အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) ရွှမ်းဝူ မြင့်မြတ်နယ်မြေ၏ လစဉ် အစည်းအဝေး...
စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံးနှင့် အင်မော်တယ်ရုပ်သေးဆေးလုံးများမှာ ကျွန်ပြုခံရသူ၏ကျင့်ကြံမှု အဆင့်မြင့်မားလာသည်နှင့်အမျှ အာနိသင် ပျယ်ပြယ်သွားနိုင်သော်လည်း...၊ ကမ္ဘာဦးသစ်ပင်မှ ဖန်တီး ပေးထားသော အလုပ်ခန့်ထားမှု စာချုပ်မှာမူ လုံးဝ ခိုင်မာသည်ဟု လင်းဖန်က ယုံကြည်နေပေသည်။
အလုပ်ခန့်ထားမှု စာချုပ်၏ ဆန်းကြယ်မှုကို စဉ်းစားကြည့်ရင်း... လင်းဖန်သည်ထိုစာချုပ်လိပ်နှင့် စုတ်တံတို့ကို ကမ္ဘာဦးသစ်ပင်မှ ရရှိသောပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်ဟု သံသယ ဝင်မိလေသည်...။
သို့မဟုတ်ပါက ဤမျှ စွမ်းအားကြီးမားသော စွမ်းရည်များကို မည်သို့ ပိုင်ဆိုင်နိုင်ပါမည်နည်း...။
ထို့အပြင် လင်းဖန်သည် ယခင်က စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံးဖြင့် ထိန်းချုပ်ထားခဲ့သော ရွှမ်းမင်ဂိုဏ်း နှင့် လင်းရှောင်းဂိုဏ်းတို့ကိုလည်း အလုပ်ခန့်ထားမှု စာချုပ်များ အသစ်ပြန်လည် ချုပ်ဆိုရန် စီစဉ်နေခဲ့ ပေသည်။ သူတို့အားလုံးမှာ မြင့်မြတ်နယ်မြေ၏ အစိတ်အပိုင်းများ ဖြစ်ကြရာ ခွဲခြားဆက်ဆံခြင်း မပြု သင့်ပေ...။
“စိတ်ချပါ မြင့်မြတ်သောအရှင်...၊ ကျွန်တော် သူတို့ကို သေချာပေါက် အသံထွက်ဖတ်ခိုင်းပါ့မယ်...။”
အခြားသူများက အလွယ်တကူ သဘောတူသည်ကို မြင်သောအခါ လင်းဖန်က ခေါင်းညိတ်ကာ ဆက်လက် ပြောလိုက်လေသည်...။
“ဒုတိယအချက်ကတော့ ပြီးပြည့်စုံတဲ့ အင်မော်တယ် ခန္ဓာကိုယ် ကိစ္စပဲ...။”
“မင်းတို့ ဆေးသောက်ပြီးနောက် အစစ်အမှန် အင်မော်တယ်အဖြစ် တက်လှမ်းသွားပြီဆိုတဲ့သတင်းကို ပြန့်အောင် လုပ်ရမယ်...။ ဒါမှ ကျန်တဲ့ နဝမအဆင့်ဂိုဏ်းတွေကဆေးလာတောင်းကြမှာ...။”
ဤဒုတိယအချက်က သူတို့ကို အံ့အားသင့်သွားစေခဲ့လေသည်။ ယွီကျန့်ဂိုဏ်းမှ ဝူကျန့်က ခဏမျှတွန့် ဆုတ်နေပြီးနောက် ပြောလိုက်လေသည်...။
“မြင့်မြတ်သောအရှင်...။ သူတို့က ကျွန်တော်တို့ရဲ့ ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ် သတင်းကို မဖုံးကွယ်ထားပါဘူး...၊ သူတို့သိပြီးလောက်ပါပြီ...။”
“ဒါ့အပြင် ကျန်တဲ့ နဝမအဆင့်ဂိုဏ်းတွေက မြင့်မြတ်နယ်မြေ လေးခုက လူတွေနဲ့ ပတ်သက်နေတာ...။”
“သူတို့ ချက်ချင်း ဆေးလာမတောင်းတာကတော့ စိုးရိမ်စရာ တစ်ခုခု ရှိနေလို့ ထင်ပါတယ်...။”
