← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀) ငါးက ငါးစာကိုဟပ်တော့မယ်

မကြာမီမှာပင် ဆေးမီးဖိုဂိုဏ်းမှ အကြီးအကဲဆွန်း သည် သူ၏ ဆေးလုံးများကို နောက်ဆုံးတွင် သန့်စင် ၍ ပြီးစီးသွားခဲ့လေသည်။

အကြီးအကဲဆွန်း သည် ဆေးမီးဖိုကို ဖွင့်လိုက်သောအခါ ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သူ၏ကိုယ်ပိုင် ဆေးလုံးများကို စစ်ဆေးကြည့်ခြင်းပင် ဖြစ်၏။

ခဏအကြာတွင် အကြီးအကဲဆွန်း ၏ မျက်နှာပေါ်တွင် အံ့အားသင့်ဝမ်းသာနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။

သူ ယခုတစ်ကြိမ် ဖန်တီးလိုက်သော ဆေးလုံးများ၏ အာနိသင်သည် သူမျှော်လင့်ထားသည်ထက် များစွာသာလွန်နေပြီး အလွန်ထူးခြားသော စွမ်းဆောင်ရည်တစ်ခုကို ပြသနေကြောင်း ရှင်းလင်းလှ ပေသည်။

တစ်ဖက်လူက နောက်ဆုံးတွင် ဆေးသန့်စင်ခြင်း ပြီးစီးသွားသည်ကို မြင်သောအခါ လင်းဖန်ကလည်း ဆေးစမ်းသပ်မည့် ကိစ္စကို စတင်ပြောဆိုလာခဲ့လေသည်။

"ဟူး...၊ နောက်ဆုံးတော့ သန့်စင်လို့ ပြီးသွားပြီပေါ့...။ မြန်မြန် ဆေးစမ်းသပ်မယ့်သူ တစ်ယောက် လောက် သွားရှာလိုက်ပါဦး...။"

​

လင်းဖန်၏ စကားကို ကြားသောအခါ အကြီးအကဲဆွန်း က ချက်ချင်း ငြင်းဆန်လိုက်လေသည်။

ထို့နောက် အကြီးအကဲဆွန်း က စကားစလိုက်လေသည်။

"ဒီဆေးလုံးက အရမ်းအဖိုးတန်လွန်းလို့ ဘယ်သူ့ကိုမှ စမ်းသပ်ခိုင်းမှာ မဟုတ်ဘူး...။"

"ဆေးလုံးတွေရဲ့ အာနိသင်ကိုပဲ တိုက်ရိုက် ယှဉ်ကြည့်လိုက်...။"

"ကျွန်တော်တို့ နှစ်ယောက်စလုံးက ဆေးဆရာတွေဆိုတော့ တစ်ဖက်လူ ပြောတဲ့ အာနိသင်တွေက အမှန် တကယ် ဟုတ်မဟုတ် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ ကိုယ်စီ ရှိထားကြမှာပဲ...။"

တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း မြန်မြန်ဆန်ဆန်ပင် ပြန်လည်ပြေလျော့သွားခဲ့ပေသည်။

အစပိုင်းတွင် တစ်ဖက်လူက ဆေးကို မစမ်းသပ်ချင်ဘူးဟု ကြားလိုက်ရသောအခါ လင်းဖန်သည် တစ်ဖက်လူ၏ ဘိုးဘေးကို ကျွန်ပြုမည့် သူ၏အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု စိုးရိမ်သွားခဲ့လေသည်။

သို့သော် သူ၏ ဆေးလုံးအာနိသင်များကို ပြန်လည်စဉ်းစားမိသွားသောအခါ လင်းဖန် စိတ်သက်သာရာ ရသွားခဲ့ပေသည်။

*ဆေးလုံးရဲ့ အာနိသင်များကို ငါသာ ရှင်းပြလိုက်မယ်ဆိုရင် ငါ ကိုယ်တိုင် ထုတ်ပြောစရာတောင် မလိုဘဲ တစ်ဖက်လူက သူ့ဘာသာသူ ပြန်လည်စမ်းသပ်ချင်တယ်လို့ တောင်းဆိုလာလိမ့်မယ် ဆိုတာ ငါ ယုံကြည် တယ်...။*

