← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း (၂၁၃) သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများ ပျောက်ကွယ်သွားသည့် ထူးဆန်းသော ဖြစ်ရပ်

ကြိမ်းမောင်းပြီးနောက် လင်းယုံယွမ်သည် စကားစကို ပြောင်းကာ ဆက်ပြောလိုက်သည်။

"ငါတို့ ဆေးမီးဖိုမျှော်စင်မှာ နေ့စဉ် အရောင်းအဝယ်တွေ မရေမတွက်နိုင်အောင် ရှိနေတာ...။ မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေထဲက အသေးအဖွဲ ပစ္စည်းလေးတွေကို ငါတို့က ဘာလို့ ဂရုစိုက်နေရမှာလဲ...။"

"ဒီကိစ္စက ငါတို့ ဆေးမီးဖိုမျှော်စင်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်...။ ဒါကြောင့် ငါတို့ သေချာပေါက် စုံစမ်းစစ်ဆေးပေးပါ့မယ်...။"

"စုံစမ်းစစ်ဆေးမှု ရလဒ်တွေ မထွက်ပေါ်လာခင် မဟုတ်မမှန် ကောလာဟလတွေကို ဖြန့်ပြီး ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းကို အသရေဖျက်ရဲတဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်...။"

ထိုနေရာရှိ လူအားလုံး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လင်းယုံယွမ်သည် သူ၏ စုံစမ်းစစ်ဆေးမှု ကို စတင်လေတော့သည်။

"ဒီနေရာမှာ မင်းတို့ရဲ့ နာမည်တွေကို စာရင်းသွင်းပြီး မင်းတို့ရဲ့ သိုလှောင်လက်စွပ်တွေကို အပ်နှံခဲ့ ကြပါ...။"

"ငါ့ရဲ့ ဆေးမီးဖိုမျှော်စင်က လက်နက်ဖန်တီးသူတွေက ပြဿနာရှိနေတဲ့ မင်းတို့ တစ်ယောက်ချင်းစီရဲ့ သိုလှောင်လက်စွပ်တွေကို စစ်ဆေးကြည့်ကြလိမ့်မယ်...။ သူတို့ အကြောင်းရင်းကို သေချာပေါက် ရှာဖွေနိုင်မှာပါ...။"

"တကယ်လို့ ငါတို့ ဆေးမီးဖိုမျှော်စင်ရဲ့ မှော်ရတနာတွေမှာ တကယ်ပဲ ချို့ယွင်းချက် ရှိနေတာကို တွေ့ရှိခဲ့ ရင် မင်းတို့အားလုံးကို ငါတို့ သေချာပေါက် လျော်ကြေးပေးပါ့မယ်...။"

သို့သော် လင်းယုံယွမ် ထိုစကားများကို ပြောလိုက်ပြီးနောက် ထိုနေရာရှိ ကျင့်ကြံသူ အနည်းငယ်ထံတွင် ထိတ်လန့်သွားသည့် အမူအရာများ ခဏတာ ပေါ်ထွက်လာခဲ့လေသည်။

ထိုလူများသည် အလျင်အမြန် ဖုံးကွယ်လိုက်ကြသော်လည်း အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦး၏ မျက်လုံးများကို မည်သို့ ရှောင်လွှဲနိုင်ပါမည်နည်း။ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည့် လင်းယုံယွမ်သည် ထိုအုပ်စုကို ချက်ချင်း မျက်စိဒေါက်ထောက် ကြည့်လိုက်သည်။

"မင်းတို့ကောင်တွေ...၊ သိုလှောင်လက်စွပ်တွေကို ထုတ်ပြီး ငါ့ကို ပြစမ်း...။"

ထိုစကားကို ကြားသောအခါ ထိုလူများ၏ ထိတ်လန့်မှုကို ဖုံးကွယ်၍ မရတော့ချေ။

"စီနီယာ...၊ ကျွန်တော်တို့ သိုလှောင်လက်စွပ်တွေကို ယူမလာခဲ့ကြပါဘူး...။"

