← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃) ငါ့ရဲ့ ကျိုးကြောင်းပြချက်တွေက အရမ်းကို ခိုင်မာလွန်းလို့ ဖြစ်မှာပါ...

လင်းဖန်၏ စကားကြောင့် အခန်းထဲရှိ လူတိုင်းမှာ သူ့ကို ဝေခွဲမရသော အမူအရာများဖြင့် ကြည့်လိုက် ကြလေသည်။ လူတိုင်း၏ မျှော်လင့်တကြီး ဖြစ်နေသော အမူအရာများကို ကြည့်ရင်း လင်းဖန်က ဆက်ပြောလိုက်လေသည်။

“မကြာခင်ကပဲ ငါ ရွှမ်းမင်ဂိုဏ်းကို သွားပြီး သူတို့ရဲ့ ဘိုးဘေးနဲ့ ဂိုဏ်းအကြီးအကဲတွေကို စကားပြောဖြစ် ခဲ့တယ် ...။ ငါ့ရဲ့ ကျိုးကြောင်းဆီလျော်တဲ့ရှင်းပြချက်တွေကို နားထောင်ပြီးတဲ့နောက်မှာ သူတို့တွေက လက်ခံသွားကြတယ်...။”

“အခု ရွှမ်းမင်ဂိုဏ်းက ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေဆီမှာ လက်အောက်ခံအဖြစ် ဝင်ရောက်သွား ပြီ...။”

ထိုစကားကို ကြားသောအခါ လူတိုင်းမှာ မယုံကြည်နိုင်သလို ဖြစ်သွားကြလေသည်။ မည်သို့သော ကျိုးကြောင်းပြချက်မျိုးက အဆင့် (၉) ဂိုဏ်းတစ်ခုကို လက်အောက်ခံဖြစ်အောင် စည်းရုံးနိုင်ပါမည် နည်း။

“မိတ်ဆွေလင်း... မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်...။ ရွှမ်းမင်ဂိုဏ်းဆိုတာ အဆင့် (၉) ဂိုဏ်း တစ်ခုလေ...၊ သူတို့က တခြားအင်အားစုတစ်ခုအောက်ကို အလွယ်တကူ ဘယ်ဝင်ပါ့မလဲ...။”

“ဟုတ်တယ်... ရွှမ်းမင်ဂိုဏ်းဆိုတာ ကျိုးကြောင်းဆင်ခြင်မှု မရှိတဲ့နေရာမှာ နာမည်ကြီးတာ...။ သူတို့ က မိတ်ဆွေလင်းရဲ့ ကျိုးကြောင်းပြချက်တွေကို ဘယ်လိုလုပ်ပြီး လက်ခံသွားတာလဲ...။”

လူတိုင်း၏ အံ့အားသင့်နေသော မျက်နှာများကို ကြည့်ရင်း လင်းဖန်က ခဏတာ စဉ်းစားပြီး ပြန်ဖြေ လိုက်သည်။

“အင်း... ဖြစ်နိုင်တာကတော့ ငါ့ရဲ့ ကျိုးကြောင်းပြချက်တွေက အရမ်းကို ခိုင်မာလွန်းလို့ ဖြစ်မှာပါ...။”

လင်းဖန်၏ ရှင်းပြချက်မှာ လူတိုင်းအတွက် အတိုင်းအတာတစ်ခုအထိ အဓိပ္ပာယ်ရှိနေခဲ့သည်ပင်ဖြစ်၏။ ကျင့်ကြံခြင်းလောကတွင် အင်အားသည်သာ အစစ်မှန်ဆုံးသော ကျိုးကြောင်းပြချက် မဟုတ်ပါလော။

“မိတ်ဆွေလင်း... တကယ်ကို အထင်ကြီးစရာပဲ...။”

“ဂုဏ်ယူပါတယ် မိတ်ဆွေလင်း...။ အဆင့် (၉) ဂိုဏ်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုတော့ မိတ်ဆွေရဲ့ နာမည်က ကျုံးကျိုးတစ်ခွင်မှာ ဟိုးဟိုးကျော်သွားတော့မှာပဲ...။”

“ဟုတ်တယ်... ကျုံးကျိုးမှာ ပဉ္စမမြောက် မြင့်မြတ်နယ်မြေ ပေါ်လာဖို့ သိပ်မကြာတော့ဘူးလို့ ငါ ထင် တယ်...။”

