← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း (၂၄၅) ထျန်းယွမ်မြို့ကို ဟင်းလင်းပြင်မြို့အဖြစ် အမည်ပြောင်းလဲခြင်း...

မြင့်မြတ်နယ်မြေ လေးခုမှ စေလွှတ်လိုက်သော စုံစမ်းစစ်ဆေးရေးသမားများသည် နောက်ဆုံးတွင် လင်းဖန်၏ နောက်သို့ လိုက်မမီနိုင်ခဲ့ကြချေ...။

သူတို့သည် ဆေးမီးဖိုဂိုဏ်းနှင့် အခြားဂိုဏ်းများရှိရာသို့ ရောက်ရှိသွားသောအခါနက်ရှိုင်းလှသော တွင်းကြီးများကိုသာ မြင်တွေ့ခဲ့ရလေတော့သည်...။

“ဘာကြီးလဲ...၊ ဆေးမီးဖိုဂိုဏ်းက ဘယ်ပျောက်သွားတာလဲ...။ ဒီလောက်ကြီးတဲ့ဂိုဏ်းကြီးတစ်ခုလုံး ဆေးဖော်စပ်တဲ့မီးဖိုပေါက်ကွဲပြီးဂိုဏ်းအခြေစိုက်စခန်းတစ်ခုလုံးတွင်းကြီး ဖြစ်သွားတာလား...။”

“ဘုရားရေ...၊ ယွီကျန့်ဂိုဏ်းရော ဘယ်မှာလဲ...။ ဓားတွေလည်း မရှိတော့ဘူး...။ ဂိုဏ်းတစ်ခုလုံး ပျံထွက်သွားတာလား...။”

သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းအခြေစိုက်စခန်းများကို ရှာမတွေ့တော့သဖြင့်မြင့်မြတ်နယ်မြေ လေးခုမှ စုံစမ်းစစ်ဆေးရေးသမားများသည်ထျန်းယွမ်မြို့ဆီသို့ ဦးတည်ခဲ့ကြလေသည်...။

ဘာပဲဖြစ်ဖြစ် ထျန်းယွမ်မြို့တွင်စုံစမ်းစစ်ဆေးရန် ဟင်းလင်းပြင်မျှော်စင် ရှိနေဆဲဖြစ်ရာထိုနေရာမှ တစ်ဆင့် တစ်ခုခုကို သိရှိနိုင်လိမ့်မည်ဟု သူတို့မျှော်လင့်နေကြသည်ပင်...။

ထိုအချိန်တွင် နဂါးကိုးကောင် ခေါင်းတလားဆွဲခြင်း အောင်မြင်မှုကို ရရှိထားသောလင်းဖန်သည် ထျန်းယွမ်မြို့၏ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်...။

ဧရာမခရမ်းရွှေနတ်နဂါး ပုံရိပ်ယောင် ကိုးခုမှာ ထျန်းယွမ်မြို့ဆီသို့ ဖြည်းညင်းစွာချဉ်းကပ်လာနေပေ သည်...။

ဤမြင်ကွင်းကို ထျန်းယွမ်မြို့ရှိ ကျင့်ကြံသူများချက်ချင်း မြင်တွေ့လိုက်ရသည်နှင့်...၊

“ဒါ ဘာကြီးလဲ...။”

“နဂါးလား...၊ နတ်နဂါးကြီး ပေါ်လာပြီပဲ...။ ဘုရားရေ...။”

“ဒီမြင်ကွင်းက...၊ ငါတို့ ထျန်းယွမ်တိုက်ကြီးဆီကို နတ်ဘုရားတစ်ပါးဆင်းသက်လာတာများလား...။”

“ကြည့်စမ်း...။ အဲဒီ နဂါးကြီးက တစ်ခုခုကို ဆွဲလာတာပဲ... ။ အင်မော်တယ်တစ်ယောက်ရဲ့အသုံး အဆောင်များလား...။”

