← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း (၂၁၀) အိပ်မက်တစ်ခုက အချည်းနှီးသာ ဖြစ်သွားချေပြီ...

တစ်ဖက်လူ၏ ပျော်ရွှင်နေသော မျက်နှာထားကို မြင်သောအခါ လင်းဖန်က အနည်းငယ် ပြုံးလိုက် လေသည်။ ထို့နောက် စနစ်ဟင်းလင်းပြင်ထဲမှ အဆင့်မြင့်၊ အလယ်အလတ်နှင့် အသေးစား အားဖြည့် ဆေးလုံး အမြောက်အမြားကို ထုတ်ယူလိုက်လေ၏။

“ဒီ ဒဏ်ရာကုသပေးပြီး စိတ်ဝိညာဉ်စွမ်းအား ဖြည့်တင်းပေးမယ့် ဆေးလုံးတွေကို စင်ပေါ်မှာ တင်ထား လိုက်။ ဒီဆေးလုံးတွေက နောင်ကျရင် ငါတို့ ဟင်းလင်းပြင်မျှော်စင်ရဲ့ အမှတ်အသား ထုတ်ကုန်တွေ ဖြစ်လာမှာပဲ...။”

ဆိုင်းဘုတ်အကြောင်း ပြောရင်းဖြင့် လင်းဖန်သည် သူ၏ ကြော်ငြာဆိုင်းဘုတ်ကို သတိရသွားပြန်သည်။

“ဒါနဲ့...၊ ငါ ဟင်းလင်းပြင်မျှော်စင်အတွက် ဆိုင်းဘုတ်ကို ပြောင်းထားပြီးပြီ။ တံခါးအပြင်ဘက်မှာ လူတစ်ယောက်ကို စောင့်ကြည့်ခိုင်းထားလိုက်ဦး...။”

“ဖြတ်သွားဖြတ်လာ ကျင့်ကြံသူတွေ ရှိရင်လည်း အဆင့်မြင့်၊ အလယ်အလတ်နဲ့ အသေးစား အားဖြည့် ဆေးလုံးတွေကို သူတို့ကို အကြံပြုပေးလိုက်...။”

ထိုညွှန်ကြားချက်ကို ကြားသောအခါ ချန်ရှီကျဲက အခက်တွေ့နေဟန်ဖြင့် ပြောလိုက်လေသည်။

“သခင်ကြီး...၊ သူတို့က လမ်းကြုံလို့ ဖြတ်သွားတာဆိုတော့ ဆေးလုံးတွေ ဝယ်ဖို့ လိုအပ်မှာ မဟုတ်ဘူး ထင်ပါတယ်...။”

“အကယ်၍ သူတို့ကို တိုက်ရိုက်သွားပြီး အကြံပြုရင်လည်း အရောင်းရမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိပါတယ်...။”

လင်းဖန်က ခပ်ဟဟ ရယ်မောကာ ထူးဆန်းသော လေသံဖြင့် ပြောလိုက်၏။

“ဟဲဟဲ... ဖြတ်သွားဖြတ်လာတွေမှာ လိုအပ်ချက် မရှိဘူးလို့ ဘယ်သူပြောလဲ...။”

“ငါတို့ ဆိုင်ရှေ့က ဖြတ်သွားတဲ့ ခွေးတစ်ကောင်တောင်မှ ဆေးတစ်လုံးလောက်တော့ ဝယ်သွားအောင် ငါ လုပ်နိုင်တယ်...။”

ထို့နောက် ချန်ရှီကျဲ၏ သံသယဖြစ်နေသော အကြည့်အောက်တွင်... လင်းဖန်သည် တံခါးအပြင်ဘက်ရှိ ဆိုင်းဘုတ်၏ လုပ်ဆောင်ချက် အချို့ကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။ ချန်ရှီကျဲမှာ ထိုစကား ကြောင့် လုံးဝကို ဆွံ့အသွားရတော့၏။

ထျန်းယွမ်မြို့မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အင်မော်တယ်တိမ်တိုက်မျှော်စင်အနေဖြင့် ဤကဲ့သို့ စီးပွားရေးလုပ်နိုင်မည်ဟု သူ တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ အံ့သြချီးမွမ်းသည့် စကားများမှာ လည်း သူ၏ နှုတ်ဖျားမှ အလိုအလျောက် ထွက်ပေါ်လာတော့သည်။

“သခင်ကြီးက တကယ်ကို ဉာဏ်များ...၊ ပညာရှိတာပဲ...။”