လင်းဖန်၏ ကျိုးကြောင်းပြချက်ကို နားလည်သွားပြီးနောက် လူတိုင်းမှာ သူ့ကို ချက်ချင်းပင် မြှောက်ပင့် ပြောဆိုလာခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ရွှမ်းမင်ဂိုဏ်းသည် သူတို့၏ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ထက်ပင် ပို၍ အင်အားကြီးမားနေသည်ပင်။

လင်းဖန်၏ အစွမ်းဖြင့် ရွှမ်းမင်ဂိုဏ်းကိုပင် လက်အောက်ခံ ဖြစ်စေနိုင်လျှင် သူတို့၏ ဂိုဏ်းကို သိမ်းပိုက် ရန်မှာမူ လင်းဖန်အတွက် အလွန်ပင် လွယ်ကူပေလိမ့်မည်။ ထို့အပြင် ရွှမ်းမင်ဂိုဏ်း၏ အထောက်အကူ နှင့်ဆိုလျှင် သူတို့ကို နှိမ်နင်းရန် လင်းဖန်အနေဖြင့် လက်ဖျားနှင့်ပင် တို့စရာ လိုမည်ပင်မဟုတ်ပေ။

ထိုအခိုက်တွင် သူတို့အားလုံး အနည်းငယ် ထိတ်လန့်သွားကြသည်မှာ အမှန်ပင်ဖြစ်သည်။ လင်းဖန်က အင်မော်တယ်တိမ်တိုက်ဂိုဏ်းကိုပါ သူ၏ လက်အောက်ခံ အင်အားစုအဖြစ် ပြောင်းလဲပစ်မည်ကို သူတို့ စိုးရိမ်နေခဲ့ကြလေသည်။

လင်းဖန်သည် လူတိုင်း၏ မြှောက်ပင့်စကားများကို နားထောင်ရင်း သူတို့၏ စိတ်ထဲတွင် ဘာတွေ တွေး နေကြသည်ကို ချက်ချင်း ရိပ်မိလိုက်လေသည်။

“ဟားဟား... မိတ်ဆွေတို့...၊ ဂုဏ်ယူသင့်တာက ငါ့ကို မဟုတ်ဘူး...။ ရွှမ်းမင်ဂိုဏ်းကိုပဲ ဖြစ်ရမယ်...။”

“ဘာလို့လဲဆိုတော့ သူတို့တွေ ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲ ဝင်လိုက်တာက သူတို့အတွက် အကျိုးအမြတ်တွေ အများကြီး ရှိလို့ပဲ...။”

လူတိုင်း၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာများကို ကြည့်ရင်း လင်းဖန်က ဆက်လက် ရှင်းပြလိုက်သည်။

“မိတ်ဆွေတို့ မသိသေးတာ တစ်ခုရှိတယ်...။ ရွှမ်းမင်ဂိုဏ်းရဲ့ ဝိညာဉ်ကြောတွေက ကုန်ခမ်းလုနီးပါး ဖြစ် နေပြီ...။ ဒါကပဲ သူတို့ ဂိုဏ်းစစ်ပွဲ စတင်ခဲ့ရတဲ့ အဓိက အကြောင်းရင်းပဲ...။”

“ဒါပေမဲ့ ငါ့ရဲ့ မြင့်မြတ်နယ်မြေထဲ ဝင်ပြီးတဲ့နောက်မှာတော့ သူတို့က ငါ့ရဲ့ နယ်မြေထဲမှာ ကျင့်ကြံနေနိုင် ပြီလေ...။ ငါ့ရဲ့ မြင့်မြတ်နယ်မြေဆိုတာ ဘယ်လိုမျိုးလဲ...၊ အဲဒါက ဘယ်လို ထိပ်တန်းအဆင့် ဝိညာဉ် ကြောထက်မဆို အများကြီး သာလွန်တယလေ...။”

ထိုစကားများကို ကြားသောအခါ လင်းဖန်က သူတို့ကို ဝါးမြိုသွားမည်ကို စိုးရိမ်နေသော လူစုမှာ အတွေးကမ္ဘာထဲသို့ နက်နက်ရှိုင်းရှိုင်း ကျသွားကြသည်။ ဟုတ်ပေသည်... ထိုအချက်ကို သူတို့ ဘယ်လို မေ့သွားရပါသနည်း။

လင်းဖန်၏ နယ်မြေအတွင်းရှိ စိတ်ဝိညာဉ်ချီ အာနိသင်ကို သူတို့ ကိုယ်တိုင် မမြင်ဖူးသော်လည်း လျူအန်းရှန်း ပြောပြခဲ့သည်ကို ကြားဖူးပေသည်။

