← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈) ကျောက်တုံးများကို စမ်းသပ်နင်းရင်း မြစ်ကို ဖြတ်ကူးခြင်း

ဤအခိုက်အတန့်တွင် ဘိုးဘေး၏ မျက်နှာထက်၌ ပြီးပြည့်စုံသော အင်မော်တယ်အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်နေသော အရိပ်အယောင်များ လုံးဝမရှိနေပေ...။ သူသည် ရွှီဟိုင်ချွမ် ကို နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလာခဲ့လေသည်...။

“အင်မော်တယ်အဆင့်ကို ရောက်ရှိသွားတာနဲ့အညီ ငါ့ရဲ့ သက်တမ်းကလည်း သိသိသာသာ တိုးလာခဲ့ ပြီ...။ ကောင်းပြီ... မင်း သွားပြီး မင်းလုပ်စရာရှိတဲ့ အလုပ်တွေ ဆက်လုပ်တော့...၊ ငါကတော့ ဒီ ပြီးပြည့်စုံတဲ့ အင်မော်တယ် ခန္ဓာကိုယ်နဲ့ ရင်းနှီးအောင် လုပ်ဖို့ လိုအပ်သေးတယ်...။”

ဘိုးဘေးကြီး၏ တည်ငြိမ်လှသော အသံကို ကြားရသည်တွင် ရွှီဟိုင်ချွမ်က စိတ်ထဲမှ ကျိတ်၍ ချီးကျူးလိုက်မိလေသည်...။

*ဘိုးဘေးကြီးကတော့ ဘိုးဘေးကြီးပါပဲ...။ အင်မော်တယ်ဘုံကို တက်လှမ်းနိုင်တဲ့ ဒီလို ဝမ်းသာစရာ အချိန်မျိုးမှာတောင် အရမ်းကို တည်ငြိမ်အေးဆေးနေတာပဲ...။*

“အမိန့်အတိုင်းပါ ဘိုးဘေးကြီး...။ တပည့်အနေနဲ့ ဘိုးဘေးကြီးရဲ့ အနားယူမှုကို နောက်ထပ် မနှောင့် ယှက်တော့ပါဘူး...။”

ထိုသို့ ပြောပြီးနောက် ရွှီဟိုင်ချွမ်သည် စိတ်လှုပ်ရှားစွာဖြင့် စည်းဝေးခန်းမရှိရာသို့ ပျံသန်းသွားလေ တော့သည်...။

သူသည် ဤသတင်းကောင်းကို ဂိုဏ်းတစ်ခုလုံး သိရှိအောင် ဖြန့်ဝေရန် စီစဉ်ထားခဲ့လေသည်။ အတော် ကြာအောင်ပင် ဤဂိုဏ်းသည် ထူးချွန်သော ဆက်ခံသူများ မရှိခြင်းကြောင့် မှိုင်တွေညှိုးငယ်နေခဲ့ရ ပေသည်။ ယခု သတင်းကောင်းမှာမူ ဂိုဏ်းအတွင်း လွှမ်းမိုးနေသော ထိုအမှောင်ထုကို အပြီးတိုင် မောင်းထုတ်ပစ်နိုင်မည်မှာ အသေအချာပင်။

ရွှီဟိုင်ချွမ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဘိုးဘေးက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက် လေသည်...။ သို့သော် ဘိုးဘေးက ဂူဗိမာန်အတွင်းသို့ ပြန်ဝင်ရန် ပြင်နေစဉ်မှာပင် ထွက်ခွာသွားသော ရွှီဟိုင်ချွမ်က ပြန်လည် ပျံသန်းလာရောက်ရှိလာခဲ့လေသည​ေ။

“ဘိုးဘေးကြီး...၊ ကျွန်တော် ဒါကို ပေးဖို့ မေ့သွားလို့ပါ...။”

ပြောပြောဆိုဆိုဖြင့် လင်းဖန်ထံမှ ရရှိခဲ့သော ဟင်းလင်းပြင်တိုကင်ပြားကို ဘိုးဘေးကြီးထံ ကမ်းပေး လိုက်လေသည်...။ ဘိုးဘေးကြီး၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သောအခါ ရွှီဟိုင်ချွမ်က ဆက်လက် ရှင်းပြလိုက်လေသည်...။

