အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း (၂၁၈) ရှင်းလင်းချက် လာတောင်းသော ဆေးမီးဖိုဂိုဏ်း
ထိုလူနှစ်ဦးသည် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
"ဟုတ်ပါတယ်...၊ စီနီယာ ခန့်မှန်းတာ မှန်ပါတယ်...။ တကယ်လို့များ စီနီယာက ဆေးလုံးတွေ ဒါမှ မဟုတ် မှော်ရတနာတွေ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဟင်းလင်းပြင်မျှော်စင်ကို လာကြည့်လို့ ရပါတယ်...။"
"ဒါ့အပြင် ဆေးမီးဖိုဂိုဏ်းက ရောင်းချတဲ့ သိုလှောင်လက်စွပ်တွေမှာ ပြဿနာတွေ ရှိနေတယ်လို့ မကြာ သေးခင်က မကြားမိကြဘူးလား...။"
"ကျွန်တော်တို့ရဲ့ ဟင်းလင်းပြင်မျှော်စင်က သိုလှောင်လက်စွပ် အမျိုးအစားသစ် တစ်ခုကို တီထွင် ထားပါတယ်...။ အဲ့ဒါက အတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အခြား ပစ္စည်းတွေရဲ့ လုံခြုံရေး ကို လုံးဝ အာမခံနိုင်ပါတယ်...။"
"အကယ်၍ သိုလှောင်လက်စွပ်က မတော်တဆ ပျောက်ဆုံးသွားတာ ဒါမှမဟုတ် ပျက်စီးသွားရင်တောင် ဒါတွေက စီနီယာတို့အတွက် ဘာဆုံးရှုံးမှုမှ ဖြစ်စေမှာ မဟုတ်ပါဘူး...။"
ထိုလူနှစ်ဦး၏ စကားကြောင့် အခြားသူများမှာ အံ့သြသွားကြလေသည်။
*ပျောက်ဆုံးသွားခြင်း သို့မဟုတ် ပျက်စီးသွားခြင်းကြောင့် ဆုံးရှုံးမှု မရှိဘူး ဆိုတာက ဘာအဓိပ္ပါယ် လဲ…။*
သူတို့သည် ယခုလေးတင် ဆေးမီးဖိုမျှော်စင်၏ သိုလှောင်လက်စွပ်များအကြောင်းကို ပြောနေခဲ့ကြခြင်း ဖြစ်သည်။ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ လူနှစ်ဦး၏ စကားများက သူတို့၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့လေတော့သည်။
"မင်း ပြောသလိုဖြစ်မယ်ဆိုရင်တော့ ငါ တကယ်ပဲ သွားကြည့်ချင်လာပြီ...။"
"ဟုတ်တယ်...၊ အားလုံးပဲ...၊ ငါတို့ အတူတူ သွားကြည့်ကြရအောင်...။"
ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ လူနှစ်ဦးသည် အခြားသူများ ပြောသည်ကို ကြားပြီးနောက် အနည်း ငယ် ပြုံးလိုက်ကာ ထွက်ခွာသွားခဲ့ကြလေသည်။ သူတို့သည် အခြားသူများကို ဆက်လက် ကြော်ငြာပေး ရန် လိုအပ်နေသေးသဖြင့် အချိန်ဆွဲနေ၍ မရနိုင်ပေ။
စကားစမြည် ပြောဆိုနေခဲ့ကြသော လူစုသည် သူတို့ မှတ်မိနေသေးသည့် အင်မော်တယ်တိမ်တိုက် မျှော်စင်နှင့် ရွှမ်းမင်မျှော်စင် ကဲ့သို့သော ဆိုင်များရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြလေတော့ သည်။
ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ တပည့်များက ထျန်းယွမ်မြို့တော်မှ ကျင့်ကြံသူများနှင့် စကားပြောဆို နေသည့် ဤမြင်ကွင်းသည် ထျန်းယွမ်မြို့တော်၏ လမ်းများပေါ်တွင် အကြိမ်ကြိမ် မြင်တွေ့နေခဲ့ရလေ သည်။
ထို့ကြောင့် ရက်အနည်းငယ်အတွင်းမှာပင်...၊ ဟင်းလင်းပြင်မျှော်စင်နှင့် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ဟူသော နာမည်သည် လမ်းမများ၊ လမ်းကြားများ အားလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
အထူးသဖြင့် သူတို့ ကြော်ငြာထားသော သိုလှောင်လက်စွပ်အသစ်သည် ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ဟင်းလင်းပြင်မျှော်စင်သို့ လာရောက် ကြည့်ရှုသူများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
ထိုအတောအတွင်း ဟင်းလင်းပြင်မျှော်စင်သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဟင်းလင်းပြင် လက်စွပ် အတော်များများကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့သည်။ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲတွင် ကြီးမားသော ဂိုဒေါင်ကြီးများက မြေပြင်ပေါ်မှ ပေါ်ထွက်လာခဲ့လေသည်။
၎င်းတို့အားလုံးမှာ သားရဲလေး၏ လက်ရာများပင် ဖြစ်ပေသည်။ ပထမဆုံး ဟင်းလင်းပြင်လက်စွပ်ကို ရောင်းချပြီးနောက် လင်းဖန်သည် သားရဲလေးအား ဤဂိုဒေါင်များကို ဘဏ်၏ သိုလှောင်ရုံများအဖြစ် တည်ဆောက်ရန် စီစဉ်ပေးခဲ့လေသည်။
ဟင်းလင်းပြင်လက်စွပ်ကို ဝယ်ယူသည့် အသုံးပြုသူများသည် သူတို့၏ ပစ္စည်းများကို ဤနေရာရှိ ဘဏ် တွင် သိမ်းဆည်းထားမည် ဖြစ်သည်။ ဘဏ်တွင် အပ်နှံထားသော စိတ်ဝိညာဉ်ကျောက်တုံးများအတွက် မူ လင်းဖန်သည် သီးခြား ဂိုဒေါင်တစ်ခု မဆောက်လုပ်ခဲ့ပေ။
ထိုအစား ဟင်းလင်းပြင်မြင့်မြတ်နယ်မြေအတွင်း ဧရာမ ချိုင့်ဝှမ်းကြီး တစ်ခုကို သီးသန့် ဖန်တီးခဲ့လေ သည်။ လင်းဖန်၏ အမြင်အရ စိတ်ဝိညာဉ်ကျောက်တုံးများကို ချိုင့်ဝှမ်းကြီးထဲတွင် တိုက်ရိုက် ပုံထား ခြင်းက ဝိညာဉ်ကြော တစ်ခုကိုပင် ဖန်တီးပေးနိုင်စွမ်း ရှိနိုင်ပေသည်။
လင်းဖန်နှင့် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေမှ လူများ အလုပ်ရှုပ်နေကြစဉ်...
