← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇) ထျန်းယွမ်မြို့တော်မှ ကျင့်ကြံသူများ၏ သံသယများ

ခဏရပ်ပြီးနောက် လင်းဖန်သည် စကားစကို ပြောင်းကာ ဤတစ်ကြိမ် သူ စီစဉ်ပေးမည့် အလုပ်တာဝန် အကြောင်းကို စတင် ပြောဆိုလေတော့သည်။

"ငါ မင်းတို့အားလုံးကို ဒီနေရာမှာ စုရုံးခိုင်းရတဲ့ အကြောင်းရင်းက မင်းတို့ကို အပြင်ထွက်ပြီး ငါတို့ရဲ့ ထုတ်ကုန်တွေကို ကြော်ငြာပေးဖို့ လိုအပ်လို့ပဲ...။"

"ငါက ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို တီထွင်ထားတယ်...။"

ဟင်းလင်းပြင်လက်စွပ်အကြောင်းကို မိတ်ဆက်ပေးပြီးနောက် လင်းဖန်သည် ကြော်ငြာမည့် နည်းလမ်း များအကြောင်းကို ဆက်ပြောလိုက်လေသည်။

"မကြာသေးခင်က ဆေးမီးဖိုဂိုဏ်းရဲ့ သိုလှောင်လက်စွပ်တွေထဲကနေ ပစ္စည်း အများအပြား ပျောက်ဆုံး သွားခဲ့တယ်...။"

"မင်းတို့ ကြော်ငြာတဲ့အခါ ဒီအကြောင်းကို ထည့်ပြောလို့ ရတယ်...။ ပြီးတော့မှ ငါတို့ရဲ့ ဟင်းလင်းပြင် လက်စွပ်ရဲ့ လုံခြုံရေးအကြောင်းကို ဆက်ပြောကြတာပေါ့...။"

"ဒီလို ယှဉ်ပြလိုက်မယ်ဆိုရင် ကွာခြားချက်က ရှင်းရှင်းလင်းလင်း ဖြစ်သွားမှာပဲ...။"

လင်းဖန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်...၊ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က သူတို့၏ စိုးရိမ် ပူပန်မှုများကို ချက်ချင်း ထုတ်ဖော်ပြောဆိုလာခဲ့လေသည်။

"အရှင်မြတ်...၊ ခုနလေးတင် အရှင်မြတ်က သဟဇာတဖြစ်မှုကနေတစ်ဆင့် ငွေရှာရမယ်လို့ ပြောခဲ့ တယ်လေ...။"

"တကယ်လို့ ငါတို့ ဒီသတင်းကို ဖြန့်လိုက်မယ်ဆိုရင် ဒါက ဆေးမီးဖိုဂိုဏ်းနဲ့ ပဋိပက္ခ ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား...။"

"ဟုတ်တယ်...၊ တကယ်လို့ ဆေးမီးဖိုဂိုဏ်းက ဒီအခွင့်အရေးကို ယူပြီး သိုလှောင်လက်စွပ် ပျောက်ဆုံးမှု တွေအတွက် ငါတို့ကို ချောက်ချလာရင် ဘယ်လိုလုပ်မလဲ...။"

လူတိုင်း၏ သံသယများကို ကြားသောအခါ လင်းဖန်က ရယ်မောလိုက်ရုံသာ။

"ဟားဟား...၊ ပထမအချက်အနေနဲ့ သဟဇာတဖြစ်မှုကနေတစ်ဆင့် ငွေရှာတယ်ဆိုတဲ့ အဓိက အချက် က ကြွယ်ဝချမ်းသာမှုက ပထမနေရာမှာ ရှိရမယ်ဆိုတာပဲ...။ တခြားသူတွေက ငါတို့ကို ပိုက်ဆံရှာဖို့ ကူညီပေးတဲ့အခါမှသာ ငါတို့က သဟဇာတဖြစ်မှုကို ထိန်းသိမ်းထားနိုင်မှာ...။"

"အကယ်၍ တစ်ယောက်ယောက်ကများ ငါတို့ရဲ့ ငွေရှာမယ့်လမ်းကို ပိတ်ဆို့လာရင် သူတို့နဲ့ ဘယ်သူက မိတ်ဆွေဖြစ်ချင်မှာလဲ...။"

ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တပည့်များ၏ မျက်နှာပေါ်ရှိ အမူအရာများက အတော် လေး စိတ်ဝင်စားစရာ ကောင်းလာခဲ့လေသည်။

*ဪ... "သဟဇာတဖြစ်မှုကနေတစ်ဆင့် ငွေရှာခြင်း" ဆိုသည့် စကား၏ နောက်ထပ် ရှင်းလင်းချက် တစ်ခု ရှိနေသေးတာကိုး….။*

သူတို့ အသိပညာ အသစ်တစ်ခု ရသွားခဲ့ချေပြီဖြစ်၏။ လူတိုင်း၏ မျက်နှာပေါ်မှ ရုတ်တရက် နားလည် သွားသည့် အမူအရာများကို မြင်သောအခါ လင်းဖန်က ဆက်ပြောလိုက်လေသည်။

"ဒုတိယအချက်အနေနဲ့ သူတို့က ဆေးမီးဖိုဂိုဏ်းရဲ့ သိုလှောင်လက်စွပ်တွေထဲကနေ ပစ္စည်းတွေ ပျောက်ဆုံးသွားတဲ့ ကိစ္စအတွက် ငါတို့ကို မဟုတ်မမှန် စွပ်စွဲနိုင်မှာ မဟုတ်ဘူး...။"

"ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက ငါနဲ့ တကယ်ပဲ ပတ်သက်နေတယ်ဆိုတာ အမှန်တရား တစ်ခု ဖြစ်နေ လို့ပဲ...။"

လင်းဖန်၏ စကားက ထိုနေရာရှိ လူတိုင်း၏ လေးစားအားကျမှုများကို ဆွဲဆောင်သွားခဲ့လေသည်။

"ငါတို့ရဲ့ အရှင်မြတ်က ပညာရှိတာပဲ...။"

"အရမ်းကို တိုက်ဆိုင်နေတာ အံ့သြစရာတောင် မဟုတ်တော့ဘူး...။ ငါတို့က ဟင်းလင်းပြင်လက်စွပ် တွေကို ရောင်းချဖို့ ပြင်ဆင်နေချိန်မှာပဲ ဆေးမီးဖိုဂိုဏ်းရဲ့ သိုလှောင်လက်စွပ်တွေက ဒီအချိန်လေးမှာ အချိန်ကိုက် ချို့ယွင်းသွားခဲ့တာလေ...။ အရှင်မြတ်က ဒါကို ကြိုတင် စီစဉ်ထားခဲ့တာကိုး...။"

"ဟူး...၊ ငါတို့က အရှင်မြတ်လောက် အဝေးကြီးကို ကြိုတွေးနိုင်ဖို့ ဘယ်တော့လောက်မှ ရောက်ပါ့ မလဲ...။"

လူတိုင်း၏ ချီးကျူးစကားများကို ကြားသောအခါ လင်းဖန် အနည်းငယ် ရှက်ရွံ့သွားခဲ့လေသည်။ အမှန် အတိုင်း ပြောရလျှင် ဤအရာက သူ ကြိုတင် စီစဉ်ထားခဲ့သည့် အရာတော့ မဟုတ်ပေ။

သိုလှောင်လက်စွပ်များထဲမှ ပစ္စည်းများ ပျောက်ဆုံးသွားသည့် ဖြစ်ရပ်ဆီသို့ ဦးတည်သွားစေခဲ့သည်မှာ ဟင်းလင်းပြင်မျှော်စင်၏ ဆိုင်းဘုတ်ကြောင့်သာ ဖြစ်ပေသည်။ ထိုအချိန်မှသာ သိုလှောင်လက်စွပ် လုပ်ငန်းကို တည်ထောင်ရန် အကြံဉာဏ် ရလာခဲ့ခြင်း ဖြစ်လေ၏။

သေချာသည်မှာ လင်းဖန်သည် အကြောင်းအကျိုး ဆက်စပ်မှုများကို လူတိုင်းအား ရှင်းပြနေမည် တော့မဟုတ်ပေ။

