← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁) ကျူးကန်းလျဲ့ ဆိုသည့် နာမည်ကို ကြားဖူးလား...

လျိုပိုင်ချွမ်းသည် မိမိ၏ အတွင်းစိတ်ကို အကဲခတ်ခံလိုက်ရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့လေ သည်။ ထို့နောက် သူက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ပြောလိုက်၏။

“ဟဲဟဲ... ငါ့ရဲ့ သက်တမ်းကုန်ဆုံးတော့မှာက အရေးမကြီးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ရွှမ်းမင်ဂိုဏ်း က တစ်ယောက်ယောက်ကတော့ မကြာခင် ငါ့နေရာကို ဆက်ခံမှာပဲ။ ငါ သေရင်တောင် တစ်ယောက် ယောက်ကို အဖော်အဖြစ် ခေါ်သွားနိုင်သေးတာပဲ...။”

“ဒါနဲ့ ပြောင်းပြန်အနေနဲ့ မင်းတို့ လင်းရှောင်းဂိုဏ်းမှာကော မင်းရဲ့နေရာကို ဆက်ခံမယ့်သူ ရှိလို့လား...။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှဲ့ခွန်း၏ မျက်နှာရိပ်မျက်နှာကဲမှာ ချက်ချင်းပင် ပျက်ယွင်းသွား တော့သည်။ လျိုပိုင်ချွမ်းက ဆက်၍ ပြောလိုက်၏။

“မင်းတို့ လင်းရှောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ မင်းရဲ့ ဆက်ခံသူက အခု လျှို့ဝှက်နယ်မြေထဲကို ဝင်သွားကြ ပြီလေ...။”

“အခုအချိန်မှာ သူတို့တွေ ငါ့ရဲ့ ရွှမ်းမင်ဂိုဏ်းက အတိဒုက္ခအဆင့် ကျင့်ကြံသူတွေရဲ့ ဝိုင်းရံတိုက်ခိုက် တာကို ခံနေရလောက်ပြီ။ သူတို့သာ သေသွားရင် မင်းက လင်းရှောင်းဂိုဏ်းကို ဘယ်လောက်ကြာကြာ ကာကွယ်ထားနိုင်မှာတဲ့လဲ...။”

လျိုပိုင်ချွမ်း၏ စကားများကြောင့် ရှဲ့ခွန်းသည် စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက် ရပြီး ချက်ချင်းပင် ဒေါသတကြီး ပြန်လည် တုံ့ပြန်လိုက်လေသည်။

“မင်းတို့ ရွှမ်းမင်ဂိုဏ်းက တကယ်ကို ရည်မှန်းချက်ကြီးတာပဲ။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီး လိုက်တာနဲ့တင် အားမရသေးဘဲ ငါ့ရဲ့ လင်းရှောင်းဂိုဏ်း အနာဂတ်ကိုပါ ဖျက်ဆီးချင်နေ တာလား...။”

“လျိုပိုင်ချွမ်း... မင်းက တကယ်ကို ကောက်ကျစ်တာပဲ။ လျှို့ဝှက်နယ်မြေ ပေါ်လာတာကနေစပြီး ငါ့ရဲ့ လင်းရှောင်းဂိုဏ်းဝင် နှစ်ယောက် ဘေးဒုက္ခကြုံနေရတာအထိ အားလုံးက မင်းရဲ့ အစီအစဉ်တွေပဲ ဖြစ်ရမယ်...။”

“ကောင်းပြီလေ...။ မင်းကိုပဲ ငါ အရင်သတ်နိုင်မလား၊ ဒါမှမဟုတ် မင်းရဲ့လူတွေက သူတို့ကို အရင်သတ် မလား ကြည့်ကြသေးတာပေါ့...။”

ထိုစကားကို ကြားသောအခါ လျိုပိုင်ချွမ်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

