← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) ဆေးမီးဖိုဂိုဏ်း အရေးနိမ့်ခြင်းနှင့် လင်းဖန်၏ အစွမ်းပြမှု

အမှန်စင်စစ် လင်းဖန်၏ အဖြူရောင်ဓါးသွားသည် မည်သည့် အပိုအပြင်အဆင်မှ မပါဘဲ အလွန်ပင် ရိုးရှင်းသော ပုံသဏ္ဌာန် ရှိလေသည်။ ထိုအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဟန်ရွှမ်၏ ဓားပျံမှာမူ များပြားလှသော ပန်းနွယ်ပုံစံများနှင့် အလှဆင်မွမ်းမံမှုများဖြင့် ပြည့်နှက်နေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုဓားမှာ အလွန်ပင် အဆင့်မြင့်ပြီး ခန့်ညားထည်ဝါလှသည်ဟု ထင်ရ ပေသည်။

အတွေးများ အနှောင့်အယှက် ခံလိုက်ရသော လင်းဖန်က ခေါင်းမော့ကာ တစ်ဖက်လူကို ကြည့်လိုက် လေသည်။

“လှပတဲ့ အသွင်အပြင်ဆိုတာ အလှဆင်ဖို့ သက်သက်ပါပဲ...၊ မင်းရဲ့ ဓားပျံက ကြည့်ကောင်းရုံသက်သက် ပဲ ဖြစ်မှာပါ...။”

ထိုစကားကို ကြားသောအခါ ဟန်ရွှမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း မည်သည့်စကားမှ ပြန်မပြောတော့ပေ။ တစ်ဖက်လူလည်း လက်နက်ဖန်တီးခြင်း ပြီးဆုံးသွားသည်ကို မြင်သောအခါ လင်းဖန်က ဆက်၍ ပြောလိုက်လေသည်။

“အခု အားလုံးလည်း လုပ်ဆောင်လို့ ပြီးပြီဆိုတော့ သရုပ်ပြမှုကို စလိုက်ကြရအောင်...။ ငါကပဲ အရင် စလိုက်ပါ့မယ်...။”

တစ်ဖက်လူ ပြန်မဖြေနိုင်ခင်မှာပင် လင်းဖန်က စင်အောက်ရှိ ပရိသတ်များကို ကြည့်လိုက်လေသည်။

“ငါ့ရဲ့ ဒီဓားကို အဖြူရောင်ဓါးသွားလို့ ခေါ်တယ်...။ ဒါက ငါတို့ ဟင်းလင်းပြင်မျှော်စင်ရဲ့ ကိုယ်ပိုင်အမှတ် အသား မှော်လက်နက်ပဲ ဖြစ်တယ်...။”

“ငါတို့ဆီမှာ ပထမအဆင့်ကနေ နဝမအဆင့်အထိ ဓားတွေ ရှိပါတယ်...။ ဒါပေမဲ့ နဝမအဆင့် အဖြူ ရောင်ဓါးသွားတွေကိုတော့ လောလောဆယ် မိတ်ဖက်အဖွဲ့အစည်းတွေကိုပဲ ရောင်းချပေးဦးမှာပါ...။”

“ဒီအဖြူရောင်ဓါးသွားရဲ့ အားသာချက်တစ်ခုကတော့ အဆင့်တူဓားတွေထဲမှာ ယှဉ်စရာမရှိအောင် မာကျောတာပဲ ဖြစ်တယ်...။”

“ဘယ်လို အဆင့်တူ ဓားပျံမဆို ငါ့ရဲ့ အဖြူရောင်ဓါးသွားနဲ့ ထိတွေ့မိတာနဲ့ အမှိုက်သံတိုသံစတွေ ဖြစ်သွား ပါလိမ့်မယ်...။”

“မင်းတို့ ရန်သူနဲ့ တိုက်ခိုက်နေတုန်းမှာ မင်းတို့ရဲ့ လက်နက်နဲ့တင် ရန်သူ့ရဲ့ ဓားပျံကို ဖျက်ဆီးပစ်နိုင် တယ်ဆိုရင် အနိုင်ရဖို့ သေချာသွားပြီ မဟုတ်ဘူးလား...။”

