← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈) သူ့ခေါင်းက စောင်းသွားရလေသည်

လင်းဖန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ လမ်းသွားလမ်းလာ ကျင့်ကြံသူမှာ ခေတ္တမျှ ကြောင် အသွားလေသည်။ သို့သော် လင်းဖန်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူ ချက်ချင်းပင် နားလည် သွားတော့၏။

*သေစမ်း... ဒါက ချီးကျူးတာလား၊ ဒါမှမဟုတ် လှောင်ပြောင်နေတာလား...။ ငါက ဒီလို ပုံစံမျိုး ဖြစ်ချင်နေတာ မဟုတ်ပါဘူး…။*

သူက လင်းဖန်ကို ဒေါသတကြီး ကြည့်ကာ ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင်... သူ၏ မျက်လုံး ထောင့်မှ ဆိုင်ရှေ့ရှိ ဆိုင်းဘုတ်ကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။ ဆိုင်းဘုတ်ပေါ်ရှိ သူစိမ်းဆန် လှသော “ဟင်းလင်းပြင်မျှော်စင်” ဟူသည့် စာလုံးသုံးလုံးကို ကြည့်ကာ သူ၏ စိတ်ထဲတွင် မေးခွန်း အသစ်တစ်ခု ပေါ်လာပြန်လေ၏။

*ဒီဆိုင်က အရင်တုန်းက အဆင့်ကိုး အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ဆိုင် မဟုတ်ဘူးလား... ဘာလို့ နာမည်ပြောင်းသွားတာလဲ...။*

ဤမေးခွန်းက သူ၏ ဒေါသကို ချက်ချင်းပင် ဖုံးလွှမ်းသွားစေပြီး ဘာမှမစဉ်းစားဘဲ မေးလိုက်တော့ လေသည်။

“တာအိုမိတ်ဆွေ...၊ ဒီနေရာက အရင်တုန်းက အင်မော်တယ်တိမ်တိုက်မျှော်စင် မဟုတ်ဘူးလား...။ အခု ဘာလို့ ဟင်းလင်းပြင်မျှော်စင် ဖြစ်သွားရတာလဲ...။”

လင်းဖန်လည်း တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

*ဒီကောင်က ဘာလို့ အရောင်းအဝယ်အကြောင်း မပြောဘဲ စကားတွေ လျှောက်ပြောနေရတာလဲ။ သူ က တကယ်ပဲ ပစ္စည်းဝယ်မဲ့သူကော ဟုတ်ရဲ့လား…။*

ထိုသို့တွေးကာ လင်းဖန်က တစ်ဖက်လူ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ အကဲခတ်သည့် အနေဖြင့် အရင်ပြန်မေးလိုက်၏။

“မိတ်ဆွေ...၊ တစ်ခုခု ဝယ်မလို့လား...။”

လင်းဖန်၏ စကားကို ကြားသောအခါ လမ်းသွားလမ်းလာ ကျင့်ကြံသူမှာ ငြင်းဆန်ရန် ခေါင်းခါချင် သော်လည်း သူ၏ လက်ရှိ အခြေအနေအရ ခေါင်းခါ၍ မရမှန်း ချက်ချင်းပင် သတိပြုမိသွားသည်။ ထို့ကြောင့် သူက ပြန်ဖြေလိုက်၏။

“မဟုတ်ပါဘူး...၊ စူးစမ်းချင်လို့ မေးကြည့်တာပါ...။”

ထိုစကားကို ကြားသည်နှင့် လင်းဖန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားလေတော့သည်။

*ဘာမှမဝယ်ဘဲနဲ့ ဘာလို့ ဒီလောက်အထိ လျှောက်မေးနေတာလဲ...၊ ဒါက အချိန်နဲ့ စိတ်ခံစားချက် တွေကို အလဟဿ ဖြုန်းတီးတာပဲ မဟုတ်လား...။*

တစ်ဖက်လူက လင်းဖန်ကို ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားဖြင့် ကြည့်နေဆဲ ဖြစ်၏။ သူက နာမည် ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ လင်းဖန်၏ အဖြေကို စောင့်ဆိုင်းနေပုံ ရလေသည်။ ထို့ကြောင့် လင်းဖန်က ဝတ်ကျေတန်းကျေပင် ပြန်ဖြေလိုက်၏။