“ဘာတွေ လျှောက်ပြောနေတာလဲ...။ အင်မော်တယ်ဘုံမှာတောင် နတ်နဂါးဆိုတာ အဆင့်အတန်းအလွန် မြင့်မားတာလေ...။ ဘယ်လိုလုပ်ပြီး အသုံးအဆောင်အဖြစ် ခိုင်းစေလို့ရမှာလဲ...။”

“ဟုတ်ပါ့...၊ ငါ့ကိုမေးရင်တော့ ဒါဟာ အင်မော်တယ်ဘုံက နဂါးမျိုးနွယ်စုတွေက ငါတို့ကမ္ဘာကို ကောင်းချီးပေးတာ ဖြစ်ရမယ်...။”

ဧရာမ သတ္တဝါကြီး ကိုးကောင်ကို ရင်ဆိုင်ရသော်လည်း ထျန်းယွမ်မြို့မှ ကျင့်ကြံသူများမှာ ထိတ်လန့် ခြင်း မရှိကြချေ...။

နောက်နေတာလား... ဒါက နဂါးလေ...။ သူတို့၏ နားလည်မှုအရ နဂါးဆိုသည်မှာကောင်းချီးမင်္ဂလာ၊ အခွင့်အလမ်းနှင့် အခြားသောကောင်းမွန်သည့် ဖြစ်ရပ်များကိုသာ ကိုယ်စားပြုလေ့ ရှိသောကြောင့် ဖြစ်ပေသည်...။

ထျန်းယွမ်မြို့ အပြင်ဘက်တွင်ရှိသော လင်းဖန်သည် သူ၏ ဦးတည်ရာသို့ရောက်ရှိပြီဖြစ်ကြောင်း မြင်လိုက်ရသည်...။

ထို့နောက် သူသည် ဂိုဏ်းကြီး ကိုးဂိုဏ်းကို နေရာစတင် ချပေးလိုက်လေသည်။ဟင်းလင်းပြင် မြင့်မြတ် နယ်မြေသို့ ပူးပေါင်းခဲ့သည့်အစီအစဉ်အတိုင်း ဂိုဏ်းကိုးဂိုဏ်းကို ထျန်းယွမ်မြို့၏အစွန်အဖျားတွင် တစ်ခု ပြီးတစ်ခု နေရာချထားလိုက်လေသည်...။

ဤကိစ္စများကို အဆုံးသတ်ပြီးနောက် လင်းဖန်သည် ဂိုဏ်းကိုးဂိုဏ်းမှ ဘိုးဘေးများကိုသူနှင့်အတူ ထွက်လာရန် အကြောင်းကြားလိုက်သည်...။

နောက်ထပ် ကြီးကျယ်သောကြေညာချက်တစ်ခုကို ထုတ်ပြန်တော့မည်ဖြစ်ရာ ခမ်းနားထည်ဝါသော အသွင်အပြင်ရှိရန် လိုအပ်သည် မဟုတ်ပါလော...။

ထို့နောက် ထျန်းယွမ်မြို့ရှိ ကျင့်ကြံသူများစွာမှာ သူတို့ တစ်သက်မေ့နိုင်တော့မည်မဟုတ်သော မြင်ကွင်း တစ်ခုကို တွေ့မြင်လိုက်ရပေသည်။ ဧရာမမန္တန်အစီအရင်ကြီးတစ်ခု ပေါ်ထွက်လာပြီးထျန်းယွမ်မြို့နှင့် ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်...။

ထို့နောက် ထျန်းယွမ်မြို့ ပတ်ပတ်လည်တွင် ခရမ်းရွှေနဂါး ကိုးကောင်မှာခေါင်းနှင့်အမြီး တစ်ကောင်ကို တစ်ကောင် ထိစပ်လျက် မြို့ကိုဝိုင်းရံထားကြလေသည်...။

