← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း( ၂၄၆) မြင့်မြတ်နယ်မြေမှ စုံစမ်းစစ်ဆေးရေးသမားများ ရောက်ရှိလာခြင်း...

ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ တတိယ အကြီးအကဲနှင့် မြင့်မြတ်နယ်မြေ လေးခုမှ လူများဝေခွဲမရ ဖြစ်နေ ကြစဉ်မှာပင်...၊ မြင့်မြတ်နယ်မြေက ကျောထောက်နောက်ခံ ပေးထားသောဂိုဏ်းအချို့သည်လည်း သူတို့၏ ဆက်သွယ်ရေး အဆောင်ပြားများမှတစ်ဆင့်သတင်းစကားများလက်ခံရရှိခဲ့ကြလေသည်...။

သူတို့သည် ဆက်သွယ်ရေး အဆောင်ပြားကို ထုတ်ယူကာ သတင်းစကားကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြလေတော့သည်...။

“ဟမ်...။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။”

ပတ်ဝန်းကျင်မှ အာမေဍိတ်သံများကို ကြားရသောအခါ ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ တတိယအကြီးအကဲ နှင့် အခြားလူများသည် ထိုသူကို ကြည့်လိုက်ကြသည်...။မြင့်မြတ်နယ်မြေမှ လူအားလုံး၏ အကြည့်များ ကိုရင်ဆိုင်လိုက်ရသောအခါ အော်ဟစ်လိုက်သောသူမှာပျာပျာသလဲနှင့်ပင် တုန်တုန်ရင်ရင် ရှင်းပြလိုက် ရလေသည်...။

“စီနီယာ...၊ စီနီယာတို့...။”

“ကျွန်တော်တို့ လမ်းမှားလာတာ မဟုတ်ပါဘူး...။ ဒါ ထျန်းယွမ်မြို့ပါပဲ...။”

“ဒါပေမဲ့ မကြာသေးခင်ကမှ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ လို့ ခေါ်တဲ့ အဖွဲ့အစည်းက ထျန်းယွမ်မြို့ရဲ့ အမည်ကို ဟင်းလင်းပြင်မြို့ လို့ ပြောင်းလဲလိုက်တာပါ...။”

“ဒီနတ်နဂါးကြီးတွေကိုလည်း သူတို့ပဲ ဖန်တီးခဲ့တာ ဖြစ်ပုံရပါတယ်...။”

ထိုစကားကို ကြားသောအခါ မြင့်မြတ်နယ်မြေ လေးခုမှ လူများမှာ မျက်လုံးများ ချက်ချင်းပြူးကျယ် သွားကြပြီး သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်...။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ အင်အားစုအသစ်တစ်ခုက နတ်နဂါး ကိုးကောင်ကို ဖန်တီးခဲ့တယ် ဟုတ်လား...။ ဒါ လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားပဲ...။”

“ဟင်း... ၊ မင်းတို့က အထက်ဘုံနဲ့ ဆက်သွယ်မှု မရှိတော့ နဂါးတွေက ဘယ်လောက်အထိ ရှားပါးတယ် ဆိုတာ မသိကြဘူးထင်တယ်...။”

“ဟုတ်တယ်...။ ငါတို့ အောက်ဘုံမှာ ထားလိုက်ဦး...၊ အင်မော်တယ်ဘုံမှာတောင် သူတို့က အတော်ကို ရှားပါးတာလေ...။”

မြင့်မြတ်နယ်မြေမှ လူများ၏ ကြိမ်းမောင်းမှုကို ခံလိုက်ရသဖြင့် အံ့အားသင့်သွားသော ထိုသူမှာ ထပ်မံ၍ စကားမပြောရဲတော့ချေ...။

ထိုအချိန်တွင် ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ တတိယ အကြီးအကဲသည်လည်း တစ်ဖက်လူကို ကြိမ်းမောင်း ပြီးနောက် အဝေးမှ နတ်နဂါးကြီးကို စိုက်ကြည့်ကာစဉ်းစားနေခဲ့လေသည်...။ ခဏအကြာတွင် တတိယ အကြီးအကဲ၏ စိတ်ထဲ၌ဖြစ်နိုင်ခြေတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်...။

“ဟဲ...၊ တော်တော်လေးကို ပါးနပ်တဲ့ နည်းဗျူဟာပဲ...။ ငါတောင် သူတို့ရဲ့ လှည့်ကွက်ထဲရောက်လုနီးပါး ဖြစ်သွားတယ်...။”

ထိုစကားကို ကြားသောအခါ အခြားလူများမှာ ဝေခွဲမရဟန်ဖြင့် ချက်ချင်း ကြည့်လိုက်ကြလေသည်...။

