← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း (၂၀၀) ဘိုးဘေးက အသက်ရှင်နေဆဲပဲ...

ဤစကားများကို ကြားသောအခါ ရှဲ့ချွန်းသည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့် ချက်ချင်း ပြောဆိုလိုက်သည်။

“မင်းရဲ့ စီနီယာအစ်ကိုကြီးက အတိဒုက္ခအဆင့် အထွတ်အထိပ်မှာ ရှိနေတာဆိုတော့ သူ ရန်သူကို တားဆီးနိုင်တာက ထားပါဦး...။ ဒါပေမဲ့ ချွန်းလေးက ဘာလို့ သူရဲကောင်း လုပ်ချင်နေရတာလဲ...၊ သူက ဂိုဏ်းတစ်ခုလုံးရဲ့ အရှင်သခင်ပဲလေ...။”

“ဂိုဏ်းက သူမပါဘဲ ဘယ်ဖြစ်မလဲ...။ သူတို့ရဲ့ သက်စောင့်အဆောင်ပြားတွေကို စစ်ဆေးပြီးပြီလား...၊ သူတို့ အသက်ရှင်နေကြသေးရဲ့လား...။”

ရှဲ့ချွန်း၏ စကားများကြောင့် ဝူကွမ်းဖုနှင့် အခြားလူများ စိတ်ထဲတွင် မသက်မသာ ဖြစ်သွားကြသည်။

*ဘယ်လို စကားမျိုးလဲ... ဂိုဏ်းချုပ်၏ အသက်ကမှ အသက်...။ ငါတို့ အသက်တွေကျတော့ အရေး မပါဘူးလား...။*

သို့သော်လည်း ယခုအချိန်တွင် သူတို့ဘက်က မည်သည့် မကျေနပ်မှုကိုမျှ ထုတ်မပြရဲကြပေ။

ရှဲ့ချွန်း၏ မေးခွန်းကို ကြားသောအခါ အကြီးအကဲ တစ်ဦးသည် စစ်ဆေးရန်အတွက် ရှေ့သို့ ချက်ချင်း တိုးထွက်သွားခဲ့လေသည်။ ခဏအကြာတွင် ထိုအကြီးအကဲသည် ရှဲ့လိချွန်းနှင့် အခြားလူများ၏ အမည်ပါသော အဆောင်ပြားများကို ကိုင်ဆောင်ကာ ဝမ်းသာအားရ ပြန်လည် ရောက်ရှိလာသည်။

“ငါတို့ ဘိုးဘေးက မသေသေးဘူး...၊ သက်စောင့်အဆောင်ပြားတွေက အကောင်းအတိုင်းပဲ...။ ဂိုဏ်းချုပ်နဲ့ တခြားလူတွေ အသက်ရှင်နေကြသေးတယ်...။”

ထိုအခါ ဝူကွမ်းဖုကလည်း ဝမ်းသာပီတိ ဖြစ်နေသော မျက်နှာဖြင့် ဝင်ပြောလိုက်သည်။

“တကယ်ကို ကောင်းလိုက်တာ...။ ဖြစ်နိုင်တာက ဂိုဏ်းချုပ်နဲ့ တခြားလူတွေဟာ ရန်သူကို မယှဉ်နိုင်မှန်း သိတဲ့အခါ လျှို့ဝှက်နယ်မြေထဲကို ထွက်ပြေးသွားကြတာ ဖြစ်မယ်...။ ဘိုးဘေး... ငါတို့ မြန်မြန်သွားပြီး ဂိုဏ်းချုပ်နဲ့ တခြားလူတွေကို ကယ်တင်ကြရအောင်...။”

ထိုစကားကို ကြားသောအခါ ရှဲ့ချွန်းသည် ချက်ချင်းပင် ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူ စတင် လှုပ်ရှားတော့မည့် အချိန်မှာပင် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ရပ်တန့်သွားခဲ့သည်။

