အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း (၁၉၈) လင်းရှောင်းဂိုဏ်းသားများကို ကျေးကျွန်ပြုခြင်း
“ရှီလင်းကလွဲလို့ ကျန်တဲ့သူတွေ သုံးလို့မရဘူး...၊ ငါကိုယ်တိုင်တောင် သုံးလို့မရတာ...။”
အမှန်စင်စစ် လင်းဖန်သည် လိမ်ညာနေခြင်းသာ ဖြစ်ပေသည်။ တစ်ဖက်လူတွင် ပြန်လည် ခုခံနိုင်စွမ်း မရှိတော့သည့်အတွက် အကယ်၍ တစ်ဦးတစ်ယောက်အား အသုံးပြုခွင့် ပေးလိုက်လျှင်ပင် မည်သည့် တန်ပြန်ထိခိုက်မှုမှ ရှိလာမည် မဟုတ်ပေ။
သို့ဖြစ်ရာ ဝူကွမ်းဖုကို သူ၏ဆန္ဒအတိုင်း ခဏတာ ပျော်ပါးခွင့် ပေးလိုက်ခြင်းမှာ မဆိုးလှသော အကြံ တစ်ခု ဖြစ်ပေသည်။
သို့သော်လည်း လင်းဖန်သည် ထိုလူများ အားလုံးမှာ နောင်တစ်ချိန်တွင် သူ၏ ရုပ်သေးများ ဖြစ်လာကြ မည်ဖြစ်ရာ သူတို့ကို လုပ်ဖော်ကိုင်ဖက်များအဖြစ် သတ်မှတ်ထားလေသည်။ အကယ်၍ သူတို့အချင်း ချင်း ရန်ပွဲများ ဖြစ်ပွားနေပါက နောင်တစ်ချိန် ဆက်ဆံရေးတွင် အက်ကြောင်းများ ဖြစ်ပေါ်လာနိုင်ပြီး ၎င်းမှာ မကောင်းလှပေ။
လင်းဖန်သည် သူ၏ အလုပ်သမားများကြား ဖြစ်ပွားသော အငြင်းပွားမှုများကို လိုက်လံ ဖြေရှင်းပေးရန် အတွက် ထိုမျှအထိ အချိန်မအားလပ်ပေ။
လင်းဖန်၏ စကားကို ကြားသောအခါ ဝူကွမ်းဖုသည် စိတ်ပျက်လက်ပျက်ဖြင့် ဘေးဘက်သို့သာ ဆုတ် ခွာသွားခဲ့ရတော့သည်။
ရှီလင်းသည် လင်းရှောင်းဂိုဏ်းသားများကို တစ်ဦးပြီးတစ်ဦး ကျေးကျွန်ပြုနေစဉ်မှာပင် လင်းဖန်သည် ရွှမ်းမင်ဂိုဏ်းနှင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ လူများကို နှုတ်ဆက်လိုက်လေသည်။
“ပိုင်ချွမ်း... မင်းတို့ သည်မှာ လုပ်စရာတွေ မရှိတော့ဘူး...။ ပြန်ပြီးတော့ လုပ်စရာ ရှိတာတွေ သွားလုပ် ကြတော့...။”
ရွှမ်းမင်ဂိုဏ်းသားများကို ပြန်လွှတ်ပြီးနောက်...၊
လင်းဖန်သည် အတန်ငယ် ထိတ်လန့်နေဆဲ ဖြစ်သော အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများကို လှည့် ကြည့်လိုက်လေသည်။