“မိတ်ဆွေ...၊ အဲဒါ ဘာကို ဆိုလိုတာလဲ...။”

“တစ်ခုခု သတိထားမိလို့လား...။”

တတိယ အကြီးအကဲက လှောင်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်လေသည်...။

“ဒါက တစ်နေရာရာကနေ သူတို့ ရလာတဲ့ အဆင့်မြင့် မျက်လှည့်ပြ အစီအရင်တစ်ခု ဖြစ်ရမယ်...။”

“အဲဒီ နတ်နဂါး ကိုးကောင်ဆိုတာ မျက်လှည့်ပြ အစီအရင်ကနေ ဖန်တီးထားတာ သေချာတယ်...။”

“ဟဲ...၊ သူတို့က ငါတို့ကို ခြောက်လှန့်ပြီး သူတို့ရဲ့ လုပ်ရပ်တွေကို လက်ခံအောင် လုပ်ချင်နေကြတာပဲ...။”

“ဟင်း...၊ ဒါကတော့ သူတို့ရဲ့ အိပ်မက်ပဲ ဖြစ်လိမ့်မယ်...။”

တတိယ အကြီးအကဲ၏ သုံးသပ်ချက်ကို ကြားသောအခါ အခြားသူများမှာလည်း ရုတ်တရက် နားလည် သွားကြပြီး သူ၏ ဆုံးဖြတ်ချက်ကို ယုံကြည်သွားကြတော့သည်...။

“ဒါက တော်တော်လေးကို လွန်လွန်းတယ်...။ ထျန်းယွမ်မြို့က ကျုံးကျိုးရဲ့ ဗဟိုချက်မလေ...၊ ဘယ်သူက သူတို့ကို ဒါမျိုး လုပ်ခွင့်ပေးလို့လဲ...။”

“ဟုတ်ပါ့...။ ငါတို့ မြင့်မြတ်နယ်မြေ လေးခုလုံးက တစ်ခုကိုတစ်ခု အပြန်အလှန်လေးစားပြီး ထျန်းယွမ် မြို့ကို မသိမ်းပိုက်ခဲ့ကြဘူး...။ ဒါပေမဲ့အခု ပေါ်လာတဲ့ အင်အားစုက လက်ဦးမှု ယူသွားလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့မိဘူး...။”

“ဒီနတ်နဂါး ကိုးကောင်က တကယ် ဖြစ်နေရင်တောင်...၊ မျက်လှည့်သက်သက်ဆိုရင်တော့ ငါ့ရဲ့မြင့်မြတ် နယ်မြေကို ခြောက်လှန့်နိုင်မှာ မဟုတ်ဘူး...။”

ထိုသို့ပြောပြီးနောက် လူတိုင်းသည် သူတို့၏ ကျင့်ကြံမှုအဆင့်များကိုထုတ်ဖော်လိုက်ကြပြီး ကြီးကျယ် သောအရှိန်အဝါများဖြင့် ဟင်းလင်းပြင်မြို့ဆီသို့ ပြေးဝင်သွားကြတော့သည်...။

ဤလူအုပ်ကြီးသည် နဂါးပုံရိပ်ယောင်များကို ကျော်ဖြတ်၍ ဟင်းလင်းပြင်မြို့အတွင်းသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်ရန် ကြံရွယ်လိုက်စဉ်...၊ ရုတ်တရက် မျက်စိဖြင့်မမြင်နိုင်သော ကာကွယ်ရေး အတား အဆီးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်...။

မည်သူမျှ သတိမထားမိဘဲ ထိုကာကွယ်ရေး အတားအဆီးကို တိုက်ရိုက် ဝင်တိုက်မိကြလေတော့ သည်...။

ထို့နောက် “ဒိုင်း... ဒိုင်း...” ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်...။

လူအုပ်ကြီးမှာ အိုးထဲသို့ ပစ်ချလိုက်သော မုန့်လုံးရေပေါ်များကဲ့သို့ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ရ ပေတော့သည်...။

လူတိုင်းမှာ ခေါင်းမူးဝေကာ ဝေခွဲမရ ဖြစ်သွားကြလေသည်...။ အတော်ကြာမှသာ မြေပြင်ပေါ်တွင် လဲကျနေသော သူများမှာ ဖြည်းဖြည်းချင်း ပြန်လည် သတိရလာကြလေသည်...။

ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ တတိယ အကြီးအကဲမှာ ပထမဆုံး သတိပြန်ရလာသူဖြစ်ပြီး ဖြစ်ပျက်သွား သည်ကို သိရှိသွားသောအခါ ဒေါသတကြီး ပြောလိုက်လေသည်...။

