အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း (၂၁၅) ငွေလဲဌာန လုပ်ဆောင်ချက် ပါဝင်သော သိုလှောင်လက်စွပ်
လင်းဖန်သည် ထိုစီးပွားရေး အခွင့်အလမ်းကို ပယ်ချလိုက်ကြောင်း ထင်ရှားလှပေသည်။ လင်းဖန် စဉ်းစားနေစဉ် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပေသည်။
တစ်ရက်ကြာပြီးနောက် စနစ်ထံမှ အသိပေးချက်တစ်ခုနှင့်အတူ လင်းဖန်၏ ဒုတိယမြောက် ဝိညာဉ်ကြောကို လုံးဝ စုပ်ယူဝါးမြိုပြီးသွားခဲ့လေသည်။
[ဒင်...၊ ထိပ်တန်း ဝိညာဉ်ကြောကို စုပ်ယူခြင်း ပြီးမြောက်သွားပါပြီ...။ ပိုင်ရှင် တတိယမြောက် အတိ ဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။]
[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ လုပ်ဆောင်ချက် အသစ်တစ်ခု ပွင့်လာပါပြီ...။]
စနစ်၏ အဆင့်တက်ကြောင်း အသိပေးချက်ကို ကြားလိုက်ရသည်။ လင်းဖန်သည် မျှော်လင့်ချက်များ ပြည့်နှက်စွာဖြင့် လုပ်ဆောင်ချက် အသစ်များကို စတင် စူးစမ်းလေ့လာလေတော့သည်။
[ ဟင်းလင်းပြင်သားရဲတဲ - စိတ်ဝိညာဉ် နိုးထခြင်း။]
"ဟားဟား... ။ ဒါက တကယ်ကြီးကိုပဲ နိုးထလာတဲ့ ဟင်းလင်းပြင်သားရဲ စိတ်ဝိညာဉ်ပဲ...။"
"မျှော်လင့်ထားတဲ့အတိုင်း ကောင်းကင် မြေကြီး ဒါမှမဟုတ် စနစ်ကို အားကိုးတာက ကိုယ့်ကံကို အားကိုးရတာလောက် မကောင်းဘူးပဲ...။"
[...ပိုင်ရှင်...။ ခင်ဗျားမှာ အသိစိတ်တော့ ရှိသင့်တယ်...။]
စနစ်၏ စကားများကို လျစ်လျူရှုကာ လင်းဖန်သည် ဟင်းလင်းပြင်သားရဲ စိတ်ဝိညာဉ်ကို နာမည်ပေးရန် စတင်လေတော့သည်။
"မင်းက နာမည်ပေးလိုက်ရုံနဲ့ အရာရာကို နားလည်နိုင်တယ် မဟုတ်လား...။ ဒါဆို ငါ မင်းကို သားရဲလေး လို့ပဲ ခေါ်မယ်...။"
"သားရဲလေး" ဟူသော နာမည်မှာ လင်းဖန် ကြိုတင် စဉ်းစားထားခဲ့သည့် အရာဖြစ်ပေသည်။
"သားရဲလေး...၊ သားရဲလေး...။ ကြားရင် ပြန်ထူးပါဦး...။"
"အရှင်မြတ်ကို ဂါရဝပြုပါတယ်...။"
ဟင်းလင်းပြင်သားရဲ၏ အဖြေကို ကြားသောအခါ လင်းဖန်၏ မျက်လုံးများက အရောင်လက်သွားခဲ့ လေသည်။ ဤဟင်းလင်းပြင်သားရဲ၏ စိတ်ဝိညာဉ်မှာ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထက် ပို၍ ဉာဏ် ကောင်းကြောင်း ထင်ရှားလှပေသည်။
မြည်းလေးသည် "အင်း... အဟင်း" ဟူသော အသံများကိုသာ ပြုလုပ်နိုင်သော်လည်း သားရဲလေးက တော့ စကားပင် ပြောနိုင်နေပြီ ဖြစ်လေသည်။
"သားရဲလေး...၊ မင်းမှာ ဘယ်လို စွမ်းရည်တွေ ရှိလဲ...။ မင်းရဲ့ မှတ်ဉာဏ်က ကောင်းရဲ့လား...။ စာရင်း တွေရော မှတ်ထားနိုင်လား...။"