“ဟားဟားဟား... မင်းက ငါ့ကို သတ်ချင်တာလား။ အဲဒီအတွက် မင်း ဘယ်လောက်ပေးဆပ်ရမလဲဆို တာကော မင်းသိရဲ့လား...။”

“မင်းတို့ လင်းရှောင်းဂိုဏ်းမှာ ခဏလေးအတွင်း မင်းနေရာကို အစားထိုးမယ့်သူ မရှိဘူးလေ။ မင်း တကယ်ပဲ ငါနဲ့ အသက်စွန့်ပြီး တိုက်ရဲလို့လား...။”

ရယ်မောနေရင်းဖြင့် လျိုပိုင်ချွမ်းသည် ရုတ်တရက် ချောင်းဆိုးလိုက်ရာ ပါးစပ်ထောင့်မှ သွေးစများ စီးကျလာသည်။ လျိုပိုင်ချွမ်း၏ ပုံစံကို မြင်လိုက်ရသောအခါ ရှဲ့ခွန်းမှာ စိတ်အေးသွားပြီး နှာခေါင်း တစ်ချက် ရှုံ့ကာ လျိုပိုင်ချွမ်းကို စတင် တိုက်ခိုက်လေတော့သည်။

လျိုပိုင်ချွမ်းသည် ရှဲ့ခွန်း၏ တိုက်ကွက်ကို စောင့်ကြည့်နေ၏။ ထို့နောက် သူ၏ ဘေးရှိ အတိဒုက္ခအဆင့် ကျင့်ကြံသူများကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်လေသည်။

“မင်းတို့လည်း အထဲကို ဝင်သွားကြ။ လင်းရှောင်းဂိုဏ်းက လူနှစ်ယောက်ကို အမြန်ဆုံး ရှာပြီး သတ်ပစ် လိုက်ကြ...။”

“သူ့ကိုတော့ ငါပဲ တားထားလိုက်မယ်...။”

ထိုစကားကို ကြားသည်နှင့် ရွှမ်းမင်ဂိုဏ်းမှ အတိဒုက္ခအဆင့် ကျင့်ကြံသူ အချို့သည် ရှဲ့ခွန်း၏ ရှေ့တွင်ရှိ သော ဟင်းလင်းပြင် တံခါးအတွင်းသို့ ဝင်ရောက်သွားကြလေတော့သည်။

လင်းဖန်သည် ဟင်းလင်းပြင် တံခါးသို့ ဝင်ရောက်၍ ရကြောင်း ရှဲ့ခွန်းအား သက်သေပြနိုင်ရန် သူတို့ကို ဤနေရာတွင် စောင့်ခိုင်းထားခြင်း ဖြစ်လေသည်။ ထိုမှသာ ရှဲ့ခွန်းသည် နောက်ပိုင်းတွင် သံသယမရှိဘဲ ဟင်းလင်းပြင် တံခါးထဲသို့ ဝင်လာမည် ဖြစ်သည်။

ထိုအုပ်စု ဟင်းလင်းပြင် တံခါးထဲသို့ ဝင်သွားပြီးနောက်တွင်မူ... လျိုပိုင်ချွမ်းသည် ရှဲ့ခွန်းနှင့် ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။

တိုက်ပွဲတွင် ရှဲ့ခွန်းက အသာစီးရနေသကဲ့သို့ ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ လျိုပိုင်ချွမ်းက ဟန်ဆောင်နေခြင်းသာ ဖြစ်၏။ ခဏအကြာ တိုက်ခိုက်ပြီးနောက် လျိုပိုင်ချွမ်းသည် သွေးတစ်ချက် ထွေးထုတ်လိုက်ပြီး ဟာကွက်တစ်ခု ပြလိုက်လေသည်။

