အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) ဆရာ... စီနီယာအစ်ကိုကြီးတို့ အင်မော်တယ်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါပြီ...
လင်းဖန်သည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ စောင့်ဆိုင်းနေခဲ့ လေ သည်။ ထိုအချိန်တွင် အစည်းအဝေးခန်းမအတွင်းရှိ အတိဒုက္ခအဆင့် ကျင့်ကြံသူများ၏ မျက်နှာတွင် အမူအရာ နှစ်မျိုးသာ ရှိနေခဲ့သည်။
လင်းဖန်၏ ကျေးကျွန်ပြုခြင်း ခံထားရသော အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် ဟင်းလင်းပြင်တံခါး ကို ပြုံးရွှင်စွာ ကြည့်နေကြသော်လည်း ဂိုဏ်းကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သော အတိဒုက္ခအဆင့် ကျင့်ကြံသူများမှာမူ အံ့အားသင့်နေကြလေသည်။
“ဂိုဏ်းချုပ်... ဒါ... ဒါက ဘာလဲ...။”
ထိုမေးခွန်းကို ကြားသောအခါ ရှဲ့လိချွန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်လေ သည်။
“ဟားဟား... ဒါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီကနေ ငါတို့ သိမ်းပိုက်ခဲ့တဲ့ ရတနာပဲ...။ ထိပ်တန်း အဆင့် ဝိညာဉ်ကြောတွေထက်တောင် စိတ်ဝိညာဉ်ချီ ပိုမို ကြွယ်ဝတဲ့ ကျင့်ကြံခြင်း လျှို့ဝှက်နယ်မြေ တစ်ခုပေါ့...။”
ဤစကားများသည် ထိုနေရာရှိ လူများ၏ မျက်နှာပေါ်တွင် အံ့ဩဝမ်းသာသော အမူအရာများကို ပေါ်ပေါက်လာစေခဲ့သည်ပင်။
“ဒီလို ရတနာမျိုး ရှိနေတာကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တော်တော်လေး လျှို့ဝှက်ထားခဲ့ တာပဲ...။”
“ဒါဆိုရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မြေလှန်ခံလိုက်ရပြီလား...၊ ဘာလို့ ဘာသံမှ မကြားရတာ လဲ...။”
အတိဒုက္ခအဆင့် အကြီးအကဲ တစ်ဦး၏ ရုတ်တရက် မေးခွန်းကြောင့် အားလုံးမှာ မျက်မှောင်ကြုတ် သွားခဲ့ကြလေသည်။
“ဟုတ်တယ်... ဂိုဏ်းချုပ် ထွက်သွားတာလည်း မကြာသေးဘူးလေ...။ ဂိုဏ်းစစ်ပွဲက ဒီလောက် မြန် မြန်ဆန်ဆန် မပြီးနိုင်ဘူး မဟုတ်လား...။”
သံသယများကို ရင်ဆိုင်ရသောအခါ ရှဲ့လိချွန်းက ခေါင်းယမ်းလိုက်ပြီး လှောင်ပြောင်သော အမူအရာဖြင့် ပြောဆိုလိုက်လေသည်။