လူတိုင်းသည် ထိုခရမ်းရွှေနဂါး ကိုးကောင်၏ အထက်တွင် ကျင့်ကြံသူ ကိုးဦးပေါ်ထွက်လာသည်ကို မြင် လိုက်ကြရသည်။ ထိုကိုးဦးစလုံးမှာအင်မော်တယ် အရှိန်အဝါများ ထွက်ပေါ်နေပြီး ပြီးပြည့်စုံသော အင်မော်တယ်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည့် အင်မော်တယ်များကဲ့သို့ပင်...။

မြင်ကွင်းမှာပြည့်စုံသွားပြီဖြစ်ကြောင်း မြင်သောအခါလင်းဖန်သည် ထျန်းယွမ်မြို့အတွင်းမှနေ၍ ကောင်းကင်ယံသို့ ဖြည်းညင်းစွာ တက်လှမ်းသွားတော့သည်...။

ခေတ္တမျှ ထျန်းယွမ်မြို့ကို ငုံ့ကြည့်ပြီးနောက်...၊ လင်းဖန်၏ အသံမှာ ထျန်းယွမ်မြို့တစ်မြို့လုံးသို့ ပြန့်လွင့် သွားတော့သည်...။

“ထျန်းယွမ်မြို့က မိတ်ဆွေတို့...၊ ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ...။”

“ငါက လင်းဖန်ပါ... နဝမအဆင့်ဂိုဏ်း ကိုးဂိုဏ်းနဲ့ ဖွဲ့စည်းထားတဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သောအရှင်ပဲဖြစ်ပါတယ်...။”

ထိုနေရာတွင် လင်းဖန်က ခေတ္တမျှ ရပ်တန့်လိုက်လေသည်...။ ထျန်းယွမ်မြို့ရှိကျင့်ကြံသူများစွာက သူ့ကို မော့ကြည့်လာပြီးနောက်သူက ဆက်ပြောလိုက်လေသည်...။

“ဒီနေ့မှာ ငါ အရေးကြီးတဲ့ ကြေညာစရာ ကိစ္စတစ်ခု ရှိပါတယ်...။”

“ဒီနေ့ကစပြီး ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေကို ကျုံးကျိုးမှာ တရားဝင်တည်ထောင်လိုက်ပြီဖြစ် တယ်...။”

“ပြီးတော့ ဒီထျန်းယွမ်မြို့ကိုလည်း ငါတို့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရဲ့မြို့အဖြစ် ဟင်းလင်းပြင်မြို့ လို့ တရားဝင်အမည်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်...။”

“ထျန်းယွမ်မြို့က မိတ်ဆွေတို့...၊ မင်းတို့ ဘယ်လို သဘောရကြလဲ...။”

လင်းဖန် စကားပြောပြီးသည်နှင့်...၊ ထျန်းယွမ်မြို့ကို ဝိုင်းရံထားသော ခရမ်းရွှေနဂါးကိုးကောင်ပေါ်မှ အင်မော်တယ် ကိုးဦးသည်လည်း သူတို့၏ အရှိန်အဝါများကိုထုတ်ဖော်လိုက်ကြလေသည်...။ အထွတ် အထိပ် အဆင့်တွင်ရှိသောအင်မော်တယ် ကိုးဦး၏ ဖိအားမှာ အလွန်ပင် ကြီးမားလွန်းလှသည်...။

အထက်မှ ကျဆင်းလာသော အသက်ရှူကျပ်လောက်သည့် ဖိအားကို ခံစားလိုက်ရပြီးနောက် ထျန်းယွမ် မြို့မှ လူများမှာ မည်သို့ ကန့်ကွက်ရဲဝံ့ကြပါမည်နည်း...။

“ကောင်းပါတယ်...၊ ကောင်းပါတယ်.... ကျွန်တော်တို့ ထျန်းယွမ်မြို့မှာ နောက်ဆုံးတော့ပိုင်ရှင် ရှိလာပြီ ပေါ့...။”

