အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃) ငါအားမစိုက်ရသေးခင် မင်းပြိုလဲသွားတာပဲ...
လင်းဖန်သည် အတိဒုက္ခအဆင့် သို့မဟုတ် ကျဆုံးအင်မော်တယ်များပင် ဖြစ်သည့် လက်အောက်ငယ် သား အုပ်စုကြီးကို သိမ်းသွင်းထားသော်လည်း သူတို့မှာ အမှန်တကယ် တိုက်ခိုက်ရလေ့ မရှိပေ။ ထိုစဉ် စနစ်ကလည်း လာရောက် နှောက်ယှက်ပြန်လေသည်။
[ပိုင်ရှင်...၊ တကယ်ပဲ အတည်ပြောနေတာလား။ ခရမ်းရွှေနတ်နဂါးထီးကို မထုတ်တော့ဘူးလား...]
[ခရမ်းရွှေနတ်နဂါးထီးသာ မပါရင် ပိုင်ရှင့်ရဲ့ ခုခံနိုင်စွမ်းက ကျဆုံးအင်မော်တယ် တစ်ယောက်နဲ့ နတ်ဘုရားအဆင့် ရတနာတို့ ပေါင်းစပ်တိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်ဘူးနော်...။]
စနစ်၏ စကားကို ကြားသောအခါ လင်းဖန်က စိတ်ထဲမှ အေးအေးဆေးဆေးပင် ပြန်လည် ဖြေလိုက်၏။
“ဟဲဟဲ...၊ မလိုပါဘူး...။”
“ဘာလဲ...၊ မင်းက ငါ့ရဲ့ စွမ်းဆောင်ရည်ကို မယုံတော့တာလား...။”
[ပိုင်ရှင့်ရဲ့ စွမ်းအား ဟုတ်လား...။ ပိုင်ရှင့်ရဲ့ စွမ်းအားက ခရမ်းရွှေနတ်နဂါးထီးပေါ်မှာပဲ တည်ရှိနေတာ လေ...။]
[ဂါထာတစ်ပုဒ်တောင် မသိဘဲနဲ့ နတ်နဂါးထီးနဲ့ နတ်နဂါးဓားသာ မပါရင် ပိုင်ရှင့်မှာ တိုက်ခိုက်ရေး စွမ်းရည် ဘယ်လောက်နည်းတယ်ဆိုတာ မသိဘူးလား...။]
“ဟွန့်...။ မင်းက ခြံစည်းရိုးကြားက ကြည့်နေတာပဲ။ အခု သေသေချာချာ စောင့်ကြည့်လိုက်စမ်းပါ...။”
ထို့နောက် လင်းဖန်က ရှေ့ရှိ ရှဲ့ခွန်းကို ကြည့်ကာ ပြောလိုက်၏။
“ရှဲ့လေး...၊ မင်း အဆင်သင့်ဖြစ်ပြီလား...။ တိုက်ပွဲက စတော့မယ်နော်...။”
ရှဲ့ခွန်းမှာမူ အနည်းငယ် တွန့်ဆုတ်နေဟန် ပေါ်လေသည်။
“သခင်...၊ ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ...။ ဒါပေမဲ့ ကျွန်တော် မှော်ရတနာ သုံးဖို့ မလိုဘူး မဟုတ် လား...။”
လင်းဖန်က သူ၏ တောင်းဆိုမှုကို လျစ်လျူရှုလိုက်လေသည်။
“ငါ သုံးဆိုရင် သုံးစမ်းပါ...။ ဘာတွေ လာပြီး စကားများနေတာလဲ...။”
ထိုသို့ပြောပြီးနောက် လင်းဖန်က စတင် လှုပ်ရှားလိုက်ပြီး အော်ဟစ်လိုက်လေသည်။
“ဟင်းလင်းပြင်တံခါး...၊ ပွင့်စမ်း...။”
ချက်ချင်းပင် လင်းဖန်၏ နောက်ကွယ်တွင် တံခါးတစ်ခု ပေါ်လာခဲ့လေသည်။ သို့သော် ထိုမျှနှင့် မပြီးသေးပေ။ ဒုတိယတစ်ခု၊ တတိယတစ်ခု...၊
ကွင်းပြင်အနှံ့တွင် ဟင်းလင်းပြင်တံခါးများ တစ်ခုပြီးတစ်ခု လျင်မြန်စွာ ပေါ်လာပြီး လင်းဖန်နှင့် ရှဲ့ခွန်း ကို ဝန်းရံထားလိုက်ကြလေသည်။