“ဟဲဟဲ... အကြီးအကဲတို့ မသိလို့ပါ...။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အဲဒီ ကျဆုံးအင်မော်တယ်ဟာ သေခါနီးဖြစ်နေပြီး သက်တမ်းကလည်း ကုန်ခမ်းနေပါပြီ...။”
“ဒါကြောင့် ရွှမ်းမင်ဂိုဏ်းက ကျဆုံးအင်မော်တယ်တွေအပြင် ငါတို့ကိုပါ ရင်ဆိုင်ရတဲ့အခါ တစ်ဖက်လူ မှာ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘူးပေါ့...။”
“ဟွန့်... ပြောရမယ်ဆိုရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တော်တော် ဖုံးကွယ်တတ်တာပဲ...။ ဒီလောက် နှစ်အတော်ကြာအောင် ဘယ်သူမှ မရိပ်မိခဲ့ဘူး...။”
“ကံကောင်းလို့ ရွှမ်းမင်ဂိုဏ်းက အချိန်မီ စစ်ပွဲစလိုက်တာ...။ မဟုတ်ရင် နောက်နှစ်အနည်းငယ်အတွင်း မှာ တစ်ဖက်လူမှာ နောက်ထပ် ကျဆုံးအင်မော်တယ် တစ်ယောက်တောင် ပေါ်လာနိုင်တယ်...။”
ဤရှင်းပြချက်ကို ကြားရသောအခါ တိုက်ပွဲတွင် မပါဝင်ခဲ့သော ကျင့်ကြံသူများသည်လည်း ယုံကြည် သွားခဲ့ကြပြီး ခေါင်းညိတ် ထောက်ခံကြလေတော့သည်။
“ကြည့်ရတာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ကျဆုံးအင်မော်တယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သွေးတိမ်တိုက်ဂိုဏ်းနဲ့ တိုက်ပွဲမှာတင် အထိနာခဲ့တာ ဖြစ်ရမယ်...။”
“အဲဒါပဲ ဖြစ်ရမယ်...၊ သွေးတိမ်တိုက်ဂိုဏ်းက ကျဆုံးအင်မော်တယ် တစ်ယောက်နဲ့ တိုက်ပြီး ဘယ်သူ ကမှ ဒဏ်ရာမရဘဲ မနေနိုင်ဘူးလေ...။”
“ဟဲဟဲ... သွေးတိမ်တိုက်ဂိုဏ်းဆိုတာ လူတွေရဲ့ သက်တမ်းကို စုပ်ယူတဲ့နေရာမှာ တော်တော် ကျွမ်းကျင် တာ...။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ဘိုးဘေးက ဒီလောက် မြန်မြန် သေသွားတာက တိုက်ပွဲမှာ သက်တမ်းတွေ အများကြီး ကုန်ဆုံးသွားလို့ ဖြစ်မှာပေါ့...။”
အားလုံး ယုံကြည်သွားသည်ကို မြင်သောအခါ ရှဲ့လိချွန်းက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“အားလုံးပဲ... ဒီကျင့်ကြံခြင်း နယ်မြေထဲက စိတ်ဝိညာဉ်ချီ အာနိသင်ကို အရင်ဆုံး ပြသပေးပါရစေ...။ ခင်ဗျားတို့ အံ့အားသင့်သွားကြလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်...။”
