← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇) တုန်လှုပ်ခြောက်ခြားသွားသော မြင့်မြတ်နယ်မြေ လေးခု...

မိမိ၏ လောဘကြောင့် ဂိုဏ်းနှစ်ခုကြား အမြစ်ပြတ် သုတ်သင်မည့် စစ်ပွဲကြီးဖြစ်ပွားခဲ့ရသည်ကို ပြန်လည် စဉ်းစားမိသောအခါ...၊ မိမိ၏လောဘကြောင့်သာ ဤပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သူသိရှိသွားတော့သည်...။

တတိယ အကြီးအကဲမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားသည်...။

“စီနီယာ...၊ အဲဒီတုန်းက ဂိုဏ်းချင်း စစ်ဖြစ်တာက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး...။”

“ကျွန်တော်က သွေးတိမ်တိုက်ဂိုဏ်းဆီကနေ ပိုက်ဆံလေး နည်းနည်း ရှာချင်ရုံတင်ပါ...။ သူတို့က ဒီလောက်အထိ ခေါင်းမာပြီး စစ်ပွဲဆင်နွှဲလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ...။”

“ကျွန်တော်လည်း ဒီကိစ္စကြောင့် မြင့်မြတ်နယ်မြေရဲ့ ဆယ်နှစ်တိတိ အပြင်ထွက်ခွင့် ပိတ်ပင်တာကို ခံခဲ့ရ ပါတယ်...။ ကျွန်တော်လည်း မတရား ခံခဲ့ရတာပါ...။”

ထိုစကားများက ကျောက်ဝူယာ၏ ဒေါသကို ပို၍သာ လောင်မြိုက်စေတော့သည်...။

“အမြတ်လေး နည်းနည်း ရှာချင်ရုံ ဟုတ်လား...။ မင်းရဲ့ အဲဒီ အမြတ်လေး နည်းနည်းရှာချင်တဲ့ စိတ် ကြောင့် ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တပည့်သုံးပုံနှစ်ပုံလောက် စစ်ပွဲမှာ အသက်ဆုံးရှုံးခဲ့ ရတယ်...။”

“မင်းက မတရား ခံရတယ် ဟုတ်လား...။ ဒါဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကသေဆုံးသွားခဲ့ရတဲ့ ငါ့ဂိုဏ်းက တပည့်တွေကျတော့ မတရားမခံခဲ့ရဘူးလား...။”

ကျောက်ဝူယာ၏ ဒေါသတကြီး အမူအရာကို ကြည့်ကာ လင်းဖန် ကောင်းစွာ နားလည်နိုင်ပေသည်...။ ဤဒေါသများမှာ တစ်ဖက်လူ၏ ရင်ထဲတွင် ဆယ်စုနှစ်ပေါင်းများစွာကိန်းအောင်းနေခဲ့ခြင်း ဖြစ်ပေလိမ့် မည်...။

ယခင်က နဝမအဆင့်ဂိုဏ်းတစ်ခုအနေဖြင့် ဤဘေးဒုက္ခကို မည်သူက ဖန်တီးခဲ့သည်ကို သိနေပါသော် လည်း သူတို့တွင် လက်စားချေနိုင်စွမ်းမရှိခဲ့ချေ...။ တစ်ဖက်လူ၏ လက်ချက်မှန်း သိနေသော်လည်း သူတို့၏နေ့စဉ်ဘဝတွင် ထိုအကြောင်းကိုပင် ထုတ်မပြောရဲခဲ့ကြချေ...။

ထို့ကြောင့်ပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ တပည့်အနည်းငယ်သာ ထိုစဉ်က အဖြစ်မှန်ကို သိရှိကြ ခြင်း ဖြစ်ပေသည်...။

“အကြီးအကဲကျောက်...၊ ဒီလူကို မင်းရဲ့ လက်ထဲကို အပ်လိုက်ပြီ...။ မင်း စိတ်ကြိုက်သာစီရင်လိုက် တော့...။”

မကြာသေးမီကမှ လင်းဖန်သည် ဂိုဏ်းကိုးဂိုဏ်းမှ ဘိုးဘေးများကို မြင့်မြတ်နယ်မြေ၏ အကြီးအကဲ များအဖြစ် ခန့်အပ်ခဲ့လေသည်...။ ထို့ကြောင့်ပင် လင်းဖန်ကကျောက်ဝူယာကို ထိုသို့ ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်...။

“ကျေးဇူးတင်ပါတယ် မြင့်မြတ်သောအရှင်...။”