"ကောင်းပြီ...၊ မင်းတို့ နားလည်သွားရင် ပြီးတာပါပဲ...။ စီးပွားရေး လုပ်တဲ့နေရာမှာ သင်ယူစရာတွေ အများကြီး ရှိသေးတယ်...။ နောင်မှာ မင်းတို့ ပိုပြီး နားထောင်...၊ လေ့လာ...၊ ပြီးတော့ သင်ယူဖို့ လိုလိမ့် မယ်...။"

"ကဲ...၊ ပြောစရာရှိတာတွေ အားလုံး ပြောပြီးသွားပြီ...။ အခု စလိုက်ကြရအောင်...။"

ထိုသို့ပြောပြီးနောက် လင်းဖန်သည် တောင်ထွတ်သုံးခုမှ တပည့်များကို ဦးဆောင်ကာ ထျန်းယွမ်မြို့ တော်အတွင်းသို့ ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုဖြင့် ဝင်ရောက်သွားခဲ့လေသည်။ သူတို့ အလုံးအရင်းဖြင့် ရောက်ရှိလာမှုက ထျန်းယွမ်မြို့တော်မှ ကျင့်ကြံသူများကြားတွင် ကြီးမားသော ဆွေးနွေးမှုများကို ဖြစ်ပေါ်လာစေခဲ့သည်ပင်။

"ဟင်...၊ မကြာသေးခင်က ဘာတွေ ဖြစ်ခဲ့လို့လဲ...။ ဘာလို့ ရုတ်တရက် တူညီတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ လူတွေ ဒီလောက် အများကြီး ပေါ်လာရတာလဲ...။"

"ဟေ့...၊ မင်း ဆေးမီးဖိုဂိုဏ်းရဲ့ ဝတ်စုံကို မမှတ်မိဘူးလား...။"

"ငါ ဆေးမီးဖိုဂိုဏ်းကို သေချာပေါက် သိတာပေါ့...၊ ငါပြောတာက ဒီနေရာက လူတွေကို ပြောတာ...။"

ကျင့်ကြံသူ ညွှန်ပြရာဘက်သို့ ကြည့်လိုက်သောအခါ ၎င်းက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ တပည့် တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ဟင်...၊ ဒီလူအုပ်ကြီးက ဘယ်က ရောက်လာတာလဲ...။"

"ငါ မသိဘူး...၊ ဒီရက်ပိုင်းအတွင်း ဆေးမီးဖိုဂိုဏ်းက လူတွေ နေရာအနှံ့မှာ ရှိနေတယ် ဆိုတာပဲ ငါ သိတယ်...။"

"ဆေးမီးဖိုဂိုဏ်းအကြောင်းကို လူတိုင်း သိကြပါတယ်...။ သိုလှောင်လက်စွပ် ချို့ယွင်းသွားတယ်ဆိုတဲ့ သတင်းက နေရာအနှံ့ ပျံ့နှံ့နေပြီလေ...။"

"ထူးဆန်းတာက ဆေးမီးဖိုဂိုဏ်းက ဒီကိစ္စကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူး...။"

"သူတို့က ဖုံးကွယ်ဖို့ ရဲလို့လား...။ ဒီကိစ္စက သေးငယ်တဲ့ ကိစ္စမှ မဟုတ်တာ...၊ သူတို့ သတင်းကို ပိုဖုံးကွယ်လေ သူတို့မှာ ဖုံးကွယ်စရာ တစ်ခုခု ရှိနေတယ်ဆိုတာကို ပိုပြီး သက်သေပြလေပဲ ဖြစ်မှာ ပေါ့...။"

"ဟုတ်တယ်...။ သူတို့က ဤကိစ္စနဲ့ ဘာမှမဆိုင်ဘူးဆိုတာကို သက်သေပြချင်လို့ သိုလှောင်လက်စွပ် ကိစ္စကို ပျံ့နှံ့ခွင့်ပြုထားတာ...။"