ဆေးမီးဖိုဂိုဏ်းမှ လူများသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တစ်ခုခု မှားယွင်းနေကြောင်းကို နောက်ဆုံးတွင် သတိပြုမိသွားခဲ့ကြလေသည်။ သူတို့သည် သိုလှောင်လက်စွပ် ချို့ယွင်းသွားသည့် သတင်းကို အစပိုင်းကတည်းက ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့ပေ။
ဤကိစ္စနှင့် ပတ်သက်သည့် ရုတ်ရုတ်သဲသဲ ဖြစ်မှုများက သဘာဝအတိုင်း ငြိမ်သက်သွားမည်ဟု မျှော်လင့်ခဲ့ကြခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သတင်းအချို့သည် ဖုံးကွယ်လေလေ လူအများ ကြားတွင် ပိုမို စိတ်ဝင်စားစရာ ကောင်းလာလေလေ ဖြစ်သည် မဟုတ်ပါလား။
သို့သော် သူတို့ အံ့သြသွားသည်မှာ သိုလှောင်လက်စွပ်၏ ရေပန်းစားမှုက ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း လျော့ကျမသွားသည့်အပြင် ပိုမို ပြင်းထန်လာခဲ့ခြင်းပင်။
ပိုဆိုးသည်မှာ အချို့လူများသည် သူတို့၏ ဆေးမီးဖိုမျှော်စင်သို့ လာရောက်ကာ ဝယ်ယူထားသည့် သိုလှောင်လက်စွပ်များကို ပြန်ပေးချင်နေကြခြင်း ဖြစ်သည်။ သူတို့က သေချာပေါက် ဤအဓိပ္ပါယ်မရှိ သော တောင်းဆိုချက်ကို သဘောမတူခဲ့ကြပေ။
ပစ္စည်းလာပြန်ပေးသူများထံမှ ပစ္စည်းပြန်ပေးရသည့် အကြောင်းရင်းများကိုလည်း သူတို့ သိရှိခဲ့ရသည်။ သူတို့က အစားထိုးစရာ အသစ်တစ်ခုကို ရှာတွေ့သွားခဲ့ကြခြင်း ဖြစ်ကြောင်း ပေါ်လွင်လာခဲ့သည်။
ထျန်းယွမ်မြို့တော်တွင် လူတစ်စု ရုတ်တရက် ပေါ်လာပြီး လုံခြုံရေး အလွန်ကောင်းမွန်သော သိုလှောင် လက်စွပ်များကို နေရာအနှံ့ ရောင်းချနေကြခြင်း ဖြစ်ပေသည်။
အသေးစိတ်ကို သိရှိပြီးနောက် လင်းယုံယွမ်သည် ဤကိစ္စကို စုံစမ်းရန် လူများကို ချက်ချင်း စေလွှတ် လိုက်လေသည်။ ဤအချိန်တွင် ဆေးမီးဖိုမျှော်စင်အတွင်း လင်းယုံယွမ်သည် သူ၏ လက်အောက်ငယ် သားများ စုဆောင်းလာသော အချက်အလက်များကို နားထောင်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။
"အကြီးအကဲလင်း...၊ ဒီလူတွေက သူတို့ကိုယ်သူတို့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေကလို့ ပြောနေကြ တယ်...။"
"သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက သိပ်မမြင့်ပေမဲ့ ကျွန်တော့်ရဲ့ စုံစမ်းစစ်ဆေးမှုအရ သူတို့နောက်ကွယ် မှာ နဝမအဆင့် ဂိုဏ်းသုံးဂိုဏ်း ရှိနေတယ်...။"
ထိုစကားကို ကြားသောအခါ လင်းယုံယွမ်၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်သွားသည့် အမူအရာက ချက်ချင်း ပေါ်လာခဲ့လေသည်။