“ရှဲ့လေး...၊ မင်း သတိထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ငါ့ရဲ့ ဒီအကွက်က ခုခံဖို့ မလွယ်ဘူးနော်...။”
စကားပြောနေစဉ်မှာပင် လင်းဖန်က နောက်သို့ ဆုတ်လိုက်ပြီး သူ၏နောက်ရှိ ဟင်းလင်းပြင်တံခါးထဲသို့ ဝင်သွားတော့သည်။ ဟင်းလင်းပြင်တံခါးထဲသို့ ဝင်သွားသော လင်းဖန်သည် ဟင်းလင်းပြင် မြင့်မြတ် နယ်မြေအတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေ၏။
ယခုအချိန်တွင် သူသည် မြင့်မြတ်နယ်မြေအတွင်း၌ ရှိနေပြီး သူ့ပတ်ပတ်လည်တွင် ဟင်းလင်းပြင်တံခါး များအဝိုင်းလိုက် ရှိနေသည်။ ထိုဟင်းလင်းပြင်တံခါးများသည် အပြင်ဘက်ရှိ ဟင်းလင်းပြင်တံခါးများ နှင့် ဆက်သွယ်ထားခြင်း ဖြစ်လေသည်။
လင်းဖန်က တံခါးတစ်ခုမှ ထွက်လာပြီးနောက် မရပ်နားဘဲ အခြားတံခါးတစ်ခုအတွင်းသို့ လှည့်ဝင်သွား ပြန်သည်။ လင်းဖန် ပြန်လည် ပေါ်ထွက်လာသောအခါ သူသည် ရှဲ့ခွန်း၏ နောက်ဘက်သို့ ရောက်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်က ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ကို မြှောက်ကာ ရှဲ့ခွန်း၏ ဦးခေါင်းနောက်ဘက်သို့ ရိုက်ချလိုက်လေတော့သည်။ နောက်ဘက်မှ အန္တရာယ်ကို ခံစားလိုက်ရသော အခါ ရှဲ့ခွန်းသည် ရုတ်တရက် လှည့်ကြည့်လိုက်လေ၏။
အရေးပေါ် အခြေအနေတွင် သူသည် အတိုက်ခိုက်ခံရမှုကိုသာ ခုခံကာကွယ်နိုင်တော့သည်။ ကံကောင်း ထောက်မစွာဖြင့် သူသည် ကျဆုံးအင်မော်တယ် တစ်ဦး၏ ကျင့်ကြံမှုအဆင့် ရှိနေသောကြောင့် ဖြစ်၏။ မဟုတ်လျှင် အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးသာဆိုပါက လင်းဖန်၏ ရုတ်တရက် တိုက်ခိုက်မှုကို အမှန်တကယ် ခံလိုက်ရပေလိမ့်မည်။
တိုက်ကွက်ကို ခုခံလိုက်သည်နှင့် လင်းဖန်က ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်သည်။ ထို့နောက် သူသည် ဟင်းလင်းပြင်တံခါးထဲသို့ ဝင်ကာ ပျောက်ကွယ်သွားပြန်၏။ ဆက်လက်၍ လင်းဖန်သည် မတူညီသော ဟင်းလင်းပြင်တံခါးများမှ ခန့်မှန်းရခက်စွာ ပေါ်ထွက်လာပြီး ရှဲ့ခွန်းကို တိုက်ခိုက် နေလေတော့သည်။
ထို့ကြောင့် ရှဲ့ခွန်းမှာ ထိုအခြေအနေကို ကိုင်တွယ်ရန် အလုပ်ရှုပ်နေရတော့သည်။ သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တံခါးများကို ဖျက်ဆီးရန် နယ်ပယ်ချဲ့ထွင်ထားသော ဂါထာများကို အသုံးပြုခဲ့သော်လည်း မည်မျှပင် အားကောင်းသော မှော်အ တတ်ဖြစ်စေ ဟင်းလင်းပြင်တံခါးကို ထိမှန်သည့်အခါ ရေပြင်ပေါ်သို့ ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