"ဒါက ဆက်စပ်နေသလား မဆက်စပ်ဘူးလားဆိုတာ ဘယ်သူသိမှာလဲ...။ ဘာပဲဖြစ်ဖြစ် ငါက ကူးစက် ခံရမှာကို ကြောက်လို့ သူတို့ရဲ့ ဆေးမီးဖိုမျှော်စင်ကနေ ဝယ်ထားတဲ့ သိုလှောင်လက်စွပ်ကို ဒီရက်ပိုင်း အတွင်း အသုံးပြုဖို့ တုံ့ဆိုင်းနေခဲ့တာ...။"

"အားလုံး အတူတူပဲ မဟုတ်ဘူးလား...။ ပျောက်ဆုံးသွားတဲ့ သိုလှောင်လက်စွပ်တိုင်းက ဆေးမီးဖို မျှော်စင်ကနေ လာတာ မဟုတ်ဘူး...။ တခြား နေရာတွေကနေ ဝယ်လာတဲ့ လက်စွပ်တွေလည်း အတူ တူပဲ ဖြစ်နေကြတာပဲ...။"

"ဟူး...၊ လူတွေ အမြဲတမ်း ထိတ်လန့်မနေရအောင် ဆေးမီးဖိုဂိုဏ်းက သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ် တွေကို မြန်မြန် ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်လေ...။"

ဤကျင့်ကြံသူများ စကားစမြည် ပြောဆိုနေကြစဉ်...

ရုတ်တရက် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ တပည့်နှစ်ဦး သူတို့ဆီသို့ လျှောက်လာနေသည်ကို သတိ ပြုမိလိုက်ကြသည်။ ထိုအချိန်တွင် သူတို့သည် အစပိုင်းက ဆွေးနွေးနေခဲ့ကြသည့် အကြောင်းအရာကို ပြန်လည် သတိရသွားကြလေသည်။

"ဒါနဲ့ ငါတို့က ဆေးမီးဖိုဂိုဏ်းအကြောင်းကိုပဲ အာရုံစိုက်ပြီး ပြောနေခဲ့ကြတာ...၊ နေပါဦး...၊ ဒီလူတွေက ဘယ်အင်အားစုကလဲ...။"

"ငါ မသိဘူး...။ ဒီလို ဝတ်စုံမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး...။ ဒါက ဘယ်အင်အားကြီး အဖွဲ့ အစည်းနဲ့မှ မသက်ဆိုင်လောက်ဘူး...။"

"ငါတို့ သွားပြီး မေးကြည့်လိုက်ရင်ရော ဘယ်လိုလဲ...။"

စကားပြောနေစဉ်မှာပင် ကျင့်ကြံသူ တစ်ဦးက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ တပည့်နှစ်ဦးကို ဦးဆောင်၍ နှုတ်ဆက်လိုက်လေသည်။

"တာအိုရောင်းရင်းတို့...၊ အမ်း...၊ မိတ်ဆွေလေးတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရတာ ဘယ်အင်အားစု က များလဲ မသိဘူး...။"

ထိုကျင့်ကြံသူသည် သူ့ရှေ့ရှိ လူနှစ်ဦးကို "တာအိုရောင်းရင်း" ဟု ခေါ်ရန် ပြင်လိုက်သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်က အတော်လေး နိမ့်ကျနေကြောင်း သတိပြုမိသွားခဲ့လေသည်။ ထို့ကြောင့် "တာအို ရောင်းရင်း" ဟူသော အသုံးအနှုန်းကို "မိတ်ဆွေလေး" ဟု ယာယီ ပြောင်းလဲလိုက်ခြင်း ဖြစ်လေသည်။

ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ တပည့်နှစ်ဦးသည် သူတို့ရှေ့ရှိ ကျင့်ကြံသူထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှု အငွေ့အသက်ကို ခံစားရသဖြင့် ပေါ့ဆစွာ မနေရဲကြပေ။

"စီနီယာ...၊ ကျွန်တော်တို့က ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကပါ...။"

"မြင့်မြတ်နယ်မြေ" ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် သူ့ရှေ့ရှိ ကျင့်ကြံသူမှာ လန့်ဖြတ်သွား လေတော့သည်။