"နဝမအဆင့် ဂိုဏ်းသုံးဂိုဏ်း ဟုတ်လား...၊ ဘယ်သုံးဂိုဏ်းလဲ...။ ဒီသတင်းက ယုံကြည်ရရဲ့လား...။"
ထိုစကားကို ကြားသောအခါ လက်အောက်ငယ်သားက ချက်ချင်း ခေါင်းညိတ်ပြလိုက်လေသည်။
"အဲ့ဒီဂိုဏ်းသုံးဂိုဏ်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်း...၊ ရွှမ်းမင်ဂိုဏ်းနဲ့ လင်းရှောင်းဂိုဏ်းတွေပါ...။ သူတို့ ကိုယ်တိုင် ပြောခဲ့တာပါ...။"
"ထျန်းယွမ်မြို့တော်က ထိုဂိုဏ်းသုံးဂိုဏ်းရဲ့ ဆိုင်တွေ အားလုံးက ဟင်းလင်းပြင်မျှော်စင်တွေအဖြစ် ပြောင်းလဲသွားပြီဆိုတော့ ဒါက အမှန်ပဲလို့ ကျွန်တော် ယုံကြည်ပါတယ်...။"
ဂိုဏ်းသုံးဂိုဏ်း၏ အမည်များကို ကြားသောအခါ လင်းယုံယွမ်၏ မျက်နှာအမူအရာက ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
"ဒီဂိုဏ်းသုံးဂိုဏ်းလား...။ ငါသိသလောက်တော့ သူတို့တွေကြားမှာ အဆက်အသွယ် သိပ်မရှိသင့်ဘူး လေ...။ သူတို့က ဘာလို့များ ပူးပေါင်းလိုက်ကြတာလဲ...။"
အကြောင်းရင်းကို စဉ်းစား၍ မရသောအခါ လင်းယုံယွမ်သည် ရိုးရှင်းစွာပင် ဆက်မတွေးတော့ဘဲ လေသံကို ချက်ချင်း ပြောင်းလိုက်ကာ အေးစက်စွာ ဆက်ပြောလိုက်လေသည်။
"ဟမ့်...၊ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် စီးပွားရေး လုယူဖို့အတွက် ငါတို့ကို ဗြောင်ကျကျ အသရေ ဖျက်တာက ငါတို့ကို စစ်ကြေညာလိုက်တာပဲ...။"
"နဝမအဆင့် ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းလိုက်ရုံနဲ့ ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင် မယ်လို့ မင်းတို့ ထင်နေလား...၊ အိပ်မက်ပဲမက်နေလိုက်...။"
"လူတချို့ ခေါ်သွားပြီး ဟင်းလင်းပြင်မျှော်စင်ကို သွားကြ...။ သူတို့ ဘာကို ဆိုလိုချင်တာလဲဆိုတာ သွားမေးစမ်း...။"
"နေဦး...၊ ငါကိုယ်တိုင်ပဲ သွားမယ်...။"
ထိုသို့ပြောပြီးနောက် လင်းယုံယွမ်သည် လက်အောက်ငယ်သား အနည်းငယ်ကို ဦးဆောင်ကာ ဟင်းလင်းပြင်မျှော်စင်ဆီသို့ ထွက်ခွာသွားခဲ့လေတော့သည်။
အင်မော်တယ်တိမ်တိုက် ဟင်းလင်းပြင်မျှော်စင်အတွင်း၌...
လင်းဖန်သည် ဆိုင်ထဲတွင် ဖောက်သည်များ စည်ကားနေသည်ကို ကြည့်ရင်း ကျေနပ်နေခဲ့လေသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သော သိုလှောင်လက်စွပ် အဖြစ်အပျက်ကြောင့် ငြိမ်းချမ်းနေသော ထျန်းယွမ် မြို့တော်သည် တစ်ဖန် ပြန်လည် အသက်ဝင်လာခဲ့ပြန်လေသည်။
