အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း (၂၄၃) ထျန်းယွမ်မြို့ကို အမည်ပြောင်းရန် စီစဉ်ခြင်း...
“ငါ ပြောခဲ့သလိုပဲ...။ ငါလည်း အထက်ဘုံက ကိစ္စတွေကို စုံစမ်းချင်တာပါ...။”
“ကျွန်တော်လည်း တူတူပါပဲ...၊ ဘာပဲဖြစ်ဖြစ် အထက်ဘုံက ကိစ္စတွေက ပိုအရေးကြီးတယ်လေ...။”
လူတိုင်းက တာဝန်ကို တစ်ယောက်ကိုတစ်ယောက် လွှဲချနေကြသည်ကို မြင်သောအခါ ဝမ်ရွှမ်သည် မည်သူ့ထံမှ ဆန္ဒအလျောက် လုပ်ကိုင်မည့် စကားကို မျှော်လင့်၍ မရနိုင်တော့မှန်းသိလိုက်ပေသည်။ ထို့နောက် သူက တတိယ အကြီးအကဲကို ကြည့်ကာ ပြောလိုက်လေသည်...။
“တတိယ အကြီးအကဲ...။ မင်းက ဒီလိုကိစ္စမျိုးမှာ အတွေ့အကြုံ ရှိပြီးသားဆိုတော့...၊ ဒီတာဝန်ကို မင်းပဲ ယူလိုက်တော့...။”
“ကောင်းပြီ...။ ဒီနေ့ အစည်းအဝေးကို ဒီမှာတင် အဆုံးသတ်မယ်...၊ အစည်းအဝေး ပြီးပြီ...။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့...။”
ထိုသို့ပြောပြီးနောက် ဝမ်ရွှမ်သည် တတိယ အကြီးအကဲက ပြန်လည် ငြင်းဆန်ခွင့် မရမီမှာပင် အခွင့် အရေးကို အသုံးချကာ မျက်စိတစ်မှိတ်အတွင်း ထွက်ခွာသွားလေတော့သည်...။
တတိယ အကြီးအကဲမှာ လုံးဝကို မှင်သက်၍ ကျန်ရစ်ခဲ့လေတော့သည်...။
“ငါ့မှာ အတွေ့အကြုံ ရှိတယ် ဟုတ်လား...။ ငါ့မှာ ဘာအတွေ့အကြုံ ရှိလို့လဲ...။”
*အဲဒီ ကိစ္စနှစ်ခုက အတူတူပဲလား...။*
အခြား အကြီးအကဲများသည်လည်း တတိယ အကြီးအကဲ၏ ပြန်လည် ဆွဲဆောင်မှုကို မခံချင်ကြ သဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြရာ သူနှင့်အတူ ပူးပေါင်းလုပ်ကိုင်ချင်သူတစ်ဦးမျှ မရှိချေ။ နောက်ဆုံးတွင် စိတ်ပျက်အားငယ်နေသော တတိယအကြီးအကဲတစ်ဦးတည်းသာ ခန်းမ ဆောင်ကြီးထဲတွင် ကျန်ရစ်ခဲ့လေတော့သည်...။
အစည်းအဝေးအတွင်းမှာတော့ ထင်မြင်ချက် အမျိုးမျိုးပေးကာ ငြင်းဆန်ရန် အကြောင်းပြချက် အမျိုး မျိုး ရှာနိုင်သော်လည်း...၊ ယခုအခါ မြင့်မြတ်သောအရှင်က အစည်းအဝေးကိုရုတ်တရက် အဆုံးသတ် ကာ အရာအားလုံးကို စီစဉ်သွားခဲ့ပြီဖြစ်ရာ သူငြင်းဆန်ရန် နည်းလမ်း မရှိတော့ချေ...။
“ဟင်း...၊ မြင့်မြတ်သောအရှင်ကလည်း ပိုပြီး ပါးနပ်လာတာပဲ...။”
“သူတို့ကိုပဲ စုံစမ်းခိုင်းလိုက်မယ်...။ အနားယူဖို့ အခွင့်အရေးတစ်ခုလို့ပဲသဘောထားလိုက်တော့မယ်...၊ ဖြစ်နိုင်ရင် အဲဒီ အင်အားစုဆီကနေပိုက်ဆံတောင် အနည်းငယ် ရှာလို့ ရဦးမှာ...။”
တတိယ အကြီးအကဲသည် အေးစက်စွာ နှာခေါင်းရှုံ့ရင်း ခန်းမဆောင်မှထွက်ခွာသွားလေတော့သည်...။