"ကောင်းပြီလေ...၊ ဒါဆို ခင်ဗျားရဲ့ ဆေးလုံးအာနိသင်တွေအကြောင်းကို အရင် ပြောပြပါဦး...။"

ဤစကားကို ကြားသောအခါ အကြီးအကဲဆွန်း သည် သူ၏ မှော်စွမ်းအားကို အသုံးပြု၍ ဆေးလုံးများ ကို ဆေးမီးဖိုထဲမှ ထုတ်ယူလိုက်လေသည်။

ထို့နောက် သူသည် ၎င်းတို့ကို ပရိသတ်များအား ပြသကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် စတင်မိတ်ဆက်လိုက် လေသည်။

"ကျွန်တော့်ရဲ့ ဒီဆေးလုံးကို သက်တမ်းတိုးဆေးလုံး လို့ ခေါ်ပါတယ်...။ နာမည်အတိုင်းပဲ သူက ကျင့်ကြံ သူတစ်ယောက်ရဲ့ သက်တမ်းကို တိုးမြှင့်ပေးနိုင်တယ်...။"

ထိုနေရာတွင် အကြီးအကဲဆွန်း သည် ပရိသတ်များ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း ခဏတာ ရပ်တန့် လိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် သက်တမ်းကို တိုးမြှင့်ပေးနိုင်သော ဆေးလုံးဖြစ်ကြောင်း ကြားလိုက်ရသော အခါ စင်အောက်ရှိ လူများသည် စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။

"သက်တမ်းကို တိုးမြှင့်ပေးနိုင်တယ်ဆိုတော့...၊ တကယ့်ကို ကောင်းတဲ့အရာပဲ...။ ဆေးလုံးတွေ အားလုံး ထဲမှာ တန်ဖိုးအကြီးဆုံး ဖြစ်လောက်တယ်...။"

"ဒီ ဆေးမီးဖိုဂိုဏ်း က တကယ်ကို အစွမ်းအစ ရှိတာပဲ...။"

"ဒါကြောင့်မို့လို့ ငါတို့ကို ဆေးမစမ်းသပ်ခိုင်းတာကိုး...၊ ဒီ သက်တမ်းတိုးဆေးလုံး က သက်တမ်းကို ဘယ်လောက်အထိ တိုးမြှင့်ပေးနိုင်မလဲ မသိဘူးနော်...။"

ဆွေးနွေးပြောဆိုသံများကြားတွင် လူတိုင်းသည် သူတို့ရှေ့ရှိ ဆေးလုံးအပေါ် လိုချင်တပ်မက်မှုများကို ထုတ်ဖော်ပြသနေခဲ့ကြလေသည်။

သိုင်းပြိုင်ကွင်းနှင့် ပိုမိုနီးကပ်သော ကျင့်ကြံသူများသည်ဆိုလျှင် အသက်ကို ပြင်းပြင်းရှူသွင်းနေ ခဲ့ကြလေသည်။

သူတို့၏ သက်တမ်းကို တိုးမြှင့်ရန်အတွက် ဆေးလုံးမှ ထွက်ပေါ်လာသော အငွေ့အသက်အချို့ကို ရှူရှိုက် ချင်နေပုံရပေသည်။

အကြီးအကဲဆွန်း သည် သက်တမ်းမည်မျှ တိုးမြှင့်ပေးနိုင်သနည်းဟု ကျင့်ကြံသူတစ်ဦးက မေးမြန်းသည် ကို ကြားသောအခါ သူက ပြုံးလျက် ဆက်ပြောလိုက်လေသည်။

"ဟားဟား...၊ ကျွန်တော် ဖန်တီးထားတဲ့ ဤ သက်တမ်းတိုးဆေးလုံး က ကျင့်ကြံသူတစ်ယောက်ရဲ့ သက်တမ်းကို နှစ်တစ်ထောင်အထိ တိုးမြှင့်ပေးနိုင်ပါတယ်...။"

