← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) ငါ့ကို လာမအော်နဲ့...

အမှန်စင်စစ် လင်းဖန်၏ ဆွေမျိုးကောင်းစားရေး ဝါဒနှင့် အခြားသော အတွေးအခေါ်များသည် အာဏာ တည်ဆောက်ပုံ စနစ်တစ်ခုအတွင်း၌ မသင့်လျော်လှပေ။ သို့သော် လင်းဖန်ကမူ သူလုပ်ချင်ရာကိုသာ စိတ်တိုင်းကျ လုပ်ဆောင်နေခဲ့သည်ပင်။

ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့်မှကြည့်လျှင် ရွှမ်းမင်ဂိုဏ်းမှ ကျင့်ကြံသူများသည် ချင်းယွမ်ဂိုဏ်းသုံးဂိုဏ်းမှ လူများထက် ပို၍ အလားအလာ ရှိသည်ဟုပင် မပြောပါနှင့်။ ထိုသို့ အလားအလာများ ရှိနေသည့်တိုင် လင်းဖန်၏ ကျင့်ကြံမှု အရှိန်အဟုန်ကို သူတို့ အမီလိုက်နိုင်ပါမည်လော။

ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို အသုံးပြု၍ ရွှမ်းမင်ဂိုဏ်း တပည့်များ၏ မြင့်မားပြီးသား အရည် အချင်းကို ထပ်မံ မြှင့်တင်ပေးလျှင်ပင် သူတို့၏ ကျင့်ကြံမှု အရှိန်က မည်မျှအထိ မြန်ဆန်နိုင်မည်နည်း။

သူတို့ အင်မော်တယ် ဖြစ်လာသည့် အချိန်တွင် လင်းဖန်ကိုယ်တိုင်မှာမူ အင်မော်တယ်ဘုံတစ်ခုလုံးကိုပင် သိမ်းပိုက်ပြီးစီးနေလောက်ပြီ ဖြစ်၏။ သို့ဖြစ်ရာ သူတို့၏ အင်အားက လင်းဖန်အတွက် မည်သို့ အထောက်အကူ ဖြစ်နိုင်ပါမည်နည်း။

လင်းဖန်အနေဖြင့် ချင်းယွမ်ဂိုဏ်းသုံးဂိုဏ်းမှ လူများကို ဂရုစိုက်ရခြင်း၏ အကြောင်းရင်းမှာ သူ၏ ကြီး ထွားလာမှုကို သက်သေပြုမည့်သူများအား ရှာဖွေလိုခြင်းကြောင့်သာလျှင် ဖြစ်ချေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုဂိုဏ်းသုံးဂိုဏ်းမှ လူများသည် သူ ချီစုဆောင်းခြင်းအဆင့်၌ ရှိနေစဉ်ကတည်း က အရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့ကြသူများ ဖြစ်သည်။ လင်းဖန် နောင်တစ်ချိန်တွင် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ သူတို့သည် သူ၏ အကောင်းဆုံးသော သမိုင်းသက်သေများ ဖြစ်လာကြပေလိမ့်မည်။

အခြားသော အကြောင်းပြချက် တစ်ခုကို ပြောရမည်ဆိုလျှင်မူ ထိုဂိုဏ်းသုံးခုမှတပည့်များ၏ ကိုယ်ရည် ကိုယ်သွေး များသည် သူ၏ အကြိုက်နှင့် အတန်ငယ် ကိုက်ညီနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

“ကောင်းပြီ... မင်းတို့ အလုပ်တွေ ဆက်လုပ်ကြဦး။ ငါကတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အကြီး အကဲတွေနဲ့ ကိစ္စအချို့ သွားဆွေးနွေးလိုက်ဦးမယ်…။”

ချင်းယွမ်ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းဖန်သည် အင်မော် တယ်တိမ်တိုက်ဂိုဏ်း၏ အစည်းအဝေးခန်းမသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေတော့သည်။

လင်းဖန် ခန်းမဆောင် အဝင်ဝသို့ ရောက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက် လေသည်။

ယနေ့တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အစည်းအဝေးခန်းမ၌ မရင်းနှီးသော အတိဒုက္ခအဆင့် ကျင့်ကြံသူ အများအပြား ရောက်ရှိနေကြသည်။ ထို့အပြင် သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ လူများ မဟုတ်ကြသည်မှာ ထင်ရှားလှပေသည်။

