အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း (၂၃၂) ဆေးမီးဖိုဂိုဏ်း၏ ဘိုးဘေးကို အညံ့ခံစေခြင်း
ထျန်းယွမ်တိုက်ကြီးရှိ အင်မော်တယ်များမှာ မြေကမ္ဘာအင်မော်တယ်များမျှသာ မဟုတ်ကြပေ။
အတွင်းရှိ လူအုပ်ကြီး၏ ဂုဏ်ပြုစကားများကို ရင်ဆိုင်ရချိန်တွင် ကျိုးဟွာက ပြုံးရုံသာ တုံ့ပြန်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် လင်းဖန်နှင့် စိတ်ချင်းဆက်သွယ်ကာ စကားပြောဆိုနေခဲ့ပြီ ဖြစ်သည်။
“သခင့်ကို ဂါရဝပြုပါတယ်...။ ကျွန်တော့်ရဲ့ အင်မော်တယ်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းခွင့်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်...။”
အင်မော်တယ်ခန္ဓာကိုယ်က ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိသွားသည့် အခိုက်အတန့်၌ ကျွန်ပြု ခြင်းအာနိသင်က ရုတ်တရက် အသက်ဝင်လာခဲ့ပြီး ကျိုးဟွာကို အောင်မြင်စွာ ကျွန်ပြုနိုင်ခဲ့ခြင်း ဖြစ် သည်။
ဆေးသန့်စင်သူဖြစ်သည့် လင်းဖန်သည် ကျွန်ပြုခြင်း အောင်မြင်ကြောင်း အချက်ပြမှုကို သဘာဝကျ ကျပင် ခံစားသိရှိလိုက်ပေ၏။
ထို့နောက် သူက တစ်ဖက်လူထံ ချက်ချင်း စိတ်ချင်းဆက်သွယ်လိုက်ပြီး ရုတ်ရုတ်သဲသဲ မလုပ်ရန် ပြောလိုက်လေသည်။
ယင်းက ကျိုးဟွာမှ စိတ်ချင်းဆက်သွယ်မှုဖြင့် လျှို့ဝှက်စွာ ဂါရဝပြုသည့် မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့ ခြင်းပင်။
“အင်း...၊ အရမ်းကောင်းတယ်...။ အခုကစပြီး ခင်ဗျားက ငါတို့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ စတုတ္ထမြောက် အင်မော်တယ်ဖြစ်လာပြီ...။”
“မကြာခင် ငါ မင်းကို အင်မော်တယ်ဘုံဆီ ခေါ်သွားပြီး အဲဒီမှာ ငါတို့ မြင့်မြတ်နယ်မြေရဲ့ အခြေခံအုတ် မြစ်ကို တည်ဆောက်ရမယ်...။”
ထိုစကားကို ကြားသောအခါ ကျိုးဟွာက ထပ်မံ ကျေးဇူးတင်စကားဆိုလိုက်ပြီး ဆက်လက်၍ မေးမြန်း လာခဲ့လေသည်။
“သခင်...၊ ကျွန်တော်တို့ ပြိုင်ပွဲကို ဆက်လုပ်ကြမှာလား...။”
“အခုပဲ သူတို့ကို ပြန်ခေါ်သွားပြီး သခင့်ကို သူတို့ရဲ့သခင်အဖြစ် တစ်ယောက်ချင်းစီ အသိအမှတ်ပြုခိုင်း လိုက်ရင်ရော ဘယ်လိုလဲ...။”
ကျိုးဟွာ၏ စကားကို ကြားပြီးနောက် လင်းဖန်က ခဏတာ တွေးတောလိုက်ပြီးနောက် ပြန်လည် တုံ့ပြန် လိုက်လေသည်။
“မလိုဘူး...။ ပြိုင်ပွဲက ဆက်လုပ်ရမှာပဲ...။”
“ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ဆေးမီးဖိုဂိုဏ်းကို သိမ်းပိုက်ဖို့အပြင် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ ဟင်းလင်းပြင်မျှော်စင် နာမည်ဂုဏ်သတင်း ကြီးမားလာဖို့လည်း ပါတယ်...။”
“ဆက်ပြီး ယှဉ်ပြိုင်ကြတာပေါ့...။ ငါ့ရဲ့ ဟင်းလင်းပြင်မျှော်စင် ဂုဏ်သတင်းကို နောက်ထပ် အချိန်အတန် ကြာ ဆက်ပြီး ပျံ့နှံ့နေပါစေဦး...။”
“ဒါ့အပြင် အကယ်၍ ရုတ်တရက်ကြီး ပြီးဆုံးသွားမယ်ဆိုရင် ခင်ဗျားတို့ရဲ့ ဆေးမီးဖိုဂိုဏ်းက ဟင်းလင်း ပြင်မြင့်မြတ်နယ်မြေထဲ ဝင်ရောက်သွားတယ်ဆိုတဲ့ သတင်းက မကြာခင် ပျံ့နှံ့သွားလိမ့်မယ်...။”
“အဲဒါဆို တခြားဂိုဏ်းတွေက ခင်ဗျားသောက်လိုက်တဲ့ ဆေးလုံးတွေထဲမှာ တစ်ခုခုများ ပါနေသလားလို့ သံသယဝင်သွားကြလိမ့်မယ်...။”
“အဲဒီလိုဆိုရင် အင်မော်တယ်ရုပ်သေးဆေးလုံးတွေကို ဆက်ရောင်းဖို့ ငါ့အတွက် ခက်ခဲသွားလိမ့် မယ်...။”
လင်းဖန်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူ၏သခင်မှာ ပညာရှိလှကြောင်း ကျိုးဟွာက ချီးကျူး လိုက်လေသည်။
ကျိုးဟွာအား နောက်ထပ် ညွှန်ကြားချက်အချို့ ပေးပြီးနောက် လင်းဖန်သည် စိတ်ချင်းဆက်သွယ်မှုကို အဆုံးသတ်လိုက်၏။
“ဆေးမီးဖိုဂိုဏ်းက လူတိုင်းပဲ...၊ ဆေးလုံးကိုလည်း စမ်းသပ်ပြီးသွားပြီဆိုတော့ ဒီအချီမှာ ငါ နိုင်သွားပြီ မဟုတ်လား...။”
လင်းဖန်၏ စကားကို ကြားသောအခါ ဆေးမီးဖိုဂိုဏ်းမှ အကြီးအကဲဆွန်းက လှောင်ပြုံး ပြုံးလိုက်သည်။
သူ့အမြင်တွင်တော့ သူ၏ ရှေ့ရှိ ကောင်လေးသည် မိမိ၏ အဆင့်အတန်းကို သတိမပြုမိဘဲ ဖြစ်နေသည် ဟု ထင်မြင်မိလေသည်။
သူတို့၏ ဘိုးဘေးသည်ပင် အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်း အောင်မြင်ခဲ့ပြီဖြစ်ရာ သူတို့က အရှုံးအနိုင်ကို ဆွေးနွေးရဲသေးသည်တဲ့လား။
“ဟက်...၊ မင်းက နိုင်သွားပြီလို့ ပြောရုံနဲ့ ရမယ်ထင်နေလား...။ ငါတို့ရဲ့ အင်မော်တယ်ဘိုးဘေးကိုရော မေးပြီးသွားပြီလား...။”
ထိုသို့ပြောလာသည်ကို ကြားသောအခါ လင်းဖန် ခဏတာ ကြောင်အမ်းသွားခဲ့ရလေသည်။
*အကြီးအကဲဆွန်းက ဆေးသန့်စင်တာများပြီး ရူးသွားတာများလား...။* ဟု သူ တွေးလိုက်မိ၏။
လင်းဖန် စကားမပြောနိုင်မီ ကျိုးဟွာက စိတ်ပျက်သွားသည့် အမူအရာဖြင့် အကြီးအကဲဆွန်းအား ပြောလိုက်လေသည်။
“မင်းက ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းကို ဖျက်ဆီးချင်နေတာလား...။”
ထိုစကားကို ကြားသောအခါ အကြီးအကဲဆွန်းသည် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် သူ၏ ဂိုဏ်းချုပ်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ဂိုဏ်းချုပ်ဟန်ရွှမ်သည် သူ၏ နဖူးကို ပွတ်သပ်လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ တိတ်တဆိတ် ပြော လိုက်လေ၏။