"ဒါဆို မင်းတို့က မြင့်မြတ်နယ်မြေက ပါရမီရှင်တွေပေါ့...။ စောစောက မမှတ်မိခဲ့တဲ့အတွက် တောင်းပန် ပါတယ်...။ အိုး...၊ ဘယ်မြင့်မြတ်နယ်မြေကို ပြောတာပါလဲ...။"

ကျင့်ကြံသူသည် ဘာတွေဖြစ်နေသည်ကို သဘောပေါက်သွားကြောင်း ထင်ရှားလှပေသည်။

*ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ဟုတ်လား။ ကျုံးကျိုးမှာ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ဆိုတာ ဘယ်အချိန်တုန်းက ရှိခဲ့လို့လဲ…။*

"ဟားဟား...၊ ကျွန်တော့်ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက တည်ထောင်ခဲ့တာ သိပ်မကြာသေးတော့ စီနီယာ မသိတာ ပုံမှန်ပါပဲ...။"

"ဒါပေမဲ့ နောက်ဆို မလိုတော့ပါဘူး...။ ကျွန်တော့်ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ နာမည်က ကျုံးကျိုး လွင်ပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားပါလိမ့်မယ်...။"

ထိုလူနှစ်ဦး၏ စကားကြောင့် ကျင့်ကြံသူ၏ မျက်နှာအမူအရာက အတော်လေး စိတ်ဝင်စားစရာ ကောင်းလာခဲ့လေသည်။ ထိုအတောအတွင်း အစောပိုင်းက ထိုကျင့်ကြံသူနှင့် စကားစမြည် ပြောဆို နေခဲ့သော လူစုသည် ထိုလူနှစ်ဦးထံ ချဉ်းကပ်လာချိန်တွင် ရုတ်တရက် အေးခဲသွားကြလေသည်။

ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ လူနှစ်ဦး၏ နောက်ဆက်တွဲ စကားများကို ကြားပြီးနောက် သူ အတော်လေး ထိတ်လန့်သွားခဲ့ကြောင်း ထင်ရှားလှပေသည်။

"မင်းတို့ နှစ်ယောက်...၊ မင်းတို့ နောက်ကွယ်က အင်အားစုတွေက မြင့်မြတ်နယ်မြေ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုရော သိကြရဲ့လား...။ ဒီလို နာမည်မျိုးကို ဘယ်လိုများ သုံးရဲကြတာလဲ...။"

"ဟုတ်တယ်...၊ ကျုံးကျိုးမှာ ပဉ္စမမြောက် မြင့်မြတ်နယ်မြေ ဖြစ်လာချင်တဲ့ နဝမအဆင့် ဂိုဏ်းတွေ အများကြီး ရှိတယ်...။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ ဒီလောက်နှစ်တွေအများကြီး ကြာတဲ့အထိ အဆင့်တက်ဖို့ မအောင်မြင်ခဲ့ကြသေးဘူး...။ မင်းတို့က ဘယ်လိုလုပ် ရဲတင်းနေရတာလဲ...။"

မေးခွန်းကို ကြားသောအခါ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ လူနှစ်ဦးသည် ချက်ချင်းပင် အနည်းငယ် မကျေမနပ် ဖြစ်သွားကြသည်။ သူတို့သည် ဟင်းလင်းပြင်တိုကင်ပြားကို ယူဆောင်လာခဲ့သောကြောင့် အချိန်မရွေး ဟင်းလင်းပြင်မြင့်မြတ်နယ်မြေအတွင်းသို့ ပြန်လည် ဆုတ်ခွာနိုင်ပေသည်။

သူတို့သည် ဤအဆင့်မြင့် ကျင့်ကြံသူများကို စော်ကားမိပြီး သူတို့၏ ဒေါသကို ဆွဲဆောင်မိမည်ကို လည်း မကြောက်လန့်ကြချေ။ ထို့ကြောင့် သူ၏ လေသံက အနည်းငယ် ရိုင်းစိုင်းလာခဲ့သည်။

"ဟမ့်... စီနီယာတို့က ဗဟုသုတ နည်းပါးလိုက်တာ...။ နဝမအဆင့် အင်အားစု တစ်ခုက ကျွန်တော့်ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...။"