လင်းဖန်၏ မေးခွန်းများကို ဆက်တိုက် ကြားပြီးနောက် သားရဲလေးက ချက်ချင်းပင် အဖြေပေးလေ သည်။
"အရှင်မြတ်ရဲ့ အတွေးတွေကို ကျွန်တော် နားလည်ပါတယ်...။ အရှင်မြတ် အလိုရှိတဲ့အတိုင်းသာ လုပ်ပါ ...။ ကျန်တာတွေကို ကျွန်တော့်ဆီသာ လွှဲထားလိုက်ပါ...။"
သားရဲလေး၏ နားလည်တတ်မှုကို မြင်သောအခါ လင်းဖန်မှာ ပို၍ပင် ကျေနပ်သွားခဲ့လေတော့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ နှစ်ခုလုံးက စိတ်ဝိညာဉ်များ ဖြစ်ကြသော်လည်း မြည်းလေးနှင့် သားရဲလေး တို့ အဘယ်ကြောင့် ဤမျှ ကွာခြားနေရသည်ကို သူ တွေးတောမိသွားလေသည်။
"ငတုံးကောင်...၊ ဒီသားရဲလေးက ဤလောက် ဉာဏ်ကောင်းနေတာကို ဘာလို့ မြည်းလေးကကျ အသံပဲ ထွက်နိုင်ရတာလဲ...။"
ဤစကားကို ကြားသောအခါ ပထမဆုံး တုံ့ပြန်လာသူမှာ မြည်းလေးပင်။
"အင်း... အား..."
စနစ်ကမူ ဝေဝါးသော ရှင်းလင်းချက်တစ်ခုကိုသာ ပေးလာခဲ့လေသည်။
[အင်း...၊ ဒါက သူတို့ရဲ့ ခန္ဓာကိုယ် အရွယ်အစား ကွာခြားမှုကြောင့် ဖြစ်လောက်တယ်...။ ပိုကြီးမားတဲ့ ခန္ဓာကိုယ်က ပိုကြီးမားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားတာဆိုတော့ သူံရဲ့ ဉာဏ်ရည်က သဘာဝကျကျပဲ ပိုမြင့်မားတာပေါ့...။]
ဤရှင်းလင်းချက်ကို ကြားပြီးနောက် လင်းဖန်က စဉ်းစားကြည့်ကာ လက်ခံလိုက်လေသည်။ သူသည်ေ တတိယမြောက် အတိဒုက္ခအဆင့်သို့ တက်လှမ်းပြီးနောက် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသည် ကျုံးကျိုး တစ်ခုလုံးကိုပင် ဝါးမြိုနိုင်လောက်အောင် ကြီးမားလာခလေသည်။
ဤမျှ ကြီးမားသော ခန္ဓာကိုယ်နှင့်ဆိုလျှင် ၎င်းမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်ကလည်း သဘာ ဝကျကျ ကြီးမားနေမည်သာ ဖြစ်ပေမည်။
ဆက်လက် တွေးတောမနေတော့ဘဲ လင်းဖန်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ ပြန်ရန် ပြင်ဆင် လိုက်လေသည်။ ဝိညာဉ်ကြောများကို စုပ်ယူခြင်းက အချိန်ယူရပြီး တစ်ခဏမျှပင် နှောင့်နှေး၍ မဖြစ် ပေ။ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ ထိပ်တန်း ဝိညာဉ်ကြောကို စောစော စုပ်ယူဝါးမြိုနိုင်လေ စတုတ္ထ မြောက် အတိဒုက္ခအဆင့်သို့ စောစော တက်လှမ်းနိုင်လေပင် ဖြစ်သည်။
သို့သော် လင်းဖန် လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် သားရဲလေးက သူ၏ အတွေးများကို ခံစားမိသွားခဲ့ လေသည်။