ဝူကွမ်းဖုနှင့် သူ၏လူများသည် သူတို့၏ လှည့်ကွက်များ ပေါ်သွားပြီဟု ထင်မှတ်ကာ ထိတ်လန့်သွား ကြသည့် ခဏမှာပင် ရှဲ့ချွန်းက ပြောလိုက်လေသည်။

“ဒါဆိုရင် ရွှမ်းမင်ဂိုဏ်းက အစောင့်အရှောက် အင်မော်တယ်က လျူပိုင်ချွမ်း ဖြစ်နေတုန်းပဲ မဟုတ် လား...။ သည်ကောင်က တော်တော်လေး အစွမ်းထက်တယ်... ကိုင်တွယ်ရတာ မလွယ်ဘူးနော်...။”

ထိုစကားကို ကြားရသောအခါမှ ဝူကွမ်းဖုနှင့် အခြားလူများ သက်ပြင်းချနိုင်တော့သည်။ သူတို့၏ အစီ အစဉ် ပေါ်သွားပြီဟု ထင်ခဲ့သော်လည်း အမှန်စင်စစ် ဘိုးဘေးက မနိုင်မှာကို စိုးရိမ်နေခြင်းသာ ဖြစ် ချေသည်။

“ဘိုးဘေး... လျူပိုင်ချွမ်းက တကယ်ပဲ အစွမ်းထက်ပါတယ်...။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ တိုက်ခိုက်နေတာကို ငါတို့ လူလွှတ်ပြီး အဝေးကနေ စောင့်ကြည့် ခိုင်းခဲ့တယ်...။”

“အတိဒုက္ခအဆင့် ကျင့်ကြံသူ အုပ်စုလိုက်တောင် မဖောက်နိုင်တဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အစီအရင်ကို သူ တစ်ယောက်တည်းနဲ့တင် ဖောက်နိုင်ခဲ့တာ...။ ကြည့်ရတာ အင်မော်တယ်တိမ်တိုက် ဂိုဏ်းက အဲဒီ ကျဆုံးအင်မော်တယ်ဟာ သူ့လက်ချက်နဲ့တင် အသက်ဆုံးရှုံးသွားပုံရတယ်...။”

ထိုသတင်းကို ကြားသောအခါ ရှဲ့ချွန်းသည် အံ့အားသင့်သွားဟန်ဖြင့် သူ့ကို ကြည့်လိုက်လေသည်။

“အဆင့် (၉) ဂိုဏ်းတွေ စစ်ဖြစ်နေတာလား...၊ အဲ့ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ...၊ ငါ့ကို ဘာလို့ သတင်းမပို့ကြတာလဲ...။”

ဝူကွမ်းဖုက အံ့အားသင့်ဟန်ဆောင်ကာ ပြောလိုက်သည်။

“အာ... သူတို့ တိုက်ပွဲက ငါတို့နဲ့ ဘာမှ မဆိုင်တာမို့လို့ ဘိုးဘေးရဲ့ အနားယူမှုကို မနှောင့်ယှက်ချင်တာနဲ့ မပြောဖြစ်ခဲ့တာပါ...။”

သို့သော် ရှဲ့ချွန်းက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

“ငါတို့နဲ့ ဘာလို့ မဆိုင်ရမှာလဲ...၊ ဒီလို ရှုပ်ထွေးနေတဲ့ အချိန်မှာ ဝင်ပါပြီး အကျိုးအမြတ် ရှာလို့ရတာ ပဲလေ...။ မင်းတို့တွေကတော့... တကယ်ကို အသုံးမကျတဲ့ လူတွေပဲ...။”

ဝူကွမ်းဖုနှင့် အခြားလူများသည် အမှားကို ဝန်ခံသည့်အနေဖြင့် ခေါင်းငုံ့လိုက်ကြလေသည်။

“ဘိုးဘေး ပြောတာ မှန်ပါတယ်...။ နောင်တစ်ချိန်မှာ သည်လို အခွင့်အရေးမျိုး ထပ်ရရင် ငါတို့ ကျိန်းသေပေါက် ပါဝင်ပါ့မယ်...။ ဒါပေမဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကတော့ ရွှမ်းမင်ဂိုဏ်းရဲ့ လက်ချက်နဲ့ ပျက်စီးသွားလောက်ပါပြီ...။”

