← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း (၂၅၁) နောက်ဆုံး အဟန့်အတားငယ်...

“သတ္တုတွင်းမှာပဲ လုပ်ရလုပ်ရ...၊ အလုပ်ကြမ်းပဲ ခိုင်းခိုင်းပေါ့...။”

“ဒါမှမဟုတ်ရင်တော့ ပိုဆိုးတာက သားရဲတွေဆီမှာ အစားအစာအဖြစ် အရောင်းခံရတာမျိုးလည်း ရှိနိုင်တာပဲ...။”

တစ်ဖက်လူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းဖန်က ဆက်လက် မေးမြန်းလိုက်သည်...။

“တစ်ဖက်လူက အင်အားကြီးတယ်ဆိုရင်...? ထျန်းယွမ်မျှော်စင်က စီနီယာတွေက သူတို့ဆီကနေ လူကို ပြန်လုယူနိုင်လို့လား...။”

ဤမေးခွန်းကို ကြားသောအခါ အသူရာနဂါး အင်မော်တယ်က ယုံကြည်မှုရှိရှိ ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်...။

“ငါတို့ စီနီယာတွေ တည်ထောင်ထားတဲ့ ထျန်းယွမ်မျှော်စင်ဟာ အင်အားကြီး အဖွဲ့အစည်းကြီး မဟုတ် ပေမဲ့...၊ တက်လှမ်းခြင်း စင်မြင့် နယ်မြေမှာတော့ သြဇာအာဏာ အတော်အတန် ရှိပါတယ်...။”

“ထျန်းယွမ်မျှော်စင်က စီနီယာတွေဟာ ဂိုဏ်းအသီးသီးနဲ့ အင်အားစုတွေဆီမှာပြန့်နှံ့နေကြတာလေ...။ တချို့ဆိုရင် ထိပ်တန်းဂိုဏ်းကြီးတွေထဲမှာတောင် နေရာရနေကြတာ...။”

“အဲဒီ စီနီယာတွေကို ထောက်ထားတဲ့အနေနဲ့...၊ အင်အားစု အသေးစားလေးတွေကတော့ ငါတို့ ထျန်းယွမ်မျှော်စင်နဲ့ လူလုဖို့ မဝံ့ရဲကြပါဘူး...။”

ထိုစကားကို ကြားရသဖြင့် လင်းဖန် အနည်းငယ် အံ့အားသင့်သွားရလေသည်...။

မမျှော်လင့်ဘဲ ထျန်းယွမ်တိုက်ကြီးမှ တက်လှမ်းသွားကြသော စီနီယာများမှာ အင်မော်တယ်ဘုံ၌ အခြေအနေ အတော်ပင် ကောင်းမွန်နေကြသည်ပင်။

လမ်းပြပေးမည့် ကိစ္စကို နားလည်သွားပြီးနောက် လင်းဖန်၏ စိတ်ထဲတွင် အခြားသော မေးခွန်းများ ရှိနေ ပြန်သည်...။ သူသည် အင်မော်တယ်ဘုံသို့ တက်လှမ်းရန်အတွက် ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ် ရန် မလိုပေ...သို့ဆိုလျှင် သူ၏ တက်လှမ်းခြင်းက မည်သို့ ဖြစ်ပေါ်လာမည်နည်း...။

ထို့အပြင် သူသည် ကမ္ဘာခြားမှ ကူးပြောင်းလာသူဖြစ်ပြီး ဤထျန်းယွမ်တိုက်ကြီး၏ မျိုးဆက်လည်း မဟုတ်ချေ...။ အကယ်၍ သူသာ အင်မော်တယ်ဘုံသို့ တက်လှမ်းခဲ့လျှင် အခြားသူများကဲ့သို့ တက်လှမ်း ခြင်း စင်မြင့်တစ်ခုတည်းတွင် ပေါ်လာပါဦးမည်လော...။

