← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) ဂိုဏ်းချုပ်၏ တွေးဆချက်

​ဤစကားကို ကြားသောအခါ လင်းယုံယွမ်သည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြန်လည်စဉ်းစားခန်း ဝင်သွားခဲ့လေသည်။

ခဏအကြာတွင် လင်းယုံယွမ်က မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။

"ကျွန်တော် လောင်းကြေးကို အဆိုပြုလိုက်တဲ့အချိန်မှာ အဲဒီလူက ခဏလောက် ပြာယာခတ်သွားတဲ့ပုံ တော့ပေါက်နေတယ်...။"

"သူ အချိန်အတော်ကြာတဲ့အထိ ပြန်မဖြေတာကို မြင်တော့ ကျွန်တော်က ခနဲ့တဲ့တဲ့ စကားအချို့ ပြော လိုက်မိတယ်...။ အဲဒီတော့ သူက လောင်းကြေးကို တိုးလိုက်တဲ့အခါမှာ ရှက်ရမ်းရမ်းပြီး ဒေါသထွက် သွားတဲ့ပုံပါပဲ...။"

လင်းယုံယွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဟန်ရွှမ်သည် ခဏတာ စဉ်းစားလိုက်ပြီးမှ သုံးသပ် ပြလိုက်လေသည်။

"အဲဒီလို ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ တစ်ဖက်လူက လောင်းကြေးကို တိုးလိုက်တဲ့ အကြောင်း ရင်းက ခင်ဗျားရဲ့ ဆွပေးမှုကြောင့် ဒေါသထွက်ပြီး စကားလွန်သွားတာ ဖြစ်နိုင်တယ်...။"

"ဒါပေမဲ့ တစ်ဖက်လူက တမင်သက်သက် ဟန်ဆောင်နေတယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ဖယ်ထုတ် ထားလို့ မရပြန်ဘူး...။"

"အဲဒီလူရဲ့ ပါးနပ်မှုနဲ့ပတ်သက်ပြီးတော့ကော ခင်ဗျား ဘယ်လိုထင်လဲ...။"

ထိုအချိန်က လင်းဖန်၏ မျက်နှာအမူအရာ၊ စကားနှင့် လုပ်ရပ်များကို ပြန်လည်စဉ်းစားပြီးနောက် လင်းယုံယွမ် သည် သူ၏ ကိုယ်ပိုင်အကဲဖြတ်ချက်ကို ပေးလိုက်လေသည်။

"ကျွန်တော့်ရဲ့ အရင်အကဲဖြတ်ချက်အရတော့ သူက ဂိုဏ်းကြီးသုံးခုက ထောက်ပံ့ပေးထားတဲ့ ရုပ်သေး ရုပ်တစ်ရုပ် ဖြစ်ပြီး ဘာကောက်ကျစ်တဲ့ အကြံအစည်မှ ရှိပုံတော့မရပါဘူး...။"

"သူ့ကိုယ်သူ မြင့်မြတ်သောအရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြောတဲ့အခါမှာ သူ့မျက်နှာပေါ်က မောက်မာမှုတွေ ကို ဖုံးကွယ်ထားဖို့ လုံးဝ မကြိုးစားခဲ့ဘူး...။"

"သူက အစအဆုံး မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ အမူအရာရှိတယ်...၊ ဟန်ဆောင်နေ တဲ့ပုံ လုံးဝမပေါက်ဘူး...။"

လင်းယုံယွမ်၏ စကားကို ကြားပြီးနောက် ဟန်ရွှမ်က ခေါင်းညိတ်လိုက်လေသည်။ ထိုလူသည် အင်အားစုကြီးသုံးခုက ထောက်ပံ့ပေးထားသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည်ဟု သူလည်း ယုံကြည် ထားပေသည်။

တတိယမြောက် အတိဒုက္ခအဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် အင်အားစုကြီးသုံးခု၏ အမည်ခံ ခေါင်းဆောင် ရုတ်တရက် ဖြစ်လာခဲ့သည်။

ဤမျှကြီးမားသော အဆင့်အတန်း အပြောင်းအလဲကြောင့် တစ်ဖက်လူအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး အလွန်အမင်း ယုံကြည်မှုလွန်ကဲနေခြင်းမှာ ပုံမှန်ပင်ဖြစ်ချေသည်။

"အဲဒီလူက အကြီးအကဲလင်းရဲ့ ဆွပေးတာကို ခံရပြီးနောက်မှာ လောင်းကြေးကို တိုးလိုက်တာ ဖြစ်ပုံရ တယ်...။"

"ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒီလောင်းကြေးကို လက်ခံလိုက်ပြီး သူ့နောက် ကွယ်က အင်အားစုတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်နိုင်တယ်...။"

ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ ခန်းမထဲရှိ လူများသည် တစ်ဖန် စတင်ပြော ဆိုလာကြပြန်လေသည်။

နောက်ကွယ်ရှိ အင်အားစုများ၏ တုံ့ပြန်မှုကို စောင့်ကြည့်မည်ဟူသော နောက်ပိုင်းစကားကိုမူ သူတို့ လုံးဝ လျစ်လျူရှုထားခဲ့ကြလေသည်။

"ဟေး... ကျွန်တော် ပြောသားပဲ...။ သူတို့က ကိုယ့်သဘောနဲ့ကိုယ် လာကမ်းလှမ်းနေတာကို ဘာလို့ လက်မခံရမှာလဲ...။"

"ဒီလောက်အများကြီး ခွဲခြမ်းစိတ်ဖြာနေတာက အချိန်ဖြုန်းတာ သက်သက်ပဲ...။ တစ်ဖက်လူ စကား ပြန်မရုပ်သိမ်းခင် လောင်းကြေးကို အမြန်ဆုံး လက်ခံလိုက်တာက ပိုကောင်းလိမ့်မယ်...။"

"ဟုတ်တယ်...၊ အဲဒီအချိန်တုန်းက ချက်ချင်း သဘောတူလိုက်သင့်တာ...။"

"ဒီလောင်းကြေးကို အဲဒီလူက စိတ်လိုက်မာပါ အဆိုပြုခဲ့တာဆိုတော့ သူ့နောက်ကွယ်က အင်အားစု တွေက သဘောမတူမှာကိုတောင် ကျွန်တော် စိုးရိမ်မိတယ်...။"

"သဘောမတူဘူး ဟုတ်လား...။ ဟွန့်...၊ ဒီလို လောင်းကြေးမျိုးက ကလေးကလား ကစားစရာ မဟုတ်ဘူးလေ...။ နှုတ်က ထွက်လာပြီးမှတော့ လောင်းကြေးပြောင်းမယ်လို့ မတွေးလေနဲ့...။"

"ဒါမှန်တယ်...။ အစပြုခွင့်က ကျွန်တော်တို့ လက်ထဲမှာ ရှိတယ်...။ သူတို့သာ စကားကို ပြန်ရုပ်သိမ်း ခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို စိန်ခေါ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်တော့ဘူး...။"

ထိုလောင်းကြေးနှင့် ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက် ချရန် ကြိုးပမ်းနေသည့်အလား လူတိုင်းက တစ်ပြိုင်နက်တည်း ပြောဆိုနေခဲ့ကြလေသည်။

ဂိုဏ်းချုပ် ဟန်ရွှမ်သည် လူတိုင်း၏ စကားများကို ကြားသောအခါ တုံ့ပြန်မှုများကို စောင့်ကြည့်မည့် အကြောင်း သူပြောခဲ့သည့် စကားကို ပြန်လည်ပြောဆိုရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ပင်မခန်းမ၏ အပေါက်ဝမှ သတင်းပို့သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ဂိုဏ်းချုပ်...၊ အကြီးအကဲတို့...၊ အကြီးအကဲလင်း တောင်းဆိုထားတဲ့ ပစ္စည်းတွေကို ဝယ်ယူပြီးပါပြီ...။"

ထိုစကားကို ကြားသောအခါ လူတိုင်းက လင်းယုံယွမ်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်မှသာ လင်းယုံယွမ်သည် ထိုကိစ္စကို ရုတ်တရက် သတိရသွားခဲ့လေသည်။

"ဂိုဏ်းချုပ်...၊ ကျွန်တော် မပြန်လာခင်မှာ ဂိုဏ်းဝတ်စုံတွေကို ချွတ်ပြီး ဟင်းလင်းပြင်မျှော်စင်ကို သွား ပြီး သူတို့ရဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့ တပည့်တွေကို စီစဉ်ပေးခဲ့ပါတယ်...။"

"တစ်ဖက်လူမှာ ပစ္စည်းနှစ်မျိုးပဲ ရှိပေမဲ့ အဲဒါတွေက တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်...။"

လင်းယုံယွမ်သည် အမှန်တကယ်တော့ အလွန် ပါးနပ်စွာ ပြုမူခဲ့ခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ပင်မခန်းမထဲတွင် မာနကြီးသော ဆေးဆရာများနှင့် လက်နက်ဖန်တီးသူ တစ်စုဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလား။

