အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) ဆေးမီးဖိုဂိုဏ်း၏ အရန်အစီအစဉ်
အမှန်တကယ်တော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး များကို ဖန်တီးရန် သူ အချိန်အကြာ ကြီး ယူစရာမလိုပေ။
သို့သော် ယနေ့ ဆေးသန့်စင်ခြင်းတွင် အံ့မခန်း လောင်းကြေးတစ်ခု ပါဝင်နေသောကြောင့် ဤအရာကို ပေါ့ပေါ့ဆဆ သဘောထား၍ မရပေ။
ထို့ကြောင့် ဤအခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ကို ဖန်တီးရာတွင် သူသည် ဖြည်းညင်းစွာနှင့် အလွန်စေ့စပ်သေချာသော ချဉ်းကပ်မှုကို အသုံးပြုလုပ်ခဲ့လေသည်။
သူ၏ ဆေးသန့်စင်ခြင်း သက်တမ်းတစ်လျှောက်တွင် အပြည့်စုံဆုံးသော အခြေခံအုတ်မြစ်တည်ဆောက် ခြင်းဆေးလုံး ကို သန့်စင်ရန် သူ ရည်ရွယ်ထားခဲ့ခြင်းဖြစ်လေသည်။
လင်းဖန်က ဤမျှ မြန်မြန်ဆန်ဆန် ဖန်တီးပြီးသွားသည်ကို မြင်သောအခါ သူကမူ သေချာစွာ အချိန်ယူ ဖန်တီးနေရန်ပင် စိတ်မဝင်စားတော့ပေ။
မကြာမီမှာပင် ဆေးလုံးများကို ထုတ်ယူရန် ဆေးမီးဖိုကို ဖွင့်လိုက်သောအခါ အခြေခံအုတ်မြစ်တည် ဆောက်ခြင်းဆေးလုံး ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။
"ဟူး...၊ နောက်ဆုံးတော့ ခင်ဗျား ပြီးသွားပြီပေါ့...။ ကျွန်တော် စောင့်နေရတာ အိပ်တောင်ပျော်တော့ မလို့...။"
လင်းဖန်၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရချိန်တွင် အကြီးအကဲဆွန်း က အေးစက်စွာ နှာမှုတ်လိုက်ပြီး မေးလိုက်လေသည်။
"ဟွန့်...၊ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ တော်တော့...။ ဆေးစမ်းသပ်ဖို့ ချီစုဆောင်းခြင်းအဆင့် တပည့်တွေ ခေါ်လာခဲ့လား...။"
အံ့သြစရာကောင်းသည်မှာ လင်းဖန်နှင့် သူ၏အဖွဲ့တွင် ချီစုဆောင်းခြင်းအဆင့် တပည့်များ တစ်ဦးမျှ ပါမလာခဲ့ခြင်းပင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ တစ်ဖက်လူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ၏ အာနိသင်များကို ယှဉ်ပြိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ဟားဟား...၊ ခင်ဗျားတို့က ဘာလို့ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူကို ခေါ်လာတာလဲလို့ ကျွန်တော် တွေးနေတာ...။ ခင်ဗျားတို့က အစကတည်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ကို ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့တာကိုး...။"
"ကျွန်တော့်ဘက်ကတော့ ခင်ဗျားတို့လို အစောကြီးကတည်းက ကြိုတင်စီစဉ်မထားခဲ့ဘူးလေ...။"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး...။ ဒီနေ့ ပရိသတ်တွေထဲမှာ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေတာကို မြင်ရတယ်ဆိုတော့...။ သူတို့ထဲက တစ်ယောက်ကိုပဲ ရွေးလိုက်ကြတာပေါ့...။"
ထိုသို့ပြောရင်း လင်းဖန်သည် စင်အောက်ရှိ ကျင့်ကြံသူများထဲမှ တစ်ဦးကို ကျပန်း ရွေးချယ်လိုက်လေ သည်။
ရွေးချယ်ခံရသော ကျင့်ကြံသူမှာ ဤမမျှော်လင့်ထားသော ကံကောင်းမှုကြောင့် ချက်ချင်းပင် ကြောင်အ သွားခဲ့ရလေသည်။
သူနှင့်အတူ ပါလာသူကသာ အချိန်မီ စကားစပြောလိုက်လေသည်။