လင်းဖန်သည် ဤမေးခွန်းများကို စနစ်ထံသို့ မေးမြန်းလိုက်သော်လည်း... စနစ်၏ တိတ်ဆိတ်မှုကို ကြည့် ခြင်းအားဖြင့် မည်သည့် အဖြေမျှ ရရှိမည် မဟုတ်ကြောင်း သိသာလှပေသည်...။ ထို့ကြောင့် တစ်လှမ်း ချင်းစီသာ ရင်ဆိုင်သွားရန် ဆုံးဖြတ်လိုက်ရသည်...။

အဆိုးဆုံး ဖြစ်လာလျှင်တော့ လျိုပိုင်ချွမ်းနှင့် ကျောက်ဝူယာတို့ကို သူတို့၏ ကိုယ်ပိုင် သစ်ရွက်များဖြင့် အရင် တက်လှမ်းခိုင်းရမည် ဖြစ်သည်...။ ထို့နောက်မှ သူက သစ်ရွက်ကိုယ်ပွား စွမ်းရည်ကို အသုံးပြု၍ အင်မော်တယ်ဘုံသို့ ဆင်းသက်သွားမည်သာ...။

“ဟားဟား... ဒါကတော့ သိပ်ကောင်းတာပေါ့...။ ငါ့ရဲ့ မြင့်မြတ်နယ်မြေက လူတွေတက်လှမ်းတဲ့အခါ ကျရင် အဲဒီ စီနီယာတွေကိုပဲအားကိုးရတော့မှာပဲ...။”

“ဒါပေမဲ့ အချင်းချင်း ကူညီကြတာဆိုတော့...။ စီနီယာတွေဆီက အကျိုးကျေးဇူးတွေကိုလည်း ငါ လျစ်လျူမရှုထားပါဘူး...။”

“အဲဒီအချိန်ကျရင် အင်မော်တယ်ဘုံက စီနီယာတွေလည်း အိမ်ကို ခဏခဏ ပြန်လည် အလည် လာသင့်တာပေါ့...။”

လင်းဖန်၏ စကားကြောင့် မြင့်မြတ်နယ်မြေ လေးခုမှ လူများမှာ သံသယအကြည့်များဖြင့် ကြည့်လိုက် ကြလေသည်...။

“အိမ်ကို ခဏခဏ ပြန်ဖို့ ဟုတ်လား...။”

“အိမ်ပြန်လည်ဖို့ ဟုတ်လား...။”

တစ်ဖက်လူ၏ အာမေဍိတ်သံကို ကြားရသောအခါ လင်းဖန်က ခေါင်းညိတ်ပြလိုက်လေသည်...။

“အင်း...။ အမေ ဆီမှာ ပန်းကန်ဆေး ကူပေးတာမျိုးပဲဖြစ်ဖြစ်...၊ အဖေ့ကို ကျောကုန်းလေး နှိပ်ပေး တာမျိုးပဲဖြစ်ဖြစ်ပေါ့...။”

မြင့်မြတ်နယ်မြေ လေးခုမှ လူများမှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားကြပြီး သူတို့၏ မျက်နှာပေါ်တွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားတော့သည်...။

“??????”

လင်းဖန်လည်း သူ ဘာပြောမိသွားသည်ကို သတိပြုမိလိုက်သည်...။

“အဟမ်း...၊ တောင်းပန်ပါတယ်...။ အခုက နှစ်သစ်ကူးကာလဆိုတော့ ငါ့စကားတွေက နည်းနည်း ကျော်သွားတယ်...။”

“အဲဒါက...။ စာသားအတိုင်းပါပဲ...။”

“ငါ အင်မော်တယ်ဘုံကို ရောက်သွားပြီဆိုရင်...၊ အဲဒီကလူတွေ ထျန်းယွမ်တိုက်ကြီးဆီကို ဆွေမျိုးမေ့ ပြန်လာလည်လို့ ရမယ့် နည်းလမ်းကို ငါ ရှာဖွေမှာပါ...။”

