အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခြင်း
အားလုံး၏ သိချင်စိတ်ကို လှုံ့ဆော်ပြီးနောက် လင်းဖန်က ဆက်လက်၍ ပြောလိုက်လေသည်။
“မိတ်ဆွေတို့ မသိသေးတာက ငါ့ရဲ့ မြင့်မြတ်နယ်မြေ နယ်ပယ်ဟာ ငါနဲ့အတူ အဆင့်မြင့်တက်သွားမှာ ဖြစ်ပါတယ်…။”
“ငါသာ အင်မော်တယ်ဘုံကို တက်လှမ်းသွားပြီဆိုရင် အဲဒီ မြင့်မြတ်နယ်မြေထဲက ပတ်ဝန်းကျင်ဟာ လည်း အင်မော်တယ်ဘုံရဲ့ ပတ်ဝန်းကျင်လိုမျိုး ဖြစ်သွားမှာပါ...။”
“ဆိုလိုတာက မြင့်မြတ်နယ်မြေရဲ့ အဖွဲ့ဝင်တွေအားလုံးဟာ အင်မော်တယ်ဘုံကို မရောက်ခင်ကတည်းက အင်မော်တယ်ဘုံရဲ့ ပတ်ဝန်းကျင်ကို ကြိုတင်ခံစားနိုင်မယ်ဆိုတဲ့ သဘောပေါ့...။ ဒီလိုအကျိုးကျေးဇူးနဲ့ ယှဉ်ရင် ငါ အစောကပြောခဲ့တဲ့ အရာတွေက အတန်ငယ် သေးသေးမွှားမွှားလေး ဖြစ်မသွားဘူး လား...။”
အမှန်စင်စစ် လင်းဖန်ကိုယ်တိုင်ပင် သူ အင်မော်တယ်ဖြစ်သွားလျှင် မြင့်မြတ်နယ်မြေက မည်သို့ ဖြစ် လာမည်ကို မသိပေ။ သို့သော် သူက ကတိကို အရင်ပေးထားလိုက်သည်။ ထိုစကားများကို ကြားလိုက် ရချိန်တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ လူတိုင်းမှာ ဆွံ့အလျက် စိုက်ကြည့်နေကြတော့သည်။
“အင်မော်တယ်ဘုံရဲ့ ပတ်ဝန်းကျင်...။ အင်မော်တယ်ဘုံ... ဒါက... ဒါက...။”
လူတိုင်း၏ တုန်လှုပ်မှုကို လျစ်လျူရှုကာ လင်းဖန်က ဆက်လက်၍ မက်လုံးပေးလိုက်ပြန်သည်။
“ဒါတင်မကသေးဘူး...၊ ငါ အင်မော်တယ်ဘုံသို့ တက်လှမ်းသွားပြီးရင်တောင်မှ ဟင်းလင်းပြင် တည်နေ ရာမှတ်ကို အသုံးပြုပြီး ထျန်းယွမ်တိုက်ကြီးဆီကို စိတ်ကြိုက် ပြန်လာလို့ ရဦးမှာပါ...။ ငါတစ်ယောက် တည်းတင် မဟုတ်ဘူး...၊ ငါ့ရဲ့ မြင့်မြတ်နယ်မြေထဲက အဖွဲ့ဝင်တွေ အားလုံးလည်း ပြန်လာလို့ ရမှာ ပါ...။”
လင်းဖန်၏ ဘေးတွင် ရပ်နေသော လျူအန်းရှန်းက လင်းဖန် စကားပြောပြီးသည်နှင့် ချက်ချင်း ကြား ဖြတ် ပြောဆိုလာခဲ့လေသည်။
“ငါ သိပြီ...၊ အဲဒါ မင်း အရင်က ပြောခဲ့တဲ့ အင်မော်တယ်ဘုံ အိမ်အပြန် ဝန်ဆောင်မှု မဟုတ်လား...။”
လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး...
