← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း (၂၅၃) လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား ဝိညာဉ်...

“မြည်းလေး...၊ ဒီမျက်နှာကြီးလွန်းတဲ့ အရာကို ငါ့အတွက် သေချာလေး သန့်စင်ပေးစမ်း...။”

အလုပ်လုပ်ရတော့မည်ကို သိလိုက်ရသဖြင့် မြည်းလေးမှာ အလွန်ပင် ပျော်ရွှင်သွားခဲ့လေသည်...။

“ဟုတ်ကဲ့ပါ သခင်...။”

ဤလင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားတွင်လည်း ဝိညာဉ်တစ်ခု ရှိနေသည်မှာ ထင်ရှားလှသည်...။ ထိုဝိညာဉ်မှာ အတော်အတန် ကြာရှည်စွာ အိပ်စက်နေခဲ့ခြင်း ဖြစ်ပေသည်...။

ယနေ့တွင် တစ်စုံတစ်ဦးက သူ့အား သွေးဖြင့် သိမ်းသွင်းရန် ကြိုးစားနေသည်ကို ခံစားလိုက်ရသဖြင့် ထိုဝိညာဉ်မှာ နိုးထလာခဲ့ခြင်း ဖြစ်သည်...။ နိုးနိုးချင်းမှာပင် အဆောင်ပြား ဝိညာဉ်သည် ပတ်ဝန်းကျင်ကို ပင် ထည့်မစဉ်းစားဘဲ တစ်ဖက်လူ၏ သွေးကို ရွံရှာစွာဖြင့် အလျင်အမြန်ပင် ဖယ်ထုတ်လိုက်ခြင်း ဖြစ်လေသည်...။

တစ်ဖက်လူ၏ ဒေါသတကြီး ဖြစ်သွားသော ပုံစံကို မြင်လိုက်ရသောအခါ အဆောင်ပြား ဝိညာဉ်မှာ အလွန်ပင် ကျေနပ်သွားခဲ့လေသည်...။ ဤသည်မှာ သူ၏ ကြာရှည်လှသော အိပ်စက်ခြင်းအတွက် ဖျော်ဖြေမှုတစ်ခု ရရှိလိုက်ခြင်းပင်...။

သို့သော် သူ ကြာကြာ မပျော်လိုက်ရမီမှာပင်...။ သူ့ကို ထိတ်လန့်သွားစေမည့် အရာတစ်ခုကို မြင်တွေ့ လိုက်ရလေသည်...။

“ဒါ... ဒါ ဘာမီးဖိုကြီးလဲ...။ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ...။”

“ဒါက...၊ အင်မော်တယ်ဘုံ တစ်ခုလုံးက လိုက်ရှာနေကြတဲ့ အဲဒီ ဆေးမီးဖို မဟုတ်လား...။”

“ဒါက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ...။ ပြီးတော့ ဒီလို ပုရွက်ဆိတ်တစ်ကောင်ကိုတောင် သခင်အဖြစ် အသိအမှတ်ပြုထားသေးတယ်...။”

“နေဦး...၊ ငါ ဘယ်ရောက်နေတာလဲ...။ ဒါ အင်မော်တယ်ဘုံ မဟုတ်ဘူးလား...၊ ဒါက...။”

အဆောင်ပြား ဝိညာဉ်မှာ သူ၏ တစ်ကိုယ်တည်း စကားပြောမှုကို မဆုံးမီမှာပင် လင်းဖန်က သူ့ကို မီးဖို ထဲသို့ ပစ်ထည့်လိုက်လေတော့သည်...။

ထို့နောက်တွင်တော့ အလွန်ပင် နှစ်သက်ဖွယ် ကောင်းလှသော သန့်စင်ခြင်း ဖြစ်စဉ်ကြီး စတင်တော့ လေသည်...။ ဤသန့်စင်မှုမှာ အတော်အတန်ပင် အချိန်ကြာမြင့်ခဲ့လေသည်...။

နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုမှ “ဒင်...” ဟူသော အသံ ထွက်ပေါ်လာခဲ့လေသည်...။

လင်းဖန် မီးဖိုကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်...၊ သူ သေချာ မစစ်ဆေးရသေးမီမှာပင် အဆောင်ပြား အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာတော့သည်...။

“သခင်...၊ ကျွန်တော့်ရဲ့ အမြင့်မြတ်ဆုံးသော သခင်ကြီးခင်ဗျာ...။ ရှောင်လင် အမှားလုပ်မိမှန်း သိပါပြီ...၊ ရှောင်လင် သခင်ကြီးကို ဂါရဝပြုပါတယ်...။”