“ယုတ်မာလိုက်တာ...။ အပေါ်ယံမှာတော့ ငါတို့ကို လှည့်စားဖို့ မျက်လှည့်ပြ အစီအရင်ကိုသုံးထားပြီး... ၊ တကယ်တမ်းကျတော့ ကာကွယ်ရေး အစီအရင် ဖြစ်နေတာကိုး...။”

“ဟင်း...။ သူတို့ ဒီလို လုပ်လေလေ...။ ငါတို့ကို ရင်ဆိုင်ဖို့ သူတို့မှာ ယုံကြည်မှု မရှိဘူးဆိုတာကို ပိုပြီးပြ နေတာပဲ...။”

“ဒါကြောင့် သူတို့က ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကိုပဲ သုံးနိုင်တာပေါ့...။”

လူအုပ်ကြီးမှာ တတိယ အကြီးအကဲ၏ စကားကို ဆက်လက်၍ မယုံကြည်ကြတော့ပေ...။

တစ်ဖက်လူ၏ နည်းလမ်းများမှာ ယုတ်မာသည်၊ မယုတ်မာသည်ကိုမူ သူတို့ သေချာစွာ မသိသော်လည်း ထိုနည်းလမ်းများမှာ မည်မျှ အစွမ်းထက်သည်ကိုမူ သူတို့မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်...။ ခုနက သူတို့ သည်ကာကွယ်ရေး အစီအရင်ကို တိုက်ရိုက် မတိုက်ခိုက်ခဲ့ကြသော်လည်း….၊ ထိုအစီအရင်မှာ သူတို့ ဖျက်ဆီးနိုင်သည့် အစွမ်းထက် ကျော်လွန်နေပြီဖြစ်ကြောင်းခံစားလိုက်ရသည်...။

“မိတ်ဆွေ...၊ ကြည့်ရတာ ဒီအင်အားစုက တော်တော်လေးကို ဒုက္ခပေးမယ့်ပုံပဲ...။ ငါတို့ ကိုယ့်မြင့်မြတ် နယ်မြေဆီကို အသီးသီး ပြန်ကြပြီး စစ်ကူခေါ်ကြတာ ပိုကောင်းမယ် ထင်တယ်...။”

ထိုစကားကို ကြားသောအခါ တတိယ အကြီးအကဲမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်...။

“ဟင်း...၊ ဒီလို ကိစ္စသေးသေးလေးကိုတောင် ငါတို့ မဖြေရှင်းနိုင်ရင်...၊ ငါတို့ကအရည်အချင်း မရှိသလို ဖြစ်မသွားဘူးလား...။”

“တစ်ဖက်လူရဲ့ မျက်နှာကိုတောင် မမြင်ရသေးဘဲနဲ့ ပြန်သွားမယ်ဆိုရင်...၊ မြင့်မြတ်နယ်မြေထဲက မင်းတို့ ရဲ့ ညီအစ်ကိုတွေကလှောင်ကြမှာ မကြောက်ဘူးလား...။”

ထိုသို့ပြောရင်း တတိယ အကြီးအကဲသည် ကောင်းကင်ယံသို့ တစ်ဖန် ပြန်လည် တက်လှမ်းသွားပြီး ဟင်းလင်းပြင်မြို့ဆီသို့ အော်ဟစ်လိုက်လေသည်...။

နက်ရှိုင်းလှသော စိတ်ဝိညာဉ်စွမ်းအားများပါဝင်နေသဖြင့် ထိုအသံမှာ ဟင်းလင်းပြင်မြို့ တစ်မြို့လုံးတွင် ချက်ချင်းပင် ဟိန်းထွက်သွားလေတော့သည်...။

“အတွင်းထဲက အင်အားစုတွေ အားလုံး နားထောင်ကြ...။ ငါက ရွှမ်းဝူ မြင့်မြတ်နယ်မြေရဲ့ တတိယ အကြီးအကဲပဲ...။”

“မင်းတို့ရဲ့ လုပ်ရပ်တွေက ကျုံးကျိုးရဲ့ စည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတယ်...။ အခု ချက်ချင်း ထွက်လာပြီးအပြစ်ဝန်ခံကြစမ်း...။”

ဟင်းလင်းပြင်မျှော်စင် အတွင်း၌ရှိနေသော လင်းဖန်သည် ဤအဓိပ္ပာယ်မရှိသော အော်ဟစ်သံကို ကြားရသောအခါ ဝေခွဲမရသော အမူအရာဖြင့် ကောင်းကင်သို့ ပျံတက်လိုက်လေသည်...။