ချန်ရှီကျဲသည် “ညဏ်များသည်” ဟု ပြောမိတော့မည့်ဆဲဆဲမှာပင် အချိန်မီ “ပညာရှိသည်” ဟု ပြောင်း လဲ ပြောဆိုလိုက်ခြင်း ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ထိုစကားလုံး နှစ်ခု၏ အသံမှာ အနည်းငယ် ဆင်တူသဖြင့် လင်းဖန် သတိမထားမိလောက်ဟု သူ တွေးလိုက်သည်။

လင်းဖန်က နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူကမူ ဂရုစိုက်နေမည် မဟုတ်ပေ။

ချန်ရှီကျဲကို တာဝန်များ ပေးအပ်ပြီးနောက် သူသည် ကျန်သည့် ဆိုင်နှစ်ဆိုင်သို့ သွားရန် ပြင်လိုက်တော့ သည်။ ကြော်ငြာဆိုင်းဘုတ်များက ဤမျှအထိ အသုံးဝင်နေမှတော့ ထျန်းယွမ်မြို့ရှိ ရွှမ်းမင်ဂိုဏ်းနှင့် လင်းရှောင်းဂိုဏ်းတို့၏ ဆိုင်များကိုလည်း တပ်ဆင်ပေးရမည် မဟုတ်ပါလား။

“ကဲ...၊ အပြင်က အရောင်းအဝယ်တွေကို သေသေချာချာ စောင့်ကြည့်ဖို့ မမေ့နဲ့ဦး။ ငါ လုပ်စရာ ရှိတာတွေ သွားလုပ်ဦးမယ်...။”

ထိုသို့ ပြောပြီးနောက် လင်းဖန်သည် အပြင်သို့ ထွက်ကာ ရွှမ်းမင်ဂိုဏ်း၏ ဆိုင်ရှိရာသို့ ဦးတည် ထွက်ခွာ ခဲ့လေသည်။ မကြာမီမှာပင် “ရွှမ်းမင်မျှော်စင်” ဟူသော စာလုံးကြီး သုံးလုံးမှာ လင်းဖန်၏ မျက်စိရှေ့သို့ ရောက်ရှိလာတော့သည်။

လင်းဖန်သည် တွန့်ဆုတ်မနေဘဲ အထဲသို့ ဝင်ခဲ့၏။ ချန်ရှီကျဲနှင့် မတူသည်မှာ ရွှမ်းမင်မျှော်စင်တွင် ရှိနေသည့် လူများသည် လင်းဖန်ကို သိနေဟန် ရှိကြခြင်းပင်။ ထို့ကြောင့် လင်းဖန်ကို မြင်သည်နှင့် သူတို့သည် ရိုသေစွာဖြင့် ရှေ့သို့ တိုးလာခဲ့ကြလေသည်။

“ရွှမ်းမင်ဂိုဏ်းက တပည့် ကျူးဖေးက သခင်ကြီးကို ဂါရဝပြုပါတယ်...။”

တစ်ဖက်လူက မိမိကို တစ်ချက်ကြည့်ရုံဖြင့် သိနေသည်ကို မြင်သောအခါ လင်းဖန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဪ... မင်းက ငါ့ကို သိတာလား...။”

ကျူးဖေးက ရိုသေစွာ ပြန်ဖြေ၏။

“သခင်ကြီး...၊ ဂိုဏ်းချုပ်က ဒီနေ့ပဲ သတင်းပို့ထားပါတယ်။ သခင်ကြီး ပြန်ရောက်လာမယ့် အကြောင်းနဲ့ သခင်ကြီးရဲ့ ရုပ်ရည်၊ ဝတ်စားဆင်ယင်မှုတွေကိုပါ ပြောပြထားပါတယ်...။”

“ဒါကြောင့် သခင်ကြီးကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာတင် သခင်ကြီးမှန်း ကျွန်တော် ခန့်မှန်းမိတာ ပါ...။”

ထိုစကားကို ကြားသောအခါ လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မိမိ ကျွန်ပြုထားသည့် လူများမှာ တကယ်ကို ကွဲပြားခြားနားလှပေသည်။ သူတို့သည် အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ကြ၏။ ဤအချက်မှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ ကျောက်ဝူယာတို့ထက် အများ ကြီး ပို၍ ကောင်းမွန်လှနေသည်ပင်။

သို့သော်လည်း လင်းဖန်သည် စိတ်မလောပေ။ မည်သို့ပင်ဆိုစေ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ မြင့်မြတ်နယ်မြေထဲသို့ ဝင်ရောက်လာသည်မှာ မကြာသေးပေ။ အလုပ်ခန့်ထားမှု စာချုပ်၏ အာနိသင်မှာ သူတို့အတွက် ကြီးကြီးမားမား မရှိသေးပေ။