ယခုဆိုလျှင် လမ်းများပေါ်တွင် လူများ ပို၍ပင် များပြားလာခဲ့ပြီ ဖြစ်သည်။ သူတို့၏ ဆိုင်မှာလည်း ဖောက်သည်များဖြင့် အဆက်မပြတ် ပြည့်ကျပ်နေခဲ့ပေသည်။
"ဟီးဟီး...၊ ဒီရက်ပိုင်း ကြော်ငြာပြီးနောက် ဟင်းလင်းပြင်မျှော်စင်ရဲ့ စီးပွားရေးက တကယ်ကို ပျံ့နှံ့သွား ခဲ့ပြီပဲ...။"
"စီးပွားရေး ကိစ္စတွေကို မြင့်မြတ်နယ်မြေက တပည့်တွေဆီ လွှဲထားခဲ့လို့ ရပြီ...၊ ငါကတော့ စတုတ္ထ မြောက် ဝိညာဉ်ကြောအတွက် အစီအစဉ်ဆွဲဖို့ပဲ အာရုံစိုက်ထားလို့ ရပြီ...။"
"ဆေးမီးဖိုဂိုဏ်းက ငါတို့ တံခါးကို ဘယ်တော့များ လာခေါက်မလဲ ဆိုတာပဲ မသိသေးတာ...။"
လင်းဖန် သူ့ဘာသာ စကားပြောနေစဉ်မှာပင် သူ၏ အကြည့်များက ရုတ်တရက် ရွေ့လျားသွားပြီး တံခါး ဆီသို့ ကြည့်လိုက်သည်။ ဤအချိန်တွင် ကျင့်ကြံသူ အနည်းငယ်သည် အပြင်ဘက်ရှိ ဟင်းလင်းပြင် မျှော်စင်ဆီသို့ ခြိမ်းခြောက်လာသည့်ဟန်ဖြင့် လျှောက်လာနေကြလေသည်။
သူတို့၏ အသွင်အပြင်ကို ကြည့်ရလျှင် သူတို့သည် ကုန်ပစ္စည်း လာဝယ်သည့် ဖောက်သည်များ မဟုတ် ကြောင်း ထင်ရှားလှပေသည်။ လင်းဖန်သည် သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများကို မြင်လိုက် ရသောအခါ ချက်ချင်းပင် အနည်းငယ် ပြုံးလိုက်လေ၏။
"လူဆိုးအကြောင်း ပြောနေတုန်း လူဆိုး ရောက်လာပြီ...။"
လွန်ခဲ့သည့် ရက်အနည်းငယ်က ဆေးမီးဖိုမျှော်စင်မှ တပည့် အတော်များများ လမ်းများပေါ်တွင် ကင်းလှည့်နေခဲ့ကြရာ လင်းဖန်သည် ဆေးမီးဖိုမျှော်စင်၏ ဂိုဏ်းဝတ်စုံက မည်သို့ ရှိကြောင်းကို မှတ်မိ နေခဲ့ပေသည်။
လင်းယုံယွမ်နှင့် သူ၏အဖွဲ့ ဟင်းလင်းပြင်မျှော်စင်၏ အပေါက်ဝသို့ ရောက်လာသောအခါ အတွင်းရှိ ဖောက်သည် အများအပြားကို မြင်လိုက်ရသဖြင့် သူတို့၏ လက်သီးများက တင်းမာသွားကြလေသည်။
ထိုလူများ အားလုံးက သူတို့၏ ဖောက်သည်များ ဖြစ်သင့်သည်ပင်။ ဤဟင်းလင်းပြင်မျှော်စင်ဆိုသည့် နေရာက ယုတ်မာသော နည်းလမ်းများကို အသုံးပြုကာ လှည့်စားခဲ့ခြင်းသာ ဖြစ်ချေသည်။
"မင်းတို့ဆိုင်ရဲ့ ကြီးကြပ်ရေးမှူးတွေ ဘယ်မှာလဲ...၊ အခု ထွက်လာခဲ့စမ်း...။"
စကားပြောနေစဉ်မှာပင် လင်းယုံယွမ်သည် သူ၏ အတိဒုက္ခအဆင့် အငွေ့အသက်ကို ထုတ်လွှတ်လိုက် လေသည်။ တစ်ခုခု မှားယွင်းနေကြောင်း မြင်လိုက်ရသဖြင့် ဆိုင်ထဲရှိ ဖောက်သည်များသည် ထွက်ပြေး သွားကြလေတော့သည်။
ဤမြင်ကွင်းကြောင့် လင်းဖန် ဆက်၍ မရယ်နိုင်တော့ချေ။
"ကျစ်...၊ မသွားကြပါနဲ့ဦး...။ ငါတို့ ဆိုင်က ပစ္စည်းတွေက တကယ်ကို တန်ဖိုးရှိတာပါ...။"