“ဟုတ်တယ်... ဒါပေမဲ့ သည်ဝန်ဆောင်မှုက ငါ့ရဲ့ မြင့်မြတ်နယ်မြေ အဖွဲ့ဝင်တွေအတွက်တော့ အခမဲ့ ဖြစ်မှာပေါ့...။”
ဤနေရာသို့ ရောက်သောအခါ အံ့အားသင့်နေကြသော အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများမှာ လုံးဝ စိတ်ညှို့ယူခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ခဏတာ စဉ်းစားပြီးနောက် ကျောက်ဝူယာက လင်းဖန်ကို အံ့အားသင့်သွားစေမည့် မေးခွန်းတစ်ခုကို မေးမြန်းလိုက်လေသည်။
“မိတ်ဆွေလင်း...၊ အကယ်၍ ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း တစ်ဂိုဏ်းလုံးအနေနဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲ ဝင်ချင်တယ်ဆိုရင် ဘယ်လို အခြေအနေမျိုးတွေ လိုအပ်မလဲ...။”
လင်းဖန်မှာ ဝမ်းသာသွားသော်လည်း သူ၏ မျက်နှာတွင်မူ တမင်တကာ အံ့အားသင့်သွားသည့် ပုံစံကို ဖော်ပြလိုက်လေသည်။
“မိတ်ဆွေကျောက်...၊ ဘာလို့... ဘာလို့ သည်လို ရုတ်တရက်ကြီး မေးရတာလဲ...။ အင်မော်တယ် တိမ်တိုက်ဂိုဏ်းရဲ့ ဝိညာဉ်ကြောတွေကလည်း ကုန်ခမ်းတော့မှာမို့လို့လား...။”
ကျောက်ဝူယာက ခေါင်းယမ်းလိုက်ပြီး...
“မဟုတ်ပါဘူး...။ လုံးဝ မဟုတ်ပါဘူး...။”
လင်းဖန်က နားမလည်ဟန်ဆောင်ကာ ထပ်မံ မေးမြန်းလိုက်လေသည်။
“ဒါဆိုရင် ဘာကြောင့်လဲ...။”
ကျောက်ဝူယာက ဆက်လက် ပြောဆိုလေသည်။
“အဓိကကတော့...၊ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ အခွင့်အရေးတွေက အရမ်းကို အားကျစရာ ကောင်းလွန်းလို့ပါ... ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအနေနဲ့လည်း ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုး တက်မှုကို လိုချင်မိတာပေါ့...။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို လက်ခံဖို့အတွက် ဘယ်လို အခြေ အနေတွေ လိုအပ်မလဲ...။”
ကိစ္စက ဤအခြေနေအထိ ရောက်လာပြီ ဖြစ်သဖြင့် လင်းဖန်လည်း ရှောင်လွှဲမနေတော့ပေ။
“အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ ငါ့ရဲ့ မြင့်မြတ်နယ်မြေက အမြဲတမ်း ရင်းနှီးခဲ့ကြတာပဲလေ..၊အကယ်၍ ငါတို့တွေက မိသားစုတစ်ခုတည်း ဖြစ်သွားမယ်ဆိုရင် ဒါဟာ ငါနဲ့ မြင့်မြတ်နယ်မြေ အဖွဲ့ဝင်တွေအတွက် အလွန် ဝမ်းသာစရာ ကောင်းမယ့် ကိစ္စပါပဲ...။”
“တခြား ဘာအခြေအနေမှ မလိုပါဘူး...။ အကယ်၍ စီနီယာတို့ဘက်က တကယ်ပဲ ဆုံးဖြတ်ပြီးပြီဆိုရင် ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ တံခါးတွေက အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွက် အမြဲတမ်း ပွင့် နေမှာပါ...။”
လင်းဖန်၏ စကားကို ကြားသောအခါ ကျောက်ဝူယာက ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီ...၊ မိတ်ဆွေက ငါတို့ရဲ့ အခြေအနေကို မနှိမ်ဘဲ လက်ခံပေးမယ်ဆိုမှတော့...၊ ငါ အခုပဲ တပည့်တွေကို စုစည်းပြီး ငါတို့ မြင့်မြတ်နယ်မြေထဲ ဝင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်တော့ မယ်...။”