“ငါတို့မှာ အင်မော်တယ်ဘိုးဘေး တစ်ပါးရှိပေမဲ့ တဖက်လူဆီမှာက သုံးပါးတောင် ရှိနိုင်တယ်လေ...။”
ထိုအခါမှသာ အကြီးအကဲဆွန်းသည် ဘာတွေဖြစ်နေသည်ကို နောက်ဆုံးတွင် သဘောပေါက်သွား လေတော့သည်။
မှန်ပေသည်။ တစ်ဖက်လူသည် ယခုတစ်သုတ်တွင် ဆေးလုံးတစ်လုံးထက်ပို၍ သန့်စင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ အလိုရှိပါက ဂိုဏ်းသုံးဂိုဏ်းမှ ကျဆုံးအင်မော်တယ်များကို စစ်မှန်သော အင်မော် တယ်များအဖြစ် အချိန်မရွေး ပြောင်းလဲပေးနိုင်စွမ်း ရှိပေသည်။
“အင်း...။ ငါ မင်းအတွက် ဘိုးဘေးကို မေးပေးလိုက်ပါပြီ..။ ဒီအချီမှာ မင်း တကယ်ပဲအနိုင်ရသွားခဲ့ပြီ...။”
ထိုသို့ပြောပြီးနောက် အကြီးအကဲဆွန်းက လူအုပ်ကြီး၏ အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွား ခဲ့လေသည်။
အကြီးအကဲဆွန်း၏ စကားကို ကြားပြီးနောက် လင်းဖန်က ပြုံးလျက် ဆက်ပြောလိုက်လေသည်။
“ကောင်းပြီ...၊ အခု ဆေးသန့်စင်တဲ့ ပြိုင်ပွဲမှာ ငါတို့ နှစ်ပွဲ နိုင်သွားပြီဆိုတော့ ပထမအမှတ်ကို ရသွား ပြီပေါ့...။”
“အခု လက်နက်ဖန်တီးတဲ့ စမ်းသပ်မှုကို စတင်ကြရအောင်... ။ ခင်ဗျားတို့အနေနဲ့ ငါ့ကို စိန်ခေါ်မှုတချို့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...။”
ယင်းကို ကြားပြီးနောက် ဆေးမီးဖိုဂိုဏ်းမှ ဟန်ရွှမ်က ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည်။
“ဟွန့်...၊ လက်နက်ဖန်တီးတဲ့ ပြိုင်ပွဲမှာ ငါ ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်မယ်...။”
“ပထမအချီမှာ ငါတို့ရဲ့ တိုက်ခိုက်ရေး မှော်လက်နက်တွေကို စမ်းသပ်ကြတာပေါ့...။”
လင်းဖန်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး ပြောလိုက်လေ၏။
“ဘာဖြစ်ဖြစ် ရပါတယ်...။”
“သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိသေးလား...။ ဥပမာ တိုက်ခိုက်ရေး မှော်လက်နက်ရဲ့ အဆင့် ဒါမှမဟုတ် အမျိုးအစား စသဖြင့်ပေါ့...။”
ဟန်ရွှမ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် စကားဆိုလာခဲ့လေသည်။
“အဆင့်ကတော့ နဝမအဆင့် ဖြစ်သင့်တယ်...။ အမျိုးအစားအတွက်တော့ အထင်ရှားဆုံးဖြစ်တဲ့ ပျံသန်း နိုင်တဲ့ ဓားပျံကို ဖန်တီးကြတာပေါ့...။”