“ဒါ့အပြင် မင်းတို့ကော အင်မော်တယ်ဘုံဆီ အလည်သွားချင်ရင်လည်း မဖြစ်နိုင်တာတော့ မဟုတ်ပါ ဘူး...။”

ထို့နောက်တွင်တော့ တစ်ဖက်လူ၏ တုန်လှုပ်နေသော အကြည့်များကြားမှာပင် လင်းဖန်သည် ဟင်းလင်း ပြင် မြင့်မြတ်နယ်မြေ၏ ‘ဆွေမျိုးမေ့ အိမ်ပြန်ခရီးစဉ်’ ဝန်ဆောင်မှုကို ထပ်မံ ကြော်ငြာနေ တော့သည်...။

လင်းဖန်၏ ကြီးကျယ်လှသော ရည်မှန်းချက်များကို ကြားရသောအခါ လူတိုင်းမှာ မယုံကြည်နိုင်သော မျက်နှာထားများဖြင့် ဖြစ်နေကြတော့သည်...။

“ရောင်းရင်း...၊ မင်း နောက်နေတာ မဟုတ်ဘူး မဟုတ်လား...။”

“အင်မော်တယ်ဘုံနဲ့ အောက်ဘုံကြားမှာ ဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ် သွားလာလို့ ရမှာလဲ...။ အင်မော်တယ်အရှင် တစ်ပါးတောင် ဒါမျိုး မလုပ်နိုင်ဘူးလေ...။”

“အင်မော်တယ်အရှင် ထားလိုက်ဦး... အင်မော်တယ်ဧကရာဇ် တစ်ပါးတောင် ဒါမျိုး လုပ်ဖို့က ခက်ခဲ လိမ့်မယ်...။”

မြင့်မြတ်နယ်မြေမှ တုန်လှုပ်နေသော လူအုပ်ကြီးကို ကြည့်ကာ လင်းဖန်က ပြုံးလိုက်လေသည်...။

“ဟားဟား...၊ ရောင်းရင်းတို့...၊ အရမ်း အံ့သြမနေကြပါနဲ့ဦး...။ နောင်ကျရင် ဒီထက် ပိုပြီး တုန်လှုပ်စရာ ကောင်းတာတွေ ကြုံရဦးမှာပါ...။”

“ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေကို ရန်သူအဖြစ် မသတ်မှတ်ဘဲ မိတ်ဆွေအဖြစ် ရွေးချယ်လိုက် တာဟာ မင်းတို့အတွက် ကံကောင်းခြင်း လက်ဆောင်ပဲပေါ့...။”

ဤသို့ဖြင့် အပြန်အလှန် တိုက်ခိုက်ကြရမည့် နှစ်ဖက်စလုံးမှာ ခေတ္တမျှ ရင်းရင်းနှီးနှီး စကားပြောဆို ပြီးနောက်မဟာမိတ်များ ဖြစ်သွားကြလေတော့သည်...။

ဟင်းလင်းပြင်မြို့အတွင်း၌ စိတ်လှုပ်ရှားစရာ မြင်ကွင်းကို စောင့်ကြည့်နေကြသော အင်အားစု အသီးသီးမှ လူများမှာမူ စိတ်ပျက်သွားခဲ့ကြပေသည်...။

“ငါ့ကို နောက်နေတာလား...။ ငါတောင် ဖရဲသီး စိတ်ထားပြီးပြီ...၊ အခုတော့ ဒီအတိုင်းပဲ ကြည့်နေရတော့ မှာလား...။”

“တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ... ဘာလို့ မတိုက်ကြတာလဲ...။”

