← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆) ဟင်းလင်းပြင်လက်စွပ်ဖြင့် ကွန်ရက်ဖြန့်ကာ ငါးဖမ်းခြင်း

"ဟီးဟီး...၊ ဘယ်လို ဆိုရိုးစကားလေး ရှိတယ်ဆိုတာ မှတ်မိသေးလား...။"

"မင်းတို့က အကျိုးအမြတ်ကို လိုချင်ကြပေမဲ့ သူတို့ကတော့ အရင်းကိုပါ လိုချင်ကြတာလေ...။"

"ဒီစကားက ဈေးပေါတဲ့ ဟင်းလင်းပြင်လက်စွပ်အတွက်လည်း အကျုံးဝင်ပါတယ်...။"

"ဖောက်သည်တွေက ဈေးပေါတာကို လိုချင်ကြပေမဲ့ ငါကတော့ သူတို့ရဲ့ ကြွယ်ဝမှုတွေကို လိုချင် တာ...။"

ဟင်းလင်းပြင်လက်စွပ်၏ ထူးခြားသော သဘာဝကို ထည့်သွင်းစဉ်းစားကာ လင်းဖန်သည် ငါးမျှားခြင်း နှင့် ပတ်သက်သည့် ယုတ်မာသော အကြံတစ်ခုကိုပင် တွေးတောမိခဲ့လေသည်။

သူတို့သည် ပိုင်ရှင်မရှိသော ဟင်းလင်းပြင်လက်စွပ်များကို အလွယ်တကူ စွန့်ပစ်ထားခဲ့ပြီး တစ်ခြား တစ်ယောက်ယောက် လာကောက်မည့် အချိန်ကို စောင့်ဆိုင်းနေကြမည်။

ဟင်းလင်းပြင်လက်စွပ်ကို ကောက်ရသူက သူ၏ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီးနောက်...၊

သူက ကိုယ့်ငါးကို ကိုယ်ပြန်ရုပ်သိမ်းပြီး အခြားသူ၏ ငါးကိုပါ မြိုချလိုက်မည် ဖြစ်ပေသည်။

သေချာသည်မှာ မဖြစ်မနေ လိုအပ်လာသည်မှလွဲ၍ လင်းဖန်က ဤသို့လုပ်ရန် မရည်ရွယ်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဟင်းလင်းပြင်လက်စွပ်များကို စွန့်ပစ်ပြီး ငါးမျှားသည့် နည်းလမ်းနှင့် ယှဉ်ပါက... စီးပွားရေး နည်းလမ်းများကို အသုံးပြုကာ ဟင်းလင်းပြင်လက်စွပ်ကို ရောင်းချခြင်းက ကွန်ရက်ကို ကျယ်ကျယ်ဖြန့်ကာ ငါးဖမ်းခြင်းသည်သာ အစစ်အမှန် နည်းလမ်း ဖြစ်ပေသည်။

ဟင်းလင်းပြင်လက်စွပ်က နေရာအနှံ့ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက်...၊ သူသည် ကွန်ရက်ကို တဖြည်း ဖြည်း ပြန်ရုပ်သိမ်းကာ ပိုမိုကြီးမားသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်မည် ဖြစ်လေသည်။

​

ဟင်လင်းပြင်လက်စွပ်အတွက် စျေးနှုန်းကို သတ်မှတ်ပြီးနောက် လင်းဖန်သည် အကြံဉာဏ်သစ် တစ်ခု ရလာခဲ့လေသည်။ ၎င်းမှာ ဖောက်သည်များအတွက် အရစ်ကျ ငွေချေမှု ဝန်ဆောင်မှုများကို ပေးဆောင် ရန်ပင်။

ဟင်းလင်းပြင်လက်စွပ်ကို မတတ်နိုင်သော အချို့သော အဆင့်နိမ့် ကျင့်ကြံသူများအတွက် သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံး တစ်စိတ်တစ်ပိုင်းကို ဦးစွာ ပေးချေထားနိုင်ပေသည်။

ကျန်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများကိုမူ နောင်တွင် သူတို့ စိတ်ဝိညာဉ်ကျောက်တုံးများ ပိုမို ရှာဖွေ လာနိုင်သည်နှင့်အမျှ တဖြည်းဖြည်းချင်း ပေးချေသွားနိုင်ပေသည်။