“ဪ... စူးစမ်းချင်လို့ပါ...။”

“မူလက ဒိဆိုင်က အင်မော်တယ်တိမ်တိုက်မျှော်စင်ပါ...။ အခုတော့ ဟင်းလင်းပြင်မျှော်စင်လို့ အမည် ပြောင်းလိုက်ပြီလေ...။”

လင်းဖန်၏ အဖြေကြောင့် လမ်းသွားလမ်းလာ ကျင့်ကြံသူမှာ ဆွံ့အသွားရတော့လေသည်။ သူက ဖြေလိုက်သလို ရှိသော်လည်း မဖြေလိုက်သလိုပင် ဖြစ်နေချေပြီ။

လင်းဖန်က တစ်ဖက်လူ၏ မျက်နှာထားကို ဂရုမစိုက်တော့ဘဲ ဆိုင်ထဲသို့ ဆက်လက် ဝင်ရောက်သွား သည်။ သို့သော် ထိုကျင့်ကြံသူမှာမူ ဘာကြောင့်မှန်းမသိဘဲ လင်းဖန်နောက်သို့ အလိုအလျောက် လိုက်ပါ သွားလေတော့သည်။ မိမိ၏ အပြုအမူကြောင့် သူကိုယ်တိုင်ပင် ဇဝေဇဝါ ဖြစ်သွားရ၏။

“ဟင်... ထူးဆန်းလိုက်တာ...၊ ငါ ဘာလို့ သူ့နောက်ကို လိုက်နေတာလဲ...။ ပြီးတော့ ငါ ဘာလို့ ဘေးတိုက် ကြီး လမ်းလျှောက်နေရတာလဲ...။”

လင်းဖန်သည် နောက်ကွယ်မှ ကျင့်ကြံသူ၏ စကားများကြောင့် ဤဆိုင်းဘုတ်၏ လုပ်ဆောင်ချက်နှင့် ဘေးထွက်ဆိုးကျိုးများကို နောက်ဆုံးတွင် နားလည်သွားတော့သည်။

*သူ ခုနက မေးခဲ့သော မေးခွန်းများမှာ သူတို့၏ ပြင်းထန်သော စူးစမ်းလိုစိတ်ကြောင့်ပင် ဖြစ်ရပေမည်။ တကယ့်ကို ပြင်းထန်သည့် စူးစမ်းလိုစိတ်ပါပဲလား။ အရာရာကို လျှောက်မေးနေကြတာပဲ။ နောက်ပြီး “တာအိုမိတ်ဆွေ... ခဏလောက် ရပ်ပါဦး...” ဆိုသည်မှာလည်း လမ်းသွားလမ်းလာများကို ဆိုင်ထဲသို့ အတင်းအကျပ် ဆွဲခေါ်ထားခြင်းပင် ဖြစ်ရမည်။*

သို့သော် ထိုကဲ့သို့သော ဖောက်သည်ကို ထိန်းသိမ်းသည့် နည်းလမ်းမှာမူ...၊

အကယ်၍ ဟင်းလင်းပြင်မျှော်စင်၏ မျက်နှာချင်းဆိုင်မှာ ဆေးခန်းတစ်ခုသာ ဖွင့်လိုက်ပါက ချမ်းသာ ကြွယ်ဝသွားမည်မှာ သေချာလှပေသည်။

သို့သော် လင်းဖန်က ထိုအကြံကို ချက်ချင်းပင် ပယ်ချလိုက်၏။

“တောက်...၊ ဆေးခန်းဖွင့်စရာ ဘာလိုမှာလဲ။ ငါ့မှာ အဆင့်မြင့် အားဖြည့်ဆေးလုံးနဲ့ အသေးစား အားဖြည့်ဆေးလုံးတွေ ရှိတာပဲ မဟုတ်လား...။”

ထိုသို့ တွေးမိလိုက်သည်နှင့် လင်းဖန်က ပြန်လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