ဟင်းလင်းပြင်မြို့၏ အပြင်ဘက် အဝေးတွင် ရှိနေသောလူအုပ်ကြီးကို ကြည့်ကာ လင်းဖန်သည် သူတို့မှာ မည်သူများဖြစ်သည်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်တော့သည်...။

ထိုနည်းတူစွာပင်...၊ အခြေအနေကို စောင့်ကြည့်ရန် ဟင်းလင်းပြင်မြို့သို့ရောက်ရှိနေကြသော အင်အားစု များစွာသည်လည်း မြို့ပြင်မှအော်ဟစ်သံများကို ကြားလိုက်ကြရသည်...။

“ဝါး...၊ ရွှမ်းဝူ မြင့်မြတ်နယ်မြေရဲ့ တတိယ အကြီးအကဲလား...။ တကယ့်ပုဂ္ဂိုလ်ကြီးပဲ...။”

“နှမြောစရာပဲ...။ ငါတို့က အသံကိုပဲ ကြားရပြီး တစ်ဖက်လူ ဘယ်လိုပုံစံလဲဆိုတာ မမြင်ရဘူး...။”

“ဟဲဟဲ...၊ ရွှမ်းဝူ မြင့်မြတ်နယ်မြေက ဒီလူကို လွှတ်လိုက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...။ အခုတော့ စိတ်လှုပ်ရှားစရာ ကောင်းတော့မှာပဲ...။”

“အော်...၊ အဲဒါ ဘာကို ဆိုလိုတာလဲ...။”

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ဖြစ်ခဲ့တဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ သွေးတိမ်တိုက်ဂိုဏ်းတို့ရဲ့ သတ်ဖြတ်ပွဲကို မှတ်မိလား...။ အဲဒီကိစ္စကို ဒီလူပဲ ကြိုးကိုင်ခဲ့တာလို့ ငါ ကြားတယ်...။”

“ဝါး...၊ အဲဒါ တကယ်လား...။”

“သွားပြီ...။ တစ်ဖက်လူကတော့ တကယ့် ဒုက္ခကြီးနဲ့ တွေ့ပြီပဲ...။ အဲဒီစစ်ပွဲမှာကပ်သီးကပ်သတ် အနိုင်ရ ခဲ့တဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အခုဟင်းလင်းပြင် မြင့်မြတ်နယ်မြေရဲ့ လက်အောက်ခံ ဂိုဏ်းတွေ ထဲက တစ်ခုပဲလေ...။”

“ဟဲဟဲ...၊ ဒါဆိုရင်တော့ အညှိုးဟောင်းတွေရော၊ အသစ်တွေရော တစ်ခါတည်းရှင်းကြတော့မှာပေါ့...။ ရွှမ်းဝူမြင့်မြတ်နယ်မြေရဲ့ ဒီတတိယ အကြီးအကဲကတော့ဒုက္ခရောက်ဖို့ များနေပြီ...။”

လင်းဖန်သည်လည်း ဟင်းလင်းပြင်မြို့ရှိ ကျင့်ကြံသူများစွာ၏ ဆွေးနွေးမှုများကို ကြားလိုက်ရပေ သည်...။ ဤစွပ်စွဲချက်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ရာ ကျောက်ဝူယာကို ချက်ချင်းပင် ဆက်သွယ်လိုက်လေသည်...။

ခေတ္တမျှ စကားပြောဆိုပြီးနောက် လင်းဖန်သည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့သည်...။

ထို့နောက်တွင်မူ... နတ်နဂါး ကိုးကောင်၏ ပုံရိပ်ယောင်များအတွင်း၌ ဖုံးကွယ်နေသော အင်မော်တယ် ကိုးဦးသည် တစ်ပြိုင်နက်တည်း ပြန်လည် ပေါ်ထွက်လာချေတော့သည်...။

ပေါ်လာသည်နှင့်တစ်ပြိုင်နက်... အင်မော်တယ် တစ်ဦး၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြပြီး ဟင်းလင်းပြင်မြို့ အပြင်ဘက်ရှိ လူအုပ်ကြီးအပေါ်သို့ ဖိနှိပ်လိုက်ကြသည်...။

ဤမြင်ကွင်းက ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ တတိယ အကြီးအကဲနှင့် အခြားလူများကို လုံးဝမှင်သက် သွားစေတော့သည်...။

“ငါ...၊ ငါ မျက်စိမှားနေတာ ဖြစ်ရမယ်...။”

