← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) ငါကိုယ်တိုင် ဖောက်ခွဲပြပြီး သူတို့ကို သတိပေးလိုက်မယ်...

လင်းရှောင်းဂိုဏ်းမှ လူများသည် ရွှမ်းမင်ဂိုဏ်း၏ စကားများကို မည်ကဲ့သို့ ယုံကြည်ပါမည်နည်း။

*သူတို့ရဲ့ ဘိုးဘေးက စကားမှားသွားတာကို မမြင်ဘူးလား...၊ ဒါဟာ သူတို့ကို တိုက်ပွဲထဲ ဆွဲသွင်းဖို့ ကြံစည်မှု ဟုတ်မဟုတ်ဆိုတာက အရေးမကြီးတော့ဘူး...။*

*အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အစီအရင် က ပျက်စီး သွားပြီဆိုမှတော့ အထဲကို အရင်ဝင်ပြီး ဘာဖြစ်မလဲဆိုတာ ကြည့်လိုက်တာပေါ့...။*

“ရွှမ်းမင်ဂိုဏ်းက မိတ်ဆွေတို့...၊ မင်းတို့ကို တစ်ယောက်တည်း ဘယ်တိုက်ခိုင်းရက်ပါ့မလဲ...။ ငါတို့ကို စောင့်ဦးလေ...။”

စကားပြောနေရင်း လင်းရှောင်းဂိုဏ်းသားများသည် နောက်ကနေ ကပ်လျက် လိုက်ပါသွားကြပြီး ဂိုဏ်းစောင့်အစီအရင်ရှိ အပေါက်ထဲသို့ အသီးသီး တိုးဝင်သွားကြတော့သည်။ မကြာမီမှာပင် အားလုံး အထဲသို့ ရောက်ရှိသွားခဲ့ကြလေသည်။

“ရွှမ်းမင်ဂိုဏ်းက မိတ်ဆွေတို့... ငါတို့ လာပြီ... အာ...။ ”

“ဒီ အင်မော်တယ်တိမ်တိုက်ဂိုဏ်းထဲမှာ စိတ်ဝိညာဉ်ချီတွေက သည်လောက်တောင် ကြွယ်ဝနေတာ လား...။”

“ဟုတ်တယ်...၊ ငါတို့တွေ သူတို့ရဲ့ ဝိညာဉ်ကြော အနက်ရှိုင်းဆုံးနေရာကို မှားဝင်လာတာလား...။”

“တစ်ခုခုတော့ မှားနေပြီ...၊ ဒီ စိတ်ဝိညာဉ်ချီတွေရဲ့ အဆင့်အတန်းက ထိပ်တန်းအဆင့် ဝိညာဉ်ကြောတွေ ထက်တောင် အများကြီး ပိုသာနေသလိုပဲ...။”

လင်းဖန်၏ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် လင်းရှောင်းဂိုဏ်းမှ အတိဒုက္ခအဆင့် ကျင့်ကြံသူများစွာမှာ နယ်မြေအတွင်းရှိ စိတ်ဝိညာဉ်ချီ ထုထည်ကို ကြည့်ပြီး အံ့အား သင့်နေခဲ့ကြသည်။

ထိုအခိုက်တွင် လင်းဖန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ အတိဒုက္ခအဆင့် ကျင့်ကြံသူများနှင့်အတူ ဖြည်းညင်းစွာ ပေါ်လာခဲ့လေသည်။

“ဟားဟား... ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကနေ အားလုံးကို ကြိုဆိုပါတယ်...။”

“လင်းရှောင်းဂိုဏ်းက လူတွေက ငါတို့လူတွေကို လာရွေးဖို့ ရွေးငွေတွေ ယူလာခဲ့ကြတာလား...။”

လင်းရှောင်းဂိုဏ်းချုပ်သည် သူ့ရှေ့တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများ ရုတ်တရက် ပေါ်လာ သည်ကို မြင်သောအခါ အတန်ငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသော်လည်း သူကပင် အော်ဟစ် ကြိမ်းမောင်းလိုက်သေးသည်။

“ဘယ်က ရွေးငွေလဲ...၊ မင်းတို့ သေတော့မယ့်အချိန်မှာတောင် သည်လောက် ရဲတင်းနေတုန်းပဲလား...။”

“ဟုတ်တယ်...၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အစီအရင်က ပျက်စီးသွားပြီလေ...၊ ဒါကိုတောင် ရွေးငွေအကြောင်း ပြောရဲသေးတယ်...။”

