← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) စည်းမျဉ်းတွေ ဟုတ်လား....။ အဲဒါတွေက အားနည်းတဲ့သူတွေအတွက်ပဲ...

တစ်ဖက်လူ စိုးရိမ်လာသည်ကို မြင်သောအခါ လင်းဖန်သည် အလွန်အမင်း စော်ကားသည့် စကားမျိုးကို ဆက်မပြောတော့ပေ။

“ကောင်းပြီ....။ အချိန်၊ နေရာနဲ့ ယှဉ်ပြိုင်မှု စည်းမျဉ်းတွေကို အတူတူ ဆွေးနွေးကြတာပေါ့...။”

ဒေါသကို ပြေလျော့သွားစေပြီးနောက် လင်းယုံယွမ်သည် ခဏတာ စဉ်းစားလိုက်ပြီး စကားစလိုက် လေသည်။

“ဆေးသန့်စင်တာနဲ့ လက်နက်ဖန်တီးတာမှာ အသုံးများတဲ့ သုံးပွဲသုံးကြိမ် ယှဉ်ပြိုင်မှုပုံစံ ကိုပဲ သုံးကြ တာပေါ့...။”

ဤစကားကို ကြားသောအခါ လင်းဖန် အနည်းငယ် နားမလည်ဖြစ်သွားခဲ့ချေသည်။

“သုံးပွဲသုံးကြိမ် ယှဉ်ပြိုင်မှုပုံစံ ဆိုတာ ဘာအဓိပ္ပါယ်လဲ...။”

လင်းဖန် ဤအရာကိုပင် မသိသည်ကို မြင်သောအခါ လင်းယုံယွမ် ဆွံ့အသွားခဲ့လေသည်။ သို့သော် သူသည် သည်းခံကာ ဆက်လက် ရှင်းပြလိုက်လေသည်။

“ရိုးရိုးလေးပြောရရင် ဒါက ယှဉ်ပြိုင်မှု သုံးမျိုးရှိပြီး တစ်မျိုးစီကို သုံးပွဲစီ ယှဉ်ပြိုင်ရတာပဲ...။”

“ယှဉ်ပြိုင်မှုတစ်ခုစီမှာ သုံးပွဲပါဝင်ပြီး သုံးပွဲမှာ နှစ်ပွဲနိုင်ရင် အမှတ်တစ်မှတ် ရလိမ့်မယ်...။”

“ယှဉ်ပြိုင်မှုသုံးခုထဲက နှစ်မှတ်ရတဲ့အဖွဲ့က အနိုင်ရလိမ့်မယ်...။”

ဤစကားကို ကြားသောအခါ လင်းဖန် ခေါင်းညိတ်လိုက်လေသည်။ ၎င်းမှာ ယုတ္တိရှိပေသည်။

ထို့နောက် လင်းယုံယွမ်က ဆက်၍ ပြောလာသည်။

“သာမန်ဂိုဏ်းတွေရဲ့ ယှဉ်ပြိုင်မှုတွေမှာပါတဲ့ ယှဉ်ပြိုင်မှု သုံးခုက ယေဘုယျအားဖြင့် အနိမ့်ပိုင်း၊ အလယ် အလတ်နဲ့ အမြင့်ပိုင်း ကျင့်ကြံသူတွေအတွက် ဖြစ်တယ်...။”

“ယှဉ်ပြိုင်မှု သုံးခုရဲ့ ပွဲစဉ်ကိုးပွဲက အခြေခံအားဖြင့် ချီစုဆောင်းခြင်းအဆင့် ကနေ အတိဒုက္ခအဆင့် အထိ အဆင့်ကိုးဆင့်အတွက် ယှဉ်ပြိုင်ရတာပဲ...။”

“ကျွန်တော်တို့ရဲ့ အဓိက ယှဉ်ပြိုင်မှုက ဆေးသန့်စင်တာနဲ့ လက်နက်ဖန်တီးတာ ဖြစ်တဲ့အတွက် ကျင့်ကြံ သူတွေရဲ့ စွမ်းအားအပေါ် အခြေခံပြီး အနိုင်အရှုံးကို အလွယ်တကူ ဆုံးဖြတ်လို့ မရဘူး...။”