အလုပ်ခန့်ထားမှု စာချုပ်များ၏ လွှမ်းမိုးမှုမှာ တဖြည်းဖြည်း ပိုမို၍ နက်ရှိုင်းလာသည်နှင့်အမျှ ကျောက်ဝူယာတို့မှာ လျိုပိုင်ချွမ်းတို့ထက်ပင် ပို၍ သစ္စာရှိလာကြပေလိမ့်မည်ပင်။

“ဟဲဟဲ...၊ မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ...။”

“အချိန်ကိုက်ပါပဲ...။ ငါ မင်းတို့အတွက် စိတ်ဝိညာဉ် စွမ်းအား မြှင့်တင်ပေးမယ့် ဆေးလုံးအချို့ ယူလာခဲ့ တယ်။ ဒီမှာ ရှိတဲ့လူတွေကို တိုက်လိုက်စမ်း...။”

ပြောရင်းဖြင့် သူသည် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး တစ်ပုလင်းကို ထုတ်ကာ တစ်ဖက်လူထံသို့ ကမ်း ပေးလိုက်၏။ ကျူးဖေးသည် ထိုဆေးလုံးများအကြောင်း ကြားရသောအခါ အံ့သြသည့် အရိပ်အယောင် မျှ မရှိပေ။ ရွှမ်းမင်ဂိုဏ်းချုပ်က သူ့ကို ကြိုတင်၍ ပြောပြထားပြီးသား ဖြစ်ပုံရပေသည်။

ထို့နောက် ကျူးဖေးသည် အခြားသူများကို ဆေးလုံးများ ဝေပေးရန် ထွက်သွားတော့သည်။ လင်းဖန် သည် ထိုအချိန်ကို အသုံးချကာ အသုံးမပြုသည့် အခန်းတစ်ခုကို ရှာပြီး ဟင်းလင်းပြင်တံခါးကို တပ်ဆင် လိုက်၏။ နောက်တစ်ဆင့်မှာမူ ရွှမ်းမင်မျှော်စင်အတွက် ဟင်းလင်းပြင်မျှော်စင် ဆိုင်းဘုတ်ကို သန့်စင် ရန် ဖြစ်လေသည်။

မြင့်မြတ်နယ်မြေအတွင်း၌ “ဒင်” ခနဲ အသံနှင့်အတူ ဆိုင်းဘုတ်မှာ အောင်မြင်စွာ သန့်စင်ပြီးစီးသွား လေတော့သည်။ သို့သော် လင်းဖန် မီးဖိုကို ဖွင့်ကြည့်လိုက်သောအခါ ပြဿနာတစ်ခုကို တွေ့လိုက်ရ၏။

“ဟင်... ဒီတစ်ခါ ဆိုင်းဘုတ်မှာ ဘာလို့ ပန်းခက်တွေ ပါနေတာလဲ...။”

လင်းဖန် သေသေချာချာ မှတ်မိနေသည်မှာ သူ ယခင်က သန့်စင်ခဲ့သည့် ဆိုင်းဘုတ်၏ မျက်နှာပြင်မှာ အလွန် ချောမွေ့နေခြင်း ဖြစ်သည်။ ထိုသံသယဖြင့်ပင် လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို တွန့်တိုစွာ အသုံးပြုကာ စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို အသုံးပြုလိုက်တော့သည်။

[ကြော်ငြာဆိုင်းဘုတ် (မြည်းတံဆိပ်) - အထူး မှော်လက်နက်။

လုပ်ဆောင်ချက် - အိပ်မက်ကမ္ဘာ။

ဘေးထွက်ဆိုးကျိုး - အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်း။]

ဤဆိုင်းဘုတ်အသစ်၏ မိတ်ဆက်ချက်ကို ကြည့်ကာ လင်းဖန်မှာ ဆွံ့အသွားရပြန်သည်။

“ဒီ အသုံးမကျတဲ့ ငတုံးကတော့...။ ဒီစစ်ဆေးခြင်း လုပ်ဆောင်ချက်က ပိုပိုပြီးတော့ ပေါ့ပျက်ပျက် ဖြစ်လာတာပဲ။ စာလုံး မဖြစ်စလောက်လေးကို စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ဖြတ်သွား တာပဲ...။”

“ဒီလုပ်ဆောင်ချက်နဲ့ ဘေးထွက်ဆိုးကျိုးရဲ့ အဓိပ္ပာယ်ကို အသေးစိတ် ရှင်းပြလို့ မရဘူးလား…။”

