အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉) သက်တမ်းတိုးဆေးလုံး နှင့် အင်မော်တယ်ရုပ်သေးဆေးလုံး
"အားလုံးပဲ...၊ ဒီဆေးလုံးကို စမ်းသပ်ချင်တဲ့ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတွေ ရှိလား...။"
လင်းဖန် စကားပြောပြီးသည်နှင့် သူတို့၏ ဂိုဏ်းများ သို့မဟုတ် မိသားစုများနှင့်အတူ လာရောက်ကြ သော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားသည် သဘောတူညီကြောင်း လက်မြှောက်ပြ လိုက်ကြလေသည်။
ဤအခြေအနေကို မြင်သောအခါ ဆေးမီးဖိုဂိုဏ်းမှ လူများသည် ဤအရာကို ဆက်လက်ငြင်းဆို၍ မရနိုင်တော့ကြောင်း သဘောပေါက်သွားကြလေသည်။
"ဟွန့်...၊ အဲဒီအချိန်တွေကို ဘာလို့ အလဟဿ ဖြုန်းတီးနေမှာလဲ...။ ဒီပွဲကို မင်းတို့ နိုင်တယ်လို့ပဲ သတ်မှတ်လိုက်...။"
"ဒါက ပထမအချီပဲ ရှိသေးတယ်...။ နောက်ဆုံးမှာ ဘယ်သူက အောင်ပွဲခံနိုင်မလဲ ဆိုတာ ကြည့်ကြ တာပေါ့...။"
တစ်ဖက်လူက အရှုံးကို ဝန်ခံသွားသည်ဖြစ်ရာ လင်းဖန်သည်လည်း သဘာဝကျကျပင် အချိန်ထပ် မဖြုန်းချင်တော့ပေ။
အခြားအကြောင်းရင်းတစ်ခုမှာ သူ၏ ဆေးလုံးတစ်လုံးကို အလကားပေးမပစ်ချင်သောကြောင့် ဖြစ် လေသည်။
"ကောင်းပြီ...၊ လက်မြှောက်ပြကြတဲ့ ကလေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်...။"
"တစ်ဖက်လူက အရှုံးကို ဝန်ခံသွားပြီဆိုတော့ ကျွန်တော်တို့ ထပ်ပြီး စမ်းသပ်စရာ မလိုတော့ပါဘူး...။"
"ခင်ဗျားတို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ကို တကယ်လိုချင်တယ်ဆိုရင်တော့ ဒီယှဉ် ပြိုင်မှု ပြီးဆုံးသွားတဲ့အခါ ကျွန်တော့်ရဲ့ ဟင်းလင်းပြင်မျှော်စင် မှာ လာဝယ်လို့ ရပါတယ်...။"
သူ၏ ကြော်ငြာကို ပြောပြီးနောက် လင်းဖန်သည် ဆေးမီးဖိုဂိုဏ်းမှ လူများဆီသို့ အာရုံလွှဲလိုက်လေ သည်။
"ပြောပါဦး...။ ဒုတိယအချီမှာ ဘယ်လို ဆေးလုံးမျိုးနဲ့ ယှဉ်ပြိုင်ကြမလဲ...။"
လင်းဖန်၏ မေးခွန်းကို ကြားသောအခါ ဟန်ရွှမ်နှင့် အခြားသူများသည် နက်ရှိုင်းသော စဉ်းစားခန်းသို့ ဝင်သွားကြတော့သည်။
ကျင့်ကြံမှုကို အထောက်အကူပြုရာတွင် အကြွင်းမဲ့ ယုံကြည်မှုရှိခဲ့သော ဆေးလုံးသည်ပင် ကျရှုံးသွား ခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဤဒုတိယအချီတွင် တိုက်ခိုက်ရာတွင် အထောက်အကူပြုသော ဆေးလုံးများကိုသာ ရွေးချယ်မိမည်ဆိုလျှင် ရှုံးနိမ့်မှုသည် ရှောင်လွှဲ၍မရနိုင်တော့ပေ။