သေချာသည်မှာ အကယ်၍ သူတို့က စာချုပ်ကို ဖောက်ဖျက်ပါက သူတို့၏ ဟင်းလင်းပြင်လက်စွပ်ကို သူ ပြန်သိမ်းရမည်သာ ဖြစ်သည်။

"ကောင်းပြီ...၊ လောလောဆယ်တော့ ဒီလောက်ပဲ...။ နောက်မှ ပိုကောင်းတဲ့ အကြံဉာဏ် ရလာရင် တိုးတက်အောင် လုပ်ကြတာပေါ့...။"

"အခုချိန်မှာ အရေးအကြီးဆုံးက ဟင်းလင်းပြင်လက်စွပ်ကို ကြော်ငြာဖို့ပဲ...။"

ထျန်းယွမ်မြို့တော်တွင် ရှိနေစဉ်အတွင်း လျိုပိုင်ချွမ်းနှင့် သူ၏အဖွဲ့မှာ အတော်လေး အလုပ်များနေခဲ့ ကြလေသည်။ အင်အားစု အသီးသီး၏ မြို့တော်များတွင် ဟင်းလင်းပြင်ဆိုင် အများအပြားကို ငှားရမ်း ခြင်း သို့မဟုတ် ဝယ်ယူခြင်းများ ပြုလုပ်ကာ ဖွင့်လှစ်ထားခဲ့လေသည်။

ထို့နောက် လင်းဖန်သည် ထိုဆိုင်များတွင် ဟင်းလင်းပြင်လက်စွပ်များကို တစ်ပြိုင်နက်တည်း တင် ရောင်းရန် စီစဉ်ထားပေသည်။

တစ်ချိန်တည်းမှာပင် လူတိုင်းသည် ဟင်းလင်းပြင်လက်စွပ်၏ လုပ်ဆောင်ချက်များကို စတင် ကြော်ငြာ ရန် လှုပ်ရှားလာခဲ့ကြသည်။ ၎င်း၏ တတ်နိုင်သော စျေးနှုန်းနှင့် အရစ်ကျ ငွေချေမှု ရွေးချယ်စရာများနှင့် ပေါင်းစပ်လိုက်ပါက ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်မည်မှာ သေချာလှပေသည်။

"မြည်းလေး...၊ အကြီးစား အလယ်အလတ်စားနဲ့ အသေးစား အားဖြည့်ဆေးလုံးတွေ ဖန်တီးတာကို လောလောဆယ် ခဏ ရပ်ထားလို့ ရပြီ...။"

"ပြီးရင် ဒီဟင်းလင်းပြင်လက်စွပ်တွေကို ဖန်တီးဖို့ပဲ အာရုံစိုက်ထားကြမယ်...။"

"အင်း... အား... အား..."

စိတ်ဝိညာဉ် မြည်းလေးအား ညွှန်ကြားချက်များ ပေးပြီးနောက် လင်းဖန်သည် လျိုပိုင်ချွမ်းနှင့် အခြား နှစ်ဦးထံသို့ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ လာခဲ့ရန် စာတစ်စောင် ပေးပို့လိုက်လေသည်။

မကြာမီမှာပင် လျိုပိုင်ချွမ်းနှင့် သူ၏ အဖော်နှစ်ဦးသည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။

"အရှင်မြတ်...၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော် ဆိုင်ပေါင်း ဆယ့်သုံးဆိုင်ကို ဝယ်ယူပြီး နာမည်ပြောင်းထားပြီးပါပြီ...။"

" ကျွန်တော်က ဆိုင်ပေါင်း ဆယ့်ငါးဆိုင်ကို လွှဲပြောင်းယူထားပါတယ်...။"

"မင်းတို့ အားလုံးက ငါ့ထက် ပိုများတာပဲ...၊ ငါကတော့ ဆယ့်တစ်ဆိုင်ပဲ သဘောတူညီမှု ရသေးတယ်...။ ဒါပေမဲ့ နောက်ထပ် ဆိုင်အနည်းငယ်ကိုပါ အပြီးသတ်ဖို့ နီးစပ်နေပါပြီ...။"