"ဟုတ်ပါတယ် စီနီယာ...၊ ဒီနေရာမှာ လူတွေ အများကြီး ရှိနေတာပဲ...။ အားလုံးကလည်း အခြေအနေ တူတူတွေချည်းပါပဲ...။ သိုလှောင်လက်စွပ်တိုင်းကို စစ်ဆေးနေစရာ မလိုပါဘူး...။"

*သိုလှောင်လက်စွပ်ကို အမြဲတမ်း ဘာလို့ ယူမလာခဲ့ရမှာလဲ။ ဒီစကားကို ဘယ်သူက ယုံမှာလဲ…။*

ထိုလူများ ပြောသည်ကို ကြားသောအခါ လင်းယုံယွမ်သည် တစ်ခုခု လျှို့ဝှက်ချက် ရှိနေကြောင်း ပို၍ ပင် သေချာသွားခဲ့လေသည်။ သူသည် ထိုလူများကို ချက်ချင်းပင် ဖမ်းချုပ်လိုက်လေသည်။

"ဘာလုပ်နေကြတာလဲ...။ ဆေးမီးဖိုမျှော်စင်က လူသတ်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားနေတာလား...။"

"တာအိုရောင်းရင်း လူအများကြီးရဲ့ အရှေ့မှာ မင်းတို့ ဆေးမီးဖိုဂိုဏ်းက ခုလို အပြုအမူမျိုး လုပ်ရဲ တယ်ပေါ့လေ...။"

တစ်ဖက်လူက ခေါင်းမာနေဆဲ ဖြစ်သည်ကို မြင်သောအခါ လင်းယုံယွမ်က အေးစက်စွာ ရယ်မောလိုက် လေ၏။

"ဟမ့်...၊ ဘာလို့ မင်းတို့က သိုလှောင်လက်စွပ်ကို ထုတ်မပြရဲကြတာလဲ...။ တစ်ခုခုကို ဖုံးကွယ်ထား လို့လား...။"

စကားပြောနေစဉ်မှာပင် လင်းယုံယွမ်သည် ကျင့်ကြံသူ တစ်ဦးကို တိုက်ရိုက် ရှာဖွေလိုက်လေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဖက်လူထံမှ သိုလှောင်လက်စွပ် တစ်ကွင်းကို ရှာတွေ့ခဲ့သည်။

"ဒီအလွတ်ဖြစ်နေတဲ့ သိုလှောင်လက်စွပ်က ပြဿနာရှိတယ်လို့ မင်းပြောခဲ့တဲ့ တစ်ကွင်းလား...။"

"ငါ မင်းကို မေးမယ်...။ ဒီသိုလှောင်လက်စွပ်ကို ငါတို့ရဲ့ ဆေးမီးဖိုမျှော်စင်ကနေ ဝယ်ခဲ့တာ သေချာလို့ လား...။"

လင်းယုံယွမ် ဤစကားကို ပြောလိုက်သည်နှင့် ထိုနေရာရှိ လူတိုင်းက သူ ဘာကို ဆိုလိုကြောင်း နားလည်သွားခဲ့ကြလေသည်။

"ကျစ်... လူအုပ်ထဲမှာ လူလိမ်တွေ ပါနေတာကိုး...။"

ဆေးမီးဖိုမျှော်စင်မှ သိုလှောင်လက်စွပ်များတွင် အထူး အမှတ်အသားများ ရှိပေသည်။ သူ့လက်ထဲရှိ လက်စွပ်ကို ကြည့်ရလျှင် ၎င်းသည် ဆေးမီးဖိုမျှော်စင်မှ မဟုတ်ကြောင်း ထင်ရှားလှ၏။

ထို့နောက် လင်းယုံယွမ်သည် အခြားလူများကို ဆက်လက် ရှာဖွေလေတော့သည်။ မျှော်လင့်ထားသည့် အတိုင်းပင် ထိတ်လန့်နေသူများ၏ သိုလှောင်လက်စွပ်များသည် ဆေးမီးဖိုမျှော်စင်မှ လာခြင်းမဟုတ် ကြောင်း တွေ့ရှိရလေသည်။