ရှဲ့ခွန်းက ထိုအခွင့်အရေးကို အရယူကာ သူ့ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။ လျိုပိုင်ချွမ်း သည် ဤဇာတ်ကွက်အတွက် အတော်လေး အားစိုက်ခဲ့ရ၏။ ဒဏ်ရာရရုံမျှမက မိမိကိုယ်ကိုယ် နောက်ဆုံးအချိန်သို့ ရောက်နေပြီဟု ရှဲ့ခွန်း ယုံကြည်သွားစေရန် သူ လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။

အမှန်စင်စစ် သူ၏ အင်မော်တယ် ခန္ဓာကိုယ်သည် အထွတ်အထိပ် အခြေအနေတွင် ရှိနေသဖြင့် ပြင်ပ ဒဏ်ရာများမှာ ပေါ်ယံမျှသာ ဖြစ်လေသည်။

ဒဏ်ရာရနေသော လျိုပိုင်ချွမ်းကို ကြည့်ကာ ရှဲ့ခွန်းက အေးစက်စွာ ရယ်မောလိုက်၏။

“မင်း မသေချင်ရင် လျှို့ဝှက်နယ်မြေထဲက လူတွေကို အခုချက်ချင်း ရပ်ခိုင်းလိုက်...။”

လျိုပိုင်ချွမ်းက လှောင်ပြောင်သရော်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ဟားဟားဟား...၊ မင်းက ငါ့ကို သတ်ချင်တာလား။ အဲဒါက မလွယ်ဘူးထင်တယ်နော်...။”

“မင်း ငါ့ကို အရင်သတ်မလား၊ ဒါမှမဟုတ် ငါက မင်းတို့ ဂိုဏ်းဝင် နှစ်ယောက်ကို အရင်သတ်မလား ဆိုတာ ကြည့်ကြသေးတာပေါ့...။”

ထိုသို့ပြောပြီးနောက် လျိုပိုင်ချွမ်းသည် လှည့်၍ ဟင်းလင်းပြင် တံခါးဆီသို့ ဦးတည် ပြေးဝင်သွားလေ တော့သည်။

လျိုပိုင်ချွမ်း ဟင်းလင်းပြင် တံခါးထဲသို့ ဝင်သွားသည်ကို မြင်သောအခါ တစ်ခုခု မှားနေပြီဟု ရှဲ့ခွန်း တွေးလိုက်မိသည်။ သို့သော် အများကြီး မစဉ်းစားတော့ဘဲ သူလည်း အမြန်ပင် နောက်မှ လိုက်ဝင် သွားခဲ့လေသည်။

သာမန်အခြေအနေတွင် သူသည် ပို၍ သတိထားမိပေလိမ့်မည်။ သို့သော် လျိုပိုင်ချွမ်း၏ လက်ရှိ အခြေ အနေအရ သူသည် မိမိ၏ ဂိုဏ်းဝင်များကို ကိုယ်တိုင် သွားရောက် သတ်ဖြတ်တော့မည်ဟု ထင်မှတ် နေမိသည်။ ထို့ကြောင့် ဤလျှို့ဝှက်နယ်မြေတွင် ပြဿနာ ရှိ၊ မရှိကို စဉ်းစားရန် အချိန်မရတော့ပေ။

“ဟင်းလင်းပြင် မြင့်မြတ်နယ်မြေကနေ ကြိုဆိုပါတယ်...။”

ရှဲ့ခွန်းသည် ဟင်းလင်းပြင် တံခါးထဲသို့ ပြေးဝင်လိုက်သည်နှင့် လင်းဖန်၏ အသံကို ချက်ချင်း ကြား လိုက်ရလေသည်။ မိမိ၏ ဘေးပတ်ပတ်လည်ရှိ လူများကလည်း ပြုံးရယ်လျက် သူ့ကို ကြည့်နေကြ သည်ကို မြင်လိုက်ရ၏။