လူတိုင်း၏ မျက်နှာပေါ်မှ တုန်လှုပ်နေသော အမူအရာများကို ကြည့်ရင်း သူတို့ ဘာတွေးနေကြသည်ကို လင်းဖန် ခန့်မှန်းမိလိုက်သည်။
အမှန်ပင်... သူသည် အတိဒုက္ခအဆင့် ကျင့်ကြံသူများကို ကျေးကျွန်ပြုနေသည့် မြင်ကွင်းကို သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြရသည် မဟုတ်ပါလော။ လင်းဖန်က သူတို့ကိုပါ ကျေးကျွန်ပြုမည်လော ဟု သူတို့ စိုးရိမ်နေကြသည်မှာ မဆန်းလှပေ။
ထိုအချက်ကို သိရှိသဖြင့် လင်းဖန်သည် သူတို့၏ သံသယများကို တိုက်ရိုက်ပင် ရှင်းလင်းပေးလိုက် လေသည်။
“ဂိုဏ်းချုပ်လီ... မိတ်ဆွေကျောက်...၊ စိုးရိမ်ပူပန်စရာ ဘာမှ မရှိပါဘူး...။”
“ခင်ဗျားတို့က သူတို့နဲ့ မတူဘူးလေ...၊ ခင်ဗျားတို့က အစကတည်းက ငါ့ရဲ့ မိတ်ဆွေတွေပါ...။”
“ဒါတင်မကသေးဘူး...၊ ငါ့ရဲ့ မြင့်မြတ်နယ်မြေက တောင်ထိပ်သုံးခုက တပည့်တွေဟာ အရင်းစစ်လိုက် ရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ဆင်းသက်လာကြသူတွေပဲ မဟုတ်လား...။”
ဤနေရာတွင် လင်းဖန်က ခဏရပ်ပြီး အခြားဂိုဏ်းနှစ်ဂိုဏ်းအကြောင်းကို ဆက်ပြောလိုက်လေသည်။
“ပြီးတော့ ရွှမ်းမင်ဂိုဏ်းနဲ့ လင်းရှောင်းဂိုဏ်းက အစကတည်းက ငါတို့နဲ့ ဆန့်ကျင်ဘက်မှာ ရှိနေခဲ့ကြ တာလေ...။”
“တကယ်လို့များ ငါက ဒီနည်းလမ်းကို မသုံးခဲ့ရင် သူတို့ကို သတ်ပစ်ဖို့ပဲ ရှိတော့တာပေါ့...။”
“ငါက ပါရမီရှင်တွေကို တန်ဖိုးထားတဲ့အတွက် သူတို့ကို သတ်မယ့်အစား မြင့်မြတ်နယ်မြေအတွက် အလုပ်အကျွေးပြုမယ့်သူတွေအဖြစ် လက်ခံလိုက်တာပါ...။”
လင်းဖန်၏ ရှည်လျားသော ရှင်းပြချက်ကြောင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများမှာ စိတ်သက် သာရာ ရသွားကြလေသည်။ လင်းဖန်က သူတို့ကို ကျေးကျွန်မပြုသရွေ့ အားလုံးမှာ အဆင်ပြေလှပေ သည်။ သူတို့သည် လင်းဖန်ကို မည်သည့်အခါမှ ဆန့်ကျင်မည် မဟုတ်ကြောင်းနှင့် ကျေးကျွန်ပြုခံရရန် အကြောင်းပြချက် ပေးမည်မဟုတ်ကြောင်း စိတ်ထဲမှ ကျိန်ဆိုလိုက်ကြသည်။
သို့သော် သူတို့ မသိရှိကြသည်မှာ...