“ဘိုးဘေးကြီး...၊ ဒီအဆောင်ပြားကို အဲ့ဒီအင်အားစုဆီက ရခဲ့တာပါ...။ ဒီအဆောင်ပြားကို ကိုင်ထားရင် နောင်မှာ ပစ္စည်းတွေ ဝယ်တဲ့အခါ လျှော့စျေးတွေ ရနိုင်မယ်လို့ သူတို့က ပြောပါတယ်...။ ဪ...၊ ဒါက အဓိက မဟုတ်သေးဘူး...။ အဓိကအချက်က ဒီအဆောင်ပြားမှာ တယ်လီပို့စွမ်းရည် ပါဝင်နေတာပဲ...။ ကျုံးကျိုးက မြို့အတော်များများဆီကို အချိန်မရွေး တယ်လီပို့လုပ်ပြီး သွားနိုင်ပါတယ်...။ ဘိုးဘေးကြီးက အိပ်မောကျနေတာ ကြာပြီဆိုတော့ အပြင်ထွက်ပြီး စိတ်အပန်းဖြေဖို့ ဒါက အရမ်း အသုံးဝင်မှာပါ...။ တပည့် သွားပါပြီ...၊ ဘိုးဘေးကြီး ဆက်ပြီး လေ့လာပါဦး...။”

ထိုသို့ ပြောပြီးသည်နှင့် သူသည် စည်းဝေးခန်းမဆီသို့ ဒုတိယအကြိမ် ပြန်လည် ပျံသန်းသွားပြန်သည်။ ဘိုးဘေးသည် ဟင်းလင်းပြင်တိုကင်ပြားကို ကိုင်ဆောင်ကာ သူ၏ ဂူဗိမာန်အတွင်းသို့ ပြန်ဝင်သွား ခဲ့လေသည်...။ ဂူအပြင်ဘက်ရှိ အစီအရင်များကို ပြန်လည် ပြုပြင်ပြီးနောက်တွင်မူ ဘိုးဘေးသည် အဆောင်ပြားကို အသက်သွင်းလိုက်လေတော့သည်...။

အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားပြီးနောက် ဘိုးဘေးသည် ဂူအတွင်းမှ ပျောက်ကွယ်သွားကာ မြင့်မြတ်နယ်မြေဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားတော့သည်။ ပတ်ဝန်းကျင် အခြေအနေကို ခံစားရင်း ဘိုးဘေးက ဘေးဘီကို စူးစမ်းစွာ ကြည့်ရှုနေမိလေသည်။

လင်းဖန်ကမူ ကျွန်ပြုခြင်း အောင်မြင်သွားပြီဖြစ်ကြောင်း သတင်းအချက်အလက်ကို ကြိုတင် သိရှိ ထားပြီးသားပင်။ ကျွန်ပြုခံထားရသူ မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာသည်ကို သိသည်နှင့် သူသည် ရွှေကျီးလေးနှင့် စကားပြောနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်လေသည်။

ဘေးဘီကို ဝေ့ဝဲကြည့်နေသော ရွှီကျန့်သည် သူ၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာသော လင်းဖန် မှာ သူ၏ အရှင်သခင်ဖြစ်ကြောင်း ချက်ချင်း သိမြင်သွားပြီး ဂါဝရပြုလိုက်လေသည်။

“ရွှမ်းထျန်းဂိုဏ်းက လက်အောက်ခံ ရွှီကျန့်က အရှင်သခင်ကို ဂါရဝပြုပါတယ်...။”

လင်းဖန်သည် သူ၏ ရှေ့မှောက်ရှိ လျူပိုင်ချွမ်းတို့ထက်ပင် ပို၍ အိုမင်းပုံရသော အဖိုးအိုကို ကြည့်ကာ အတော်လေး စူးစမ်းချင်စိတ် ဖြစ်သွားခဲ့လေသည်။ အတွေ့အကြုံအရဆိုလျှင် အင်မော်တယ်အဆင့်သို့ တက်လှမ်းပြီးပါက သက်တမ်း တိုးလာသဖြင့် ပို၍ နုပျိုလာသင့်သည်ပင်။