ကျောက်ဝူယာ၏ ကျေးဇူးတင်စကားကို ကြားပြီးနောက် လင်းဖန်သည် လူတိုင်းကို ဦးဆောင်ကာ ဟင်းလင်းပြင်မြို့သို့ ပြန်လာခဲ့လေသည်...။ တတိယ အကြီးအကဲနှင့် ရွှမ်းဝူမြင့်မြတ်နယ်မြေမှ အခြား လူများကိုမူ ကျောက်ဝူယာတို့ အဖွဲ့ကပင် ပြန်လည်ခေါ်ဆောင်လာခဲ့ကြလေသည်...။

တတိယ အကြီးအကဲကို ကျောက်ဝူယာက စီရင်ရန် ခေါ်ဆောင်သွားပြီး ကျန်ရှိနေသောသူများကိုမူ အကျဉ်းချထားလိုက်လေသည်...။

ဤလူများ အချိန်ကြာမြင့်စွာ ပြန်မလာပါကမြင့်မြတ်နယ်မြေသည် မကြာမီမှာပင် လူထပ်မံစေလွှတ် လိမ့်မည် သို့မဟုတ် အခြေအနေကို သိရှိသွားပြီးနောက် စစ်တပ်အင်အားအမြောက်အမြားနှင့် တိုက်ရိုက် ကျူးကျော်လာပေလိမ့်မည်...။

ဤတာဝန်များကို အဆုံးသတ်ပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေသို့ ပြန်သွားကာ အင်မော်တယ် ရတနာများကို ဆက်လက် သန့်စင်နေတော့သည်...။ သူသည်ကျောက်ဝူယာနှင့် အခြား သူများ အသုံးပြုရန်အတွက် အဖြူရောင်အင်မော်တယ်ဓားသွားအချို့ကို ထပ်မံ သန့်စင်ရန် စီစဉ်ထား လေသည်...။

ဤသို့ဖြင့် မြင့်မြတ်နယ်မြေ လေးခု၏ စစ်တပ်များ ချီတက်လာသောအခါ သူတို့တွင် သင့်လျော်သော လက်နက်များ ရှိနေပေလိမ့်မည်...။

နောက်ရက်များတွင် ဟင်းလင်းပြင်မြို့ သတင်းမှာ အင်အားစု အမျိုးမျိုးမှတစ်ဆင့် လျင်မြန်စွာ ပြန့်နှံ့ သွားတော့သည်...။

ရွှမ်းဝူ မြင့်မြတ်နယ်မြေမှတတိယ အကြီးအကဲက သူ၏အမည်ကို မိတ်ဆက်ချိန်မှစ၍ မြင့်မြတ်နယ် မြေမှ လူများဖမ်းဆီးခံလိုက်ရသည်အထိ...၊ ဤမြင်ကွင်းကို ဟင်းလင်းပြင်မြို့ရှိအင်အားစု အမျိုးမျိုးမှ လူများ မြင်တွေ့ခဲ့ကြသည် မဟုတ်ပါလော...။

မြင့်မြတ်နယ်မြေ လေးခုသည် ကျုံးကျိုးကို နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့သော်လည်း သူတို့၏ လူများ ယခုကဲ့သို့ အရေးနိမ့်သည်ကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေသည်...။ ဤဖြစ်ရပ်၏ တုန်လှုပ်ဖွယ်ရာမှာ ဟင်းလင်းပြင်မြို့အမည်ပြောင်းလဲခြင်းထက်ပင် ပို၍ အံ့အားသင့်စရာကောင်းလှ ပေသည်...။

သတင်းများ ပြန့်နှံ့သွားသည်နှင့်အမျှ မြင့်မြတ်နယ်မြေ၏ ကျောထောက်နောက်ခံ ရယူထားသော ဂိုဏ်း များသည်လည်း သူတို့၏ သက်ဆိုင်ရာ ကျောထောက်နောက်ခံများဆီသို့သတင်းပို့ခဲ့ကြလေသည်...။

ထိုသတင်းကို ကြားရသောအခါ မြင့်မြတ်နယ်မြေ လေးခု၏ ပထမဆုံး တုံ့ပြန်မှုမှာမယုံကြည်နိုင်ခြင်းပင် ဖြစ်သည်...။ မည်သို့ပင်ဆိုစေ မြင့်မြတ်နယ်မြေ၏ တပည့်တစ်ဦးကိုပင် အပြင်လူများက အလွန်အမင်း ရိုသေကြသည် မဟုတ်ပါလော...။

မြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟူသော သတင်းကို သူတို့ မည်သို့ ယုံကြည်နိုင်ပါမည်နည်း...။

သို့သော် စုံစမ်းစစ်ဆေးပြီးနောက် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့သည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်း ထွက်သွားကြလေတော့သည်...။

ရွှမ်းဝူ မြင့်မြတ်နယ်မြေ၏ အစည်းအဝေး ခန်းမဆောင်...၊

နောက်ထပ် အစည်းအဝေး မတိုင်မီမှာပင် ရွှမ်းဝူ မြင့်မြတ်သောအရှင်က လူတိုင်းကို ထပ်မံ ဆင့်ခေါ် လိုက်လေသည်...။

“ဟမ်...၊ တတိယ အကြီးအကဲရော...၊ ဘာလို့ မလာတာလဲ...။ သူ တကယ်ပဲ စုံစမ်းဖို့ သွားတာလား...။”

“အဋ္ဌမ အကြီးအကဲက ဘာကို ဆိုလိုတာလဲ...။”

“ဟုတ်တယ်...၊ အဋ္ဌမ အကြီးအကဲမှာလည်း တာဝန်ရှိတာပဲ မဟုတ်လား...။ ကြည့်ရတာ မင်းကတော့ စကားပဲ များပြီး ဘာမှ မလုပ်ပြန်ဘူး ထင်တယ်...။”

အဋ္ဌမ အကြီးအကဲ - “ဟမ်... ဘယ်သူက အဲဒီလို ပြောတာလဲ...။ ငါ ဒီရက်ပိုင်းအတွင်းမှာ နေရာတော် တော်များများကို ပတ်ပြီး စုံစမ်းနေတာပါ...။”

အကြီးအကဲများ အချင်းချင်း ဆွေးနွေးနေကြစဉ်မှာပင်...၊ လူတိုင်းကို ဆင့်ခေါ်ထားသောရွှမ်းဝူ မြင့်မြတ် သောအရှင်သည် ခန်းမဆောင်ကြီးအတွင်းသို့ ပေါ်လာတော့သည်...။သူသည် အဋ္ဌမ အကြီးအကဲ ခုနက ပြောလိုက်သော စကားကို သဘာဝကျစွာပင် ကြားလိုက်ရလေသည်...။

“ဟင်း...၊ အဋ္ဌမ အကြီးအကဲ...၊ မင်း ဒီရက်ပိုင်းအတွင်း ပတ်ပြီး စုံစမ်းနေတယ်ဆိုတော့ သတင်းတစ်ခု ခုများ ရခဲ့လား...။”

မြင့်မြတ်သောအရှင် ဝမ်ရွှမ်၏ မေးခွန်းကို ကြားသောအခါ အဋ္ဌမ အကြီးအကဲက အပြစ်ရှိသလို ခံစားရဟန်ဖြင့် ပြောလိုက်လေသည်...။

“ဟဲ...၊ မြင့်မြတ်သောအရှင်...၊ အရှင် သိတဲ့အတိုင်းပဲ နတ်သမီးဝတ်စုံကို ရှာရတာက သမုဒ္ဒရာထဲမှာ အပ်ရှာရသလိုပဲလေ...။”

“အသုံးဝင်တဲ့ သတင်းအချက်အလက်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ရနိုင်ပါ့မလဲ...။”

ဝမ်ရွှမ် - “ငါက နတ်သမီးဝတ်စုံအကြောင်း မေးနေတာ မဟုတ်ဘူး... ကျုံးကျိုးမှာ ဖြစ်ပျက်နေတဲ့ တခြား ကိစ္စတွေကို မေးနေတာ...။”

ထိုစကားက အဋ္ဌမ အကြီးအကဲကို အံ့အားသင့်သွားစေခဲ့လေသည်...။

“ဂိုဏ်းချုပ်...၊ လွန်ခဲ့တဲ့ လစဉ် အစည်းအဝေးတုန်းက အရှင်က ကျွန်တော့်ကိုနတ်သမီးဝတ်စုံ ကိစ္စပဲ စုံစမ်းခိုင်းထားတာလေ...။ တခြားကိစ္စတွေက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ...။”

ဝမ်ရွှမ်က သူ၏ ဒေါသကို ထိန်းချုပ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်...။