လင်းဖန်၏ ရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် လျိုပိုင်ချွမ်းနှင့် အခြား နှစ်ဦးသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့၏ အလုပ်ရလဒ်များကို စတင် အစီရင်ခံကြလေတော့သည်။

လင်းဖန်သည် လူသုံးဦး၏ အစီရင်ခံစာကို အလွန် ကျေနပ်နေခဲ့သည်။

"အင်း...၊ မဆိုးပါဘူး...။ ဆက်လက် ညှိနှိုင်းမှုတွေ လုပ်ကြတာပေါ့...။ ငါတို့ရဲ့ ရည်မှန်းချက်က ထျန်းယွမ် တိုက်ကြီး တစ်ခုလုံးမှာ ဆိုင်တွေ ဖွင့်ဖို့ပဲ...။"

ထိုစကားကို ကြားသောအခါ သုံးဦးစလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေသည်။

ထို့နောက် လင်းဖန်သည် စကားစကို ပြောင်းကာ ဆက်ပြောလိုက်လေသည်။

"ငါ မင်းတို့ကို ဒီနေရာကို ခေါ်လိုက်တာက အလုပ်အသစ်တစ်ခု ပေးဖို့ပဲ...။"

စကားပြောနေစဉ်မှာပင် လင်းဖန်သည် ဟင်းလင်းပြင်လက်စွပ် သုံးကွင်းကို ထုတ်ယူကာ ထိုလူသုံးဦးထံ ကမ်းပေးလိုက်လေသည်။

"ဒါက ငါဖန်တီးထားတဲ့ သိုလှောင်လက်စွပ်ကွင်းပဲ...။ ဒါကို ဟင်းလင်းပြင်လက်စွပ်လို့ ခေါ်တယ်... ။ စမ်းဝတ်ကြည့်ကြ...။"

လင်းဖန်၏ စကားများကြောင့် သူတို့သုံးဦးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြလေသည်။

*သိုလှောင်လက်စွပ် အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ ၎င်းတို့ကို စမ်းသပ်တာက ဘာအဓိပ္ပါယ် ရှိလို့လဲ…။*

သို့သော် ဤသည်မှာ လင်းဖန်၏ အမိန့်ဖြစ်သောကြောင့် သူ ညွှန်ကြားသည့်အတိုင်း သူတို့ လုပ်ဆောင်ခဲ့ ကြလေသည်။

သူတို့ သုံးဦးစလုံး ဟင်းလင်းပြင်လက်စွပ်များကို ဝတ်ဆင်ကာ စစ်ဆေးကြည့်ပြီးနောက် သူတို့၏ မျက်လုံးများက အံ့သြမှုကြောင့် ပြူးကျယ်သွားကြတော့သည်။ သူတို့သည် ဟင်းလင်းပြင်လက်စွပ်၏ ထူးခြားသော သဘာဝကြောင့် သိသိသာသာ ထိတ်လန့်သွားခဲ့ပုံ ရသည်ပင်။

လင်းဖန်ကလည်း အခွင့်အရေးယူကာ ဟင်းလင်းပြင်လက်စွပ်နှင့် သာမန် သိုလှောင်လက်စွပ်တို့ကြား ကွာခြားချက်များကို သူတို့သုံးဦးအား ရှင်းပြလိုက်လေသည်။

"ဟားဟား...၊ မင်းတို့ အားလုံး အသေးစိတ် အချက်အလက်တွေကို သတိထားမိကြပြီပဲ...။"

"ဒီဟင်းလင်းပြင်လက်စွပ်မှာ အဓိက လုပ်ဆောင်ချက် သုံးခု ရှိတယ်...။ ငွေလဲလှယ်တာ...၊ မှတ်တမ်း တင်တာနဲ့ အရောင်းအဝယ် လုပ်တာတွေပေါ့...။"

"ဤငွေလဲဌာနရဲ့ လုပ်ဆောင်ချက်က...။"

ထို့နောက် လင်းဖန်က လုပ်ဆောင်ချက် အသီးသီးကို မိတ်ဆက်ပေးလိုက်သောအခါ သူတို့၏ နားလည်မှု များ လုံးဝ ပြောင်းလဲသွားလေတော့သည်။

