က ပိုက်ဆံအကုန်အကျခံရန် ဆုံးဖြတ်လိုက်ခြင်းမှာ မကြာသေးမီက စနစ်ကို သုံးကြိမ်တိုင်တိုင် လှည့်စားခဲ့မိသဖြင့် အနည်းငယ် အားနာမိသောကြောင့် ဖြစ်သည်။ တစ်ဖက်လူကို သုံးချက်လောက် ရိုက်ပြီးလျှင် အနည်းဆုံးတော့ ဆုလာဘ်လေး တစ်ခုလောက် ပေးသင့်သည် မဟုတ်ပါလား။
[အရောင်းအဝယ် ပြီးဆုံးပါပြီပိုင်ရှင်၊ အချက်အလက်တွေ ခုပဲ ရောက်လာတော့မှာပါ...။]
[လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား - ကျဆုံးသွားပြီဖြစ်သော လင်ရွှီ အင်မော်တယ်အရှင်၏ အင်မော်တယ်စံအိမ် အဆောင်ပြား ဖြစ်သည်။
ဖော်ပြချက် - လင်ရွှီ အင်မော်တယ်အရှင်သည် မကျဆုံးမီတွင် သူ၏ အင်မော်တယ်စံအိမ်မှာ ရန်သူမျာ; ၏ လက်ထဲသို့ မကျရောက်စေရန်အတွက် စံအိမ်ကို ထိန်းချုပ်နိုင်သော အဆောင်ပြားကို ဟင်းလင်းပြင် ထဲသို့ ပို့လွှတ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအဆောင်ပြားသည် ဟင်းလင်းပြင်၏ လှိုင်းလုံးများကြောင့် ထျန်းယွမ်တိုက်ကြီးပေါ်ရှိ လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ မတော်တဆ ရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။]
“ဘုရားရေ... အငမ်းမရနိုင်လိုက်တာ။ ဒီတစ်ခါတော့ တကယ်ကို ရက်ရောတာပဲ၊ စာလုံးတွေ အများကြီး ပေးထားတာပဲ...။”
စနစ်ကို ဆုလာဘ်ပေးရန် ဆုံးဖြတ်ထားသဖြင့် လင်းဖန်သည် သူမ၏ စိတ်ကျေနပ်မှုကို အမြင့်ဆုံး ရောက်အောင် လုပ်ဆောင်ပေးလိုက်လေသည်။
[ဟွန့်…. ဒါပေါ့ပိုင်ရှင်၊ ငါက ပိုင်ရှင့်လို ကပ်စေးမနှဲပါဘူး...။]
“အင်း... ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်း ပေးတဲ့ စာလုံးတွေက အများကြီး ဖြစ်နေပေမဲ့ ငါ့ အတွက်တော့ လုံးဝကို အသုံးမဝင်ဘူး ဖြစ်နေတယ်...။”