လင်းဖန်သည် သူတို့အပေါ် အသုံးပြုထားသော နည်းလမ်းမှာ နတ်ဘုရားသတ်နှင်တံထက်ပင် ကျေးကျွန် ပြုရာ၌ ပိုမို ထိရောက်နေခြင်းပင် ဖြစ်သည်။ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ဟင်းလင်းပြင်မြင့်မြတ် နယ်မြေသို့ ဝင်ရောက်ချိန်တွင် သစ္စာဆိုခဲ့ကြသည် မဟုတ်ပါလော။
အလုပ်ခန့်ထားမှု သစ္စာဆိုချက် တစ်ခု၏ အာနိသင်မှာ ကျေးကျွန်ပြုခြင်းထက်ပင် ပိုမို ကြီးမားလှသည်။ ၎င်းသည် သူတို့၏ စိတ်ကို တဖြည်းဖြည်း လွှမ်းမိုးသွားစေပြီး ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကို သူတို့ ၏ ယုံကြည်ကိုးကွယ်မှုအဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သည်။ သူတို့သည် မြင့်မြတ်နယ်မြေအတွက် အရာအားလုံးကို ပေးဆပ်ရန် ဝန်လေးကြတော့မည် မဟုတ်ပေ။
လင်းဖန်၏ စကားများကို နားထောင်ပြီးနောက် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသားများသည် သူတို့၏ သတိထားမှုများကို လျှော့ချလိုက်ကြသည်။ ထို့နောက် သူတို့၏ သဘောထားများကို စတင် ထုတ်ဖော် လာခဲ့ကြလေသည်။
“သခင်ကြီး... အခု အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မြင့်မြတ်နယ်မြေထဲ ဝင်ပြီးပြီဆိုမှတော့ ငါတို့မှာ မရိုးသားတဲ့ စိတ်မျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး...။”
“ဟုတ်ပါတယ်...၊ အကယ်၍ ဂိုဏ်းထဲမှာ မြင့်မြတ်နယ်မြေကို သစ္စာဖောက်ရဲတဲ့သူ ရှိလာခဲ့ရင် သခင် ကြီး ကိုယ်တိုင် လက်လှုပ်ရှားစရာ မလိုဘဲ ငါတို့ကိုယ်တိုင်ပဲ အဲဒီအရှုပ်အထွေးကို ရှင်းပစ်ပါ့မယ်...။”
လူတိုင်း၏ သဘောထားကို မြင်သောအခါ လင်းဖန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် အားသစ်လောင်းဆေးလုံး တစ်လုံးကို ချက်ချင်း ထုတ်ယူကာ ကျောက်ဝူယာထံ ပေးအပ်လိုက်သည်။
“မိတ်ဆွေကျောက်...၊ သည်သုံးရက်အတွင်းမှာပဲ အားလုံးရဲ့ မျှော်လင့်ချက်အတိုင်း အင်မော်တယ် ဆေးလုံး နောက်တစ်လုံးကို ငါ သန့်စင်နိုင်ခဲ့တယ်...။”
“သည်ဆေးလုံးကို အမြန်သောက်လိုက်ပါ...၊ အဲဒါက ခင်ဗျားရဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ပြည့်စုံသွား စေလိမ့်မယ်...။”
“လင်းရှောင်းဂိုဏ်းမှ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေကို ကျေးကျွန်ပြုပြီးရင် နောက်တစ်ဆင့်က သူတို့ ရဲ့ ကျဆုံးအင်မော်တယ်တွေကို ပစ်မှတ်ထားဖို့ပဲ...။”
“အဲဒီအချိန်ကျရင် ခင်ဗျားဘက်က ကူညီပေးဖို့ လိုကောင်း လိုလာနိုင်ပါတယ်...။”
လင်းဖန် ပေးအပ်သော ဆေးလုံးကို မြင်သောအခါ ကျောက်ဝူယာသည် အမြန်ပင် လှမ်းယူလိုက်လေ သည်။ သူ၏ ကျင့်ကြံခြင်း လမ်းစဉ်ကို ဆက်လျှောက်နိုင်ရန်မှာ ဒုတိယ အရေးကြီးဆုံး ကိစ္စသာ ဖြစ်ပြီး ယခုအချိန်တွင်မူ သည်ဆေးလုံးမှာ သူ၏ အသက်နှင့် ထပ်တူပင် ဖြစ်နေသည်။