ထိုစကားကို ကြားသောအခါ လင်းဖန် ချက်ချင်းပင် မှင်သက်သွားခဲ့ပေသည်...။
“မြင့်မြတ်နယ်မြေနဲ့ ပတ်သက်နေတာ ဟုတ်လား...။ မြင့်မြတ်နယ်မြေကနေ တိတ်တဆိတ် ထောက်ပံ့ ထားတဲ့ အင်အားစုတွေများလား...။”
လင်းဖန်၏ အထင်ကို ဝူကျန့်က ခေါင်းယမ်းကာ ပြန်ဖြေလိုက်လေသည်...။
“မြင့်မြတ်နယ်မြေကနေ တိုက်ရိုက် ထောက်ပံ့တာ မဟုတ်ပါဘူး...။ မြင့်မြတ်နယ်မြေထဲက အကြီးအကဲ အချို့က အပိုဝင်ငွေရအောင် တိတ်တဆိတ် ထောက်ပံ့ထားတာပါ...။”
ဝူကျန့်၏ ဘေးတွင် ရပ်နေသော ရွှီကျန့်ကလည်း ထိုအကြောင်းကို ကြားပြီးနောက် ဖြည့်စွက် ပြောလိုက်လေသည်...။
“တိတ်တဆိတ် ထောက်ပံ့တယ်လို့ ပြောရင်တော့ မမှန်ဘူးပေါ့...။ အမှန်ကတော့ကျွန်တော်တို့လို နဝမ အဆင့်ဂိုဏ်းတွေနဲ့မြင့်မြတ်နယ်မြေ လေးခုလုံးက အဲဒီအကြောင်းကို သိကြပေမဲ့မသိချင်ယောင် ဆောင် နေကြတာပါ...။”
“နဝမအဆင့်ဂိုဏ်းတွေတင် မဟုတ်ဘူး...။ မြင့်မြတ်နယ်မြေနဲ့ ဆက်နွှယ်နေတဲ့ အဌမအဆင့် ဂိုဏ်းတွေ လည်း အများကြီး ရှိပါသေးတယ်...။”
သူတို့၏ ရှင်းပြချက်ကို ကြားသောအခါ လင်းဖန် အနည်းငယ် အံ့အားသင့်သွားသော် လည်းထို အကြောင်းကိုမူ ဆက်လက် မဆွေးနွေးခဲ့တော့ပေ။
“ကောင်းပြီ...၊ ဒါဆိုရင်လည်း ထားလိုက်ပါတော့...။ သူတို့ လာလာ မလာလာ သဘာဝအတိုင်းပဲ ဖြစ်ပါ စေ...။ အခု လုပ်ရမှာက ပထမဆုံး အချက်ပဲ...။”
“ငါ့ကို မင်းတို့ဂိုဏ်းရဲ့ ဝိညာဉ်ကြော တည်ရှိတဲ့နေရာကို ခေါ်သွားပြီး ဝိညာဉ်ကြောကို လွှဲပြောင်းပေး ရမယ်...။”
ထိုသို့ပြောရင်း လင်းဖန်က ရှေ့ဆုံးမှ စကားပြောခဲ့သော ဝူကျန့်ကို ကြည့်လိုက်လေသည်...။
“မင်းရဲ့ ယွီကျန့်ဂိုဏ်းကနေ အရင် စကြတာပေါ့...။”
ထိုစကားကို ကြားသောအခါ ဝူကျန့်က သဘာဝကျစွာပင် အမိန့်ကို ရိုသေစွာ လက်ခံလိုက်လေသည်။ ထို့နောက် လင်းဖန်နှင့်အတူ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှ ထွက်ခွာခဲ့ပြီး ယွီကျန့်ဂိုဏ်း၏ ဝိညာဉ် ကြော တည်ရှိရာသို့ ရောက်ရှိလာခဲ့ကြလေသည်။
ဝိညာဉ်ကြော တည်ရှိရာသို့ ရောက်သည်နှင့် လင်းဖန်သည် ဝါးမြိုခြင်းလုပ်ဆောင်ချက်ကို ချက်ချင်းပင် အသက်သွင်းလိုက်ပေသည်။ သို့သော် မူလနေရာတွင် တယ်လီပို့အစီအရင်တစ်ခု တည်ဆောက်ရန် လည်း သူ မမေ့လျော့ခဲ့ပေ။
“ကောင်းပြီ...၊ မင်းရဲ့ ဂိုဏ်းဝင်တွေက ဝိညာဉ်ကြောမှာ တစ်ခုခု ထူးဆန်းနေတာကို မကြာခင် သတိထား မိလာကြလိမ့်မယ်...။”