“အော်...၊ တတိယ အကြီးအကဲ ဖမ်းဆီးခံလိုက်ရတာက မြင့်မြတ်နယ်မြေရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တာလေ..၊ မြင့်မြတ်နယ်မြေရဲ့ ဂုဏ်သိက္ခာက မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောချင်တာလား...။”

ထိုစကားကို ကြားသောအခါ အဋ္ဌမ အကြီးအကဲတင်မကဘဲ အခြားအကြီးအကဲများမှာလည်း မယုံ ကြည်နိုင်သော မျက်နှာထားများဖြင့် ဖြစ်သွားခဲ့ကြလေသည်...။

“မြင့်မြတ်သောအရှင်...၊ ဒါ...၊ ဒါ ဘာကို ဆိုလိုတာလဲ...။”

ဝမ်ရွှမ်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်...။

“ဟင်း...၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီ အင်အားစုအသစ်ကို စုံစမ်းဖို့ တာဝန်ယူထားတဲ့တတိယ အကြီးအကဲနဲ့ တခြား မြင့်မြတ်နယ်မြေတွေက အကြီးအကဲတွေဟာ...၊ လူအများကြီးရဲ့ရှေ့မှာတင် သူတို့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်...။”

“ဒီကိစ္စက ကျုံးကျိုး တစ်ခုလုံးမှာ ပြန့်နေပြီ...။ ဒါပေမဲ့ ငါကတော့ တခြားမြင့်မြတ်နယ်မြေတွေက မြင့်မြတ်သောအရှင်တွေဆီကနေမှ ဒီသတင်းကိုသိရတယ်...။”

“ငါတို့ မြင့်မြတ်နယ်မြေက ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတာလား...။”

ဝမ်ရွှမ်က ဖြစ်ပျက်သွားသည်များကို ဖြည်းဖြည်းချင်း ပြန်ပြောပြနေစဉ် အကြီးအကဲများ၏ မျက်နှာ ပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွားလေတော့သည်...။

မည်သို့ပင်ဆိုစေ သူ ခုနကပြောခဲ့သလိုပင်...၊ ဤကိစ္စမှာ မြင့်မြတ်နယ်မြေ၏ ဂုဏ်သိက္ခာနှင့် ဆိုင်သည် မဟုတ်ပါလော...။ ဤသည်မှာ မြင့်မြတ်နယ်မြေအတွက် အလွန်ပင်အရှက်ရဖွယ် ကောင်းလှ၏...။

“အရှင်...၊ အဲဒီလူက ဘယ်သူလဲဆိုတာ ကျွန်တော် သွားပြီး စုံစမ်းလိုက်ပါ့မယ်...။”

“ဘာလို့ စုံစမ်းနေဦးမှာလဲ...။ လူတွေခေါ်ပြီး သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ရုံပဲလေ...။”

အခြား အကြီးအကဲများ စကားပြောချင်နေကြသော်လည်း ဝမ်ရွှမ်က ကြားဖြတ် ပြောဆိုလိုက်သည်...။

“ဟင်း...၊ မင်းတို့ကို စုံစမ်းခိုင်းနေရင် ဘယ်လောက်တောင် ကြာဦးမှာလဲ မသိဘူး...။”

“တခြား မြင့်မြတ်နယ်မြေ သုံးခုက အရှင်တွေကတော့ တစ်ဖက်လူရဲ့ အခြေအနေကို အသေးစိတ် စုံစမ်း ပြီးသွားကြပြီ...။”

“သူတို့က နဝမအဆင့်ဂိုဏ်း ကိုးဂိုဏ်း ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပဲ...။ သူတို့ကိုယ်သူတို့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ လို့ ခေါ်ကြတယ်...။”

“ဒါ့အပြင် သူတို့က ထျန်းယွမ်မြို့ကို သိမ်းပိုက်ပြီး ဟင်းလင်းပြင်မြို့ လို့လည်း အမည်ပြောင်းလိုက်ကြ ပြီ...။”

ထိုစကားကို ကြားသောအခါ အကြီးအကဲများ အားလုံးက ဒေါသတကြီး ကြိမ်းမောင်းလိုက်ကြလေ သည်...။

“ဒါက တော်တော်လေးကို လွန်လွန်းတယ်...။ ဂိုဏ်း ကိုးဂိုဏ်း ပေါင်းလိုက်တာနဲ့မြင့်မြတ်နယ်မြေကို စိန်ခေါ်နိုင်မယ်လို့ သူတို့ထင်နေကြတာလား...။ မြင့်မြတ်နယ်မြေ အောက်မှာတော့ အားလုံးက ပုရွက်ဆိတ်တွေပါပဲ...။ ဒါက နောက်ပြောင်နေတာ မဟုတ်ဘူးနော်...။”