"ဝမ်မိသားစုရဲ့ မျိုးဆက်သစ်တစ်ဦးကို ဒီအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...။ ဒီကောင်လေး...။ မြန်မြန် ကျေးဇူးတင်စကား ပြောလိုက်လေ...။"
ကြောင်အနေသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူသည် နောက်ဆုံးတွင် အခြေအနေကို သဘော ပေါက်သွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
သူတို့၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် သူတို့သည် လေလွင့် ကျင့်ကြံသူများ မဟုတ်ကြောင်း ရှင်းလင်း စွာ မြင်သာပေသည်။ သို့သော် ၎င်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ ချီစုဆောင်းခြင်းအဆင့် ရှိသော လေလွင့် ကျင့်ကြံသူများက ထျန်းယွမ်မြို့ထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး မည်မျှရှိနိုင်ပါမည်နည်း။
အကြီးအကဲများ ဦးဆောင်သော မိသားစုဝင်များသာ လာရောက်နိုင်မည့် အခွင့်အရေး ရှိပေသည်။
ဤမျှ အင်အားရှိသော မိသားစုတစ်ခုအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး များကို မဝယ်နိုင်စရာ အကြောင်းမရှိပေ။
သို့သော် တစ်ဖက်လူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး များကို ဝယ်နိုင်လျှင်ပင် သူတို့ သည် အလွန်သာမန်ဖြစ်သော ဆေးလုံးများကိုသာ ဝယ်ယူနိုင်မည်သာ ဖြစ်လေသည်။
ယှဉ်ပြိုင်မှုအတွက် ဆေးမီးဖိုဂိုဏ်းမှ ဖန်တီးထားသော အထွတ်အထိပ်အဆင့် အခြေခံအုတ်မြစ်တည် ဆောက်ခြင်းဆေးလုံး မျိုး မဟုတ်ပေ။
ထို့ကြောင့်ပင် ဤအခွင့်အရေးကို ရရှိလိုက်သောကြောင့် သူတို့ အလွန်အမင်း စိတ်လှုပ်ရှားနေကြခြင်း ပင်ဖြစ်လေသည်။
ဤအချိန်တွင် ဝမ်မိသားစု တပည့်သည် ဆုံးဖြတ်ချက်ချပြီးသွားခဲ့ပြီ ဖြစ်ချေသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းဆေးလုံး ကို သောက်သုံးပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ တက် လှမ်းပြီးနောက်တွင် သူ၏ ကျင့်ကြံမှုအဆင့်ကို အစွမ်းကုန် ဖိနှိပ်ထားရပေမည်ဟုပင်။
အခြေခံအုတ်မြစ်ကို အောင်အောင်မြင်မြင် တည်ဆောက်ပြီးနောက် ကျင့်ကြံမှုအဆင့် သိသိသာသာ တိုးတက်လာခဲ့မည်ဆိုလျှင် လင်းဖန်တို့ဘက်မှ အနိုင်ရရန် အခွင့်အရေး ပိုများသွားမည်ပင် ဖြစ်သည်။
"ကောင်းပြီ...၊ ကျွန်တော်တော့ လူရွေးပြီးပြီ...။ ခင်ဗျားရဲ့ ဆေးလုံးကို အရင်စမ်းမလား...။ ကျွန်တော့် ဆေးလုံးကို အရင်စမ်းမလား...။"
ဤစကားကို ကြားသောအခါ ယုံကြည်မှု အပြည့်ရှိနေသော အကြီးအကဲဆွန်း က ချက်ချင်းပင် ပြန်ဖြေ လိုက်လေသည်။
"ကျွန်တော် အရင်စမ်းမယ်...။"
စမ်းသပ်မှုအတွက် စည်းမျဉ်းများကို အစောကြီးကတည်းက သဘောတူထားပြီးသားပင်ဖြစ်လေသည်။ တစ်ဖက်လူ၏ လူများကို မိမိဘက်မှ ဆေးလုံးများဖြင့် စမ်းသပ်ရမည် ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲဆွန်း သည် စင်ပေါ်သို့ တက်လာသော ဝမ်မိသားစု တပည့်အား ဆေးလုံးကို ကမ်းပေးလိုက်လေသည်။
ထို့နောက် စင်ပေါ်ရော စင်အောက်ပါရှိ လူတိုင်းသည် ဝမ်မိသားစု တပည့် မည်သို့ ပြောင်းလဲသွားမည်ကို စူးစိုက်ကြည့်နေခဲ့ကြလေသည်။
အကြီးအကဲဆွန်း သည် အတော်လေး စွမ်းဆောင်ရည်ရှိသူ ဖြစ်ကြောင်းကိုတော့ ဝန်ခံရမည် ဖြစ်သည်။