"အရှင်မြတ်...၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ ဟင်းလင်းပြင် တည်နေရာမှတ်တွေ ချန်ထားခဲ့ပါ တယ်...။ ကျွန်တော် ဝါးမြိုခြင်းလုပ်ဆောင်ချက်ကို ဖွင့်ပေးနိုင်ပါတယ်...။ ဒါကြောင့် အရှင်မြတ် ထပ်သွားနေစရာ မလိုတော့ပါဘူး...။"
ထိုစကားကို ကြားသောအခါ လင်းဖန်က ချက်ချင်း အမိန့်ပေးလိုက်လေသည်။
"ကောင်းပြီ...၊ မင်း အခုပဲ စတင် စုပ်ယူလို့ ရပြီ...။ ငါကတော့ သိုလှောင်လက်စွပ်ကို ဆက်ပြီးတော့ လေ့လာလိုက်ဦးမယ်...။"
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းဖန်သည် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုဆီသို့ သွားလိုက်လေ သည်။
"မြည်းလေး...၊ သားရဲလေးကို ကြည့်စမ်း...။ သူက ဘယ်လောက် အရည်အချင်းရှိလဲ...။ မင်းလည်း ကြိုးစားအားထုတ်မှု နည်းနည်းတော့ လုပ်သင့်တယ်...။"
"အင်း... အာ... အာ..."
အဖြေကို ရရှိပြီးနောက် လင်းဖန်သည် ဖန်တီးခြင်း လုပ်ငန်းစဉ်ကို ချက်ချင်း စတင်လေတော့သည်။ သူတို့သည် ကုန်ကြမ်းအဖြစ် ပြောင်းလဲရန်အတွက် ဟင်းလင်းပြင်တိုကင်ပြား တစ်ခုနှင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်ခုကို ဆေးမီးဖိုထဲသို့ ထည့်နေဆဲပင်။
ပြီးခဲ့သည့် အကြိမ်နှင့် မတူညီသည်မှာ ဤဟင်းလင်းပြင်တိုကင်ပြားသည် မှော်ပစ္စည်းစိတ်ဝိညာဉ် နိုးထ လာပြီးနောက် စုစည်းထားသော ဟင်းလင်းပြင်တိုကင်ပြား ဖြစ်နေခြင်းပင်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ဆေးမီးဖိုမှ နောက်ဆုံးတွင် "ဒင်" ခနဲ အသံတစ်ခု ထွက်ပေါ်လာ ခဲ့လေသည်။ တစ်ဖန် မျှော်လင့်ချက်များ ပြည့်နှက်သွားသော လင်းဖန်သည် ဆေးမီးဖိုကို ဖွင့်လိုက်ရာ အတွင်း၌ လက်စွပ် ဆယ်ကွင်းက တိတ်ဆိတ်စွာ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ကျစ်...၊ ဘယ်လိုလုပ် ဤလောက်များနေရတာလဲ...၊ ရေရောထားတာများလား...။"
လင်းဖန်သည် ယခုလေးတင် မြည်းလေးအား ပြောခဲ့မိသည့် စကားအတွက် နောင်တရသွားတော့သည်။ သူ့ကို အနည်းငယ် ပိုကြိုးစားခိုင်းလိုက်ခြင်းက တစ်ကြိမ်တည်းနှင့် ဆယ်ကွင်းတောင် ထွက်လာခြင်းမှာ အနည်းငယ် လွန်လွန်းနေသည် မဟုတ်ပါလား။
"လျှောက်လုပ်မနေနဲ့တော့...။ ဒီတစ်ကြိမ်တော့ ငါလိုချင်တဲ့ လုပ်ဆောင်ချက်တွေ ပါရမယ်နော်...။"
ဆုတောင်းနေရင်းပင် လင်းဖန်သည် စနစ်၏ စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို အသုံးပြုလိုက်လေသည် ။ သိုလှောင်လက်စွပ် အမျိုးအစားသစ်နှင့် ပတ်သက်သည့် အချက်အလက်များက လင်းဖန်၏ ခေါင်းထဲ တွင် ပေါ်လာခဲ့လေသည်။