ထိုစကားကို ကြားသောအခါ အဖြူရောင်ဓါးသွား၏ စွမ်းပကားကို တစ်ခါမှ မမြင်ဖူးသော ပရိသတ်များ မှာ မည်သည့်သံသယမှ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖန်၏ ယခင်ဆေးလုံးများမှာ အံ့အား သင့်ဖွယ် အစွမ်းများကို လက်တွေ့ပြသနိုင်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် ဤအဖြူရောင်ဓါးသွား၏ မာကျောမှုမှာ ရှေ့တွင် ပြောပြခဲ့သော ဆေးလုံးနှစ်မျိုးနှင့် ယှဉ်လျှင် သာမန်မျှသာ ဖြစ်နေတော့သည်။

သို့သော် ပရိသတ်များက မသံသယဖြစ်သော်လည်း ဟန်ရွှမ်ကမူ သံသယရှိနေဆဲ ဖြစ်သည်။ လင်းဖန် ပြောသည့်အတိုင်းဆိုလျှင် ထိုဓားမှာ သူ၏ ဓားပျံထက် ပိုကောင်းနေသည် မဟုတ်ပါလား။

“ဟက်...၊ ရယ်စရာပဲ...။”

“အဆင့်နိမ့် မှော်လက်နက်ဆိုရင်တော့ အဆင့်တူ ဓားပျံကို ထိခိုက်စေနိုင်တာက နားလည်ပေးလို့ ရပါတယ်...။ ဒါပေမဲ့ အဆင့်မြင့် ဓားပျံတွေကတော့ အဖိုးတန် ကုန်ကြမ်းတွေ အများကြီးနဲ့ ပြုလုပ် ထားတာမို့ အဲဒီလောက် လွယ်လွယ်နဲ့တော့ ပျက်စီးမှာ မဟုတ်ဘူး...။”

စကားအဖြတ်ခံလိုက်ရသဖြင့် လင်းဖန်က ဟန်ရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်း မယုံဘူးဆိုရင် ခဏနေကျရင် မင်းရဲ့ ဓားပျံကို ချိုးပြပြီး သက်သေပြပေးမယ်...။ အခု ငါ ဓား အကြောင်း ရှင်းပြနေတာမို့ လာပြီး ကြားဖြတ်မပြောပါနဲ့ဦး...။”

ဟန်ရွှမ်က နှာခေါင်းရှုံ့လိုက်သော်လည်း ထပ်၍ စကားမဆိုတော့ပေ။ ထို့နောက် လင်းဖန်က သူ၏ မိတ်ဆက်မှုကို ဆက်လက်ပြုလုပ်လိုက်လေသည်။

“အဆင့်တူ ဓားပျံတွေကို ဖျက်ဆီးနိုင်တာက ဒီဓားရဲ့ အခြေခံ အစွမ်းတစ်ခုပဲ ရှိပါသေးတယ်...။”

“ဒါ့အပြင် ငါ့ရဲ့ အဖြူရောင်ဓါးသွားမှာ အသုံးပြုသူရဲ့ ကျင့်ကြံမှုအဆင့်ကို ဂရုမစိုက်ဘဲ အဆင့်ကျော် တိုက်ခိုက်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ရှိပါသေးတယ်...။”

“ဥပမာအနေနဲ့ မင်းက ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူပဲ ဖြစ်နေဦးတော့...။ ပထမအဆင့် အဖြူ ရောင်ဓါးသွားကို အသုံးပြုပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ခဏတာ ထိန်းချုပ်ထားနိုင်ပါလိမ့် မယ်...။”

“ဒုတိယအဆင့် အဖြူရောင်ဓါးသွားဆိုရင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ထိန်းချုပ်နိုင်ပါမယ်...။ ဒီအတိုင်းပဲ အဆင့်အလိုက် ဆက်သွားမှာပါ...။”

“အကယ်၍ ဒီအဖြူရောင်ဓါးသွားကို စိတ်ဝင်စားတဲ့သူ ရှိရင် နောက်ပိုင်းမှာ ငါတို့ ဟင်းလင်းပြင်မျှော်စင် မှာ လာပြီး မှာယူလို့ ရပါတယ်...။”

လင်းဖန်က ဓား၏ အစွမ်းများကို ရှင်းပြရမည့် အခွင့်အရေးကို အသုံးချကာ ကြော်ငြာဝင်နေသည်ကို မြင်သောအခါ ဟန်ရွှမ်က မကျေမနပ် ဖြစ်သွားခဲ့လေသည်။

“အခြေအနေကိုလည်း သတိထားပါဦး...။ ငါတို့က ပြိုင်ပွဲလုပ်နေတာလေ...၊ ပစ္စည်းမိတ်ဆက်ပွဲ လုပ်နေ တာ မဟုတ်ဘူး...။”