“ဒါကြောင့် ဆေးသန့်စင်ခြင်း၊ လက်နက်ဖန်တီးခြင်း နဲ့ ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေးစွမ်းအား ဆိုပြီး အမျိုးအစား သုံးခု ရွေးကြတာပေါ့...။”

“ဆေးလုံးမှာက ကျင့်ကြံမှုကို အထောက်အကူပြုတဲ့ ဆေးလုံး၊ တိုက်ခိုက်ရာမှာ အထောက်အကူပြုတဲ့ ဆေးလုံး နဲ့ အထူးဆေးလုံး ဆိုပြီး သုံးမျိုးရှိတယ်...။”

“လက်နက်ဖန်တီးတာမှာကျတော့ တိုက်ခိုက်ရေး မှော်လက်နက်၊ ခုခံရေး မှော်လက်နက် နဲ့ အထူး မှော်လက်နက် တွေပဲ ဖြစ်တယ်...။”

“ကျင့်ကြံသူတွေရဲ့ တိုက်ပွဲမှာတော့ အနိမ့်ပိုင်း၊ အလယ်အလတ်ပိုင်း နဲ့ အမြင့်ပိုင်း ကျင့်ကြံသူတွေကြား မှာ တစ်ပွဲစီ ယှဉ်ပြိုင်ကြတာပေါ့...။”

“ဒါက ကျွန်တော့်ရဲ့ အကြံပြုချက်ပဲ...။ မသင့်တော်ဘူးလို့ ထင်ရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်...။”

လင်းယုံယွမ် ရှင်းပြသော ယှဉ်ပြိုင်မှု စည်းမျဉ်းများကို နားထောင်ရင်း လင်းဖန် ခေါင်းညိတ်လိုက်သည်။

ထိုကဲ့သို့သော ယှဉ်ပြိုင်မှု စည်းမျဉ်းများသည် အမှန်တကယ်ပင် အလွန် တရားမျှတလှပေသည်။

“ကျွန်တော့်ဘက်က ဘာကန့်ကွက်စရာမှ မရှိပါဘူး...။ ဒါဆို ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြတာပေါ့...။”

လင်းဖန်က အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သောအခါ လင်းယုံယွမ် အံ့သြသွားခဲ့လေသည်။

ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူက ဆက်ပြောလိုက်လေသည်။

“ကောင်းပြီ...။ အချိန်နဲ့ နေရာကကော...။ နောက်သုံးရက်ကြာရင် ထျန်းယွမ်မြို့ အလယ်မှာရှိတဲ့ သိုင်းပြိုင်ကွင်း မှာဆိုရင်ကော ဘယ်လိုလဲ...။”

လင်းဖန် ထပ်မံခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

“ရပါတယ်...။ ဒါပေမဲ့ ဘယ်ဆေးလုံးနဲ့ မှော်ရတနာတွေက ပိုကောင်းလဲဆိုတာကို ဘယ်သူက ဆုံးဖြတ် ပေးမှာလဲ...။”

ထိုအခါ လင်းယုံယွမ်က ပြန်ဖြေလိုက်လေသည်။

“ကျွန်တော်တို့ ဂိုဏ်းမှာ စမ်းသပ်မှုပြုလုပ်ပေးတဲ့ တပည့်တွေ ရှိပါတယ်...။ ဆေးလုံးတွေကို သူတို့ကို စမ်းသပ်ခိုင်းလို့ ရတယ်...။”

“မှော်လက်နက်တွေအတွက်ကတော့ သူတို့ရဲ့ စွမ်းအားကို အချင်းချင်း စမ်းသပ်ဖို့ တစ်ဖက်ကို အဆင့်တူ ကျင့်ကြံသူ တစ်ယောက်စီ စေလွှတ်လို့ ရတယ်...။”

လင်းဖန်သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် အမြင်တစ်မျိုးကို အကြံပြုလိုက်လေ သည်။

“ဒီလိုလုပ်တာက ပိုကောင်းမယ်ထင်တယ်...။ အဲဒီအချိန်ကျရင် ယှဉ်ပြိုင်မှုကို ကြည့်ရှုမယ့် ပရိသတ်တွေ အများကြီး ရှိနေမှာ သေချာတယ်...။”