ထိုကဲ့သို့သော ကျင့်ကြံခြင်း ပတ်ဝန်းကျင်မျိုးသည် သူတို့၏ အဆင့် (၉) ဂိုဏ်းထက်ပင် ပို၍ ကောင်းမွန် နေပေသည်။ သည်လိုသာဆိုလျှင် လင်းဖန်၏ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲသို့ ဝင်ရောက်ခြင်းမှာ တကယ်ပင် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

လူတိုင်း၏ စိတ်ဝင်စားသွားသော အမူအရာများကို ကြည့်ရင်း လင်းဖန်က ထပ်မံ၍ ဖြည့်စွက် ပြောဆို လိုက်သည်။

“တပည့်တွေရဲ့ ကျင့်ကြံမှု ပြဿနာကို ဖြေရှင်းပေးရုံတင်မကဘူး...။ သူတို့ဂိုဏ်းရဲ့ ဘိုးဘေး ပြဿနာကို လည်း ငါ ဖြေရှင်းပေးခဲ့သေးတယ်...။”

“ဂိုဏ်းချုပ်လီ...၊ ကျဆုံးအင်မော်တယ် တစ်ယောက် ဖြစ်သွားပြီဆိုရင် အင်မော်တယ်ဘုံကို တက်လှမ်းဖို့ လုံးဝ အခွင့်အရေး မရှိတော့ဘူးလို့ စီနီယာ ပြောခဲ့ဖူးတယ် မဟုတ်လား...။”

ဤမေးခွန်းကို ကြားသောအခါ လီချန်းချင်းမှာ ဇဝေဇဝါဖြင့် ခေါင်းညိတ်လိုက်လေသည်။

“ဟုတ်ပါတယ်...။ ကျဆုံးအင်မော်တယ် ဖြစ်သွားတာက အင်မော်တယ် ဖြစ်မယ့် လမ်းစဉ်ကို ထာဝရ အဆုံးသတ်လိုက်တာပဲ...၊ ဒါက ဘယ်သူမှ မပြောင်းလဲနိုင်တဲ့ အချက်ပဲလေ...။”

လီချန်းချင်း စကားပြောပြီးသည်နှင့် လင်းဖန်က ခေါင်းကိုယမ်းလိုက်လေသည်။

“အဲဒါက အရင်ကပါ...။ အခုတော့ အဲဒီအခြေအနေကို ပြောင်းလဲနိုင်ပြီ...။”

လင်းဖန် စကားမဆုံးမီမှာပင် လီချန်းချင်းမှာ စိတ်လှုပ်ရှားသွားခဲ့လေသည်။

“ဒါ... မိတ်ဆွေလင်း... မင်းဆီမှာ နည်းလမ်း ရှိနေတာလား...။”

လီချန်းချင်းသည်လည်း နောင်တစ်ချိန်တွင် ဂိုဏ်းကို ကာကွယ်ရန်အတွက် ကျဆုံးအင်မော်တယ်အဖြစ် အသွင်ပြောင်းရပေဦးမည်။ သို့ဖြစ်ရာ လင်းဖန်၏ စကားကို ကြားသောအခါ သူ မည်သို့ စိတ်မလှုပ်ရှား ဘဲ နေနိုင်ပါမည်နည်း။

လင်းဖန်က ပြုံးကာ ခေါင်းညိတ်ပြပြီး ပြောလိုက်လေသည်။

“ဟဲဟဲ... ဟုတ်တယ်...။ ငါက အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့ ဆေးလုံးတစ် မျိုးကို သန့်စင်ထားတယ်...။ အဲဒါက ကျဆုံးအင်မော်တယ် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြည့်စုံသွား စေနိုင်တယ်...။”

“အခု ရွှမ်းမင်ဂိုဏ်းက ဘိုးဘေးဟာ ငါ သန့်စင်ထားတဲ့ အင်မော်တယ်ဆေးလုံးကို သောက်ပြီးနောက်မှာ စစ်မှန်တဲ့ အင်မော်တယ် တစ်ဦး ဖြစ်သွားခဲ့ပြီ...။”

“သူက သက်တမ်း ရှည်သွားရုံတင်မကဘူး အင်မော်တယ်ဘုံကို တက်လှမ်းဖို့ အခွင့်အရေးလည်း ရသွားပြီလေ...။”

ထိုစကားများသည် လူတိုင်းကို မိုးကြိုးပစ်လိုက်သလို ဖြစ်သွားစေသည်။ ထိုအခိုက်တွင် ခန်းမဆောင် အတွင်း ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါသွားပြီး အဘိုးအိုတစ်ဦး ပေါ်လာလေသည်။