စနစ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် လင်းဖန်ကိုယ်တိုင်သာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက် လေတော့သည်။ မကြာမီမှာပင် လင်းဖန်သည် ရွှမ်းမင်မျှော်စင် ဆိုင်းဘုတ်ကို ဖြုတ်ကာ ဟင်းလင်းပြင် မျှော်စင် ဆိုင်းဘုတ်အသစ်ဖြင့် အစားထိုးလိုက်၏။ ထို့နောက် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများကိုသာ စောင့်ဆိုင်းနေတော့သည်။

မကြာမီမှာပင် ကံကောင်းသည့် (သို့မဟုတ် ကံဆိုးသည့်) လူတစ်ယောက်သည် လင်းဖန်၏ မြင်ကွင်းထဲ သို့ ရောက်ရှိလာလေသည်။ ထိုကျင့်ကြံသူသည် ဟင်းလင်းပြင်မျှော်စင်၏ အဝင်ဝသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ကြည့်ကာ လင်းဖန်သည် မျှော်လင့်ချက်များဖြင့် စောင့်ကြည့်နေမိ၏။

ထိုကျင့်ကြံသူသည် ဟင်းလင်းပြင် ဆိုင်၏ အဝင်ဝကို ဖြတ်ကျော်လိုက်သည်နှင့် လင်းဖန်သည် တစ်ဖက် လူ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာကို သတိထားမိလိုက်သည်။ ထို့နောက် ထိုသံသယ ဖြစ်နေသည့် အမူအရာမှာ အံ့သြမှု အဖြစ်သို့ ပြောင်းလဲသွားပြီး၊ နောက်ဆုံးတွင် ဝမ်းသာအားရ ဖြစ်သွား သည့် အမူအရာသို့ ပြောင်းလဲသွားလေတော့သည်။

တစ်ဖက်လူ၏ တရစပ် ပြောင်းလဲနေသော မျက်နှာအမူအရာကို ကြည့်ကာ လင်းဖန်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့သည်။

*ဘာတွေ ဖြစ်နေတာလဲ...၊ အိပ်မက်က စတင်နေပြီလား...။*

*ဒါက ဘယ်လို အိပ်မက်မျိုးလဲ...၊ သူ့ကို အံ့သြစေသလို ဝမ်းသာအောင်လည်း လုပ်နိုင်တာပဲ...။*

လင်းဖန် မသိသည်မှာ ထိုဖြတ်သွားဖြတ်လာ ကျင့်ကြံသူ၏ အမြင်တွင်မူ ထူးဆန်းလှသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်နေခြင်းပင်။ ထိုကျင့်ကြံသူ၏ အမည်မှာ မာချီ ဖြစ်ပြီး ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။ သူ၏ အမြင်တွင်မူ သူသည် မြို့ထဲ၌ လမ်းလျှောက်နေခြင်း ဖြစ်သည်။

ရုတ်တရက် လမ်းဘေးတွင် ကျင့်ကြံသူ တစ်ဦးက ဈေးဆိုင်လေး တစ်ဆိုင် ဖွင့်ကာ လက်နက်သန့်စင် သည့် ပစ္စည်းအချို့ ရောင်းချနေသည်ကို မြင်လိုက်ရသည်။ ထို့ပြင် ထိုပစ္စည်း အများစုမှာ အဆင့်နိမ့် မှော်လက်နက်များ သန့်စင်သည့် ပစ္စည်းများ ဖြစ်ကြ၏။

သူ၏ ဇဝေဇဝါ ဖြစ်မှုမှာ ထိုအဆင့်နိမ့် ပစ္စည်းများထဲရှိ ကျောက်ခဲ တစ်လုံးတွင် ထူးခြားမှု တစ်ခုကို သတိပြုမိသွားခြင်းကြောင့်ပင်။ ဆိုင်ရှင်သည် ထိုကျောက်ခဲကို ဆေးပုလင်းများ ပြုလုပ်သည့် သာမန် ကျောက်စိမ်းဟု ဆိုကာ ရောင်းချနေခြင်း ဖြစ်၏။ သို့သော် သူ၏ စစ်ဆေးချက်အရမူ ဤအရာမှာ သာမန် ကျောက်စိမ်း မဟုတ်ဘဲ နှစ်တစ်ထောင် ရှေးဟောင်း ဆန်းကြယ်ကျောက်စိမ်း ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