"နှစ်တစ်ထောင် သက်တမ်း" ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်များထံမှ ဆွေးနွေးပြောဆိုသံများသည် ချက်ချင်း ရပ်တန့်သွားခဲ့လေသည်။

အလွန် ကြောက်မက်ဖွယ်ကောင်းသော အာနိသင်ကြောင့် လူတိုင်း ဆွံ့အသွားကြလေသည်။ ပရိသတ် များ၏ တုံ့ပြန်မှုကို မြင်သောအခါ ဆေးမီးဖိုဂိုဏ်းမှ လူများသည် နောက်ဆုံးတွင် သူတို့၏ ယုံကြည်မှုကို ပြန်လည်ရရှိသွားခဲ့ကြလေသည်။

ထို့ကြောင့် သူက လင်းဖန်ကို ပြောလိုက်လေသည်။

"မင်းရဲ့ ဆေးလုံးတွေအကြောင်း ဆက်ပြီး မိတ်ဆက်နေစရာတောင် မလိုတော့ပါဘူး...။"

"ဟုတ်တယ်...၊ နှစ်တစ်ထောင် သက်တမ်းထက် ပိုပြီး အဖိုးတန်တဲ့ ဆေးလုံး ရှိလိမ့်မယ်လို့ ငါတော့ မယုံကြည်ဘူး...။"

ဤစကားကို ကြားသောအခါ လင်းဖန်က ခေါင်းခါလိုက်လေသည်။

"ဟားဟား….။တချို့လူတွေအတွက်တော့ နှစ်တစ်ထောင် သက်တမ်းဆိုတာ အဖိုးတန်ဆုံးအရာ မဟုတ်ပါဘူး...။"

"ဥပမာအနေနဲ့...၊ ကျဆုံးအင်မော်တယ် တစ်ယောက်အတွက် အဖိုးတန်ဆုံးအရာက ဘာလဲလို့ ခင်ဗျား တို့ ထင်လဲ...။"

လင်းဖန်၏ စကားကို ကြားသောအခါ အကြီးအကဲကျန်း က လှောင်ပြောင်လိုက်လေသည်။

"ကျဆုံးအင်မော်တယ် တစ်ယောက်အတွက် သက်တမ်းက ပိုပြီးတောင် အဖိုးတန်သေးတယ်...။"

"လူတိုင်းသိကြတဲ့အတိုင်း ကျဆုံးအင်မော်တယ် တွေက သူတို့ရဲ့ ကျင့်ကြံမှုကို ဆက်ပြီး မမြှင့်တင်နိုင် တော့တဲ့အတွက်...၊ သူတို့ရဲ့ သက်တမ်းကလည်း ကျင့်ကြံမှုအဆင့်နဲ့အတူ တိုးလာနိုင်စရာ အကြောင်း မရှိပါဘူး...။"

"ဒီလို အခြေအနေမျိုးမှာ သက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ ရတနာတွေက သဘာဝကျကျပဲ အဖိုးတန်ဆုံး ဖြစ်လာတာပေါ့...။"

လင်းဖန်က ဆက်လက် ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေသည်။

"ခင်ဗျားကိုယ်တိုင် ပြောခဲ့တာလေ...၊ အဲဒါက ကျင့်ကြံမှုအဆင့်ကို မမြှင့်တင်နိုင်တော့တဲ့ အချိန်မှာ လို့...။"

"တကယ်လို့ ကျဆုံးအင်မော်တယ် တစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကို ပြန်ပြီး မြှင့်တင်နိုင်မယ်ဆိုရင် ကော...။"

လင်းဖန်၏ မေးခွန်းကြောင့် ထိုနေရာရှိ လူတိုင်း ကြောင်အသွားကြရလေသည်။

အကြီးအကဲဆွန်း မျက်မှောင်ကြုတ်သွားပြီး နားမလည်စွာဖြင့် မေးလိုက်လေသည်။

"ဘာအဓိပ္ပါယ်လဲ...။"