“တစ်ဖက်က နဝမအဆင့် ဂိုဏ်း ကိုးဂိုဏ်းနဲ့ ဖွဲ့စည်းထားတဲ့ မြင့်မြတ်နယ်မြေ...။ နောက်တစ်ဖက်က မြင့်မြတ်နယ်မြေ လေးခုနဲ့ ကျန်တဲ့ နဝမအဆင့် ဂိုဏ်းတွေ...။ သူတို့သာ တိုက်ကြရင်တော့ တကယ့်ကို ပွဲကြီးပွဲကောင်းပဲလေ...။”

“ဟုတ်တာပေါ့...။ သူတို့သာ တိုက်ပြီး နှစ်ဖက်စလုံး အထိနာသွားရင်...၊ ငါတို့ အဌမဆင့် ဂိုဏ်းတွေ အတွက် အခွင့်အရေး ရလာမှာလေ...။”

“ဟင်း...။ ဒီမြင့်မြတ်နယ်မြေ လေးခုကတော့ တကယ့်ကို သူရဲဘောကြောင်တာပဲ...။”

လင်းဖန်နှင့် သူ၏အပေါင်းအပါများမှာ မြို့ပြင်တွင် ရှိနေကြသဖြင့် ဟင်းလင်းပြင်မြို့အတွင်းရှိ ကျင့်ကြံ သူများ၏ ဆွေးနွေးမှုများကို သဘာဝကျစွာပင် မကြားရချေ...။ သူတို့သည် ယခုအခါ အခြားသော ကိစ္စ ရပ်များကို ဆွေးနွေးနေကြလေသည်...။

နှစ်ဖက်စလုံး လက်ဆွဲနှုတ်ဆက်ကာ မဟာမိတ် ဖွဲ့ပြီးဖြစ်ရာ...၊ ယခင်က အကျဉ်းချထားသော မြင့်မြတ် နယ်မြေမှ စုံစမ်းစစ်ဆေးရေးသမားများကိုလည်း ပြန်လွှတ်ပေးရန် လိုအပ်လာပေသည်...။ သို့သော် ဤအချက်ကို စဉ်းစားမိသောအခါ လင်းဖန်က ကျောက်ဝူယာကို တစ်ချက် ကြည့်လိုက်ပြီး အနည်းငယ် ခက်ခဲစွာ ပြောလိုက်လေသည်...။

“မြင့်မြတ်နယ်မြေက စုံစမ်းစစ်ဆေးရေးသမားတွေကိုတော့ ပြန်လွှတ်ပေးမှာပါ...၊ ဒါပေမဲ့...။”

ထိုသို့ပြောရင်း လင်းဖန်က ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ အင်မော်တယ်ကို ကြည့်လိုက်လေသည်...။

“ရွှမ်းဝူ မြင့်မြတ်နယ်မြေက ရောင်းရင်း...၊ မင်းတို့ရဲ့ အကြီးအကဲ တစ်ယောက်က ငါတို့ မြင့်မြတ်နယ်မြေ က အကြီးအကဲကျောက်နဲ့ အညှိုးအတေး အကြီးကြီးမားမားရှိနေပုံရတယ်...။”

ထိုစကားကို ကြားသောအခါ ရွှမ်းဝူ အင်မော်တယ်က ဝေခွဲမရဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်လေ သည်...။

တစ်ဖက်လူနှင့် မည်သို့သော ပဋိပက္ခ ရှိသည်ကို သူ မသိရှိသည်မှာ ထင်ရှားလှပေသည်...။

“အော်...၊ ငါ့ရဲ့ ရွှမ်းဝူ မြင့်မြတ်နယ်မြေက လူတွေဟာ ပျင်းကြပြီး အပြင်သိပ်မထွက်ကြပါဘူး...။ မင်းတို့ အကြီးအကဲနဲ့ ဘယ်လိုလုပ်ပြီး အညှိုးအတေး ရှိနေမှာလဲ...။”

ထိုစဉ် သူနှင့်အတူ ပါလာသော အတိဒုက္ခအဆင့် အကြီးအကဲတစ်ဦးက တစ်ခုခုကို ရုတ်တရက် သတိရ သွားခဲ့လေသည်...။

