← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း (၂၃၁) လူတိုင်း သတိမထားမိခဲ့သည့် ပြဿနာ...

လင်းဖန်က သဘောမတူသည်ကို မြင်သောအခါ အကြီးအကဲဆွန်းက သူ၏ဂိုဏ်းချုပ်ထံသို့ အကြည့် ပို့လိုက်လေသည်...။

ဂိုဏ်းချုပ်ထံမှ အချက်ပြမှုကို ရရှိပြီးနောက် အကြီးအကဲဆွန်းက ဆက်လက်ပြောလိုက်လေသည်...။

“ဒါဆိုရင်လည်း တစ်ဖက်နဲ့တစ်ဖက် ဆေးလုံးတွေကို စမ်းသပ်ဖို့ လူတစ်ယောက်စီရှာကြတာပေါ့...။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းရဲ့ဆေးကို အရင်စမ်းသပ်မယ်...။”

ထိုသို့ပြောပြီးနောက် လင်းဖန်ကလည်း အပေးအယူကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်လေ၏။

“ကောင်းပြီ...၊ ဆေးလုံးရဲ့ အာနိသင်ပိုင်းအရဆိုရင် ဒီလိုစမ်းသပ်တာက ငါ့အတွက်အားသာချက်မရှိ ပေမဲ့...၊ မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်းတစ်ခုလုံးကိုအနိုင်ယူဖို့က ပိုအရေးကြီးတယ်လေ...။ ဒါဆိုရင် စမ်းသပ် မယ့်သူကို မင်းတို့ဘက်ကပဲရှာလိုက်တော့...။”

ထို့နောက် သူက နှုတ်ဆိတ်နေလိုက်ပြီး တစ်ဖက်လူက အကူအညီခေါ်လာသည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်ချေတော့သည်...။

ဟန်ရွှမ်က ဂိုဏ်းထံ သတင်းပို့ပြီးဖြစ်ရာ ကျဆုံးအင်မော်တယ်တစ်ဦး၏ အရှိန်အဝါက မနှေးလှပေ...။

ထို့ကြောင့် လူအများမှာ ကြာရှည်စွာမစောင့်ဆိုင်းလိုက်ရမီမှာပင် အဘိုးအိုတစ်ဦးကပရိသတ်များ၏ ခေါင်းပေါ်မှ ပျံသန်းလာပြီး စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်လေသည်...။

အဘိုးအို ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဆေးမီးဖိုဂိုဏ်းမှ လူအားလုံးက ချက်ချင်းပင် အရိုအသေ ပေးလိုက်ကြလေသည်...။

“ဘိုးဘေးကို ဂါရဝပြုပါတယ်...။”

အဘိုးအိုက လက်မြှောက်ကာ အရိုသေပြုနေသည်များကို ဖယ်ရှားခိုင်းလိုက်လေသည်...။

“မလိုပါဘူး...၊ အကြောင်းစုံကို ငါသိပြီးပြီ...။”

ထိုသို့ပြောပြီးနောက် သူက လင်းဖန်ရှိရာဘက်သို့ ကြည့်ကာ ကျဆုံးအင်မော်တယ်တစ်ဦး၏ ဖိအားကို ထုတ်ဖော်လိုက်လေသည်...။ ထိုစဉ် ကျင့်ကြံမှုကို ဖုံးကွယ်ထားသောလျိုပိုင်ချွမ်းက ရှေ့သို့တက်လာပြီး လင်းဖန်တို့အဖွဲ့ကို ကာကွယ်ပေးလိုက်လေသည်...။

“ဟဲဟဲ...၊ မိတ်ဆွေဟောင်း ကျိုးဟွာပါလား...။ မတွေ့တာ ကြာပြီနော်...။”

သူ့ရှေ့တွင် ရှိနေသော လျိုပိုင်ချွမ်းကို ကြည့်ကာ ကျိုးဟွာက မျက်မှောင်ကြုတ်လိုက်လေသည်...။

“မင်းကိုး...၊ ဂျူနီယာ...။”

“မိတ်ဆွေဟောင်း ဟုတ်လား...။ အရင်က ငါ့ကို စီနီယာလို့ ခေါ်ခဲ့တဲ့ ရွှေအမြုတေ ပုရွက်ဆိတ်လေးက အခုတော့ ကျဆုံးအင်မော်တယ် ဖြစ်နေပြီလို့ ငါလုံးဝမထင်ထားခဲ့ဘူး...။”