ထိုသို့ပြောပြီးနောက် ဟန်ရွှမ်က အချိန်ထပ်မဆွဲတော့ဘဲ သူ၏ မီးဖိုနှင့် အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်း များကို ထုတ်ယူလိုက်လေသည်။
ခဏတာ စဉ်းစားပြီးနောက် လင်းဖန်က ဓားပျံ အမျိုးအစားသစ်ကို သုတေသန မလုပ်တော့ရန် ဆုံးဖြတ် လိုက်လေသည်။
အဖြူရောင်ဓါးသွားသည် ဘေးထွက်ဆိုးကျိုး နှိုင်းယှဉ်ချက်အားဖြင့် နည်းပါးသောကြောင့် အနာဂတ် တွင် မြှင့်တင်ရောင်းချနိုင်မည့် တန်ဖိုးရှိသော ကိရိယာတစ်ခု ဖြစ်လေသည်။
လင်းဖန်သည် ဤဘေးထွက်ဆိုးကျိုးအကြောင်းကို မည်သူ့ကိုမျှ မပြောပြခဲ့ဖူးပေ။
တကယ်တမ်းတွင် ယင်းက သွေးသားတော်စပ်သူများကို ကျပန်း ထိခိုက်စေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဤသည်မှာ လီယွမ်က သူ၏အပေါ် မည်သည့် အထူးစွမ်းရည်မျှ အသုံးမပြုခဲ့သော်လည်း လီချွမ်းက သူ၏ ဒူးကို အလိုအလျောက် ထောက်ချလိုက်ရသည့် အကြောင်းရင်းလည်း ဖြစ်လေသည်။
ဤမတော်တဆ ထိခိုက်မှုသည် အမှန်တကယ် ဆိုးရွားသော ဒဏ်ရာကို မဖြစ်စေသောကြောင့် ဘေးထွက်ဆိုးကျိုးများကို လျစ်လျူရှုထားနိုင်လောက်သည်ဟု လင်းဖန် ခံစားခဲ့ရလေသည်။
ထို့အပြင် အဖြူရောင်ဓါးသွားကို သူ၏အဆင့်ထက် ကျော်လွန်၍ ထိန်းချုပ်နိုင်သည့် စွမ်းရည်လည်း ရှိသေးသည်။
ယခင်က ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ထိန်းချုပ်နိုင်ပြီး ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးသည် မဟာယာနအဆင့် ကျင့်ကြံသူကို ထိန်းချုပ်နိုင်ပေသည်။
သို့သော် သတ္တမအဆင့်သို့ ရောက်သည်နှင့် တတိယမြောက် အတိဒုက္ခကို ဖြတ်ကျော်ပြီးသော အတိ ဒုက္ခအဆင့် ကျင့်ကြံသူများကိုသာ ထိန်းချုပ်နိုင်တော့သည်။
အဋ္ဌမအဆင့် အဖြူရောင်ဓါးသွားက ဆဋ္ဌမမြောက် အတိဒုက္ခအတွင်းရှိ ကျင့်ကြံသူများကို ထိန်းချုပ်နိုင် လေသည်။
နဝမအဆင့် အဖြူရောင်ဓါးသွားကမူ ကျဆုံးအင်မော်တယ်အဆင့် အောက်ရှိ ကျင့်ကြံသူများကို ထိန်းချုပ်နိုင်ပေသည်။
မိမိအဆင့်ထက် ကျော်လွန်၍ လှုပ်ရှားနိုင်သော စွမ်းရည်မှာ လျော့ကျသွားပုံပေါ်သော်လည်း တကယ် တမ်းတွင် ထိုသို့မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အတိဒုက္ခအဆင့်အပြီး အတိဒုက္ခ တစ်ခုစီကြား ကွာဟချက်သည် အတိဒုက္ခ မတိုင်မီ အဓိကအဆင့် တစ်ခုကြား ကွာဟချက်ထက် များစွာ ကြီးမားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤရှုထောင့်မှ ကြည့်လျှင် ဤအဆင့်ကျော်လွန်နိုင်စွမ်းမှာ လျော့ကျသွားခြင်း မဟုတ်ဘဲ ပို၍ပင် တိုးလာခြင်း ဖြစ်သည်။