[ဟင်းလင်းပြင်လက်စွပ် (မြည်းတံဆိပ်) - အထူး မှော်ပစ္စည်းတစ်ခု။]
[လုပ်ဆောင်ချက် (၁) - ငွေလဲဌာန လုပ်ဆောင်ချက်။
ဖော်ပြချက် - ဟင်းလင်းပြင်လက်စွပ်ထဲတွင် ထည့်ထားသော စိတ်ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် ပစ္စည်းများကို ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲတွင် အချိန်မရွေး လွတ်လပ်စွာ သိမ်းဆည်းနိုင်ပြီး ပြန်လည် ထုတ်ယူနိုင်သည်။
မှတ်ချက် - အကယ်၍ ဟင်းလင်းပြင်လက်စွပ်သည် ပျက်စီးသွားခြင်း၊ ပျောက်ဆုံးသွားခြင်း သို့မဟုတ် ပိုင်ရှင် သေဆုံးသွားခြင်းတို့ ဖြစ်ပေါ်ပါက အတွင်းရှိ ပစ္စည်းများသည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ထဲသို့ ချက်ချင်း အတင်းအကျပ် လွှဲပြောင်းပေးသွားမည် ဖြစ်သည်။]
[လုပ်ဆောင်ချက် (၂) - မှတ်တမ်းတင်ခြင်း လုပ်ဆောင်ချက်။
ဖော်ပြချက် - ဟင်းလင်းပြင်လက်စွပ်သည် ငွေလဲဌာနသို့ အပ်နှံထားသော စိတ်ဝိညာဉ်ကျောက်တုံးများ နှင့် ပစ္စည်း အရေအတွက်ကို အလိုအလျောက် ခြေရာခံပေးသည်။ ဤအချက်အလက်များကိုလည်း နတ်ဘုရားအာရုံ အသုံးပြု၍ စစ်ဆေးနိုင်သည်။]
[လုပ်ဆောင်ချက် (၃) - အရောင်းအဝယ် လုပ်ဆောင်ချက်။
ဖော်ပြချက် - လူနှစ်ဦး၏ သိုလှောင်လက်စွပ်များ ထိတွေ့သွားသောအခါ ငွေလဲဌာနသည် ပစ္စည်းများကို လွှဲပြောင်းပေးခြင်းနှင့် အရောင်းအဝယ် ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်နိုင်သည်။]
[ဘေးထွက်ဆိုးကျိုး - ဤလက်စွပ်ကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ချက် အခကြေးငွေနှင့် လုံခြုံရေး အခကြေးငွေ အချို့ကို ကျသင့်စေမည် ဖြစ်သည်။]
ဟင်းလင်းပြင်လက်စွပ်၏ လုပ်ဆောင်ချက် ဖော်ပြချက်များကို ကြည့်ရင်း လင်းဖန်မှာ အလွန်အမင်း ဝမ်းသာသွားတော့သည်။ ဤလုပ်ဆောင်ချက် သုံးခုသည် သူ၏ ငွေလဲဌာန လုပ်ငန်းကို အကောင် အထည် ဖော်ရန်အတွက် လုံလောက်နေပေသည်ပင်။
သို့သော် ဤလုပ်ဆောင်ချက် သုံးခုကို ပိုမို နားလည်စေရန်အတွက် လင်းဖန်သည် ၎င်းတို့ကို ကိုယ်တိုင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လင်းဖန်သည် ရှေးဦးစွာ ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ဆေးမီးဖိုထဲမှ ထုတ်ယူကာ သူနှင့် ချိတ်ဆက်လိုက်ပြီးနောက် ၎င်းကို စူးစမ်းရန် သူ၏ နတ်ဘုရားအာရုံ ကို အသုံးပြုလိုက်လေသည်။