"ဟိုက ဆေးပုလင်း ကိုင်ထားတဲ့ ဖောက်သည်...၊ ပိုက်ဆံ မရှင်းရသေးဘူးလေ...။ ပြန်လာခဲ့ဦး...။"
ထိုစကားကို ကြားသောအခါ ပိုက်ဆံမရှင်းရသေးသော ဖောက်သည်သည် ချက်ချင်း ပြန်လှည့်လာပြီး ဆေးလုံးများကို ချထားခဲ့ကာ ထွက်ပြေးသွားလေတော့သည်။
"ဟက်...၊ မင်းက အခုလိုအချိန်မျိုးမှာတောင် စီးပွားရေး အကြောင်းကို တွေးနေတုန်းပဲလား...။ ငါ့ရဲ့ ဆေးမီးဖိုမျှော်စင်ကို ဘယ်လို ရှင်းပြမလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်...။"
လင်းယုံယွမ်၏ စကားကို ကြားသောအခါမှ လင်းဖန်သည် နောက်ဆုံးတွင် သူ့ထံသို့ အာရုံပြန်ရောက် သွားခဲ့လေသည်။
"ဆေးမီးဖိုမျှော်စင် ဟုတ်လား...၊ ဘာကို ရှင်းပြရမှာလဲ...။"
"မင်းတို့က ငါတို့ရဲ့ ဟင်းလင်းပြင်မျှော်စင်ကို အကြောင်းမဲ့ ပြဿနာလာရှာပြီး ငါတို့ကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတန် အရောင်းအဝယ်ကို ဆုံးရှုံးသွားစေတာ...။ ဒါကို မင်းတို့ကပဲ ရှင်းပြသင့်တာ မဟုတ်ဘူးလား...။"
ထိုစကားကို ကြားသောအခါ လင်းယုံယွမ်က နှုတ်ခမ်းမဲ့လိုက်လေ၏။
"မင်းက တော်တော် ယုတ်မာတာပဲ...၊ လူဆိုးက အရင် စွပ်စွဲနေတယ်ပေါ့...။"
"ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထျန်းယွမ်မြို့တော်က လူတွေ ငါ့ရဲ့ ဆေးမီးဖိုမျှော်စင်က သိုလှောင် လက်စွပ်အကြောင်းကို အသရေဖျက်နေခဲ့ကြတယ်...။ ဒါက မင်းတို့ လူတွေ မဟုတ်ဘူးလို့ ပြောရဲ လား...။"
"ငါ့ရဲ့ ဆေးမီးဖိုမျှော်စင်က ကျုံးကျိုးမှာ စီးပွားရေး လုပ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ...။ ပြိုင်ဘက် တွေကို နှိပ်ကွပ်ဖို့အတွက် တရားမဝင်တဲ့ နည်းလမ်းတွေကို တစ်ခါမှ အသုံးမချခဲ့ဖူးဘူး...။"
"ဒီနေ့ကျမှ ငါတို့အပေါ် အခုလို နည်းလမ်းမျိုးကို သုံးလာမယ့်သူ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့် ထားခဲ့မိဘူး...။"
"ငါတို့ လာရတဲ့ ရည်ရွယ်ချက်က မင်းတို့လို အကျင့်ပျက် ဆိုင်တွေကို ပိတ်ပစ်ပြီး ကျုံးကျိုးက စီးပွားရေး လုပ်ငန်းတွေကို ပုံမှန် အခြေအနေ ပြန်ရောက်အောင် လုပ်ဖို့ပဲ...။"
တစ်ဖက်လူက အစကတည်းက ကိုယ်ကျင့်တရားအရ အသာစီးယူရန် ကြိုးစားနေသည်ကို မြင်သော အခါ လင်းဖန်က လှောင်ပြောင်လိုက်လေသည်။
"ဟက်...၊ မင်းရဲ့ သိုလှောင်လက်စွပ်တွေက ချို့ယွင်းချက် မရှိဘူးလို့ ပြောရဲသေးတာလား...။"
"မင်းက ကိုယ်တိုင်တောင် သေချာ မလုပ်နိုင်ဘဲနဲ့ ကိုယ့်ထုတ်ကုန်တွေကို ဝေဖန်ဖို့တောင် မရဲဘူး လား...။"