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လင်းဖန်မှာ လန့်သွားသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားခဲ့လေသည်...။

“ဟင်း...၊ မင်းရဲ့ ဒီအဆောင်ပြားအစုတ်လေးမှာတောင် ဝိညာဉ် ရှိနေတာကိုး...။”

လင်းဖန်က သူ့ကို လုံးဝ ဖျက်ဆီးပစ်မည်ကို စိုးရိမ်သဖြင့် အဆောင်ပြား ဝိညာဉ်မှာ တစ်ဖက်လူကို အလျင်အမြန်ပင် ဖားလေတော့သည်...။

“ဟုတ်ကဲ့ပါ သခင်...။ ကျွန်တော်က လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားရဲ့ ဝိညာဉ်ပါ...။ အခု သခင်ကြီးကိုပဲ သခင်အဖြစ် အသိအမှတ်ပြုပြီးပါပြီ...။”

“ခုနက သခင်ကြီးကို မသိဘဲ စော်ကားမိတာကို ခွင့်လွှတ်ပေးပါ...။ ကျွန်တော့်ကို နောင်တရခွင့်လေး ပေးပါဦး...။”

“ကျွန်တော့်ကို ဒီမှာပဲ ထားပေးပါ...။ ဒါမှ သခင်ကြီးအနေနဲ့ လင်ရွှီ အင်မော်တယ်စံအိမ်ကို ပိုပြီး ကောင်း ကောင်း ထိန်းချုပ် စီမံနိုင်မှာပေါ့...။”

ဝိညာဉ်၏ ရိုသေလှသော စကားများကို ကြားရသောအခါ လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက် လေသည်...။

“ကောင်းပြီ...၊ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်...။ မင်းမှာ ဘာလုပ်ဆောင်ချက်တွေ ရှိလဲဆိုတာ ပြောပြစမ်း...။”

အဆောင်ပြားမှာ ဝိညာဉ် ရှိနေပြီး သူ့ကိုလည်း သခင်အဖြစ် အသိအမှတ်ပြုပြီးဖြစ်ရာ လင်းဖန်အနေဖြင့် အဆောင်ပြား၏ လုပ်ဆောင်ချက်များကို သိရှိရန်အတွက် ပိုက်ဆံကုန်ခံ စစ်ဆေးနေရန် မလိုအပ်တော့ ချေ...။ ဝိညာဉ်ကိုပင် ကိုယ်တိုင် ရှင်းပြခိုင်းလိုက်တော့သည်...။

လင်းဖန်၏ စကားကို ကြားသောအခါ အဆောင်ပြား ဝိညာဉ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရသည်...။ သူက လင်းဖန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူ၏ စွမ်းရည်များကို အားတက်သရောပင် တတွတ်တွတ် ရှင်းပြတော့လေသည်...။

“သခင်...၊ ကျွန်တော့်မှာ လုပ်ဆောင်ချက်တွေ အများကြီး ရှိပါတယ်...။ လင်ရွှီ အင်မော်တယ်အရှင်ရဲ့ တစ်သက်တာ ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကို ကျွန်တော် ထိန်းချုပ်နိုင်ပါတယ်...။”

“ဥပမာအားဖြင့် လင်ရွှီ အင်မော်တယ်စံအိမ်ရဲ့ ကာကွယ်ရေး အစီအရင်ဟာ ကျွန်တော့်ရဲ့ ထိန်းချုပ်မှု အောက်မှာ အပြည့်အဝ ရှိနေပါတယ်...။”

“ဒါ့အပြင် လင်ရွှီ အင်မော်တယ်အရှင် မကွယ်လွန်မီက ပိုင်ဆိုင်ခဲ့တဲ့ အင်မော်တယ် ရုပ်သေးတွေနဲ့ မိစ္ဆာ သားရဲ အချို့ကိုလည်း ကျွန်တော် ထိန်းချုပ်လို့ ရပါတယ်...။”

“နောက်ပြီးတော့...၊”

ရှောင်လင်၏ တတွတ်တွတ် ပြောဆိုမှုများကို နားထောင်ရင်း လင်းဖန်မှာ ပို၍ပင် အံ့အားသင့်လာရ သည်...။ သူကတော့ လင်ရွှီ အင်မော်တယ်အရှင်ဟာ အင်မော်တယ်စံအိမ် အခွံသက်သက်ပဲ ချန်ထားခဲ့ သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်ပေသည်...။ မမျှော်လင့်ဘဲ အခြားသော အရာများစွာလည်း ရှိနေသေးသည် ပင်...။