ထိုသို့ ပြောဆိုပြီးနောက် ရှဲ့လိချွန်းသည် ဟင်းလင်းပြင်တံခါးအတွင်းသို့ အရင်ဆုံး ဦးဆောင် ဝင်ရောက် သွားခဲ့လေသည်။ ရှဲ့လိချွန်း ဝင်သွားသည်ကို မြင်သောအခါ ဝူကွမ်းဖုနှင့် အခြားလူများသည်လည်း ကျန်ရှိနေသော လူများကို ချက်ချင်း လှမ်းခေါ်လိုက်လေသည်။
“ဟားဟား... လာကြ... လာကြ... သွားကြည့်ရအောင်...။”
“ဟေး... အကြီးအကဲလီ... အကြီးအကဲကျိုး... ဘာရပ်လုပ်နေတာလဲ... လာလေ...။”
လူသုံးဦး ဝင်ရောက်သွားသည့်တိုင်အောင် ဂိုဏ်းတွင် ကျန်ရစ်ခဲ့သော အချို့လူများမှာမူ မလှုပ်မယှက် ရှိနေဆဲပင် ဖြစ်သည်။ ရှဲ့လိချွန်း၏ စကားများမှာ ကျိုးကြောင်းဆီလျော်လှသော်လည်း သူတို့သည် ထိုကဲ့သို့သော မရင်းနှီးသည့် လျှို့ဝှက်ဆန်းကြယ်သည့် နေရာအပေါ် သတိထားနေကြဆဲ ဖြစ်သည်။
“ဟဲဟဲ... အကြီးအကဲဝူ...၊ ဂိုဏ်းမှာ စောင့်နေဖို့ လူအချို့ လိုအပ်တာပေါ့...။ အားလုံး ဝင်သွားလို့ ဘယ်ဖြစ်မလဲ...။”
“ဟုတ်တယ်... သူတို့ ပြန်ထွက်လာမှပဲ ငါတို့ အလှည့်ကျ ဝင်ကြည့်ကြတာပေါ့...။”
တစ်ဖက်လူများ အလွယ်တကူ အဝင်မခံသည်ကို မြင်သောအခါ ဝူကွမ်းဖုသည် လင်းဖန်၏ ကျေးကျွန် ပြုခြင်း ခံထားရသော အခြားလူများကို မျက်ရိပ်ပြလိုက်လေသည်။
“ဟားဟား... ခင်ဗျားတို့ ပြောတာ မှန်ပါတယ်...။ ဒါဆိုရင်လည်း ငါတို့ ဒီမှာပဲ စောင့်ကြည့်ကြတာ ပေါ့...။”
စကားပြောနေရင်း သူသည် ထိုလူများ၏ နောက်ဘက်ရှိ ကုလားထိုင်များဆီသို့ လျှောက်သွားကာ ထိုင်ချ လိုက်လေသည်။ ဝူကွမ်းဖုက အတင်းအကျပ် မတိုက်တွန်းသည်ကို မြင်သောအခါ အကြီးအကဲလီနှင့် အကြီးအကဲကျိုးတို့မှာ သတိထားမှုကို အတန်ငယ် လျှော့ချလိုက်ကြလေသည်။
ထို့နောက် သူတို့သည် ဟင်းလင်းပြင်တံခါးအနီးသို့ ချဉ်းကပ်ကာ အပြင်ဘက်မှနေ၍ စူးစမ်းရန် ပြင်လိုက်ကြလေသည်။
ထိုလူစု ဟင်းလင်းပြင်တံခါးအနားသို့ ရောက်ရှိသွားသည်ကို မြင်သောအခါ ဝူကွမ်းဖုတို့ အုပ်စုမှာ အခွင့် အရေးကို လက်မလွှတ်ဘဲ ချက်ချင်းပင် လက်လှုပ်ရှားလိုက်ကြလေတော့သည်။
အကြီးအကဲလီနှင့် အခြားလူများသည် ဝူကွမ်းဖုတို့အုပ်စု ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မထင် ထားခဲ့ကြသဖြင့် အံ့အားသင့်သွားကြလေသည်။ သူတို့ ပြန်လည် လက်တုံ့မပြန်နိုင်မီမှာပင် ဟင်းလင်း ပြင်တံခါးအတွင်းသို့ အတင်းအကျပ် တွန်းပို့ခြင်း ခံလိုက်ရပေတော့သည်။