ထိုစကားကို ကြားသောအခါ လင်းဖန်က ခပ်ဟဟ ရယ်မောလိုက်ပြီး...၊

“ဟားဟား...။ တောင်းပန်ပါတယ်...၊ ဒါက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလေ့အကျင့် ဖြစ်သွားလို့ ပါ...။”

စင်အောက်ရှိ ပရိသတ်များမှာ စိတ်ဝင်တစား ရှိနေကြသည်ကို မြင်သောအခါ လင်းဖန်မှာ အလွန်ပင် ကျေနပ်သွားပေသည်။ ထို့နောက် သူက လက်ထဲရှိ ဓား၏ လုပ်ဆောင်ချက်များကို ဆက်လက် ရှင်းပြ လိုက်လေသည်။

“ကဲ...၊ ငါ့လက်ထဲက ဒီဓားရဲ့ နောက်ထပ် လုပ်ဆောင်ချက်တွေကို ဆက်ပြီး ပြောပြမယ်...။”

“ဒီဓားကို ငါက ဒီပြိုင်ပွဲအတွက် အထူးသေချာ ဖန်တီးထားတာမို့ သာမန် အဖြူရောင်ဓါးသွားတွေထက် လုပ်ဆောင်ချက် နှစ်မျိုး ပိုပြီးပါဝင်ပါတယ်...။”

“အဲဒီ လုပ်ဆောင်ချက် နှစ်ခုကတော့ စွမ်းအင်စုပ်ယူခြင်းနဲ့ စွမ်းအင်ထုတ်လွှတ်ခြင်းတို့ပဲ ဖြစ်ပါတယ်...။”

“ဒါကို စကားနဲ့ ရှင်းပြဖို့ ခက်ခဲတာမို့ လက်တွေ့ သရုပ်ပြပေးပါ့မယ်...။”

ပြောပြောဆိုဆိုဖြင့် လင်းဖန်က သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ဟန်ရွှမ်ကို ကြည့်လိုက်လေသည် ။ ထို့နောက် သူက ဓားကို ဟန်ရွှမ်ဘက်သို့ တိုက်ရိုက် ဝှေ့ယမ်းလိုက်လေတော့သည်။

လင်းဖန်က ရုတ်တရက် တိုက်ခိုက်လာသည်ကို မြင်သောအခါ ဟန်ရွှမ်မှာလည်း တုန်လှုပ်သွားခဲ့လေ သည်။ သူသည် အလျင်အမြန်ပင် သူဖန်တီးထားသော ဓားပျံဖြင့် ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူ ခုခံရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်၍ မရတော့ကြောင်း ရုတ်တရက် သိလိုက်ရ လေသည်။

ထို့နောက် သူသည် လက်ထဲရှိ ဓားပျံကို ပစ်ချလိုက်ပြီး လင်းဖန်၏ ရှေ့သို့ ဒူးထောက် လျောတိုက်ဝင် သွားကာ လင်းဖန်၏ ဓားသွားကို သူ၏ လက်နှစ်ဖက်ကြားတွင် ညှပ်၍ ဖမ်းထားလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ အဖြူရောင်အင်မော်တယ် ဓားသွားထဲသို့ အရှိန်အဟုန်ဖြင့် စုပ်ယူခြင်း ခံလိုက်ရလေတော့သည်။

ဤမြင်ကွင်းကြောင့် ရောက်ရှိနေသူ အားလုံးမှာ မှင်တက်သွားကြတော့သည်။ ခဏအကြာတွင် တစ် ဖက်လူ၏ ဝိညာဉ်စွမ်းအား အများစုမှာ စုပ်ယူခြင်း ခံလိုက်ရပြီးမှ လင်းဖန်က ထိုလုပ်ဆောင်ချက်ကို ရပ်တန့်လိုက်လေသည်။

ထို့နောက် သူက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဟန်ရွှမ်၏ ခန္ဓာကိုယ်ထဲမှ စုပ်ယူထားသော ဝိညာဉ်စွမ်းအားများကို ပြန်လည် ထုတ်လွှတ်လိုက်လေသည်။ ထိုအခါ လူတိုင်းသည် ကြောက်မက်ဖွယ် ကောင်းသော ဓားအရှိန်အဝါတစ်ခု ဆေးမီးဖိုဂိုဏ်းဝင်များဘက်သို့ ဦးတည်သွားသည်ကို မြင်လိုက်ကြရ လေသည်။