ဝူကွမ်းဖုတို့ ပြောသည်ကို ကြားသောအခါ ရှဲ့ချွန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထို့နောက် သူက လက်ရှိ အခြေအနေကို ဆန်းစစ်လိုက်လေသည်။

“အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ကျဆုံးအင်မော်တယ် ကျောက်ဝူယာဆိုတာလည်း အပျော့စားတော့ မဟုတ်ဘူး...။ လွန်ခဲ့တဲ့ နှစ်တွေက သူဟာ သွေးတိမ်တိုက်ဂိုဏ်းက ကျဆုံးအင်မော်တယ် တစ်ယောက် ကိုတောင် ချေမှုန်းနိုင်ခဲ့တာ...။”

“လျူပိုင်ချွမ်းက ကျောက်ဝူယာကို သတ်နိုင်ခဲ့ရင်တောင်မှ သူလည်း ဒဏ်ရာမရဘဲ မနေနိုင်ဘူး...။ ချွန်းလေးတို့ သူတို့ဆီကနေ ထွက်ပြေးနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် လျူပိုင်ချွမ်းဟာ လက်ရှိမှာ အစွမ်းအပြည့် ရှိမနေတာ သေချာတယ်...။ ဒီရှုထောင့်ကနေ ကြည့်ရင် သူ့ကို ကိုင်တွယ်ဖို့ အကောင်းဆုံး အချိန်ပဲ...၊ သူ့ကို နာလန်ထူဖို့ အချိန်ပေးလို့ မဖြစ်ဘူး...။”

ရှဲ့ချွန်း၏ ဆန်းစစ်ချက်ကို ကြားသောအခါ ဝူကွမ်းဖုနှင့် အခြားလူများမှာ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်ကြလေသည်။

သူတို့က ရွှမ်းမင်ဂိုဏ်းနှင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းတို့ တိုက်ခိုက်ခဲ့သည့် ကိစ္စကို ထည့်ပြောရ ခြင်းမှာ ရှဲ့ချွန်း၏ သတိထားမှုကို လျှော့ချရန်အတွက်ပင် ဖြစ်ချေသည်။

*စွမ်းအားတွေ စုဆောင်းထားတဲ့ ကျဆုံးအင်မော်တယ် တစ်ယောက်ကို ကြောက်နေတာလား...။ အခုလေးတင် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲပြီးသွားတဲ့ ကျဆုံးအင်မော်တယ်ကိုတော့ မကြောက်သင့်ဘူး မဟုတ်လား...။*

ရှဲ့ချွန်း ဆန်းစစ်သကဲ့သို့ပင် ရှဲ့လိချွန်းတို့ အသက်ရှင်နေသေးခြင်းမှာ လျူပိုင်ချွမ်း၏ အခြေအနေ မကောင်းကြောင်း ပြသနေသည့် အကောင်းဆုံး သက်သေပင် ဖြစ်သည်။

သူတို့၏ လိမ်ညာမှုများ ပေါ်သွားမည်ကိုလည်း စိုးရိမ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်းမင် ဂိုဏ်းနှင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းတို့ တိုက်ခိုက်ခဲ့ခြင်းနှင့် လျူပိုင်ချွမ်းက ဂိုဏ်းစောင့်အစီအရင်ကို ဖောက်ထွက်ခဲ့ခြင်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သော ကိစ္စများ ဖြစ်သောကြောင့်ပင်။

ပြင်ပလူများအတွက်လည်း ဤအရာမှာ အစစ်အမှန်ပင် ဖြစ်သည်။ ရှဲ့ချွန်းအနေဖြင့် အနီးနားရှိ အခြား ဂိုဏ်းများသို့ သွားရောက် စုံစမ်းလျှင်ပင် သည်သတင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။