“အို... ဂိုဏ်းချုပ်လီ... ဧည့်သည်တွေ ရောက်နေတာပဲ…။”

ခန်းမဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် လင်းဖန်သည် အဓိက နေရာ၌ ထိုင်နေသော လီချန်းချင်းကို ချက်ချင်း နှုတ်ဆက်လိုက်လေသည်။

“ဟားဟား...၊ မိတ်ဆွေလင်း...၊ မင်းရဲ့ အလုပ်တွေ ပြီးပြီလား။ ကျေးဇူးပြုပြီး ထိုင်ပါဦး…။”

လင်းဖန် မသိသော ထိုလူများသည် သူ ခန်းမထဲသို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဝင်လာသည်ကို မြင် သောအခါ မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ ထို့နောက် မေးခွန်းထုတ်လိုသော လေသံဖြင့် မေးမြန်း လိုက်ကြလေသည်။

“ဂိုဏ်းချုပ်လီ...၊ သည်လူကြီးမင်းက ဘယ်သူပါလဲ…။”

မေးခွန်းမေးနေစဉ်မှာပင် ထိုလူစုသည် လင်းဖန်ထံသို့ စူးစမ်းသော အကြည့်များ ပို့လွှတ်လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် လင်းဖန်ကို မည်သည့် အားနာမှုမှမရှိဘဲ စစ်ဆေးရန် ကြိုးပမ်းလာကြ လေသည်။

လင်းဖန်အနေဖြင့်လည်း တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသဖြင့် သူ၏ အတိဒုက္ခအဆင့် (၁) ကျင့်ကြံ မှုမှာ အထင်အရှား ပေါ်လွင်နေခဲ့ပေသည်။

ဤသို့ ယဉ်ကျေးမှုမရှိသော အပြုအမူကြောင့် လင်းဖန် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့မိလေသည်။ လင်းဖန် ဒေါသတကြီး ဆဲဆိုရန် ပြင်နေစဉ်မှာပင် လီချန်းချင်းက ရုတ်တရက် ကြားဖြတ် ပြောဆိုလာ ခဲ့လေသည်။

“လူကြီးမင်းတို့...၊ ဒီလူကတော့ ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ မဟာမိတ်ပဲ ဖြစ်ပါတယ်။ ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း နယ်မြေထဲမှာ ငါတို့ဂိုဏ်းရဲ့ မဟာမိတ်ကို အခုလို စစ်ဆေးနေတာက နည်းနည်းတော့ ရိုင်းရာကျမနေဘူးလား…။”

လီချန်းချင်း၏ စကားများသည် လင်းဖန်ဘက်မှ ရပ်တည်ပေးနေသော်လည်း လင်းဖန်ကမူ သူ၏ ပြောဆိုပုံမှာ အလွန်အမင်း ယဉ်ကျေးလွန်းနေသည်ဟု ခံစားနေရပေသည်။

“ဟဲဟဲ... ဂိုဏ်းချုပ်လီ...။ မင်းတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အခြေအနေ တော်တော် ဆိုးနေပြီ ထင်တယ်။ ဒီလို နိမ့်ကျတဲ့ ကျင့်ကြံသူကိုတောင် မဟာမိတ်အဖြစ် အားကိုးနေရတယ် ဆိုတော့လေ…။”

“ငါ့အမြင်မှာတော့ ငါတို့ ဂိုဏ်းချုပ်ရဲ့ အကြံပြုချက်ကို လက်ခံလိုက်တာက အကောင်းဆုံးပဲ ဖြစ်လိမ့် မယ်…။”

“ငါတို့က ရွှမ်းမင်ဂိုဏ်းနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို ကြားဝင်စေ့စပ်ပေးမယ်။ မင်းတို့ဘက်က ပေးဆပ်သင့် တဲ့ တန်ဖိုးတစ်ခု ပေးရုံနဲ့တင် ဂိုဏ်းပျက်စီးမယ့် ဘေးကနေ ကင်းဝေးသွားမှာက ပိုမကောင်းချေဘူး လား… ။”

ထိုသူ စကားပြောလိုက်သည်နှင့် လင်းဖန် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ထိုသူတို့သည် အင်မော် တယ်တိမ်တိုက်ဂိုဏ်း၏ ဧည့်သည်များ မဟုတ်ဘဲ အခွင့်ကောင်းယူရန် ရောက်လာသူများသာ ဖြစ်ပုံရ ပေသည်။

အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် ရွှမ်းမင်ဂိုဏ်းကို ယှဉ်နိုင်စွမ်း မရှိသည်ကို သိရှိသဖြင့် ကြားဝင် စေ့စပ်ပေးမည်ဟု အကြောင်းပြကာ ငွေညှစ်ရန် ကြိုးပမ်းနေခြင်းပင် ဖြစ်ချေ သည်။

အကယ်၍ သူတို့သည် လင်းဖန် ရွှမ်းမင်ဂိုဏ်းကို မနှိမ်နင်းမီ ရောက်ရှိလာခဲ့ပါက လင်းဖန်အနေဖြင့် သူတို့တွင် စွမ်းဆောင်နိုင်ရည် ရှိသည်ဟု ယုံကြည်မိကောင်း ယုံကြည်မိပေလိမ့်မည်။ သို့သော် ရွှမ်းမင် ဂိုဏ်း စစ်ပွဲစတင်ရခြင်း၏ အကြောင်းရင်းကို သိရှိပြီးနောက်တွင်မူ ထိုလူများ၌ ပဋိပက္ခကို ရပ်တန့်နိုင် စွမ်း မရှိကြောင်း လင်းဖန် အသေအချာ သိလိုက်သည်။

ရွှမ်းမင်ဂိုဏ်း၏ ဝိညာဉ်ကြောများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသဖြင့် သူတို့သည် အခြား ဝိညာဉ်ကြော တစ်ခုကို သိမ်းပိုက်ရန်သာ ရှိတော့သည်။ ဤသို့သော အခြေအနေမျိုးတွင် သူတို့က မည်သည့်အရာကို အသုံးပြု၍ ကြားဝင်စေ့စပ်ပေးပါမည်နည်း။

ထို့အပြင် လင်းဖန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို သူ၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ မှတ်ယူထားပြီး သား ဖြစ်လေသည်။ သူတို့က အင်မော်တယ်တိမ်တိုက်ဂိုဏ်းထံမှ ငွေညှစ်ရန် ကြိုးစားခြင်းမှာ သူ့ထံမှ ညှစ်ယူခြင်းနှင့် အတူတူပင် မဟုတ်ပါလော။ ဤအချက်ကို သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။

“ဒီလက်ပါးစေက ဘယ်ကနေ ရောက်လာတာလဲ။ မစင်စားထားတာလား...၊ ဘာလို့ ဒီလောက် စကား တွေ အကြီးကြီး ပြောနေတာလဲ…။”

“မင်းတို့က ဒီပဋိပက္ခရဲ့ အရင်းအမြစ်ကိုတောင် သိကြလို့လား...။ ဒါကိုတောင် ကြားဝင်စေ့စပ်ပေးသူ တွေအဖြစ် ဟန်ဆောင်နေကြသေးတယ်…။”

လင်းဖန်၏ စကားသံမှာ အစည်းအဝေးခန်းမတစ်ခုလုံး ဟိန်းထွက်သွားခဲ့ရာ အင်မော်တယ်တိမ်တိုက် ဂိုဏ်းမှ လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာတော့သည်။ မည်သူမည်ဝါမှန်း မသိရသော ထိုလူစုမှာမူ ဒေါသကြောင့် မျက်နှာများ ပြာနှမ်းသွားကြလေတော့သည်။

“မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့...၊ မင်း တော်တော် သေချင်နေပြီ ထင်တယ်…။”

စကားပြောနေရင်းမှာပင် ထိုကျင့်ကြံသူသည် လင်းဖန်ကို တိုက်ခိုက်ရန် ပြင်လိုက်လေသည်။ အဓိက နေရာတွင် ထိုင်နေသော လီချန်းချင်းသည် တစ်ဖက်လူ လှုပ်ရှားလာသည်ကို မြင်သည်နှင့် ချက်ချင်း ထရပ်ကာ လင်းဖန်၏ ရှေ့တွင် ကာကွယ်ရပ်တည်ပေးလိုက်လေသည်။

“မင်းတို့ကမှ တော်တော် ရဲတင်းနေကြတာပဲ…။”

“ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းထဲမှာ လက်ဖျားနဲ့တောင် လာထိရဲတာလား။ မင်းတို့က ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို အနိုင်ကျင့်ရလွယ်တယ်လို့ တကယ်ပဲ ထင်နေကြတာလား…။”

