← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း (၂၃၉) ကမ္ဘာဦးသစ်ပင်၊ သစ်ရွက်ကိုယ်ပွားများ

[ဒင်….။ အဆင့်မြင့် ဝိညာဉ်ကြောကို အောင်မြင်စွာ ဝါးမြိုပြီးပါပြီ။ ပိုင်ရှင်အနေနဲ့ သတ္တမမြောက် အတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။]

[ဂုဏ်ယူပါတယ် ပိုင်ရှင်...၊ လုပ်ဆောင်ချက်အသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ...။]

“ဟားဟားဟား...၊ ငါ ဒီအတိုင်းလေးနဲ့တင် သတ္တမမြောက် အတိဒုက္ခအဆင့်ကို ရောက်သွားတာပဲ...။”

“တခြားလူတွေက ကျင့်ကြံမှု မြင့်လာလေလေ ပိုနှေးလေလေ ဖြစ်ပေမဲ့ ငါ့ကျတော့ ပိုမြန်လာတာပဲ...။”

“အင်မော်တယ် ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်...။ သတ္တမမြောက် အတိဒုက္ခအဆင့်မှာ ဘာလုပ် ဆောင်ချက်အသစ်တွေ ပါလာမလဲဆိုတာ ကြည့်ရအောင်...။”

လင်းဖန်သည် ခဏမျှ ပျော်ရွှင်စွာ အော်ဟစ်ပြီးနောက် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ လုပ်ဆောင်ချက်အသစ်များကို စစ်ဆေးလိုက်လေသည်။

“ဟေး...၊ ဒီလုပ်ဆောင်ချက် အသစ်ကလည်း ကမ္ဘာဦးသစ်ပင်ကပဲလား...။ ဒီကောင်က ဘာလို့ ရုတ်တ ရက်ကြီး ဒီလောက် ကြိုးစားနေရတာလဲ...။”

“ဒါပေမဲ့ ဒီသစ်ရွက်ကိုယ်ပွား စွမ်းရည်ဆိုတာက ဘာကို ဆိုလိုတာလဲ...။”

လုပ်ဆောင်ချက်အသစ်မှာ စကားလုံး လေးလုံးတည်းဖြင့် ဖော်ပြထားသဖြင့် လင်းဖန်က အသေးစိတ်ကို စနစ်အား မေးမြန်းလိုက်ရသည်။

[ပိုင်ရှင်က တကယ်ကို ကံကောင်းလှပါတယ်...။ ပိုင်ရှင်က ပိုပြီး ချမ်းသာလာလေလေ၊ ကံကလည်း ပိုကောင်းလာလေလေပါပဲ...။]

လင်းဖန်၏ မေးခွန်းကို မဖြေမီ စနစ်က သူ၏ ကံကောင်းမှုကို အရင်ဆုံး ချီးမွမ်းလိုက်သည်။ သို့သော် လင်းဖန် နားထောင်လိုက်သောအခါ ထိုအသံမှာ သူ၏ ချမ်းသာမှုကိုသာ မြှောက်ပင့်နေသကဲ့သို့ ခံစား ရလေသည်။

[ဒီသစ်ရွက်ကိုယ်ပွားတွေဆိုတာ နာမည်အတိုင်းပါပဲ...။ ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်တစ်ရွက်ချင်းစီက ကိုယ်ပွားတစ်ခုစီအဖြစ် ပြောင်းလဲနိုင်တာကို ဆိုလိုတာပါ...။]

“နေပါဦး...၊ သူ့ရဲ့ သစ်ရွက်တွေကို ပစ္စည်းတွေ ကျပန်းထုတ်ဖို့ သုံးရမှာ မဟုတ်ဘူးလား...။”

“ဘာလဲ...၊ မင်းက ငါ သူ့ကို ပြောင်သလင်းခါအောင် ဆွဲနှုတ်မှာကို ကြောက်လို့ အစီအစဉ် ပြောင်းလိုက် တာလား...။”

[...ပိုင်ရှင် အထင်လွဲနေပါပြီ...။ ဒါက အစီအစဉ်ပြောင်းတာ မဟုတ်ဘူး၊ အဆင့်မြှင့်တင်တာပါ...။]

[သူ့ရဲ့ သစ်ရွက်တွေကို ပစ္စည်းတွေအဖြစ် ကျပန်း ပြောင်းလဲနိုင်သလို ကိုယ်ပွားတွေအဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်...။]

[အဲဒီ နှစ်ခုကြားမှာ ဘာပဋိပက္ခမှ မရှိပါဘူး...။ ပိုင်ရှင်က ကိုယ့်ဘာသာကိုယ် ရွေးချယ်နိုင်ပါတယ်...။]