ထိုလူများထဲတွင် အန္တရာယ်ကြုံနေရပြီဟု သူထင်ထားသည့် ရှဲ့လိချွန်းနှင့် အခြားတစ်ယောက်ပါ ပါဝင် နေပေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မိမိ အလိမ်ခံလိုက်ရပြီမှန်း ရှဲ့ခွန်း ချက်ချင်း သိလိုက်လေသည်။

ရှဲ့လိချွန်းနှင့် အခြားတစ်ယောက်ကို ဘာကြောင့် ဤသို့လုပ်ရသနည်းဟုပင် မမေးတော့ဘဲ သူသည် ချက်ချင်း လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် လင်းဖန်၏ ဟင်းလင်းပြင် နယ်မြေထဲသို့ ရောက်ရှိပြီးမှတော့ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိတော့သည်ပင်။

“မိတ်ဆွေ...၊ ဘာလို့ ဒီလောက် အလျင်စလို ထွက်သွားချင်နေရတာလဲ...။”

လင်းဖန် စကားဆုံးသည်နှင့် ထွက်ပြေးရန် ပြင်နေသော ရှဲ့ခွန်းမှာ ရှိသည့်နေရာတွင်ပင် ကျောက်ရုပ်ကဲ့ သို့ အေးခဲသွားတော့သည်။ ထို့နောက် လင်းဖန်၏ ထိန်းချုပ်မှုအောက်တွင် လူအုပ်ကြီးက သူ့ကို ဝိုင်းထားလိုက်ကြလေသည်။

မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးရန်ပင် မစွမ်းသာတော့ကြောင်း ခံစားလိုက်ရသောအခါ ရှဲ့ခွန်းသည် ဒေါသတကြီး အော်ဟစ်လေတော့သည်။ အံ့သြစရာကောင်းသည်မှာ သူ ပထမဆုံး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည့် လူများမှာ ရှဲ့လိချွန်းနှင့် သူ၏ အဖော် ဖြစ်နေခြင်းပင်။

“ကောင်းတယ်...၊ တကယ်ကို ကောင်းတယ်။ ဒီလောက်နှစ်တွေအကြာကြီးမှာ ငါက ကျေးဇူးကန်းတဲ့ လူယုတ်မာ နှစ်ယောက်ကို မွေးမြူခဲ့မိတာပဲ...။”

“ဂိုဏ်းကို သစ္စာဖောက်ရတာကို မင်းတို့ တခြားဂိုဏ်းသားတွေရဲ့ ကဲ့ရဲ့မှာကို မကြောက်ကြဘူးလား...။”

ရှဲ့ခွန်း၏ စကားကို ကြားသောအခါ ရှဲ့လိချွန်းက ခေါင်းခါလိုက်သည်။

“မဟုတ်ပါဘူး...၊ မဟုတ်ပါဘူး ဘိုးဘေးရဲ့။ ဂိုဏ်းကို သစ္စာဖောက်တာက ကျွန်တော်တို့ မဟုတ်ဘဲ ဘိုးဘေးကိုယ်တိုင်ပါ...။”

ရှဲ့လိချွန်း စကားဆုံးသည်နှင့် အခြားလူအုပ်စု တစ်စု ထပ်မံ ရောက်ရှိလာသည်။ ထိုသူများသည် လင်းရှောင်းဂိုဏ်းမှ အခြားသော အတိဒုက္ခအဆင့် ကျင့်ကြံသူများပင် ဖြစ်နေကြ၏။

ဤမြင်ကွင်းသည် ရှဲ့ခွန်းအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ လင်းရှောင်းဂိုဏ်း၏ ဘိုးဘေးဖြစ် သော မိမိကိုယ်တိုင်က ဂိုဏ်းပြင်ပလူ ဖြစ်သွားခဲ့ရပါသလော။

သူသည် သေအံ့ဆဲဆဲ အချိန်မှ လန့်နိုးလာကာ မိမိကိုယ်ကိုယ် လူပြက်တစ်ဦးမှန်း သိလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် ရှဲ့ခွန်း၏ ယုံကြည်ချက်များမှာ လုံးဝ ပြိုလဲသွားတော့၏။ ဂိုဏ်းကို ကာကွယ်ရန် သူ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့သမျှမှာ ဟာသတစ်ခု ဖြစ်သွားခဲ့ချေပြီပင်။