အင်မော်တယ် ခန္ဓာကိုယ် ပြည့်စုံသွားပြီးနောက် သက်တမ်း ရှည်လာမည့် အချက်မှာ သူ အလိုအပ်ဆုံး အရာပင် ဖြစ်ချေသည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ သက်တမ်းမှာ များစွာ မကျန်တော့ပေ။
“ကျေးဇူးတင်ပါတယ် သခင်ကြီး...၊ ကျောက်ဝူယာအနေနဲ့ နောင်ပိုင်းမှာ သခင်ကြီးရဲ့ အမိန့်မှန်သမျှကို ကျိန်းသေပေါက် လိုက်နာပါ့မယ်...။”
တစ်ဖက်လူ၏ စိတ်လှုပ်ရှားနေသော စကားများကို ကြားသောအခါ လင်းဖန်သည် လက်ယမ်းပြလိုက် ကာ ဆေးလုံးသောက်ရန် တိတ်ဆိတ်သော နေရာတစ်ခု ရှာခိုင်းလိုက်လေသည်။ အင်မော်တယ်တိမ် တိုက်ဂိုဏ်းမှ အခြားလူများကိုလည်း သူ ပြန်လွှတ်လိုက်လေသည်။
ယခုအခါ သူ၏ ရှေ့တွင် ရှီလင်းနှင့် ကျေးကျွန်ပြုခံနေရသော လင်းရှောင်းဂိုဏ်းသားများသာ ကျန်ရှိ တော့လေသည်။ လင်းဖန်သည် လင်းရှောင်းဂိုဏ်း၏ ကျဆုံးအင်မော်တယ်များကို မြင့်မြတ်နယ်မြေ အတွင်းသို့ မည်သို့ မျှားခေါ်ရမည်ကို စတင် စဉ်းစားလိုက်လေသည်။
ဝါးမြိုခြင်းလုပ်ဆောင်ချက်သည်လည်း ရွှမ်းမင်ဂိုဏ်း၏ ထိပ်တန်းအဆင့် ဝိညာဉ်ကြောများကို တဖြည်း ဤမျှ နှေးကွေးသော အရှိန်မှာ လင်းဖန်ကို စိတ်ပျက်စေသည်။
သို့ဖြစ်ရာ လင်းရှောင်းဂိုဏ်းတွင်မူ လျှို့ဝှက်နယ်မြေအတု ဖန်တီးသည့် နည်းလမ်းမှာ အလုပ်ဖြစ်လိမ့် မည် မဟုတ်ပေ။ ကျောက်ဝူယာ၏ အင်မော်တယ် ခန္ဓာကိုယ် ပြည့်စုံသွားပြီဆိုလျှင် လျူပိုင်ချွမ်းနှင့် အတူ အင်မော်တယ် နှစ်ဦး၏ အစွမ်းဖြင့် ကျဆုံးအင်မော်တယ်များကို လုံးဝ ဖိနှိပ်ထားနိုင်မည် ဖြစ် သည်။
သို့သော်လည်း လင်းရှောင်းဂိုဏ်းမှ ကျဆုံးအင်မော်တယ်မှာ အလွန် စိတ်ဓာတ်ပြတ်သားသူ ဖြစ်နေပြီး ကိုယ်တိုင် ဖောက်ခွဲပစ်မည့် အန္တရာယ်ကို သူ စိုးရိမ်နေမိသည်။ အကယ်၍ ကျဆုံးအင်မော်တယ် တစ်ဦး ကသာ ကိုယ်တိုင် ဖောက်ခွဲရန် ဆုံးဖြတ်လိုက်ပါက ပြည့်စုံသော အင်မော်တယ် ခန္ဓာကိုယ် ပိုင်ဆိုင်ထား သည့် လျူပိုင်ချွမ်းတို့ပင်လျှင် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ထိုအင်မော်တယ် နှစ်ဦးမှာ နောက်ဆုံး လက်နက်သာ ဖြစ်ရပေမည်။ သူသည် ပိုမို ညင်သာ သော နည်းလမ်းတစ်ခုကို စဉ်းစားရန် လိုအပ်နေသေးသည်။
လင်းဖန် စဉ်းစားနေစဉ်မှာပင် ရှီလင်းသည် လင်းရှောင်းဂိုဏ်းသား အားလုံးကို အောင်မြင်စွာ ကျေးကျွန် ပြုပြီးစီးသွားခဲ့လေသည်။
“အစေခံ ရှဲ့လိချွန်းက... သခင်ကြီးကို ဂါရဝပြုပါတယ်...။ ”