ဝူကွမ်းဖုနှင့် အခြားလူများသည် သူတို့၏ တာဝန် ပြီးဆုံးသွားသဖြင့် ပျော်ရွှင်စွာ ပြုံးလိုက်ကြလေသည်။
“ဟားဟား... အကုန် ပြီးသွားပြီ...။”
“ဟူး... ဒါက တကယ့်ကို အလုပ်ရှုပ်စရာပဲ...။ ဂိုဏ်းတူ ညီအစ်ကိုတွေကြားမှာတောင် ဒီလောက်လေးကို ယုံကြည်မှု မရှိကြဘူး...။”
“သူတို့တောင် ဒီလိုဆိုရင် သံသယစိတ် များတဲ့ ဘိုးဘေးကို လှည့်စားဖို့က ပိုတောင် ခက်ခဲဦးမယ်...။”
“ဟုတ်တယ်... ပြီးတော့ ဘိုးဘေးရဲ့ အစွမ်းနဲ့ဆိုရင် ငါတို့ သူ့ကို အတင်းအကျပ် ဆွဲခေါ်ဖို့ဆိုတာ မဖြစ် နိုင်ဘူးလေ...။”
“ဟေး... အများကြီး မစဉ်းစားပါနဲ့...။ သခင်ကြီးမှာ နည်းလမ်း ရှိမှာပါ...။”
ထို့နောက်တွင် ဝူကွမ်းဖုနှင့် အခြားလူများသည်လည်း ဟင်းလင်းပြင်တံခါးအတွင်းသို့ ဝင်ရောက်သွားခဲ့ ကြလေသည်။ ကျန်ရှိသော ကိစ္စများမှာမူ ရိုးရှင်းလှပေသည်။
ထိုလူများ ဝင်လာသည်နှင့် လင်းဖန်သည် သူတို့ကို ချက်ချင်းပင် ချုပ်နှောင်လိုက်လေသည်။ ထို့နောက် ရှီလင်း၏ နတ်ဘုရားသတ်နှင်တံဖြင့် ဆက်တိုက် ရိုက်နှက်ကာ အားလုံးကို အောင်မြင်စွာ ကျေးကျွန်ပြု လိုက်လေတော့သည်။
အားလုံးကို ကျေးကျွန်ပြုပြီးနောက် လင်းဖန်သည် လူအုပ်ကြီး၏ ရှေ့သို့ ရောက်ရှိလာကာ ကျဆုံး အင်မော်တယ်ကို မျှားခေါ်မည့် အစီအစဉ်ကို ပြောပြလိုက်လေသည်။
အစီအစဉ်မှာမူ အလွန်ပင် ရိုးရှင်းလှပြီး ရှဲ့လိချွန်းနှင့် အခြားလူများသည် လင်းဖန်၏ စကားကို ကြား သည်နှင့် ဘာလုပ်ရမည်ကို ချက်ချင်း သိလိုက်ကြသည်။
ထို့နောက် လင်းဖန်၏ အစီအစဉ်အရ ရှဲ့လိချွန်းနှင့် အတိဒုက္ခအဆင့် (၈) ကျင့်ကြံသူ တစ်ဦးတို့သည် မြင့်မြတ်နယ်မြေအတွင်း၌ ကျန်ရစ်ခဲ့ကြသည်။ အခြားလူများသည် လင်းရှောင်းဂိုဏ်းသို့ ပြန်သွားကြပြီး ကျဆုံးအင်မော်တယ် ဘိုးဘေး ကျင့်ကြံနေသော လျှို့ဝှက်ဂူတံခါးဝသို့ အပြေးအလွှား သွားရောက်ခဲ့ ကြလေသည်။
လျှို့ဝှက်ဂူ၏ အဝင်ဝသို့ ရောက်ရှိသွားသည်နှင့် ဝူကွမ်းဖု၏ ရင်နာစရာကောင်းသော အော်ဟစ်သံမှာ ဟိန်းထွက်သွားလေတော့သည်။
“ဆရာ... စီနီယာအစ်ကိုကြီးနဲ့ ဒုတိယစီနီယာအစ်ကိုတို့ အင်မော်တယ်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရ ပါပြီ...။”