သူသည် မိမိ ကာကွယ်ခဲ့သော လူများ၏ သစ္စာဖောက်မှုကို ခံလိုက်ရပြီးနောက် အင်မော်တယ် လမ်းစဉ် ကိုပင် စွန့်လွှတ်ခဲ့ရသည်။

“ဟားဟားဟား...၊ ဟားဟားဟားဟား...။”

ဤအခိုက်အတန့်တွင် ရှဲ့ခွန်းသည် ဘာမှ မပြောတော့ဘဲ သူ၏ ခါးသီးလွန်းလှသော ရယ်မောသံများသာ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွင်း ပဲ့တင်ထပ်နေတော့သည်။

တစ်ဖက်လူ၏ တာအိုစိတ်ဓာတ် ပျက်စီးသွားသည်ကို မြင်သောအခါ လင်းဖန်သည် ရှီလင်းကို မျက်ရိပ် ပြလိုက်လေသည်။ ရှီလင်းက ချက်ချင်းပင် နတ်ဘုရားသတ်နှင်တံကို ထုတ်ယူလိုက်ပြီး တစ်ဖက်လူ စိတ်ဓာတ်ကျနေချိန်တွင် ကျွန်ပြုရန် ပြင်လိုက်သည်။

သို့သော် လင်းဖန် အံ့သြသွားသည်မှာ...၊ ရှီလင်းက မည်မျှပင် ရိုက်နှက်ပါစေ ရှဲ့ခွန်းသည် သူ၏ နှလုံးသား သေဆုံးသွားပြီဖြစ်သည့်အလား မည်သို့မျှ မတုံ့ပြန်ဘဲ ရှိနေခြင်းပင်။ ကျွန်ပြုခြင်း အာနိသင် မှာလည်း လုံးဝ အလုပ်မဖြစ်တော့ပေ။

“ဟာ...၊ ငါတို့တွေ လုပ်တာ လွန်သွားလို့ ပြောင်းပြန် အကျိုးသက်ရောက်မှု ဖြစ်သွားတာလား...။”

ရှဲ့ခွန်း၏ ငြိမ်သက်နေမှုကို မြင်သောအခါ လင်းဖန် စိုးရိမ်လာပြီး ဒုတိယအဆင့် အစီအစဉ်ကို စတင်ရန် ဆုံးဖြတ်လိုက်သည်။

“ရှဲ့ခွန်း...၊ ခုခံမနေဘဲ ကျွန်ပြုခံလိုက်စမ်း။ မဟုတ်ရင် မင်း ဟယ်ဟွမ်ဆေးလုံးရဲ့ အရသာကို မြည်းစမ်းရ လိမ့်မယ်...။”

လင်းဖန်၏ စကားကို ကြားသောအခါ ရှဲ့ခွန်းက နောက်ဆုံးတွင် စကားပြောလာခဲ့လေ၏။

“ဟားဟား...၊ ငါက သေရမှာကိုတောင် မကြောက်တာ။ မင်းရဲ့ ဟယ်ဟွမ်ဆေးလုံးလောက်ကို ကြောက် နေမယ် ထင်လို့လား...။”

“လုပ်လိုက်စမ်းပါ...၊ လူဆိုတာ သေရင် ကောင်းကင်ကို ပျံတက်ရမှာပဲ။ မသေခင်မှာ ပျော်စရာလေး ဘာလေး ရှိသွားတာပေါ့...။”

တစ်ဖက်လူက ကျိုးကြောင်းပြ၍ မရတော့သည်ကို မြင်သောအခါ လင်းဖန်က နောက်ထပ် တိုက်ကွက် တစ်ခု ထုတ်လိုက်ပြန်လေသည်။

