အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄) နဂါးကိုးကောင် ပုလဲကို စောင့်ရှောက်ခြင်း၏ စွမ်းအား...
ကျောက်ဝူယာနှင့် အခြားသူနှစ်ဦးက ထိုသို့ပြောသည်ကို မြင်သောအခါကျန်ရှိနေသောသူများကလည်း သူတို့၏သဘောထားများကို စတင် ထုတ်ဖော်လိုက်ကြသည်...။
“ကျွန်တော်တို့ ဒီကို ရောက်တာ မကြာသေးပေမဲ့...၊ ဂိုဏ်းရဲ့ အခြေစိုက်စခန်းကိုတည်ဆောက်ဖို့ သိပ်တော့ အချိန်မကြာပါဘူး...။”
“အဆိုးဆုံးဖြစ်လာရင်တောင်...၊ အရေးကြီးတဲ့ အဆောက်အအုံအချို့ကို ဖျက်သိမ်းပြီးမြင့်မြတ်နယ်မြေ ထဲကို ပြောင်းရွှေ့လိုက်ရုံပဲလေ...။”
ထိုသူများ ပြောဆိုနေသည်ကို နားထောင်ပြီးနောက် လင်းဖန်က ဆက်လက် ပြောလိုက်လေသည်...။
“ငါက သံယောဇဉ်ကြီးတဲ့သူပါ...၊ မင်းတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ဂိုဏ်းအခြေစိုက်စခန်းတွေ ပျက်စီးသွားတာကို ငါမမြင်ချင်ပါဘူး...။”
“မင်းတို့ကို ငါ အခုလို ပြောတာက အဲဒီနေရာတွေကို စွန့်လွှတ်ဖို့ ပြောတာမဟုတ်ပါဘူး...။”
“ပြောင်းရွှေ့ဖို့အတွက်ပဲ ပြင်ဆင်ထားဖို့ ပြောတာပါ...။”
လင်းဖန်၏ စကားက လူတိုင်းကို အံ့အားသင့်သွားစေခဲ့လေသည်။ ကျုံးကျိုးရှိ သူတို့၏ဂိုဏ်းနယ်မြေများ အတွက် သူတို့သည် မရေမတွက်နိုင်သောကြိုးပမ်းအားထုတ်မှုများကိုရင်းနှီးမြှုပ်နှံထားကြရာ သည် အတိုင်းစွန့်လွှတ်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှချေသည်။ အကယ်၍ စိတ်ချရသောနည်းလမ်း ရှိမည်ဆိုပါက သူတို့ သေချာပေါက် ပို၍နှစ်သက်ကြပေလိမ့်မည်...။
လင်းဖန်က ဆက်ပြောလေသည်...။
“မင်းတို့ ဂိုဏ်းကိုးဂိုဏ်းစလုံးရဲ့ အခြေစိုက်စခန်းတွေကို ထျန်းယွမ်မြို့ပတ်ပတ်လည်ဆီ ငါ ပြောင်းရွှေ့ ပေးဖို့ စီစဉ်ထားတယ်...။”
“ထျန်းယွမ်မြို့ကို အလယ်ဗဟိုမှာထားပြီး ‘နဂါးကိုးကောင် ပုလဲကို စောင့်ရှောက်ခြင်း’ပုံစံမျိုး ဖြစ်လာ မှာပေါ့...။”
“ခရမ်းရွှေနတ်နဂါးအစီအရင်ရဲ့ လွှမ်းခြုံမှုအောက်မှာ မင်းတို့ရဲ့ အခြေစိုက်စခန်းတစ်ခုလုံးကို လုံးဝ ကာကွယ်ပေးထားနိုင်လိမ့်မယ်...။ ဘယ်လိုလဲ...၊ သဘောတူကြလား...။”
ထိုစကားကို ကြားသောအခါ လူတိုင်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြလေ သည်...။