“ငါတို့ လင်းရှောင်းဂိုဏ်းက လူတွေကို အခုချက်ချင်း ပြန်လွှတ်ပေးစမ်း...။ ဒါဆိုရင် မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်...။”

“ရွှမ်းမင်ဂိုဏ်းက မိတ်ဆွေတို့...၊ ဘာရပ်ကြည့်နေတာလဲ... လက်လှုပ်ရှားကြတော့လေ...။”

“ဟုတ်တယ်... ငါတို့ ဒီအထိ ရောက်လာပြီပဲ...၊ ဘာကို စောင့်နေကြတာလဲ...။”

လင်းရှောင်းဂိုဏ်းသားများ၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားသောအခါ ရွှမ်းမင်ဂိုဏ်းသားများ မှာ ရယ်မောလိုက်ကြလေတော့သည်။ ထို့နောက် သူတို့သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများကို ဝိုင်းရံလိုက်ကြသည်။

ထိုအချိန်သို့ ရောက်သောအခါမှ လင်းရှောင်းဂိုဏ်းသားများသည် သူတို့ ထောင်ချောက်ထဲ ရောက်သွား ပြီ ဖြစ်ကြောင်း နားလည်သွားကြတော့သည်။

“ကောင်းတယ်... ကောင်းတယ်... တကယ့်ကို ကောင်းတယ်...။ ”

“မင်းတို့ ရွှမ်းမင်ဂိုဏ်းနဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ပြဇာတ် တော်တော် ကောင်းကောင်း ကပြခဲ့ တာပဲ...။”

“ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့အတွက် စစ်ပွဲစတော့မယ်ဆိုတဲ့ သတင်းတွေကို တမင်တကာ လွှင့်ခဲ့တာပေါ့... ဟုတ်လား...။”

ထိုစကားကို ကြားသောအခါ လျူပိုင်ချွမ်းက ခေါင်းယမ်းလိုက်လေသည်။

“ဟဲဟဲ... မင်းတို့ အများကြီး တွေးနေပြီ...။ ငါတို့မှာ မင်းတို့ကို စီမံကိန်းချဖို့ ဒီလောက် အချိန်နဲ့ အင်အား မရှိပါဘူး...။”

“အဲဒီအချိန်တုန်းကတော့ ငါတို့က တကယ် စစ်တိုက်ဖို့ လုပ်နေတာပါ...။”

“ဒါပေမဲ့ နောက်ပိုင်းမှာ ငါတို့ သခင်ကြီးရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ငါတို့ ရွှမ်းမင်ဂိုဏ်းက အမှားကို သိမြင်သွားပြီး လမ်းမှန်ပေါ် ပြန်ရောက်လာခဲ့တာလေ...။”

လျူပိုင်ချွမ်းက 'သခင်ကြီး' ဆိုသည့် စကားလုံးကို ပြောလိုက်သည့် ခဏမှာပင် ရွှမ်းမင်ဂိုဏ်းသားများမှ လွဲ၍ ကျန်ရှိနေသော လူတိုင်းမှာ ဆွံ့အသွားကြလေသည်။

လင်းရှောင်းဂိုဏ်းသားများသည် လျူပိုင်ချွမ်း မည်မျှ အစွမ်းထက်သည်ကို သိထားကြသော်လည်း သူက တစ်စုံတစ်ဦးကို သခင်အဖြစ် အသိအမှတ်ပြုလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။ သူ၏ သခင်မှာ မည်သူနည်း... အစွမ်းကရော မည်မျှ ရှိသနည်း...။

အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများသည်လည်း လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြလေ သည်။ ယခင်က လင်းဖန်က ရွှမ်းမင်ဂိုဏ်းကို သိမ်းပိုက်လိုက်ပြီဟု ပြောစဉ်က ရွှမ်းမင်ဂိုဏ်းသည် မြင့်မြတ်နယ်မြေ၏ အခွင့်အရေးများကို လိုချင်သဖြင့် ဝင်ရောက်လာခြင်း ဖြစ်မည်ဟု သူတို့ ထင်ခဲ့ကြ သည်။

ယခုမူ ရွှမ်းမင်ဂိုဏ်းမှ ကျဆုံးအင်မော်တယ်ကိုယ်တိုင်က လင်းဖန်ကို သခင်ကြီးဟု ခေါ်နေလေပြီ။ ကြည့်ရသည်မှာ လင်းဖန်သည် ရွှမ်းမင်ဂိုဏ်းကို သိမ်းပိုက်ရာတွင် မက်လုံးပေးခြင်းထက် အင်အားသုံး ဖိအားပေးခြင်းကို ပိုမို အသုံးပြုခဲ့ပုံရပေသည်။