*ကြည့်ရတာ လင်ရွှီ အင်မော်တယ်အရှင်ဟာ ကံပါလာမယ့်သူကို စောင့်ဆိုင်းဖို့အတွက် ဒီနေရာကို တမင် တကာ ချန်ထားခဲ့ပုံရတယ်...။*

သူ မကွယ်လွန်မီမှာပင် ဤမျှ များပြားလှသော အရာများကို ကြိုတင် ပြင်ဆင်သွားနိုင်ခြင်းက သူ၏ သေဆုံးမှုကို သူကိုယ်တိုင် ကြိုသိနေခဲ့ကြောင်း ပြသနေပေသည်...။

*ဒါဆို သူ ဘယ်လို သေသွားတာလဲ...။*

*ဒီအရာတွေကို ကံပါလာသူအတွက် ချန်ထားခဲ့ခြင်းက သူ့ရဲ့ ပညာရပ်များမပျောက်ကွယ်သွားစေဖို့လား ...၊ ဒါမှမဟုတ်သူ့အတွက် လက်စားချေပေးနိုင်မယ့်သူ ပေါ်ထွက်လာဖို့ မျှော်လင့်ချက်ကြောင့်လား...။*

အဆောင်ပြား ဝိညာဉ်ပင်လျှင် အကြောင်းရင်းအမှန်ကို မသိရှိသဖြင့် လင်းဖန်ကသာ ခန့်မှန်းနေရ သည်...။ အတန်ကြာ စဉ်းစားပြီးနောက် လင်းဖန်သည် နောက်ဆုံး ဖြစ်နိုင်ခြေမှာ မဖြစ်နိုင်ဟု ခံစားရ လေသည်...။

တစ်ဖက်လူ အမှန်တကယ် အသတ်ခံရသည်၊ မခံရသည်ကို ခဏထားလိုက်ဦး...။ အကယ်၍ အသတ်ခံ ရသည်ဆိုလျှင်တောင် အင်မော်တယ်အရှင် တစ်ပါးကို သတ်နိုင်သူမှာ မည်မျအစွမ်းထက်မည်နည်း...။ အကယ်၍ လူတိုင်းကသာ သူ၏ ရန်သူကိုသတ်နိုင်မည်ဆိုလျှင် လက်စားချေပေးမည့်သူကို မျှော်လင့်နေ ခြင်းမှာစိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်...။

နားမလည်နိုင်သော အရာများကို လင်းဖန် ဆက်မစဉ်းစားတော့ပေ...။ အချိန်ရလျှင်တော့ ထိုလင်ရွှီ အင်မော်တယ်အရှင် သေဆုံးရသည့် အကြောင်းရင်းကို သူ စုံစမ်းကြည့်ဦးမည် ဖြစ်သည်...။

*တကယ်လို့ လက်စားချေစရာ မလိုဘဲ သေဆုံးခဲ့တာဆိုရင်တော့ အကောင်းဆုံးပေါ့...။ ဒါပေမဲ့ လက်စားချေဖို့ လိုအပ်လာခဲ့ရင်လည်း င့ါမှာ အင်အား ရှိလာတဲ့အခါ သူ့ကိုယ်စား လက်စားချေပေးလိုက် မှာပေါ့...။

တစ်ဖက်တွင်လည်း ၎င်းမှာ အင်မော်တယ်စံအိမ်ကို ရရှိခဲ့သည့်အတွက် လျော်ကြေးပေးခြင်း ဖြစ်သလို ...၊ အခြားတစ်ဖက်တွင်တော့ လက်စားချေပေးပြီးနောက် ရန်သူ၏ ပိုင်ဆိုင်မှုများမှာလည်း သူ၏ ပိုင်ဆိုင်မှုများ ဖြစ်လာမည် မဟုတ်ပါလော...။

ဤသည်မှာ ပိုက်ဆံအတွက် သတ်ဖြတ်ခြင်းကို ကိုယ်ကျင့်တရား အသာစီးရယူရန် အကြောင်းပြချက် တစ်ခု ပေးလိုက်ခြင်းပင်...။

ဤသို့တွေးတောမိသောအခါ လင်းဖန်မှာ သူ၏ရင်ထဲ၌ တစ်ဖန် ပြန်လည် ထွေးထုတ်လိုက်မိသည်...။ တစ်ခုခုလုပ်ရန်အတွက် အကြောင်းပြချက် ရှာတတ်သည့် ဤအကျင့်ဆိုးကြီးကို သူ မဖျောက်နိုင်သေးပါ လားဟု တိတ်တဆိတ် တွေးလိုက်မိလေသည်...။