သူပြောသော ဒုတိယစီနီယာအစ်ကိုမှာ ရှဲ့လိချွန်းပင် ဖြစ်သည်။ မြင့်မြတ်နယ်မြေအတွင်း ကျန်ရစ်ခဲ့ သော အတိဒုက္ခအဆင့် (၈) ကျင့်ကြံသူမှာ သူ၏ စီနီယာအစ်ကိုကြီး ဖြစ်သည်။ သူတို့အားလုံးမှာ ဆရာ တစ်ဦးတည်း၏ တပည့်များ ဖြစ်ကြပြီး အတူတူ တောထွက်ကျင့်ကြံနေသူများ ဖြစ်သည်။
ဝူကွမ်းဖု၏ နတ်ဘုရားအာရုံများ ရောယှက်နေသော အော်ဟစ်သံများသည် တင်းကျပ်စွာ ပိတ်ထား သော ဂူအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့လေသည်။ ထိုအချိန်တွင် လျှို့ဝှက်ဂူအတွင်း၌ အိပ်စက်နေသော လင်းရှောင်းဂိုဏ်း၏ ဘိုးဘေး ရှဲ့ချွန်းမှာ ဖြည်းညင်းစွာ နိုးထလာခဲ့လေသည်။
နိုးထလာပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားကာ ရှဲ့ချွန်းသည် ဂူတံခါးကို ချက်ချင်း ဖွင့်လိုက်သည်။ အားလုံး ဂူအတွင်းသို့ ပြေးဝင်သွားကြချိန်တွင် ဝူကွမ်းဖု၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ဆရာ... ကျွန်တော်တို့ကို ကူညီပေးပါဦး...။”
လူအုပ်ကြီး၏ ဝမ်းနည်းပူဆွေးနေသော မျက်နှာများကို ကြည့်ရင်း ရှဲ့ချွန်းမှာ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်လေသည်။
“ဘာတွေ ပြာယာခတ်နေကြတာလဲ...၊ ငါ မသေသေးဘူး... ဘာဖြစ်တာလဲဆိုတာ ပြောစမ်း...။ မင်းရဲ့ စီနီယာအစ်ကိုတွေ ဘယ်မှာလဲ...။”
သူသည် ဂူအပြင်ဘက်မှ ဝူကွမ်းဖု၏ အော်ဟစ်သံကို အပြည့်အဝ မကြားလိုက်ရပေ။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်က သူသည် အပြည့်အဝ နိုးထခြင်း မရှိသေးသောကြောင့်ပင်။
တစ်ဖက်လူ၏ တည်ငြိမ်နေသော အမူအရာကို မြင်သောအခါ ဝူကွမ်းဖုကလည်း အခြေအနေကို ရိပ်မိ လိုက်သည်။ မဟုတ်လျှင် မည်သူ ဖမ်းဆီးခံရသည်ကို သိပါက သူသည် ယခုကဲ့သို့ အမူအရာမျိုး ရှိနေ မည် မဟုတ်ပေ။
သူတို့ လင်းရှောင်းဂိုဏ်းအတွင်း၌ ထိုစီနီယာအစ်ကိုကြီးမှာ ဘိုးဘေး၏နောက်ကို ဆက်ခံမည့် ကျဆုံး အင်မော်တယ် ဖြစ်လာမည့်သူ ဖြစ်သည်။ သူ၏ အရေးပါမှုမှာ လင်းရှောင်းဂိုဏ်းအတွက် ပြောနေစရာ ပင် မလိုပေ။
သူတို့၏ ဂိုဏ်းချုပ် ရှဲ့လိချွန်းမှာလည်း ဂိုဏ်းချုပ်တာဝန်အပြင် ဤကျဆုံးအင်မော်တယ်၏ မျိုးဆက် လည်း ဖြစ်နေသဖြင့် သူ၏ အရေးပါမှုမှာလည်း အထူးပင် ဖြစ်သည်။