အတွေးနယ်ချဲ့နေသော လင်းဖန်သည် ဟန်ရွှမ်က ကုန်ကြမ်းပစ္စည်းများကို စတင်ခွဲဝေနေပြီ ဖြစ်သည်ကို မြင်သောအခါ ထပ်မံ အချိန်ဆွဲမနေတော့ပေ။
ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထဲသို့ ကုန်ကြမ်းအချို့ကို အလျင်အမြန် ထည့်သွင်းပြီးနောက် လက်နက် ဖန်တီးရန် အဆင်သင့် ဖြစ်သွားခဲ့ချေသည်။
ထိုစဉ် လင်းဖန်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး မီးဖိုထဲသို့ အင်မော်တယ် စွမ်းအင် အချို့ကို ထပ်မံ ထည့်သွင်းလိုက်လေသည်။
အင်မော်တယ်စွမ်းအင်အချို့ ပေါင်းထည့်ခြင်းဖြင့် ဓားပျံ၏ အရည်အသွေးကို မြှင့်တင်ကြည့်ရန် သူ တွေးလိုက်ခြင်း ဖြစ်ပေသည်။
အင်မော်တယ်စွမ်းအင် ထည့်သွင်းပြီးနောက် လင်းဖန်က မီးဖိုကို ပိတ်ကာ စတင် ဖန်တီးတော့သည်။
ဤလက်နက်ဖန်တီးသည့် လုပ်ငန်းစဉ်သည် အချိန်အတော်ကြာမြင့်ပြီး အမွှေးတိုင်တစ်တိုင်စာမျှ လောင်ကျွမ်းချိန် ကြာမြင့်ပြီးနောက်မှ နောက်ဆုံးတွင် ပြီးစီးသွားခဲ့သည်။
“ဒင်” ဟူသော အသံကို ကြားသောအခါ လင်းဖန်သည် စူးစမ်းလိုစိတ်ဖြင့် မီးဖိုကို အလျင်အမြန် ဖွင့်ကြည့်လိုက်လေ၏။
[အဖြူရောင်အင်မော်တယ်ဓားသွား (မြည်းတံဆိပ်) - တစ်ပိုင်းနတ်ဘုရားအဆင့် လက်နက်။]
[လုပ်ဆောင်ချက် (၁) - လက်ဗလာဖြင့် ဓားကို ဖမ်းဆီးနိုင်ချေ (၁၀၀) ရာခိုင်နှုန်း ရှိသည်။
ဤစွမ်းရည်ကို ရန်သူအပေါ် အသုံးပြုသောအခါ ရန်သူသည် ထိန်းချုပ်မရနိုင်ဘဲ ဒူးထောက်ကျသွားကာ လက်ဗလာဖြင့် ဓားကို ဖမ်းဆီးမိလျက်သား ဖြစ်သွားလိမ့်မည်။]
[လုပ်ဆောင်ချက် (၂) - စွမ်းအင် စုပ်ယူခြင်း။
ရန်သူသည် လက်ဗလာဖြင့် ဓားကို ဖမ်းဆီးလိုက်သောအခါ ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင် (စိတ် ဝိညာဉ်စွမ်းအား၊ အင်မော်တယ်စွမ်းအင် စသည်တို့) ကို စုပ်ယူနိုင်သည်။]
[လုပ်ဆောင်ချက် (၃)- စွမ်းအင် ထုတ်လွှတ်ခြင်း။
ဓားသည် စွမ်းအင် လုံလောက်စွာ စုပ်ယူပြီးသည်နှင့် တစ်ပြိုင်နက်တည်း အားလုံးကို ထုတ်လွှတ်နိုင်ပြီး ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်သည်။]
[ထွက်ဆိုးကျိုး - တစ်ခါတစ်ရံ မိတ်ဆွေနှင့် ရန်သူကို မခွဲခြားနိုင်ပါ။]
အဖြူရောင်ဓါးသွား၏ ဖော်ပြချက်ကို ကြည့်ရင်း လင်းဖန်၏ ရင်ထဲတွင် ဝမ်းသာမှုလှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မမျှော်လင့်ဘဲ အင်မော်တယ်စွမ်းအင် ထည့်သွင်းပြီးနောက် ဤအဖြူရောင်ဓါးသွားမှာ အင်မော်တယ် တစ်ပိုင်းလက်နက်အဖြစ် တကယ်ပင် ပြောင်းလဲသွားခဲ့လေသည်။