ဝမ်မိသားစု တပည့်သည် သူဖန်တီးထားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ကို သောက်သုံးပြီးနောက်။
ချီစုဆောင်းခြင်းအဆင့် နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကြားရှိ အဟန့်အတားများ ချက်ချင်းပင် ကျိုးပေါက်သွားခဲ့လေသည်။
ထို့မျှနှင့် မပြီးသေးပေ...။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ ဝင်ရောက်ပြီးနောက် သူ၏ ကျင့်ကြံမှုအဆင့်မှာ ဆက်လက် မြင့်တက်လာနေခဲ့လေသည်။
ဝမ်မိသားစု တပည့်သည် သူ၏ ကျင့်ကြံမှုကို အစွမ်းကုန် ဖိနှိပ်ထားရန် ကြိုးစားသော်လည်း အချည်းနှီး သာ ဖြစ်ခဲ့ရလေသည်။
နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ထပ် အဟန့်အတားတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီးနောက် သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ လေသည်။
ထို့အပြင် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးနောက်တွင် သူ၏ ကျင့်ကြံမှုမှာ ဆက်လက်၍ တိုးတက်နေဆဲဖြစ်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းသို့ ရောက်လုနီးပါး အနေအထားတွင်မှ ရပ်တန့်သွားခဲ့လေတော့သည်။
ဝမ်မိသားစု တပည့်ကို စောင့်ကြည့်နေခဲ့သော အကြီးအကဲဆွန်း သည် အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် နှောင်းပိုင်းသို့ အောင်မြင်စွာ မချိုးဖျက်နိုင်ခဲ့သည်ကို သိလိုက်ရသောအခါ အနည်းငယ် စိတ်ပျက်သွားခဲ့လေသည်။
သို့သော် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းနှင့် အလွန်နီးစပ်နေပြီ ဖြစ်သောကြောင့် ဤအခြေအနေမှာ လက်ခံနိုင်ဆဲပင် ဖြစ်သည်။
ဤသည်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး များကြားတွင် အလွန်ရှားပါးသော အာနိသင် တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်၏။
"ဟူး...၊ တကယ်ကို နှမြောစရာပဲ...။ ဒီပုရွက်ဆိတ်ကောင်ရဲ့ အရည်အချင်းက အရမ်းညံ့ဖျင်းနေတာပဲ...၊ မဟုတ်ရင် ဒီဆေးလုံးက သူ့ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းကို တိုက်ရိုက် ရောက်သွားစေသင့်တာ...။"
အကြီးအကဲဆွန်း က နှမြောစရာဟု ပြောနေသော်လည်း သူ၏မျက်နှာပေါ်ရှိ ကျေနပ်ဂုဏ်ယူနေမှုကို တော့ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။
အကြီးအကဲဆွန်း ၏ စကားကို ကြားသောအခါ လင်းဖန်က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။
"ဟက်...၊ ဒီလောက်လေးပဲလား...။"
"လူတစ်ယောက်က အရည်အချင်း ကောင်းတယ်ဆိုရင်...၊ ခင်ဗျားရဲ့ အခြေခံအုတ်မြစ်တည်ဆောက် ခြင်းဆေးလုံး ကို သောက်ဖို့ ဘာလို့ လိုတော့မှာလဲ...။ သူတို့ဘာသာ သူတို့ ကျင့်ကြံပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကို သဘာဝကျကျ ရောက်သွားနိုင်တာပဲလေ...။"
"ပွင့်ပွင့်လင်းလင်း ပြောရရင်...၊ ခင်ဗျားရဲ့ ဆေးလုံးတွေက မကောင်းလို့ ခုလိုဖြစ်နေတာပဲ...။"
"လာ...။ အကောင်းဆုံး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ဆိုတာ ဘာလဲဆိုတာ ဒီနေ့ ခင်ဗျားတို့ကို ပြသပေးမယ်...။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး တစ်လုံးကို ထုတ်ယူ ကာ တစ်ဖက်လူအား ကမ်းပေးလိုက်လေသည်။