ဂါရဝပြုရန် ရောက်လာကြသော ရှဲ့လိချွန်းနှင့် အခြားလူများကို ကြည့်ရင်း လင်းဖန်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ကောင်းပြီ... မင်းတို့ဂိုဏ်းမှာ ကျန်နေခဲ့တဲ့ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေကိုပါ ဒီထဲ ရောက်အောင် ခေါ်လာဖို့ ကြိုးစားကြ...။”
“သူတို့တွေ ကျေးကျွန်ဖြစ်သွားပြီးရင်တော့ ဒီဆေးလုံးတွေကို ဂိုဏ်းထဲက တပည့်တွေဆီ ပေးဖို့ စီစဉ် လိုက်...။”
စကားပြောရင်း လင်းဖန်သည် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး အများအပြားကို တစ်ဖက်လူထံ ပေးအပ် လိုက်လေသည်။
“အစေခံ လိုက်နာပါ့မယ်...၊ သခင်ကြီး ပေးအပ်တဲ့ တာဝန်ကို ကျိန်းသေပေါက် အောင်မြင်အောင် လုပ်ဆောင်ပါ့မယ်...။ ”
ထိုသို့ ပြောဆိုပြီးနောက် သူတို့သည် ထွက်ခွာရန် ပြင်လိုက်ကြလေသည်။ သို့သော် လင်းဖန်က လှမ်းခေါ် လိုက်ပြန်လေသည်။
“နေဦး... မင်းတို့က ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား...။ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲကို ဘယ်လို ဝင်ရမလဲဆိုတာ မင်းတို့ သိလို့လား...။”
လင်းရှောင်းဂိုဏ်းသားများ၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာများကို ကြည့်ရင်း လင်းဖန်သည် ဟင်းလင်းပြင် အဆောင်ပြား တစ်ခုကို ထုတ်ယူလိုက်လေသည်။
“ဒါကို ယူသွားကြ...။ မင်းတို့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ ဒီအဆောင်ပြားကို သုံးပြီး မင်းတို့ကို ငါ ပြန်ခေါ် လာပေးမယ်...။”
“အဲဒီအချိန်ကျရင် မင်းတို့ဂိုဏ်းထဲမှာ ဟင်းလင်းပြင် တံခါးတစ်ခုကို ငါ ဖွင့်ပေးထားလိုက်မယ်...။”
ထိုစကားကို ကြားသောအခါ ရှဲ့လိချွန်းသည် အဆောင်ပြားကို အမြန်ပင် လှမ်းယူကာ ရိုသေစွာ ဦးညွှတ် လိုက်ပြီး သူ၏လူများနှင့်အတူ ထွက်ခွာသွားလေတော့သည်။ လင်းဖန်မှာမူ ထိုကျဆုံးအင်မော်တယ်ကို လှည့်စားရန်အတွက် အစီအစဉ်တစ်ခု ရှိနှင့်နေပြီ ဖြစ်သည်။
မကြာမီမှာပင် ရှဲ့လိချွန်းတို့အဖွဲ့ ဂိုဏ်းသို့ ပြန်လည် ရောက်ရှိသွားကြောင်း လင်းဖန် သတင်းရရှိလိုက် သည်။ သင့်တော်သော နေရာတစ်ခု ရှာခိုင်းပြီးနောက် လင်းဖန်သည်လည်း ထိုနေရာသို့ ချက်ချင်းပင် ကူးပြောင်း ရောက်ရှိသွားခဲ့လေသည်။
“ရှဲ့အိုကြီး... ဂိုဏ်းမှာ ကျန်နေခဲ့တဲ့ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေ သံသယ ဝင်နေကြပြီလား...။”
သူ၏ ဘေးတွင် လင်းဖန် ရုတ်တရက် ပေါ်လာသဖြင့် ရှဲ့လိချွန်းမှာ လန့်သွားခဲ့လေသည်။
“အာ... သခင်ကြီး... မဟုတ်ပါဘူး...။ ကျွန်တော် ပြန်ရောက်ကတည်းက လူလုံးမပြသေးပါဘူး...။ အကြီးအကဲမာတို့ အဖွဲ့ကိုပဲ သူတို့ကို သွားတွေ့ခိုင်းထားပါတယ်...။”
လင်းဖန်က ခေါင်းညိတ်လိုက်ပြီး...