သူက အပေါ်သို့ ပျံတက်ရန် ကြိုးစားသော်လည်း သူ၏ ဦးခေါင်းအထက်တွင် ဟင်းလင်းပြင်တံခါး အသစ် တစ်ခု ပေါ်လာကာ လမ်းပိတ်ထားပြန်လေသည်။
လင်းဖန်လည်း ပြဿနာနှင့် ကြုံတွေ့နေရ၏။ ရှဲ့ခွန်းသည် ကျဆုံးအင်မော်တယ်၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားအဆင့် ရတနာ၏ ခုခံမှုကို ပိုင်ဆိုင်ထားလေသည်။
သူ၏ အဆင့်ကိုး မှော်လက်နက်ဖြစ်သော ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်မှာပင် သူ၏ အပေါ်တွင် ထိရောက်မှု မရှိပေ။ သို့သော် ဤအရာမှာ လင်းဖန်အတွက် အခက်အခဲ မဟုတ်ပေ။
လင်းဖန် မြင့်မြတ်နယ်မြေအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားပြီးနောက်... သူသည် သုံးဘီးစက်ဘီးကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ကို စက်ဘီးနောက်တွဲ ထဲသို့ ထည့်ကာ သယ်ယူပို့ဆောင်ရေး လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်၏ အလေးချိန် ချိန်ညှိမှု လုပ်ဆောင်ချက် ကိုလည်း အမြင့်ဆုံးသို့ တိုးမြှင့်လိုက်လေသည်။ ထိုသို့ လုပ်ဆောင်ပြီးနောက် လင်းဖန်သည် သူ၏ သုံးဘီးစက်ဘီးကို စီးကာ ဟင်းလင်းပြင်တံခါးထဲမှ တိုက်ရိုက် ထွက်လာခဲ့လေသည်။
အပြင်ဘက်ရှိ ရှဲ့ခွန်းမှာမူ ချုံခိုတိုက်ခိုက်မှုများကို သတိထားနေရဆဲ ဖြစ်၏။ သို့သော် ကောင်းကင် လှည့်လည်ခြင်းတံဆိပ်တော်၏ အကျိုးသက်ရောက်မှုကို ကြုံတွေ့ပြီးနောက် သူ၏ သတိထားမှုမှာ သိသိသာသာ လျော့နည်းသွားခဲ့လေသည်။
အကြောင်းမှာ သူ၏ ကျဆုံးအင်မော်တယ် အဆင့်နှင့် နတ်ဘုရားအဆင့် ရတနာ၏ အစွမ်းကြောင့် အဆင့်ကိုး မှော်လက်နက်ဖြစ်သော ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်မှာ သူ့ကို ကြီးကြီးမားမား ထိခိုက်အောင် မလုပ်နိုင်သောကြောင့်ပင်။
ရုတ်တရက် ရှဲ့ခွန်းသည် သူ၏နောက်ဘက်မှ အန္တရာယ်တစ်ခု ထပ်မံ ရောက်ရှိလာကြောင်း ခံစားလိုက် ရသည်။ သူသည် ချက်ချင်းပင် လှည့်၍ ခုခံရန် ပြင်ဆင်လိုက်၏။ သို့သော် သူ အံ့သြသွားသည်မှာ ဤ တစ်ကြိမ်တွင် လင်းဖန်၏ လက်ထဲ၌ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော် မရှိတော့ခြင်းပင်။
ထိုအစား သူသည် အလွန်ဆန်းကြယ်သော အရာတစ်ခုကို စီးနင်းလာလေသည်။
“ရှဲ့လေး...၊ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်က မင်းကို မထိခိုက်စေနိုင်ရင် ဒါလေးကို စမ်း ကြည့်ပါဦး...။”
“ငါ့ရဲ့ တန်တစ်ရာဘုရင်ရဲ့ အားအပြည့်နဲ့ တိုက်ခိုက်မှုကို ခံစားကြည့်လိုက်စမ်း...။”
