← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂) ငါ အင်မော်တယ် ဖြစ်တော့မယ်...၊ လုပ်ဆောင်ချက်အသစ်...။

လင်းဖန်ကမူ စကားများများမပြောဘဲ ဆုံးဖြတ်ချက်ကို ကျောက်ဝူယာ၏ လက်ထဲသို့သာ အပ်နှံလိုက် လေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ သူ၏ အညှိုးအတေးဖြစ်ရာ သူကိုယ်တိုင်သာ ဆုံးဖြတ် စေခိုင်း ရမည်ပင်။

ကျောက်ဝူယာသည်လည်း လင်းဖန်၏ ဆိုလိုရင်းကို နားလည်ပေသည်...။ ရွှမ်းဝူ မြင့်မြတ်နယ်မြေ၏ တတိယ အကြီးအကဲမှာ ယခုအချိန်အထိ သူတို့၏ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွင်း၌ အကျဉ်းကျ နေဆဲ ဖြစ်၏ ။ မြင့်မြတ်နယ်မြေ လေးခုက ကျူးကျော်လာပါက ဓားစာခံအဖြစ် အသုံးပြုရန် ရည်ရွယ် ထားသဖြင့် ထိုသူကို ချက်ချင်း မသတ်ခဲ့ခြင်း ဖြစ်လေသည်...။

ကျောက်ဝူယာသည် မူလက နှစ်ဖက်စလုံး စစ်ဖြစ်ပြီးနောက် တစ်ဖက်လူမှာ အသုံးမဝင်တော့သည့် အချိန်မှသာ လက်စားချေရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်...။ သို့သော် ယခု အခြေအနေအရ တစ်ဖက်လူ ကို သတ်လိုက်ခြင်းမှာ နှစ်ဖက်စလုံး၏ ညီညွတ်မှုကို ထိခိုက်စေနိုင်သည်...။

လင်းဖန်၏ သဘောထားကို ကြည့်ခြင်းအားဖြင့် သူက ဤကိစ္စများကို ဂရုမစိုက်သည်မှာ ထင်ရှားသော် လည်း...၊ ကျောက်ဝူယာမှာမူ မြင့်မြတ်နယ်မြေ၏အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီဖြစ်ရာ မြင့်မြတ်နယ်မြေ၏ အကျိုးစီးပွားကို မစဉ်းစားဘဲ မနေနိုင်ချေ...။

ခဏမျှ စဉ်းစားကြည့်သောအခါ အတိတ်က စစ်ပွဲမှာ တစ်ဖက်လူက တမင်တကာ ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သည်ကို သူ သိရှိလိုက်သည်...။

သွေးတိမ်တိုက်ဂိုဏ်း၏ ရမ်းကားတတ်သော အကျင့်အရ ဤတတိယ အကြီးအကဲသာ မရှိလျှင်တောင် မှ သတ်ဖြတ်ပွဲမှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ရှောင်လွှဲ၍ ရလိမ့်မည် မဟုတ်ပေ...။

ဤသို့တွေးတောပြီးနောက် ကျောက်ဝူယာသည် တစ်ဖက်လူ၏ အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ် လိုက်လေသည်။ သေဒဏ်မှ ကင်းလွတ်ခွင့် ပေးနိုင်သော်လည်း အပြစ်ဒဏ်ကိုမူ ရှောင်လွှဲ၍ မရနိုင် ချေ...။

“မင်းတို့ရဲ့ တတိယ အကြီးအကဲက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးဆိုရင်တောင်...၊ ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအပေါ် ပေးခဲ့တဲ့ ထိခိုက်မှုတွေကတော့ အမှန်တရားပဲလေ...။”

“ဒီလိုလုပ်ကြရအောင်...။ အဲဒီတုန်းက စစ်ပွဲမှာ သေဆုံးသွားခဲ့တဲ့ တပည့်တစ်ယောက်ချင်းစီအတွက် သူကိုယ်တိုင် အုတ်ဂူမှတ်တိုင်တစ်ခုစီ ထွင်းထုပေးရမယ်...။ အဲဒီလို လုပ်ပြီးရင်တော့ ဒီကိစ္စကို ငါတို့ ထပ်မပြောတော့ပါဘူး...။”