တစ်ဖက်တွင်မူ ထျန်းယွမ်မြို့ရှိ ဟင်းလင်းပြင်မျှော်စင်၏ အဝင်ဝသို့ အတိဒုက္ခအဆင့် ကျင့်ကြံသူ အချို့ ရောက်ရှိလာခဲ့ကြလေသည်။
ဆိုင်အတွင်း၌စောင့်ဆိုင်းနေသော လင်းဖန်သည် ထိုမျက်နှာစိမ်း အတိဒုက္ခအဆင့် ကျင့်ကြံသူများကို မြင်သောအခါ များစွာ စိတ်ဝင်စားဟန်မပြခဲ့ပေ...။
အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးသည် နဝမအဆင့်ဂိုဏ်းတစ်ခု၏ ကိုယ်စားလှယ်ဖြစ်နိုင်သော် လည်း...၊ ဝူကျန့်တို့ထံမှ ကျန်ရှိနေသောနဝမအဆင့်ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများ၏ ဆက်နွှယ်မှု အကြောင်းကိုကြားသိပြီးနောက်တွင်မူ...၊ လင်းဖန်သည် သူတို့နှင့် စီးပွားရေးအရ အဆင်ပြေရန်မဖြစ်နိုင် တော့ကြောင်း ခံစားလိုက်ရပေသည်...။
အတိဒုက္ခအဆင့် ကျင့်ကြံသူ အချို့ နေရာယူပြီးနောက်...၊ သူတို့သည် အချိန်မဆွဲဘဲ ဆေးလုံးများနှင့် ပတ်သက်၍ ချက်ချင်းပင်မေးမြန်းလိုက်ကြလေသည်။
“အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးနိုင်တဲ့ ဆေးလုံး ရောင်းတယ်လို့ငါတို့ ကြားတယ်...။ အဲဒါကို ငါတို့ကို ပြစမ်း...။”
တစ်ဖက်လူ၏ စကားလုံးများမှာ အလွန် ရိုင်းပျလှပြီး အမိန့်ပေးနေသည့်နှယ် ရှိသည်...။ ကြောက်ရွံ့ ဟန်ဆောင်ကာ သူတို့ကို ဆေးလုံးများ ပေးလိုက်ခြင်းက တစ်ဖက်လူ၏ဘိုးဘေးကို ကျွန်ပြုရန် ပိုမို လွယ်ကူစေမည် ဖြစ်သော်လည်း...၊ လင်းဖန်ကထိုသို့ ပြုလုပ်ရန် အစီအစဉ် မရှိချေ...။
မည်သို့ပင်ဆိုစေကာမူ သူ ကျွန်ပြုထားသော ဂိုဏ်းများက လုံလောက်နေပြီ ဖြစ်သည်...။ကျန်ရှိနေသော ဂိုဏ်းများကို ကျွန်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေအရေးမကြီးတော့ပေ...။
အချိန်တန်လျှင် သူ၏ အင်မော်တယ် ကိုးဦးကို သူတို့တံခါးဝသို့ ခေါ်ဆောင်သွားပြီး သူတို့ အညံ့ခံမလား ဆိုသည်ကို စောင့်ကြည့်ရုံသာ...။ အညံ့ခံလျှင် လက်ခံမည်ဖြစ်ပြီး မခံလျှင်တော့တိုက်ရိုက် သတ်ဖြတ် ပစ်မည်သာ ဖြစ်ချေသည်...။
“ဆေးလုံးလာဝယ်တဲ့သူက ဒီလို အမူအရာမျိုး ပြရတာလား...။”
“ယွီကျန့်ဂိုဏ်းတို့၊ ရွှမ်းထျန်းဂိုဏ်းတို့ဆီက နည်းလမ်းတွေကို မင်းတို့ ဘာလို့မသင်ယူတာလဲ...။ အဲဒီမှာ ဆိုရင် ဂိုဏ်းချုပ်ကိုယ်တိုင် လာတာလေ...။”
လင်းဖန်၏ စကားကို ကြားသောအခါ တစ်ယောက်က လှောင်ပြုံး ပြုံးလိုက်လေသည်...။
“ဟင်း...၊ ငါတို့ကို အဲဒီဂိုဏ်းတွေနဲ့ လာမနှိုင်းစမ်းပါနဲ့...။”
“ငါတို့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ဘယ်သူမှ မင်းကို မပြောပြထားဘူးလား...။”