မည်သို့ပင်ဆိုစေ လင်းဖန်၏ ကြီးမားသော၊ အလယ်အလတ်နှင့် အသေးစား အားဖြည့်ဆေးလုံးများ သည် ကျင့်ကြံမှုအဆင့် အားလုံးအတွက် လွှမ်းခြုံနိုင်ပေသည်။
သူတို့ မည်သည့် ကျင့်ကြံမှုအဆင့်အတွက် ဆေးလုံးကို ရွေးချယ်သည်ဖြစ်စေ လင်းဖန်၏ ဆေးလုံး များကို ယှဉ်နိုင်မည် မဟုတ်ပေ။
အကယ်၍ သူတို့သာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သွားမည်ဆိုပါက ပထမယှဉ်ပြိုင်မှုကြီးတစ်ခုလုံးကို ရှုံးနိမ့်သွားမည် ဖြစ်ချေသည်။
ဤအချက်ကို စဉ်းစားမိသောအခါ ဟန်ရွှမ်သည် တိုက်ခိုက်ရာတွင် အထောက်အကူပြုသော ဆေးလုံး များကို ရွေးချယ်မည့်အစား သေရမည်ဆိုလျှင်တောင် သေရန် ရွေးချယ်မည်ဟု ဆုံးဖြတ်လိုက်သည်။
"ဒုတိယအချီမှာတော့ အထူးဆေးလုံး တွေနဲ့ ယှဉ်ပြိုင်ကြတာပေါ့...။"
"ဘယ်သူ့ရဲ့ အထူးဆေးလုံး က ပိုပြီး အဖိုးတန်ပြီး တန်ဖိုးကြီးလဲဆိုတဲ့အပေါ် မူတည်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်မယ်...။"
တစ်ဖက်လူသည် တိုက်ခိုက်ရာတွင် အထောက်အကူပြုသော ဆေးလုံးများကို ရှောင်လွှဲနေသည်ကို မြင်သော်လည်း လင်းဖန်က ဂရုမစိုက်ပေ။
ထိုအချိန်မှာပင် သူ့စိတ်ထဲတွင် အကြံတစ်ခု ရလာခဲ့သည်။ အကယ်၍ ဒုတိယအချီတွင် တိုက်ခိုက်ရာတွင် အထောက်အကူပြုသော ဆေးလုံးများနှင့် ယှဉ်ပြိုင်မည်ဆိုပါက ဤအကြံကို သူ အကောင်အထည်ဖော် နိုင်မည် မဟုတ်ပေ။
"တိုက်ခိုက်ရာမှာ အထောက်အကူပြုတဲ့ ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး ကို မယှဉ်နိုင်ဘူး ဆိုတာ သိလို့ ဒီအချီကို တိုက်ရိုက် ကျော်သွားတာလား...။"
"ဟားဟား...၊ ဒါဆိုလည်း အထူးဆေးလုံး တွေကိုပဲ အသုံးပြုကြတာပေါ့...၊ ဤနေ့ ခင်ဗျားတို့ကို အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံသွားအောင် ကျွန်တော် သေချာလုပ်ပေးပါ့မယ်...။"
အထူးဆေးလုံး များသည် သဘာဝကျကျပင် တိကျသော အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ပေးရန် မလိုအပ်ပေ။
နှစ်ဖက်စလုံးသည် သူတို့၏ ကိုယ်ပိုင် အထူးဆေးလုံး များကို သန့်စင်ထားရန်သာ လိုအပ်ပြီးနောက် ၎င်း တို့၏ တန်ဖိုးကို ပရိသတ်များအား ဆုံးဖြတ်ခိုင်းမည် ဖြစ်သည်။