ခန်းမဆောင်အတွင်းရှိ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ မည်သူမျှ ကျောက်ဝူယာ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း မရှိကြပေ။ လူတိုင်းက ဒါသည် တကယ့်ကို ကောင်းမွန်သော ဆုံးဖြတ်ချက်ဟု ခံစားနေရ သည်မှာ ထင်ရှားပေသည်။
ကျန်ရှိသော ကိစ္စများမှာမူ ရိုးရှင်းလှသည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲများသည် တပည့်အားလုံးကို ဂိုဏ်း၏ ရင်ပြင်တွင် စုဝေး စေခဲ့သည်။ ထို့နောက် လင်းဖန်၏ ရှေ့မှောက်၌ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ကြောင်း သစ္စာဆိုခဲ့ကြလေသည်။
လင်းဖန်သည်လည်း သူတို့အတွက် 'အင်မော်တယ်တိမ်တိုက်တောင်ထိပ်' ဟု အမည်ရသော သီးသန့် တောင်ထိပ်တစ်ခုကို ဖန်တီးပေးခဲ့သည်။ ဤသို့ဖြင့် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ၏ စတုတ္ထမြောက် တောင်ထိပ်ကို တည်ထောင်နိုင်ခဲ့လေသည်။
ရွှမ်းမင်ဂိုဏ်းအတွက်မူ နောင်တစ်ချိန်တွင် သူတို့၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ပဉ္စမမြောက် တောင်ထိပ်အဖြစ် သတ်မှတ်ပေးရန် လင်းဖန် ဆုံးဖြတ်လိုက်လေသည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်း မြင့်မြတ်နယ်မြေသို့ ဝင်ရောက်နေချိန်မှာပင် လင်းရှောင်းဂိုဏ်းမှ စကား မပြောနိုင်သူ (အကြီးအကဲကျိုး) သည်လည်း လင်းရှောင်းဂိုဏ်း၏ ဌာနချုပ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ သည်။
လင်းရှောင်းဂိုဏ်း၏ အစည်းအဝေးခန်းမအတွင်း၌ ထိုသူ၏ စိတ်ချင်းဆက်သွယ်သော ရှင်းပြချက်ကို ကြားပြီးနောက် အဆင့်မြင့် အဖွဲ့ဝင်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြလေတော့သည်။
“ဟွန့်... အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တော်တော် သတ္တိရှိနေတာပဲ...။ ငါတို့ လင်းရှောင်းဂိုဏ်းက လူကို ဖမ်းထားရဲတယ်ပေါ့လေ...။”
“သူတို့တွေက တကယ်ကို ကျေးဇူးမသိတဲ့ လူတွေပဲ...။ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့ အခြေအနေမှာ ရန်သူတွေ ထပ်တိုးဖို့ ကြိုးစားနေကြသေးတယ်...။”
“ဂိုဏ်းချုပ်...၊ အခုပဲ တပည့်တွေကို စုစည်းပြီး အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီ သွားပြီး ဖြေရှင်းချက် တောင်းရအောင်...။”
လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုကို မြင်သောအခါ လင်းရှောင်းဂိုဏ်းချုပ်က ပြုံးကာ ခေါင်းယမ်းလိုက် လေသည်။
“အားလုံးပဲ... စိတ်မလှုပ်ရှားကြပါနဲ့...။ အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်...။”
“အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ငါတို့ရဲ့ အကြီးအကဲကို ဖမ်းထားတာက ငါတို့ ရှင်းပြချက် တောင်းဖို့ အကြောင်းပြချက်ကောင်းပဲ...။ ဒါပေမဲ့ ငါတို့ ကိုယ်တိုင် လက်လှုပ်ရှားဖို့တော့ မလိုပါဘူး...။”