လင်းဖန်သည် ဆေးပုလင်းထဲမှ အင်မော်တယ်ရုပ်သေးဆေးလုံး တစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက် လေသည်။

"ဒီဆေးလုံးနဲ့ ခင်ဗျားတို့ကို မိတ်ဆက်ပေးပါရစေ...။ သူ့နာမည်က အင်မော်တယ်ဆေးလုံး လို့ ခေါ် ပါတယ်...။"

"သူ့ရဲ့ နာမည်အတိုင်းပါပဲ...။ သူက ကျဆုံးအင်မော်တယ် တစ်ယောက်ရဲ့ ပျက်စီးနေတဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးနိုင်ပြီး တကယ့် အင်မော်တယ် တစ်ပါးအဖြစ် ပြန်လည်ရောက်ရှိသွား စေနိုင်ပါတယ်...။"

"သူတို့ရဲ့ သက်တမ်းက အဆမတန် တိုးလာနိုင်ရုံသာမကဘဲ...၊ အင်မော်တယ်ဘုံ ဆီကို တက်လှမ်းခြင်း ပြုလုပ်နိုင်မယ့် အခွင့်အရေးပါ ရရှိလာမှာ ဖြစ်ပါတယ်...။"

"အင်မော်တယ်ရုပ်သေးဆေးလုံး" ဟူသော နာမည်က ပြဿနာရှိပုံပေါ်သောကြောင့် လင်းဖန်သည် ဤဆေးလုံး၏ နာမည်ကို သူအရင်က ဖန်တီးခဲ့ဖူးသော "အင်မော်တယ်ဆေးလုံး" ဟု ပြောင်းလဲခေါ်ဝေါ် လိုက်လေသည်။

လင်းဖန် ရှင်းပြလိုက်သောအခါ ဆေးမီးဖိုဂိုဏ်းမှ လူများသည် မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့ကြ လေသည်။

အကြီးအကဲဆွန်း ကမူ ထိုအရာမှာ မဖြစ်နိုင်ကြောင်း အော်ဟစ်ပြောဆိုလာခဲ့လေသည်။

"မဖြစ်နိုင်ဘူး...၊ လုံးဝကို မဖြစ်နိုင်ဘူး...။"

"မင်း...။"

အကြီးအကဲဆွန်း စကားမဆုံးမီမှာပင် လင်းဖန်က ဖြတ်ပြောလိုက်လေသည်။

"ဖြစ်နိုင် မဖြစ်နိုင်...၊ ခင်ဗျားကိုယ်တိုင် စစ်ဆေးကြည့်လိုက်ရင် မသိနိုင်ဘူးလား...။"

ထိုသို့ပြောရင်း သူသည် မှော်ပညာကို အသုံးပြုကာ ဆေးလုံးကို တစ်ဖက်လူထံသို့ ပို့ပေးလိုက်လေ သည်။

အကြီးအကဲဆွန်း သည် ဆက်၍ စကားမပြောတော့ဘဲ သူ့ရှေ့ရှိ ဆေးလုံးများအပေါ် စစ်ဆေးခြင်း နည်းစနစ်များကို အာရုံစိုက် အသုံးပြုလိုက်လေသည်။

သူ စစ်ဆေးနေစဉ်မှာပင် သူ၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ဆက်တိုက် ပြောင်းလဲနေခဲ့တော့သည်။

သူ၏ အမူအရာများသည် ရှုပ်ထွေးမှု၊ အံ့သြတုန်လှုပ်မှုနှင့် သံသယဖြစ်မှုတို့ကြားတွင် အပြန်ပြန်အလှန် လှန် ပြောင်းလဲနေခဲ့လေသည်။