“မင်း ဒီမှာပဲ နေခဲ့ပြီး သူတို့ကို မြင့်မြတ်နယ်မြေထဲ ဝင်ဖို့ ဆွေးနွေးလိုက်တော့...။ ငါ အခု ပြန်နှင့်မယ်...။”
လင်းဖန်၏ ညွှန်ကြားချက်ကို ကြားသောအခါ ဝူကျန့်က အလျင်အမြန်ပင် လက်အုပ်ချီ နှုတ်ဆက်လိုက် လေသည်။
“ဟုတ်ကဲ့ပါ...။ သူတို့ ကိုယ့်ဆန္ဒအလျောက် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲ ဝင်လာဖို့ကျွန်တော် အာမခံပါတယ်...။”
လင်းဖန်က ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားခဲ့လေသည်။ သူက ထျန်းယွမ်မြို့ရှိ ဟင်းလင်းပြင် မျှော်စင်သို့ ပြန်သွားပြီး မြင့်မြတ်နယ်မြေနှင့် ပတ်သက်နေသော ဂိုဏ်းများက ထိုနေရာသို့ ဆွဲဆောင်ခံ ရမလားဆိုသည်ကို စောင့်ကြည့်ချင်နေသေးသည်ပင်။
ထိုအချိန်တွင် ကျုံးကျိုးရှိ ရွှမ်းဝူ မြင့်မြတ်နယ်မြေ၏ မြင့်မြတ်သောအရှင် ဝမ်ရွှမ်သည် ထုံးစံအတိုင်း အကြီးအကဲများနှင့် လစဉ် အစည်းအဝေး ပြုလုပ်နေခဲ့ပေသည်။
“အဋ္ဌမ အကြီးအကဲ...၊ လွန်ခဲ့တဲ့ တစ်ပတ်က ငါခိုင်းထားတဲ့ ကိစ္စ ဘာထူးလဲ...။”
အဋ္ဌမ အကြီးအကဲဟု ခေါ်သောသူမှာ သူ၏အမည်ကို ခေါ်သံကြားသောအခါ လန့်သွားခဲ့ပေသည် ။ထို့နောက် လွန်ခဲ့သော အစည်းအဝေးတွင် သူ့အား မည်သည့်တာဝန်ပေးအပ်ခဲ့သည်ကို စဉ်းစား ကြည့်လိုက်သည်။ ခဏအကြာတွင်အဋ္ဌမ အကြီးအကဲက သတိရသွားပုံရလေသည်။
“အဟမ်း...၊ မြင့်မြတ်သောအရှင်...။ ဘာသဲလွန်စမှ မတွေ့သေးပါဘူး...။”
ဝမ်ရွှမ်က အဋ္ဌမ အကြီးအကဲ၏ အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေ၏။
“အဋ္ဌမ အကြီးအကဲ...၊ မင်း ဘာမှ မတွေ့တာလား...။ ဒါမှမဟုတ် လုံးဝကို မစုံစမ်းတာလား...။”
“ငါ့ရဲ့ စီစဉ်မှုတွေကို မင်း လုံးဝ ဂရုမစိုက်ဘူးလို့ ငါ ထင်တယ်...။”
အဋ္ဌမ အကြီးအကဲမှာ အဖော်ခံလိုက်ရသဖြင့် ရှက်ရယ်ရယ်လိုက်ပြီး ဆင်ခြေပေးလိုက်လေသည်။
“အရှင်မြတ်ကြီး...၊ အဓိက ပြဿနာက အဲဒီကိစ္စက စုံစမ်းဖို့ မဖြစ်နိုင်တာပါ...။”
“အထက်ဘုံမှာ ပစ္စည်းတစ်ခုခု ပျောက်သွားတာကို ဘာလို့ အောက်ဘုံမှာ လာရှာရတာလဲ...။ အဲဒါက ရယ်စရာကြီး မဟုတ်ဘူးလား...။”
“အောက်ဘုံကို တကယ် ပစ်ချလိုက်ရင်တောင် အောက်ဘုံတွေက အများကြီးပဲလေ...။ ငါတို့ရဲ့ ထျန်းယွမ်တိုက်ကြီးထဲကို ရောက်လာမယ်လို့ မဆိုလိုနိုင်ဘူး မဟုတ်လား...။”
အဋ္ဌမ အကြီးအကဲ၏ စကားအဆုံးတွင် အခြားအကြီးအကဲ အချို့ကလည်း ထောက်ခံပြောဆိုကြ လေသည်...။
“အဋ္ဌမ အကြီးအကဲ ပြောတာ လုံးဝ မှန်ပါတယ်...။”