“မြင့်မြတ်သောအရှင်...၊ ဒီအကြံက တကယ်ကို ထူးကဲလှပါတယ်...။ ထျန်းယွမ်မြို့ကကျုံးကျိုးရဲ့ အလယ်ဗဟိုမှာ ရှိတာလေ...။ ဂိုဏ်းအခြေစိုက်စခန်းကို ဒီမှာပြောင်းရွှေ့တာက တပည့်တွေအတွက် လည်း အလွန် ဝမ်းသာစရာ ကောင်းတဲ့ကိစ္စပဲ...၊ သူတို့ သေချာပေါက် စိတ်ပါလက်ပါ သဘောတူကြ မှာပါ...။”
“ကျွန်တော်တို့ မြင့်မြတ်သောအရှင်က တကယ်ကို ဉာဏ်ပညာ ကြီးမားလှတာပဲ...။ နဂါးကိုးကောင်ရဲ့ ကာကွယ်မှုအောက်မှာ ငါတို့ရဲ့ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက ဒီထျန်းယွမ်တိုက်ကြီးရဲ့ အဓိက ဗဟိုချက်မ ဖြစ်လာတော့မှာပဲ...။”
မည်သူမျှ ကန့်ကွက်သူ မရှိသည်ကို မြင်သောအခါ လင်းဖန်က အစီအစဉ်များကို စတင်ချမှတ်လိုက် လေတော့သည်...။
“ကောင်းပြီ....။ ဒါဆိုရင် မင်းတို့အားလုံး ကိုယ့်ဂိုဏ်းအခြေစိုက်စခန်းတွေဆီကိုပြန်ကြတော့...။”
“ငါ မရောက်လာခင်မှာ မြင့်မြတ်နယ်မြေက လူတွေ ရောက်လာခဲ့ရင်...၊ မင်းတို့ အဲဒီမှာရှိနေတာက သူတို့ကို ခဏလောက် ဆွဲထားနိုင်လိမ့်မယ်...။”
ဂိုဏ်းအခြေစိုက်စခန်းကဲ့သို့သော ဧရာမ အဆောက်အအုံကြီးကို သယ်ဆောင်ခြင်းကသုံးဘီးစက်ဘီး၏ အရှိန်ကို နှေးကွေးသွားစေနိုင်သလို ဟင်းလင်းပြင်တံခါးကိုလည်း ဖြတ်သန်းနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ဤပြောင်းရွှေ့မှုမှာ အချိန်အနည်းငယ် ကြာနိုင်ပေသည်...။
အချိန်မဆွဲတော့ဘဲ လူတိုင်းကို ညွှန်ကြားချက်များ ပေးပြီးနောက် လင်းဖန်သည်ရွှမ်းမင်ဂိုဏ်း၏ အခြေ စိုက်စခန်းဆီသို့ တိုက်ရိုက်တယ်လီပို့ ဖြင့်သွားလိုက်လေသည်...။
“ဝါး....၊ လာလာမုဖ်ရဲ့ လုပ်ဆောင်ချက်တွေကို မသုံးတာ ကြာပြီပဲ...။ ဂိုဏ်းအခြေစိုက်စခန်းကြီးကို ဆွဲပြီးလူတွေကို ဝင်တိုက်ရတဲ့ ခံစားချက်ကို ငါ တကယ် လွမ်းနေမိတာ...။”
ထိုသို့ပြောရင်း လင်းဖန်က သူ၏လက်ကို အမှတ်မထင် ဝှေ့ယမ်းလိုက်ရာ ၊ အင်မော်တယ်တိမ်တိုက် ဂိုဏ်းတွင် ရှိနေသောခရမ်းရွှေနတ်နဂါးထီးမှာ ဟင်းလင်းပြင်တံခါးမှတစ်ဆင့် လင်းဖန်၏အနားသို့ ချက်ချင်း ရောက်ရှိလာလေသည်...။
ထို့နောက် လင်းဖန်သည်ခရမ်းရွှေနတ်နဂါးအစီအရင်ကို တစ်ဖန် ပြန်လည်သက်သွင်းလိုက်ပြီး ရွှမ်းမင် ဂိုဏ်း၏နယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်တော့သည်...။