"စီနီယာ...၊ ကျွန်တော့်ကို ချမ်းသာပေးပါ...။ ကျွန်တော်...၊ ဒီသိုလှောင်လက်စွပ်ကို တစ်ယောက် ယောက်က လက်ဆောင်ပေးထားတာပါ...။ သူက ဒါကို ဆေးမီးဖိုမျှော်စင်ကနေ ဝယ်ခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့မိလို့ပါ...။"

"စီနီယာ...၊ ကျွန်တော့်မှာ သိုလှောင်လက်စွပ် နှစ်ကွင်း ရှိပါတယ်...။ ကျွန်တော် ဆေးမီးဖိုမျှော်စင်က ဝယ်ခဲ့တဲ့ တစ်ကွင်းကို ယူမလာခဲ့မိပါဘူး...။"

ဖော်ထုတ်ခံရသူများထဲမှ အချို့က သူတို့၏ အမှားများကို ဝန်ခံခဲ့ကြပြီး အချို့ကတော့ ဆင်ခြေပေးနေ ကြဆဲ ဖြစ်လေသည်။ သို့သော် သူတို့ကို မည်သူမျှ မယုံကြည်တော့ကြောင်းကတော့ ထင်ရှားလှပေ သည်။ အခြား ကျင့်ကြံသူများကလည်း သူတို့ကို အထင်အမြင်သေးစွာ ကြည့်နေခဲ့ကြပေသည်။

"တာအိုရောင်းရင်းတို့...၊ မင်းတို့က ဆေးမီးဖိုမျှော်စင်ကို အခွင့်ကောင်းယူပြီး လိမ်စားဖို့ ကြိုးစားရဲ တယ်ပေါ့လေ...။"

"ဟုတ်တယ်...၊ ငါတို့ရဲ့ သိုလှောင်လက်စွပ်တွေမှာ တကယ် ပြဿနာရှိနေတာ...။ မင်းတို့ကတော့ အခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပဲ...။"

ထိုအချိန်တွင် လူတိုင်းသည် လင်းယုံယွမ်ထံသို့ လှည့်ကြည့်လိုက်ကြလေသည်။

"စီနီယာလင်း...၊ ဒါက ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်ပါ...။ ကြည့်လိုက်ပါ...၊ အဲ့ဒီ့အပေါ်မှာ ဆေးမီးဖို မျှော်စင်ရဲ့ အမှတ်တံဆိပ် ပါပါတယ်...။"

"ဟုတ်ပါတယ်...၊ ကျွန်တော်တို့က ဒီလူတွေနဲ့ မတူပါဘူး...။ ကျွန်တော်တို့ ပြောတာတွေက အမှန်တွေ ပါ...။"

​

ထိုစဉ် လင်းယုံယွမ်သည် သူ့ထံ ကမ်းပေးလာသော သိုလှောင်လက်စွပ်ကို ကြည့်လိုက်၏။ ၎င်းသည် သူတို့ဂိုဏ်းမှ တကယ် လာခြင်းဖြစ်ကြောင်း သူတို့ တွေ့ရှိခဲ့ရလေသည်။

သို့သော် အခြေအနေကို အခွင့်ကောင်းယူခဲ့သည့် ထိုလူအနည်းငယ်ကြောင့် သူ့တွင် လှုပ်ရှားဖို့ အခွင့် အရေး ရသွားခဲ့လေသည်။

"အားလုံးပဲ...။ မင်းတို့ မြင်တဲ့အတိုင်းပဲ ပြဿနာရှိနေတဲ့ သိုလှောင်လက်စွပ်တွေက ငါ့ရဲ့ ဆေးမီးဖို ဂိုဏ်းကချည်း လာတာတော့ မဟုတ်ဘူး...။"