အကယ်၍ ဘိုးဘေးကြီးအနေဖြင့် ဤလူနှစ်ဦးစလုံး တစ်ပြိုင်တည်း ဖမ်းဆီးခံလိုက်ရသည်ကို သိသွား ပါက သူသည် ကျိန်းသေပေါက် ထိတ်လန့်သွားပေလိမ့်မည်။ ထိုအချက်ကို နားလည်ပြီးနောက် ဝူကွမ်းဖု က ထပ်မံ ပြောဆိုလိုက်လေသည်။
“ဆရာ... စီနီယာအစ်ကိုကြီးနဲ့ ဒုတိယစီနီယာအစ်ကိုတို့ ရွှမ်းမင်ဂိုဏ်းက အင်မော်တယ်တွေရဲ့ ဖမ်းဆီး တာကို ခံလိုက်ရပါပြီ...။”
အမှန်ပင်... အခုမှ အပြည့်အဝ နိုးကြားလာသော ရှဲ့ချွန်းသည် သည်စကားကို ကြားသောအခါ မျက်လုံး များ ပြူးသွားတော့လေသည်။
“ဘာ... ဘာလို့ အဲဒါကို စောစောက မပြောတာလဲ...။”
“ရွှမ်းမင်ဂိုဏ်းက အင်မော်တယ်တွေ ဟုတ်လား...။ သူတို့က ဘာလို့ ဖမ်းသွားရတာလဲ...။”
“သူတို့တွေ အသက်ရှင်နေကြသေးရဲ့လား...။”
ရှဲ့ချွန်း၏ ထိတ်လန့်ဒေါသထွက်နေသော အမူအရာကို ကြည့်ရင်း ဝူကွမ်းဖုက ဆက်လက် ရှင်းပြလိုက် သည်။
“ဆရာ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတို့ လင်းရှောင်းဂိုဏ်းဟာ စိတ်ဝိညာဉ်ချီတွေ အလွန် ကြွယ်ဝ တဲ့ လျှို့ဝှက်နယ်မြေ တစ်ခုကို ရှာတွေ့ခဲ့တယ်...။ အဲဒီမှာ ကြီးမားတဲ့ ရတနာ ရှိနေမယ်လို့လည်း သံသယ ရှိခဲ့ကြတယ်...။”
“ဒါပေမဲ့ ဘယ်သူက သတင်းပေါက်သွားတယ် မသိပါဘူး..၊ ရွှမ်းမင်ဂိုဏ်းက လူတွေ သိသွားကြတယ်...။ ငါတို့ လင်းရှောင်းဂိုဏ်းအနေနဲ့ အဆင့်တူ ကျင့်ကြံသူတွေကြား ပြိုင်ဆိုင်တာကို မကြောက်ပေမဲ့...။”
“ဘယ်သူက ထင်မှာလဲ... ရွှမ်းမင်ဂိုဏ်းက တော်တော်လေး အရှက်မရှိဘဲ လျှို့ဝှက်နယ်မြေကို လက်ဝါး ကြီးအုပ်ဖို့အတွက် ကျဆုံးအင်မော်တယ်တွေကို စေလွှတ်ပြီး ငါတို့ကို သတ်ဖို့ ကြိုးစားလိမ့်မယ် လို့လေ...။”
“ဂိုဏ်းချုပ်နဲ့ စီနီယာအစ်ကိုကြီးတို့က ငါတို့ လွတ်မြောက်ဖို့အတွက် အချိန်ဆွဲပေးရင်း ပူးပေါင်း ခုခံ ခဲ့ကြတာပါ...။”
“အဲဒါကြောင့်ပဲ ငါတို့တွေ ဘိုးဘေးဆီကို သတင်းလာပို့နိုင်ဖို့အတွက် အသည်းအသန် ထွက်ပြေး လွတ်မြောက်လာခဲ့တာပါ...။”
ဝူကွမ်းဖု၏ ပြောပြချက်မှာ တကယ့်ကို အသက်ဝင်လှပေသည်။ အထူးသဖြင့် ဂိုဏ်းချုပ်က သူတို့ လွတ်မြောက်ရန် မည်သို့ အချိန်ဆွဲပေးခဲ့သည်ကို ပြောပြသောအခါ သူသည် မျက်ရည်ပင် အနည်းငယ် ဝဲလာခဲ့လေသည်။