တစ်ဖက်လူ၏ ဆေးလုံးများနှင့် မှော်ရတနာများသည် သူတို့ထက် များစွာ သာလွန်နေကြောင်းကို ဖွင့်ဟ ပြောဆိုလိုက်မည်ဆိုလျှင် လူအုပ်ကြားတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာစေနိုင်ပေသည်။

ဟန်ရွှမ်သည် လင်းယုံယွမ်၏ စကားကို ကြားသောအခါ သဘောတူလက်ခံသည့် အကြည့်တစ်ချက်ဖြင့် သူ့ကို ကြည့်လိုက်လေသည်။

သိုလှောင်ရေးလက်စွပ်များ ချို့ယွင်းသွားသည့် ပြဿနာကို ဖြေရှင်းရန် လင်းယုံယွမ်အား စေလွှတ်ခဲ့ရ ခြင်း၏ အကြောင်းရင်းမှာ ဤအရာပင် ဖြစ်သည်။

ဆိုင်အတွင်းရှိ အခြားအကြီးအကဲများနှင့် ယှဉ်လျှင် လင်းယုံယွမ်က သိသိသာသာ ပို၍ စေ့စပ်သေချာ ကြောင်း ထင်ရှားပေသည်။

ခန်းမအပြင်ဘက်ရှိ လူများကို အထဲသို့ ခေါ်သွင်းပြီးနောက်တွင် လူတိုင်းသည် ဟင်းလင်းပြင်မျှော်စင်မှ ပစ္စည်းနှစ်ခုကို မြင်တွေ့လိုက်ကြရလေသည်။

ထို့နောက် လင်းယုံယွမ်သည် ပစ္စည်းမိတ်ဆက်သူတစ်ဦးအသွင် ပြောင်းလဲကာ လူတိုင်းကို အကြောင်း အရာများ စတင်မိတ်ဆက်ပေးလိုက်သည်။

"ဂိုဏ်းချုပ်...၊ ဒါတွေက သူတို့ရဲ့ ဆေးမီးဖိုမျှော်စင်က ဆေးလုံးတွေပါ...။ အဲဒါတွေကို ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး လို့ ခေါ်ပါတယ်...။"

"ဒီဆေးလုံးက အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်ရုံသာမက ကျင့်ကြံသူ ရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကိုပါ ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်...။"

ဆေးလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြသော လူအုပ်ကြီးသည် လင်းယုံယွမ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ငြိမ်သွားကြလေသည်။

အခြားအရာများနှင့် ပတ်သက်လာလျှင် သူတို့သည် သာမန်အသိတရား ကင်းမဲ့နေပုံရသော်လည်း၊ ဆေးလုံးများနှင့် မှော်ရတနာများနှင့် ပတ်သက်လာလျှင်မူ သူတို့သည် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရပေသည်။

သူတို့သည် ကုသခြင်းအာနိသင်ကို ဂရုမစိုက်ကြပေ။ ထို့အစား စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့် တင်းပေးသည့် အာနိသင်အပေါ်၌သာ အာရုံစူးစိုက်ထားခဲ့ကြလေသည်။

"ချက်ချင်း...၊ တစ်ဝက်ကို ပြန်လည်ဖြည့်တင်းပေးတယ်...။ အဲဒီနှစ်ခုကို ပေါင်းစပ်လို့ရတယ်ဆိုတာ သေချာလို့လား...။"

"မဖြစ်နိုင်ဘူး...။ ကျွန်တော်တို့ ဆေးမီးဖိုဂိုဏ်းတောင်မှ ဒီလို ဆေးလုံးမျိုးကို မဖန်တီးနိုင်တာ...။ တခြားဘယ်သူကများ ရနိုင်မှာတဲ့လဲ...။"

"ဟုတ်တယ်...။ စိတ်ဝိညာဉ်စွမ်းအားကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ကျွန်တော်တို့ဂိုဏ်းက ဆေးလုံးတောင်မှ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ပြန်လည် ဖြည့်တင်းဖို့ အချိန်တစ်မတ်လောက် ယူရတယ်...။"

"စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဆေးလုံးတွေ ရှိပေမဲ့ အများဆုံး အနေနဲ့ ငါးပုံတစ်ပုံလောက်ကိုပဲ ပြန်လည်ဖြည့်တင်းပေးနိုင်တယ်...။"