သုံးဘီးစက်ဘီး၏ တိုက်ခိုက်မှု စွမ်းရည်ကို အသက်သွင်းလိုက်သောအခါ ၎င်းသည် ရှဲ့ခွန်းဆီသို့ တိုက် ရိုက် ပြေးဝင်သွားတော့သည်။ ရှဲ့ခွန်းက သူ၏ မှော်ရတနာများကို ခုခံရန် ဆက်လက် အသုံးပြုနေ ခဲ့ပြီး ယခင်ကကဲ့သို့ပင် အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု ထင်မှတ်နေခဲ့သည်။
သို့သော် သုံးဘီးစက်ဘီးနှင့် တိုက်မိပြီးနောက် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွား တော့သည်။ သူသည် လွင့်ထွက်သွားရပြီး ပါးစပ်ထောင့်မှ သွေးစများ စီးကျလာလေသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ချေပြီဖြစ်၏။
သူ၏နောက်ရှိ ဟင်းလင်းပြင်တံခါးဆီသို့ လွင့်ထွက်သွားနေသည်ကို မြင်သောအခါ...၊ ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ မိမိကိုယ်ကိုယ် အသည်းအသန် ပြန်လည် ရပ်တန့်လိုက်ရသည်။ ထိုသို့ လုပ်ဆောင် လိုက်ခြင်းကြောင့် သူသည် နောက်ထပ် သွေးတစ်ပွက် ထပ်မံ ထွေးထုတ်လိုက်ရပြန်လေ၏။
မိမိထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာနေသော သုံးဘီးစက်ဘီးကို ကြည့်ကာ မခုခံဝံ့တော့ပေ။
“သခင်...၊ အဲဒီအကွက်က တကယ်ကို အံ့သြဖို့ ကောင်းပါတယ်။ ကျွန်တော် လုံးဝ ရှုံးနိမ့်ကြောင်း ဝန်ခံ ပါတယ်...။”
သို့သော် လင်းဖန်ကမူ ဤမျှနှင့် ရပ်တန့်ရန် ဆန္ဒမရှိပေ။
“အရှုံးမပေးနဲ့ဦးလေ...၊ ငါ့မှာ အကွက်တွေ အများကြီး ကျန်သေးတယ်။ နောက်ပြီး မင်း မခံနိုင်ရင် ရှောင်လို့ ရတာပဲ မဟုတ်လား...။”
ထိုစကားကို ကြားသောအခါ ရှဲ့ခွန်းလည်း ဆက်လက် ရင်ဆိုင်ရန်သာ တတ်နိုင်တော့သည်။ လင်းဖန် ပြောသကဲ့သို့ပင် သူသည် တိုက်ရိုက် မခုခံနိုင်ပါက ရှောင်တိမ်းရန်သာ ကြိုးစားရပေလိမ့်မည်။
အမှန်ပင်... လင်းဖန် သူ၏ဆီသို့ ထပ်မံ ပြေးဝင်လာသောအခါတွင်မူ...၊ ရှဲ့ခွန်းသည် သူ၏ ခန္ဓာကိုယ်ကို ထူးဆန်းသော ပုံစံဖြင့် လိမ်ဖယ်လိုက်ပြီး တိုက်မိမည့်အန္တရာယ်မှ သီသီလေး ရှောင်တိမ်းလိုက်နိုင်သည်။
တစ်ဖက်လူ ရှောင်တိမ်းသွားသည်ကို မြင်သောအခါ လင်းဖန်က စိတ်မပျက်ဘဲ ရယ်မောလိုက်၏။
“ဟားဟား...၊ ရှောင်လိုက်နိုင်တာ တော်သားပဲ။ အခုတော့ ငါ့ရဲ့ တိုက်ကွက်တွေကို ဆက်ပြီး ခံစားကြည့် ဦး...။”
ထိုသို့ပြောပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်တံခါးထဲသို့ ထပ်မံ ဝင်ရောက်ကာ ပျောက်ကွယ် သွားခဲ့ပြန်လေသည်။ ရှဲ့ခွန်းနှင့် ပတ်ဝန်းကျင်ရှိ လူများမှာ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်...