ဆေးမီးဖိုဂိုဏ်းမှ စေလွှတ်သော ဆေးဆရာမှာ အကြီးအကဲဆွန်း ပင် ဖြစ်နေဆဲ ဖြစ်သည်။ အထူး ဆေးလုံး ရွေးချယ်မှုနှင့် ပတ်သက်၍ ဆေးမီးဖိုဂိုဏ်းသည် ဆုံးဖြတ်ချက်ချပြီးသားပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင် အကြီးအကဲဆွန်း သည် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်သော သက်တမ်းတိုးဆေးလုံး တစ်လုံးကို ဖန်တီးမည် ဖြစ်ပေသည်။
လူတိုင်းသိကြသည့်အတိုင်း ကျင့်ကြံသူတစ်ဦး၏ သက်တမ်းသည် အဆင့်တိုင်းတွင် အကန့်အသတ် ရှိပေသည်။
အကယ်၍ သူသည် ကန့်သတ်ထားသော သက်တမ်းအတွင်း နောက်ထပ်အဆင့်သို့ မချိုးဖျက်နိုင်ပါက...၊ သူ ရင်ဆိုင်ရမည့်အရာမှာ သေဆုံးခြင်းနှင့် သူ၏ ကျင့်ကြံမှုများ ပျက်သုဉ်းသွားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဤ သက်တမ်းတိုးဆေးလုံး ၏ အဖိုးတန်မှုနှင့် တန်ဖိုးကို ထပ်မံရှင်းပြရန်ပင် မလိုအပ်တော့ ပေ။
နဝမတန်းစား ဂိုဏ်းများအတွက်မူ သက်တမ်းတိုးဆေးလုံး ၏ တန်ဖိုးသည် အဆမတန် ကြီးမားလာပေ သည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတစ်ခု၏ ကျဆုံးအင်မော်တယ် ဘိုးဘေးသည် ကျဆုံးအင်မော်တယ် တစ်ဦး ဖြစ်လာပြီးသည်နှင့်...၊ သူတို့၏ သက်တမ်းကို ကျင့်ကြံမှုအဆင့် မြှင့်တင်ခြင်းဖြင့် ထပ်မံတိုးမြှင့် ၍ မရနိုင်တော့သောကြောင့် ဖြစ်ပေသည်။
ဤအခြေအနေမျိုးတွင် သက်တမ်းတိုးဆေးလုံး သည် သူတို့ အသက်ဆက်ရှင်သန်ရန်အတွက် အသက် ကယ်ဆေး ဖြစ်လာခဲ့လေသည်။
ဆေးမီးဖိုဂိုဏ်းမှ လူများသည် သူတို့သန့်စင်မည့် သက်တမ်းတိုးဆေးလုံး သည် ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးတွင် အဖိုးတန်ဆုံးနှင့် တန်ဖိုးအကြီးဆုံး ဆေးလုံးဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ထား ကြလေသည်။
ဤပွဲကို သူတို့ အိတ်ပေါက်နဲ့ ဖမ်းသလို အနိုင်ရပြီဟု သူတို့ ခံစားနေကြလေသည်။
အကြီးအကဲဆွန်း ဆေးဖက်ဝင်အပင်များကို စတင်ထည့်သွင်းလိုက်ချိန်တွင် လင်းဖန်သည်လည်း စတင်လှုပ်ရှားလိုက်လေသည်။
ဤတစ်ကြိမ်တွင် လင်းဖန်သည် နောက်ထပ် ဆေးလုံးအမျိုးအစားသစ်တစ်ခုကို သန့်စင်မည် ဖြစ်သည်။
ပို၍တိတိကျကျ ဆိုရလျှင် ဆေးလုံးများကို ပေါင်းစပ်ဖန်တီးထားသော ဆေးလုံးအမျိုးအစားသစ်တစ်ခု ဖြစ်ပေသည်။
ထို့နောက် လင်းဖန်သည် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး ကို သန့်စင်ရန် စိတ်ဝိညာဉ်ထိန်းချုပ်မြက် နှင့် ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ကို ဖန်တီးရန် (၅၀၂) ကော် အပါအဝင် အခြားသော ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်လေသည်။