*ဒီလူက ယခင်က ဘယ်လောက်တောင် အိုနေခဲ့လို့ အခု နုပျိုအောင် ကြိုးစားထားတာတောင် ဒီလောက် အထိ အိုနေရတာလဲ...။*

“အင်း...၊ အရိုသေပေးစရာ မလိုပါဘူး...။ နောက်ဆိုရင် ငါ့ကို မြင့်မြတ်သောအရှင်လို့ ခေါ်နိုင်တယ်...။ ဆေးလုံးကတစ်ဆင့် မင်းကို ကျွန်ပြုခဲ့တာက သိက္ခာမဲ့တဲ့ လုပ်ရပ်တစ်ခုလို့ ထင်ရပေမဲ့...၊ မင်း ငါတို့ရဲ့ မြင့်မြတ်နယ်မြေရဲ့ အစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့အခါ ဂုဏ်ယူမိသွားမှာပါ...။”

ထို့နောက် လင်းဖန်သည် ထိုသူအား မြင့်မြတ်နယ်မြေအတွင်း လိုက်လံပြသကာ မက်လုံးပေး ကတိ ကဝတ်အချို့ကိုလည်း ပြောကြားလိုက်လေသည်...။

တစ်ချိန်တည်းမှာပင် ရွှီဟိုင်ချွမ်သည်လည်း ဂိုဏ်းသားများအား ဘိုးဘေးကြီး၏ အင်မော်တယ်ခန္ဓာကိုယ် ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း သတင်းကောင်း ကြေညာလိုက်ပြီဖြစ်လေသည်။ ဤသတင်းသည် ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားရုံသာမက များပြားလှသော သူလျှိုများမှတစ်ဆင့် အခြားဂိုဏ်းများဆီသို့ပါ ရောက်ရှိသွားလေတော့သည်။

ယွီကျန့်ဂိုဏ်း၏ စည်းဝေးခန်းမအတွင်းတွင် ဂိုဏ်း၏ အဆင့်မြင့်လူကြီးမင်းများစွာသည် ခန်းမအလယ် တွင် လွင့်မြောနေသော ဆေးပုလင်းတစ်လုံးကို ဝိုင်းရံကာ ဆွေးနွေးနေကြခဲ့လေသည်။ ထိုစဉ်မှာပင် အပြင်ဘက်မှ သတင်းပေးပို့ချက်တစ်ခု ရောက်ရှိလာခဲ့၏။

သတင်းပြန်ကြားရေး တာဝန်ခံ အကြီးအကဲသည် သတင်းပေးသူနှင့် စကားပြောပြီးနောက် စိတ်လှုပ်ရှား စွာဖြင့် ခန်းမအတွင်းသို့ ပြန်ဝင်လာခဲ့လေသည်။

“ဂိုဏ်းချုပ်...၊ ရွှမ်းထျန်းဂိုဏ်းထဲမှာ လွှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ သူလျှိုတွေဆီက သတင်းရောက်လာ ပါပြီ...။ သေခါနီးဆဲဆဲ ဖြစ်နေတဲ့ ရွှမ်းထျန်းဂိုဏ်းက ဘိုးဘေးကြီးဟာ ရုတ်တရက် ပြီးပြည့်စုံတဲ့ အင်မော်တယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါပြီတဲ့...။”

ထိုသတင်းကို ကြားသည်နှင့် လူတိုင်း၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားခဲ့ကြလေသည်။ ယွီကျန့် ဂိုဏ်း၏ ဂိုဏ်းချုပ်က ထုတ်ဖော်ပြောဆိုလိုက်လေသည်။

“ဟားဟား...၊ အခုဆိုရင် ငါတို့လည်း စိုးရိမ်စရာမလိုဘဲ ဘိုးဘေးကြီးကို ဆေးတိုက်လို့ ရပြီပေါ့...။ ရွှမ်းထျန်းဂိုဏ်းက ငါတို့အတွက် ဆေးစမ်းသပ်ပေးမှာကို ငါ သိနေသားပဲ...။”