ထိုစကားကို ကြားသောအခါ လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

“ကမ္ဘာဦးသစ်ပင် တစ်ပင်တည်းရှိတာနဲ့တင် လုံလောက်ပါပြီ...။ ဘာလို့ ကိုယ်ပွားတွေ အများကြီး ထား မှာလဲ...။ သစ်ပင်တွေ အများကြီး စိုက်ပြီး တောအုပ်ကြီး လုပ်မလို့လား...။”

“ဆေးမီးဖိုရဲ့ ကိုယ်ပွားကတော့ ငါ့ကို အများအပြား ထုတ်လုပ်ဖို့ ကူညီပေးနိုင်တယ်...။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပွားက ဘာလုပ်ပေးနိုင်မှာလဲ...။ ငါ့ရဲ့ မြင့်မြတ်နယ်မြေထဲက ဝိညာဉ်ချီတွေကို အစုလိုက်အပြုံ လိုက် ဝါးမြိုပစ်မှာလား...။”

[ပိုင်ရှင်က တစ်ခါ ထပ်ပြီး အထင်လွဲပြန်ပြီ...၊ ဒီသစ်ရွက်ကိုယ်ပွား လုပ်ဆောင်ချက်ကနေ ဖန်တီးတဲ့ ကိုယ်ပွားက ကမ္ဘာဦးသစ်ပင်ရဲ့ ကိုယ်ပွား မဟုတ်ဘူး၊ ပိုင်ရှင်ရဲ့ ကိုယ်ပွားပါ...။]

“ငါ့ကို အထင်မလွဲစေချင်ရင်လည်း တစ်ခါတည်းနဲ့ ရှင်းအောင် ပြောလေ...။ မင်းက စကားကိုတောင် ရှင်းရှင်းလင်းလင်း မပြောတတ်ဘူး...။”

ခဏမျှ ညည်းတွားပြီးနောက် လင်းဖန်က ဆက်၍ မေးလိုက်သည်။

“ငါ့ရဲ့ ကိုယ်ပွား ဟုတ်လား...၊ ဘာကို ဆိုလိုတာလဲ...၊ ရှင်းပြစမ်းပါဦး...။”

[...ငါ ဘာမှ ထပ်မပြောတော့ဘူး...၊ ပိုင်ရှင် ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်လိုက်ပါတော့...။]

“အိုး...၊ မင်းက စိတ်ကြီးဝင်နေတာလား...။ ကောင်းပြီလေ...၊ ငါလည်း ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်ရတာ ပေါ့...။”

စကားပြောရင်း လင်းဖန်သည် ကမ္ဘာဦးသစ်ပင် အမြစ်တွယ်နေသော နေရာသို့ ရောက်ရှိလာလေသည်။ မူလက ပြောင်သလင်းခါနေသော ကမ္ဘာဦးသစ်ပင်မှာ ယခုအခါ လက်သည်းခွံအရွယ်အစား သစ်ရွက်နု သုံးရွက် ထွက်ပေါ်နေပြီ ဖြစ်သည်။ သိသာသည်မှာ သူတို့သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စွမ်းအင်များကို အတော်လေး ဖြည့်တင်းထားပုံရပေသည်။

လင်းဖန်သည် သစ်ရွက်များ သေချာ ကြီးထွားခြင်း ရှိ၊ မရှိကို ဂရုမစိုက်ဘဲ တစ်ရွက်ကို တန်း၍ ဆွဲနှုတ် လိုက်လေ​သည်။ ထို့နောက် သစ်ရွက်ကိုယ်ပွား လုပ်ဆောင်ချက်ကို စတင်လိုက်လေသည်။

လုပ်ဆောင်ချက်ကို စတင်လိုက်သည်နှင့် ကမ္ဘာဦးသစ်ပင်၏ ပင်စည်တွင် အပေါက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသော စုပ်အားတစ်ခုက လင်းဖန်ကို ထိုအပေါက်ထဲသို့ ဆွဲသွင်းလိုက်လေသည်။

“ဟာ...၊ မင်း ဘာလုပ်တာလဲ...။ ငါ မင်းရဲ့ သစ်ရွက်နုလေး တစ်ရွက်ပဲ နှုတ်ရသေးတာလေ...။”

“ငါ ထပ်မနှုတ်တော့ဘူး...။ ငါ့ကို မရိုက်ပါနဲ့...၊ အား...။”