ဤ စိတ်ဝိညာဉ်ထိန်းချုပ်မြက် သည် အင်မော်တယ်စွမ်းအင်များဖြင့် အာဟာရဖြည့်တင်းထားခြင်း ဖြစ် လေသည်။
ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် လင်းဖန်သည် စိတ်ဝိညာဉ်ထိန်းချုပ်မြက် ကို စတင်ယက်လုပ် လိုက်သည်။
ဆေးမီးဖိုဂိုဏ်းမှ လူများနှင့် စင်အောက်ရှိ ပရိသတ်များသည် လင်းဖန်၏ လုပ်ရပ်ကြောင့် လုံးဝကို နားမ လည်နိုင်အောင် ဖြစ်သွားကြလေသည်။
"ဟင်းလင်းပြင်မျှော်စင်က စီနီယာက မြက်ပင်တွေနဲ့ ဘာလို့ ဆော့နေတာလဲ...။"
"ဝိုး...၊ ဒီစီနီယာက တော်တော်လေး ကျွမ်းကျင်တာပဲ...။ သူလုပ်ထားတဲ့ အရုပ်လေးက တကယ့် အသက်ဝင်နေတဲ့အတိုင်းပဲ...။"
"ဒါက ဆေးသန့်စင်တဲ့ နည်းစနစ်အသစ်များလား...။"
"မြက်ပင်တွေနဲ့ ဆော့တာ က ဘယ်လို နည်းစနစ်မျိုးလဲ...။ အဲဒီစီနီယာက တစ်ဖက်လူကို သက်သက် လှောင်ပြောင်နေတာ ဖြစ်ရမယ်လို့ ကျွန်တော် ထင်တယ်...။"
"ဟုတ်လောက်တယ်...။ တစ်ဖက်လူကို အရင်ဆုံး အချိန်ယူ ဖန်တီးခိုင်းလိုက်ပြီးမှ...။ ဒီစီနီယာက ချက်ချင်း ဝင်လုပ်ပြီး အနိုင်ယူလိုက်မှာပဲ...။"
ပရိသတ်များ ဆွေးနွေးနေစဉ်မှာပင် လင်းဖန်သည် မြက်ရုပ်လေးကို ယက်လုပ်ပြီးသွားပြီ ဖြစ်ပေသည်။
ထို့နောက် သူသည် သံမဏိအပ်ဟောင်း ကို ထုတ်ယူကာ မြက်ရုပ်လေးကို စတင် ထိုးစိုက်လိုက်လေ သည်။
ဤမြင်ကွင်းကြောင့် ပရိသတ်များ ရယ်မောသွားကြရလေသည်။
"ဟားဟား...၊ ဤစီနီယာက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ...။ ဗူးဒူးအရုပ် တွေကို အပ်နဲ့ ထိုးနေတယ်...."
"ဟင်...၊ ဒါက ကျိန်စာတိုက်တဲ့ မှော်ပညာ တစ်မျိုးမျိုးများ ဖြစ်နေမလား...။"
"မင်း ဘာတွေတွေးနေတာလဲ...။ ဒီလို မှော်ပညာမျိုးမှ မရှိတာ...။ တကယ်လို့ ရှိခဲ့ရင်တောင် ဆေးမီးဖို ဂိုဏ်းက ဆေးဆရာတွေရဲ့ ဆံပင်ကိုသုံးပြီး အရုပ်လေးတွေ လုပ်ရမှာပေါ့...။"
"ဟုတ်တယ်...၊ ကျွန်တော် အလွန်အကျွံ တွေးမိသွားတာပါ...။"
ပရိသတ်များက အမှန်တရားကို ခန့်မှန်းလုနီးပါး ဖြစ်သွားသည်က လင်းဖန်၏ လုပ်ရပ်များကို အနည်း ငယ်မျှပင် မထိခိုက်စေခဲ့ပေ။
အရုပ်လေးများကို ပြုလုပ်ပြီးနောက် သူသည် အလုပ်ခန့်ထားမှု စာချုပ်လိပ်ထဲမှ စုတ်တံကို ထုတ်ယူကာ မြက်ရုပ်လေးပေါ်တွင် စတင်ရေးဆွဲလိုက်လေသည်။