တတိယ အကြီးအကဲ အသက်ချမ်းသာရာ ရပြီဟု ကြားသောအခါ ရွှမ်းဝူ အင်မော်တယ်က လက်အုပ်ချီ အရိုသေပေးလိုက်လေသည်...။

“တတိယ ညီအစ်ကိုကိုယ်စား အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။”

“ဒါပေမဲ့ မှတ်တိုင်ထွင်းခိုင်းရုံနဲ့တော့ သူ့အပြစ်က ပေါ့လွန်းနေသေးတယ်...။”

“သူက ဆယ်နှစ်တိတိ အပြင်မထွက်ရဘဲ နေခဲ့ပြီးပြီဆိုတော့...၊ နောက်ထပ် ဆယ်နှစ် ထပ်တိုးလိုက် ပါမယ်...။”

“ဒီတစ်ကြိမ်မှာတော့ မင်းတို့ဂိုဏ်းမှာပဲ သူ့ကို အကျဉ်းချထားလိုက်ပါ...။ မင်းတို့ စိတ်ကြိုက်သာ ခိုင်းစေ နိုင်ပါတယ်...။”

ဤသို့ဖြင့် နှစ်ဖက်စလုံး အပြန်အလှန် အလျှော့ပေးခြင်းဖြင့် နောက်ဆုံး အဟန့်အတားငယ်မှာ ပြည့်စုံစွာ ပြေလည်သွားတော့သည်...။

ထို့နောက်တွင် လင်းဖန်သည် မြင့်မြတ်နယ်မြေ လေးခုမှ လူများနှင့်အတူ အင်မော်တယ်ဘုံ၏ အခြေခံ ဗဟုသုတအချို့ကို စကားစမြည် ပြောဆိုခဲ့ကြလေသည်...။

စကားဝိုင်း အဆုံးသတ်ပြီးနောက် မြင့်မြတ်နယ်မြေ လေးခုမှ လူများသည်လည်း နှုတ်ဆက်ကာ ထွက်ခွာ သွားခဲ့ကြတော့သည်...။ သူတို့ မထွက်ခွာမီ ရက်အနည်းငယ်အတွင်းမှာပင် ပဉ္စမမြောက် မြင့်မြတ်နယ် မြေ တည်ထောင်ခြင်းအတွက် ဂုဏ်ပြုလက်ဆောင်များ ယူဆောင်လာမည်ဟု ကတိပေးသွားခဲ့ ကြပေ သည်...။

လူတိုင်း ထွက်ခွာသွားပြီးနောက် လင်းဖန်သည်လည်း မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်သို့ ပြန်လာခဲ့ လိုက်သည်...။ ယခုအခါ သူသည် အဋ္ဌမအကြိမ် အတိဒုက္ခအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်...။

သာမန် ကျင့်ကြံမှု အဆင့်များအရဆိုလျှင် ယခု ဝါးမြိုနေသော ဝိညာဉ်ကြောကို စုပ်ယူပြီးသည်နှင့် သူ သည် အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်ရပေမည်...။ သို့သော် သူ၏ အခြေအနေမှာ သာမန်ဟုတ်၊ မဟုတ်ကိုမူ လင်းဖန်ကိုယ်တိုင်ပင် မသေချာချေ...။

ရက်အနည်းငယ် အကြာတွင် စနစ်၏ အသိပေးချက်နှင့်အတူ ဝိညာဉ်ကြောမှာ နောက်ဆုံးတွင် လုံးဝ ဝါးမြိုခြင်း ခံလိုက်ရပြီဖြစ်လေသည်...။

[ဒင်...၊ ထိပ်တန်းအဆင့် ဝိညာဉ်ကြောကို အောင်မြင်စွာ စုပ်ယူပြီးပါပြီ...။ အနေနဲ့ ကိုးကြိမ် မြောက် အတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်...။]

[ဂုဏ်ယူပါတယ် ပိုင်ရှင်...။ လုပ်ဆောင်ချက်အသစ်တစ်ခုကို ရရှိလိုက်ပါပြီ...။]