“ဟား...၊ ဟားဟား...။ ဟုတ်ပါတယ်...၊ ထျန်းယွမ်မြို့က ကျွန်တော်တိုကျင့်ကြံသူတွေအတွက်လည်း နောက်ဆုံးတော့ကျောထောက်နောက်ခံ ရှိလာပြီပေါ့...။”

“ကျွန်တော်တို့ ထျန်းယွမ်မြို့က လီမိသားစုက စီနီယာရဲ့ ဆုံးဖြတ်ချက်ကိုထောက်ခံပါတယ်...။”

“ဟဲ့...၊ အဘိုးကြီးလီ...။ ထျန်းယွမ်မြို့ မဟုတ်တော့ဘူး...၊ ဟင်းလင်းပြင်မြို့လေ...။ ငါတို့ ဟင်းလင်းပြင် မြို့က ဝမ်မိသားစုကလည်း စီနီယာရဲ့ ဆုံးဖြတ်ချက်ကိုအပြည့်အဝ ထောက်ခံပါတယ်...။”

“အော်...၊ ဟုတ်သားပဲ...။ ဟုတ်ပါတယ်...၊ ငါတို့ ဟင်းလင်းပြင်မြို့က ကျန်းမိသားစုကလည်း ထောက်ခံ ပါတယ်...။”

ဤသို့ဖြင့် ထျန်းယွမ်မြို့ကို ဟင်းလင်းပြင်မြို့အဖြစ် အမည်ပြောင်းလဲခြင်းကိုထျန်းယွမ်မြို့ရှိ ကျင့်ကြံသူ အားလုံးက တညီတညွတ်တည်းသဘောတူလိုက်ကြလေသည်...။

မဟုတ်ချေ...၊ ဟင်းလင်းပြင်မြို့မှ ကျင့်ကြံသူများဟုခေါ်ရပေလိမ့်မည်...။

“ဟားဟား...။ အားလုံးရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်...။ အားလုံးကသဘောတူကြ တယ်ဆိုရင်လည်း အဲဒီအတိုင်းပဲဖြစ်ပါစေတော့...။”

ထို့နောက် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးထီးကို အသုံးပြု၍ ဟင်းလင်းပြင်မြို့ ဟူသောကြီးမားသည့် စာလုံးကြီး သုံးလုံးကို မြို့၏ အထက်တွင် ပုံဖော်လိုက်လေသည်...။

“ငါတို့ ဟင်းလင်းပြင်မြို့ တည်ထောင်တဲ့ အထိမ်းအမှတ်အနေနဲ့...၊ မြို့ထဲမှာရှိတဲ့ ဟင်းလင်းပြင်မျှော်စင် မှာ သုံးရက်ကြာ အရောင်းမြှင့်တင်ရေး အစီအစဉ်လုပ်ပေးပါမယ်...။”

“ဟင်းလင်းပြင်မြို့မှာ နေထိုင်တဲ့ ကျင့်ကြံသူတိုင်း အဲဒီ သုံးရက်အတွင်းမှာ (၁၀)ရာခိုင်နှုန်း လျှော့ဈေး ခံစားခွင့် ရရှိကြပါလိမ့်မယ်...။”

ထိုအချိန်တွင် ဟင်းလင်းပြင်မြို့မှ ကျင့်ကြံသူများစွာမှာ လင်းဖန် ကြော်ငြာနေသော အရောင်းမြှင့်တင် ရေးကို ဂရုမစိုက်နိုင်ကြချေ...။

ထိုကျင့်ကြံသူများထဲတွင်အင်အားစုအမျိုးမျိုးမှ လူများ ပါဝင်နေကြပေသည်။ သူတို့သည် ချက်ချင်းပင် သူတို့၏ ဆက်သွယ်ရေး အဆောင်ပြားများကို ထုတ်ယူကာ ဤတုန်လှုပ်ဖွယ်သတင်းကို သူတို့၏ သက်ဆိုင်ရာ အင်အားစုများဆီသို့ အသီးသီးပေးပို့နေကြလေတော့သည်...။