လျိုပိုင်ချွမ်းက ရွှေအမြုတေအဆင့်တွင် ရှိနေစဉ်က ကျိုးဟွာမှာ အတိဒုက္ခအဆင့်ကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်ရာ ကျိုးဟွာသည် အသက်အတော်ပင်ကြီးရင့်နေပြီဖြစ်ကြောင်း သိသာလှပေသည်...။

ကျိုးဟွာက အဘိုးကြီးတစ်ယောက်ကဲ့သို့ ဟန်လုပ်နေသည်ကို မြင်သောအခါ လျိုပိုင်ချွမ်းက အလျှော့ မပေးဘဲ ပြန်လည် တုံ့ပြန်လိုက်လေသည်...။

“ဟုတ်ပါ့...၊ ငါငယ်ငယ်ကတည်းက မင်းက အိုနေပြီ...။ အခုထိ အသက်ရှင်နေတုန်းပဲလား...။ မင်းရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ ထင်တယ်...။”

ကျိုးဟွာက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်...။

“ငါတို့ ဆေးမီးဖိုဂိုဏ်းက ဘာလုပ်လဲဆိုတာ မင်းမေ့နေတာလား...။ သက်တမ်းတိုးဖို့က ငါတို့အတွက် ခက်တဲ့ကိစ္စ မဟုတ်ဘူး...။ မင်း သက်တမ်းကုန်သွားရင်တောင် ငါက ကျန်းကျန်းမာမာ ကျန်နေဦးမှာ ပါ...။”

“ကြည့်လိုက်...။ ဒီနေ့လည်း သက်တမ်းတိုးဆေးလုံးကို ငါသန့်စင်ထားသေးတယ်...။ နှစ်တစ်ထောင် လား။ အဲဒါက နေရတာ အရမ်းကြာလွန်းလို့အဆုံးထိနေဖို့တောင် မဖြစ်နိုင်ဘူး...။”

ထိုသို့ပြောရင်း ကျိုးဟွာသည် စင်မြင့်ပေါ်တွင် ပျံဝဲနေသော သက်တမ်းတိုးဆေးလုံးကိုကြည့်လိုက်လေ သည်...။ သူတို့သည် လင်းဖန်တို့ သန့်စင်ထားသော ဆေးလုံးများကိုလည်း သဘာဝကျစွာ မြင်တွေ့လိုက် ရလေသည်...။

ကျိုးဟွာက ဆေးလုံးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး မေးခွန်းတစ်ခုကို ရုတ်တရက် သတိရ သွားခဲ့လေသည်...။

“ငါ သိချင်တာက မင်းတို့ဆီမှာလည်း ကျဆုံးအင်မော်တယ်တစ်ဦး ရှိနေတာပဲ...။ ဘာလို့ ကိုယ့်ဆေးကို ကိုယ့်ဘာကိုယ် မစမ်းသပ်တာလဲ...။”

ကျိုးဟွာက ထိုမေးခွန်းကို မေးလိုက်သောအခါ ဆေးမီးဖိုဂိုဏ်းမှ လူတိုင်းမှင်သက်သွားခဲ့ကြသည်...။

*ဟုတ်သားပဲ...၊ ငါတို့ ဘာလို့ အဲဒါကို ခုနက သတိမထားမိတာလဲ...။*

လင်းဖန်လည်း ထိုအချိန်တွင် ဆွံ့အသွားခဲ့လေသည်...။ သူလည်း အဆိုပါပြဿနာကို သတိမထားမိ ခဲ့ပေ...။

*သွားပြီ...၊ တစ်ဖက်လူက တစ်ခုခုကို သတိထားမိသွားမှာ စိုးရိမ်ရပြီ...။ အစီအစဉ်ကပျက်တော့မှာ လား...။*

*မြန်မြန် စဉ်းစားစမ်း...၊ လင်းဖန်...။*

အတွေးများစွာ သူ၏စိတ်ထဲတွင် လျှပ်တပြက် ဖြတ်ပြေးသွားပြီးနောက် လင်းဖန်က အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားလိုက်လေသည်...။

“ဟင်း... ပြိုင်ပွဲ စည်းမျဉ်းအရ နှစ်ဖက်စလုံးက တစ်ဖက်ဆေးကို တစ်ဖက်က စမ်းသပ်ရမယ်လို့ ကြိုတင် ရှင်းပြထားပြီးသားလေ...။ ငါတို့ ဟင်းလင်းပြင်မျှော်စင်က ကတိတည်တဲ့သူတွေပါ...။ မင်းတို့လို စကား အမျိုးမျိုး ပြောတတ်တဲ့သူတွေ မဟုတ်ဘူး...။”