အကြီးအကဲဆွန်း ၏ အမူအရာကို ဘေးမှ ကြည့်နေသော ဟန်ရွှမ် သည် စိုးရိမ်လာခဲ့လေသည်။

ထို့ကြောင့် သူက ချက်ချင်းပင် မေးခွန်းမေးရန် စိတ်ချင်းဆက်သွယ်၍ အသံလွှင့်လိုက်လေသည်။

"အကြီးအကဲဆွန်း...၊ ခင်ဗျား ဘယ်လိုထင်လဲ...။ သူပြောတာက အမှန်ပဲလား...။"

အကြီးအကဲဆွန်း သည် သူတတ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုခဲ့သော်လည်း ဆေးလုံး၏ အသေးစိတ် အချက်အလက်များကို အပြည့်အဝ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

"ဂိုဏ်းချုပ်...၊ ဒီဆေးလုံးက ကျဆုံးအင်မော်တယ် တွေအတွက် တကယ်ကို အကျိုးရှိတယ်ဆိုတာကိုပဲ ကျွန်တော် သိနိုင်တယ်...။ အသေးစိတ် အာနိသင်တွေကိုတော့ မမြင်နိုင်ဘူး...။"

"ဒါပေမဲ့ တစ်ဖက်လူ ဖန်တီးခဲ့တဲ့ ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး နဲ့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းဆေးလုံး တို့ရဲ့ အာနိသင်တွေကို ကြည့်မယ်ဆိုရင်...၊ ဒါက အမှန်ဖြစ်နိုင်ခြေ အတော် လေး များတယ်...။"

"သူတို့ရရှိထားတဲ့ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်း နည်းစနစ်တွေက အင်မော်တယ်ဘုံ ကနေ တကယ်ပဲ ဆင်းသက်လာတာ ဖြစ်ရမယ်...။"

ဤစကားကို ကြားသောအခါ ဟန်ရွှမ်သည် ယှဉ်ပြိုင်မှု ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရ ပြီး စိတ်ပျက်သွားခဲ့လေသည်။

သို့သော် ဟန်ရွှမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားပြီး သူက အကြီးအကဲဆွန်း ထံသို့ ဆက်လက် အသံလွှင့်လိုက်လေသည်။

"ခင်ဗျား တွေ့ရှိခဲ့တဲ့အရာကို ဝန်မခံနဲ့...။"

"အဲဒီနောက် ဒီအရာကို သက်သေပြဖို့ ဆေးစမ်းသပ်မယ့်သူ တစ်ယောက်ယောက်ကို ရှာဖို့ သူ့ကို အကြံပြုလိုက်...။"

အကြီးအကဲဆွန်း အံ့အားသင့်သွားပြီး အသံလွှင့်၍ ပြန်မေးလိုက်လေသည်။

"ဂိုဏ်းချုပ်က ဘာကို ဆိုလိုတာလဲ...။"

ဟန်ရွှမ်၏ အသံက သူ၏ စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်လာခဲ့ပြန်လေသည်။

"ဒါမှန်တယ်...၊ ဂိုဏ်းကို ချက်ချင်း သတင်းပို့ပြီး ဆေးစမ်းသပ်ဖို့အတွက် ဘိုးဘေး ကို နိုးထခိုင်းလိုက် မယ်...။"

"တကယ်လို့ ဒီဆေးလုံးက အင်မော်တယ်ခန္ဓာကိုယ်ကို တကယ်ပဲ ပြန်လည်ပြုပြင်ပေးနိုင်မယ်ဆိုရင်...၊ ငါတို့ရဲ့ ဆေးမီးဖိုဂိုဏ်း မှာ တကယ့် အင်မော်တယ် တစ်ပါး ရှိလာတော့မှာပေါ့...။"

"အဲဒီလို မလုပ်နိုင်ရင်တောင်မှ...၊ ဒီဆေးလုံးက ကျဆုံးအင်မော်တယ် တွေအတွက် အရမ်းအကျိုးရှိ တယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်ဘူးလား...။"

"ဒါ့အပြင် ခင်ဗျား ခုလေးတင် ဖန်တီးလိုက်တဲ့ သက်တမ်းတိုးဆေးလုံး ကလည်း ဘိုးဘေး သောက်သုံး ဖို့အတွက် အတိအကျ ကွက်တိပဲလေ...။"