“မင်းတို့ အဖွဲ့အစည်းက ကိုယ့်ကိုယ်ကိုယ် ‘ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ လို့တောင်ခေါ်ဝံ့တယ်လို့ ငါ ကြားတယ်...။ မြင့်မြတ်နယ်မြေ လေးခုရဲ့ မေးမြန်းမှုကို ခံရမှာမကြောက်ဘူးလား...။”
“ဒီနေ့ ငါတို့ကို စိတ်ကျေနပ်အောင် လုပ်ပေးရင်...၊ ငါတို့က မြင့်မြတ်နယ်မြေဆီမှာမင်းတို့အတွက် စကားကောင်းလေး ပါးပေးနိုင်တယ်...။ အဲဒီအခါကျရင် အပြစ်ဒဏ်ကသိပ်မပြင်းထန်ဘဲ နေမှာပေါ့...။”
“ဒါမှမဟုတ်ရင်တော့ ငါတို့က မင်းတို့နောက်က မြင့်မြတ်နယ်မြေကို တိုက်ရိုက်ဆက်သွယ်လိုက်မယ်...၊ အဲဒီအခါကျရင် မင်းတို့ကို စောင့်ကြိုနေမှာကရိုးရိုးတန်းတန်း မေးမြန်းတာထက် ပိုလိမ့်မယ်...။”
ထိုစကားကို ကြားရသောအခါ လင်းဖန်မှာ သူ၏ စိတ်အခြေအနေကို ထိခိုက်မည် စိုးသဖြင့်တစ်ဖက် လူနှင့် စကား ဆက်မပြောတော့ချေ...။ သူသည် လက်နက်ဖန်တီးမှုပြိုင်ပွဲတွင် ဖော်စပ်ထားသော အဖြူရောင်အင်မော်တယ်ဓားသွားကိုချက်ချင်းပင် ထုတ်ယူလိုက်တော့သည်...။
လင်းဖန်က ဓားပျံတစ်လက်ကို ရုတ်တရက် ထုတ်ယူလိုက်သည်ကို မြင်သောအခါတစ်ဖက်လူမှာ မည်သည်ကို ဆိုလိုမှန်း ခေတ္တမျှ နားမလည် ဖြစ်သွားခဲ့လေသည်...။ထို့နောက် လင်းဖန်က ပထမဆုံး စကားပြောခဲ့သောသူဆီသို့ ဓားကို အမှတ်မထင်ဝှေ့ယမ်းလိုက်တော့သည်...။
ထိုအခါ တစ်ဖက်လူ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်းပေါ်ပေါက်လာတော့သည်...။ အဖြူရောင်အင်မော်တယ်ဓားသွား၏ အာနိသင်က အသက်ဝင်လာပြီး တစ်ဖက်လူသည် လင်းဖန်၏ ရှေ့ မှောက်သို့ ဒူးထောက်လျက် ချက်ချင်း လျှောတိုက်ရောက်ရှိလာခဲ့လေသည်...။
လင်းဖန်က သူ၏ ဘယ်ဘက်လက်ကို ဘေးသို့ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်တံခါးတစ်ခု ပွင့်လာ ခဲ့၏။ ထို့နောက် သူ၏ရှေ့တွင် ဒူးထောက်နေသော အတိဒုက္ခအဆင့် ကျင့်ကြံသူကိုဟင်းလင်းပြင်တံခါး ထဲသို့ ကန်သွင်းလိုက်တော့သည်...။
ဤအခြေအနေက ကျန်ရှိနေသောသူများကို များစွာ ထိတ်လန့်သွားစေခဲ့၏။ သူတို့သည် နေရာမှချက် ချင်းထကာ ထိုနေရာမှ ထွက်ပြေးရန် ပြင်ကြတော့သည်။ ယခုတစ်ကြိမ် ရောက်လာသောကျင့်ကြံသူ များမှာ အဆင့် အလွန်မြင့်မားကြသူများ မဟုတ်ချေ...။
လင်းဖန်က လှုပ်ရှားလိုက်သောအခါ သူ၏ သတ္တမအကြိမ် အတိဒုက္ခအဆင့် ကျင့်ကြံမှုကို သဘာဝကျ စွာပင် ထုတ်ဖော်လိုက်လေသည်။ အမြင့်ဆုံးမှ စတုတ္ထအကြိမ်အတိဒုက္ခအဆင့်တွင်သာ ရှိကြသော ထိုကျင့်ကြံသူများမှာ လင်းဖန်ကိုယှဉ်နိုင်စွမ်း မရှိကြချေ...။
လင်းဖန်က စကားတစ်ခွန်းမှ မပြောဘဲ ရုတ်တရက် တိုက်ခိုက်သည်ကို မြင်သောအခါ သူတို့မပြေးဘဲ ဘာကို စောင့်နေနိုင်ကြပါမည်နည်း။ သို့သော် သူတို့ ထပြေးသည့်အရှိန်မှာ လင်းဖန် ဓားဝှေ့ယမ်းသည့် အရှိန်ကို မမီနိုင်ခဲ့ချေ...။