ထိုအခိုက်တွင် လင်းရှောင်းဂိုဏ်းသားများသည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများ၏ အကြည့် နောက်သို့ လိုက်ကြည့်ရာမှ လင်းဖန်ကို တွေ့ရှိသွားကြသည်။

သေချာ စစ်ဆေးကြည့်လိုက်သောအခါ လင်းဖန်မှာ အတိဒုက္ခအဆင့် (၁) ကျင့်ကြံသူ တစ်ဦးသာ ဖြစ်နေ သည်ကို တွေ့လိုက်ရသဖြင့် သူတို့၏ မျက်လုံးများထဲတွင် သံသယများ ပေါ်လာခဲ့လေသည်။ သို့သော် ယခုအချိန်မှာ သံသယဖြစ်နေရမည့် အချိန် မဟုတ်ပေ။ အသက်ရှင်ဖို့ နည်းလမ်းရှာရန်သာ အရေးကြီး ဆုံး ဖြစ်ချေသည်။

“ဟွန့်... မင်းတို့မှာ အင်အား အသာစီး ရနေရုံနဲ့ ငါတို့ကို နှိမ်နင်းနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား..။”

“ငါတို့ကို အတင်းအကျပ် လုပ်မယ်ဆိုရင် ငါတို့ အားလုံး ကိုယ်တိုင် ဖောက်ခွဲပစ်မယ်...။ အဲဒီအခါကျရင် ဒီ ကျဆုံးအင်မော်တယ်ကလွဲလို့ ကျန်တဲ့သူတွေ ဘယ်သူက ဒဏ်ရာမရဘဲ နေနိုင်မှာလဲ...။”

ဤနေရာသို့ ရောက်သောအခါ လင်းရှောင်းဂိုဏ်းချုပ်က အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများကို လှည့်ကြည့်လိုက်လေသည်။

“ဒါတင်မကဘူး... အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လူတို့...၊ ဒါက မင်းတို့ဂိုဏ်းရဲ့ ဌာနချုပ်ပဲလေ...။”

“ငါတို့ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေ အားလုံး ကိုယ်တိုင် ဖောက်ခွဲပစ်ရင် မင်းတို့ဂိုဏ်းက တပည့် ဘယ်နှစ်ယောက် အသက်ရှင်နိုင်မှာတဲ့လဲ...။”

“ပြီးတော့ ဒီနေရာက မင်းတို့ရဲ့ ဝိညာဉ်ကြောတွေ ရှိတဲ့ နေရာ မဟုတ်လား...။ ငါတို့သာ ကိုယ်တိုင် ဖောက်ခွဲ ပစ်ရင် မင်းတို့ရဲ့ ဝိညာဉ်ကြောတွေကိုပါ ဖျက်ဆီးပစ်နိုင်မှာနော်...။”

သူတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို စတင် တိုက်ခိုက်စဉ်က ရန်သူများ ကိုယ်တိုင်ဖောက်ခွဲမှာကို မကြောက်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အခြေစိုက် စခန်း ဖြစ်နေသောကြောင့်ပင်။

လင်းရှောင်းဂိုဏ်းချုပ်သည် ထိုစကားများကို ပြောခြင်းအားဖြင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများ ကို ထိတ်လန့်သွားစေပြီး သူတို့ဘက်ကနေ ရပ်တည်လာစေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ယနေ့အထိ သူသည် ရွှမ်းမင်ဂိုဏ်းကသာ ဤအစီအစဉ်၏ နောက်ကွယ်မှာ ရှိနေသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

“အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မိတ်ဆွေတို့...၊ ရွှမ်းမင်ဂိုဏ်းရဲ့ လှည့်ကွက်ထဲ အဝင်မခံကြပါနဲ့...။”

“သူတို့က ငါတို့ကို မင်းတို့ဂိုဏ်းထဲမှာ ကိုယ်တိုင် ဖောက်ခွဲခိုင်းပြီး မင်းတို့ကို အထိနာစေချင်တာ...၊ ရွှမ်းမင်ဂိုဏ်းကတော့ အကျိုးအမြတ်တွေ အကုန် ယူသွားလိမ့်မယ်...။”