ထို့နောက် လင်းဖန်သည် သုံးဘီးစက်ဘီးကို ထုတ်ယူလိုက်လေသည်...။
“လာလာရွှေ့... စတင်စို့...။”
လင်းဖန်၏ အော်ဟစ်သံနှင့်အတူ သုံးဘီးစက်ဘီးသည် ရွှမ်းမင်ဂိုဏ်းကြီးတစ်ခုလုံးကိုအမြစ်မှ ဆွဲနှုတ် လိုက်တော့သည်...။
ရွှမ်းမင်ဂိုဏ်း၏ အခြေစိုက်စခန်းအတွင်း၌တပည့်များစွာ ရှိနေဆဲ ဖြစ်ပေသည်။ ကြိုတင် အကြောင်း ကြားထားပြီး ဖြစ်သဖြင့်ဂိုဏ်းကြီးတစ်ခုလုံး ကောင်းကင်ပေါ်သို့ ရုတ်တရက် ပျံတက်သွားခြင်းအပေါ် သူတို့လုံးဝ အံ့အားသင့်မနေခဲ့ကြပေ...။
သူတို့၏ မျက်နှာပေါ်တွင် ဤဆန်းသစ်သော အတွေ့အကြုံအတွက် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေ ခဲ့လေတော့သည်...။
“အားပါးပါး...၊ ငါတို့ ဂိုဏ်းအခြေစိုက်စခန်းကြီး တစ်နေ့မှာ ပျံတက်သွားလိမ့်မယ်လို့ငါ လုံးဝ မထင် ထားခဲ့ဘူး...။”
“ဘာတွေ အုတ်အော်သောင်းနင်း ဖြစ်နေကြတာလဲ...။ ငါတို့ အရင်က မြင်ဖူးသားပဲလေ... ။ မြင့်မြတ် သောအရှင်က ဂိုဏ်းငယ်လေးတစ်ခုရဲ့ အခြေစိုက်စခန်းကိုဆွဲပြီး ငါတို့ ခေါင်းပေါ်ကနေ ပျံသန်းသွားခဲ့ တာကို...။”
“အဲဒါနဲ့ ဘယ်လို လာနှိုင်းလို့ ရမှာလဲ...။ အဲဒီတုန်းက နေရာနဲ့ အခု ငါတို့တည်ဆောက်ထားတဲ့ နယ်မြေ အကျယ်အဝန်းက နှိုင်းယှဉ်လို့ရလို့လား...။”
“ဟုတ်ပါ့...၊ မြင်တွေ့ရတဲ့ ခံစားချက်ချင်းက လုံးဝကို ကွာခြားနေ တာ...။”
ရွှမ်းမင်ဂိုဏ်းမှ တပည့်များစွာ၏ အာမေဍိတ်သံများကြားမှာပင် သုံးဘီးစက်ဘီးမှာ စတင်ရွေ့လျားသွား ပြီး အင်မော်တယ်တိမ်တိုက်ဂိုဏ်းရှိရာဆီသို့ ဖြည်းညင်းစွာမောင်းနှင်သွားတော့သည်...။
“သခင်...၊ သခင်...၊ နဂါးလေး ပြောစရာ ရှိလို့ပါ...။”
လင်းဖန်တစ်ယောက် သုံးဘီးစက်ဘီးကို အားသွန်ခွန်စိုက် နင်းနေစဉ်မှာပင်ခရမ်းရွှေနတ်နဂါးထီး၏ ဝိညာဉ်ဖြစ်သော နဂါးလေးက ရုတ်တရက်စကားပြောလာခဲ့လေသည်...။
လင်းဖန်က စက်ဘီးကို နင်းရင်းနှင့်ပင် ဝေခွဲမရစွာမေးလိုက်သည်......။
“နောက်ဆိုရင် ပြောစရာ ရှိတာကို တိုက်ရိုက်သာ ပြောပါ...၊ အရင် လာတင်ပြနေဖို့မလိုဘူး...။”
ထိုစကားကို ကြားသောအခါ နဂါးလေးက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်...။