လင်းဖန်သည် ခရမ်းရွှေနတ်နဂါးအစီအရင်၏ လွှမ်းခြုံမှုအောက်တွင် ရှိနေသမျှကိုသိမြင်နိုင်သဖြင့် ထိုသူများ သတင်းပို့နေသည်ကို သဘာဝကျစွာပင်သိရှိနေပေသည်...။

သို့သော် သူက ထိုဆက်သွယ်မှုများကို ပိတ်ပင်ရန်ရွေးချယ်ခဲ့ချေ။ သူ၏အမြင်တွင် ထိုသူများကို အသုံးပြု၍ ဟင်းလင်းပြင်မြို့ သတင်းကို ပြန့်နှံ့အောင် လုပ်ခြင်းမှာအခွင့်အရေးကောင်း တစ်ခုပင် ဖြစ်ချေသည်...။

ဟင်းလင်းပြင်မြို့မှ ကျင့်ကြံသူများကြား သတင်းများ ပြန့်နှံ့သွားသည်နှင့်အမျှ ကျုံးကျိုးရှိ အင်အားစု အားလုံးမှာ ဤသတင်းကြောင့် တုန်လှုပ်သွားကြလေသည်...။

ကျုံးကျိုးတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ထျန်းယွမ်မြို့မှာအစွမ်းထက်သော အင်အားစုတစ်ခု၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီးပိုင်ရှင်ရှိသော နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီ မဟုတ်ပါလော...။

ဤသတင်းကို သိရှိသွားပြီးနောက် အင်အားစု အမျိုးမျိုးမှ အဆင့်မြင့် အရာရှိများသည်အခြေအနေကို စုံစမ်းရန် ထျန်းယွမ်မြို့သို့ အသီးသီး ထွက်ခွာလာခဲ့ကြတော့သည်...။

“ဟဲ့...၊ ဂိုဏ်းချုပ်ဝမ်...။ ဘယ်ကို ဒီလောက်တောင် အသည်းအသန် သွားနေတာလဲ...။”

“ဂိုဏ်းချုပ်ယန်ပါလား...။ ဂိုဏ်းချုပ်ယန်ကလည်း သိလျက်နဲ့ မေးနေပြန်ပြီ...၊ ထျန်းယွမ်မြို့ သတင်းကို မင်း မကြားဘူးလို့တော့ ငါမယုံဘူးနော်...။”

“ဟဲဟဲ...၊ ကြားတာပေါ့...။ ထျန်းယွမ်မြို့ကို ဟင်းလင်းပြင်မြို့လို့အမည်ပြောင်းလိုက်တဲ့ သတင်းက ကျုံးကျိုးကအင်အားစုအားလုံးဆီ ရောက်သွားလောက်ပြီ...။ မြင့်မြတ်နယ်မြေ လေးခုလည်း သိလောက် ပြီပေါ့...။ အခုကစပြီး ဟင်းလင်းပြင်မြို့ကတော့ တော်တော်လေးစည်ကားတော့မှာပဲ...။”

“ဒါဆိုရင်လည်း သွားကြတာပေါ့...။ ဒီနေရာကနေ ထျန်းယွမ်မြို့ကို သွားဖို့ ခရီးကအရမ်းဝေးတာပဲ...။ အခုမှ အလျင်မလိုရင် စိတ်လှုပ်ရှားစရာတွေကိုလွဲကုန်မှာ စိုးရတယ်...။”

“အင်း...၊ ဂိုဏ်းချုပ်ဝမ်...၊ ဘာလို့ ဒီလောက် ခရီးဝေးကြီးကို ခက်ခက်ခဲခဲသွားနေမှာလဲ…။ ဟင်းလင်း ပြင်မျှော်စင်က အသစ်ဖွင့်လိုက်တဲ့တယ်လီပို့ အစီအရင် ဝန်ဆောင်မှုကို မင်း မေ့နေတာလား...။”