မူလ စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး ကို ဖန်တီးစဉ်က ဤအဆင့် မပါဝင်ခဲ့ပေ။ ဤအဆင့်များကို ပြီးစီးပြီး နောက် လင်းဖန်သည် ယက်လုပ်ထားသော အရုပ်လေးကို ဆေးမီးဖိုထဲသို့ ထည့်လိုက်လေသည်။
ထို့နောက် လင်းဖန်သည် လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား ကို ထုတ်ယူကာ အင်မော်တယ် စွမ်းအင် အမြောက်အမြားကို ဆေးမီးဖိုထဲသို့ ပို့လွှတ်လိုက်လေသည်။
အင်မော်တယ်အရှိန်အဝါများ ထွက်ပေါ်လာခြင်းက ထိုနေရာရှိ အဆင့်မြင့် ကျင့်ကြံသူများကို အလွန် အမင်း အံ့အားသင့်သွားစေခဲ့လေသည်။
အထူးသဖြင့် ဆေးမီးဖိုဂိုဏ်းမှ အတိဒုက္ခအဆင့် ကျင့်ကြံသူအချို့တွင် မကောင်းသော ကြိုတင်ခံစားမှု တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
သူတို့ဂိုဏ်းတွင်လည်း အင်မော်တယ်စွမ်းအင်များ ရှိပေသည်။ သူတို့ဂိုဏ်း၏ အဖိုးတန်ဆုံးသော ရတနာ များတွင် အင်မော်တယ်စွမ်းအင်များ ပါဝင်နေပေသည်။
သို့သော် ဆေးသန့်စင်ရာတွင် အင်မော်တယ်စွမ်းအင်ကို အသုံးပြုရန်ဆိုသည်မှာ သူတို့ တစ်ခါမှ မစဉ်း စားဖူးသလို၊ မလုပ်ဆောင်နိုင်သည့် အရာလည်း ဖြစ်ပေသည်။
ယခု လင်းဖန်က အင်မော်တယ်စွမ်းအင်ကို ဆေးမီးဖိုထဲသို့ ထည့်သွင်းနေသည်ကို မြင်လိုက်ရသောအခါ သူ မည်သို့သော ဆေးလုံးမျိုးကို ဖန်တီးမည်နည်း။
ဤအချိန်တွင် လင်းဖန်သည် အင်မော်တယ်စွမ်းအင်များကို ပို့လွှတ်ပြီးနောက် လူအုပ်ကြီး၏ အံ့သြနေမှု ကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။
သူသည် နောက်ဆုံး အရေးပါသော ပစ္စည်းဖြစ်သည့် (၅၀၂) ကော် အစက်အနည်းငယ်ကို ဆေးမီးဖိုထဲသို့ တိုက်ရိုက် ချလိုက်လေတော့သည်။
ထို့နောက် ဆေးမီးဖိုကို ဖုံးအုပ်ကာ ဆေးလုံး ပုံပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
"ဟင်...၊ ခင်ဗျားတို့ အားလုံး ကျွန်တော့်ကို ဘာလို့ အဲဒီလို လာကြည့်နေကြတာလဲ...။ ကျွန်တော့် မျက်နှာ ပေါ်မှာ ဘာများ ကပ်နေလို့လဲ....။"
အံ့အားသင့်စွာဖြင့် တိတ်ဆိတ်သွားပြီးနောက် ဟန်ရွှမ်သည် သူ၏ အပြစ်ကို ရှာရန် ဆုံးဖြတ်လိုက်လေ သည်။
"မင်းက ဆေးမီးဖိုထဲကို အင်မော်တယ်စွမ်းအင် တွေ အလွန်အကျွံ ထည့်လိုက်တာ နည်းနည်း မတရား ဘူးလို့ မထင်ဘူးလား...။"
ဤစကားကို ကြားသောအခါ လင်းဖန်က ပြန်လည်ချေပလိုက်လေသည်။