“အော်...၊ အဲဒီလိုလား သခင်...။ ဒီခရမ်းရွှေနတ်နဂါးအစီအရင်မှာ ပုံသဏ္ဌာန်ပြောင်းလဲနိုင်တဲ့ စွမ်းရည် ရှိတာကို ကျွန်တော် ရုတ်တရက်သတိရသွားလို့ပါ...။”
ခ“သခင် ဆွဲလာတဲ့ ဂိုဏ်းကို ခရမ်းရွှေနတ်နဂါး ပုံသဏ္ဌာန်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်...။”
ဤစွမ်းရည်က လင်းဖန်၏ စိတ်ကို ဆွဲဆောင်သွားခဲ့လေသည်...။
“ဧရာမ နဂါးကြီးအဖြစ် ပြောင်းလဲနိုင်တာ ဟုတ်လား...၊ အဲဒါ တကယ် ဖြစ်နိုင်လို့လား...။”
“အဲဒီလို ပြောင်းလဲလိုက်တဲ့ ခရမ်းရွှေနဂါးမှာ တိုက်ခိုက်နိုင်စွမ်းရော ရှိလား...။”
ဤမေးခွန်းက နဂါးလေးကို ခဏမျှ ဆွံ့အသွားစေခဲ့၏...။
“အဲဒါကတော့...၊ အခုလောလောဆယ် မရှိသေးပါဘူး...။”
“ဒါပေမဲ့ ခရမ်းရွှေနတ်နဂါး ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလိုက်ရင် ကြည့်ရတာ အရမ်းတင့်တယ်လှပ သွားမှာလေ...။”
“အဲဒီလိုဆိုရင် လူတွေ မြင်တဲ့အခါမှာ ပိုင်ရှင်ဖြစ်တဲ့ သခင်က နောက်ကနေဆွဲလာတာဆိုတာကို သိမှာ မဟုတ်တော့ဘူးပေါ့...။”
လင်းဖန်က အနည်းငယ် စိတ်ပျက်သွားခဲ့သည်...။
“ကြည့်ကောင်းရုံသက်သက်ပဲလား...။ ကြည့်ကောင်းတာက ဘာလုပ်လို့ ရမှာလဲ....၊ အဲဒါကထမင်းကျွေး နိုင်လို့လား...။”
နဂါးလေးက ရတနာတစ်ခုကို ထုတ်ပြနေသည့်နှယ် ဆက်ပြောလိုက်သည်...။
“သခင်...၊ တစ်ချက်လောက် စမ်းကြည့်လိုက်ပါ...။ သခင် သေချာပေါက် ကျေနပ်သွားမှာပါ...။”
နဂါးလေးက ဇွတ်အတင်း ပြောနေသဖြင့် လင်းဖန်၏ စိတ်ထဲတွင် အတွေးသစ်တစ်ခု ချက်ချင်းဝင် လာခဲ့လေသည်...။
“မင်းက အသွင်အပြင်ကို စိတ်ကြိုက် ပြောင်းလဲနိုင်တယ်ဆိုရင်...၊ မင်းရဲ့ ပုံစံကိုရောပြောင်းလို့ ရ လား...။”
“ဒီသုံးဘီးစက်ဘီးကို ကြေးနီခေါင်းတလား ပုံသဏ္ဌာန်အဖြစ် ပြောင်းပေးနိုင်မလား...။”
လင်းဖန်က ဘာကြောင့် ထိုကဲ့သို့ ထူးဆန်းသော တောင်းဆိုမှုမျိုး ပြုလုပ်ရသည်ကိုနဂါးလေး နား မလည်သော်လည်း ပြန်လည် ဖြေကြားလိုက်သည်...။
“ရပါတယ် သခင်...၊ အဲဒါက မျက်လှည့်ပြသလိုပဲမို့ ဘယ်ပုံစံမဆို ပြောင်းလို့ ရပါတယ်...။”
ဖြစ်နိုင်သည်ဟု ကြားသောအခါ လင်းဖန်သည် သူ၏စိတ်ထဲတွင် ကြီးကျယ်ခမ်းနားသော မြင်ကွင်း တစ်ခုကို ချက်ချင်း ပုံဖော်ကြည့်လိုက်လေသည်...။
“ကောင်းပြီ...၊ ဒါဆိုရင် မင်းရဲ့ အသွင်ပြောင်းလဲမှုကိုသာ အသုံးပြုလိုက်တော့...။”