ဂိုဏ်းချုပ်၏ စကားကို ကြားသောအခါ အားလုံးက ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။
“ဂိုဏ်းချုပ်... အဲဒါ ဘာကို ဆိုလိုတာလဲ...။”
အားလုံး၏ နားမလည်သော မျက်နှာများကို ကြည့်ရင်း လင်းရှောင်းဂိုဏ်းချုပ်က အသာအယာ ပြုံးကာ သူ၏ အစီအစဉ်ကို ဖွင့်ချပြလိုက်လေသည်။
“ဟဲဟဲ... အကြီးအကဲ အချို့ကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီ လွှတ်လိုက်တာက ငါ့ရဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဗျူဟာပဲ...။ သူတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီ ရောက်သွားကတည်းက ငါတို့ လင်းရှောင်းဂိုဏ်းဟာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီက အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ရဖို့ သေချာသွားပြီ...။”
အားလုံးက နားမလည်သေးသည်ကို မြင်သောအခါ လင်းရှောင်းဂိုဏ်းချုပ်က လူအုပ်ကြီး၏ မိုက်မဲမှုကို လှောင်ပြောင်သည့် အမူအရာဖြင့် ခေါင်းယမ်းကာ ဆက်လက် ရှင်းပြလိုက်လေသည်။
“အားလုံး စဉ်းစားကြည့်ကြစမ်း...၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တောင်းဆိုချက်တွေကို သူတို့ ဘက်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အရေးမကြီးဘူး...။”
“အကယ်၍ သူတို့ သဘောတူရင် ငါတို့က အကြီးအကျယ် မြတ်မှာပဲ...။ ပြီးရင်တော့ ငါတို့က ဘာမှ ဂရု မစိုက်ဘဲ ထွက်သွားရုံပဲ...။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ကံကြမ္မာကို ငါတို့ ဂရုစိုက်စရာ လိုလို့ လား...။”
“ကြားဝင်စေ့စပ်ပေးမယ်ဆိုတာက စကားသက်သက်ပဲလေ...။ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီး သွားပြီးရင် ငါတို့ ကြားဝင်စေ့စပ်ပေးမယ်လို့ ကတိပေးခဲ့တာကို ဘယ်သူ သိတော့မှာလဲ...။”
ခဏရပ်ပြီးနောက် လင်းရှောင်းဂိုဏ်းချုပ်က ဒုတိယ အခြေအနေကို ပြောပြလေသည်။
“အကယ်၍ သူတို့ သဘောမတူရင်လည်း ငါတို့က သည်အခွင့်အရေးကို သုံးပြီး ပဋိပက္ခ ဖန်တီးလို့ ရ တယ်...။ ပြီးရင်တော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်လိုက်ရုံပဲ...။”
“ငါ အကြီးအကဲမာကို ပဋိပက္ခ တမင်တကာ ဖန်တီးဖို့ မှာထားပြီးသား...။ အခုကြည့်ရတာ အကြီးအကဲ မာက အလုပ်ကို တော်တော်လေး ကောင်းကောင်း လုပ်ခဲ့ပုံရတယ်...။”
“ဒီလိုနဲ့ ငါတို့ဟာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ ကံကြမ္မာ အညှိုးအတေးတွေ ဖြစ်သွားပြီ...။”
“ရွှမ်းမင်ဂိုဏ်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးတဲ့အခါမှာ ငါတို့က ဒီအကြောင်း ပြချက်ကို သုံးပြီး ရွှမ်းမင်ဂိုဏ်းနဲ့ ပူးပေါင်းပြီး အကျိုးအမြတ် ခွဲဝေယူလို့ ရပြီလေ...။”