“ဪ...၊ မိတ်ဆွေရဲ့ ပုံစံကို ကြည့်ရတာ ခုနလေးတင် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့တာ ထင်တယ်...။”

“ကြည့်ပါဦး...၊ မိတ်ဆွေရဲ့ ဦးခေါင်းက စောင်းနေတာပဲ။ တကယ့်ကို ပြင်းထန်တဲ့ ဒဏ်ရာ ရထားတာ ဖြစ်ရမယ်...။”

“တာအိုမိတ်ဆွေ...၊ မစိုးရိမ်ပါနဲ့။ ငါတို့ ဆိုင်မှာ အံ့သြဖွယ်ကောင်းတဲ့ ဒဏ်ရာကုသဆေးတွေ ရှိပါတယ်။ အသေးစား၊ အလယ်အလတ်နဲ့ အဆင့်မြင့် အားဖြည့်ဆေးလုံးတွေ အမျိုးစုံ ရှိတာမို့ ဆေးသောက်လိုက် တာနဲ့ ချက်ချင်း ပျောက်ကင်းသွားမယ်လို့ အာမခံပါတယ်...။”

ထိုစူးစမ်းလိုစိတ် ပြင်းထန်နေသော ကျင့်ကြံသူမှာ လင်းဖန်၏ စကားကို ကြားသောအခါ စိတ်ထဲတွင် မေးခွန်းအသစ်များ ထပ်မံ ပေါ်လာပြန်လေ၏။

“အသေးစား အားဖြည့်ဆေးလုံးက ဘယ်လောက်သေးလို့လဲ...၊ ပြီးတော့ အဲဒါက ဘယ်လောက်ကြီး...။”

​ထိုစူးစမ်းလိုစိတ် ပြင်းထန်နေသော ကလေးငယ်က ထပ်မံ မေးခွန်းမေးရန် ပြင်နေစဉ်မှာပင် လင်းဖန်က အချိန်ဆွဲမနေတော့ဘဲ ရှောင်ဟွမ်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ တစ်ဖက်လူ ပါးစပ်ဟနေချိန်တွင် တိုက်ရိုက် ပစ်ထည့်လိုက်လေတော့သည်။

ဆေးလုံးမှာ ပါးစပ်အတွင်းသို့ ရောက်သည်နှင့် ချက်ချင်း အရည်ပျော်သွားပြီး ကျင့်ကြံသူ၏ လည်ပင်း မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေတော့သည်။

တစ်ဖက်လူ၏ ဦးခေါင်းမှာ မူလနေရာသို့ ပြန်ရောက်သွားသည်ကို မြင်သောအခါမှ လင်းဖန် စိတ်အေး သွားတော့သည်။

*ကြည့်ရတာ ဒီဆိုင်းဘုတ်ရဲ့ ဘေးထွက်ဆိုးကျိုးက သိပ်ပြီး မပြင်းထန်လှပါဘူး။ ငါ့ဆေးလုံးတွေနဲ့ ကုသလို့ ရသေးတာပဲ။ ဒါဆိုရင် ရတနာစိတ်ဝိညာဉ်ကို ဆေးလုံးတွေ အမြောက်အမြား သန့်စင်ခိုင်းထား တာက တကယ့်ကို မှန်ကန်သည့် ဆုံးဖြတ်ချက်ပဲ။ နောင်ကျရင် ဆိုင်ဆိုင်းဘုတ် အားလုံးကို ဒီလိုမျိုး တွေပဲ အကုန်လဲပစ်ရမယ်…။*

*ဒါဆိုရင် နောင်မှာ ဖောက်သည်တွေ အဆက်မပြတ် လာနေမှာ သေချာပြီ။ ဆိုင်ထဲကို ဝင်လာစရာ တောင် မလိုဘူး...။ ဆိုင်ရှေ့ ဖြတ်လျှောက်တာနဲ့တင် ငါ့ရဲ့ ဆေးလုံးလုပ်ငန်းက အောင်မြင်နေမှာပဲ။ လမ်းသွားလမ်းလာ ခွေးတစ်ကောင်တောင်မှ ငါ့ဆေးကို သောက်ရမှာပဲလေ…။*