မည်သူမျှ သူ့ကို မယုံကြည်ကြသည်ကို မြင်သောအခါ လင်းယုံယွမ်သည် ဘာမျှ ဆက်မပြောတော့ပေ။

ထို့အစား သူတို့ကိုယ်တိုင် အာနိသင်ကို စမ်းသပ်နိုင်စေရန် ဆေးလုံးများကို တိုက်ရိုက် ဝေငှပေးလိုက် လေသည်။

ထိုနေရာတွင် အဆင့်မြင့် ဆေးဆရာများစွာ ရှိနေပေသည်။ ဆေးလုံးကို ကိုယ်တိုင်မသောက်ဘဲနှင့်ပင် ၎င်း၏ အာနိသင်ကို စစ်ဆေးနိုင်ပေသည်။

ဆေးလုံးများ၏ အာနိသင်ကို စစ်ဆေးပြီးနောက်တွင် လူတိုင်း၏ မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချား သွားသည့် အမူအရာများ ပေါ်လွင်လာခဲ့လေတော့သည်။

"ဒါ...ဒါ... ဒါကို ဘယ်လို ဆေးသန့်စင်နည်းမျိုးနဲ့ ပြုလုပ်ထားတာလဲ...။ ဒါက တကယ်ကို...၊ ဒါက တကယ်ကို...။"

"ဒါက ဘယ်လို ဖန်တီးမှုနည်းစနစ်မျိုးလဲ...။ အရင်က တစ်ခါမှတောင် မကြားဖူးဘူး...။"

ဆေးမီးဖိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ဟန်ရွှမ်သည်လည်း ဆေးလုံး၏ အာနိသင်ကို စစ်ဆေးခဲ့လေသည်။

ကနဦး တုန်လှုပ်သွားပြီးနောက်တွင် သူက မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်လေသည်။ သူ သည် တစ်စုံတစ်ဦးနှင့် အဝေးမှ စိတ်ချင်းဆက်သွယ်ကာ စကားပြောဆိုနေပုံရပေသည်။

လူအုပ်ကြီး၏ တုန်လှုပ်နေသော အမူအရာများကြားတွင် လင်းယုံယွမ်သည် ဟင်းလင်းပြင်လက်စွပ် များကို တစ်ကွင်းပြီးတစ်ကွင်း လွှဲပြောင်းပေးလိုက်ပြန်လေသည်။

"အားလုံးပဲ...၊ ဒီသိုလှောင်ရေး မှော်ရတနာကို တစ်ချက်လောက် ထပ်ကြည့်လိုက်ကြပါဦး...။ အဲဒီ ဆေးလုံးတွေထက် ပိုပြီး အံ့သြစရာကောင်းလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်…။"

"ကျွန်တော် စုံစမ်းသိရှိရသလောက်ဆိုရင် ဒီသိုလှောင်ရေး မှော်ပစ္စည်းကို ဟင်းလင်းပြင်လက်စွပ်လို့ ခေါ်တယ်...။"

"သူ့အထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပစ္စည်းတွေကို အသွင်းအထုတ် လုပ်နိုင်တဲ့ ဘဏ်လုပ် ဆောင်ချက် တစ်ခု ပါရှိပါတယ်...။"

"ဘဏ်ထဲမှာ အပ်နှံပြီးသွားတာနဲ့ လက်စွပ် ပျက်စီးသွားရင်တောင် အထဲက တန်ဖိုးကြီးပစ္စည်းတွေက ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး...။ ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို ပြန်လည်ရယူဖို့အတွက် ဟင်းလင်းပြင် မျှော်စင်ကို သွားလိုက်လို့ရပါတယ်...။"

"ဒါ့အပြင် ဒီလက်စွပ်က စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပစ္စည်းတွေရဲ့ အရေအတွက်ကို အလိုအလျောက် မှတ်တမ်းတင်ပေးနိုင်တယ်...။ အဲဒါတွေကို ထိလိုက်ရုံနဲ့တင် အရောင်းအဝယ် လုပ်နိုင်တယ်...။"

ဤအချိန်တွင် အခန်းထဲ၌ လင်းယုံယွမ်၏ အသံသာ ကျန်ရှိနေတော့ပေသည်။ အခြားသူများမှာမူ စကားတစ်ခွန်းမျှ မဟနိုင်လောက်အောင်ပင် တုန်လှုပ်နေခဲ့ကြလေတော့သည်။

ပထမဆုံး စကားစပြောလာသူမှာ စိတ်ချင်းဆက်သွယ်၍ စကားပြောဆိုခြင်း ပြီးဆုံးသွားပုံရသော ဂိုဏ်းချုပ် ဟန်ရွှမ်ပင် ဖြစ်ပေသည်။