အော်ဟစ်သံနှင့်အတူ လင်းဖန်သည် သစ်ပင်အပေါက်ထဲသို့ တိုက်ရိုက် စုပ်ယူခြင်း ခံလိုက်ရတော့သည်။ လင်းဖန် ဆွဲနှုတ်လိုက်သော သစ်ရွက်နုလေးမှာမူ သစ်ပင်ထဲသို့ ပါမသွားဘဲ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာလေသည်။ သို့သော် ထိုသစ်ရွက်နုလေး မြေပေါ်သို့ ကျရောက်သွားသောအခါ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

သစ်ရွက်နုလေးသည် လင်းဖန်နှင့် တစ်ပုံစံတည်း တူသော လူတစ်ယောက်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။ သူ ဝတ်ဆင်ထားသော အဝတ်အစားများမှာပင် လင်းဖန်နှင့် ထပ်တူထပ်မျှ ဖြစ်နေခဲ့သည်။ သို့သော် ထို 'လင်းဖန်' ၏ မျက်လုံးများမှာမူ အသက်မဲ့နေခဲ့လေသည်။

ထိုအချိန်တွင် သစ်ပင်အပေါက်ထဲသို့ စုပ်ယူခံလိုက်ရသော လင်းဖန်သည် သူ၏ ပတ်ဝန်းကျင်တွင် ဘာမှမရှိဘဲ အဆုံးမရှိသော မှောင်မိုက်ခြင်းထဲသို့ ရောက်နေသကဲ့သို့ ခံစားရသည်။ သူ၏ စိတ်ထဲတွင် အသံတစ်ခုကသာ ဆက်တိုက် သတိပေးနေခဲ့လေသည်။

“ကျေးပြု၍ မင်းရဲ့ စိတ်ဝိညာဉ် ဝင်ရောက်လိုတဲ့ ကိုယ်ပွားကို ရွေးချယ်ပါ...။”

လင်းဖန်သည် ထိတ်လန့်နေရာမှ သတိဝင်လာပြီး သူ ခုနက တွေ့ခဲ့သော သစ်ရွက်နုလေးကို လျင်မြန်စွာ ပြန်လည် စဉ်းစားလိုက်လေသည်။ ထိုအခါ မှောင်မိုက်ခြင်းများ ပျောက်ကွယ်သွားပြီး လင်းဖန်၏ မြင်ကွင်းမှာ အလင်းရောင်များ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ ထိုသစ်ရွက်နုမှ ပြောင်းလဲလာသော လင်းဖန်၏ မျက်လုံးများမှာလည်း အသက်ဝင်လာတော့သည်။

“ဘုရားရေ...၊ ဘုရားရေ...။”

လင်းဖန်သည် အံ့သြတုန်လှုပ်စွာဖြင့် သူ၏ ခန္ဓာကိုယ်ကို အမြဲတစေ စစ်ဆေးရင်း ရေရွတ်နေမိသည်။

“ဒါ...၊ ဒါ...၊ ဒါက...။”

ခဏတာအတွင်း လင်းဖန်မှာ အလွန်အမင်း အံ့သြသွားသဖြင့် စကားပင် သေချာ မပြောနိုင်တော့ပေ။

[ပိုင်ရှင်...၊ ဒီသစ်ရွက်နဲ့ လုပ်ထားတဲ့ ကိုယ်ပွားက အံ့သြစရာ မကောင်းဘူးလား...။]

“ဒါက တကယ်ကို အံ့သြစရာပဲ...၊ ငါနဲ့ တစ်ပုံစံတည်းပဲ...။”

“ငါ့ရဲ့ စိတ်ဝိညာဉ်က ဒီကိုယ်ပွားထဲကို ရောက်သွားတဲ့အချိန်မှာ ငါက ကိုယ်တိုင် တယ်လီပို့ ထွက်လာသလို မျိုးပဲ...။”

“ဒါက ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘူးဆိုတာကို ငါ သိနေပေမဲ့ ငါ့ရဲ့ မူလခန္ဓာကိုယ်နဲ့ ဘာမှ ကွာခြားချက်ရှိတာကို မခံစားရဘူး...။”

[ဒါပေါ့...၊ ပိုင်ရှင် မသိနိုင်တာက ပုံမှန်ပါပဲ...။ ဘာလို့လဲဆိုတော့ ဒါက ပိုင်ရှင်ရဲ့ မူလပုံစံနဲ့ ဘာမှ မခြားနားလို့ပါပဲ...။]

[ပိုင်ရှင်က ဒီကိုယ်ပွားကို ကိုယ့်ရဲ့ မူလခန္ဓာကိုယ်လိုမျိုး အသုံးပြုနိုင်ပါတယ်...။]