သို့သော် အချို့လူများက သံသယဖြင့် မေးခွန်းထုတ်ခဲ့ကြလေသည်။

“ဂိုဏ်းချုပ်...၊ ဆေးမီးဖိုဂိုဏ်းရဲ့ ဘိုးဘေးက အားလုံးရဲ့ ရှေ့မှာ ဆေးကို စမ်းပြခဲ့တာပဲ မဟုတ်လား...။ ဘာလို့ ဒီလောက်အထိ ဂရုစိုက်နေရတာလဲ...။”

ယွီကျန့်ဂိုဏ်းချုပ်က ခေါင်းခါပြလိုက်လေသည်...။

“ဟားဟား...၊ ဆေးမီးဖိုဂိုဏ်းနဲ့ ဟိုဘက်က လူတွေက အစပိုင်းမှာ အသေအလဲ တိုက်ခိုက်နေကြတာ လေ...၊ ပြီးမှ ရုတ်တရက်ကြီး လက်တွဲသွားကြတာ...။ ဒီကြားထဲမှာ တစ်ခုခု မသိုးမသန့် ရှိနေမလား ဘယ်သူသိမှာလဲ...။ အကယ်၍ ဆေးမီးဖိုဂိုဏ်းက ငါတို့ နဝမအဆင့် ဂိုဏ်းတွေကို ထောင်ချောက်ဆင်ဖို့ ဟိုဘက်နဲ့ ပေါင်းထားတာ ဆိုရင်ကော...။”

“ပြန်စဉ်းစားကြည့်ရင် ငါတို့တွေ အများကြီး တွေးပူနေခဲ့မိတာပဲ...။”

မေးခွန်းထုတ်ခဲ့သော အကြီးအကဲက ဆက်မေးလိုက်လေသည်...။

“ငါတို့တွေလား...။”

ထို့နောက် ဂိုဏ်းချုပ်က ဆက်ပြောလေသည်...။

“ဒီဆေးလုံးကို ရှာဖွေတဲ့နေရာမှာ ဂိုဏ်းငါးဂိုဏ်း ပါဝင်နေသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ရွှမ်းထျန်းဂိုဏ်း တစ်ဂိုဏ်းတည်းပဲ ရှိတာပါ...။ ရွှမ်းထျန်းဂိုဏ်းနဲ့ ငါတို့ ယွီကျန့်ဂိုဏ်းကလွဲလို့ ကျန်တဲ့ သုံးဂိုဏ်းက ဒီကိစ္စကို သဘောတူပြီးသား...။”

“ရွှမ်းထျန်းဂိုဏ်းရဲ့ ဘိုးဘေးကို ဆေးစမ်းသပ်ခံအဖြစ် အသုံးချဖို့ပေါ့...။ အောင်မြင်ရင် ငါတို့ ဘိုးဘေး တွေကို ဆေးတိုက်မယ်...။ တကယ်လို့ ရှုံးနိမ့်သွားရင်တော့ သူတို့ကို ပေးထားတဲ့ ကတိတွေက ပျက်ပြယ် သွားမှာပဲ...။ ငါတို့တွေက ရွှမ်းထျန်းဂိုဏ်း ဘိုးဘေးရဲ့ အခြေအနေကို ဖုံးကွယ်ထားလို့ မရပါဘူး...။ သူ ကိုယ်တိုင် သံသယရှိရင်တောင် သူက မကြာခင် သေတော့မှာဆိုတော့ ဒီစွန့်စားမှုကို သူ မဖြစ်မနေ ရွေးချယ်မှာပဲလေ...။”

ထိုစကားကို ကြားသောအခါ ခန်းမအတွင်းရှိ လူတိုင်းသည် နားလည်သွားသော အမူအရာများ ပြသ လာကြလေသည်...။

“ဒါဆို ရွှမ်းထျန်းဂိုဏ်းက မြစ်ကို ဖြတ်ဖို့ စမ်းသပ်နင်းရမယ့် ကျောက်တုံးအဖြစ် အသုံးချခံလိုက်ရ တာပေါ့လေ...။”