"ဘယ်ကလာမှန်း မသိတဲ့ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေကလည်း မင်းတို့ ကျင့်ကြံသူတွေ အားလုံးနဲ့ တူညီတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရတယ်...။"

"ဒီအချက်က ဒီကိစ္စဟာ ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းရဲ့ ပြဿနာ မဟုတ်ဘူးဆိုတာကို ပြသနေတယ်...။"

လင်းယုံယွမ်၏ စကားက ထိုနေရာရှိ လူများကို မကျေမနပ် ဖြစ်သွားစေခဲ့လေသည်။

"စီနီယာ...၊ ခင်ဗျား ဒီလို ပြောလို့မရဘူးလေ...။ သူတို့ လိမ်ပြောနေတာလား မဟုတ်ဘူးလားဆိုတာ ဘယ်သူသိမှာလဲ...။"

"ဟုတ်တယ်...။ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေမှာ ဘာပြဿနာမှ မရှိဘူးလို့ ကျွန်တော် ထင်တယ်...။ သူတို့က ဒီအခွင့်အရေးကို ယူပြီး ခင်ဗျားတို့ရဲ့ ဆေးမီးဖိုမျှော်စင်မှာ ပြဿနာလာရှာချင်ရုံ သက်သက် ပဲ...။"

"ကျွန်တော်တို့ အများကြီးက ခင်ဗျားတို့ရဲ့ ဆေးမီးဖိုမျှော်စင်ကို ယုံကြည်ထားတာ...။ ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ ခင်ဗျားတို့က ခုလိုမျိုး လွယ်လွယ်လေး လက်ရှောင်သွားလို့ ဘယ်ရမလဲ...။"

လူအုပ်ကြီး၏ စိတ်ခံစားမှုများ ပြန်လည် မြင့်တက်လာသည်ကို မြင်သောအခါ လင်းယုံယွမ်သည် သူတို့ကို ငြိမ်သက်သွားစေရန် လက်ကာပြလိုက်ပြီး သူ ပြောသည်ကို နားထောင်ရန် အချက်ပြလိုက် လေသည်။

သူသည် ဆေးမီးဖိုမျှော်စင်ကို ဤကိစ္စမှ လုံးဝ ကင်းလွတ်ခွင့်ပေးရန် မမျှော်လင့်ထားပေ။ ၎င်းက ဆေးမီးဖိုမျှော်စင်အပေါ် လူအများ၏ သံသယကို လျှော့ချရန်သာ ဖြစ်ပေသည်။

"ရောင်းရင်းတို့...၊ ကျွန်တော့်မှာ ဤတာဝန်ကနေ ရှောင်လွှဲဖို့ ရည်ရွယ်ချက် မရှိပါဘူး...။"

"အခုဖြစ်ရပ်ရဲ့ အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ...၊ ဒါက ငါ့ရဲ့ ဆေးမီးဖိုမျှော်စင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပြီပဲ...။"

"ဒါကြောင့် မင်းတို့အားလုံး ဒီကိစ္စကို လက်လျော့လိုက်မယ်ဆိုရင်တောင် ငါ့ရဲ့ ဆေးမီးဖိုမျှော်စင်က ဒီကိစ္စကို သေချာပေါက် စုံစမ်းစစ်ဆေးသွားမှာပါ...။"

"ဒါပေမဲ့ ဒါက ငါ့ရဲ့ ဆေးမီးဖိုမျှော်စင်နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုရင်တော့ အားလုံးရဲ့ ဆုံးရှုံးမှုတွေကို တကယ့် တရားခံဆီကနေပဲ ပြန်တောင်းရပါလိမ့်မယ်...။"

ထိုစကားကို ကြားသောအခါ လူတိုင်းက အနည်းငယ် မလိုလားသလို ခံစားရသော်လည်း တစ်ဖက်လူကို ချေပရန် အကြောင်းပြချက် မရှိတော့ချေ။