“အခြေအမြစ်မရှိတဲ့ အရာတစ်ခုကို ငါတို့ကို စုံစမ်းခိုင်းနေတာ...။ ဘာဆုလာဘ်မှလည်းမပေးဘဲနဲ့...၊ အဲဒါက ငါတို့ရဲ့ စွမ်းအင်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူးလား...။”
“ဟုတ်တာပေါ့...။ အထက်ဘုံကို တက်လှမ်းသွားတဲ့ စီနီယာတွေက ကောင်းစားတုန်းကတော့ ငါတို့ကို သတိမရဘဲနဲ့...၊ အခု တစ်ခုခု ဖြစ်တော့မှ ငါတို့ကိုခိုင်းစားနေတာပဲ...။”
အဋ္ဌမ အကြီးအကဲ၏ ရှင်းပြချက်နှင့် အခြားအကြီးအကဲများ၏ ညည်းညူသံများကို ကြားရသောအခါ ဝမ်ရွှမ်မှာ အတော်ပင် ကူကယ်ရာမဲ့သွားပေသည်။ ဤအကြီးအကဲများသည် သူက ငယ်ရွယ်သည်ကို မြင်သဖြင့် သူတို့၏ အသက်အရွယ်ကို အသုံးချကာ မောက်မာနေကြခြင်း ဖြစ်လေသည်။
တာဝန်ပေးအပ်လိုက်သော်လည်း သူတို့က လုံးဝ စိတ်ပါလက်ပါ မလုပ်ကြချေ...။ အထက်ဘုံသို့ တက်လှမ်းသွားသော စီနီယာများအကြောင်းကိုလည်း မည်သို့ဝံ့ရဲစွာ ပြောရဲကြပါသနည်း။သူတို့သည် လည်း ထိုသို့ပင် ဖြစ်လာမည် မဟုတ်ပါလော...။
“အကြီးအကဲတို့...။ ငါတို့ ဒီကိစ္စကို စုံစမ်းသင့်ပါတယ်...၊ ကံကောင်းလို့ သဲလွန်စအချို့ တွေ့ရင်ရော ဘယ်လိုလုပ်မလဲ...။”
“အင်မော်တယ်အဖြစ် တက်လှမ်းသွားတဲ့ စီနီယာတွေက အထက်ဘုံမှာ အသိအမှတ်ပြုခံရရင် ငါတို့ မြင့်မြတ်နယ်မြေအတွက်လည်း အကျိုးရှိမှာပဲလေ...။”
“ငါတို့ရဲ့ ကောင်းချီးပေးနယ်မြေက အင်မော်တယ်ဘုံက အင်အားကြီး အဖွဲ့အစည်းတစ်ခုမှာ အကျိုးပြုခဲ့ တဲ့ တက်လှမ်းသွားတဲ့ စီနီယာတစ်ယောက်က ငါတို့ကို ပေးခဲ့တဲ့ ဆုလာဘ်ဆိုတာ မမေ့ကြနဲ့ဦး...။”
ဝမ်ရွှမ်၏ စကားမှာ အတော်ပင် ထိရောက်လှပေသည်။ ညည်းညူနေသော အကြီးအကဲများမှာ မြင့်မြတ်နယ်မြေ အကြောင်းကို ကြားသောအခါ အားလုံးနှုတ်ဆိတ်သွားကြလေသည်...။
“ကောင်းပါပြီ...၊ ဒီအတောအတွင်းမှာ ကျွန်တော် ဂရုစိုက်ကြည့်ပါ့မယ်...။”
“ဟုတ်ကဲ့ပါ...၊ ကျွန်တော်လည်း အားရင် အဋ္ဌမ အကြီးအကဲကို ကူပြီး စုံစမ်းပေးပါ့မယ်...။”
“ဒါနဲ့ မြင့်မြတ်သောအရှင်...။ အထက်ဘုံကနေ ဘာပျောက်သွားတာလဲ...၊ ကျွန်တော် မေ့သွားလို့ တစ်ချက်လောက် ပြန်ပြောပြပေးပါဦး...။”
အကြီးအကဲများက ထောက်ခံကြောင်း ပြောလာကြသဖြင့် ဝမ်ရွှမ်မှာ နောက်ဆုံးတွင် ကျေနပ်သွားခဲ့ လေသည်။ ထို့ကြောင့် ပြီးခဲ့သော အစည်းအဝေးတွင် ပြောခဲ့သည်များကို ထပ်မံ ပြောပြလိုက်လေ သည်...။
“ဒါဆိုရင် အကြီးအကဲတို့ကို ဒုက္ခပေးရဦးမှာပဲ...။”
“အထက်ဘုံက ပျောက်ဆုံးသွားတဲ့ အရာက နတ်သမီးဝတ်စုံ တစ်ထည်ပါ...။”