“မောင်ရင်... မင်းပြောတဲ့ အဲဒီဆေးလုံးမျိုး မင်းဆီမှာ ရှိသေးလား...။”

ရုတ်တရက် ပေါ်လာသော အဘိုးအိုကို မြင်သောအခါ လင်းဖန် အနည်းငယ် အံ့အားသင့်သွားလေသည်။ တစ်ဖက်လူထံမှ ထွက်ပေါ်နေသော ထူးခြားသည့် အရှိန်အဝါနှင့် အိုမင်းနေသော ပုံစံကို ကြည့်ခြင်းအား ဖြင့် သူသည် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ ကျဆုံးအင်မော်တယ် ဘိုးဘေးတစ်ဦး ဖြစ်ရပေမည်။

လီချန်းချင်း၏ ရှင်းပြချက်အရ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့သည်။

“မိတ်ဆွေလင်း...၊ ဒါက ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ဘိုးဘေး... ငါ့ရဲ့ ဆရာ ကျောက်ဝူယာ ပါ...။”

ဆက်ဆံရေး ပိုမို ခိုင်မာစေရန်အတွက် လီချန်းချင်းက ထပ်မံ၍ ဖြည့်စွက် ပြောဆိုလိုက်လေသည်။

“သူက လျူအန်းရှန်းရဲ့ ဆရာတူ ညီလေးရဲ့ ဆရာလည်း ဖြစ်သလို...၊ ယွမ်ဖေးရဲ့ ဂိုဏ်းအဘိုးလို့လည်း ပြောလို့ရပါတယ်...။”

လီချန်းချင်းသည် လင်းဖန်နှင့် ဆက်ဆံရေး အကောင်းဆုံးလူများမှာ လျူအန်းရှန်းတို့အဖွဲ့ ဖြစ်သည်ကို သိရှိထားပေသည်။

လင်းဖန်က ကျဆုံးအင်မော်တယ်များအတွက် အင်မော်တယ်လမ်းစဉ်ကို ဆက်လျှောက်နိုင်စေမည့် နည်းလမ်းရှိကြောင်း သိလိုက်ရသဖြင့် သူသည် လင်းဖန်နှင့် ဆက်ဆံရေးကို ပိုမို နီးကပ်အောင် ချက်ချင်း ကြိုးပမ်းလာခြင်းပင် ဖြစ်သည်။

သူတို့၏ ဘိုးဘေးအတွက်သာမက သူကိုယ်တိုင်၏ အနာဂတ်အတွက်ပါ အင်မော်တယ် ဖြစ်ခွင့်ကို ရယူ လိုသောကြောင့်ပင် ဖြစ်လေသည်။

“အို... စီနီယာ အင်မော်တယ်ကိုး...။ မသိလို့ စော်ကားမိတာရှိရင် ခွင့်လွှတ်ပါ...။”

လင်းဖန်၏ စကားကို ကြားသောအခါ ကျဆုံးအင်မော်တယ်မှာ လက်ကို အမြန်ပင် ယမ်းလိုက်သည်။

“မိတ်ဆွေ... ငါ့ကို အဲဒီလို မခေါ်ပါနဲ့...။ ငါ့နာမည်က ကျောက်ဝူယာပါ...၊ မိတ်ဆွေကျောက် ဒါမှမဟုတ် မိတ်ဆွေဝူယာလို့ပဲ ခေါ်ပါ...။”

လင်းဖန်က မငြင်းဆန်တော့ဘဲ သူ၏ စကားကို ဆက်လက် ပြောဆိုလိုက်လေသည်။

“ကောင်းပြီ... စီနီယာ မေးတဲ့ ဆေးလုံးမျိုးက သန့်စင်ဖို့ တော်တော် ခက်ခဲသလို ကုန်ကြမ်းတွေက လည်း အရမ်းရှားပါးတယ်...။”

“ဒါကြောင့် အဲဒါကို တစ်လုံးပဲ သန့်စင်နိုင်ခဲ့ပြီးတော့ မြင့်မြတ်နယ်မြေကို ဝင်ထားတဲ့ ရွှမ်းမင်ဂိုဏ်းက ကျဆုံးအင်မော်တယ်အတွက် သုံးလိုက်ပြီ...။ ဒါပေမဲ့ နောင်တစ်ချိန်မှာ သန့်စင်နိုင်ဖို့ အခွင့်အရေး ရှိ ကောင်း ရှိနိုင်ပါလိမ့်မယ်...။”