“ဟုတ်တယ်...။ နဝမအဆင့်ဂိုဏ်းတစ်ခုရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကကျဆုံးအင်မော်တယ် အဆင့်ပဲ ရှိတာလေ...။ ဂူထဲမှာကျင့်ကြံနေတဲ့ အင်မော်တယ် ဘိုးဘေးကို ဖိတ်ခေါ်ရအောင်...။ ဒီတစ် ကြိမ်မှာတော့ ကျဆုံးအင်မော်တယ်နဲ့ အင်မော်တယ်ကြားက ကွာခြားချက်ကို သူတို့သိသွားအောင် လုပ်ပေးရမယ်...။”

“အင်မော်တယ် ဘိုးဘေးကို ဖိတ်ခေါ်နေဖို့ ဘာလို့ လိုမှာလဲ ကျဆုံးအင်မော်တယ်ဘိုးဘေး တစ်ယောက် ဆိုရင် လုံလောက်နေပါပြီ...။ ငါတို့ မြင့်မြတ်နယ်မြေကကျဆုံးအင်မော်တယ်တွေဆိုတာ အဲဒီ အသုံးမကျ တဲ့ကောင်တွေနဲ့ နှိုင်းယှဉ်လို့ ရတာမဟုတ်ဘူး...။”

လူတိုင်းက သူတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆိုပြီးနောက် ဝမ်ရွှမ်က သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်...။

“တခြား မြင့်မြတ်သောအရှင် သုံးဦးဆီက ရခဲ့တဲ့ သတင်းမှာ သူတို့ရဲ့ အင်အားအကြောင်းလည်း ပါ တယ်...။”

“အဲဒီ ဂိုဏ်းကိုးဂိုဏ်းက ဘိုးဘေးတွေဟာ တစ်နည်းနည်းနဲ့ အင်မော်တယ်အဆင့်ကို တက်လှမ်းသွား ကြပြီတဲ့...။”

“တစ်နည်းအားဖြင့် ပြောရရင်...၊ ဒီတစ်ကြိမ်မှာ ငါတို့က အထွတ်အထိပ် အဆင့်မှာရှိတဲ့အင်မော်တယ် ကိုးယောက်နဲ့ ရင်ဆိုင်ရမှာ...။”

ဝမ်ရွှမ်၏ စကားက လူတိုင်း၏ ရင်ထဲသို့ ရေအေးနှင့် အပက်ခံလိုက်ရသလို ဖြစ်သွားစေပေသည်...။

“ကိုး...၊ အင်မော်တယ် ကိုးယောက်လား...။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....။”

“ဒါက ငါတို့ မြင့်မြတ်နယ်မြေ တစ်ခုတည်းရဲ့ အင်အားထက်တောင် ပိုမကြီးနေဘူးလား...။”

“အကယ်၍ သူတို့မှာသာ မြင့်မြတ်နယ်မြေလိုမျိုး နတ်ဘုရားအဆင့် ရတနာတွေလည်းရှိနေမယ် ဆိုရင် တော့...၊ သူတို့က တကယ်ပဲ ပဉ္စမမြောက်မြင့်မြတ်နယ်မြေ ဖြစ်လာနိုင်တာပေါ့...။”

လူအများ ဆွေးနွေးနေကြစဉ်မှာပင် ဝမ်ရွှမ်က နောက်ထပ် သတင်းတစ်ခုကို ထပ်မံ ထုတ်ပြန် လိုက်ပြန် လေသည်...။

“ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှာ တယ်လီပို့ အစီအရင် ဝန်ဆောင်မှုလည်း ရှိတယ်...”

“အဲဒီ တယ်လီပို့ အစီအရင်ကို သုံးတဲ့အခါ အလယ်မှာ လွှဲပြောင်းပေးတဲ့ နေရာအဖြစ် ဆန်းကြယ်တဲ့ ဟင်းလင်းပြင်တစ်ခု ရှိတယ်လို့ ဆိုတယ်...။”

“အဲဒီ ဆန်းကြယ်တဲ့ ဟင်းလင်းပြင်ကလည်း မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နိုင်တယ်လို့ သံသယရှိနေ ကြတာ...။”

ထိုသတင်းက လူတိုင်းကို မှင်သက်သွားစေသည်...။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ထပ်မံ၍ ပြောလိုက်လေသည်......။

All Chapters