“ဘိုးဘေး... အခု ငါတို့ ဘာလုပ်ကြမလဲ...။ ဂိုဏ်းချုပ် မရှိတဲ့အတွက် ငါတို့ ဘိုးဘေးရဲ့ အမိန့်ကိုပဲ နားထောင်ပါ့မယ်...။”

ဝူကွမ်းဖုတို့၏ မေးခွန်းကို ကြားသောအခါ ရှဲ့ချွန်းက နက်နဲသော အမူအရာတစ်ခုကို ဖော်ပြလိုက်သည်။

“ဟဲဟဲ... အစီအစဉ်က ပြောင်းသွားပြီ...။ ငါ သည်အခွင့်အရေးကို သုံးပြီး ရွှမ်းမင်ဂိုဏ်းကို ဖျက်ဆီးပစ် မယ်...။ အားဖု... ငါနဲ့အတူ အဲဒီ လျှို့ဝှက်နယ်မြေကို လိုက်ခဲ့...။ မင်းရဲ့ စီနီယာအစ်ကိုကြီး နှစ်ယောက်ကို အရင် ကယ်ထုတ်ပြီးတော့ တစ်ခါတည်း လျူပိုင်ချွမ်းကို သတ်ပစ်မယ်...။ ”

“ကျန်တဲ့လူတွေကတော့ အင်အားတွေကို စုဆောင်းထားကြ... ငါ ပြန်လာတာနဲ့ ရွှမ်းမင်ဂိုဏ်းကို အတူ တူ သွားတိုက်ကြမယ်...။ ဟားဟား... ရွှမ်းမင်ဂိုဏ်းကို ဖျက်ဆီးပြီးတာနဲ့ ရွှမ်းမင်ဂိုဏ်းရဲ့ အရင်းအမြစ် တွေတင် မကဘူး...။ သူတို့ သိမ်းပိုက်ထားတဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အရင်းအမြစ်တွေပါ ငါတို့ အပိုင် ဖြစ်သွားမှာ...။”

ရှဲ့ချွန်း၏ ဝမ်းသာအားရ ရယ်မောသံကို ကြားရသောအခါ ဝူကွမ်းဖုနှင့် အခြားလူများသည်လည်း သူ့ကို ချက်ချင်း မြှောက်ပင့် ပြောဆိုလိုက်ကြလေသည်။

“ဘိုးဘေးက တကယ်ကို ပညာရှိပါတယ်...။ ဘိုးဘေးသာ ရှိနေရင် ငါတို့ လင်းရှောင်းဂိုဏ်းဟာ မြင့်မြတ် နယ်မြေတွေရဲ့ အောက်မှာ နံပါတ်တစ် ဂိုဏ်း ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါပဲ...။”

လူတိုင်း၏ မြှောက်ပင့်စကားများကြောင့် ရှဲ့ချွန်းမှာ အလွန်ပင် ကျေနပ်သွားခဲ့သည်။

“ကောင်းပြီ... အခု အရေးကြီးဆုံး ကိစ္စက ချွန်းလေးတို့ကို ကယ်ထုတ်ဖို့ပဲ...။ အားဖု... လမ်းပြစမ်း...။”

ထို့နောက်တွင် ဝူကွမ်းဖု၏ လမ်းပြမှုဖြင့် ထိုလူနှစ်ဦးသည် လင်းရှောင်းဂိုဏ်းအတွင်းမှ တိုက်ရိုက် ထွက်ခွာသွားကြတော့လေသည်။