ထို့ကြောင့် ကျင့်ကြံသူ အများအပြားသည် သူတို့၏ နာမည်များနှင့် သိုလှောင်လက်စွပ်များကို ထားခဲ့ပြီး နောက် ဆေးမီးဖိုမျှော်စင်မှ ထွက်ခွာသွားခဲ့ကြလေသည်။ သို့သော် ဆေးမီးဖိုမျှော်စင်မှ သိုလှောင် လက်စွပ်များကို မဝယ်ယူခဲ့သော ကျင့်ကြံသူများကတော့ ဤမျှ လွယ်လွယ်ကူကူ ထွက်ခွာခွင့် မရခဲ့ကြ တော့ပေ။

လင်းယုံယွမ်က သူတို့ကို နောက်ကွယ်မှ ကြိုးကိုင်သူများအဖြစ် သံသယရှိသည်ဟူသော အကြောင်းပြ ချက်ဖြင့် စစ်ကြောမေးမြန်းရန်အတွက် ဆေးမီးဖိုဂိုဏ်းသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့လေသည်။

နဝမအဆင့် ဂိုဏ်းတစ်ခုဖြစ်သော ဆေးမီးဖိုဂိုဏ်းအတွင်း၌...

လင်းယုံယွမ်က သံသယရှိသူများနှင့် သိုလှောင်လက်စွပ်များကို ပြန်လည် ယူဆောင်လာပြီးနောက် စုံစမ်းစစ်ဆေးမှုကို စတင်လေတော့သည်။

ဘာတွေဖြစ်နေသည်ကို သိရှိရန်အတွက် ဆေးမီးဖိုဂိုဏ်းသည် ထိုလူများထဲမှ နောက်ခံမရှိသော ကျင့်ကြံ သူ တစ်ဦးကို ရွေးချယ်ကာ သူ့အပေါ် ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြုခဲ့လေသည်။

သို့သော် အသုံးဝင်သော မည်သည့် အချက်အလက်ကိုမျှ မရရှိခဲ့ပေ။ ဤကျင့်ကြံသူသည် သိုလှောင် လက်စွပ်၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ လိမ်လည်ခဲ့သော်လည်း သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများ ရုတ်တရက် ပျောက်ကွယ်သွားခြင်းမှာ တကယ့်ဖြစ်ရပ်မှန်တစ်ခု ဖြစ်နေခဲ့သည်။

ထို့နောက် ဆေးမီးဖိုဂိုဏ်းသည် ဂိုဏ်းတွင်းရှိ အဆင့်မြင့် လက်နက်ဖန်တီးသူ အများအပြားကို သိုလှောင် လက်စွပ်အား အသေးစိတ် စုံစမ်းစစ်ဆေးရန် စီစဉ်ပေးခဲ့သည်။ သို့သော် သေချာစွာ စစ်ဆေးပြီးနောက် တွင်လည်း ပြဿနာကို မရှာဖွေနိုင်ခဲ့ချေ။ စုံစမ်းစစ်ဆေးပြီးနောက် မည်သည့် သဲလွန်စမျှ မတွေ့ရခြင်း က လင်းယုံယွမ်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပေသည်။

သူသည် ထိုစဉ်က ကျင့်ကြံသူများကို သေချာပေါက် စုံစမ်းစစ်ဆေးပေးမည်ဟု ပြောခဲ့မိသည်။ အကယ် ၍ သူတို့ နောက်ဆုံးတွင် ဘာမှ မရှာတွေ့ခဲ့ပါက သူတို့၏ ဆေးမီးဖိုဂိုဏ်းသည် အရည်အချင်းမရှိဘူးဟု ဆိုလိုရာ ရောက်သွားမည် မဟုတ်ပါလား။