ဤအချိန်တွင် ဆိုင်ရှင်၌ အဘယ်ကြောင့် ဤမျှ အဖိုးတန်သော ကျောက်စိမ်း ရှိနေသနည်းဟု သူ မေးမြန်းနေရန် အချိန်မရှိတော့ပေ။ အိပ်မက်၏ လွှမ်းမိုးမှုနှင့် အံ့သြဝမ်းသာမှုများကြောင့် သူသည် တစ်ဖက်လူမှာ ကံကောင်း၍ ရရှိထားသည့် လူတစ်ယောက်ဟုသာ မှတ်ယူလိုက်တော့သည်။

ထို့နောက် မာချီသည် သူ၏ အံ့သြမှုကို ထိန်းချုပ်ကာ တည်ငြိမ်စွာဖြင့် လင်းဖန်ထံသို့ ချဉ်းကပ်သွားလေ သည်။ ထို့နောက် သူ ရှာဖွေတွေ့ရှိထားသည့် ရှေးဟောင်း ကျောက်စိမ်းကို ညွှန်ပြကာ လင်းဖန်ကို ပြော လိုက်လေ၏။

“ဆိုင်ရှင်...၊ ဒီကျောက်စိမ်းကို ကျွန်တော် ယူမယ်။ ကျွန်တော် အခု ဆေးဖော်တာကို လေ့လာနေတာမို့ ဆေးလုံးတွေ ထည့်ဖို့ ကျောက်စိမ်းပုလင်းတွေ လိုနေတာ...၊ ဒီကျောက်စိမ်း တစ်တုံးဆိုရင် လုံလောက် မှာပါ...။”

လင်းဖန်မှာမူ တစ်ဖက်လူ၏ စကားကြောင့် လုံးဝကို ဆွံ့အသွားရတော့သည်။ တစ်ဖက်လူ ညွှန်ပြသည့် နေရာကို ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် သာမန် ကျောက်ခဲ တစ်လုံးသာ ရှိနေသည် မဟုတ်ပါ လား။ လင်းဖန်က အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်သော်လည်း ၎င်းသည် တကယ့်ကို ကျောက်ခဲ စုတ် တစ်လုံးသာ ဖြစ်နေ၏။

ဤရလဒ်ကြောင့် လင်းဖန်မှာ အတော်လေး ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

*ဘာတွေ ဖြစ်ကုန်တာလဲ...၊ ငါ့မှာပဲ အမြင်မှားတွေ ဖြစ်နေတာလား...။*

သို့သော် လင်းဖန်သည် တစ်ဖက်လူမှာ အိပ်မက်အတွင်းသို့ ရောက်ရှိနေပြီမှန်း ချက်ချင်းပင် သိလိုက် လေသည်။ တစ်ဖက်လူက မိမိကို ဆိုင်ရှင်ဟု ခေါ်နေခြင်းမှာ သူတို့၏ အမြင်တွင် မိမိသည် လမ်းဘေး၌ ဈေးဆိုင် ဖွင့်နေခြင်း ဖြစ်ကြောင်း သက်သေပြနေသည်။ မြေပြင်ပေါ်ရှိ ကျောက်ခဲမှာလည်း မိမိ၏ ထုတ်ကုန် ဖြစ်နေပေလိမ့်မည်။

ထိုအချက်ကို နားလည်သွားသောအခါ လင်းဖန်က ဝမ်းသာအားရ ဖြစ်သွားတော့သည်။

“အဟမ်း...၊ တာအိုမိတ်ဆွေကတော့ တကယ်ကို အကဲခတ်တော်တာပဲ။ ဒီကျောက်စိမ်းက အရည် အသွေး တော်တော်ကောင်းတယ်။ ဆေးပုလင်း လုပ်လိုက်ရင် ဆေးအာနိသင်ကို အပြည့်အဝ ထိန်းသိမ်း ပေးနိုင်မှာ သေချာတယ်...။”

ပြောရင်းဖြင့် လင်းဖန်သည် မြေပြင်ပေါ်မှ သာမန် ကျောက်ခဲစုတ် တစ်လုံးကို ကောက်ယူကာ တစ်ဖက် လူထံသို့ ကမ်းပေးလိုက်၏။ မာချီ၏ အမြင်တွင်မူ သူသည် “ကောင်းကင်ဘုံကိုးခုဆန်းကြယ်ကျောက်စိမ်း” ကို လက်ခံရရှိလိုက်သဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။

သူသည် အရောင်းအဝယ်ကို အမြန်ဆုံး အဆုံးသတ်ပြီး ဤနေရာမှ ထွက်ခွာချင်နေလေသည်။ ထို့နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းကို ဝယ်ယူရန် လိုအပ်သည့် စိတ်ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက် ထုတ်ယူလိုက်လေတော့သည်။

All Chapters