လင်းဖန်က ပိုက်ဆံတောင်းရန်လည်း မမေ့ခဲ့ပေ။

“ဟုတ်ကဲ့...၊ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း ကျသင့်ပါတယ်...။”

ထိုကျင့်ကြံသူမှာလည်း မိမိ၏ လည်ပင်း ပြန်ကောင်းသွားသဖြင့် ဝမ်းသာအားရ ဖြစ်နေကာ တွေဝေ မနေဘဲ ကျောက်တုံးများကို ထုတ်ပေးလိုက်လေသည်။

“ကောင်းပါပြီ...၊ နောက်တစ်ခါလည်း ထပ်ပြီး ကြွခဲ့ပါဦးနော်...။”

လင်းဖန်က တစ်ဖက်လူ စိတ်ပြောင်းမသွားမီ အမြန်ပင် လိုက်ပို့လိုက်လေတော့သည်။ လင်းဖန် တောင်း လိုက်သည့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုသည့် ဈေးနှုန်းမှာ အမှန်တကယ်ပင် မတရားလှပေသည်။ တစ်ဖက်လူက ဈေးဆစ်လိမ့်မည်ဟု ထင်ထားသော်လည်း အံ့သြစရာကောင်း လောက်အောင်ပင် တစ်ခါတည်း ပေးချေသွားခဲ့လေသည်။

*ငါ့ရဲ့ ခန့်မှန်းချက်က မှန်နေတာလား...၊ ဒီလူက တကယ့်ကို ချမ်းသာတဲ့ မိသားစုက ဖြစ်ရမယ်…။*

စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုသည်မှာ လင်းဖန်အတွက် များပြားလှသည့် ပမာဏ မဟုတ် သော်လည်း လိမ္မာပါးနပ်သည့် စီးပွားရေးသမားတစ်ဦး ဖြစ်ရသည့် ခံစားချက်က လင်းဖန်ကို အလွန်ပင် ပျော်ရွှင်စေလေသည်။

လမ်းသွားလမ်းလာ ကျင့်ကြံသူမှာလည်း လင်းဖန်၏ လိုက်ပို့သံကို ကြားပြီးနောက် ငေးငိုင်စွာဖြင့် ထွက်ခွာသွားတော့သည်။ တစ်ဖက်လူ ဝေးဝေးသို့ ရောက်သွားသည်ကို ကြည့်ကာ လင်းဖန် သက်ပြင်း ချလိုက်၏။

*မင်းသာ ဆိုင်ထဲက ထွက်သွားရင်တော့ လင်းဖန်ကို ပြန်တောင်းမှာ မဟုတ်တော့ဘူး…။*

လမ်းသွားလမ်းလာကို လိုက်ပို့ပြီးနောက် လင်းဖန်က ဆိုင်တံခါးဝတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ နောက်ထပ် သားကောင်တစ်ယောက် လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခြင်း ဖြစ်၏။ ထျန်းယွမ်မြို့တွင် ကျင့်ကြံသူ အမြောက်အမြား ရှိသော်လည်း မြို့က အလွန်ကျယ်သဖြင့် လူများမှာ ခပ်ကျဲကျဲသာ ရှိလေသည်။

ထို့ကြောင့် လင်းဖန်သည် ဒုတိယမြောက် သားကောင်ကို အတော်လေး ကြာအောင် စောင့်လိုက်ရ၏။

ဤ​တစ်ယောက်ကမူ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ယခင်လူထက် အဆင့်မြင့်ကာ အဆင့်မြင့် အားဖြည့်ဆေးလုံး လိုအပ်မည့်သူ ဖြစ်လေသည်။ ထိုသူ ဆိုင်ရှေ့သို့ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ကာ လင်းဖန်က စိတ်ထဲမှ ရေတွက်နေလိုက်၏။

“သုံး... နှစ်... တစ်... ဂျွတ်...။”