“အစက မင်းတို့ဘက်က စမ်းသပ်မယ်ဆိုပြီး နှစ်တစ်ထောင် သက်တမ်းတိုးဆေးလုံးကို သန့်စင်ခဲ့တာ လေ...။ ပြီးတော့မှ မစမ်းသပ်ချင်ဘူး ပြောတယ်...။ အခုကျတော့ ပြန်စမ်းသပ်ခိုင်းနေပြန်ပြီ...၊ မင်းတို့ရဲ့ ဆေးမီးဖိုမျှော်စင်က ဘယ်လိုတောင် ကတိမတည်တာလဲ...။ စီးပွားရေးသမားတစ်ယောက်ရဲ့ သစ္စာ တရားက ဘယ်မှာလဲ...။”

လင်းဖန်၏ စကားက ပရိသတ်များကိုပါ သက်ရောက်သွားစေခဲ့ပေသည်...။

ဆေးမီးဖိုဂိုဏ်းမှကျဆုံးအင်မော်တယ်ရှိနေသဖြင့် သူတို့က ထုတ်မပြောသော်လည်းလူအများအပြားမှာ လင်းဖန်၏ စကားကို သဘောတူသည့်အနေဖြင့် တိတ်တဆိတ်ခေါင်းညိတ်လိုက်ကြလေသည်...။

သို့သော် ကျိုးဟွာကမူ ထိုကဲ့သို့သော သစ္စာတရားအကြောင်းများကို မယုံကြည်ပေ...။ ထိုအချိန်တွင် သူက ဟန်ရွှမ်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းပို့နေခဲ့လေသည်...။

“ဘယ်လိုဖြစ်တာလဲ...၊ အခြေအနေကို သေချာ မစုံစမ်းဘဲနဲ့ ငါ့ကို ဘာလို့ ခေါ်လိုက်တာလဲ...။ အကယ်၍ ဒီဆေးလုံးက တစ်ခုခု မှားယွင်းနေရင် ငါ့ကို ထောင်ချောက်ဆင်သလို ဖြစ်မနေဘူးလား...။”

ဘိုးဘေး၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ဟန်ရွှမ်က အလျင်အမြန် စဉ်းစားလိုက်လေသည်...။

“ဘိုးဘေး...၊ ကျွန်တော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိပါတယ်...။ ဟင်းလင်းပြင်မျှော်စင်ရဲ့ နောက်ကွယ်က အင်အားစုသုံးခုက ဆေးလုံးအမွေအနှစ်ကို ရထားတာ မှန်ပေမဲ့ အခုမှ ရထားတာဆို တော့သူတို့ရဲ့ ပညာရပ်က ကျွမ်းကျင်ဦးမှာ မဟုတ်ပါဘူး...။”

“ကျွန်တော် ထင်တာကတော့ သူတို့က ဆေးနည်းအတိုင်း သန့်စင်ခဲ့တာပဲ ရှိပြီး ဆေးလုံးကို စမ်းသပ်တဲ့ နည်းလမ်းတွေကိုတော့ သိဦးမှာ မဟုတ်ဘူး...။ ဘိုးဘေး စဉ်းစားကြည့်ပါဦး...၊ ကျွန်တော်တို့တောင် ဒီ ဆေးလုံးကို သေချာနားမလည်တာသူတို့က ပိုဆိုးမှာပေါ့...။”

“ဒါကြောင့် သူတို့က တစ်ယောက်ယောက်ကို အရင်စမ်းခိုင်းပြီးမှ သူတို့ဂိုဏ်းချုပ်တွေကို တိုက်ကျွေးရဲ တာ ဖြစ်မှာပါ...။ ကျွန်တော်တို့ စုံစမ်းထားသလောက်ကတော့ ဒီဆေးလုံးကကျဆုံးအင်မော်တယ်တွေ အတွက် တကယ် အကျိုးရှိတာပါ...။ ဒါပေမဲ့ဘယ်လိုအကျိုးရှိလဲဆိုတာပဲ မသိရတာ...။”