"အရှင်မြတ်...။ တကယ်လို့ ဒီဟင်းလင်းပြင်လက်စွပ်သာ နေရာအနှံ့ ပျံ့နှံ့သွားမယ်ဆိုရင် ထျန်းယွမ် တိုက်ကြီးမှာ တော်လှန်ရေးတစ်ခုကို သေချာပေါက် ဖြစ်ပေါ်လာစေမှာပဲ...။"

"အခုကစပြီး လူသတ်တာတွေ လုယက်တာတွေ လုပ်တဲ့ လုပ်ငန်းတွေက သမိုင်းစင်မြင့်ပေါ်ကနေ ပျောက်ကွယ်သွားရတော့မှာပဲ...။"

"အဘိုးလျို ပြောတာ မှန်တယ်...၊ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကို သတ်ပြီးနောက် ရလာတဲ့ သိုလှောင် လက်စွပ်က အလွတ်ကြီး ဖြစ်နေတယ်ဆိုရင် အချိန်ဖြုန်းရာပဲ ကျမှာလေ...။"

"ဒါတင်မကသေးဘူး...။ နောင်မှာ တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ မင်းရဲ့ သိုလှောင်လက်စွပ် ပျက်စီး သွားမှာကိုလည်း စိတ်ပူစရာ မလိုတော့ဘူး...။"

"အရှင်မြတ်...၊ လူသတ်တာတွေ လုယက်တာတွေ အကြောင်း ပြောရမယ်ဆိုရင် ဒီဟင်းလင်းပြင် လက်စွပ်က အလယ်အလတ်နဲ့ အသေးစား အင်အားစုတွေအတွက် အလွန် ဆွဲဆောင်မှု ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်...။"

ကျောက်ဝူယာ၏ နောက်ဆုံး စကားကြောင့် လင်းဖန်က သူ့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်သည်။

"အိုး... ဘယ်လိုသဘောပါလဲ...။"

ကျောက်ဝူယာက သူ၏ အတွေးများကို အလျင်အမြန် စုစည်းလိုက်ပြီး သူ၏ ရှင်းလင်းချက်ကို ဆက်လက် ပြောပြလေသည်။

"ကျွန်တော်တို့လို နဝမအဆင့်နဲ့ အဌမအဆင့် ဂိုဏ်းတွေက တိုက်ပွဲတွေမှာ ပါဝင်လေ့ သိပ်မရှိဘူးဆိုတာ အရှင်မြတ် သိသင့်ပါတယ်...။"

"ပြီးခဲ့တဲ့ အကြိမ်က ကျွန်တော်တို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ သွေးတိမ်တိုက်ဂိုဏ်းကြားက အစု လိုက်အပြုံလိုက် သတ်ဖြတ်ပွဲကို တိုက်ခိုက်ခဲ့တာက ဆယ်စုနှစ်ချီ ကြာခဲ့ပြီလေ...။"

"ဒါပေမဲ့ သတ္တမအဆင့်နဲ့ ၎င်းအောက်မှာရှိတဲ့ အင်အားစုတွေကတော့ ပုံမှန်အားဖြင့် အကြီးအသေး ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေ အများကြီး ရှိကြတယ်...။"

"ပြီးတော့ ဒါကက မိသားစု တစ်ခုလုံးကို တစ်ပြိုင်နက်တည်း မျိုးဖြုတ်သတ်ပစ်တာမျိုးတွေချည်းပဲ...။"

"ဒီပဋိပက္ခတွေနဲ့ တိုက်ပွဲတွေရဲ့ အဓိက အကြောင်းရင်းက အရင်းအမြစ်တွေအတွက် တိုက်ပွဲဝင်တာ ထက် မပိုပါဘူး...။"

"အရှင်မြတ် စဉ်းစားကြည့်ပါ...။ တက်လို့ အလယ်အလတ်နဲ့ အသေးစား အင်အားစု တစ်ခုက သူတို့ ဂိုဏ်းရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အခြား အရင်းအမြစ်တွေကို နေရာတစ်ခုထဲမှာသာ အပ်နှံထား မယ်ဆိုရင်...။"