“အချိန်တန်ရင် ကျန်တဲ့ ဂိုဏ်းအခြေစိုက်စခန်းတွေကိုလည်း ခရမ်းရွှေနတ်နဂါးပုံသဏ္ဌာန်တွေအဖြစ် ငါ ပြောင်းပစ်မယ်...။”
အမိန့်ရသည်နှင့် နဂါးလေးသည် ချက်ချင်းပင် လက်တွေ့ အကောင်အထည်ဖော်လိုက်လေသည်...။
မကြာမီ လင်းဖန် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဂိုဏ်းအခြေစိုက်စခန်းကိုမတွေ့ရတော့ချေ...။ အထက်သို့ မော့ကြည့်လိုက်သောအခါ ဧရာမ ခရမ်းရွှေနဂါးကြီး၏ပုံရိပ်ယောင်တစ်ခုကိုသာ တွေ့ရ တော့သည်...။
ဤခရမ်းရွှေနဂါး ပုံရိပ်ယောင်မှာ ငြိမ်သက်နေခြင်း မဟုတ်ဘဲ ခေါင်းကို ခါယမ်းကာအမြီးကို လှုပ်ယမ်း လျက် ရှေ့သို့ ပျံသန်းနေခြင်း ဖြစ်လေသည်...။
ထိုအချိန်မှာပင် လင်းဖန်၏ ခြေထောက်အောက်မှသုံးဘီးစက်ဘီးမှာလည်း ကြီးမား၍ ခန့်ညားထည်ဝါ သောကြေးနီခေါင်းတလား ပုံရိပ်ယောင်တစ်ခု၏ လွှမ်းခြုံခြင်းကိုခံလိုက်ရလေသည်...။
အရှိန်အဟုန်မှာ လင်းဖန်၏ သုံးဘီးစက်ဘီး နင်းနေမှုအပေါ် မူတည်နေဆဲ ဖြစ်သော်လည်း...၊ အဝေးက ကြည့်လျှင်တော့ ကောင်းကင်တွင် ပျံသန်းနေသော ခရမ်းရွှေနဂါးကြီးကကြေးနီခေါင်းတလားကို ဆွဲယူ သွားသည့်နှယ်ရှိနေတော့သည်...။
“ဟားဟားဟား...၊ အခုတော့ နဂါးတစ်ကောင် ခေါင်းတလားဆွဲခြင်း ဖြစ်သွားပြီ...။”
“ဂိုဏ်းကိုးဂိုဏ်းစလုံးကို စုလိုက်နိုင်ရင် နဂါးကိုးကောင် ခေါင်းတလားဆွဲခြင်း ဆိုတဲ့ အောင်မြင်မှုကို ငါ ရတော့မှာပဲ...။”
စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသဖြင့် လင်းဖန်မှာ အားအင်များ တဖွားဖွားထွက်ပေါ်လာတော့သည် ။ သူ၏ခြေထောက်အောက်မှ သုံးဘီးစက်ဘီးမှာနင်းရလွန်းသဖြင့် မီးခိုးပင် ထွက်နေချေပြီဖြစ်၏...။
မကြာမီမှာပင် သူတို့သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ နေရာသို့ရောက်ရှိလာခဲ့ကြလေသည်......။
“အားပါးပါး...၊ အဲဒါ ဘာကြီးလဲ...။”
“နတ်နဂါးကြီးလား...။ ငါတို့ ထျန်းယွမ်တိုက်ကြီးမှာ ဘယ်တုန်းက ဒီလို အဆင့်မြင့်နတ်သားရဲ ရှိခဲ့ တာလဲ...။”
“နတ်နဂါး ဟုတ်လား...။ အဲဒါ အသူရာနဂါး မြင့်မြတ်နယ်မြေက ဖန်တီးထားတာများလား...။”
“ဘာ...၊ အသူရာနဂါး မြင့်မြတ်နယ်မြေက တိုက်ခိုက်လာတာလား...။ ညီအစ်ကိုတို့...၊ အသက်နဲ့ရင်းပြီး တိုက်ဖို့ ပြင်ကြ...။”