လင်းဖန် ရေတွက်ပြီးသည်နှင့် တစ်ဖက်လူသည် ဟင်းလင်းပြင်မျှော်စင်၏ ရှေ့သို့ ရောက်ရှိလာပြီး ဆိုင်းဘုတ်၏ အာနိသင်ကို ခံလိုက်ရတော့သည်။ သူ၏ ဦးခေါင်းမှာလည်း ချက်ချင်းပင် စောင်းသွား လေသည်။

သို့သော် ဤတစ်ယောက်မှာ အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည့်အလျောက် သူ၏ ခန္ဓာကိုယ် ရုတ် တရက် ပြောင်းလဲသွားမှုကို မြင်သော်လည်း မတုန်လှုပ်ပေ။ သူ၏ လည်ပင်းကို ပြန်လှည့်၍ မရမှန်း သိသောအခါ သူက မျက်မှောင်ကြုတ်ကာ မိမိဘာသာ အတင်းအကျပ် ပြန်လှည့်လိုက်လေသည်။

ထိုစဉ် နောက်ထပ် “ဂျွတ်” ခနဲ အသံတစ်ခု ထပ်ထွက်လာပြန်၏။ ဟုတ်ပေသည်... သူ၏ အားက သန်လှ သဖြင့် ပြန်လှည့်လိုက်ရာတွင် လွန်သွားပြီး သူ၏ ဦးခေါင်းနောက်ဘက်မှာ ဆိုင်ဘက်သို့ မျက်နှာမူသွား တော့သည်။ သည်ပုံစံကြောင့် လင်းဖန်ပင် မျက်နှာလွှဲလိုက်မိ၏။ အရောင်းအဝယ် မလွတ်သွားစေရန် သူက ချက်ချင်းပင် အနားသို့ သွားလိုက်လေသည်။

“အား...၊ တာအိုမိတ်ဆွေ...။ မိတ်ဆွေ ဒဏ်ရာရသွားပြီလား...။”

“ကြည့်ရတာ တော်တော်လေး ပြင်းထန်တဲ့ ပုံပဲ။ ဦးခေါင်းက ပြုတ်ကျတော့မလို ဖြစ်နေပြီ...၊ မိတ်ဆွေ လျှောက်မလှုပ်ပါနဲ့ဦး...။”

“ငါ့ဆိုင်မှာ အဆင့်မြင့် အားဖြည့်ဆေးလုံး ဆိုတဲ့ ကုသရေး ဆေးစွမ်းကောင်း ရှိပါတယ်။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းပဲ ကျသင့်မှာဖြစ်ပြီး မိတ်ဆွေရဲ့ ဒဏ်ရာကို ချက်ချင်း ပျောက်ကင်း စေမယ်လို့ အာမခံပါတယ်...။”

လင်းဖန်သည် ယခင်လူ၏ အတွေ့အကြုံအရ ဈေးနှုန်းကို နှစ်ဆ တိုးတောင်းလိုက်ခြင်း ဖြစ်သည်။

သို့သော် လင်းဖန်က ဆေးကျွေးရန်အတွက် တစ်ဖက်လူ၏ အရှေ့ဘက်သို့ သွားလိုက်စဉ်မှာပင်...

“ငါ့လမ်းက ဖယ်စမ်း...၊ မင်းရဲ့ ဆေးလုံးတွေကို ငါ မလိုချင်ဘူး...။”

ထိုကျင့်ကြံသူက စောင်းနေသော ဦးခေါင်းနှင့်ပင် ရှေ့သို့ ဆက်လက် ထွက်ခွာသွားလေသည်။ ထိုသူ၏ မယဉ်ကျေးလှသော အမူအရာကြောင့် လင်းဖန်က မျက်မှောင်ကြုတ်လိုက်မိလေ၏။

*ဒီလောက်လေးပဲ ရှိတဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကများ ငါ့ကို ဒီလိုမျိုး စကားပြောရဲတယ်ပေါ့လေ...။*

အကယ်၍ ဆိုင်က ဆိုင်းဘုတ်အသစ် တင်ပြီးခါစ မဟုတ်ပါက လင်းဖန်သည် ထိုသူကို ထိုနေရာတွင်ပင် အသေသတ်လိုက်လောက်ပြီ ဖြစ်သည်။

All Chapters