ထိုစကားကို ကြားသောအခါ ကျိုးဟွာ၏ သံသယများမှာ အတော်အတန် လျော့နည်းသွားလေသည်...။

ဟန်ရွှမ်က ဆက်ပြောလိုက်လေသည်...။

“နောက်တစ်ချက်က...၊ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က ဂိုဏ်းတစ်ခုလုံးကို လောင်းကြေးထပ်ထားတာ လေ...။ သူတို့က သူတို့နိုင်မှာသေချာတယ်လို့ ထင်နေတာ...၊ ဒါကြောင့် ဒီဆေးက တကယ် အစွမ်းထက် လို့ ဘိုးဘေးရဲ့အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးနိုင်ရင်တောင်...၊ သူတို့ကပြိုင်ပွဲ မှာ နိုင်မှာဆိုတော့ ဘိုးဘေးက သူတို့လူဖြစ်သွားမှာလေ...။”

ထိုစကားကို ကြားသောအခါ ကျိုးဟွာက နှာခေါင်းရှုံ့လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ ပြန်ပြောလိုက် လေသည်...။

“အကယ်၍ ငါသာ အစစ်အမှန် အင်မော်တယ် ဖြစ်သွားရင်...၊ ကျဆုံးအင်မော်တယ် သုံးယောက်ကို ရင်ဆိုင်ဖို့က အေးဆေးပဲလေ...၊ အဲဒီအချိန်ကျရင် ငါက ငြင်းလိုက်ရင် သူတို့ဘာလုပ်နိုင်မှာလဲ...။”

ဟန်ရွှမ်ကလည်း ပြန်လည် ချေပလိုက်လေသည်...။

“ဘိုးဘေး...၊ ကျွန်တော် မေ့နေတာ တစ်ခုရှိတယ်...။ အဲဒီကောင်လေး သန့်စင်ထားတာဒီတစ်လုံးတည်း မဟုတ်ဘူး...။ ဘိုးဘေးသာ အင်မော်တယ် ဖြစ်သွားရင်သူတို့ဘက်မှာလည်း အင်မော်တယ် သုံးယောက် ရှိလာနိုင်တယ်လေ...။”

ယခုအခါ ကျိုးဟွာမှာ ပြောစရာ စကားမရှိတော့ပေ...။ သို့သော်လည်း ထိုသို့ ဆွေးနွေးပြီးနောက် သူတို့ ၏ သံသယများမှာ လျင်မြန်စွာပျောက်ကွယ်သွားခဲ့လေသည်...။

ဆေးမီးဖိုဂိုဏ်းဝင်များ အကြည့်ချင်း ဖလှယ်နေကြသည်ကို လင်းဖန် သတိထားမိလိုက်ပြီး သူတို့ စိတ်ချင်းဆက်သွယ်နေကြမှန်း သိလိုက်လေသည်...။ သူတို့ စကားများများပြောမိပြီးမှ သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ရိပ်မိသွားမည်ကိုစိုးရိမ်သဖြင့် လင်းဖန်က ဝင်ရောက်နှောင့်ယှက် လိုက်လေသည်...။

“ခင်ဗျား ဆေးကို စမ်းသောက်ကြည့်မှာလား မသောက်ဘူးလား...။ တစ်ခုခုပြောလေ...။”

“တကယ်လို့ ခင်ဗျား မစမ်းသပ်ဘူးဆိုရင် ဆေးလုံးတွေက အာနိသင်ရှိတယ်ဆိုတာကို ခင်ဗျား လက်ခံ လိုက်ပြီလို့ပဲ ကျွန်တော် မှတ်ယူလိုက်မယ်...။”

“အခု ဆေးသန့်စင်တဲ့ ပြိုင်ပွဲမှာ သုံးပွဲမှာ နှစ်ပွဲ ကျွန်တော် နိုင်သွားပြီဆိုတော့ လက်နက်ဖန်တီးတဲ့ ပြိုင်ပွဲကို စတင်ကြတာပေါ့...။”

လင်းဖန်၏ စကားများကို ကြားပြီးနောက် ကျိုးဟွာသည်လည်း အဝေးမှ စိတ်ချင်းဆက်သွယ်မှုကို အဆုံးသတ်လိုက်ကာ စကားဆိုလာခဲ့လေသည်။

“ဟွန့်...၊ မင်းက ဆေးကို စမ်းသပ်ချင်တယ်လို့ ပြောလာမှတော့ စည်းမျဉ်းတွေအတိုင်းပဲ လုပ်ကြတာ ပေါ့...။”

“ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းက မရိုးသားဘူးလို့ မင်း ထပ်မပြောနိုင်အောင်လို့ပဲ...။”