"ဆိုလိုတာက သူတို့က တခြား အင်အားစုတွေရဲ့ ပစ်မှတ်ထားခံရမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး မဟုတ်ဘူးလား...။"

ကျောက်ဝူယာ၏ ရှင်းလင်းချက်ကို ကြားသောအခါ လင်းဖန်က သဘောတူညီစွာ ခေါင်းညိတ်လိုက် လေသည်။

အလယ်အလတ်နှင့် အသေးစား အင်အားစုများကြား ပဋိပက္ခများက မကြာခဏ ဖြစ်ပွားလေ့ရှိသည်မှာ အမှန်ပင်။ ထိုစဉ်က အရှေ့ဘက်ဒေသရှိ ချင်းယွင်ဂိုဏ်းတွင် လင်းဖန် မည်မျှကြာအောင် နေခဲ့သနည်း။ သူတို့သည် ချန်မိသားစုနှင့် သွေးမိစ္ဆာဂိုဏ်းတို့ မျိုးဖြုတ်ခံရခြင်းကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရသည်။

သူ ထိုနေရာမှ ထွက်ခွာလာပြီးနောက် အခြေခံအားဖြင့် နဝမအဆင့် အင်အားစုများ၏ အဆင့်အတွင်းသို့ ရောက်ရှိသွားခဲ့လေသည်။ ထို့ကြောင့် သူသည် မျိုးနွယ်စု တစ်ခုလုံး အသတ်ခံရခြင်းကို အချိန်ကြာမြင့် စွာ မကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

နေပါဦး... သူ အများကြီး ကြုံတွေ့ခဲ့ရပါသေးသည်။

သုန်ယွဲ့အင်ပါယာ မြို့တော်မှ ဂေါင်မိသားစုမှာ သူ့ကြောင့် မျိုးဖြုတ်ခံခဲ့ရသည်။ ကျုံးကျိုးသို့ ရောက်ပြီး မကြာမီမှာပင် သူတို့သည် ရွှမ်းမင်ဂိုဏ်း၊ လင်းရှောင်းဂိုဏ်းတို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ကြသည်။ အကယ်၍ လင်းဖန်သာ သူတို့ကို သူ၏ လက်အောက်သို့ သိမ်းသွင်းရန် မရွေးချယ်ခဲ့ပါက သူတို့ကို မျိုးဖြုတ်သတ် ပစ်လောက်ပေသည်။

လင်းဖန်သည် ထျန်းယွမ်တိုက်ကြီးသို့ ရောက်ရှိသည်မှာ အချိန်တိုလေးသာ ရှိသေးသော်လည်း အင်အား စု အသီးသီးကြား တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရပြီး ဖြစ်လေသည်။

သူ မမြင်နိုင်သော နေရာများတွင် နေ့စဉ် ပဋိပက္ခများ ရှိနေမည်ဖြစ်ပြီး အင်အားစုများ မကြာခဏ မျိုးဖြုတ်ခံနေရမည်မှာ သေချာလှပေသည်။

ဤအချက်ကို စဉ်းစားမိသွားသောအခါ လင်းဖန်က သူတို့ သုံးဦးကို ပြောလိုက်လေသည်။

"ကျောက်ဝူယာ ပြောတာ အတော်လေး အဓိပ္ပါယ် ရှိတယ်...။ ပြီးရင် မင်းတို့ရဲ့ တပည့်တွေကို အဲ့ဒီ အလယ်အလတ်နဲ့ အသေးစား အင်အားစုတွေကို ကိုယ်တိုင် ဆက်သွယ်ဖို့ စီစဉ်သင့်တယ်...။"

"ငွေလဲဌာနရဲ့ လုပ်ဆောင်ချက် ပါဝင်တဲ့ ငါတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်တွေကို သူတို့ အမြောက်အမြား ဝယ်ယူဖို့ ဆန္ဒရှိမရှိ ကြည့်ကြတာပေါ့...။"

"သေချာတာကတော့ လေလွင့် ကျင့်ကြံသူတွေအတွက် ကြော်ငြာတာကိုလည်း လျစ်လျူမရှုထား သင့်ဘူး...။"