[အင်မော်တယ်ဘုံကို ရောက်တဲ့အခါ ပိုင်ရှင်ရဲ့ မူလခန္ဓာကိုယ်ကို ဖုံးကွယ်ထားပြီး သစ်ရွက်ကိုယ်ပွားတွေ ကို သုံးပြီး အင်မော်တယ်ဘုံ တစ်ခုလုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်တာပေါ့...။]

[ပိုင်ရှင်ကို အင်မော်တယ်ဘုရင်တွေ၊ အင်မော်တယ်ဧကရာဇ်တွေ ဒါမှမဟုတ် သူတော်စင်တွေက လိုက်လံ ဖမ်းဆီးနေရင်တောင် နည်းနည်းလေးမှ စိုးရိမ်စရာ မလိုတော့ပါဘူး...။]

[ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ပိုင်ရှင်ကို သတ်လိုက်ရင်တောင် မင်းမှာ ဤလို ကိုယ်ပွားတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိနေဦးမှာပဲ...။ ပိုင်ရှင်က ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ဖန် အမြဲတမ်း ပြန်ဖန်တီးနိုင် တာပဲလေ...။]

စနစ်၏ စကားများကြောင့် လင်းဖန်သည် ပို၍ ပို၍ စိတ်လှုပ်ရှားလာခဲ့လေသည်။ သို့သော် လင်းဖန်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

“နေပါဦး...၊ ငါက အင်မော်တယ်ဘုံကို အခုမှ တက်လှမ်းမယ့် ကံကြမ္မာ ကောင်လေးတစ်ယောက်ပဲ လေ...။ ငါ့ကို ဘာလို့ အင်မော်တယ်အရှင်ကြီးတွေက လိုက်ဖမ်းနေမှာလဲ...။”

[...]

[ပိုင်ရှင်...၊ မင်း လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားကို မေ့နေတာလား...။]

[လင်ရွှီ အင်မော်တယ်အရှင်ရဲ့ ပစ္စည်းတွေဆိုတာ မရေမတွက်နိုင်တဲ့ လူတွေ ရယူချင်နေကြတဲ့ အရာ တွေပဲလေ...။]

“အင်း...၊ အဲဒါလည်း ဟုတ်သားပဲ...။”

စနစ်က ဆက်၍ ပြောလေသည်။

[ပြီးတော့လည်း မင်းက နတ်သမီးလေးတစ်ပါးရဲ့ ဝတ်စုံကို အင်မော်တယ်ဘုံကနေ ခိုးခဲ့သေးတယ်လေ... ၊ အဲဒါက ရန်ငြိုးတစ်ခု ဖြစ်သွားပြီပေါ့...။]

“ဝတ်စုံ ဟုတ်လား...။ ငါ အင်မော်တယ်ဘုံကို တစ်ခါမှ မရောက်ဖူးသေးဘူးလေ...။ ဘယ်တုန်းက တစ်ယောက်ယောက်ရဲ့ ဝတ်စုံကို ခိုးခဲ့လို့လဲ...၊ မင်းက...။”

ဤနေရာတွင် လင်းဖန်မှာ မှင်တက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ မေ့လျော့နေခဲ့သော နတ်သမီးဝတ်စုံအကြောင်းကို ရုတ်တရက် သတိရသွားသောကြောင့် ဖြစ်လေသည်။

“ဘုရားရေ...၊ မင်း ပြောနေတာက ဟိုနတ်သမီးဝတ်စုံကို ပြောနေတာလား...။ အဲဒါက ငါ စိတ်ဝိညာဉ် ကျောက်တုံးတွေ သုံးပြီး ရတနာသေတ္တာထဲကနေ ရခဲ့တာလေ...။”

“ဒါဆိုရင်...၊ ဒီဝတ်စုံက ရတနာသေတ္တာကနေ တစ်ဆင့် ခိုးလာခဲ့တာပေါ့...။”

[မဟုတ်ရင် ဘာရှိဦးမှာလဲ...။ ပိုင်ရှင်က ကမ္ဘာဦးသစ်ပင်က အဝတ်အစားတွေ ချုပ်ပေးနိုင်မယ်လို့ ထင်နေတာလား...။]

“ဒီကောင်က ငါ့ကို ဒုက္ခပေးနေတာပဲ...။”

လင်းဖန်မှာ ဆွံ့အသွားရသော်လည်း သူ တကယ်ကို ကံကောင်းသည်ဟု ခံစားလိုက်ရပေသည်။ ကံကောင်းစွာဖြင့် သူ ထိုအချိန်က ရတနာသေတ္တာကို အများကြီး မသုံးခဲ့မိပေ။ မဟုတ်လျှင် သူသည် မိမိကိုယ်မိမိ ရန်သူတွေ အများကြီး ဖန်တီးမိနေတော့မည်ပင် မဟုတ်ပါလား။

“ဒီကမ္ဘာဦးသစ်ပင်က တကယ်ပဲ...၊ သူလုပ်ထားတဲ့ ပြဿနာတွေကို သူ ကိုယ်တိုင် ပြန်မရှင်းနိုင်ဘူး လား...။”

[သူကတော့ သူ့ဘာသာသူ ရှင်းထားပြီးသားပါ...၊ ပိုင်ရှင်ကသာ မရှင်းရသေးတာ...။]

“???”