“သခင်...၊ အခု လင်ရွှီ အင်မော်တယ်စံအိမ်ဆီ သွားပြီး ကြည့်ချင်ပါသလား...။”

လင်းဖန် စဉ်းစားနေစဉ်မှာပင် ရှောင်လင်၏ အသံကို ထပ်မံ ကြားလိုက်ရလေသည်...။ ခုနက လုပ်ဆောင် ချက်များကို မိတ်ဆက်စဉ်တွင် ရှောင်လင် ပြောခဲ့သလိုပင်...၊ အဆောင်ပြားကို အသုံးပြု၍ လင်ရွှီ အင်မော်တယ်စံအိမ်သို့ တိုက်ရိုက် တယ်လီပို့သွားနိုင်သည်ပင်...။

ဤမေးခွန်းကို ကြားသောအခါ လင်းဖန် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်လေသည်...။

“ကောင်းပြီ...။ ဒါပေမဲ့ ခဏလောက် စောင့်ဦး...။”

ထိုသို့ပြောပြီးနောက် လင်းဖန်သည် ကမ္ဘာဦးသစ်ပင်မှ သစ်ရွက်တစ်ရွက်ကို ထုတ်ယူကာ သစ်ရွက် ကိုယ်ပွား လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေသည်...။

လင်းဖန်သည် အင်မော်တယ်စံအိမ်သို့ သူ၏ ကိုယ်ပွားကိုသာ အရင် စေလွှတ်ရန် စီစဉ်လိုက်ခြင်းမှာ ထင်ရှားလှသည်...။

လင်ရွှီ အင်မော်တယ်အရှင် ကွယ်လွန်ခဲ့သည်မှာ မည်မျှ ကြာခဲ့ပြီကို မည်သူမျှ မသိသလို...၊ သူ၏ အင်မော်တယ်စံအိမ် အခြေအနေမှာ မည်သို့ ရှိနေမည်၊ သို့မဟုတ် အခြားသူတစ်ဦးဦးက သိမ်းပိုက် ထားပြီးပြီလား ဆိုသည်ကိုလည်းမည်သူမျှ မသိနိုင်ချေ...။

သိမ်းပိုက်ထားသူ မရှိလျှင်တောင်မှ ဤကဲ့သို့သော အင်မော်တယ်စံအိမ်ကို မျက်စိကျနေသူများစွာ ရှိနေမည်မှာ သေချာပေသည်...။ ထိုနေရာသို့ ရောက်သွားပြီးမှ ပြဿနာ တစ်ခုခု ပေါ်လာခဲ့ရင် အန္တရာယ် များနိုင်သည် မဟုတ်ပါလော...။

ထျန်းယွမ်တိုက်ကြီးမှာတော့ သူက အနှိုင်းမဲ့ ဖြစ်နေသော်လည်း...၊ အင်မော်တယ်ဘုံမှာတော့ သူက တစ်ဖက်မှ ပုရွက်ဆိတ်တစ်ကောင် ပြန်ဖြစ်သွားဦးမှာကို သူ စိုးရိမ်နေမိလေသည်...။

ဤအခြေအနေတွင်တော့ သတိထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်...။

ထို့အပြင်... သူ၏ မူလခန္ဓာကိုယ်တွင် သစ်ရွက်အစားထိုး စွမ်းရည် ရှိနေသော်လည်း...၊ထိုစွမ်းရည်ကို တစ်ခါမှ မစမ်းသပ်ရသေးသဖြင့် အမှန်တကယ် အလုပ်လုပ်၊ မလုပ်ကို သူ မသေချာချေ...။ ထို့ကြောင့် သစ်ရွက်ကိုယ်ပွားကို အသုံးပြု၍ အခြေအနေ သွားကြည့်ခိုင်းခြင်းကသာ အန္တရာယ် အကင်းဆုံး နည်းလမ်း ဖြစ်ပေသည်...။

သစ်ရွက်ကိုယ်ပွား လုပ်ဆောင်ချက် အသက်ဝင်လာသည်နှင့် လင်းဖန်၏ မူလခန္ဓာကိုယ်မှာ သစ်ပင်၏ အခေါင်းပေါက်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရလေသည်...။ ထိုသစ်ရွက်မှာလည်း လင်းဖန်၏ ကိုယ်ပွား အဖြစ် ပြောင်းလဲသွားလေတော့သည်...။