"အကြီးအကဲလင်း...၊ ဟင်းလင်းပြင်မျှော်စင်မှာ ဒီပစ္စည်းနှစ်ခုတည်းပဲ ရှိတာလား...။ တခြား ထူးခြားတဲ့ ထုတ်ကုန်တွေကော မရှိတော့ဘူးလား...။"

လင်းယုံယွမ်က ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေသည်။

"မရှိဘူး...၊ အနည်းဆုံးတော့ လောလောဆယ်မှာ တခြားပစ္စည်းတွေ မရှိသေးဘူး...။"

"ကျွန်တော့်ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဟင်းလင်းပြင်မျှော်စင်က ထျန်းယွမ်မြို့မှာ ဖွင့်လှစ်ထားတာ သိပ်မကြာသေးဘူး...။ အစပိုင်းမှာတော့ အကြီးစား၊ အလယ်အလတ်နဲ့ အသေးစား အားဖြည့်ဆေးလုံး တွေကိုပဲ ရောင်းချနေခဲ့တာပါ...။"

"ကျွန်တော်တို့ရဲ့ သိုလှောင်ရေးလက်စွပ်တွေ ပြဿနာတက်ပြီးနောက် ရက်အနည်းငယ်ကမှ သူတို့ရဲ့ ဟင်းလင်းပြင်လက်စွပ် ဆိုတဲ့ထုတ်ကုန်ကို စတင်မိတ်ဆက်ခဲ့တာပါ...။"

ဤနေရာတွင် လင်းယုံယွမ်က စကားလမ်းကြောင်းလွှဲလိုက်ပြီး သူ၏ သံသယများကို ထုတ်ဖော်ပြောဆို လိုက်လေသည်။

"ရက်အနည်းငယ်က သိုလှောင်ရေးလက်စွပ်ထဲက ပစ္စည်းတွေ ပျောက်ဆုံးသွားတဲ့ကိစ္စက သူတို့ ဖန်တီး ထားတာ ဖြစ်နိုင်တယ်ဆိုပြီး ကျွန်တော် ရုတ်တရက် တွေးမိလိုက်သေးတယ်...။"

လင်းယုံယွမ်၏ ခန့်မှန်းချက်ကို ဟန်ရွှမ်က ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ ထို့အစား တစ်စုံတစ်ခုကို စဉ်းစား နေသည့်အလား ခေါင်းကိုငုံ့ထားကာ စားပွဲပေါ်တွင် သူ၏လက်ချောင်းများကို ဆက်တိုက် ခေါက်နေ ခဲ့တော့သည်။

ရုတ်တရက် ဟန်ရွှမ်သည် သူလုပ်နေသည့်အရာကို ရပ်တန့်လိုက်ပြီး လူတိုင်းကို မော့ကြည့်လိုက်သည်။

"ဟင်းလင်းပြင်မျှော်စင်မှာ ဒီလို ထူးဆန်းတဲ့ ထုတ်ကုန်နှစ်မျိုးတည်းပဲ ဘာလို့ရှိနေရတာလဲဆိုတာကို ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ....။"

"အဲဒါက တကယ်ပဲ သူတို့ သုတေသနလုပ်ထားတဲ့ အရာတစ်ခုလား...။ ဒါမှမဟုတ် မတော်တဆ တွေ့ရှိ ခဲ့တဲ့ ဖန်တီးမှုနည်းစနစ်တစ်ခုကော ဖြစ်နေမလား...။"

ဟန်ရွှမ်၏ စကားကို ကြားသောအခါ လူတိုင်းက ရှုပ်ထွေးနေသောအမူအရာဖြင့် လှမ်းကြည့်လိုက် ကြသော်လည်း မည်သည့်အဖြေကိုမျှ မပေးနိုင်ခဲ့ကြပေ။

ဟန်ရွှမ်က ဆက်၍ ပြောလာခဲ့လေသည်။

"အစည်းအဝေး မစတင်ခင်မှာ ဂိုဏ်းကြီးသုံးခုရဲ့ နယ်မြေကို တာဝန်ယူထားတဲ့ သူလျှိုတွေနဲ့ ဆက်သွယ်ဖို့ ကိုယ်ရံတော်ဝမ်ဆီကို အဝေးကနေ စိတ်ချင်းဆက်သွယ်ပြီး သတင်းစကားပါးခဲ့တယ်...။"

"ခုလေးတင် ကိုယ်ရံတော်ဝမ်က ကျွန်တော့်ဆီကို အကြောင်းပြန်လာတယ်...။ သူ ဘာသတင်းတွေ ရလာ လဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းနိုင်ကြလား...။"

All Chapters