ထိုသို့ပြောရင်း သူသည် လက်ကို တိုက်ရိုက်မြှောက်လိုက်ကာ လေထဲတွင် လွင့်မျောလျက်ရှိနေသော အင်မော်တယ်ရုပ်သေးဆေးလုံးကို ဆင့်ခေါ်လိုက်လေ၏။

ထို့နောက် များစွာ တုံ့ဆိုင်းနေခြင်းမရှိဘဲ ဆေးလုံးကို တိုက်ရိုက် မျိုချလိုက်လေတော့သည်။

*ဟီးဟီး...၊ နောက်ဆုံးတော့် ခင်ဗျားလဲ အကွက်ထဲ ဝင်လာပြီပဲ…။ *

ကျိုးဟွာက သူ၏ အင်မော်တယ်ရုပ်သေးဆေးလုံးကို နောက်ဆုံးတွင် မျိုချလိုက်သည်ကို မြင်သောအခါ လင်းဖန်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ဤအချိန်မှစ၍ ပြိုင်ပွဲ၏အရှုံးအနိုင်က သူ့အတွက်အရေးမကြီးတော့ပေ။

ယခုမှစ၍ ဆေးမီးဖိုဂိုဏ်းသည် သူ၏ပိုင်ဆိုင်မှုဖြစ်လာပြီဟု တရားဝင် ကြေညာနိုင်ပြီဖြစ်ပေသည်။

ကျိုးဟွာကို ပြန်ကြည့်လိုက်ရာ ဆေးလုံးကို မျိုချပြီးနောက် ၎င်း၏အာနိသင်များက ချက်ချင်းဆိုသလို စတင်ပြသလာခဲ့လေသည်။

သူ၏ ကိုယ်တွင်းရှိ အင်မော်တယ်စွမ်းအင်များက တဖြည်းဖြည်း သိပ်သည်းလာခဲ့၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့သည့် အင်မော်တယ်ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် ပြန်လည်ပြုပြင်ခံနေရလေသည်။

သူ၏ ခန္ဓာကိုယ် အခြေအနေကို သတိပြုမိသွားချိန်တွင် ကျိုးဟွာသည် ချက်ချင်းဆိုသလို စိတ်လှုပ် ရှားစွာ ပြုံးလိုက်မိသည်။

သို့ရာတွင် သူ၏ အင်မော်တယ်ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်သွားသည့် အခိုက်အတန့် တွင် ကျိုးဟွာ၏ မျက်နှာထက်မှ အပြုံးမှာ ခဏတာ အေးခဲသွားပြီးနောက် အမြန် ပြန်လည် ပေါ်ပေါက် လာခဲ့သည်။

“အင်း...၊ ဤဆေးလုံးက တကယ်ကို အံ့မခန်းပါပဲ...။ ဒီအခိုက်အတန့်မှာ ငါ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်က ပြီးပြည့်စုံသွားပြီဖြစ်ပြီး ငါ့ရဲ့သက်တမ်းကလည်း သိသိသာသာ တိုးလာတဲ့အပြင် အခုဆိုရင် စစ်မှန်တဲ့ အင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ပြီ...။”

ကျိုးဟွာ၏ စကားကို ကြားသောအခါ ဆေးမီးဖိုဂိုဏ်းသားများမှာ စိတ်လှုပ်ရှားသွားကြသော်လည်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ဤသည်မှာ စိတ်လှုပ်ရှားစရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်သင့်သော်လည်း ဘိုးဘေး၏ တုံ့ပြန်မှုက အဘယ်ကြောင့် ဤမျှ သာမန်ကာလျှံကာ ဖြစ်နေရပါသနည်း။

သို့သော် ၎င်းမှာ ခဏတာမျှသာ သိချင်စိတ်ဖြစ်ပေါ်သွားခြင်း ဖြစ်သည်။

ဘိုးဘေး၏ တုံ့ပြန်မှုမှာ သူ၏ တည်ငြိမ်မှုနှင့် ပြင်ပ အကျိုးအမြတ်များအပေါ် ဂရုမစိုက်မှုတို့ကြောင့်ဟု သာ သူတို့ သတ်မှတ်လိုက်ကြသည်။

“ဂုဏ်ယူပါတယ် ဘိုးဘေး...၊ အခုဆိုရင် ဘိုးဘေးက တရားဝင် မြေကမ္ဘာအင်မော်တယ်တစ်ပါး ဖြစ်လာ ခဲ့ပါပြီ...။”

All Chapters