လင်းဖန်သည် ဓားကို ဝှေ့ယမ်းကာ လူများကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်လိုက်လေသည်။ အပြင်သို့ ရောက်ရှိသွားသူများပင်လျှင် အဖြူရောင်အင်မော်တယ်ဓားသွား၏ အစွမ်းထက်သော အာနိသင်ကြောင့် ထိန်းချုပ်ခံထားရဆဲ ဖြစ်ပေသည်...။
သူတို့သည် တံခါးအပြင်ဘက်မှနေ၍ လင်းဖန်ရှိရာဆီသို့ ဒူးထောက်လျက် လျှောတိုက်လာခဲ့ကြရသည်။ သို့သော် ကျင့်ကြံသူတစ်ဦးမှာ ဆိုင်တံခါးခုံကို တိုက်မိကာ လင်းဖန်ရှိရာသို့ မှောက်ရက်သားကြီး လျှော တိုက် ရောက်ရှိသွားတော့သည်...။
လင်းဖန်က ခဏမျှ ကြည့်ပြီးနောက် ထိုသူကိုလည်း ဟင်းလင်းပြင်တံခါးထဲသို့ကန်သွင်းလိုက်လေတော့ သည်။ ဤနှောင့်ယှက်မှုကိုမြင်တွေ့ပြီးနောက် လင်းဖန်သည် သူတို့နောက်ကွယ်မှမြင့်မြတ်နယ်မြေနှင့် ပဋိပက္ခဖြစ်ရန် နီးကပ်နေပြီ ဖြစ်ကြောင်းသိလိုက်သည်...။
ထို့နောက် သူသည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ ပြန်သွားပြီး သူ၏လက်အောက်ရှိ နဝမ အဆင့်ဂိုဏ်း ကိုးဂိုဏ်းမှ လူများကို ဆင့်ခေါ်လိုက်လေသည်...။
အင်မော်တယ်တိမ်တိုက်၊ ရွှမ်းမင်၊ လင်းရှောင်း၊ဆေးမီးဖို၊ ယွီကျန့်၊ သားရဲယဉ်ပါးစေသော၊ ရွှမ်းထျန်း၊ ထျန်းကျီးနှင့် ထျန်းယန့် ဂိုဏ်းတို့မှ ဘိုးဘေးများ ရောက်ရှိလာခဲ့ကြလေသည်...။
“ဒီနေ့ ကျုံးကျိုးက ကျန်နေတဲ့ ဂိုဏ်းတွေက ငါတို့ ဟင်းလင်းပြင်မျှော်စင်မှာ လာပြီးပြဿနာ ရှာသွား တယ်...။”
လင်းဖန် စကားပြောပြီးသည်နှင့် လူကိုးဦးစလုံးမှာ ဒေါသများ ထွက်လာခဲ့ကြလေသည်...။
အင်မော်တယ် ဘိုးဘေး - “ဒါက တော်တော်လေးကို လွန်လွန်းတယ်...။ ဒါဟာ မြင့်မြတ်နယ်မြေကစီစဉ် ထားတာ သေချာတယ်...။ မြင့်မြတ်သောအရှင်...၊ သူတို့ကို စစ်ကြေညာကြရအောင်...။”
အင်မော်တယ် ဘိုးဘေးသည် မြင့်မြတ်နယ်မြေအပေါ် မည်သည့် စေတနာမျှ မရှိချေ။ ဘာပဲဖြစ်ဖြစ် မြင့်မြတ်နယ်မြေသည် သွေးတိမ်တိုက်ဂိုဏ်းကိုစစ်ပွဲစတင်ရန် လှုံ့ဆော်ခဲ့သူ မဟုတ်ပါလော...။
ရွှမ်းမင် ဘိုးဘေး - “ကျွန်တော် သဘောတူပါတယ်...။ အခု ကျွန်တော်တို့ ဟင်းလင်းပြင်မြင့်မြတ် နယ်မြေရဲ့ အင်အားနဲ့ဆိုရင် မြင့်မြတ်နယ်မြေလေးခုလုံးကို လုံးဝ ကြောက်စရာ မလိုပါဘူး...။ တိုက်ခိုက် ပြီး ငါတို့နာမည်ကို ထင်ရှားအောင် လုပ်ရမယ့် အချိန်ပါပဲ...။”
ရွှမ်းမင်ဂိုဏ်းမှ ဘိုးဘေးမှာ စစ်လိုလားသူတစ်ဦး ဖြစ်မှန်း သိသာလှပေသည်။လင်းဖန်နှင့် မတွေ့ဆုံမီ ကပင် ရွှမ်းမင်ဂိုဏ်းသည် နဝမအဆင့်ဂိုဏ်းများကြား စစ်ပွဲဖြစ်ရန် စီစဉ်နေခဲ့သည်မဟုတ်ပါလော...။