ရှားပါးသည့်အရာသည် ပို၍ တန်ဖိုးရှိသည် မဟုတ်ပါလော။ သို့ဖြစ်ရာ လင်းဖန်သည်လည်း သူ၏ထံ တွင် အင်မော်တယ်ဆေးလုံး အများအပြား ကျန်ရှိနေသေးကြောင်းကို လုံးဝ ပြောမည်မဟုတ်ပေ။

ထို့အပြင် လင်းဖန်သည် ထိုဆေးလုံးများကို အရောင်းအဝယ် ပြုလုပ်ရန် ရည်ရွယ်ချက် မရှိဘဲ သူ၏ မြင့်မြတ်နယ်မြေမှ လူများအတွက်သာ သုံးရန် စီစဉ်ထားခြင်း ဖြစ်သည်။ အင်မော်တယ်တိမ်တိုက် ဂိုဏ်းမှာ သူနှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း သူ၏ လက်အောက်ခံ မဟုတ်သေးပေ။

လင်းဖန်၏ စကားကို ကြားသောအခါ ကျောက်ဝူယာနှင့် အခြားလူများ၏ မျက်နှာတွင် စိတ်ပျက်မှုများ ပေါ်လာခဲ့သည်။ သို့သော် လင်းဖန်ကို ကောင်းကောင်း သိသော လျူအန်းရှန်း၏ နှုတ်ခမ်းထောင့်မှာမူ အနည်းငယ် တုန်ယင်သွားလေသည်။

လင်းဖန်ထံတွင် သည်ဆေးလုံးမျိုး ရှိနေသေးမည်ကို သူ ခန့်မှန်းမိသည်။ သို့သော် လင်းဖန်က ထို ဆေးလုံးကို အလွယ်တကူ ထုတ်ပေးလိမ့်မည် မဟုတ်ကြောင်းလည်း သူ သိရှိထားသည်ပင်။

မည်သို့သော နည်းလမ်းဖြင့် ထုတ်ပေးမည်ကိုလည်း လျူအန်းရှန်း ခန့်မှန်းမိပြီးသား ဖြစ်သည်။

လင်းဖန်က ‘မြင့်မြတ်နယ်မြေကို ဝင်ထားတဲ့ ရွှမ်းမင်ဂိုဏ်းက ကျဆုံးအင်မော်တယ်’ ဟု တမင် သီးသန့် ထည့်ပြောနေခြင်း ဖြစ်သည်။ ‘မြင့်မြတ်နယ်မြေကို ဝင်ထားတဲ့’ ဆိုသည့် စကားလုံးကို ဘာကြောင့် ထည့်ပြောရသည်ကို အခြားလူများ မသိသော်လည်း သူကမူ ကောင်းကောင်း နားလည်နေခဲ့သည်။

သို့သော်လည်း လျူအန်းရှန်း၏ စိတ်ထဲတွင်မူ မြင့်မြတ်နယ်မြေထဲသို့ ဝင်ရောက်ခြင်းမှာ အင်မော်တယ် တိမ်တိုက်ဂိုဏ်းအတွက် အကျိုးကျေးဇူးသာ ရှိပြီး ဆိုးကျိုးမရှိနိုင်ဟု ခံစားနေရသည်။ သို့ဖြစ်ရာ သူက ပင် စကားစကို ပြန်လည် ဆက်ပေးလိုက်သည်။

“အင်း... သည်လို ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ရွှမ်းမင်ဂိုဏ်းဟာ ဟင်းလင်းပြင်မြင့်မြတ် နယ်မြေထဲ ဝင်လိုက်တာက တကယ့်ကို ကြီးမားတဲ့ အကျိုးကျေးဇူးကို ရသွားတာပဲ...။”

လျူအန်းရှန်း၏ စကားကို ကြားသောအခါ လင်းဖန်မှာ စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားခဲ့လေသည် ။ သူက မြင့်မြတ်နယ်မြေထဲ ဝင်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းပြရုံ ရှိသေးသည်ကို ကျောက်ဝူယာ က ကြားဖြတ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ယခု လျူအန်းရှန်းက စကားစပေးလာသဖြင့် သူက ဆက်လက် ပြောဆိုလိုက်လေသည်။

“မဟုတ်ဘူး... မဟုတ်ဘူး.... ရွှမ်းမင်ဂိုဏ်း ဝင်လိုက်လို့ ရတဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက အခု ငါပြောခဲ့တာတွေ မဟုတ်သေးဘူး...။”

“အကြီးမားဆုံးသော အကျိုးကျေးဇူးကတော့ အနာဂတ်မှာ ရှိနေတာပါ...။”

All Chapters