နောက်ဆုံးတွင် ကျိုးဟွာက ဝင်ရောက် တားဆီးလိုက်မှသာ ထိုဓားစွမ်းအင်မှာ ပျောက်ကွယ်သွားလေ တော့သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လင်းဖန်က ကြောင်အမ်းအမ်းဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ဟန်ရွှမ်ကို ကြည့်ကာ ပြောလိုက်လေသည်။

“ဘယ်လိုလဲ ရောင်းရင်း...။ မင်းရဲ့ ခံစားချက်က ဘယ်လိုရှိလဲ...၊ ငါ့ရဲ့ အဖြူရောင်ဓါးသွားက မင်းရဲ့ ဓားပျံထက် သာတယ်လို့ မင်း ထင်ရဲ့လား...။”

ဟန်ရွှမ်မှာ ယခုအချိန်တွင် စိတ်ဓာတ်များ ပြိုလဲနေပြီ ဖြစ်သည်။ လူပုံအလယ်တွင် အရှက်ရသွားသော ကြောင့်သာမက လက်နက်ဖန်တီးခြင်းတွင်ပါ ရှုံးနိမ့်သွားခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်လူ၏ ဓားစွမ်း ပကားမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ခံစားလိုက်ရသဖြင့် ဤတစ်ချီတွင် သူ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သူ ကောင်းကောင်း သိလိုက်လေသည်။

ခဏအကြာတွင် ဟန်ရွှမ်က သတိပြန်ဝင်လာပြီး ဖြည်းညင်းစွာ ထရပ်လိုက်လေသည်။

“ဒီတစ်ချီမှာ ငါ ရှုံးနိမ့်သွားပြီ...။”

ထိုစကားတစ်ခွန်းကိုသာ ပြောပြီးနောက် ဟန်ရွှမ်သည် လှည့်ထွက်ကာ ဆေးမီးဖိုဂိုဏ်းအဖွဲ့ထဲသို့ ပြန်ဝင် သွားလေတော့သည်။ လင်းဖန်မှာ တစ်ဖက်လူ၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် အံ့အားသင့်သွားရလေသည်။

“ကဲ...၊ ဒုတိယအကြိမ် လက်နက်ဖန်တီးခြင်း ပြိုင်ပွဲကို စကြရအောင်... ။ ဘယ်သူ လာယှဉ်ဦးမလဲ...။”

ထိုစကားကို ကြားသောအခါ ဆေးမီးဖိုဂိုဏ်းမှ မည်သူမျှ ထွက်၍ မစိန်ခေါ်ရဲကြတော့ပေ။ သူတို့နှစ်ဦး စလုံးမှာလည်း နောက်တစ်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်မှု မရှိကြတော့သည်မှာ ထင်ရှားလှသည်။

သူ၏ နောက်ကွယ်မှ လူများမှာ အချိန်အတော်ကြာသည်အထိ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ ကျိုးဟွာက လင်းဖန်ထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းပို့လိုက်သည်။

“မျှော်စင်သခင်...၊ သူတို့အားလုံး ကြောက်နေကြပြီ...၊ ဘယ်လို ဆက်လုပ်ရမလဲ...။”

“ဒါမှမဟုတ် ကျွန်တော် တစ်ယောက်ယောက်ကို အတင်းအကျပ် ခိုင်းလိုက်ရမလား...။ ဒါမှမဟုတ် ကျွန်တော်ပဲ မျှော်စင်သခင်နဲ့ ယှဉ်ပြိုင်ပြီး ဒီပွဲကို အဆုံးသတ်လိုက်ရမလား...။”

ကျိုးဟွာ၏ စကားကို ကြားပြီးနောက် လင်းဖန်က ခဏတာ စဉ်းစားလိုက်ပြီးမှ ငြင်းပယ်လိုက်လေသည်။

“ထားလိုက်ပါတော့...။ ငါတို့ လုံလောက်အောင် ကြော်ငြာပြီးပြီပဲ...၊ သူတို့ကို ရှုံးနိမ့်ကြောင်း ဝန်ခံခိုင်း လိုက်ပါ...။”

“ငါ လုပ်စရာတွေ အများကြီး ရှိသေးတယ်...။ အချိန်တွေ အများကြီး မဖြုန်းချင်တော့ဘူး...။”

လင်းဖန်၏ ညွှန်ကြားချက်ကို ကြားသောအခါ ကျိုးဟွာက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တက်ကာ ပြော လိုက်လေသည်။