အခြားသူများမှာမူ ဤမျှ အစွန်းမရောက်သော်လည်း အားလုံးက သဘောတူကြလေသည်။ အခြားသူ များ၏စကားကို ကြားသောအခါ လင်းဖန်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်...။
“တခြား မြင့်မြတ်နယ်မြေ လေးခုနဲ့ ပဋိပက္ခ ဖြစ်တာကတော့ ရှောင်လွှဲလို့ မရပါဘူး...။”
“ဒါပေမဲ့ ငါတို့ဘက်က စစ်ကြေညာဖို့ မလိုဘူး...။ သူတို့ ငါတို့ဆီ လာမှာကိုပဲထျန်းယွမ်မြို့မှာ စောင့်နေ ရုံပဲ...။”
ထိုသို့ပြောရင်း လင်းဖန်က အင်မော်တယ်တိမ်တိုက် ဘိုးဘေး ကျောက်ဝူယာကိုကြည့်လိုက်သည်...။
“နောက်ပြီး ငါ ခရမ်းရွှေနတ်နဂါးထီးကို ပြန်သိမ်းမယ်...။ ပြီးရင် အစီအရင်တစ်ခုနဲ့ထျန်းယွမ်မြို့ တစ်မြို့ လုံးကို လွှမ်းခြုံထားပြီး...၊ အဲဒီမြို့ကိုဟင်းလင်းပြင်မြို့ လို့ အမည်ပြောင်းလိုက်မယ်...။ အဲဒါက ငါတို့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရဲ့ မြို့ ဖြစ်လာမှာပေါ့...။”
“အဲဒီအချိန်ကျရင် မြင့်မြတ်နယ်မြေ လေးခုက လူတွေက သဘာဝကျကျပဲ ပြဿနာလာရှာကြ လိမ့်မယ်...။”
ထိုစကားကို ကြားသောအခါ ကျောက်ဝူယာက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်လေသည်...။
“မြင့်မြတ်သောအရှင် စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်...။ ကျွန်တော်တို့က အပြည့်အဝထောက်ခံ ပါတယ်...။”
ထို့နောက် လင်းဖန်က သူ၏ စိုးရိမ်မှုကို ထုတ်ဖော်လိုက်လေသည်...။
“မြင့်မြတ်နယ်မြေ လေးခုက ကျုံးကျိုးကို အုပ်စိုးလာတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့...၊ သူတို့ရဲ့ အင်အားကို လျှော့တွက်လို့တော့မရဘူး...။”
“စစ်ပွဲ စတင်ပြီဆိုရင် ရန်သူက မင်းတို့ ဂိုဏ်းတွေကို တိုက်ခိုက်လာတဲ့အခါခရမ်းရွှေနတ်နဂါးထီးက အားလုံးကို မကာကွယ်ပေးနိုင်မှာကို စိုးရိမ်ရတယ်...။”
ထိုစကားကို ကြားသောအခါ မကြာသေးမီကမှ ပူးပေါင်းခဲ့သော ဂိုဏ်းများမှ အကြီးအကဲများမှာ မျက်မှောင်ကြုတ်သွားကြလေသည်...။
ကျောက်ဝူယာတို့ အစောပိုင်းက ပူးပေါင်းခဲ့သောဂိုဏ်းသုံးဂိုဏ်းကမူ ဂရုမစိုက်ဟန်ဖြင့် ပြန်လည် ဖြေ လိုက်လေသည်...။
“မြင့်မြတ်သောအရှင်...၊ အဲဒီလောက်အထိ စိုးရိမ်စရာ မလိုပါဘူး...။ အခုမြင့်မြတ်နယ်မြေထဲမှာ အရှင် ကျွန်တော်တို့အတွက်သတ်မှတ်ပေးထားတဲ့ နေရာတွေက တော်တော်လေးကို ကောင်းမွန်နေပါပြီ...။”
“မြင့်မြတ်နယ်မြေ အပြင်ဘက်က ဂိုဏ်းအခြေစိုက်စခန်းတွေက မလိုအပ်တော့ပါဘူး...။ လုံးဝစွန့်လွှတ် လိုက်လို့ ရပါတယ်...။”