“ဟားဟားဟား...၊ ဘယ်သူ့အပြစ်လဲ...၊ သူတို့ ဘိုးဘေးက မရှင်နိုင်တော့တာကိုး...။”

“အခုတော့ ငါတို့မှာ စမ်းသပ်တဲ့ ကျောက်တုံး ရှိသွားပြီဆိုမှတော့ ငါတို့ရဲ့ ဘိုးဘေးကို ဆေးအမြန်ဆုံး တိုက်ကြစို့...။”

ထို့နောက် ယွီကျန့်ဂိုဏ်းချုပ်သည် အကြီးအကဲ အချို့ကို ခေါ်ဆောင်ကာ ဘိုးဘေးကြီး ဆိပ်ငြိမ်ကျင့်ကြံ နေသော ဂူသို့ ဦးတည်သွားလေတော့သည်။ ဤမြင်ကွင်းမှာ ယွီကျန့်ဂိုဏ်းတစ်ခုတည်းတွင်သာ ဖြစ်ပျက် နေသည် မဟုတ်ပေ။

လင်းဖန်ထံမှ ဆေးလုံးများ ဝယ်ယူခဲ့သော အခြားသုံးဂိုဏ်းဖြစ်သည့် သားရဲယဉ်ပါးစေသောဂိုဏ်း၊ ထျန်းကျီးဂိုဏ်းနှင့် ထျန်းယန့်ဂိုဏ်းတို့တွင်လည်း ထပ်တူပင် ဖြစ်လေသည်...။

ရွှမ်းထျန်းဂိုဏ်း၏ ဘိုးဘေး ပြီးပြည့်စုံသော အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိသည်နှင့် သူတို့သည်လည်း ဘိုးဘေးများကို နှိုးရန် ဆေးလုံးများ ချက်ချင်း ယူဆောင်သွားကြ လေသည်...။

တစ်ဖက်တွင်မူ လင်းဖန်သည် မြင့်မြတ်နယ်မြေအတွင်း၌ ရွှီကျန့်ကို မက်လုံးပေး ကတိကဝတ်များ ပြောကြားပြီးစီးသွားပြီ ဖြစ်သည်...။

ဤအခိုက်အတန့်တွင် ရွှီကျန့်သည် လင်းဖန် ပြောခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။ ပထမဆုံး ကျွန်ပြုခံ ရကြောင်း သိလိုက်ရစဉ်က ခံစားခဲ့ရသော ကူကယ်ရာမဲ့မှုများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်...။ ယခုတွင်မူ သူသည် သူရောက်ရှိနေသော မြင့်မြတ်နယ်မြေကြီး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး လင်းဖန် ကျွေးသော မက်လုံးများကြောင့် ဗိုက်ပြည့်နေပြီ ဖြစ်ပေသည်...။

“ရွှီအိုကြီး...၊ ငါ အခုလေးတင် ပြောခဲ့တာတွေကို မင်း မှတ်ထားရမယ်...။”

“မကြာခင်မှာ အင်မော်တယ်ဘုံက ပညာရှင် လေးယောက် ထပ်ရောက်လာလိမ့်မယ်...။ အဲ့ဒီအခါကျရင် မင်းကပဲ သူတို့ကို သတင်းစကားတွေ ပြောပြဖို့ တာဝန်ယူရမယ်...။”

ကျန်ရှိသော ဂိုဏ်းလေးခုမှ ဘိုးဘေးများသည် ဆေးကို မည်သည့်အချိန်တွင် သောက်မည်ကို မသိနိုင် သေးပေ။ လင်းဖန်အနေနှင့် သူတို့ ရောက်လာသည့် အချိန်မတူတိုင်း တစ်ယောက်ချင်းစီကို ကတိ ကဝတ်များ ထပ်ခါတလဲလဲ မပြောချင်တော့ပေ။ ထို့ကြောင့် ပထမဆုံး ရောက်လာသော ရွှီကျန့်ကိုသာ ဤတာဝန်ကို လွှဲအပ်ထားလိုက်ခြင်း ဖြစ်ပေသည်။