“အင်မော်တယ် စီနီယာ ပြောပြချက်အရ အဲဒါက ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ မျိုးဆက်ကသူတို့ဂိုဏ်းရဲ့ အခန်းထဲမှာတင် ရုတ်တရက် ပျောက်သွားတာတဲ့...။ အလွန်ဆန်းကြယ်တဲ့ ကိစ္စပဲ...။”
“အဲဒီ ပုဂ္ဂိုလ်ကြီးက နတ်ဆရာတစ်ယောက်ကို ဗေဒင်ဟောခိုင်းတော့ ‘အောက်ဘုံ’ ဆိုတဲ့ စကားလုံး နှစ်လုံးပဲ ရခဲ့တယ်လို့ ဆိုတယ်...။”
“ဒါကြောင့် အောက်ဘုံနဲ့ ဆက်သွယ်မှုရှိတဲ့ တပည့်တွေကို စုစည်းပြီး အောက်ဘုံ အသီးသီးမှာ စုံစမ်းခိုင်း နေတာပါ...။”
ဝမ်ရွှမ်၏ စကားကို ကြားပြီးနောက် အကြီးအကဲများက မှတ်သားထားကြောင်းခေါင်းညိတ်ပြကြလေ သည်။ ထို့နောက် ခန်းမအတွင်း၌တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်လေသည်။
အစည်းအဝေး ပြီးဆုံးမည့်အချိန်ကို စောင့်နေကြသော အကြီးအကဲများစွာကို ကြည့်ရင်း ဝမ်ရွှမ်မှာ သူ၏ရင်ထဲ၌ ကူကယ်ရာမဲ့မှုများကို တစ်ဖန်ခံစားလိုက်ရပြန်လေသည်...။
“အကြီးအကဲတို့...၊ ဒီလထဲမှာ ကျုံးကျိုးမှာ ထူးခြားတဲ့ ကိစ္စမျိုး ရှိခဲ့လား...။”
ထိုစကားကို ကြားသောအခါ အကြီးအကဲများ အားလုံးက ခေါင်းယမ်းလိုက်ကြသည်...။
“မရှိပါဘူး...၊ ဒီကျုံးကျိုးက ဆယ်စုနှစ်ပေါင်းများစွာ ဘာလှိုင်းတံပိုးမှ မရှိဘဲ ဒီအတိုင်းပဲ ရှိနေတာပါ...။”
“ဟုတ်ပါတယ်...။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက နဝမအဆင့်ဂိုဏ်း နှစ်ခုကြားက ပဋိပက္ခကလွဲရင် ဘာ ကြီးကျယ်တဲ့ ကိစ္စမှ မရှိခဲ့ပါဘူး...။”
“ကျွန်တော့်ကို မေးရင်တော့ နဝမအဆင့်ဂိုဏ်းတွေကြားက ပဋိပက္ခက ဘာမှ မဟုတ်ပါဘူး... ။ မြင့်မြတ် နယ်မြေ အောက်မှာတော့ အားလုံးက ပုရွက်ဆိတ်တွေပါပဲ...။”
“မှန်တယ်...။ ဒီလစဉ် အစည်းအဝေးတွေက အရမ်း စိပ်လွန်းတယ်...။ တစ်နှစ်မှ တစ်ကြိမ်ပဲပြောင်းလုပ် သင့်တယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်...။”
“သဘောတူပါတယ်...။ အဋ္ဌမ အကြီးအကဲ ပြောတာ လုံးဝ မှန်တယ်...။”
အကြီးအကဲများ၏ စကားကို နားထောင်ရင်း ဝမ်ရွှမ်မှာ သူ၏နားထင်ကို ကူကယ်ရာမဲ့စွာ ပွတ်သပ်လိုက် ပြီး ဆွေးနွေးရမည့် ကိစ္စများကို စတင်ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က တခြား မြင့်မြတ်နယ်မြေ သုံးခုက မြင့်မြတ်သောအရှင်တွေငါ့ကို ဆက်သွယ်လာပြီး ငါတို့ ရွှမ်းဝူ မြင့်မြတ်နယ်မြေမှာ မကြာသေးခင်ကအပြောင်းအလဲ အသစ်တွေ ရှိလားလို့ မေးလာကြတယ်...။”
“ငါတို့ မြင့်မြတ်နယ်မြေက လူတွေက ဘယ်အင်အားစုတွေကိုများ ထောက်ပံ့ပေးနေသလဲလို့ သူတို့က မေးနေကြတာ...။”