“ဆေးလုံးတွေနဲ့ မှော်လက်နက်တွေရဲ့ အာနိသင်တွေကို ကျွန်တော်တို့ချည်းပဲ စမ်းသပ်လို့ မရဘူးလေ...။ ပရိသတ်တွေကိုပါ စမ်းသပ်ခိုင်းလို့ ရတယ်...။”

“မဟုတ်ရင် ကိုယ့်ဆေးလုံးနဲ့ မှော်ရတနာက ပိုကောင်းတယ်လို့ ကိုယ့်ဘက်ကိုယ် အသီးသီး ငြင်းနေ ကြရင် နောက်ထပ် အငြင်းပွားစရာတွေ ဖြစ်လာဦးမယ်...။”

ထိုစကားကို ကြားသောအခါ လင်းယုံယွမ်က ခေါင်းညိတ်လိုက်လေသည်။

“ကောင်းပြီ...။ ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြတာပေါ့...။”

နှစ်ဖက်စလုံး ယှဉ်ပြိုင်မှု အသေးစိတ်ကို အတည်ပြုပြီးနောက် လင်းယုံယွမ် ထွက်ခွာသွားခဲ့လေသည်။

သုံးရက်ဟူသောအချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသည်။

ဤသုံးရက်အတွင်း နှစ်ဖက်စလုံးသည် ယှဉ်ပြိုင်မှုအတွက် ကြေညာမှုများ ပြုလုပ်ခဲ့ကြလေသည်။ ထို ကိစ္စကြောင့် ထျန်းယွမ်မြို့တစ်ခုလုံးမှာ အလွန်အမင်း စည်ကားသိုက်မြိုက်လာခဲ့လေသည်။

မိသားစုများ၊ ဂိုဏ်းများနှင့် အခြားသော အင်အားကြီးမားသည့် အဖွဲ့အစည်းများမှ အဖွဲ့ဝင် အများအပြား သာမက လေလွင့် ကျင့်ကြံသူများစွာလည်း ထျန်းယွမ်မြို့တွင် စုရုံးလာခဲ့ကြလေသည်။ လူတိုင်းသည် ယှဉ်ပြိုင်မည့်နေ့ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြလေသည်။

ဤသုံးရက်အတွင်း လင်းဖန်သည်လည်း ဂိုဏ်းသုံးဂိုဏ်း၏ တပည့်များထဲမှ အဆင့်တူများအနက် တိုက်ခိုက်ရေးစွမ်းအား အတော်လေး မြင့်မားသော တပည့်များကို ရွေးချယ်နေခဲ့လေသည်။

လင်းဖန်သည် ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတို့မှ အမှတ်နှစ်မှတ် ရရှိကာ အနိုင်ရနိုင်မည်ဟု ယုံကြည်မှု ရှိနေသော်လည်း၊ ယှဉ်ပြိုင်မှုမှာ သုံးမျိုးဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်မည့်သူများကို ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်သေးပေသည်။

ထို့အပြင် အမှားအယွင်း တစ်စုံတစ်ရာ မရှိစေရန်အတွက် လင်းဖန်သည် တိုက်ပွဲတွင် ပါဝင်ရန် ရွေးချယ် ထားသော အဖွဲ့ဝင်သုံးဦးအား လက်နက် အပြည့်အစုံ တပ်ဆင်ပေးထားခဲ့လေသည်။

သူ ကိုယ်တိုင် သေချာစွာ ဖန်တီးထားသော တိုက်စစ်နှင့် ခံစစ်အတွက် မှော်လက်နက် အသီးသီးကို သူတို့အား တပ်ဆင်ပေးခဲ့လေသည်။

ဘေးထွက်ဆိုးကျိုးများက သူတို့အတွက် သိပ်အဆင်မပြေလှသော်လည်း၊ ပွဲကို အနိုင်ရသရွေ့တော့ ပြဿနာ မရှိပေ။

ဤနေ့တွင် သုံးရက်ပြည့်မြောက်သည့် အချိန်ရောက်ရှိလာခဲ့ပြီဖြစ်ပေသည်။

ထျန်းယွမ်မြို့၏ အလယ်ဗဟိုတည့်တည့်ရှိ သိုင်းပြိုင်ကွင်းရင်ပြင်တွင် လူအုပ်ကြီး စုရုံးနေခဲ့ကြလေ သည်။