“ရွှမ်းမင်ဂိုဏ်းက အပင်ပန်းခံ တိုက်ခိုက်လိမ့်မယ်...။ ငါတို့ကတော့ ဟန်ပြလေး လုပ်ပေးရုံနဲ့တင် အကျိုး အမြတ်တွေ ရမှာပဲ...၊ ဒါက မကောင်းဘူးလား...။”
ဂိုဏ်းချုပ်၏ ရှင်းပြချက်ကို ကြားသောအခါ အားလုံးက ထောက်ခံသလိုဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အချို့လူများကဆိုလျှင် ဂိုဏ်းချုပ်ကို လက်မပင် ထောင်ပြလိုက်ကြသေးသည်။
“ဂိုဏ်းချုပ်...၊ ဒီအစီအစဉ်က တကယ့်ကို ပြောင်မြောက်လွန်းပါတယ်...။”
“ဒါ ဂိုဏ်းချုပ်ပဲ ဖြစ်ရမယ်... တကယ့်ကို ယုတ်မာပြီး ရက်စက်လိုက်တာ...။”
သို့သော် အားလုံးက ချီးကျူးနေကြချိန်တွင် စကားမပြောနိုင်ဘဲ ငြိမ်နေသော အကြီးအကဲကျိုးမှာမူ ဒေါသထွက်နေသော အမူအရာ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ဘေးရှိ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ဆွဲယူကာ မြေပြင်ပေါ်သို့ ဒေါသတကြီး ရိုက်ခွဲလိုက်လေတော့သည်။
သူ၏ လုပ်ရပ်ကြောင့် အားလုံးမှာ အံ့အားသင့်သွားခဲ့ကြသည်။ သူ၏ ဒေါသထွက်နေသော အမူအရာကို မြင်သောအခါမှ အားလုံးက တစ်စုံတစ်ခုကို သတိရသွားကြလေသည်။
“ဂိုဏ်းချုပ်... ဒါဆိုရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီ သွားခဲ့တဲ့ အကြီးအကဲမာနဲ့ တခြားလူတွေ ကရော ဘာဖြစ်သွားမှာလဲ...။”
“ဟုတ်တယ်...၊ အကြီးအကဲကျိုး သည်လောက် ဒေါသထွက်နေတာ ကြည့်ရတာ ဂိုဏ်းချုပ်က ဒီအစီ အစဉ်ကို သူတို့ကို ကြိုမပြောထားခဲ့တာလား...။”
အားလုံး၏ မေးခွန်းများကို ကြားသောအခါ လင်းရှောင်းဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်သည်။
“သည်လို ပြည့်စုံတဲ့ အစီအစဉ်ကို လူသိနည်းလေ ကောင်းလေပဲ...။ ဒါကြောင့် ငါ အကြီးအကဲမာ တစ်ယောက်တည်းကိုပဲ ပြောပြခဲ့တာ...။”
“အကြီးအကဲမာတို့အတွက်ကတော့...၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးသွားပြီးရင် သူတို့က ကိုယ့်လမ်းကိုယ် သွားလို့ရမှာပဲလေ...။”
ဂိုဏ်းချုပ်၏ ရှင်းပြချက်ကို ကြားရသောအခါ အားလုံး၏ မျက်နှာများမှာ အတန်ငယ် မကောင်းတော့ ပေ။ အချို့လူများကဆိုလျှင် မေးခွန်းပင် ထုတ်လာကြလေသည်။
“ဂိုဏ်းချုပ်... တကယ်လို့ အကြီးအကဲမာတို့က အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးတာကို မမြင်ရ ဘဲ သေသွားခဲ့ရင်ရော...။”
“ဟုတ်တယ်...၊ အခု အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ငါတို့ လင်းရှောင်းဂိုဏ်းနဲ့ ရွှမ်းမင်ဂိုဏ်း ပူးပေါင်း ပြီး သူတို့ကို ဖျက်ဆီးမယ်ဆိုတာ သိသွားရင် သူတို့က အကြီးအကဲမာတို့ကို အလွတ်ပေးပါ့မလား...။”
လင်းရှောင်းဂိုဏ်းချုပ်မှာမူ လူအုပ်ကြီး၏ သံသယများကို ကြားသောအခါ မကျေမနပ် ဖြစ်သွားပုံရလေ သည်။ ထိုအချက်ကို သူ အမှန်တကယ် မစဉ်းစားခဲ့မိပေ။
သူက မေ့လျော့သွားခဲ့ခြင်းလား သို့မဟုတ် အကြီးအကဲမာတို့၏ အသက်ကို လုံးဝ ဂရုမစိုက်ခဲ့ခြင်းလား ဆိုသည်မှာမူ မသေချာပေ။