လင်းဖန်ကမူ မည်သည့်စိုးရိမ်မှုမှ မရှိဘဲ တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ တစ်ဖက်လူက သူ့ကို တိုက်ခိုက်လာခဲ့လျှင် သူက ပို၍ပင် ဝမ်းသာမိဦးမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် ကိုယ်ကျင့်တရား အရ အသာစီးရသွားပြီး သူတို့ကို သေအောင် ငွေညှစ်နိုင်လိမ့်မည် မဟုတ်ပါလော။

အကယ်၍ ထိုအချိန်တွင် စိတ်ပျက်နေသော နှလုံးသားကို နှစ်သိမ့်ပေးရန် ထိပ်တန်းအဆင့် ဝိညာဉ်ကြော တစ်ခုသာ မရှိခဲ့လျှင်...၊

သူသည် အင်မော်တယ်ခန္ဓာကိုယ် ပြည့်စုံပြီးသားဖြစ်သော အင်မော်တယ် လျိုပိုင်ချွမ်းကို ခေါ်ဆောင်ကာ ထိုဂိုဏ်းတွင်ပင် အခြေချနေထိုင်ပြီး မည်သို့မှ ထွက်ခွာတော့မည် မဟုတ်ပေ။ အဆုံးစွန်၌ လင်းဖန်သည် အကြောင်းပြချက် မခိုင်လုံဘဲ လုယက်မှုများစွာ ပြုလုပ်ရန် ဆန္ဒမရှိပေ။ သူသည် ငွေကိုလည်း လိုချင်သ လို နာမည်ကောင်းကိုလည်း ရယူလိုသူသာ ဖြစ်လေသည်။

သို့သော် လောလောဆယ်တွင် လီချန်းချင်းက သူ၏ ရှေ့၌ ကာကွယ်ရပ်တည်ပေးနေသည်။ လီချန်းချင်း ၏ ဖိအားပေးမှုအောက်တွင် တစ်ဖက်လူမှာ တဖြည်းဖြည်း အားအင်များ လျော့ကျသွားခဲ့ပေသည်။ သူ တို့သည် အမှန်တကယ် လက်တုံ့ပြန်ရန် မရဲဝံ့ကြသည်မှာ ထင်ရှားလွန်းလှပေသည်။

ပုံစံကြည့်ရသည်မှာ သူကိုယ်တိုင်ပင် မီးလောင်ရာ လေပင့်ပေးရတော့မည် ထင်သည်။

“ငါ့ကို လာမအော်နဲ့…။”

“ငါက မင်းကို ဆဲတော့ ဘာဖြစ်လဲ...၊ မင်းက ငါ့ကို လက်ဖျားနဲ့တောင် ထိရဲလို့လား…။”

“ငါ့ကို လက်ဖျားနဲ့ထိဖို့ မပြောနဲ့...၊ မင်း ငါ့ကို ဆဲရေးတဲ့ စကားတစ်လုံး ပြန်ပြောရဲတာနဲ့တင် မင်းကို အမှုန့်ဖြစ်အောင် ငါထောင်းပစ်မယ်…။”

လင်းဖန်၏ ရန်စသော စကားများသည် တစ်ဖက်လူ ထိန်းချုပ်ထားသော ဒေါသကို ပြန်လည် ပေါက်ကွဲ စေခဲ့သည်ပင်။

“ကောင်လေး...၊ မင်းက ငါ့ကို တကယ်ပဲ မလုပ်ရဲဘူးလို့ ထင်နေတာလား…။”

ထိုစကားကို ကြားသောအခါ လင်းဖန် မျှော်လင့်ချက် ရှိလာသဖြင့် ထပ်မံ မြှောက်ပင့်ပေးလိုက်လေ သည်။

“စမ်းကြည့်လိုက်လေ…။”

“ဒီလိုလက်ပါးစေက သူများ နယ်မြေထဲ လာပြီး မစင်စားပြီး ဟောင်နေတာပဲ…။”

“ရိုက်ချင်ရင် ရိုက်လေ... ရိုက်လိုက်စမ်းပါ…။”

လင်းဖန်၏ ရန်စမှုများကြောင့် တစ်ဖက်လူမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ သူ၏ ဓားပျံကို ချက်ချင်း ထုတ်ယူကာ လင်းဖန်ကို တိုက်ခိုက်လိုက်လေတော့သည်။

အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများ၏ ကာကွယ်မှုအောက်တွင် လင်းဖန်ကို အသေသတ်နိုင်မည် မဟုတ်သော်လည်း သည်စော်ကားမှုကို သူ ဘယ်လိုမှ မျိုမချနိုင်တော့ပေ။

ထို့အပြင် သူက တိုက်ခိုက်လိုက်လျှင်ပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် သူ့ကို သတ်ရဲမည် မဟုတ် ဟု သူ ယုံကြည်နေသည်။ အဆုံး၌ အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် ရွှမ်းမင်ဂိုဏ်းကဲ့သို့ အင်အားကြီး ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင် သူ့ကို သတ်လိုက်ခြင်းသည် အခြားသော အင်အားကြီး ရန်သူသစ်တစ်ဦး ကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။

အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အခြေအနေအရ ထိုသို့သော မိုက်မဲသည့် လုပ်ရပ်မျိုးကို သူတို့ ပြုလုပ် ရဲမည် မဟုတ်ကြောင်း သူ ယုံကြည်ချက် ရှိနေသည့်ပင်။

လင်းဖန်မှာမူ ရန်သူ၏ ဒေါသတကြီး တိုက်ခိုက်မှုကို မြင်သော်လည်း လုံးဝ တည်ငြိမ်လျက်ရှိနေခဲ့သည်။ သူသည် သူ့ရှေ့တွင် ကာကွယ်ပေးထားသော လီချန်းချင်းနှင့် အခြားလူများကို ကျော်ဖြတ်ကာ ဘေး ဘက်သို့ လျင်မြန်စွာ ရွေ့လျားလိုက်သည်။ သူသည် သူ့ထံသို့ ထိုးစိုက်လာသော ဓားပျံကို လျစ်လျူ​ရှု ထားလိုက်လေသည်။

ထို့အစား သူသည် ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီး တစ်ဖက် လူ၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်လေတော့သည်။

လင်းဖန်က ဒဏ်ရာရခြင်းကို ဂရုမစိုက်ဘဲ အပြန်အလှန် တိုက်ခိုက်မည့် နည်းဗျူဟာကို သုံးလိမ့်မည်ဟု မထင်မှတ်ထားကြသဖြင့် လီချန်းချင်းနှင့် အခြားလူများမှာ အချိန်မီ မတားဆီးနိုင်ခဲ့ကြဘဲ ရန်သူ၏ ဓားပျံ လင်းဖန်ထံ ထိုးစိုက်သွားသည်ကိုသာ ကြည့်နေနိုင်ကြတော့သည်။

“ချွမ်…။”

“ဘုန်း…။”

အသံနှစ်မျိုး ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ တစ်ဖက်လူ၏ ဓားပျံ ကျိုးပျက်သွားသံနှင့် လင်းဖန်၏ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော် တစ်ဖက်လူ၏ နဖူးပေါ်သို့ ကျရောက်သွားသံပင် ဖြစ်လေ သည်။

အသံထွက်ပေါ်ရာသို့ ကြည့်လိုက်ကြသောအခါမှ လင်းဖန်၏ ဦးခေါင်းပေါ်တွင် ခရမ်းရွှေရောင် ထီး တစ်လက် ပေါ်နေသည်ကို အားလုံး သတိပြုမိလိုက်ကြသည်။ ရန်သူ၏ ဓားပျံမှာ ခရမ်းရွှေနတ်နဂါးထီး မှ ကျဆင်းလာသော ကာကွယ်ရေး အကာအကွယ်နှင့် ထိတွေ့ပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကြေမွ သွားခဲ့ခြင်း ဖြစ်လေသည်။

တစ်ဖက်လူမှာမူ လင်းဖန်၏ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ဖြင့် အထုခံလိုက်ရသဖြင့် သတိ လစ်ကာ မြေပြင်ပေါ်တွင် လဲကျနေခဲ့ပြီ ဖြစ်ချေ၏။

“ဟဲဟဲ... ဂိုဏ်းချုပ်လီက မင်းကို သတိပေးပြီးသားပဲ။ မင်းကတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ နယ်မြေထဲမှာ တိုက်ခိုက်ရဲသေးတယ်ပေါ့…။”

“အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အပေါ်မှာ မိုးထားတဲ့ ဒီထီးက အလှပြထားတာလို့ မင်း ထင်နေတာ လား…။”

All Chapters