ဝူကွမ်းဖုတို့ ထွက်ခွာသွားပြီးနောက် လင်းရှောင်းဂိုဏ်းတွင် ကျန်ရစ်ခဲ့သော အဖွဲ့ဝင်များသည်လည်း လင်းဖန်ထံသို့ သတင်းချက်ချင်း ပေးပို့လိုက်ကြသည်။ သတင်းရရှိသည်နှင့် လင်းဖန်သည်လည်း လိုအပ်သော ပြင်ဆင်မှုများကို စတင် လုပ်ဆောင်လိုက်သည်။

သူသည် လျှို့ဝှက်နယ်မြေတစ်ခုနှင့် ဆင်တူသော နေရာတစ်ခုကို ကြိုတင် ရွေးချယ်ထားပြီး ထိုနေရာ တွင် ဟင်းလင်းပြင်တံခါးတစ်ခုကို ထားရှိခဲ့လေသည်။ ထို့နောက် သူသည် လျူပိုင်ချွမ်းနှင့် ရွှမ်းမင်ဂိုဏ်း မှ အခြား အတိဒုက္ခအဆင့် ကျင့်ကြံသူ အချို့ကို ခေါ်ယူကာ ဟင်းလင်းပြင်တံခါး၏ အနီးအနားတွင် စောင့်ကြပ်ခိုင်းထားလိုက်သည်။

သူတို့သည် ရှဲ့ချွန်းကို ဟင်းလင်းပြင်အတွင်းသို့ မျှားခေါ်ရန်အတွက် ပြဇာတ်ကပြရန် စောင့်ဆိုင်းနေကြ ခြင်းပင် ဖြစ်လေသည်။

“ပိုင်ချွမ်း... အစွမ်းကုန် အားနည်းနေသလို ဟန်ဆောင်ထားလိုက်...။ ဒါမှ သူတို့ကို မျှားခေါ်ရတာ ပိုလွယ် မှာ...။”

ညွှန်ကြားချက်ကို ကြားသောအခါ လျူပိုင်ချွမ်းသည် သူ၏ ပုံစံကို ချက်ချင်းပင် ပြောင်းလဲလိုက်သည်။ သူ၏ မျက်နှာမှာ ထူးထူးခြားခြား ဖြူဖျော့သွားခဲ့သည်။ သူသည် ဒဏ်ရာ အပြင်းအထန် ရထားပြီး သေခါနီး ဖြစ်နေသူနှင့်ပင် တူလှပေသည်။

ခဏတာ စောင့်ကြည့်ပြီးနောက် လင်းဖန်သည် တစ်စုံတစ်ခု လိုအပ်နေသေးသည်ဟု ခံစားလိုက်ရသည်။

“မဟုတ်သေးဘူး... ခင်ဗျားက အင်မော်တယ်ဆေးလုံး သောက်ထားတာဆိုတော့ အရင်ကထက် အများ ကြီး ပိုပြီး နုပျိုနေသလိုပဲ...။ ဒါက သူ့ကို သံသယ ဖြစ်စေနိုင်တယ်...။”

ထိုစကားကို ကြားသောအခါ လျူပိုင်ချွမ်းက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်သည်။

“သခင်ကြီး... ဒါကို သခင်ကြီး မသိသေးလို့ပါ...။ ငါတို့လို ဂိုဏ်းတွေမှာ ခိုင်မာတဲ့ အုတ်မြစ် ရှိကြပြီး အများစုမှာ လျှို့ဝှက်နည်းစနစ်အချို့ ရှိကြတယ်...။”

“သက်တမ်း ကုန်ခမ်းတော့မယ့် အချိန်မှာ လျှို့ဝှက်နည်းစနစ်ကို သုံးပြီး ခဏတာအတွင်း အစွမ်းအထက် ဆုံး အခြေအနေကို ရောက်အောင် လုပ်ကြတာပေါ့...။ အခု ကျွန်တော့်ရဲ့ အခြေအနေက လျှို့ဝှက်နည်း စနစ်ကို သုံးပြီးတဲ့နောက် သေခါနီးမှာ နောက်ဆုံး အားကုန် ထုတ်သုံးနေတဲ့ ပုံစံမျိုးနဲ့ တူနေတာပါ...။”