လင်းဖန်၏ စကားကို ကြားပြီးနောက် ဆေးမီးဖိုဂိုဏ်းမှ လူများ၏ မျက်နှာပေါ်ရှိ ကျေနပ်ဂုဏ်ယူနေမှု များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရလေသည်။
သူတို့၏ ဆေးလုံးအာနိသင်ကို မြင်တွေ့ပြီးနောက်တွင်ပင် ဤမျှ ယုံကြည်မှု ရှိနေသေးသည်ကိုး။
*သူ့ရဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး က ကျင့်ကြံသူတွေကို အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဆင့် နှောင်းပိုင်းကို ရောက်သွားစေနိုင်လို့များလား…။*
သူ သိပ်မယုံကြည်သော်လည်း သူ၏ ချီစုဆောင်းခြင်းအဆင့် တပည့်ကို မျက်စိတစ်ချက် မှိတ်ပြလိုက် လေသည်။
ဆေးမီးဖိုဂိုဏ်း၏ ချီစုဆောင်းခြင်းအဆင့် တပည့်သည် မသိမသာ ခေါင်းညိတ်လိုက်ပြီး လှည့်ကွက် အချို့ ပြုလုပ်ရန် ပြင်ဆင်နေပုံရလေသည်။
ဤယှဉ်ပြိုင်မှု အောင်မြင်စေရန်အတွက် ဆေးမီးဖိုဂိုဏ်းသည် ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ပေသည်။
ဥပမာအားဖြင့် သူတို့ခေါ်လာခဲ့သော ချီစုဆောင်းခြင်းအဆင့် တပည့်သည် သူတို့ ပြင်ဆင်ထားသော အရန်အစီအစဉ်တစ်ခု ဖြစ်ပေသည်။
လင်းဖန်၏ ဆေးလုံးများသည် သူတို့ထက် အမှန်တကယ် ပို၍ ထိရောက်မှု ရှိနေလျှင်ပင် ဆေးလုံး၏ အာနိသင်ကို အပြည့်အဝ မပြသနိုင်ရန် တားဆီးမည့် နည်းလမ်းများ သူတို့တွင် ရှိနေသေးသည်။
ဤချီစုဆောင်းခြင်းအဆင့် တပည့်သည် အပေါ်ယံတွင် ဆေးမီးဖိုဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သော် လည်း၊ အမှန်တကယ်တွင်မူ သူသည် ဆေးစမ်းသပ်သည့် ကလေးတစ်ဦးသာ ဖြစ်ပေသည်။
ဆေးလုံးများကို အချိန်အကြာကြီး သောက်သုံးခဲ့ရသော ကလေးများသည် ဆေးဝါး၏ အာနိသင်များကို ခံနိုင်ရည်ရှိသည့် အလွန်မြင့်မားသော ခုခံအားကို ရရှိလာခဲ့ကြလေသည်။
မြင့်မားသော ဆေးဝါးခုခံအား ရှိနေလျှင်ပင် လင်းဖန်၏ ဆေးလုံးများသည် သူတို့ထက် များစွာ ပို၍ အာနိသင် ထက်မြက်နေခဲ့မည်ဆိုပါက...၊
ဆေးစမ်းသပ်သည့် ကလေးသည် မိမိ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခြင်း သို့မဟုတ် လင်းဖန်၏ ဆေးလုံးကို အာနိသင်မဲ့စေရန် အခြားနည်းလမ်းများကို ရွေးချယ်အသုံးပြုလိမ့်မည် ဖြစ်သည်။
ဤသို့ နှစ်ထပ်ကွမ်း အာမခံချက်များဖြင့် လင်းဖန် အနိုင်ရနိုင်မည်ဟု သူတို့ မယုံကြည်ကြပေ။ ဤအရာ က သူတို့၏ ဆေးလုံးများကို အရင်စမ်းသပ်ရန် ရွေးချယ်ခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။
ဤသို့လုပ်ဆောင်ခြင်းဖြင့် လင်းဖန်တို့ဘက်မှ သူတို့၏ နည်းလမ်းများကို သိရှိသွားမည်ကို ကာကွယ်နိုင် ပေသည်။
ဆေးလုံးကို လက်ခံရရှိပြီးနောက် ဆေးစမ်းသပ်သည့် ကလေးသည် ၎င်း၏ အာနိသင်များ သိပ်မပြင်း ထန်ရန် မျှော်လင့်နေခဲ့ပေသည်။
ထို့နောက် လူအုပ်ကြီး၏ စူးစိုက်ကြည့်ရှုနေမှုများကြားတွင် သူသည် ဆေးလုံးကို မျိုချလိုက်လေတော့ သည်။
ဆေးလုံးကို မျိုချပြီးနောက် ဆေးစမ်းသပ်သည့် ကောင်လေးသည် သူ၏ ခန္ဓာကိုယ်အတွင်း မည်သည့် ပြောင်းလဲမှုမျှ မခံစားရသဖြင့် တိတ်တဆိတ် ဝမ်းသာနေခဲ့လေသည်။