ထို့ပြင် ၎င်းက အရေးအကြီးဆုံး အရာပင် မဟုတ်သေးပေ။

အရေးအကြီးဆုံးမှာ အကယ်၍ နောက်ကွယ်မှ ကြိုးကိုင်သူကို မရှာဖွေနိုင်ပါက သူတို့၏ ဆေးမီးဖိုဂိုဏ်း သည် ဆက်လက်၍ သံသယဝင်ခံနေရဦးမည်သာ ဖြစ်ချေသည်။ ၎င်းက သူတို့၏ ဆေးမီးဖိုဂိုဏ်း၏ စီးပွားရေးနှင့် ဂုဏ်သိက္ခာကို မလွဲမသွေ ထိခိုက်စေမည် ဖြစ်သည်။

ကိစ္စ၏ ကြီးလေးမှုကို နားလည်ပြီးနောက်...၊ ဆေးမီးဖိုဂိုဏ်းသည် သူတို့၏ တပည့်များကို ထျန်းယွမ် မြို့တော်ကို ဗဟိုပြုကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စေလွှတ်လိုက်လေသည်။ သဲလွန်စအချို့ကို ရှာတွေ့နိုင်မည်ဟု မျှော်လင့်လျက်…။

ဆေးမီးဖိုဂိုဏ်းမှ တပည့်များ ထျန်းယွမ်မြို့တော်သို့ အလုံးအရင်း ရောက်ရှိလာသည်နှင့်အမျှ လင်းဖန် သည်လည်း ပုံမှန်မဟုတ်သော အခြေအနေကို သဘာဝကျကျ သတိပြုမိသွားခဲ့လေသည်။

စုံစမ်းမေးမြန်းမှုအချို့ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ဆေးမီးဖိုဂိုဏ်းမှ တပည့်များ အဘယ်ကြောင့် ဤမျှ မကြာခဏ လှုပ်ရှားနေကြသည်ကို သူတို့ နားလည်သွားခဲ့သည်။

"ကျစ်...၊ ဒီကိစ္စက ငါနဲ့ တစ်ခုခု ပတ်သက်နေသလိုပဲ...။"

"ကံကောင်းလို့ ဒီကျင့်ကြံသူတွေက ငါ့ရဲ့ ပစ္စည်းတွေကို အခွင့်ကောင်းယူ ဝယ်ခဲ့တာကို မေ့သွားကြ တာ...။ မဟုတ်ရင် ဟင်းလင်းပြင်မျှော်စင်က ပြဿနာတက်တဲ့ နေရာ ဖြစ်သွားတော့မှာ...။"

လမ်းပေါ်တွင် ဆေးမီးဖိုမျှော်စင်မှ တပည့်များ ရုတ်တရက် တိုးများလာသည်ကို ကြည့်ရင်း... လင်းဖန် သည် ဆိုင်းဘုတ်၏ လုပ်ဆောင်ချက်ကို အသုံးပြုခြင်းအား ယာယီ ရပ်တန့်ထားရုံသာ တတ်နိုင်တော့ သည်။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ လမ်းသွားလမ်းလာ တစ်ဦးက ဈေးပေါပေါဖြင့် လာဝယ်စဉ် ကင်းလှည့်နေသော ဆေးမီးဖိုမျှော်စင်မှ တပည့်များ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရပါက ကိစ္စများ ရှုပ်ထွေးသွားနိုင်သည်ပင်။

သူတို့က ဆေးမီးဖိုမျှော်စင် သို့မဟုတ် ပြဿနာရှာသော ကျင့်ကြံသူများကို ကြောက်လန့်နေခြင်း မဟုတ် ပေ။ ထိုအစား ဆေးမီးဖိုမျှော်စင်ကဲ့သို့ပင် ဆိုင်၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ကို စိုးရိမ်နေကြခြင်းပင် ဖြစ်လေသည်။

"ဟင်...၊ ဆေးမီးဖိုမျှော်စင်ရဲ့ သိုလှောင်လက်စွပ်တွေက ယုံကြည်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရ တာပဲ...။"

"ငါ ဒီအခွင့်အရေးကို ယူပြီး သိုလှောင်လက်စွပ်တချို့ ဖန်တီးပြီး သူတို့ရဲ့ စီးပွားရေးကို လုယူလိုက်ရင် ကောင်းမလား...။”

All Chapters