"ခင်ဗျားလည်း လုပ်လို့ရတာပဲလေ...။ ဘယ်သူမှ တားမထားပါဘူး...။"
"အို...၊ ခင်ဗျားမှာ အင်မော်တယ်စွမ်းအင် တွေကို အသုံးပြုပြီး ဆေးသန့်စင်နိုင်တဲ့ စွမ်းရည်မှ မရှိတာ...။ ဟုတ်တယ်မလား...။"
"ကျွတ်...၊ ကျွတ်...၊ ကျွတ်...။ အဲဒါက ခင်ဗျားရဲ့ ပြဿနာလေ...။"
ဟန်ရွှမ်သည် ချေပခံလိုက်ရပြီးနောက် ဆွံ့အသွားကာ အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် စကားဆက် မပြောတော့ပေ။
ဤဒုတိယအချီ ဆေးသန့်စင်ခြင်းတွင် သဘာဝကျကျပင် လင်းဖန်က ဆေးလုံးကို အရင်ဆုံး အောင်မြင် စွာ သန့်စင်နိုင်ခဲ့လေသည်။
"ဒင်" ဟူသော အသံနှင့်အတူ လင်းဖန်သည် ဆေးမီးဖိုကို ချက်ချင်းဖွင့်ကာ ဆေးလုံးများကို စစ်ဆေး လိုက်လေသည်။
[အင်မော်တယ်ရုပ်သေးဆေးလုံး (မြည်းတံဆိပ်) - အထူးဆေးလုံးတစ်မျိုး။]
[လုပ်ဆောင်ချက် - ပျက်စီးနေသော အင်မော်တယ်ခန္ဓာကိုယ်များကို ပြန်လည် ပြုပြင်ပေးနိုင်သည်။]
[ဘေးထွက်ဆိုးကျိုး - ဤဆေးလုံးကို သောက်သုံးပြီးနောက် ဆေးလုံးကို ဖန်တီးသူ၏ ထိန်းချုပ်မှုကို ခံရမည် ဖြစ်သည်။]
အင်မော်တယ်ရုပ်သေးဆေးလုံး ၏ ဘေးထွက်ဆိုးကျိုးများကို ကြည့်ပြီး လင်းဖန် အတော်လေး ကျေနပ် သွားခဲ့လေသည်။
ဤအရာက အင်မော်တယ်ဆေးလုံး ၏ လုပ်ဆောင်ချက်များနှင့် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး ၏ ဘေးထွက်ဆိုးကျိုးများကို ပေါင်းစပ်ထားခြင်း ဖြစ်ချေသည်။
ဤ အင်မော်တယ်ရုပ်သေးဆေးလုံး ဖြင့် သူသည် ဆေးမီးဖိုဂိုဏ်းကိုသာမက၊ ထျန်းယွမ်တိုက်ကြီး တစ်ခု လုံးရှိ နဝမတန်းစားဂိုဏ်းများ အားလုံးနှင့် မြင့်မြတ်သောနယ်မြေများကိုပါ သေချာပေါက် ထိန်းချုပ်နိုင် မည် ဖြစ်ပေသည်။
သေချာသည်မှာ... ကြိုတင်သတ်မှတ်ချက်က တစ်ဖက်လူ၏ ဘိုးဘေးက ဤ အင်မော်တယ်ရုပ်သေး ဆေးလုံး ကို သောက်သုံးရမည်သာ ဖြစ်လေသည်။
၎င်းမှာ သိပ်မခက်ခဲလှပေ။
နောက်ပိုင်းတွင် သူသည် ပရိသတ်များအား ဤဆေးလုံး၏ လုပ်ဆောင်ချက်ကို ပြသရုံသာ လိုအပ်သည်။
မကြာမီအချိန်အတွင်းမှာပင် နဝမတန်းစား ဂိုဏ်းအများအပြား ဤဆေးလုံးကို လာရောက်ဝယ်ယူကြ လိမ့်မည်ဟု သူ ယုံကြည်ပေသည်။
အင်မော်တယ်ရုပ်သေးဆေးလုံး ဆယ်လုံးကို သိမ်းဆည်းပြီးနောက် လင်းဖန်သည် ဆေးလုံးကို စမ်းသပ် ရန်အတွက် တစ်ဖက်လူ၏ ဘိုးဘေးကို အပြင်ထွက်လာစေရန် မည်သို့လှည့်စားရမည်ကို စတင်စဉ်းစား နေခဲ့လေတော့သည်။