လင်းဖန်၏ ညွှန်ကြားချက်များကို ကြားသောအခါ သူတို့သုံးဦး အလျင်အမြန် ခေါင်းညိတ်လိုက် ကြလေ သည်။

သူတို့သုံးဦးအား အလုပ်တာဝန်များ ခွဲဝေပေးပြီးနောက် လင်းဖန်သည် သူတို့ကို အလုပ်များလုပ်ရန် လွှတ်ထားလိုက်လေသည်။ အခြားနေရာများတွင် ကြော်ငြာရေး လုပ်ငန်းများကို ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များထံ လွှဲအပ်ထားခဲ့လေသည်။

ထျန်းယွမ်မြို့တော်ကို ကြော်ငြာရန်အတွက်မူ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ၏ တောင်ထွတ်သုံးခုမှ တပည့်များကို အသုံးပြုရန် လင်းဖန် စီစဉ်ထားပေသည်။ မြင့်မြတ်နယ်မြေထဲတွင် အချိန်အကြာကြီး အလုပ်မရှိဘဲ နေခဲ့ပြီးနောက် ယခု သူတို့ကို လုပ်စရာ အလုပ်တစ်ခု ရှာပေးရမည့် အချိန်ရောက်ပြီ ဖြစ် ချေသည်။

ထို့နောက် လင်းဖန်သည် လီယွမ်ဖေးနှင့် အခြားသူများကို ဆက်သွယ်ကာ တောင်ထွတ်သုံးခုမှ တပည့် များကို စုရုံးရန် စီစဉ်ခဲ့လေသည်။

မြင့်မြတ်နယ်မြေ၏ ရင်ပြင်တွင် စုရုံးရောက်ရှိနေကြသော တောင်ထွတ်သုံးခုမှ တပည့်များသည် သူတို့ အချင်းချင်း ဆွေးနွေးနေကြသည်။

"အရှင်မြတ်က ငါတို့ကို မခေါ်တာ ကြာပြီ...။ ဒီတစ်ခါ ဘာတွေဖြစ်နေလဲ မသိဘူး...။"

"တစ်ယောက်ယောက်က ငါတို့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကို ထပ်ပြီး စော်ကားလိုက်လို့များ လား...။ ဒါကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်လုပ်ဖို့ ငါတို့ကို စီစဉ်ပေးတာလား...။"

"ဟီးဟီး...၊ ဒါဆို အကောင်းဆုံးပဲ...။ ပြီးခဲ့တဲ့ အကြိမ်က ရွှမ်းမင်ဂိုဏ်းကို ချီသွေဖယ်ဆေးလုံးတွေနဲ့ အဆိပ်ငွေ့ဆေးလုံးတွေ ပစ်ပေါက်ခဲ့ရတာ ငါ အားမရသေးဘူး...။"

"ရှူး...၊ အရှင်မြတ် ရောက်လာပြီ...။ တိတ်တိတ်နေကြ...။"

လင်းဖန် ရင်ပြင်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး၏ တီးတိုးပြောဆိုသံများ ပျောက် ကွယ်သွားလေတော့သည်။ သဘာဝကျကျပင် လင်းဖန်သည် အဝေးမှနေ၍ ဆွေးနွေးသံများကို ကြားခဲ့ရ လေသည်။

"ဟားဟား...၊ ခုနက အားလုံး ပြောနေတာတွေကို ငါ ကြားခဲ့ပါတယ်...။"

"ငါတို့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက စီးပွားရေးကို အဓိကထားတဲ့ အင်အားစု တစ်ခုဖြစ်ပြီး သဟဇာတဖြစ်မှုကနေတစ်ဆင့် ငွေရှာဖို့ပဲ ယုံကြည်တယ်...။"

"တိုက်ခိုက်ဖို့ ဒါမှမဟုတ် တခြားသူတွေရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ဖျက်ဆီးရမလဲ ဆိုတာတွေကိုပဲ အမြဲတမ်း တွေးမနေကြပါနဲ့...။"

"အားလုံးက ပိုက်ဆံရှာဖို့ နည်းလမ်းတွေကို ပိုပြီး စဉ်းစားသင့်တယ်...။”

All Chapters