ရင်ပြင်သည် အလွန် ကျယ်ဝန်းသော်လည်း၊ ပွဲကြည့်ရန် လာရောက်သူ အရေအတွက်မှာ ပို၍ပင် များပြားနေခဲ့ချေသည်။

ဤသည်က ရင်ပြင်ထဲတွင် လူတွေ ပြည့်ကျပ်နေပြီးနောက်မှာပင် လူများစွာ ဝင်ရောက်နိုင်ခြင်း မရှိသေး သည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ထျန်းယွမ်မြို့တွင် ပျံသန်းခြင်းကို တားမြစ်ထားရာ နေရာမရလိုက်သော ကျင့်ကြံသူများ အတွက် အလွန် စိတ်ပျက်စရာ ဖြစ်စေခဲ့သည်ပင်။

သို့သော် ထိုစိတ်ပျက်မှုက မြန်ဆန်စွာ ပြေလည်သွားခဲ့သည်။ မည်သည့်ကျင့်ကြံသူက ရုတ်တရက် အကြံရပြီး အမိုးပေါ်သို့ တက်သွားသည်ကိုတော့ မသိရပေ။

ထို့ကြောင့် နေရာမရလိုက်သော ကျင့်ကြံသူ အများအပြားသည်လည်း သူ့နည်းတူ လိုက်လုပ်ခဲ့ကြလေ သည်။ နောက်ဆုံးတွင် သိုင်းပြိုင်ကွင်းရင်ပြင် ပတ်ပတ်လည်ရှိ အဆောက်အအုံများသည်လည်း ကျင့်ကြံ သူများနှင့် ပြည့်နှက်သွားခဲ့လေတော့သည်။

“ယှဉ်ပြိုင်မှုက ဒီနေ့ မဟုတ်ဘူးလား...။ ဘာလို့ မရောက်လာကြသေးတာလဲ...။”

“ဟုတ်တယ်...။ ငါ စောစောစီးစီး လာမစောင့်သင့်ဘူးဆိုတာ သိသားပဲ...။”

“ဒီနေ့ လာတဲ့ ကျင့်ကြံသူ အရေအတွက်က တကယ်ကို ကြောက်စရာကောင်းလောက်အောင် များတာ ပဲ...။ ပြီးတော့ သူတို့ရဲ့ ပျမ်းမျှ ကျင့်ကြံမှုအဆင့်ကလည်း ယေဘုယျအားဖြင့် အတော်လေး မြင့်မား ကြတယ်...။”

“မင်း ဘယ်လိုထင်လဲ...။ သူတို့ထဲက အများစုက အင်အားကြီးမားတဲ့ သြဇာလွှမ်းမိုးမှု ရှိတဲ့သူတွေ ချည်းပဲ...။”

ထျန်းယွမ်မြို့ ရင်ပြင်တွင် လူများဖြင့် ပြည့်ကျပ်နေပြီး အလွန်အမင်း စည်ကားနေခဲ့လေသည်။ ထို အတောအတွင်း ယှဉ်ပြိုင်ရမည့် တစ်ဖက်အဖွဲ့ဖြစ်သော ဆေးမီးဖိုဂိုဏ်းမှ အဖွဲ့သည် နောက်ကျမှ ရောက်လာသောကြောင့် အပြင်ဘက်တွင် ပိတ်မိနေခဲ့လေသည်။

လမ်းလုံးဝ ပိတ်ဆို့နေသည်ကို မြင်သောအခါ ဆေးမီးဖိုဂိုဏ်းမှ လူများသည် ဖယ်ပေးရန် ပြောရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

“လမ်းဖယ်ပေးကြပါ...။ လမ်းဖယ်ပေးကြပါ...။ ကျွန်တော်တို့ကို အထဲပေးဝင်ပါဦး...။”

ဖယ်ခိုင်းခံရသော ကျင့်ကြံသူသည် ခေါင်းပင်မလှည့်ဘဲ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

“ငါက ဘာလို့ လမ်းဖယ်ပေးရမှာလဲ...၊ မင်းတို့ကိုယ်မင်းတို့ ဘယ်သူလို့ ထင်နေလဲ...။ သောက်ကျိုးနည်း ဆေးမီးဖိုဂိုဏ်းက လူတွေလား...။”