လင်းရှောင်းဂိုဏ်းချုပ်က ဘယ်လောက်ပင် စကားတွေ အများကြီး ပြောနေပါစေ အင်မော်တယ် တိမ်တိုက်ဂိုဏ်းသားများမှာမူ ပြုံးမြဲပြုံးလျက် မည်သည့် စိုးရိမ်မှုမျှ မရှိကြပေ။

ထိုအခါ လင်းဖန်က ဖြည်းညင်းစွာ ပြောလိုက်လေသည်။

“ဟဲဟဲ... ဒါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ဌာနချုပ်လို့ ဘယ်သူ ပြောလို့လဲ...။”

“ကိုယ်တိုင် ဖောက်ခွဲမလို့လား...၊ ဒါဆိုလည်း ဖောက်ခွဲပြကြလေ...။ ငါ စောင့်ကြည့်နေမယ်...။”

လင်းဖန်၏ စကားကြောင့် လင်းရှောင်းဂိုဏ်းချုပ်မှာ အံ့အားသင့်သွားလေသည်။

“ဘာ... ငါတို့ကို လာလှည့်စားနေတာလား...။ ဒိနေရာက အင်မော်တယ်တိမ်တိုက်ဂိုဏ်း မဟုတ်ရင် ဘာဖြစ်ရမှာလဲ...။”

“မင်းက ငါတို့ကို ကိုယ်တိုင် မဖောက်ခွဲရဲဘူးလို့ ထင်နေတာလား...။”

“ကောင်းပြီလေ...၊ ဒီနေ့ ငါတို့ ရဲရဲဝံ့ဝံ့ လုပ်ရဲလားဆိုတာ မင်းကို ပြရတာပေါ့...။”

“ဝူညီလေး... မင်း အရင်ဆုံး ကိုယ်တိုင် ဖောက်ခွဲပြပြီး သူတို့ကို သတိပေးလိုက်စမ်း...။”

ဤသို့ အန္တရာယ်ရှိသော ပတ်ဝန်းကျင်မှာပင် ဝူညီလေး (လင်းရှောင်းဂိုဏ်းချုပ်၏ ညီအစ်ကို) မှာ သူ၏ ဂိုဏ်းချုပ် စကားကြောင့် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိသွားလေသည်။

*ငါ့ကို အရင်ဆုံး ကိုယ်တိုင် ဖောက်ခွဲခိုင်းတယ်ပေါ့...၊ မင်းက ဂိုဏ်းချုပ်လည်း ဖြစ်တယ်... စီနီယာ လည်း ဖြစ်တယ်...။ မင်းကိုယ်တိုင် အရင် မလုပ်ပြဘူးလား...။*

လင်းဖန်သည်လည်း လင်းရှောင်းဂိုဏ်းချုပ်၏ စကားကြောင့် အံ့အားသင့်သွားရလေသည်။

“ကောင်းပြီ... သည်ပြဇာတ်ကတော့ သည်မှာပဲ ပြီးသင့်ပြီ...။ အခုကစပြီး ငါတို့အားလုံးက မိသားစုဝင် တွေ ဖြစ်သွားတော့မှာဆိုတော့ ဘာလို့ ကိုယ်တိုင် ဖောက်ခွဲနေဦးမှာလဲ...။”

“ရှီလင်း...၊ အလုပ်စလုပ်လို့ ရပြီ...။”

လင်းဖန်၏ ခေါ်သံနှင့်အတူ အစောင့်အရှောက်ရုပ်သေး ရှီလင်းမှာ သူ၏ ရှေ့၌ ချက်ချင်း ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းရှောင်းဂိုဏ်းချုပ်မှာ လင်းဖန်၏ စကားကို အဓိပ္ပာယ်ဖော်ရန် ကြိုးစားနေဆဲ ပင် ဖြစ်လေသည်။

“မိသားစုဝင်တွေ ဟုတ်လား...၊ အဲဒါ ဘာကို ဆိုလိုတာလဲ...။”

လင်းဖန်က သူ့ကို ပြန်လည် ဖြေကြားခြင်း မပြုတော့ဘဲ လက်တွေ့လုပ်ရပ်ဖြင့်သာ သက်သေပြလိုက် လေသည်။ လင်းဖန်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် မြင့်မြတ်နယ်မြေ၏ ထိန်းချုပ်မှုကို အသုံးပြုကာ လင်းရှောင်းဂိုဏ်းသား အားလုံးကို ချုပ်နှောင်လိုက်လေတော့သည်။