“ဟွန့်...၊ မင်းက ဟယ်ဟွမ်ဆေးလုံးကို မင်းအတွက် ကျွေးမယ်လို့ ထင်နေတာလား။ အဲဒါက တောဝက် တွေအတွက်ကွ...။”

“တောဝက်တွေက အဲဒီဆေးစားပြီးရင် ဘာဖြစ်မလဲဆိုတာ မင်း နားလည်ပါတယ်နော်...။”

လင်းဖန်၏ စကားကို ကြားလိုက်ရသောအခါ ရှဲ့ခွန်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲ သွားခဲ့လေသည်။ သို့သော် သူ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သော အမူအရာသို့ ပြန်လည် ပြောင်းလဲသွားပြန်လေ၏။

“ဟားဟား...၊ ငါ့ကို တစ်ဂိုဏ်းလုံးက သစ္စာဖောက်သွားပြီပဲ။ ငါ့ရဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်နေစရာ လိုသေးလို့လား...။”

“မင်းမှာ ရှိသမျှ အကွက်တွေ အကုန်ထုတ်သုံးစမ်းပါ။ ငါက ဘယ်လောက်အထိ ခံနိုင်ရည် ရှိမလဲ ကြည့်ကြတာပေါ့...။”

ရှဲ့ခွန်း၏ ခါးသီးသော စကားများကြောင့် လင်းဖန်မှာ စိုးရိမ်တကြီးဖြင့် ခေါင်းကုတ်နေမိသည်။ သူအနေ ဖြင့် အမြဲတမ်း အလုပ်ဖြစ်ခဲ့သော ဒုတိယနည်းလမ်းမှာ ယခုအခါတွင် အလုပ်မဖြစ်တော့ပေ။ သို့သော် သူက ဆက်၍ မေးလိုက်သေးသည်။

“မင်း ကျူးကန်းလျဲ့ ဆိုတဲ့ နာမည်ကို ကြားဖူးလား...။”

“မင်းက ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ မင်း တကယ်ပဲ ဝက်ဘုရား ဖြစ်သွားမှာကို မကြောက် ဘူးလား...။”

ရှဲ့ခွန်းသည် ဂရုမစိုက်ဟန် ပြနေသော်လည်း ထိုစကားကို ကြားသောအခါ သူ၏ နှုတ်ခမ်းထောင့်များ သိသိသာသာ တုန်ခါသွားလေသည်။ ဘေးပတ်ဝန်းကျင်ရှိ လူများကိုမူ ပြောနေစရာပင် မလိုတော့ပေ။

လင်းဖန် ပြောလိုက်သည့် နာမည်ကို သူတို့ မကြားဖူးသော်လည်း ၎င်းသည် ကောင်းသော အရာ မဟုတ်မှန်း သိသာလှချေသည်။ အထူးသဖြင့် တောဝက်နှင့် တွဲ၍ ပြောလိုက်သည့် အဓိပ္ပာယ်မှာ ထင်ရှားလှပေသည်။

“ဟွန့်... ဘာပဲဖြစ်ဖြစ်ပါပဲ။ ငါ သေသွားပြီးရင် ဒီလောကထဲမှာ ဘယ်လို ကောလာဟလတွေပဲ ပျံ့ပျံ့ ငါနဲ့ ဘာဆိုင်တော့မှာလဲ...။”

ရှဲ့ခွန်း၏ ဂရုမစိုက်သည့် ပုံစံကို ကြည့်ကာ လင်းဖန်မှာ အတော်လေး စိတ်ပျက်သွားရသည်။ သို့သော် သူသည် ဤကိစ္စကို စိတ်ထဲတွင် မှတ်ထားလိုက်ပြီး နောင်တွင် ယခုထက် ပို၍ ပြင်းထန်သော ကျွန်ပြု ခြင်း နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

All Chapters