“ကိုး...၊ ကိုးယောက်တောင်လား...။ အင်မော်တယ်တွေလား...။ ဒါ...၊ ဒါကလည်း မျက်လှည့်ပြတာပဲ

ဖြစ်ရမယ်...။”

“ဟုတ်တယ်...။ ဒါ မျက်လှည့်ပဲ ဖြစ်ရမယ်...။ နဂါးကိုတောင် အတုလုပ်နိုင်ရင် အင်မော်တယ် ကိုး ယောက်ကို အတုလုပ်ဖို့က သာမန်ပါပဲ...။”

“ဒါပေမဲ့...၊ ဒါပေမဲ့ ဒီလို ဖိအားမျိုးကိုရော အတုလုပ်လို့ ရလို့လား...။”

“ငါ...၊ ငါ လုံးဝကို မလှုပ်နိုင်တော့ဘူး...။”

အင်မော်တယ်များ၏ ဖိအားကို အသုံးပြု၍ မြို့ပြင်မှ လူအုပ်ကြီးကို လုံးဝမလှုပ်နိုင်အောင် လုပ်ထား လိုက်လေသည်။ လင်းဖန်နှင့်အင်မော်တယ် ကိုးဦးတို့သည် မြို့ထဲမှ ဖြည်းညင်းစွာ ပျံသန်းလာပြီး လူအုပ် ကြီးရှိရာသို့ ဦးတည်လိုက်ကြလေသည်...။

သူတို့ လူအုပ်ကြီးထံ ရောက်သည်နှင့် အင်မော်တယ် ကိုးဦးက သူတို့ကိုဝိုင်းရံလိုက်ကြလေသည်...။ အနီးကပ်မှ ကျဆင်းလာသောအင်မော်တယ်၏ ပြင်းထန်လှသော ဖိအားကြောင့် လူတိုင်းမှာ မတ်တပ် မရပ်နိုင်တော့ဘဲမြေပြင်ပေါ်သို့ ပြိုလဲသွားကြတော့သည်...။

လင်းဖန်၏ အချက်ပြမှုကို ရရှိပြီးနောက် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ ဘိုးဘေးဖြစ်သော ကျောက်ဝူယာသည် တတိယ အကြီးအကဲရှိရာသို့ ဖြည်းညင်းစွာလျှောက်လှမ်းသွားလိုက်သည်...။

သူ၏ မျက်လုံးများမှာ နီမြန်းနေပြီး တတိယ အကြီးအကဲကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက် လေသည်...။

“ရွှမ်းဝူ မြင့်မြတ်နယ်မြေရဲ့ တတိယ အကြီးအကဲ...၊ မင်း ငါ့ကို မှတ်မိသေးလား...။”

သူ့ရှေ့တွင် ရှိနေသော လူကို ကြည့်ကာ တတိယ အကြီးအကဲက ခဏမျှ စဉ်းစားကြည့်သော်လည်း လုံးဝ သတိမရချေ...။

“စီ...၊ စီနီယာ...၊ စီနီယာက ဘယ်သူပါလဲ...။”

တစ်ဖက်လူက အမှန်တကယ်ပင် သတိမရသည်ကို မြင်သောအခါ ကျောက်ဝူယာက သူ့ကိုယ်သူ လှောင်ပြုံး ပြုံးလိုက်လေသည်...။

“ဟား...၊ ဟုတ်တာပေါ့...။ မြင့်မြတ်နယ်မြေ အောက်မှာတော့ အားလုံးက ပုရွက်ဆိတ်တွေပဲလေ...။”

“မြင့်မြတ်လှတဲ့ ရွှမ်းဝူ မြင့်မြတ်နယ်မြေရဲ့ တတိယ အကြီးအကဲက...၊ နဝမအဆင့် ဂိုဏ်းငယ်လေး ဖြစ်တဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ဘိုးဘေးဖြစ်တဲ့ ငါ့ကို ဘယ်လိုလုပ် မှတ်မိပါ့မလဲ...။”

အင်မော်တယ်တိမ်တိုက်ဂိုဏ်း ဟူသော စကားလုံးကို ကြားလိုက်ရမှသာ တတိယ အကြီးအကဲ သည် နောက်ဆုံးတွင် သတိရသွားတော့သည်...။ ဘာပဲဖြစ်ဖြစ် မကြာသေးမီကမှမြင့်မြတ်နယ်မြေ၏ လစဉ် အစည်းအဝေးတွင် လူတိုင်းကထိုအကြောင်းကို သူ့အား ကူညီ၍ သတိပေးခဲ့ကြသည် မဟုတ်ပါလော...။

All Chapters