လျူပိုင်ချွမ်း၏ ရှင်းပြချက်ကြောင့် လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။ ထိုကဲ့သို့ အခြေအနေ မျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကြည့်ရသည်မှာ သူသည် ကျဆုံးအင်မော်တယ်များအကြောင်း ကို သိရှိမှု နည်းပါးနေသေးပုံရပေသည်။

“ကောင်းပြီ... ခင်ဗျား အဆင်ပြေမယ် ထင်ရင်တော့ ပြီးတာပါပဲ...။”

သူတို့ နှစ်ဦး စကားပြောပြီး မကြာမီမှာပင် ရှဲ့ချွန်းနှင့် ဝူကွမ်းဖုတို့ အဝေးမှ ပြေးဝင်လာကြသည်ကို လျူပိုင်ချွမ်း သတိပြုမိလိုက်လေသည်။

“သခင်ကြီး... သူတို့ ရောက်လာကြပြီ...။”

ထိုအခါ လင်းဖန်က ထပ်မံ၍ သတိပေးလိုက်လေသည်။

“ကောင်းပြီ... အခု ခင်ဗျားတို့ အလှည့်ပဲ...၊ ကံကောင်းပါစေ...။”

ထိုသို့ ပြောဆိုပြီးနောက် လင်းဖန်သည် လှည့်ထွက်ကာ ဟင်းလင်းပြင်တံခါးအတွင်းသို့ ဝင်ရောက်သွား ခဲ့လေသည်။

“လျူပိုင်ချွမ်း...၊ မင်းတို့ ရွှမ်းမင်ဂိုဏ်းက ငါ့ရဲ့ လင်းရှောင်းဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ဘယ်လို တောင် ဖမ်းဆီးထားရဲတာလဲ...။ ငါ့ဂိုဏ်းမှာ အားကိုးစရာ လူမရှိဘူးလို့ မင်း ထင်နေတာလား...။”

ရောက်ရောက်ချင်းမှာပင် ရှဲ့ချွန်းသည် ချက်ချင်း လက်မလှုပ်ရှားသေးဘဲ စကားဖြင့် အရင် စမ်းသပ် လိုက်လေသည်။

ရှဲ့ချွန်း ရောက်လာသည်ကို မြင်သောအခါ လျူပိုင်ချွမ်းသည် သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာကို တမင်တကာ ဖော်ပြလိုက်သည်။ ထို့နောက် သူက တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက် လေသည်။

“ဟွန့်... ရှဲ့ချွန်း... မင်းလို သူရဲဘောကြောင်တဲ့ကောင်က ဂိုဏ်းထဲကနေ ထွက်လာရဲတယ်ပေါ့...။ မင်းရဲ့ သက်တမ်းတွေ ကုန်ခမ်းသွားမှာကို မကြောက်ဘူးလား...။”

ရှဲ့ချွန်းသည် လျူပိုင်ချွမ်း၏ အခြေအနေကို အကဲခတ်ရန်အတွက် သေချာစွာ စစ်ဆေးလိုက်သည်။ သူ သည် သူ၏ ဆန်းစစ်ချက်အပေါ် ပိုမို ယုံကြည်ချက် ရှိလာခဲ့သည်။ ဤအခြေအနေမှာ လျှို့ဝှက်နည်းစနစ် ကို သုံးပြီးနောက် သက်တမ်း ကုန်ခမ်းခါနီး ဖြစ်နေသူ၏ ပုံစံမှာ အထင်အရှားပင် ဖြစ်ပေသည်။

“ဟားဟားဟား... ငါ့ရဲ့ သက်တမ်း ကုန်မှာကို ငါက ကြောက်ရမှာလား...။ ငါတို့ နှစ်ယောက်ထဲမှာ ဘယ်သူက အရင် သက်တမ်း ကုန်မလဲဆိုတာ ကြည့်လိုက်ကြတာပေါ့...။”

All Chapters