“မင်းရဲ့ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်း အရည်အချင်းက ငါတို့ ဆေးမီးဖိုဂိုဏ်း လိုက်မမီနိုင်တဲ့ အဆင့်မှာ ရှိနေပါတယ်...။ ဒီနေ့ ပြိုင်ပွဲမှာ ငါတို့ ဆေးမီးဖိုဂိုဏ်းက ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်...။”

ကျိုးဟွာ၏ စကားကြောင့် တစ်လောကလုံး ဟိုးဟိုးကျော် သွားတော့သည်။

“ဟင်...၊ ဒီအတိုင်းပဲ အရှုံးပေးလိုက်တာလား...၊ ငါတောင် အားမရသေးဘူး...။”

“တကယ်ကြီးလား...။ ဒီအတိုင်းပဲ အရှုံးပေးလိုက်တာလား...၊ ဒါဆိုရင် အလောင်းအစားကကော တည်ဦး မှာလား...။”

“ဘယ်သူသိမှာလဲ...။ ဒါက သေးငယ်တဲ့ ကိစ္စမှ မဟုတ်တာ...။”

“ဆေးမီးဖိုဂိုဏ်းက ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းမှာ ဒီလောက်အထိ အပြတ်အသတ် ရှုံးလိမ့် မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...။”

“တစ်ပွဲမှ မနိုင်ဘဲနဲ့ အရှုံးပေးလိုက်ရတာပဲ...။ အလောင်းအစားက အတည်မဖြစ်ရင်တောင် ဆေးမီးဖို ဂိုဏ်းရဲ့ ဂုဏ်သိက္ခာက ဘယ်မှာ ရှိတော့မှာလဲ...။”

ပရိသတ်များ၏ ဆွေးနွေးငြင်းခုံမှုများကို နားထောင်ပြီးနောက် လင်းဖန်က စကားပြောလိုက်သည်။

“ရလဒ်အရဆိုရင်တော့ ငါတို့ ဒီနေ့ပြိုင်ပွဲမှာ အနိုင်ရခဲ့တာ အမှန်ပါပဲ...။”

“ဒါပေမဲ့ တခြားတစ်ဖက်ကနေ ကြည့်မယ်ဆိုရင် ရှုံးနိမ့်သူဆိုတာ မရှိပါဘူး...။ ပြောရမယ်ဆိုရင် အားလုံး က အနိုင်ရသူတွေပါပဲ...။”

လင်းဖန်၏ စကားကြောင့် လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး သူ ဘာဆက်ပြောမည်ကို သိလိုစိတ်ဖြင့် ကြည့်နေခဲ့ကြလေသည်။

“လူကြီးမင်းတို့...။ ဒီနေ့ ရလဒ်က ငါတို့ သုံးဦးသုံးဖလှယ်လုံးအတွက် အနိုင်ရတဲ့ အခြေအနေလို့ ငါ ယုံကြည်ပါတယ်...။”

“ပထမဆုံး အနိုင်ကတော့ ဆေးမီးဖိုဂိုဏ်းအတွက်ပါ...။ သူတို့ရဲ့ ဘိုးဘေးက ပြီးပြည့်စုံတဲ့ အင်မော်တယ် ဖြစ်သွားသလို အင်မော်တယ်ဘုံကို တက်လှမ်းဖို့ အခွင့်အရေးလည်း ရသွားပြီ...။ ပြီးတော့ ဂိုဏ်းထဲက ဆေးဆရာတွေနဲ့ လက်နက်ဖန်တီးသူတွေအတွက်လည်း ဆေးလုံးတွေနဲ့ မှော်လက်နက်တွေအတွက် သုတေသန လုပ်စရာ လမ်းစအသစ်တွေ ရသွားတာပဲ...။ ဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား...။”

“ဒုတိယအနိုင်ကတော့ ငါတို့အတွက်ပါ...။ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ မိသားစုထဲမှာ နောက်ထပ် အဖွဲ့ဝင်သစ် တစ်ဦး တိုးလာတာမို့ ပိုပြီး ကြီးကျယ်လာတာပေါ့...။”

“တတိယအနိုင်ကတော့ အားလုံးအတွက်ပါ...။ အနာဂတ်မှာ မင်းတို့ အရင်ကထက် ပိုကောင်းတဲ့ ဆေးလုံးတွေနဲ့ မှော်ရတနာတွေကို ဝယ်ယူနိုင်တော့မှာ ဖြစ်လို့ပါပဲ...။”

“အတိုချုပ်ပြောရရင် ငါတို့အားလုံး အများကြီး အနိုင်ရခဲ့တာပါပဲ...။”

All Chapters