[ဂုဏ်ယူပါတယ် ပိုင်ရှင်...၊ ကိုးကြိမ်မြောက် အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး အင်မော် တယ် ခန္ဓာကိုယ်သို့ စတင် အသွင်ပြောင်းနေပြီ ဖြစ်ပါတယ်...။]

[အင်မော်တယ် ခန္ဓာကိုယ်သို့ အောင်မြင်စွာ ပြောင်းလဲပြီးနောက်တွင်တော့ အစစ်အမှန် အင်မော်တယ် အဆင့်သို့ တရားဝင် ရောက်ရှိသွားမည် ဖြစ်ပါတယ်...။]

ဆက်တိုက် ထွက်ပေါ်လာသော အသိပေးချက်များကြောင့် လင်းဖန်မှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား လေတော့သည်...။

“ဟားဟားဟား...။ အင်မော်တယ်...၊ ငါ အင်မော်တယ် ဖြစ်တော့မယ်...။”

“ငါက အစစ်အမှန် အင်မော်တယ် အဆင့်ပဲ ရှိသေးတယ် ဆိုပေမဲ့... ၊ ငါ့ရဲ့ အရှိန်နဲ့ဆိုရင် အင်မော်တယ် ဧကရာဇ်၊ အင်မော်တယ်အရှင် ဒါမှမဟုတ် သူတော်စင်အဆင့်အထိ ရောက်ဖို့က သိပ်မဝေးတော့ပါ ဘူး...။”

လင်းဖန်သည် မြင့်မြတ်နယ်မြေ လေးခုမှ လူများထံမှ အင်မော်တယ်ဘုံ၏ ကျင့်ကြံမှု အဆင့်များကို ကြိုတင် သိရှိထားပြီး ဖြစ်လေသည်...။

အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အစဉ်လိုက်အတိုင်းဆိုလျှင် - အစစ်အမှန် အင်မော်တယ်၊ ကောင်းကင်အင် မော်တယ်၊ ဆန်းကြယ်အင်မော်တယ်၊ ရွှေရောင်အင်မော်တယ်၊ အင်မော်တယ်သခင်၊ အင်မော်တယ် ဘုရင်၊ အင်မော်တယ်ဧကရာဇ်၊ အင်မော်တယ်အရှင် နှင့် သူတော်စင် တို့ ဖြစ်ကြလေသည်...။

ဤအဆင့် အမည်များမှာ လင်းဖန် ထင်ထားသည်နှင့် အနည်းငယ် ကွာခြားနေသော်လည်း အရေးမကြီး ပေ...။ ဘာပဲဖြစ်ဖြစ် အဆင့်အမည်ဆိုသည်မှာ ခေါ်ရုံသက်သက်သာ မဟုတ်ပါလော...။

ပထမဆုံး စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက် လင်းဖန်သည် အသစ်ရရှိထားသော လုပ်ဆောင် ချက်ကို စစ်ဆေးရန် မမေ့လျော့နေခဲ့ပေ...။ မကြည့်ခင်အထိတော့ မယုံနိုင်စရာပင်...၊ ကြည့်လိုက်ပြီး နောက်တွင်တော့ လင်းဖန်တစ်ယောက် တစ်ဖန် ပြန်လည် ရယ်မောမိပြန်လေသည်...။

“ဟားဟားဟား...၊ ပျော်စရာတွေ ဆင့်နေတာပဲ...။ တကယ်ကို ဝမ်းသာစရာ ကောင်းလိုက်တာ...။”

“သစ်ရွက်အစားထိုး လုပ်ဆောင်ချက်...၊ မင်း ဒီလောက်အမြန် ထွက်လာလိမ့်မယ်လို့ ငါ မထင်ထား ဘူး...။”

[လုပ်ဆောင်ချက်အသစ် - သစ်ရွက်အစားထိုး...။]

ဤလုပ်ဆောင်ချက်အသစ်မှာလည်း မည်သည့် ရှင်းပြချက်မျှ မပါဘဲ စာသားလေးခုသာ ဖြစ်သည်...။ သို့သော် လင်းဖန်အတွက်တော့ မိတ်ဆက်ပေးရန် မလိုအပ်တော့ချေ...။ ဘာပဲဖြစ်ဖြစ် စနစ်က ဤ စွမ်းရည်အကြောင်းကို သူ့အား ယခင်ကပင် ရှင်းပြခဲ့ပြီးသား ဖြစ်သည်ပင်...။