ဂိုဏ်းချုပ်၏ အသံလွှင့် စကားကို ကြားပြီးနောက် အကြီးအကဲဆွန်း သည် နောက်ထပ် ဘာလုပ်ရမည်ကို သဘောပေါက်သွားခဲ့လေသည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးလိုက်လေသည်။

"မင်း...၊ မင်းက ဘယ်လိုအမှိုက်တွေကို ဖန်တီးနေတာလဲ...။"

"ဒီဆေးလုံးဆီကနေ ဘာအာနိသင်မှ ငါ ရှာမတွေ့ဘူး...။"

ဤစကားကို ကြားသောအခါ လင်းဖန်သည် ဤဆေးလုံး၏ အဆင့်မှာ သူတို့အတွက် မြင့်မားလွန်းနေ သောကြောင့် အာနိသင်များကို မမြင်နိုင်ခြင်းမှာ ပုံမှန်ပင်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။

"ဟူး...၊ ဒါက ကျွန်တော့်အမှားပါ...။ ကျွန်တော် ခင်ဗျားတို့ကို အထင်ကြီးလွန်းသွားမိတယ်...။"

"ခင်ဗျားတို့ရဲ့ စွမ်းရည်လောက်နဲ့ ဒီအဆင့်ရှိတဲ့ ဆေးလုံးရဲ့ အစစ်အမှန် အရည်အသွေးကို သဘာဝကျကျ ပဲ ခွဲခြားမသိနိုင်ဘူးလေ...။"

မေးခွန်းထုတ်ခံရသည့်အပေါ် အကြီးအကဲဆွန်း က ပြန်လည်ချေပလိုက်သည်။

"ဟွန့်...၊ မင်းက ငါ့ကို အရည်အချင်းမရှိဘူးလို့ ထင်နေတာလား...။ မင်းပြောခဲ့တဲ့ ဆေးလုံးရဲ့ အာနိသင် တွေကို မင်းကိုယ်တိုင် လျှောက်ပြောနေတာ မဟုတ်ဘူးဆိုတာကို ဘယ်လိုလုပ် သက်သေပြနိုင်မှာတဲ့ လဲ...။"

"ကောင်းပြီလေ...၊ ဒီဆေးလုံးက ကျဆုံးအင်မော်တယ် တစ်ယောက်ရဲ့ ပျက်စီးနေတဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးနိုင်တယ်လို့ မင်း ပြောမှတော့...။ ငါတို့ ဆေးမီးဖိုဂိုဏ်း က တစ်ယောက် ယောက်ကို အဲဒီအာနိသင်တွေကို စမ်းသပ်ခိုင်းရမှာပေါ့...။"

ဤစကားကို ကြားသောအခါ လင်းဖန် အလွန်ဝမ်းသာသွားခဲ့လေသည်။

*ငါးက ငါးစာကိုဟပ်တော့မယ်...။*

သို့သော် အပြင်ပန်းတွင်မူ ဟန်ဆောင်နေရဦးမည် ဖြစ်သည်။

"ခင်ဗျားရဲ့ ဆေးလုံးတွေကိုကျတော့ လူတွေကို စမ်းသပ်ခွင့် မပေးဘဲနဲ့...၊ ကျွန်တော့် ဆေးလုံးကိုကျ တော့ စမ်းသပ်ရမယ် ဟုတ်လား...။ ကျွန်တော်က ဘာလို့ လုပ်ပေးရမှာလဲ...။"

"ဒါဆိုရင် ခင်ဗျားတို့ရဲ့ သက်တမ်း အနှစ်တစ်ထောင် တိုးပေးနိုင်တယ်ဆိုတဲ့ သက်တမ်းတိုးဆေးလုံး က လည်း အလိမ်အညာတစ်ခုပဲလို့ ကျွန်တော် ပြောလို့ရတာပေါ့....။"

All Chapters