အင်မော်တယ်တိမ်တိုက်ဂိုဏ်း အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ဂိုဏ်းတပည့်များမှာအလွန် ထိတ်လန့် သွားကြပြီး စကားများကိုပင် ဗလုံးဗထွေး ပြောနေကြတော့သည်...။
ကံကောင်းထောက်မစွာဖြင့် လင်းဖန်က ကျောက်ဝူယာထံသို့ စိတ်ချင်းဆက်သွယ်၍ သတင်းပို့လိုက် သဖြင့် ကျောက်ဝူယာက လူတိုင်းကိုရှင်းပြပေးလိုက်ရာ သူတို့၏ သံသယများမှာ ပျောက်ကွယ်သွား တော့သည်...။
ရှင်းပြပြီးနောက် လင်းဖန်သည် ယခင်နည်းလမ်းအတိုင်းပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းတစ်ခုလုံးကို ဆွဲယူလိုက်သည်...။
ခရမ်းရွှေနတ်နဂါးအစီအရင်မှာလည်းလိုက်လျောညီထွေရှိသော စွမ်းရည်ရှိပုံရပြီး အင်မော်တယ် တိမ်တိုက်ဂိုဏ်း၏ နယ်မြေကိုပါလွှမ်းခြုံရန် အပြင်သို့ ပြန့်ကားထွက်သွားတော့သည်...။
ထို့နောက် နဂါးလေး၏ ကြိုးကိုင်မှုအောက်တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည်လည်း ခရမ်းရွှေ နတ်နဂါး ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားတော့သည်...။
“နဂါးနှစ်ကောင် ခေါင်းတလားဆွဲခြင်းပေါ့...၊ အောင်မြင်မှုရဲ့ ကိုးပုံနှစ်ပုံကိုရပြီ...။ ဆက်သွားကြစို့...။”
စိတ်လှုပ်ရှားမှုများ ရှိနေဆဲ ဖြစ်သဖြင့် လင်းဖန်က အားသွန်ခွန်စိုက် ဆက်လက်နင်းနေတော့သည်...။
နောက်ထပ် ဦးတည်ရာမှာ လင်းရှောင်းဂိုဏ်းဖြစ်ပေသည်...။
လင်းဖန်သည် အတိဒုက္ခအဆင့်သို့ တက်လှမ်းပြီးနောက် သုံးဘီးစက်ဘီး၏ကုန်ပစ္စည်းတင်ဆောင်သည့် လုပ်ဆောင်ချက်မှာပစ်မှတ်များစွာကို တစ်ပြိုင်နက် သယ်ဆောင်နိုင်စွမ်း ရှိနေပြီဖြစ်သည်...။ ထို့ကြောင့် နဂါးကိုးကောင် ခေါင်းတလားဆွဲခြင်းသည်မဖြစ်နိုင်သော ကိစ္စ မဟုတ်သလို နဂါး ကိုးဆယ့်ကိုးကောင် ပင်ဖြစ်နိုင်သေးသည်...။
ဆက်လက်၍ နဂါးသုံးကောင် ခေါင်းတလားဆွဲသည်...။ ထို့နောက် နဂါးလေးကောင်...။
ခေတ္တမျှ အားသွန်ခွန်စိုက် နင်းပြီးနောက်မှာတော့ နဂါးကိုးကောင်ခေါင်းတလားဆွဲခြင်း အောင်မြင်မှုမှာ တရားဝင် ပြီးမြောက်သွားလေတော့သည်...။
“ဟားဟားဟား...။ ဒီလို မြင်ကွင်း...၊ ဒီလို စတိုင်မျိုးနဲ့ဆိုရင် ဘယ်သူကများ ငါ့ကိုယှဉ်နိုင်ဦးမှာလဲ...။”