“ကျေးဇူးပြုပြီး...၊ ရှေ့ကလူတွေ ကျေးဇူးပြုပြီး...၊ ဆေးမီးဖိုဂိုဏ်းက လူတွေ ရောက်နေပြီ...။ သူတို့ကို ဝင်ခွင့်ပြုဖို့ လမ်းဖယ်ပေးကြပါဦး...။”

“ဘယ်သူ့ကို လာလိမ်နေတာလဲ...။ ခုလေးတင် ကောင်လေးတစ်ယောက်က မြင့်မြတ်နယ်မြေက လူတွေ ရောက်လာပြီဆိုပြီး လမ်းဖယ်ပေးဖို့ လာလိမ်သွားသေးတယ်...။ ငါတို့ ဖယ်ပေးလိုက်တော့လည်း ဘာမှ မမြင်ရဘူး...။ ပြီးတော့ အဲဒီကောင်လေးက အဲဒီအခွင့်အရေးကို ယူပြီး အထဲကို တိုးဝင်သွားသေး တယ်...။”

ကံမကောင်းစွာဖြင့် အထဲသို့ တိုးဝင်ရန် ကြိုးစားနေသူ အရေအတွက်မှာ အလွန်များပြားနေခဲ့ပေသည်။

အပြင်ဘက်ရှိ လူများကမူ ဆေးမီးဖိုဂိုဏ်းမှ လူများ အမှန်တကယ် ဖြစ်ကြောင်းကို မြင်နိုင်ကြသည်။

အထဲရှိ လူများကမူ လုံးဝ မသိကြပေ။

အပြင်ဘက်ရှိ လူများက ရှေ့မှလူများကို လမ်းဖယ်ပေးရန် တောင်းဆိုလျှင်ပင် သူတို့က လုံးဝ အယုံ သွင်းခံမည် မဟုတ်ပေ။

သူ့ရှေ့ရှိ လူပင်လယ်ကြီးကို ကြည့်ရင်း ဆေးမီးဖိုဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ရွှမ်သည် အထဲသို့ တိုးဝင်ရန် အချိန်အတော်ကြာ ယူရမည်ဖြစ်ကြောင်းကို သိလိုက်လေသည်။

ထို့ကြောင့် သူသည် ဂိုဏ်း၏ ပျံသန်းနိုင်သော မှော်လက်နက်ဖြစ်သည့် ချန်ခွန်းမီးဖို ကို ထုတ်ယူလိုက် လေတော့သည်။

“ဟွန့်...၊ ချန်ခွန်းမီးဖို ကိုပဲ စီးပြီး အထဲဝင်ကြတာပေါ့...။ သူတို့ကို ငါတို့ရဲ့ ပျံသန်းနိုင်တဲ့ မှော်လက်နက်ကို ပြသဖို့ အခွင့်ကောင်းပဲ...။”

ထိုစကားကို ကြားသောအခါ သူတို့နှင့်အတူ ပါလာသော ဆေးမီးဖိုဂိုဏ်း၏ အဆင့်နိမ့် တပည့်တစ်ဦးက မေးလိုက်လေသည်။

“ဂိုဏ်းချုပ်...။ ထျန်းယွမ်မြို့မှာ ပျံသန်းတာကို တားမြစ်ထားတဲ့ စည်းမျဉ်းတစ်ခု ရှိတယ် မဟုတ်ဘူး လား...။”

ဟန်ရွှမ်နှင့် အခြားသော အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ အနည်း ငယ် ပြုံးလိုက်ကြလေသည်။

“ဟက်...၊ စည်းမျဉ်းတွေ ဟုတ်လား...။ အဲဒါတွေက အားနည်းတဲ့သူတွေအတွက်ပဲ...။”

“ထိပ်တန်းဂိုဏ်းတစ်ခုနဲ့ စည်းမျဉ်းတွေ ရေးဆွဲတဲ့သူတွေထဲက တစ်ယောက်အနေနဲ့...။ ငါတို့ ဆေးမီးဖို ဂိုဏ်းက တစ်ခါတစ်ရံ စည်းမျဉ်းတွေကို ချိုးဖောက်မိရင်တောင် ဘယ်သူက ဘာပြောရဲမှာတဲ့လဲ...။”