ရွှီကျန့်: “ဟုတ်ကဲ့ပါ မြင့်မြတ်သောအရှင်...၊ လက်အောက်ခံ တပည့် နာခံပါ့မယ်...။”

လင်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် ဝိညာဉ်ကြောများအကြောင်းကို ရုတ်တရက် သတိရသွား ခဲ့လေသည်...။

“ဒါနဲ့...၊ မင်းတို့ ရွှမ်းထျန်းဂိုဏ်းရဲ့ ဝိညာဉ်ကြောတွေကို မြင့်မြတ်နယ်မြေထဲ ငါ ရွှေ့ပြောင်းထားလိုက်မယ် ...။ မင်းတို့အတွက် ဟင်းလင်းပြင်တံခါးတစ်ခုကိုလည်း တည်ဆောက်ပေးထားမယ်...။ ဂိုဏ်းသားတွေ အနေနဲ့ မြင့်မြတ်နယ်မြေထဲမှာ ကျင့်ကြံလို့ ရတာပေါ့...။ မြင့်မြတ်နယ်မြေက အရမ်းကျယ်ပြန့်ပါတယ်... ၊ မြင့်မြတ်နယ်မြေထဲကို ဝင်လာတဲ့ အင်အားစုတိုင်းမှာ ကိုယ်ပိုင် နယ်မြေတွေ ရှိတယ်...။ ဒါက မင်းတို့ရဲ့ အရင်နယ်မြေထက် ပိုကျယ်တာတော့ အသေအချာပါပဲ...။”

ထို့နောက် လင်းဖန်သည် ရွှီကျန့်နောက်သို့ လိုက်ပါကာ ရွှမ်းထျန်းဂိုဏ်း၏ ဝိညာဉ်ကြောရှိရာသို့ တယ်လီ ပို့လုပ်၍ သွားလိုက်လေသည်။ ဝိညာဉ်ကြောပေါ်တွင် ဝါးမြိုခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းပြီး နောက် လင်းဖန်သည် သတ္တမမြောက် အတိဒုက္ခအဆင့်သို့ ရောက်ရှိမည့်အချိန်ကို စတင် မျှော်လင့်နေ တော့သည်...။

“ဟားဟားဟား... သတ္တမမြောက် အတိဒုက္ခ၊ အဌမမြောက်၊ နဝမမြောက်...၊ ပြီးရင် အင်မော်တယ် ဖြစ်တော့မှာပဲ...။ မကြာတော့ဘူး...၊ အရမ်း မကြာတော့ဘူး...။”

နောက်ရက်များတွင် ကျန်ရှိနေသော ဂိုဏ်းလေးခုမှ ဘိုးဘေးများသည်လည်း မြင့်မြတ်နယ်မြေသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြလေသည်။ ထိုနေရာတွင် စောင့်ဆိုင်းနေသော ရွှီကျန့် သည် လမ်းညွှန်သူအဖြစ် တာဝန်ယူကာ အသစ်ရောက်လာသူများကို အခြေအနေများ ရှင်းပြခဲ့ လေသည်...။

ရွှီကျန့်၏ ကတိကဝတ်ပေးနိုင်စွမ်းမှာ အထူးတလည် ပြောင်မြောက်ခြင်း မရှိသော်လည်း။ လက်တွေ့ အခြေအနေများမှာ ငြင်းဆို၍ မရနိုင်လောက်အောင် ထင်ရှားနေသဖြင့် ဂိုဏ်းဘိုးဘေး လေးဦးစလုံးမှာ သဘာဝအတိုင်းပင် ယုံကြည်သွားကြတော့သည်...။

ထိုအချိန်တွင် လင်းဖန် ဘာလုပ်နေပါသနည်း။ သူသည် သတ္တမမြောက် အတိဒုက္ခအဆင့်သို့ တက်လှမ်း ရန် လိုအပ်သော အချက်အလက်များကို စစ်ဆေးရင်း အလုပ်ရှုပ်နေခဲ့လေသည်...။

All Chapters