ဤသို့ စစ်ဆေးကြည့်လိုက်သောအခါ နတ်ဘုရားအာရုံက လက်စွပ်ထဲတွင် ပြသထားသော အချက် အလက်များကို မြင်တွေ့လိုက်ရလေသည်။
[လင်းဖန်၏ ဟင်းလင်းပြင်လက်စွပ် -
ငွေလဲဌာန စိတ်ဝိညာဉ်ကျောက်တုံးများ - မရှိ။ ငွေလဲဌာန ပစ္စည်းများ - မရှိ။]
"ကျစ်...၊ ဟုတ်တယ်...၊ ဟုတ်တယ်...။ ဒီအာနိသင် အတိအကျပဲ...။"
ထို့နောက် လင်းဖန်သည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်နှင့် အသေးစား အားဖြည့် ဆေးလုံး တစ်ပုလင်းကို စနစ်နယ်မြေထဲမှ ထုတ်ယူကာ ဟင်းလင်းပြင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဤစိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပစ္စည်းများကို ငွေလဲဌာနသို့ အပ်နှံရန် သူ ရွေးချယ်လိုက် လေသည်။
လင်းဖန်က ငွေလဲဌာနသို့ အပ်နှံရန် ရွေးချယ်လိုက်သည်နှင့် သူ၏ သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဉ် ကျောက်တုံးများနှင့် အသေးစား အားဖြည့်ဆေးလုံးများသည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ နတ်ဘုရားအာရုံကို အသုံးပြု၍ ထပ်မံ စစ်ဆေးကြည့်သောအခါ ဟင်းလင်းပြင်လက်စွပ်ထဲရှိ အချက် အလက်များ အသစ်ဖြစ်သွားကြောင်း တွေ့လိုက်ရလေသည်။
[လင်းဖန်၏ ဟင်းလင်းပြင်လက်စွပ် -
ငွေလဲဌာန စိတ်ဝိညာဉ်ကျောက်တုံးများ - အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁,၀၀၀)။
ငွေလဲဌာန ပစ္စည်းများ - အသေးစား အားဖြည့်ဆေးလုံး (၁) ပုလင်း။]
"ကောင်းပြီ... ကောင်းပြီ...။ သိုလှောင်လက်စွပ်မှာ အခြေခံ သိုလှောင်မှု လုပ်ဆောင်ချက် ရှိနေဆဲပဲ...။ ပစ္စည်းတွေကို သိုလှောင်လက်စွပ်ထဲမှာပဲ ထားမလား ဒါမှမဟုတ် ငွေလဲဌာနမှာ အပ်နှံမလား ဆိုတာကို ရွေးချယ်လို့ ရတယ်...။"
"ငွေလဲဌာနမှာ အပ်နှံဖို့ ရွေးချယ်ပြီးနောက် သိုလှောင်လက်စွပ်ထဲက သက်ဆိုင်ရာ ပစ္စည်းတွေက လမ်းကြောင်းကတစ်ဆင့် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲကို လွှဲပြောင်းပေးသွားလိမ့်မယ်...။"
"ဒါဆိုရင်တော့ လက်စွပ်ထဲက စိတ်ဝိညာဉ်ကျောက်တုံးတွေက လက်ငင်းငွေနဲ့ ညီမျှပြီး ငွေလဲဌာနထဲက ငွေတွေကတော့ ဘဏ်ကတ်တစ်ခုနဲ့ ညီမျှတာပေါ့...။"
ငွေလဲဌာနနှင့် မှတ်တမ်းတင်ခြင်း စနစ်၏ လုပ်ဆောင်ချက်များကို အတည်ပြုပြီးနောက် လင်းဖန်သည် အရောင်းအဝယ် လုပ်ဆောင်ချက်ကို စတင် စမ်းသပ်ကြည့်တော့သည်။ ထို့နောက် သူသည် အခြား ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာ ထည့်ပြီး ငွေလဲဌာနသို့ အပ်နှံလိုက်လေသည်။