ထိုသို့ပြောပြီးနောက် သူက လူတိုင်းကို သူတို့၏ ပျံသန်းနိုင်သော မှော်လက်နက်ပေါ်သို့ တက်ရန် လက်ယပ်ခေါ်လိုက်လေသည်။

ဆေးမီးဖိုဂိုဏ်း၏ ပျံသန်းနိုင်သော မှော်ရတနာဖြစ်သည့် ချန်ခွန်းမီးဖို သည် အလွန် ထူးခြားသည့် အသွင် အပြင် ရှိပေသည်။

၎င်း၏ တစ်ခုလုံးသော ပုံစံသည် အဝိုင်းပုံစံ ခြေထောက်သုံးချောင်းနှင့် အဖုံးတစ်ခု ပါရှိကာ ဆေး သန့်စင်ရာတွင် အသုံးပြုသည့် မီးဖိုတစ်ခုနှင့် အလွန် တူညီလှပေသည်။

ချန်ခွန်းမီးဖို ကြီးမားလာပြီးနောက် ၎င်းကို အထပ်များစွာအဖြစ် ခွဲခြားထားကာ အထပ်တစ်ခုစီတွင် လူအမြောက်အမြား လိုက်ပါနိုင်ပေသည်။

၎င်းသည် ရွေ့လျားနေသော အဆောက်အအုံတစ်ခုနှင့်ပင် တူလှသည်။

အပြင်လူများသာ အထဲသို့ ဝင်ရောက်ခွင့် ရခဲ့မည်ဆိုလျှင် ထိုအထဲတွင် ပို၍ပင် နက်နဲသော လျှို့ဝှက် ချက်များ ကိန်းအောင်းနေသည်ကို တွေ့ရှိရမည်သာ ဖြစ်သည်။

ဤချန်ခွန်းမီးဖို သည် ဂိုဏ်း၏ ပျံသန်းနိုင်သော မှော်လက်နက်တစ်ခုသာမက၊ ဆေးမီးဖိုဂိုဏ်း တစ်ခုလုံး ၏ အင်အားများကို ပေါင်းစပ်ကာ ဖန်တီးထားသော ဂိုဏ်း၏ ရတနာတစ်ခုလည်း ဖြစ်ပေသည်။

လူတိုင်း ချန်ခွန်းမီးဖို ပေါ်သို့ တက်ရောက်ပြီးသည်နှင့် ၎င်းသည် မြေပြင်မှနေ၍ တိုက်ရိုက် ပျံတက်သွား ခဲ့လေသည်။

ထို့နောက် ဧရာမ ချန်ခွန်းမီးဖို ကြီးသည် လူအုပ်ကြီးပေါ်မှ တိုက်ရိုက် ပျံသန်းသွားကာ ထျန်းယွမ်မြို့ ရင်ပြင်ဆီသို့ ဖြည်းညင်းစွာ ဦးတည်သွားခဲ့လေတော့သည်။

“သောက်ကျိုးနည်း...၊ ငါတို့ ခေါင်းပေါ်က အဲဒီ ဧရာမအရာကြီးက ဘာကြီးလဲ...။”

“မင်း ဒါကို မသိဘူးလား...။ အဲဒါက ဆေးမီးဖိုဂိုဏ်းရဲ့ ချန်ခွန်းမီးဖို လေ...။”

“ဆေးမီးဖိုဂိုဏ်းက ဂိုဏ်းရတနာ တစ်ခုထက်မက ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း နဝမတန်းစားဂိုဏ်း ဖြစ် တယ်ဆိုတာကိုတော့ ဝန်ခံရမှာပဲ...။”

“နေပါဦး...၊ ထျန်းယွမ်မြို့မှာ ပျံသန်းတာကို တားမြစ်ထားတယ် မဟုတ်ဘူးလား...။ သူတို့ ဒီလိုလုပ်တာ က စည်းမျဉ်းတွေကို ချိုးဖောက်နေတာ မဟုတ်ဘူးလား...။”

“ဟက်...၊ အဲဒီတော့ ဘာဖြစ်လဲ...။ သတ္တိရှိရင် သွားပြီး အပြစ်ပေးလိုက်လေ...။”

All Chapters