ထို့အပြင် ၎င်းတွင် အလွန်အသုံးဝင်သော လုပ်ဆောင်ချက် နှစ်ခုလည်း ပါဝင်သေးသည်။
ဤအရာက အဖြူရောင်ဓါးသွားကို ကိုင်ဆောင်ထားချိန်တွင် အဆင့်ပိုမြင့်သော ပြိုင်ဘက်များကို တိုက်ခိုက်ရာ၌ များစွာ ပိုမို လွယ်ကူသွားစေပေလိမ့်မည်။
ပထမဦးစွာ ပြိုင်ဘက်၏ စွမ်းအင်ကို စုပ်ယူရန် လက်ဗလာဖြင့် ဓားကို ဖမ်းဆီးနိုင်သော စွမ်းရည်ကို အသုံးပြုပြီးနောက် ရန်သူကို ပြန်လည် တိုက်ခိုက်ရန် ထိုစွမ်းအင်ကို ထုတ်လွှတ်ရုံပင်။
ရန်သူကို သူတို့၏ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် မှော်စွမ်းအင်ဖြင့် ပြန်လည် အနိုင်ယူခြင်းက တကယ်ကို ပြီးပြည့်စုံလွန်းလှပေသည်။
သို့သော်လည်း လင်းဖန်သည် ဤမျှကောင်းမွန်သော အင်မော်တယ် တစ်ပိုင်းနတ်ဘုရားအဆင့် အဖြူ ရောင်ဓါးသွားကို သဘာဝကျကျပင် ရောင်းချမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် နဝမအဆင့် ဓားပျံသည်ပင် ကျဆုံးအင်မော်တယ်တစ်ပါးကို ပစ်မှတ်ထားနိုင်ရာ ဤအင်မော်တယ်တစ်ပိုင်းအဆင့် လက်နက်သည် ပြီးပြည့်စုံသော အင်မော်တယ်ခန္ဓာကိုယ် ပိုင်ရှင်ကိုပင် ပစ်မှတ်ထားနိုင်စွမ်း ရှိပေလိမ့်မည်။
အကယ်၍ ယင်းကိုသာ ရောင်းချလိုက်ပါက သူတို့၏ မြင့်မြတ်နယ်မြေရှိ အင်မော်တယ် လေးပါးအနေ ဖြင့် အသာစီးရမှုကို ဆုံးရှုံးသွားလိမ့်မည် မဟုတ်ပါလော။
*ကောင်းပြီ...။ အခုကစပြီး အဋ္ဌမအဆင့် အဖြူရောင်ဓါးသွားတွေကို အပြင်လူတွေဆီပဲ ရောင်းချပြီး နဝမအဆင့် ဓားတွေကိုတော့ ရင်းနှီးတဲ့ မဟာမိတ်တွေကိုပဲ ရောင်းမယ်...။ အင်မော်တယ်တစ်ပိုင်းအ ဆင့် လက်နက်တွေကိုတော့ မြင့်မြတ်နယ်မြေက လူတွေအတွက်ပဲ သီးသန့် ထားရှိရမယ်...။*
လင်းဖန်က အဖြူရောင်ဓါးသွား၏ အရောင်းအဝယ်ကိစ္စကို စဉ်းစားနေစဉ် ဆေးမီးဖိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သူ ဟန်ရွှမ်သည်လည်း သူ၏ မှော်လက်နက်ကို အောင်မြင်စွာ ဖန်တီးပြီးသွားခဲ့ပြီ ဖြစ်သည်။
သူက ဖန်တီးထားသော ဓားပျံကို ထုတ်ယူလိုက်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။
ထို့နောက် လင်းဖန် ဖန်တီးထားသော ဓားပျံကို လှမ်းကြည့်လိုက်ပြီး ရွံရှာဖွယ် အမူအရာဖြင့် ပြောလိုက် လေသည်။
“ဟက်...၊ မင်းရဲ့ ဓားပျံအသွင်အပြင်က တော်တော်လေး ရုပ်ဆိုးလွန်းနေတယ် မဟုတ်ဘူးလား...။”
“အရမ်းကို ရိုးရှင်းလွန်းတော့ လမ်းဘေးဈေးသည်တွေဆီက ဝယ်လာတဲ့ ပစ္စည်းတစ်ခုလို့တောင် ထင်ရ တယ်...။”