လင်းဖန်သည် လက်စွပ် နှစ်ကွင်းကို ထိကပ်လိုက်ပြီး ဒုတိယ လက်စွပ်ထံမှ ပထမ လက်စွပ်ဆီသို့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာ လွှဲပြောင်းပေးရန် ရွေးချယ်လိုက်သောအခါ။ လက်စွပ် နှစ်ကွင်းလုံး၏ အချက်အလက်များက တစ်ပြိုင်နက်တည်း အသစ်ဖြစ်သွားခဲ့လေသည်။
ဒုတိယ လက်စွပ်တွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာသာ ပါဝင်ခဲ့ရာ ငွေလဲဌာန၌ စိတ် ဝိညာဉ်ကျောက်တုံး မကျန်ရှိတော့ချေ။ ပထမ လက်စွပ်ရှိ စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက် မှာတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁,၅၀၀) သို့ တိုးလာခဲ့လေသည်။
လုပ်ဆောင်ချက် သုံးခုလုံးကို အတည်ပြုပြီးနောက် လင်းဖန်သည် ကျေနပ်စွာ ရယ်မောလိုက်တော့ သည်။
"ဟားဟား...၊ ဒီဟင်းလင်းပြင်လက်စွပ် ထွက်ပေါ်လာခြင်းက ထျန်းယွမ်တိုက်ကြီးမှာ တော်လှန်ရေး တစ်ခုကို သေချာပေါက် ဖြစ်ပေါ်လာစေမှာပဲ...။"
"ဒါပေမဲ့ ဟင်းလင်းပြင်လက်စွပ်ကို ကြော်ငြာဖို့က အချိန်တိုအတွင်း ဖြစ်လာမယ့် ကိစ္စတော့ မဟုတ် ဘူး...။"
"လူတိုင်း မတတ်နိုင်မှာစိုးလို့ ဟင်းလင်းပြင်လက်စွပ်ရဲ့ စျေးနှုန်းကို ငါတို့ သေချာ လေ့လာဖို့တော့ လိုတယ်...။"
စျေးနှုန်း ပြဿနာကို စဉ်းစားပြီးနောက် လင်းဖန်က ခဏတာ တွေးတောကာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။ ပထမအနေဖြင့် သူသည် ဟင်းလင်းပြင်လက်စွပ်၏ စျေးနှုန်းကို အလွန်အမင်း မြင့်မားစွာ သတ်မှတ်ထားမည် မဟုတ်ပေ။
ဆေးမီးဖိုမျှော်စင်မှ ရောင်းချသော သိုလှောင်လက်စွပ်များသည် တစ်ကြိမ်တည်းသော အရောင်းအဝယ် ဖြစ်သည်။ သူတို့က သိုလှောင်လက်စွပ်များမှတစ်ဆင့်သာ ငွေရှာကြခြင်း ဖြစ်၏။ လင်းဖန်၏ ဟင်းလင်း ပြင်လက်စွပ်ကတော့ တစ်ကြိမ်တည်း အရောင်းအဝယ် မဟုတ်ချေ။
ဟင်းလင်းပြင်လက်စွပ် ကိုယ်တိုင်မှ ရရှိသော ငွေများအပြင် လုပ်ဆောင်ချက် အခကြေးငွေများ၊ လုံခြုံရေး အခကြေးငွေများ၊ သိုလှောင်ခများနှင့် အခြား အခကြေးငွေများလည်း ရှိနေသေးသည်။
ကျင့်ကြံသူ တစ်ဦးသည် သူ၏ တစ်သက်တာအတွက် ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းမှ လုံလောက် အောင် ရှာဖွေနိုင်ပြီး အခြား ကျင့်ကြံသူ တစ်ဦးအတွက်လည်း တစ်သက်တာ လုံလောက်အောင် ရှာဖွေ ပေးနိုင်ပေသည်။
အကယ်၍ ကျင့်ကြံသူ တစ်ဦး မထင်မှတ်ဘဲ သေဆုံးသွားပါက သူ၏ ကြွယ်ဝမှု အားလုံးကို မထင်မှတ် ဘဲ ရရှိနိုင်သေးသည် မဟုတ်ပါလား။