“သွားကြစို့...၊ ရှောင်လင်... အဲဒီ အင်မော်တယ်စံအိမ်က တကယ် ဘယ်လိုမျိုးလဲဆိုတာ သွားကြည့်ရ အောင်...။”

“လက်ခံရရှိပါတယ်...။”

ရှောင်လင် ပြန်လည် ဖြေကြားပြီးနောက် လင်းဖန် ခေတ္တမျှ စောင့်နေသော်လည်း မည်သည့် လှုပ်ရှားမှုမျှ ရှိမလာချေ...။ သူက ရှောင်လင်ကို ချက်ချင်းပင် မေးခွန်းထုတ်လိုက်လေသည်...။

“ဘာဖြစ်တာလဲ ရှောင်လင်...၊ မင်း ပျက်သွားတာလား...။”

ရှောင်လင်သည်လည်း ထိုအချိန်တွင် ဝေခွဲမရစွာ မေးလိုက်သည်...။

“ထူးဆန်းလိုက်တာ...၊ ဘာကြောင့်လဲတော့ မသိဘူး...။ တစ်စုံတစ်ခုသော ဆန်းကြယ်တဲ့ စွမ်းအားက ကျွန်တော့်ရဲ့ တယ်လီပို့နိုင်စွမ်းကို တားဆီးနေတယ်...။ သခင် ခဏလောက် စောင့်ပါဦး...၊ ကျွန်တော် အကြိမ်နည်းနည်းလောက် ထပ်စမ်းကြည့်လိုက်ပါ့မယ်...။”

ဆန်းကြယ်သော စွမ်းအားအကြောင်းကို ရှောင်လင် ပြောလိုက်သည်နှင့် လင်းဖန် တစ်ခုခုကို ရိပ်မိသွား ခဲ့လေသည်...။

“ငါ ဘာကြောင့်လဲဆိုတာ သိပြီ ထင်တယ်...။”

“သားရဲလေး... ထွက်လာစမ်း...။ မင်းပဲ နှောင့်ယှက်နေတာ မဟုတ်လား...။”

တယ်လီပို့ခြင်း မအောင်မြင်ရခြင်းမှာ မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်နှင့် ပတ်သက်နေသည်ဟု လင်းဖန် ယုံကြည်နေခဲ့သည်...။ လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားမှာ အဆင့်မြင့်လှသည် ဆိုသော်လည်း ဤမြင့်မြတ်နယ်မြေ ဟင်းလင်းပြင်လောက်တော့ အဆင့်မမြင့်သေးသည်မှာ ထင်ရှားလှသည်...။ ၎င်းမှာ မြင့်မြတ်နယ်မြေ၏ ဟင်းလင်းပြင် ကန့်သတ်ချက်များကို ကျော်ဖြတ်၍ တယ်လီပို့နိုင်စွမ်း မရှိနိုင်ချေ...။

လင်းဖန်၏ ခေါ်သံကြောင့် သားရဲလေးသည်လည်း အလျင်အမြန်ပင် ထွက်လာခဲ့လေသည်...။

“သခင်... ဒါ ကျွန်တော့်အပြစ် မဟုတ်ပါဘူး...။ ဘယ်သူတော်စင်မဆို ဒီမြင့်မြတ်နယ်မြေအတွင်းကနေ အပြင်ကို တိုက်ရိုက် တယ်လီပို့နိုင်စွမ်း မရှိပါဘူး...။”

“ဒါတွေက စည်းမျဉ်းတွေပါ...။ သားရဲလေးတောင် ပြောင်းလဲလို့ မရပါဘူး...။”

ထိုစကားကြောင့် လင်းဖန်သည် တယ်လီပို့ရန်အတွက် အင်မော်တယ်စံအိမ် အဆောင်ပြားကို အပြင်သို့ ယူသွားရန် ပြင်လိုက်စဉ်မှာပင် သားရဲလေး ဆက်ပြောလိုက်သည်ကို ကြားလိုက်ရလေသည်...။

“ဒါပေမဲ့...၊သခင်ကြီးအနေနဲ့ အဲဒီအဆောင်ပြားကို ‘ဟင်းလင်းပြင် အဆောင်ပြား’ နဲ့ ပေါင်းစပ်ပြီး သန့်စင်လိုက်မယ်ဆိုရင်တော့ ရနိုင်ပါတယ်...။”

All Chapters