သို့သော် ယခုအချိန်တွင် ဤလုပ်ဆောင်ချက်အသစ်ကို ကြိုတင် စမ်းသပ်ကြည့်ရန် အခွင့်အရေး မရှိ သေးပေ...။ ၎င်းမှာ အစားထိုး အသက်ရှင်စေမည့် လုပ်ဆောင်ချက် ဖြစ်သည့်အတွက် လင်းဖန်အနေဖြင့် ၎င်းကို မည်သည့်အခါမျှ အသုံးမပြုရပါစေနှင့်ဟုသာ ဆုတောင်းနေမိခဲ့ပေသည်...။

“ကိုးကြိမ်မြောက် အတိဒုက္ခကိုလည်း ရောက်ပြီ...။ သစ်ရွက်အစားထိုး စွမ်းရည်လည်း ရပြီဆိုတော့...၊ အခုမှပဲ အင်မော်တယ်ဘုံဆီ သွားပြီး အေးအေးဆေးဆေး အပျော်ရှာလို့ ရတော့မယ်...။”

“ငတုံးလေး...၊ ငါ အင်မော်တယ်ဘုံကို ဝင်ဖို့အတွက် တက်လှမ်းခြင်း တံခါးပွင့်လာမှာကို နောက်ထပ် ခုနစ်ရက်လောက်ပဲ စောင့်ဖို့ လိုတာလား...။”

လင်းဖန်၏ မေးခွန်းကို ကြားသောအခါ စနစ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်လေသည်...။

[အဟမ်း...၊ ပိုင်ရှင်...ဘယ်လောက်ပဲ စောင့်စောင့် ပိုင်ရှင်အတွက် သီးသန့်တက်လှမ်းခြင်း တံခါးကတော့ ပွင့်လာမှာ မဟုတ်ပါဘူးနော်...။]

စနစ်၏ စကားမှာ လင်းဖန်၏ ရင်ထဲသို့ ရေအေးနှင့် အပက်ခံလိုက်ရသလို ဖြစ်သွားစေခဲ့သည်...။

“ဘာကို ဆိုလိုတာလဲ...၊ ငါ့အတွက် ကိုယ်ပိုင် တက်လှမ်းခြင်း လမ်းကြောင်း မရှိဘူး ဟုတ်လား...။ ဒါဆို ငါ ဘယ်လိုလုပ်ပြီး တက်လှမ်းရမှာလဲ...။”

[ပိုင်ရှင်...၊ စိတ်မပူပါနဲ့...။ တခြားသူတွေ တက်လှမ်းမယ့်အချိန်ကို စောင့်ပြီးတော့... အဲဒီ လမ်းကြောင်းကနေပဲ အင်မော်တယ်ဘုံဆီ သွားလို့ ရတာပဲလေ...။]

*စိတ်မပူနဲ့ ဟုတ်လား...။ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မလဲ...။ သူများရဲ့ တက်လှမ်း ခြင်း လမ်း ကြောင်းက ငါ့ရဲ့ ကိုယ်ပိုင် လမ်းကြောင်းနှင့် အတူတူပဲတဲ့လား...။*

“ကျင့်ကြံသူတွေ အားသွန်ခွန်စိုက် ကြိုးစားနေကြတာဟာ လူအများရဲ့ ရှေ့မှာ အောင်မြင်စွာ တက် လှမ်းပြရမယ့် အဲ့ဒီအချိန် ခဏလေးအတွက်ပဲ မဟုတ်ဘူးလား...။”

“တကယ်လို့ မင်းက ငါ့ကို သူများ တက်လှမ်းတဲ့ လမ်းကြောင်းကနေခိုးလိုက်ခိုင်းမယ်ဆိုရင်...၊ ငါက ဘယ်လိုလုပ်ပြီး ‘ထိပ်တန်း ကျောင်းသား’ တစ်ယောက်လို ဟန်ဆောင်နိုင်တော့မှာလဲ...။”

“ဒီမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သောအရှင် တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ဂုဏ်သိက္ခာကော ဘယ်မှာ လဲ...။”

လင်းဖန်က ဂုဏ်သိက္ခာကို အလွန်အမင်း ဂရုစိုက်နေသည်ကို မြင်သောအခါ စနစ်သည် ခဏမျှ စဉ်းစား ပြီးနောက် အကြံတစ်ခု ပေးလိုက်လေသည်...။

[ဟေး...၊ အဲဒါက လွယ်ပါတယ်...။]

[တစ်ယောက်ယောက်က တက်လှမ်းခြင်း တံခါးကို ဖွင့်လိုက်တဲ့အခါ...၊ ပိုင်ရှင်က အဲဒီလူကို တိတ်တဆိတ် ဖုံးကွယ်ထားလိုက်ပြီး...။ ဒါဟာ ပိုင်ရှင်ရဲ့ တက်လှမ်းခြင်း တံခါးပါလို့ လူတိုင်းကို ပြောလိုက်ရုံပဲလေ...။]

[အဲဒီအချိန်ကျရင် အဲဒီ လမ်းကြောင်းကနေ တက်လှမ်းသွားတဲ့သူက ပိုင်ရှင်တစ်ယောက်တည်းပဲ ဖြစ်နေမှာဆိုတော့...၊ ဂုဏ်ရှိန်ဝါတွေ အားလုံးက ပိုင်ရှင့်ဆီမှာပဲ ရှိနေမှာပေါ့...။]

[ဖုံးကွယ်ခံထားရတဲ့ လူကိုတော့...၊ ပိုင်ရှင်က တိတ်တဆိတ်ပဲ ခေါ်သွားလိုက်ရုံပေါ့...။]

စနစ်၏ အကြံပြုချက်ကို ကြားရသောအခါ လင်းဖန်မှာ အခြား ရွေးချယ်စရာ မရှိသဖြင့် လက်ခံလိုက် ရလေတော့သည်...။ ဘာပဲဖြစ်ဖြစ် ယခုအချိန်တွင် လူအထင်ကြီးစေရန်အတွက် ဤနည်းလမ်းထက် ပိုကောင်းသည်မှာ မရှိတော့ချေ...။

အမှန်စင်စစ် ခမ်းနားထည်ဝါသော တက်လှမ်းခြင်း မြင်ကွင်းကိုသာ ထည့်မတွက်ဘူးဆိုလျှင်ပင် လင်းဖန် တွင် အင်မော်တယ်ဘုံသို့ ရောက်ရှိရန် အခြားသော နည်းလမ်းများစွာ ရှိနေပါသေးသည်...။

ဥပမာအားဖြင့်...၊ ကျောက်ဝူယာတို့ကို ဟင်းလင်းပြင် အဆောင်ပြားများ ပေးကာ အရင် တက်လှမ်းခိုင်း ပြီးနောက်...၊ တည်နေရာမှတ် လုပ်ဆောင်ချက်ကို သုံး၍အင်မော်တယ်ဘုံသို့ တိုက်ရိုက် သွားနိုင်သည်...။

သို့မဟုတ်ပါက သူတို့ကို ကမ္ဘာဦးသစ်ပင်၏ သစ်ရွက်တစ်ရွက် ယူသွားခိုင်းပြီးနောက် သစ်ရွက်ကိုယ်ပွား စွမ်းရည်ကို အသက်သွင်းလိုက်ရုံသာ...။

ထိုနည်းလမ်းများ အားလုံး မအောင်မြင်လျှင်တောင်...။ လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား ရှိနေသေးသည် မဟုတ်ပါလော...။

ယခင်က ကျင့်ကြံမှုအဆင့် မလုံလောက်သဖြင့် ၎င်းကို မသိမ်းသွင်းနိုင်ခဲ့သော်လည်း...၊ ယခု သူ အင်မော်တယ် ဖြစ်တော့မည့် အချိန်တွင်တော့ ဖြစ်နိုင်လောက်ပြီ မဟုတ်ပါသလော...။