တစ်ဖက်လူ ဆေးသန့်စင်ရာတွင် ကျရှုံးသွားခဲ့ပြီလားဟု သူ တွေးလိုက်မိပေသည်။ အကယ်၍ ထိုသို့သာ ဆိုလျှင် သူသည် မိမိ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးစရာ လိုမည်မဟုတ်တော့ပေ။
သို့သော် သူ ပြုံးပင် မပြုံးနိုင်သေးခင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ယိုစိမ့်ထွက်နေသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။
သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း ချီစုဆောင်းခြင်းအဆင့် (၉) မှနေ၍ အဆင့် (၈)၊ ထို့နောက် အဆင့် (၇) သို့ လျင်မြန်စွာ ကျဆင်းသွားခဲ့လေသည်။
ဤအချိန်တွင် သူ အနည်းငယ် ပြာယာခတ်သွားပြီး သူ စတင်ပင် မလှုပ်ရှားရသေးကြောင်း သဘော ပေါက်သွားခဲ့လေသည်။
*ဂိုဏ်းက ငါ့ကို မယုံကြည်လို့ ငါ့အတွက် အရန်အစီအစဉ်တစ်ခုကို ချန်ထားခဲ့တာများလား…။*
အခြားတစ်ဖက်တွင်မူ ဆေးမီးဖိုဂိုဏ်းမှ လူများသည် ဆေးစမ်းသပ်သည့် ကလေး၏ အခြေအနေကို မြင်သောအခါ ရယ်မောလိုက်ကြလေသည်။
သူတို့အမြင်တွင် ဤဆေးစမ်းသပ်သည့် ကလေးသည် အတော်လေး ပြတ်သားပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် သို့ပင် မရောက်သေးဘဲ သူ၏ ကိုယ်ပိုင် အခြေခံအုတ်မြစ်ကို စတင် ဖျက်ဆီး ပစ်နေသည်ဟု ထင်မြင်နေကြလေသည်။
"ဟားဟားဟား...။ အင်း...၊ အဟွတ်...။ ဒါက မင်းဖန်တီးထားတဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး ပေါ့လေ...။ ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်း တပည့်လေးကို ဘာတွေလုပ်လိုက်လဲ ဆိုတာ ကြည့်လိုက် ဦး...။"
"ဒါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး မဟုတ်ဘူး...။ လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ် ကို ဖျက်ဆီးပစ်တဲ့ ဆေးလုံးပဲ...။"
ဆေးမီးဖိုဂိုဏ်းမှ လူများ စကားပြောနေစဉ်မှာပင် ဆေးစမ်းသပ်သည့် ကလေး၏ ကျင့်ကြံမှုသည် လုံးဝ ပျောက်ကွယ်သွားပြီး သူသည် သာမန်လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
အကြီးအကဲဆွန်း ၏ ရယ်မောသံကို အစောပိုင်းကတည်းက ကြားခဲ့ရသောကြောင့် ဆေးစမ်းသပ်သည့် ကလေးသည် ဤအရာက သူတို့ ချန်ထားခဲ့သော အရန်အစီအစဉ်ဖြစ်ကြောင်း သေချာသွားခဲ့လေသည်။
*ဂိုဏ်းအတွက် ဒီလောက် စွန့်လွှတ်အနစ်နာခံခဲ့တာတောင်မှ သူတို့က ငါ့ကို မယုံကြသေးဘူးပဲ...။*
သူ လုံးဝ သာမန်လူတစ်ယောက် ဖြစ်သွားသည်ကို မြင်သောအခါ ဆေးစမ်းသပ်သည့် ကလေးသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ မိမိကံကြမ္မာကို လက်ခံလိုက်လေတော့သည်။
သို့သော် သူ ခေါင်းငုံ့လိုက်ချိန်မှာပင် သူ၏ အမြင်အာရုံကို အနက်ရောင်အရာတစ်ခုက ရုတ်တရက် ဖုံးကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။
သူက အရှေ့ရှိ အနက်ရောင်အရာကို နားမလည်စွာဖြင့် လှမ်းကိုင်လိုက်ရာ ၎င်းမှာ ဆံပင်များဖြစ်နေ ကြောင်း တွေ့လိုက်ရလေသည်။
ဆံပင်များတစ်လျှောက် လက်ချောင်းလေးများဖြင့် ပွတ်သပ်ကြည့်လိုက်ရာ ချောမွေ့သော အထိ အတွေ့ကို ခံစားလိုက်ရလေသည်။
*သောက်ကျိုးနည်း...။ ဒါက ငါ့ရဲ့ ဆံပင်တွေပါလား...။*