“အာ...၊ ဒီ... ဒီစီနီယာက...၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကများလား...။”

ထိုအချိန်တွင် ကျောက်ဝူယာက ဖြည်းညင်းစွာ စကားပြောလိုက်လေသည်...။

“မှန်တယ်...၊ ငါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ကျောက်ဝူယာပဲ...။”

ရွှမ်းဝူ အင်မော်တယ်သည် သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ကြားလိုက်ရသောအခါ သူ မသိသော ကိစ္စ ရပ်များ ရှိနေနိုင်ကြောင်း သိလိုက်သည်...။ ထို့ကြောင့် သူ၏ အကြီးအကဲကို တိုက်ရိုက်ပင် ကြည့်လိုက် လေသည်...။

“သေချာ ရှင်းပြစမ်း...၊ ဘာတွေ ဖြစ်ခဲ့တာလဲ...။”

ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ အကြီးအကဲမှာ ယခုအချိန်တွင် ဘာမှ မဖုံးကွယ်ရဲတော့ဘဲ အလျင်အမြန်ပင် ပြောပြလိုက်လေတော့သည်...။

“ဘိုးဘေး...၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက တတိယ အကြီးအကဲကြောင့် နဝမအဆင့် ဂိုဏ်းနှစ်ခု ကြားမှာ အမြစ်ပြတ် သုတ်သင်မယ့် စစ်ပွဲကြီး ဖြစ်ပွားခဲ့ပါတယ်...။”

“အဲဒီထဲက တစ်ခုကတော့ ငါတို့ရှေ့မှာ ရှိနေတဲ့ စီနီယာကျောက်ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းပါ ပဲ...။”

“အင်မော်တယ်တိမ်တိုက်ဂိုဏ်းက နောက်ဆုံးမှာ အနိုင်ရခဲ့တယ် ဆိုပေမဲ့လည်း...။”

ထိုနေရာတွင် အကြီးအကဲမှာ ဆက်မပြောရဲတော့ချေ...။ ကျောက်ဝူယာကပင် ဖြည့်စွက် ပြောလိုက် လေသည်...။

“ဒါပေမဲ့... ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တပည့်တွေ အများကြီး အသက်ဆုံးရှုံးခဲ့ရတယ်...။”

“တပည့် အများအပြားဟာ သေဖို့ အသင့်ပြင်ပြီး ရန်သူကို သတ်ဖို့အတွက် ကိုယ်တိုင် ပေါက်ကွဲခဲ့ကြ ရတာ...။”

“ဒါတွေ အားလုံးဟာ မင်းတို့ရဲ့ တတိယ အကြီးအကဲ ကျေးဇူးတွေကြောင့်ပဲပေါ့...။”

ရွှမ်းဝူ မြင့်မြတ်နယ်မြေမှ အကြီးအကဲမှာလည်း အလျင်အမြန်ပင် ပြန်လည် ကာကွယ်ပြောဆိုလိုက် လေသည်...။

“စီနီယာ...၊ အဲဒီတုန်းက ကိစ္စဟာ တတိယ အကြီးအကဲရဲ့ မူလ ရည်ရွယ်ချက် မဟုတ်ပါဘူး...။”

“အပြစ်တင်ချင်ရင်တော့ သွေးတိမ်တိုက်ဂိုဏ်းက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူကိုပဲ အပြစ်တင်ပါ..။ သူက အရမ်းကို ရမ်းကားလွန်းလို့...။”

သူ စကားမဆုံးမီမှာပင် မျက်မှောင်ကြုတ်၍ နားထောင်နေကြသော မြင့်မြတ်နယ်မြေ လေးခုမှ အင်မော်တယ်များ အားလုံးက ဝင်ပြောကြလေသည်...။

“ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ရွှမ်းဝူ မြင့်မြတ်နယ်မြေက ရောင်းရင်း...၊ မင်းတို့ဘက်က အခု တော့ မှားနေပြီနော်...။”