“အော်...၊ ဟုတ်သားပဲ...။ ငါ ဘယ်လိုများ မေ့သွားရတာလဲ...။ ဒါပေမဲ့ တယ်လီပို့ဝန်ဆောင်မှုက အသစ် ဆိုတော့ ငါ မေ့နေတာလည်း မဆန်းပါဘူးလေ...။”

“ဟားဟား...၊ ငါကတော့ ဒီဟင်းလင်းပြင်မျှော်စင်ရဲ့ တယ်လီပို့ အစီအရင်ကိုအကြိမ်အနည်းငယ် သုံးဖူး တယ်...။ တကယ်ကို အဆင်ပြေတာ...။ နောင်ကျရင် ကျုံးကျိုးက ကျင့်ကြံသူတွေအတွက် ဒါက နေ့စဉ် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်လာတော့မှာပဲ...။”

“မှန်တာပေါ့...။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယန်...၊ အနီးဆုံးမြို့ကိုအတူတူရှာ ပြီး အဲဒီကနေပဲ တယ်လီပို့သွားကြတာပေါ့...။”

တယ်လီပို့ အစီအရင်၏ အဆင်ပြေမှုကြောင့် ကျုံးကျိုးရှိ အင်အားကြီးအဖွဲ့အစည်းများမှာ ဟင်းလင်း ပြင်မြို့သို့လျင်မြန်စွာ ရောက်ရှိလာကြလေသည်...။

မျက်စိတစ်မှိတ်အတွင်းမှာပင်ဟင်းလင်းပြင်မြို့ တစ်မြို့လုံး စည်ကားလာခဲ့လေတော့သည်။ လမ်းပေါ် တွင်အုတ်ခဲတစ်ခဲ ပစ်လိုက်မည်ဆိုပါက တစ်စုံတစ်ယောက်သော ဂိုဏ်းချုပ်သို့မဟုတ် အကြီးအကဲကို ထိမှန်သွားနိုင်လောက်အောင်ပင်...။

တစ်ဖက်တွင်မူ မြင့်မြတ်နယ်မြေ လေးခုမှ စုံစမ်းစစ်ဆေးရေးသမားများမှာ ကျန်ရှိနေသော နဝမအဆင့် ဂိုဏ်းအနည်းငယ်နှင့်အတူ ခက်ခဲကြမ်းတမ်းသော ခရီးကိုဖြတ်သန်းပြီးနောက်ဟင်းလင်းပြင်မြို့သို့ ရောက်ရှိလာခဲ့ကြလေသည်...။

သူတို့သည်ဟင်းလင်းပြင်မြို့သို့ ချဉ်းကပ်လိုက်သည်နှင့်ထိုနေရာတွင် ဖြစ်ပေါ်နေသော ကြီးကျယ်လှ သော အပြောင်းအလဲများကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပေသည်...။

“ဒါ...၊ ဒါ ဘယ်နေရာလဲ...။ ထျန်းယွမ်မြို့မဟုတ်ဘူးလား...။”

“ဒီဘက်အခြမ်းဆိုတာတော့ ငါ မှတ်မိပါတယ်...၊ ငါတို့ လမ်းမှားသွားတာများလား...။”

“လမ်းမှားတာ မမှားတာက နောက်ထားဦး...။ အဓိက ပြဿနာက အဲဒါ ဘာကြီးလဲ...၊ နဂါးကြီးလား...။”

“မဖြစ်နိုင်တာ...။ အင်မော်တယ်ဘုံမှာတောင် နဂါးဆိုတာ အလွန် ရှားပါးတာလေ...။ ငါတို့ထျန်းယွမ် တိုက်ကြီးမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ...။”

“ဟုတ်တယ်...၊ ပြီးတော့ တစ်ပြိုင်နက်တည်း ကိုးကောင်တောင် ပေါ်လာတာ...။ အဲဒါတွေက ခရမ်းရွှေ နတ်နဂါးတွေ မဟုတ်လား...။”

All Chapters