ဤသို့တွေးတောရင်း လင်းဖန်က စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်...။ ထို့နောက် သူ သိမ်းဆည်းထား သည်မှာ ကြာပြီဖြစ်သော လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားကို တိုက်ရိုက် ထုတ်ယူလိုက် လေသည်...။

သိမ်းသွင်းနည်းအတိုင်းပင် လင်းဖန်သည် အင်မော်တယ် စွမ်းအားအဖြစ် မပြောင်းလဲသေးသော ဝိညာဉ် စွမ်းအားများဖြင့် အရင်ဆုံး စမ်းသပ်ကြည့်လိုက်သည်...။ မျှော်လင့်ထားသည့်အတိုင်းပင် လင်ရွှီအင်မော် တယ်စံအိမ် အဆောင်ပြားမှာ လုံးဝ တုံ့ပြန်မှုမရှိခဲ့ချေ...။

“ဟဲဟဲ...၊ မင်းက တော်တော်လေး ခေါင်းမာတာပဲနော်...။”

ထိုအချိန်တွင် လင်းဖန်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲပြီးသားဖြစ်သော အင်မော်တယ် စွမ်း အား တစ်စကို အဆောင်ပြားအတွင်းသို့ ပေးပို့လိုက်သည်...။ သို့သော် လင်းဖန် အံ့အားသင့်သွားရ သည် မှာ...၊ အဆောင်ပြားမှာ ထူးခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးခြင်းပင်...။

“အားပါးပါး...၊ မင်းက ငါ့ကို သွေးနဲ့ သိမ်းသွင်းခိုင်းနေတာလား...။”

“ငါ့ရဲ့ သွေးက အရင်လို သွေးအေး မဟုတ်တော့ဘူး...။ အခုတော့ နတ်ဘုရားသွေး ဖြစ်နေပြီလေ...။ ဒါတောင် မင်းကို မသိမ်းသွင်းနိုင်ဘူးလား...။”

ထိုသို့ပြောရင်း လင်းဖန်သည် သွေးတစ်စက်ကို ညှစ်ထုတ်ကာ အဆောင်ပြားပေါ်သို့ ချလိုက်လေသည် ...။ သို့သော် ထို့နောက် ဖြစ်ပျက်သွားသည်မှာ လင်းဖန်ကို ဒေါသထွက်သွားစေသည်ပင်...။

ဤလင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားသည် လင်းဖန်၏ သွေးကို အမှန်တကယ်ပင် ငြင်းပယ် လိုက်လေသည်...။ ၎င်းမှာ သူ ဒေါသထွက်ရသည့် အဓိ​က အကြောင်းရင်း မဟုတ်သေးချေ...။

သူ့ကို ဒေါသထွက်စေသည်မှာ... ထိုအဆောင်ပြားမှာ ရုတ်တရက် ယိမ်းထိုး လှုပ်ရှားလာခြင်းပင်...။ ၎င်း မှာ သွေးစွန်းထင်းမှုများကို ခါထုတ်ချင်နေသည့်နှယ် ရှိပေသည်...။ အဆောင်ပြားမှာ စကားမပြောနိုင် သော်လည်း... ၎င်း၏ လှုပ်ရှားမှုမှာ လင်းဖန်ကို ရွံရှာနေကြောင်း သိသာလှချေသည်...။

“ဒီအသုံးမကျတဲ့ အရာကတော့...၊ ငါ့ကိုများ လာပြီး အထင်သေးနေတာလား...။”

“ကောင်းပြီ... ကောင်းပြီ...။ မင်းက အသိမ်းသွင်း မခံချင်ဘူးပေါ့ ဟုတ်လား...။”

“မင်းက ငါ့ရဲ့ သိမ်းသွင်းတာကို မခံချင်ဘူးဆိုရင်တော့...။ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထဲမှာပဲ သိမ်းသွင်း ခံလိုက်တော့...။”

စော်ကားခံရသည်ဟု ခံစားလိုက်ရသဖြင့် ဒေါသထွက်သွားသော လင်းဖန်သည် ဆေးမီးဖိုရှိရာသို့ တိုက်ရိုက် လျှောက်လှမ်းသွားပေတော့သည်...။

All Chapters