“ဟုတ်တယ်...။ အဲဒီတုန်းက ငါတို့ မြင့်မြတ်နယ်မြေ လေးခုမှာ အခြား အင်အားစုတွေရဲ့ တိုးတက်မှုကို လုံးဝ ဝင်မစွက်ဖက်ရဘူးဆိုတဲ့ စည်းမျဉ်း ရှိပြီးသားလေ...။”

အခြား မြင့်မြတ်နယ်မြေ သုံးခုကလည်း ဟင်းလင်းပြင် မြင့်မြတ်နယ်မြေဘက်မှ ကူညီပြောဆိုနေသည် ကို မြင်သောအခါ ရွှမ်းဝူ အကြီးအကဲမှာ အလျင်အမြန်ပင် ဆက်လက် ရှင်းပြလိုက်ပြန်သည်...။

“စီနီယာတို့...၊ တတိယ အကြီးအကဲလည်း အဲဒီတုန်းက အပြစ်ပေးခံခဲ့ရပါတယ်...။ ဆယ်နှစ်တိတိ အပြင်ထွက်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ...။”

“ဒီအပြစ်ဒဏ်ကို မြင့်မြတ်နယ်မြေ လေးခုလုံးက မြင့်မြတ်သောအရှင်တွေ စုပေါင်း ဆုံးဖြတ်ခဲ့ကြတာ ပါ...။ ကျွန်တော့်ကို မယုံရင် ဒီက ရောင်းရင်းတွေကို မေးကြည့်လို့ ရပါတယ်...။”

ထိုသို့ပြောရင်း သူနှင့်အတူ ပါလာကြသော အခြား မြင့်မြတ်နယ်မြေ သုံးခုမှ အတိဒုက္ခအဆင့် ကျင့်ကြံ သူများကို ကြည့်လိုက်လေသည်...။

အခြားသူများကလည်း တစ်ဖက်လူ ပြောသည်မှာ အမှန်ဖြစ်ကြောင်း ခေါင်းညိတ်ပြကြလေသည်...။

နောက်ဆုံးတွင် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရွှမ်းဝူ အင်မော်တယ်က သက်ပြင်းချ လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်...။

“ဟင်း...။ ဒီကိစ္စမှာတော့ တတိယ ညီအစ်ကို တကယ်ပဲ မှားခဲ့တာပဲ...။”

“ဒီရောင်းရင်းကျောက်ကို ငါတို့ဘက်က စော်ကားခဲ့မိမှတော့...၊ သူ့ရဲ့ ကံကြမ္မာကို ရောင်းရင်းကျောက်ပဲ ဆုံးဖြတ်ပါစေတော့...။”

ဤကိစ္စတွင် ရွှမ်းဝူ အင်မော်တယ်ပင်လျှင် ကူကယ်ရာမဲ့သွားရသည်...။

တစ်ဖက်တွင် သူတို့ဘက်က အမှန်တကယ်ပင် မှားယွင်းခဲ့သည်...။ အခြားတစ်ဖက်တွင်တော့ သူ၏ ရှေ့မှောက်ရှိ ကျောက်ဝူယာမှာလည်း အင်မော်တယ် တစ်ဦးပင် ဖြစ်သည်...။ သူသည် ကျောက်ဝူယာ လောက် အင်အား မကြီးသော်လည်း ကျောက်ဝူယာ၏ ဒေါသကိုတော့ လျစ်လျူရှု၍ မရနိုင်ချေ...။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူသည် ယခုလေးတင် ချုပ်ဆိုထားသော သဘောတူညီချက်ကို အကောင်အအည်ဖော်ရန်အတွက် တတိယ အကြီးအကဲကို စွန့်လွှတ်လိုက်ရတော့သည်...။

အပြစ်တင်ချင်ရင်တော့...၊ အဲဒီတုန်းက စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရပေ လိမ့်မည်ပင်...။

All Chapters