"ဟုတ်တယ်...၊ ကျွန်တော့်ရဲ့ မြင့်မြတ်နယ်မြေ လက်အောက်မှာ နဝမအဆင့် ဂိုဏ်း သုံးဂိုဏ်းတောင် ရှိတယ်...။ ပြီးတော့ နောင်မှာလည်း ပိုပြီး ရှိလာနိုင်သေးတယ်...။"

လူနှစ်ဦး၏ စကားများက သူတို့ရှေ့ရှိ လူများကို ဆွံ့အသွားစေခဲ့သည်။ ၎င်းက မဖြစ်နိုင်သလို ထင်ရ သော်လည်း သူတို့ရှေ့ရှိ လူနှစ်ဦး၏ မျက်နှာအမူအရာကို ကြည့်ရလျှင် သူတို့သည် လိမ်နေပုံ မပေါ်ပေ။

သူတို့က ခေတ်နောက်ကျနေပြီး ကျုံးကျိုးမှာ ဤကဲ့သို့သော အင်အားစုသစ် တစ်ခု ဘယ်အချိန်က ပေါ်လာသလဲဆိုသည်ကို လုံးဝ မသိကြခြင်းများလား။

လူတိုင်း၏ မျက်နှာအမူအရာများကို မြင်သောအခါ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ လူနှစ်ဦးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေ၏။

ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသည် သူတို့၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်ပြီး မည်သူ့ကိုမျှ အသရေဖျက် ခွင့် ပြုမည်မဟုတ်ပေ။

သို့သော် သူတို့သည် သူတို့၏ ခရီးစဉ် ရည်ရွယ်ချက်ကို မမေ့လျော့ခဲ့ကြချေ။ လူတွေက ကြက်သေသေ သွားပြီး စကားမပြောနိုင် ဖြစ်နေသည်ကို မြင်သောအခါ သူတို့၏ စီးပွားရေးကို ပြန်လည် ကြော်ငြာရန် စတင်လိုက်ကြလေသည်။

"စီနီယာတို့ထဲက တစ်ယောက်ယောက်များ ဆေးလုံးတွေ...၊ မှော်ရတနာတွေ...၊ ဒါမှမဟုတ် သိုလှောင် လက်စွပ်တွေ လိုအပ်တာများ ရှိပါသလား...။"

"ကျွန်တော်တို့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက မြို့တိုင်းမှာ ဆိုင်တွေ ဖွင့်ထားပြီး မှော်ဆေးလုံးတွေနဲ့ ရတနာ အမျိုးမျိုးကို ရောင်းချပေးနေပါတယ်...။"

လူနှစ်ဦး ပြောသည်ကို ကြားသောအခါ ကြက်သေသေနေသော လူစုသည် သတိပြန်ဝင်လာကြသည်။

"ဆိုင်တွေ ဟုတ်လား...၊ ထျန်းယွမ်မြို့တော်မှာရော ရှိလို့လား...။"

"သေချာပေါက် ရှိတာပေါ့...၊ အများကြီးပဲ...။ ထျန်းယွမ်မြို့တော်မှာရှိတဲ့ အင်မော်တယ်တိမ်တိုက် မျှော်စင်...၊ ရွှမ်းမင်မျှော်စင်နဲ့ လင်းရှောင်းမျှော်စင်တွေ အားလုံးကို ဟင်းလင်းပြင်မျှော်စင်လို့ နာမည် ပြောင်းထားပါတယ်...။"

ရင်းနှီးနေသော နာမည် သုံးခုကို ကြားလိုက်ရသောအခါ လူစုသည် ချက်ချင်းပင် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။

"ဒါဆို မင်းတို့ ခုနက ပြောခဲ့တာတွေက အမှန်တွေပေါ့...။ မင်းတို့ရဲ့ မြင့်မြတ်နယ်မြေဆိုတဲ့ အောက်မှာ ရှိတဲ့ နဝမအဆင့် ဂိုဏ်း သုံးခုက အင်မော်တယ်တိမ်တိုက်ဂိုဏ်း...၊ ရွှမ်းမင်ဂိုဏ်းနဲ့ လင်းရှောင်းဂိုဏ်း တွေလား...။"

All Chapters