[အင်မော်တယ်ဘုံက ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေက နတ်သမီးဝတ်စုံနဲ့ ထိတွေ့ဖူးတဲ့သူတွေရဲ့ ကံကြမ္မာ ဆက်နွှယ်မှုတွေကို တွက်ချက်နိုင်စွမ်း ရှိကြတယ်...။]

[သူတို့က ကမ္ဘာဦးသစ်ပင်နဲ့ ပတ်သက်တဲ့ အကြောင်းတရားတွေကို မတွက်ချက်နိုင်ပေမဲ့ ပိုင်ရှင်နဲ့ ပတ်သက်တာကိုတော့ တွက်ချက်နိုင်တယ်...။]

[ပိုင်ရှင်က အဲ့ဒီဝတ်စုံကို အကြိမ်ပေါင်းများစွာ ထိတွေ့ခဲ့တယ်လေ...။]

“ဟာ...၊ ဒါက လူကို အနိုင်ကျင့်နေတာပဲ...။”

“မင်း ခုနက သူတော်စင် တစ်ယောက်ယောက်က စောင့်ကြည့်နေတာလို့ ပြောခဲ့တယ် မဟုတ်လား...၊ အဲဒါက ဒီနတ်သမီးဝတ်စုံ ပိုင်ရှင်ရဲ့ နောက်ကွယ်မှာ သူတော်စင် တစ်ယောက် ရှိနေတာကို ဆိုလို တာလား...။”

[အဲ...၊ မဟုတ်ပါဘူး…။]

ထိုစကားကို ကြားမှသာ လင်းဖန်က သက်ပြင်းချနိုင်လေတော့သည်။

“ဟူး...၊ သူတော်စင်ရဲ့ ပစ်မှတ် ဖြစ်နေတယ်ဆိုတာက အလကား ပြောတာပဲပေါ့...။ နောက်တစ်ခါ ဒီလို နောက်ပြောင်တာမျိုး မလုပ်ပါနဲ့တော့...။”

အင်မော်တယ်အရှင်တွေ၊ အင်မော်တယ်စံအိမ်တွေနဲ့ သူတော်စင်တွေဆိုတာ သူတို့လို လူတွေအတွက် အဆင်ပြေမယ့် ကိစ္စမျိုး မဟုတ်ပေ။

နတ်သမီးဝတ်စုံ နောက်ကွယ်မှာ သူတော်စင် မရှိဘူးဆိုရင် သူတော်စင်တွေနဲ့ ဘာမှ ပတ်သက်စရာ မရှိ တော့ပေ။ သို့သော် လင်းဖန် သက်ပြင်းချလိုက်ရုံ ရှိသေးသော်လည်း စနစ်က ထပ်မံ ပြောကြားလာ ပြန် လေသည်။

[နတ်သမီးဝတ်စုံ ဒါမှမဟုတ် လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားကြောင့် သူတော်စင်ရဲ့ အာရုံ စိုက်မှုကို ခံရတာ မဟုတ်ဘူး...၊ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဆေးမီးဖိုကြောင့် ခံရတာပါ...။]

ထိုစကားကို ကြားသောအခါ လင်းဖန်မှာ မေးခွန်းများစွာ ထွက်ပေါ်လာခဲ့လေသည်။

“ဘာလဲ….။”

[ငါ အရင်က ပြောခဲ့သလိုပဲ...၊ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဆေးမီးဖိုက မြည်းသူတော်စင်နဲ့ ဆက်စပ်နေတယ် လေ...။]

[ဘာလို့ မြည်းသူတော်စင်နဲ့ ဆက်စပ်နေတဲ့ ဆေးမီးဖိုက မင်းရဲ့ လက်ထဲကို ရောက်လာရတယ်လို့ မင်း ထင်နေတာလဲ...။]

လင်းဖန်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်၍ မေးလိုက်သည်။

“ငါက ဘယ်လိုလုပ် သိမှာလဲ...၊ မင်းပဲ ငါ့ကို ပေးခဲ့တာ မဟုတ်ဘူးလား...။”

[...]

All Chapters