ပထမအကြိမ် တိုက်ခံရစဉ်ကကဲ့သို့ပင် ရှဲ့ခွန်းသည် ရုတ်တရက် လွင့်ထွက်သွားပြန်သည်။ ထိုအခါမှ လင်းဖန်က ပေါ်လာပြီး...၊
“ဟားဟား...၊ ဒီအကွက်ကိုရော မင်း ခုခံနိုင်ပါဦးမလား...။”
အမှန်စင်စစ် လင်းဖန်သည် ဤတစ်ကြိမ်တွင် ကိုယ်ပျောက် လုပ်ဆောင်ချက်ကို အသုံးပြုခဲ့ခြင်း ဖြစ် လေသည်။ သုံးဘီးစက်ဘီးမှာ နဂိုကတည်းက မြန်ဆန်လှသည့်အပြင် ကိုယ်ပျောက်သွားသောအခါ ရှဲ့ခွန်းအနေဖြင့် လုံးဝ မခုခံနိုင်တော့ပေ။
နှစ်ကြိမ်တိုင်တိုင် အတိုက်ခံရပြီးနောက် ရှဲ့ခွန်း၏ ဒဏ်ရာများမှာ အတော်လေး ပြင်းထန်နေပြီ ဖြစ် သည်။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူသည် လင်းဖန်ကို အသနားခံရန်သာ တတ်နိုင်တော့၏။
“သခင်...၊ ကျေးဇူးပြုပြီး အဲဒီ မှော်စွမ်းအင်တွေကို ရပ်ပေးပါတော့...။”
“ထပ်ပြီး အတိုက်ခံရရင် ကျွန်တော် ခံနိုင်မှာ မဟုတ်တော့ပါဘူး...။”
သို့သော် လင်းဖန်မှာမူ အားမလိုအားမရ ဖြစ်နေဟန် ပေါ်လေသည်။
“တောက်...၊ ကျဆုံးအင်မော်တယ် ဆိုတာကလည်း ဒီလောက်လေးပဲလား...။”
“ငါ အားမစိုက်ရသေးခင် မင်းပြိုလဲသွားတာပဲ...။”
“ငါ့မှာ အကွက်တွေ အများကြီး ကျန်သေးတယ်...။ တကယ့် လက်နက်တွေကိုတောင် မထုတ်ရ သေးဘူး...။”
သို့သော် ထိုသို့ ပြောလိုက်သော်လည်း လင်းဖန်က လက်ရှိတွင် ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ မိမိ အနိုင်နိုင် ကျွန်ပြုထားရသော ကျဆုံးအင်မော်တယ်ကို သေအောင် မလုပ်နိုင်ပေ။ ထို့နောက် လင်းဖန် သည် ဟင်းလင်းပြင်တံခါးများကို သိမ်းဆည်းလိုက်ပြီး မြင့်မြတ်နယ်မြေသို့ ပြန်ရန် တစ်ခုသာ ချန်ထား လိုက်တော့သည်။
“ကဲ...၊ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့...။”
အားလုံးကို မြင့်မြတ်နယ်မြေအတွင်းသို့ ပြန်ခေါ်ပြီးနောက် လင်းဖန်က စနစ်ကို ကြွားလိုက်လေသည်။
“မင်းလို ငတုံးက ငါ့ရဲ့ တိုက်ခိုက်ရေး ပုံစံကို ဘယ်လိုမြင်လဲ...။ တကယ်ကို ဘယ်သူမှ ယှဉ်လို့မရတဲ့ ပုံစံ မဟုတ်လား...။”
[ပိုင်ရှင်ကတော့ တကယ့်ကို တစ်မျိုးပဲ...။ ဂါထာတွေ ဝယ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး နှမြောလို့ ဒီလို တွေ ဦးနှောက်ခြောက်အောင် ကြံစည်နေတာကိုး။ တကယ်ကို အပင်ပန်းခံနိုင်လွန်းပါတယ်...။]