“ကောင်းပြီ... မင်းတို့ရဲ့ အစည်းအဝေးခန်းမထဲမှာ ဟင်းလင်းပြင် တံခါးတစ်ခုကို ငါ တပ်ဆင်လိုက် မယ်...။”
“အဲ့ဒါပြီးရင်တော့ မင်းက အတိဒုက္ခအဆင့် ကျင့်ကြံသူ အားလုံးကို စုစည်းပြီး ဒီဟင်းလင်းပြင် တံခါးကို သူတို့ကို ပြလိုက်...။”
“ဒါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီက ရခဲ့တဲ့ ရတနာတစ်ခု ဖြစ်ပြီးတော့ ထိပ်တန်းအဆင့် ဝိညာဉ် ကြောထက်တောင် စိတ်ဝိညာဉ်ချီ ပိုမို ကြွယ်ဝတဲ့ ကျင့်ကြံခြင်း လျှို့ဝှက်နယ်မြေ တစ်ခုလို့သာ ပြော လိုက်...။”
“သူတို့ကို အထဲရောက်အောင် ဆွဲသွင်းဖို့ ကြိုးစားကြည့်...။ တကယ်လို့ သူတို့ မဝင်ချင်ဘူးဆိုရင်တော့ ငါတို့ လက်လှုပ်ရှားရတော့မှာပေါ့...။”
“သူတို့ သတိလက်လွတ် ဖြစ်နေချိန်မှာ နောက်ကနေ ချဉ်းကပ်ဖို့က သိပ်မခက်ခဲလောက်ဘူး မဟုတ် လား...။”
အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် များသောအားဖြင့် အလွန် သတိရှိကြသည်။ ရှဲ့လိချွန်းတို့အဖွဲ့ ဟင်းလင်းပြင် တံခါးထဲသို့ လှည့်စားခံရခြင်းမှာ ထိုတံခါးမှာ ဂိုဏ်းစောင့်အစီအရင်ရှိ အပေါက်တစ်ခု အဖြစ် ဟန်ဆောင်ထားသောကြောင့်ပင် ဖြစ်သည်။
ယခုမူ ဟင်းလင်းပြင် တံခါးကို ဖုံးကွယ်ထားပြီး သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဝင်လာအောင် လှည့်စားရန်မှာမူ သံသယဖြစ်စရာ ကောင်းလှပေသည်။
လင်းဖန်၏ စကားကို ကြားသောအခါ ရှဲ့လိချွန်းသည် အမြန်ပင် ခေါင်းညိတ်သဘောတူလိုက်ပြီး လင်းဖန်ကို အစည်းအဝေးခန်းဆီမသို့ ခေါ်ဆောင်သွားခဲ့လေသည်။
မကြာမီမှာပင် အတိဒုက္ခအဆင့် ကျင့်ကြံသူ အားလုံးမှာ အစည်းအဝေးခန်းမအတွင်းသို့ စုရုံးရောက်ရှိ လာကြတော့လေသည်။