မလှုပ်ရှားနိုင်တော့သော ထိုလူများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။

“ဘာဖြစ်တာလဲ... ငါ လှုပ်လို့မရတော့ဘူး...။”

“သွားပြီ... ငါ ကိုယ်တိုင်တောင် မဖောက်ခွဲနိုင်တော့ဘူး...။”

“ဝူညီလေး... မင်းကို ငါ အရင် ဖောက်ခွဲပါဆိုတာကို နားမထောင်လို့ အခုကြည့်စမ်း...၊ ဖောက်ခွဲချင်ရင် တောင် မရတော့ဘူး...။”

ထိုစကားကို ကြားသောအခါ ဝူညီလေးမှာ ပြန်လည် တုံ့ပြန်ရန်ပင် ပျင်းရိနေတော့သည်။ ဘာပဲဖြစ်ဖြစ် သူကတော့ အရာအားလုံးကို လက်လျှော့လိုက်ပြီ ဖြစ်သည်။ လင်းဖန်၏ အမူအရာကို ကြည့်ရသည်မှာ သူတို့ကို သတ်ရန် ရည်ရွယ်ပုံ မရပေ။

ဤသည်က သူ့ကို အရင်ဆုံး ဖောက်ခွဲခိုင်းသော စီနီယာဂိုဏ်းချုပ်ထက်စာလျင် အများကြီး ပိုကောင်း လှသည်ပင်။ အကယ်၍ ဒီတစ်ကြိမ် အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့လျင် လင်းရှောင်းဂိုဏ်းမှာ ဆက်နေဖို့ သင့်မသင့် သူ ပြန်စဉ်းစားရပေလိမ့်မည်။ ထိုကဲ့သို့သော ဂိုဏ်းချုပ်နောက် လိုက်နေလျင် တော့ ဘာအနာဂတ်မှ ရှိမှာ မဟုတ်ဘူးဟု သူ ခံစားလိုက်ရသည်။

သူ ဆက်လက် မတွေးတောနိုင်မီမှာပင် ရှီလင်းက သူ၏ ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် သူ၏ ဂိုဏ်းချုပ် စီနီယာက သူ့ကို အရင်ဆုံး ကိုယ်တိုင်ဖောက်ခွဲဖို့ ရွေးချယ်ခဲ့သလို ရှီလင်း ကလည်း သူ့ကို အရင်ဆုံး ကျေးကျွန်ဖြစ်စေရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။

မည်သည့် ခုခံမှုမှ ပြုလုပ်နိုင်ခြင်း မရှိဘဲ ရှီလင်း၏ နတ်ဘုရားသတ်နှင်တံဖြင့် နှစ်ချက်မျှ ရိုက်နှက် လိုက်ရုံဖြင့် သူ့ကို အောင်မြင်စွာ ကျေးကျွန်ဖြစ်စေခဲ့သည်။

ကျေးကျွန်အဖြစ် ရောက်ရှိသွားပြီးနောက် ဝူညီလေးမှာ လင်းဖန်ကို ချက်ချင်းပင် ဂါရဝပြုလိုက်လေ တော့သည်။

“အစေခံကြီး ဝူကွမ်းဖုက သခင်ကြီးကို ဂါရဝပြုပါတယ်...။ သခင်ကြီး... နောက်ဆုံးတော့ ရောက်လာပြီ ပဲ...။”

“သခင်ကြီး...၊ ရှဲ့လိချွန်းကို ရိုက်နှက်ဖို့ အလုပ်ကို ကျွန်တော့်ကို ပေးလို့ ရမလား...။ ဒီအစေခံကြီး သူ့ကို ရိုက်ချင်နေတာ ကြာလှပါပြီ...။”

သူပြောသော ရှဲ့လိချွန်းမှာ လင်းရှောင်းဂိုဏ်းချုပ်ပင် ဖြစ်သည်။ လင်းဖန်က ဝူကွမ်းဖု၏ တောင်းဆိုချက် ကို ခေါင်းယမ်းကာ ငြင်းပယ်လိုက်လေသည်။

“အဟမ်း... ဝူအိုကြီး...၊ ငါက မင်းရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးချင်လို့တော့ မဟုတ်ပါဘူး...။ ဒါပေမဲ့ ဒီ နတ်ဘုရားသတ်နှင်တံက နည်းနည်း ထူးခြားလို့ပါ...။”

All Chapters